ဘာသာစကား နဲ့ လူမျိုး ( ၆:၈ )

"ဒါပေမဲ့ Huajiao က Huajiao ပဲ (တစ်ခြားနိုင်ငံမှာနေထိုင်တဲ့ တရုတ် စီတီဇင်များ)။ ပြည်ကြီးက တရုတ်တွေအောက် အဆင့်တစ်ဆင့် နိမ့်တယ်။ Huayi (အခြားနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုး စီတီဇင် မဟုတ်သူ) တွေက နှစ် ဆင့်နိမ့်တယ် "
( လီကွမ်းယု )

 ရွှေ့ပြောင်း ဘာသာစကား ( ၆:၇ ) မှအဆက်

မေး ။        ။ တရုတ်ကလည်း အခုတက်လာပြီ။ ဒါဆိုရင် စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက တရုတ်ဘာသာစကားကို ဒီထက်ပိုပြီး နေ ရာပေးစေချင်တဲ့ သဘောတွေ ရှိလာနိုင်လိမ့်မယ်လို့ မမြင်မိဘူးလား။
ဖြေ ။        ။ မဖြစ်နိုင်ဘူး။ ငါတို့က အရှေ့တောင်အာရှထဲမှာပါတာ။ တရုတ်ပြည်နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့စီးပွားရေးကို ဘယ်သူက ထောက်ခံ မှာလဲ။ တရုတ်ပြည်တစ်ပြည်ထဲနဲ့ စီးပွားရေးလုပ်ပြီး ရပ်တည်မှာလား ။ ဟောင်ကောင်ဆိုရင်တော့ ဟုတ်တယ်။ တရုတ်ပြည် က ထောက်ခံပေး ထားလိမ့်မယ်။ တို့က စင်္ကာပူ၊ လွတ်လပ်စွာရပ်တည်တဲ့ နိုင်ငံ၊ တရုတ်က တို့ကို မထောက်ပံ့ဘူး။

လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ချုပ်တော့ သူတို့က ငါတို့ ဟာ ဟောင်ကောင်မဟုတ်ဘူးလို့ ပြောကြတယ်။ ဟောင်ကောင်က တ ရုတ်ပြည်ရဲ့ အစိတ်အပိုင်းပဲ။ သူတို့နဲ့ ဟောင်ကောင်က ဆက်ဆံရေး ကောင်း တယ်။ ငါတို့က သီးသန့်။ စင်္ကာပူကို လိုက်လျောတာမှန်သမျှ တခြားနိုင်ငံေ တွကိုလည်း သူတို့ လိုက်လျောကြရလိမ့်မယ်။ တရုတ်ပြည်ထဲကို ၀င်ပေါင်းပြီး အထူးသီးသန့် အုပ်ချုပ်မှုဇုန်တစ်ခုအနေနဲ့ ပါရင်တော့ တစ်မျိုးပေါ့။ မင်းဒီလို လုပ်ချင်သလား။ တို့နဲ့ သူတို့နဲ့လည်း အဲသလောက် မနီးဘူး။

ဟောင်ကောင်ကတော့ ပြည်မကြီးနဲ့ ပိုနီးအောင် ဆက်သွယ်နေကြတယ်။ တံတားကြီးတစ်ခုက ဟောင်ကောင်၊ Zhu Hai ၊ မကာအိုနဲ့ Real River Delta နားမှာရှိတဲ့ တခြားမြို့တွေကို ဆက်သွယ်ပေးလိမ့်မယ်။


မေး ။        ။ တရုတ်ပြည်ရဲ့ အပျော့ဆွဲမှုကြောင့် စိတ်ဆွဲဆောင်မှု ကတော့ တော်တော် အားကောင်းလိမ့်မယ်။
ဖြေ ။        ။ ဘာ စိတ်ခံစားမှု ဆွဲဆောင်ချက် နေရမှာလဲ။ Plen ကို မင်းသိသား ပဲ (The Plen ဆိုတာ Plenipotentiary ရဲ့ အတိုကောက်ပဲ)။ ကလေးဘဝ ကတည်းက သူ့သားကို တရုတ်ပြည်ပို့ထားတာ။ ဒီတော့ Eu Chooi Yip နဲ့ Goh Keng Swee တို့တွေ့ကြတယ်။ သူတို့က မိတ်ဆွေတွေ။ သူ့ သားကတော့ သူ့ရဲ့ အိုင်ဒီယော်လော်ဂျီကို စိတ်လျှော့လိုက်ပြီ လို့ ပြောတယ်။

