ပရိုက်ဗိတ်ဂျက်ဖြင့် လကမ္ဘာသို့

ကျွန်ုပ် ရေးခဲ့သည့် "ပရိုက်ဘိတ်ဂျက်နှင့် ၂၁-ရာစုဈာန်ရ ရဟန်းတော်များ" ဆောင်းပါး ဟောစာတန်းက သိပ်ကြာကြာ မစောင့်လိုက်ရ။ ချမ်းသာသော ထိုင်း ရဟန်းတို့ ပရိုက်ဗိတ်ဂျက်ဖြင့် ဈာန်ပျံချေပြီ။ မြန်မာရဟန်းတို့ မပျံနိုင် ကြသေး။ ယူကျုပေါ်အထိ ရောက်သွားသည့်အတွက် (ပထမဆုံးအကြိမ် လည်း ဖြစ်နေရကား) ဝေဖန်သံများ ထိုင်းမှာ တော်တော်ညံသွားသည်ဟု ဆိုကြသည်။ ပြင်သစ်နိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ လုပ်ဆောင်ချက်များကို သွားရောက် စစ်ဆေးရန် ဈာန်ပျံတော်မူကြခြင်း ဖြစ်သည်။

ချမ်းသာသည့် ရဟန်းတော်များ(သို့ )လူချမ်းသာကိုးကွယ်သည့် ရဟန်းတော် များက ပရိုက်ဗိတ်ဂျက် ဆက်စီးလာစရာ ရှိပါသည်။ ဝေဖန်သံများကို ထို ရဟန်းတို့က ဂရုစိုက်တော်မူကြမည်မဟုတ်ပါ၊ ထို အရှင်မြတ်တို့ ဂရုစိုက် သည်က ပရိုက်ဗိတ်ဂျက် စက်မပျက်ရေးသာ ဖြစ်ပေမည်။

ချမ်းသာသည့် ရဟန်းတော်က(သို့ )လူချမ်းသာကိုးကွယ်သည့် ရဟန်းတော် က အခြားခရီးသည်များ၊ အခြားရဟန်းတော်များနှင့် အတူ လေယာဉ် စီး လျင် ဂုဏ်ငယ်သည်ဟု ထင်ကောင်းထင်ပေလိမ့်မည် (ဘုန်းကံကြီး မားသော အချို့ ရဟန်းတော်များ လိုင်းကား၊ ဘတ်စ်ကား စီးချင်တော် မမူကြသလို)။ ထိုအခါ မဝယ်နိုင်သေးလျင်ပင် ပရိုက်ဗိတ်ဂျက် စင်းလုံးငှားပြီး ခရီးထွက်စေ ပါလိမ့်မည်။ သိက္ခာပုဒ် အထင်အရှား မရှိသဖြင့် ဝိနည်းကြောင်း အရ ပြောစ ရာ အထွေအထူးမရှိပါ။ မသင့်ဘူး ထင်ပါတယ်၊ သာသနာတော့ ကွယ်တော့ မှာပဲ ဟုလောက်သာ (တချို့က "သာသနာကွယ်" ဆိုသည့်ဝေါ ဟာရကို သုံး စွဲရန် အတော် နှစ်ခြိုက်ဟန်တူ၏၊ မကြာမကြာ သုံးကြသည် ) ပြောလို့ရမည်။

အမှန်တော့ ဘုရားလက်ထက်က ရဟန်းတော်များ အစမှာ ခြေဗလာ ဖြစ် သည်။
ထို့နောက်.. သင့်တော်သည့် ဖိနပ်။
ထို့နောက်.... လှည်း၊ လှေ။
ထို့နောက်.... ဆိုက်ကား၊စက်ဘီး။
ထို့နောက်.... ကား (ကိုယ်ပိုင်၊ မပိုင်။ ပါဂျဲရိုး၊ မရိုး၊ လင့်ခရုဇာ မဇာ စသည် )၊ မော်တော်ဆိုင်ကယ်။
ထို့နောက်.... လေယာဉ်။ ပရိုက်ဗိတ်ဂျက်။
ဘာမှ မထူးခြားလှတော့ပါ။ ထိုင်းရဟန်းတို့ ပရိုက်ဗိတ်ဂျက်ဖြင့် ဈာန်ပျံချေပြီ။ မုဒိတာ ပွားလိုက်မိပါ၏။ ပရိုက်ဗိတ်ဂျက်သည် ဈာန်အစားထိုး ပစ္စည်း ဖြစ်၏။

ချမ်းသာသည့် ရဟန်းတော်များ(သို့) လူချမ်းသာကိုးကွယ်သည့် ရဟန်းတော် များက ဤရာစုအတွင်း လကမ္ဘာသို့ပင် ပရိုက်ဗိတ်ဂျက်ဖြင့် ခရီးဆက်ကြ ဦး မည်ဟု အိမ်မက်အသစ် ထပ်မက်နေမိပြန်ချေသေး၏။

 Link : Thai Buddhist monks criticised for lavish behaviour

Just a comment from one web page :)


1 comments:

တချိန်က လှည်း(မြင်းလှည်း/နွားလှည်း)စီးသင့်မစီးသင့်
ဝိနည်းဓိရ်ရဟန်းတော်များ(ဝိနည်းတော်အတိုင်းလိုက်နာကျင့်ကြံ
နေထိုင်ရန်အစဉ်အမြဲအားထုတ်နေတော်မူသောရဟန်းတော်များ)ကသံသယရှိတော်မူ၍ လှည်းမစီးဘဲခြေလျှင်ကြွတော်မူသည့်
အထောက်အထားများရှိပါသည်။ပရိုက်ဗိတ်ဂျက်ကိုတော့ မည်သို့
သုံးသပ်တော်မူမည်မသိ ။ ဝိနည်းဓိုရ်ရဟန်းတော်များဆိုလျှင်
တော့တခုခုကြားရလိမ့်မည်ထင်၏။

Reply

Post a Comment