ဆဋ္ဌသင်္ဂါယနာ ဂယက်ငယ်

လွန်ခဲ့သော ဆယ်နှစ်ခန့်က သီရိလင်္ကာဆရာတော်တစ်ပါးက သူ၏ ဘွဲ့ယူ စာတန်းအတွက် စာအုပ်တစ်အုပ်ကို အရှာခိုင်းသည်။ ထိုစာအုပ်က ထိုင်းနိုင် ငံမှာ ရှိရှိသမျှလူဝင်စားတို့ကို သုတေသနပြုရေးသားထားသော စာအုပ်ဖြစ် သည်။ သူ့ အဆိုအရ ဆဋ္ဌသင်္ဂါယနာတင်ရာ၌ပင် ဤစာအုပ်ပါဝင်ခဲ့သည်။ ထို့ကြောင့် ရအောင်ရှာဖွေပေးရန် အကူအညီတောင်းခဲ့သည်။ ကိုယ်တိုင် လည်း ထိုစာအုပ်အမည်နှင့်တကွ (ယခု စာအုပ်အမည် မမှတ်မိတော့) ရအောင် ကြိုးစားပါ၏။ အရာတော့ မရောက်ခဲ့ပါ။ နောက်ဆုံး မိတ်ဆွေ ရ ဟန်းမှ တဆင့် ဆရာကြီး ဦးဌေးလှိုင် (ဓမ္မာစရိယ) နှင့်တွေ့မှ အဆုံးသတ် သွားတော့သည်။

သူ့ အဆိုအရ မှန်၏။ ထိုင်းသံဃာတို့က ဗုဒ္ဓဒေသနာနှင့် ကိုက်ညီသဖြင့် ပါဠိ လိုပြုစုထားသည့် ဤစာအုပ်ကို (ဘုရားဟောတော့ မဟုတ်၊ သာဝကပြုစုေ သာ ကျမ်းစာအနေနှင့်) ဆဋ္ဌသင်္ဂါယနာတင်ရာ၌ ထည့်သွင်းရန် အကြံပြု၏။ သို့သော် မြန်မာရဟန်းတော်တို့က လက်မခံ၊ သင်္ဂါယနာတင်ရာ၌လည်း မပါ၊ စက်တင်ပုံနှိပ်ခြင်းလည်း မပြုဟု ပြန်ပြောပြခဲ့သဖြင့် သိခဲ့ရသည်။

သီရိလင်္ကာဆရာတော်တို့ကလည်း ဤနည်းအတိုင်း ဗုဒ္ဓဒေသနာနှင့် မဆန့် ကျင်သော ပါဠိလို ကျမ်းခိုင်တချို့ကို (ဘုရားဟောတော့ မဟုတ်၊ သာဝကပြု စုသော ကျမ်းစာအနေနှင့်) သင်္ဂါယနာတင်ရာ၌ ထည့်သွင်းရန် အကြံပြု ခဲ့ကြ သည်ဟု သိရ၏။ သို့သော် အထမမြောက်ခဲ့။

ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြီးဆုံးပြီး မိမိတို့ နိုင်ငံသို့ ပြန်ရောက်သောအခါ ထို သံဃာတော်များ ပြန်လည် စု စည်းပြီး ထိုထိုကျမ်းစာတို့ကို ဆဋ္ဌသင်္ဂါယနာ အသိအမှတ်ပြု ကျမ်းစာများ အနေနှင့် ကိုယ်တိုင် ပုံနှိပ်ကြသည်။ ထို့ကြောင့် ထို သီရိလင်္ကာဆရာတော် အရှာခိုင်းသောစာအုပ်က ဆဋ္ဌသင်္ဂါယနာ မူအနေဖြင့် ရှိနေခြင်း ဖြစ်ပေသည်။

ဤသည်မှာ ကျွန်ုပ်တို့ လက်လှမ်းမီသော ဆဋ္ဌသင်္ဂါယနာတင်ပွဲ အပြီး နိုင် ငံခြားသားရဟန်းတော်တို့၏ (ကမ္ဘာအေးကုန်းမြေမှ ပြန်အကြွ) တုန့်ပြန်မှုဖြစ် သည်။ ပြည်တွင်းမှာ ဤလိုကိစ္စတွေ သိမီသူနည်းမည်ထင်ပါသည်။ ထို့ကြောင့် အရဲစွန့် ရေးလိုက်မိသည်။

သင်္ဂါယနာအဆက်ဆက်ကို လေ့လာကြည့်ရာမှာတော့ သင်္ဂါယနာတင်ပြီး တိုင်း ဂိုဏ်းကွဲများ ထွက်ထွက်လာတတ်သည်။ ထွက်လာသည့် ဂိုဏ်းကွဲ တိုင်းလည်း သူ့ဟာသူ မှန်ကြသည်။ မည်သို့ဆိုစေ ပိဋကတ်သုံးပုံ အထင် အရှားရှိနေခြင်းဖြင့်ပင် အတန်တန်သောသင်္ဂါယနာတင် ဆရာတော်ကြီး များ ကျေးဇူးက များလှပြီ ဖြစ်ပါသည်။

သီဟနာဒ

Post a Comment