သူ့ကို ငါတို့ ပြန်သွားခွင့်ပြုဦးမလား။ Plen ရဲ့သားက Tsing Hua မှာ။ ဉာဏ်ကောင်းတယ်။ ကွန်မြူနစ်မဟုတ်ဘူး။ မလေးရှန်းတရုတ်မလေးကို လက်ထပ်ထားတယ်။ ဒါကြောင့် သူ့ကို ၀င်ခွင့်ပေးပြီး သူနဲ့အတူ ညစာတောင် ငါတို့ စားခဲ့ကြသေးတယ်။ ငါလည်း သိချင်တာနဲ့ တရုတ်ပြည်မှာ ဘယ်လိုနေ ထိုင်ခဲ့ရသလဲလို့ မေးခဲ့တယ်။

စင်္ကာပူးရီးယန်းနဲ့ မလေးရှန်းတွေကို Changsha မှာ ရှိတဲ့ ရွာတစ်ရွာမှာ စုပြီး အတူတူထားတာ။ သူတို့ ကြီးပြင်းခဲ့ရတာကကို ပြည်မက တရုတ်တွေနဲ့ တကွဲ တပြားစီ ကြီးပြင်းခဲ့ရတာ။ ကျောင်းလည်း အတူတူ တက်ခွင့်မရ။ ဆက်ဆံတာကလည်း ခွဲခွဲခြားခြားပဲ။ Tsinghua ကို ပြည်မတရုတ်တွေနဲ့ အတူသွားတယ်။ ဟိုမှာ ကြီးခဲ့တာဆိုတော့ တရုတ်စကားပြောတာက လည်း ပြည်ကြီးတရုတ်တွေအတိုင်းပဲ။ ဒါပေမဲ့ သူ့အပေါ် ဆက်ဆံတာ ကြတော့ မတူဘူး။

မေး ။        ။ အဲဒါက ဟိုတုန်းက ချိုင်းနားပဲ၊ ကျွန်တော်ဆိုလိုတာက အဲဒါ လွန် ခဲ့တဲ့ နှစ် ၃၀၊ ၄၀၊ ၅၀ လောက်ကပဲ။

ဖြေ ။        ။ ၁၉၈၀ - ခုနစ်တွေတုန်းက Xiamen ကို ငါရောက်ခဲ့တယ်။ သူတို့က မလေးရှား၊ စင်္ကာပူကနေ ပြန်လာပြီး နေထိုင်ကြတဲ့ တရုတ် လူ မျိုးတွေရှိတဲ့ နေရာကို လိုက်ပြကြတယ်။ သူတို့အားလုံးဟာ ကျန်တဲ့ တရုတ် လူမျိုးတွေနဲ့ အတူတူနေခွင့်မရဘူး။ မျိုးဆက်နှစ်ဆက်သုံးဆက်လောက် ကြာ ရင်တော့ အတူတူ ဖြစ်သွားပြီး ကျောင်းအတူတူ တက်ခွင့်ရကောင်းရ လိမ့် မယ်။

ဒါပေမဲ့ Huajiao က Huajiao ပဲ (တစ်ခြားနိုင်ငံမှာနေထိုင်တဲ့ တရုတ် စီတီ ဇင်များ)။ပြည်ကြီးက တရုတ်တွေအောက် အဆင့်တစ်ဆင့် နိမ့်တယ်။ Huayi (အခြားနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုး စီတီဇင် မဟုတ်သူ) တွေက နှစ် ဆင့်နိမ့်တယ်။

စင်္ကာပူမှာ ကွန်မြူနစ်တွေ ကြီးစိုးနေတုန်းက ငါတို့ စိုးရိမ်တာဟာ အဲဒါပဲ။ တစ်ချိန်က ငါတို့ ကွန်မြူနစ် အဖွဲ့ဝင်တွေ ဒီကို ပြန်လာချင်ကြတယ်။ ငါတို့က လက်မခံဘူးလို့ ငြင်းခဲ့တယ်။ အဲဒါ ငါတို့ရူးတာ။ တရုတ်ပြည်က သူတို့ကို တရုတ်လူမျိုးအဖြစ် အသိအမှတ်မပြုဘူးဆိုတာကို ငါတို့ မသိခဲ့ကြဘူး။ မိခင်နိုင်ငံ (Motherland) ဆိုတဲ့ အမည်နဲ့ ဂုဏ်ယူနေတဲ့ တရုတ်ပြည်ကြီးက သူ့လူမျိုးတွေကို ဒီလို ခွဲခွဲခြားခြား ဆက်ဆံလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

တရုတ်တွေနဲ့ ငါတို့ မိတ်ရင်းဆွေရင်းလို စကားတွေ ပြောကြတယ်။ ယဉ်ကျေးမှုအကြောင်းတွေ ပြောကြတယ်။ တကယ်တော့ တို့ယဉ်ကျေး မှုတွေက မတူကြပါဘူး။ တို့က အနောက်ပိုဆန်တယ်။

ဆက်ရန် -

 ဇင်ဝေသော်

ခေါင်းစဉ်မလိုတဲ့ လူတစ်ယောက်အကြောင်း


" စာရေးဆရာ ကိုအောင်ဆန်း " အပါအဝင် စာအုပ်ပေါင်း များစွာ လက်ဆောင်ပေး လိုက်သည့် ( ဆရာကြီး ) ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီ တာချုပ် ကဗျာဆရာ မောင်စိမ်းနီအား ကျေးဇူးစကားဆိုရင်း မနက်က ပို့စ်လေးကို ပြန်ခေါ်လိုက်မိပါတယ်။



( ၁ )
မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘဝမှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူ ဖြစ်ခဲ့ရလေ သည်။ ကျွန်တော် ငယ်ငယ်တုန်းက တော်တော်နဲ့ စကားမပြောတတ်ရကား လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိ ရလေသည်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲ သား ငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျွန်တော့် ကို ချီ၍သွားလေသည်။ တစ်ခါသော် အသားစိမ်းကို အတင်းလု၍စားမည်ပြု သည်ဟု ကျွန်တော့်မိခင်က ပြန်၍ ပြောပြသဖြင့်သိရသည်။

( ၂ )

ကျွန်တော်က................ အမူအယာလည်းကြမ်း၏။ အလိုက်လည်းမသိ၊ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တစ်ခုမှ မရှိ။ အသက် လေး ငါး ခြောက်နှစ်တိုင်အောင် ည အိပ်ရာတွင် သေးပါသေး၏။
မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချောမိန်းကလေးရှိသော အကိုဖြစ် သူ အိမ် တွင် တည်းခိုကြသည်။ လူပျိုပေါက်စ ကျွန်တော်မှာ တစိမ်းတရံဆန် အိမ်တွင် မနေတတ်၊ အထူးရှက်တတ်သည်။ မိန်းကလေးများနှင့်ဆိုလျှင် သာ၍ပင် ရှက်မိသည်။ ထို့ကြောင့် ည အိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ ရာ ည အိပ်သည့်အခါ မအောင့်နိုင်တော့ဘဲ သေးပါကျလေသည်။ ကျွန်တော် လည်း ပါပြီးမှ သိလေသည်။

( ၃ )

ကျွန်တော်ကား.........
သူများအကြောခံရ၏၊ မြှောက်လို့ မြှောက်မှန်းမသိ၊ ချောက်လို့ချောက်မှန်းမသိ ထုံပေပေ အလွန်နိုင်၏။ တစ်ခါသော် ဆယ်မိုင်ခန့်အကွာ ရွာတစ်ရွာသို့ ကျွန်တော့် မိဘများနှင့်အတူ လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုစဉ် ထိုရွာ မှ ရွယ်တူလောက် ကလေးတစ်ယောက်က ကျွန်တော့်အားမြှောက်၍ " ဗိုလ်ကြီး ဗိုလ်ကြီး " ဟုခေါ်ရာ ကျွန်တော်မှာ များစွာသဘောကျကာ ထန်း လျက်အဖြူဆုပ်ကို ခေါ်တိုင်း ခေါ်တိုင်း ပေးခဲ့လေသည်။

ကစားခုန်းစားဆိုလျင် များစွာ မလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်း တမ်း၏။ ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကြည်းသားရိုက်ခြင်းစသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်။
ရွရွလေး လုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့် မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော် ၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ အသက် နှစ်ဆယ်ခန့်အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ၊ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ဝဲ အနာအကြီး အကျယ်စိုခဲ့ဖူး၏။ ထိုအခါ ကျွန်တော် သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေပါမည်နည်းဟု တမ်းတ မိသည်။
......ကျွန်တော်သည် ထိုကလေးဘဝတွင်ပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူ ဖြစ်လေ၏။

( ဗိုလ်ချုပ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊" စာရေးဆရာ ကိုအောင်ဆန်း " မှ ၊ မောင်စိမ်းနီ စုစည်းသည်။ )
PDF download
Online reading
(စာအုပ်ဖတ်နိုင်မယ့်နေရာလေးတွေကိုညွှန်းလိုက်ပါတယ်။)

 ဇင်ဝေသော်

ရပ်သတင်း ရွာသတင်း


အထူးဆန်းဆုံး ရွာရောက်တုန်း ကြားရ၊ သိရတဲ့ သတင်းကတော့ ဆရာ့ ဆရာကြီး တေဇရဲ့ အဲယား ပုဂံ ပျက်ကျတဲ့ သတင်းနောက်ဆက်တွဲပဲ။

ကံဆိုးရှာသူ မြေပြင်ကလူဟာ လေယာဉ်တိုက်မိလို့ သေဆုံးရရှာတယ်။ ဘယ် ဗေဒင်ဆရာက ဟောဟော ယုံချင်စရာကို မရှိဘူး။
ပြည်တွင်းဂျာနယ်တွေ ဆွဲလိုက်တဲ့ ကာတွန်းတွေလည်း ပလူပျံနေတယ်။ ချစ်ကြတာကိုး။ ဒါပေမဲ့ တေဇကိုယ်တိုင်က အဲဒီရက်မတိုင်မီလေး ဗိုလ်ချုပ်ကြီးမောင်အေး ကျန်းမာရေးကြောင့် စင်္ကာပူရောက်နေခိုက်ဖြစ်နေခဲ့တယ်။ မကြာခဏ ထိခိုက်မှုတွေ ဖြစ်နေရလို့ ကံမကောင်းလှဘူး လို့ သူ့ကိုယ်သူ ထင်နေချိန်လည်း ဖြစ်တယ်။ စင်္ကာပူရှိ သူ့ ဘန်ဂလိုအိမ်က ကစ်ချင်းထဲဝင် ပြီး ပန်းသီးလှီးတော့ လက်ကိုထပ်ပြီး ဓားရှမိသေးတယ်။
လူက မူးမူး၊ စိတ်က ညစ်ညစ်။ စင်္ကာပူမြို့ထဲ ပြိုင်ကား ပတ်မောင်းမယ် လုပ်နေလို့ နီးစပ်ရာတွေက မနည်း ဆွဲထားရတယ်လို့ သိရပါတယ်။

လက်ရှိ သမ္မတနဲ့ ပတ်သက်လို့တော့
" ဒီ သမ္မတက အချက် တစ်ချက်နဲ့ ပတ်သက်လို့တော့ ဘယ်တော့မှ ဗိုလ်ချုပ် နဲ့ တူမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်က အလုပ်ကိုပဲ အာရုံစိုက် ပြီး ခေါင်းပေါ်က ဆံပင်နဲ့ အရေပြားပေါ်က အဝတ်အစားကို လုံးဝ ဂရုစိုက် တာ မဟုတ်ဘူး။
ဒီ သမ္မတက ကျန်တာတွေနောက်ထား စမတ်ကျကျ ဝတ်ရတာကို တော်ေ တာ် သဘောကျတဲ့ လူ "
တဲ့။

ဦးအောင်မင်းက " တရုတ်ကျေးဇူးရှိတယ်၊ တရုတ်ကို ကြောက်ရတယ် " ပြောတော့ လူထုကြီး တော်တော် ဒေါသဖြစ်ကြရတယ်။ ဒါပေမဲ့ အတွင်း လူတစ်ယောက်စီက ကြားခဲ့ရတာကတော့
" ဦးအောင်မင်းကိုများ ဗွေယူနေကြရတယ်လို့ဗျာ၊ တော်တော် အာချောင် တဲ့လူ၊ အခု မို့၊ အရင်က ကျနော်တို့ အိမ်တွေ ရောက်ရောက်လာ တတ် ပြီး ဗေဒင်ဟောတော့တာပဲ " တဲ့။
ဘယ်လောက်မှန်တယ်လို့ အာမ မခံရဲပေမဲ့ ဒီလူကလည်း ခေသူတော့ မ ဟုတ်လို့ အပျင်းပြေတင်ပေးလိုက်တာပါ။


 ဇင်ဝေသော်

ပန်း အရင်ဝင်လျက် ရှုံးရသူ


၁၉၆၈ ခု အိုလံပစ်ပြိုင်ပွဲကြီး ပြီးစ ကောင်လေး ငါးယောက်က စားသောက် ဆိုင်ထဲမှာ တဝ တပြဲ စားပြီး ကျသင့်ငွေကို ဘယ်သူရှင်းရမယ် ဆိုတာ ဆွေးနွေးနေကြတယ်။ သူတို့ ဆုံးဖြတ်ချက်က ရပ်ကွက်ထဲ တစ်ပတ် ပတ်ပြေးမယ်၊ နောက်ဆုံးမှရောက်တဲ့လူ ရှင်းရမယ်ပေါ့။ သူတို့ ပြောဆိုနေကြတာကို ကြားပြီး စိတ်ဝင်စားသွားတဲ့ စားသောက်ဆိုင် ပိုင်ရှင်က သူလည်း ဝင်ပြိုင်မယ်လို့ စိန်ခေါ်တယ်။

စိတ်ကောင်းရှိတဲ့ ကောင်လေး ငါးယောက်က ဒါတော့ မတရားဘူးပေါ့၊ ဆရာက ငွေရှင်းရမယ့် အထဲမှ မပါတာ၊ တကယ် ဝင်ပြိုင်ချင်တယ် ဆိုရင်တောင် " တာ " အရင် ထွက်သင့်တယ်လို့ အကြံပြုကြတယ်။ သူတို့ ပြိုင်ပွဲ နာမည်က " Like in Mexico " တဲ့။

ဒါကို သဘာဝကျတယ်ဆိုပြီး ဆိုင် ပိုင်ရှင်က သဘောတူကာ " တာ " အရင် ထွက်ပြီး ရပ်ကွက်ထဲပတ်ပြေးတယ်။ သူ အရင်ဆုံး ပန်းဝင် တယ်။ ပြဿနာ က အဲဒီ ကောင်လေး ငါးယောက် ဘယ်ရောက်သွားသလဲ ဆိုတာ သူ မသိလိုက်ခြင်းပါပဲ။ အစကို ရှာမရတော့ဘူး။
R.D. July,1969.


 ဇင်ဝေသော်

ဗြိတိသျှ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ စစ်တပ်တွင်း အတွေ့အကြုံများ ( ၁ )

 ( လက်ဖတင် ကာနယ် မာ့(စ်) ဗစ်ကာ (Mark Vickers) ဟာ ၁၉၉၁-ခုနှစ် ကစပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူကျင့်သုံးခဲ့ပါတယ်။ ဒီ ဆောင်းပါးဟာ သူ အာဖဂန်နစ်စတန်မှာ တာဝန်ထမ်းဆောင်ရင်း ရေးခဲ့တဲ့ ဆောင်းပါးပါ။)

" ဒီလို စိန်ခေါ်ပြီး ပြောလိုက်လို့ တစ်ယောက်စ နှစ်ယောက်စကများ ကျနော် တို့ လူနည်းစု ဗုဒ္ဓဘာသာ စစ်သားတွေရဲ့ ခံစားချက်နဲ့ ရပ်တည် ချက်ကို သဘောပေါက်သွားရင် ကြိုးစားရကျိုးနပ်တယ်လို့ ဆိုရမှာပါ " 
( Mark Vickers )


ဒီနှစ် စစ်တပ်ကနေ အနားယူပြီး ကျနော့် ချစ်ဇနီးရှိရာ ထိုင်ဝမ်ကို သွားရော က်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ် ၀န်း ကျင်က ကျနော် တာဝန်ကျခဲ့တဲ့ တပ်အတွင်း စစ်သားစစ်ဗိုလ်တွေကို စာရင်းပြုကြည့်ရာမှာ ဗုဒ္ဓဘာသာရယ်လို့ များများစားစား မရှိ ခဲ့ပါဘူး။ အခုချိန်မှာတော့ စစ်တပ်ထဲ မှာပဲ ဗုဒ္ဓဘာသာခံယူထားသူ ရာပေါင်းများစွာ ဖြစ်နေတာကို တွေ့နေရပါပြီ။ ဗုဒ္ဓဘာသာစစ်မှုထမ်းတွေထဲမှာ ကျနော်က စီနီယာအကျဆုံးတဲ့။ ဒါကလည်း ကျနော့်ရဲ့ ဗုဒ္ဓဘာသာကျင့်စဉ် စာရိတ္တထက် ကျနော့် စစ်တပ်ရာ ထူးေ ကြာင့် ဖြစ်ပုံရပါတယ်။

ဗုဒ္ဓဘာသာ စစ်ဗိုလ်တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် ကို ပြန် ကြည့်ရင် ဘာတွေတွေ့ရသလဲ။
တစ်ဖက်သား ထိခိုက်အောင် နောက်ပြောင်ခြင်း ခွင့်မပြု။ ဥပဒေနဲ့ မညီညွတ် တဲ့ အဆင့်အတန်း ခွဲခြားမှုမျိုး မလုပ်ရတဲ့ စစ်တပ်လို နေရာမျိုးမှာ တာဝန် ထမ်းဆောင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ကျနော်တော့ထင်ပါတယ်။ ဒီလို အပြောအဆိုအပြုအမူတွေကို အလေးအနက်ထားပြီး အနည်းဆုံး ကျနော်တို့ ညဏ်မီသမျှတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ကြ တာပါ။ အဲသလို မဟုတ်ခဲ့ဘူးဆိုရင်လည်း စစ်တပ်တာဝန်ကို ဒီလောက် အကြာကြီးထမ်းဆောင်နိုင်မယ်လို့ မထင်မိဘူး။

ကျနော့်ဘာသာရေးယုံကြည်မှုနဲ့ ပါတ်သတ်ပြီး ဘယ်သူ့ကိုမှလည်း အထူး တလည် ကြော်ညာမနေခဲ့ဖူးပါဘူး။ အမှန်တကယ်စိတ်ဝင်စားလို့ လာမေးမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ပတ်သတ်လို့ ရှင်းပြဆွေးနွေးရတာကို ရှက်ရွံ့မှု မရှိခဲ့ဖူးပါဘူး။ မှားချင်မှား၊ မှန်ချင်မှန်ပေါ့ ကျနော့်အထက်၊ အောက်မှာရှိတဲ့ ဗုဒ္ဓဘာသာစစ်မှုထမ်းတွေနဲ့လည်း ကိုယ့်ယုံကြည်မှုနဲ့ ပတ်သတ်လို့ အချေ အတင် ဆွေးနွေးတာမျိုး မလုပ်ခဲ့မိဘူး။ ဘာသာရေးနာမည် မပါရင် တစ်ယောက်ကိုတစ်ယောက် စကြနောက်ကြရတာကိုက ပိုပြီး အဆင်ပြေ လွယ်ကူတယ်မဟုတ်လား။ အထူးသဖြင့်တော့ ကျနော့် လက်အောက်ငယ် သားတွေနဲ့ ရယ်စရာမောစရာ ပြောကြတဲ့အခါမျိုးတွေမှာပေါ့။
စစ်တပ်အတွင်း ရာထူးအဆင့်အတန်းတွေ ထပ်တလဲ သုံးစွဲနေရတာကို တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီအဆင့်အတန်းတွေနဲ့မှ စကားပြောလို့ရတာကပင် ကျနော်ထမ်းဆောင်နေတဲ့ စစ်တပ်ရဲ့ ယဉ်ကျေး မှုဖြစ်နေလို့ မလွှဲသာ မရှောင်သာ သုံးစွဲနေရတာပါ။

တစ်ယောက်ခံစားနေရတာတွေ ပွင့်ထွက်လာအောင် စပေးနောက်ပေးတာက ကျနော်တို့ ဗြိတိသျှ စစ်တပ်ရဲ့ အရိုးစွဲ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါတယ်။ ကျနော့် သဘောကတော့ သိပ်ပြီး ရေးကြီး ခွင်ကျယ်မရှိလှပါဘူး။ နောက် ဆုံးတော့လည်း စစ်ဝန်ထမ်းဆိုတာကပင် ကျနော်တို့အားလုံး စိတ်လိုလက်ရ လုပ်အားပေးနေတဲ့ တာဝန်တစ်ခုပဲ မဟုတ်လား။
အလားတူပါပဲ တစ်ဖက်သားကို ထိခိုက်နာကျင်စေလို၊ အရှက်ရစေလိုတဲ့ စေ တနာအရင်းခံနဲ့ နောက်တတ်ပြောင်တတ်တဲ့ လူတစ်ချို့ ရှိနေတတ်တယ် ဆို တာ ကိုလည်း ကျနော် သတိထားမိတယ်။ တစ်ဖက်သားကို တကယ်နှိမ့်ချ ချင်လို့ ပြောတဲ့စကား မျိုးတွေပေါ့။ ဒါမျိုးတွေ ကြုံတွေ့လာရပြီဆိုရင်တော့ တရားမျှတမှုဖြစ်အောင် ခပ်တင်းတင်းပဲ ကိုင်တွယ်ကြရပါတယ်။

တစ်ချို့ပြတ်လုံးတွေက ရယ်ဖို့မောဖို့ထက် ထိပါးခြင်းလို့ မပြောချင်ရင်တောင် သရော်တော်တော်တွေလို့တော့ ပြောရင်ရပါတယ်။ ဗုဒ္ဓဘာသာဖြစ်နေတော့ ကျနော်ကိုယ်တိုင်လည်း ဒီလို သရော်တာမျိုးတွေ ခံခဲ့ရဖူးတယ်။ အများ အားဖြင့်တော့ မျက်ကွယ်ပြုလိုက်တာပါပဲ။ သူတို့ပိုပြီး အမြင်ကျယ်လာပါစေ လို့ပဲ ဆုတောင်းနေမိတယ်။
စစ်တပ်ထဲရယ်မှလည်း မဟုတ်ပါဘူး။ ဒီလိုပြသနာတွေဟာ တစ်ခြားနေ ရာတွေမှာလည်း ရှိတော့ရှိနေမှာပါပဲ။ ပိုတောင် ဆိုးကောင်းဆိုးဦးမယ်။
တစ်ခု အံ့သြစရာကောင်းတာက ကျနော်တခါမှ မတွေ့ဖူးသေးတဲ့ လူ တချို့ ကတောင် ကျနော် ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတာသိပြီး ဖြစ်နေတတ်ကြတယ်။ လူစိမ်းတစ်ယောက်ကို ကြားလူက ၀င် ၀င်ပြီး “သူက ဗုဒ္ဓဘာသာ” လို့ ၀င်ပြောတတ်ကြတယ်။ ဒါကိုပဲ တစ်ချို့က သတင်းထူးလုပ်နေကြသေးတယ်။ အင်း ငါ့အကြောင်း နောက်ကွယ်က ဘာတွေများ ပြောကြဦးမှာပါလိမ့်လို့ တခါ တခါ တွေးတောင်တွေးမိပါသေးရဲ့။

ကိုယ် ဗုဒ္ဓဘာသာဖြစ်တာနဲ့ ပတ်သတ်ပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောဖို့ မိတ်ဆွေ ဗုဒ္ဓဘာသာတစ်ယောက်က အကြံညဏ်ပေးခဲ့ဖူးတယ်။ ခက်တာက စစ်သားေ တွ ဆိုတာက (၂၄)နာရီ တစ်ရက်၊ (၇) ရက် တစ်ပတ် အတူတူနေကြရတာ။ အလုပ်လုပ် အတူတူ၊ ထမင်းစား ရေချိုး၊ အိပ်တာတောင် အတူတူ၊ ကြာ လာတော့ ဘယ်သူမှ မပြောလဲ သူ့အားနည်းချက်၊ အားသာချက်တွေက ဘာ၊ သူ ယုံကြည်တာ မယုံကြည်တာက ဘာ၊ သူ့မိသားစုက ဘယ်လို၊ သူ့ အိပ်မက်က ဘယ်လို ဆိုတာတွေ တစ်ခုမကျန်သိကုန်ကြတာ။

ဒါပေမယ့် ယုံကြည်မှု ဘာသာတရားနဲ့ ပတ်သတ်လို့ တမင်တကာ ပြောဆို တတ်တဲ့ အခါတွေ ရှိတတ်တယ်ဆိုတာကိုလည်း ၀န်ခံရမှာပါ။ သူတို့ စဉ်းစား မိစေဖို့ပါ။ ဒီလို စိန်ခေါ်ပြီး ပြောလိုက်လို့ တစ်ယောက်စ နှစ်ယောက်စကများ ကျနော်တို့ လူနည်းစု ဗုဒ္ဓဘာသာ စစ်သားတွေရဲ့ ခံစားချက်နဲ့ ရပ်တည်ချက် ကို သဘောပေါက်သွားရင် ကြိုးစားရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ တကယ်လည်း လူတိုင်း မတူညီနိုင်ဘဲနဲ့ အားလုံးတူညီရေးဆိုပြီး အော်နေလို့ အဓိပ္ပါယ်လည်း မရှိပါဘူး။

၂၀၀၈- ခုနှစ်က စလို့နီပေါကို ရောက်သွားပြီး ဂေါ် ရခါးတွေနဲ့ အတူ နေခဲ့ရ ဖူးတယ် ။ အတွေ့အကြုံတွေက စိတ်ဝင်စားစရာကောင်းသလို ဗုဒ္ဓဘာသာ တစ်ယောက်အတွက် ဘ၀အပေါ်ထားတဲ့ အမြင်ကို ပိုမိုလေးနက်စေပါတယ်။ သူတို့ဆီမှာ သေခြင်းနှင့် ရှင်ခြင်း အဓိပ္ပါယ်ဟာ ပိုပြီးထင်ထင်ရှားရှား ရှိတယ်။ လူတစ်ယောက် သေဆုံးတယ်ဆိုရင် ကနော်တို့ အနောက်မှာလို ဖုံးဖုံးဖိဖိ မရှိသလို ဆေးရုံဆေးခန်းတွေရဲ့ ပြင်ဆင်မှုတွေလည်း လုံးဝမရှိပါဘူး။ ၂၄ နာရီအတွင်းမှာပဲ မြစ်ကို သက်သေပြုပြီး မြစ်ဘေးမှာ မီးရှို့ မီးသဂြိုလ် လိုက် ကြတော့တာပဲ။
ကံမကောင်းလှတဲ့ အချက်က လူသေကောင်တွေကို မြင်ဖူးရတာ ဟာ(ကျနော်က စစ်သားဆိုတော့) များလွန်းနေပြီး သေခြင်းတရားအကြောင်းကို ထုံပေပေ ဖြစ်နေတတ်တာပါ။
အဲဒီမှာပဲ ဟိန္ဒူတွေရဲ့ တိရစ္ဆာန် ယဇ်နတ်ပူဇော်ပွဲတွေတက်ဖို့ ဖိတ်ကြား တာလည်း အကြိမ်ကြိမ်ခံခဲ့ရတယ်။ ဒီယဉ်ကျေးမှုက ကျနော့် ဗုဒ္ဓဘာသာ ယုံကြည်မှုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာမို့ ဒီပွဲမျိုးတွေကို တက်သင့် မတက်သင့် တော်တော်စဉ်းစားယူရပါတယ်။

ဆက်ရန် -


 သီဟနာဒ