Another country တဲ့ ဟား ဟား ဟား


တရုတ်ပြည် စက်မှုနဲ့ သတင်းပြန်ကြားရေး ဝန်ကြီးဌာန ( the Ministry of Industry and Information Technology) က အင်တာနက် ဆင်ဆာနဲ့ ပတ်သက်လို့အရင် တစ်ပတ်ကျော်က 'acts of censorship' ဥပဒေထုတ်ပြန် ခဲ့တယ်။

သူတို့ထုတ်ပြန်ချက်ထဲမှာ တစ်ကမ္ဘာလုံးမှာ ဖေ့စ်ဘုတ်ဆင်ဆာဖြတ် တဲ့ လေးနိုင်ငံ ကို စာရင်းပြ ထားတယ်။

1 ) North Korea
2 ) Cuba
3 ) Iran
4 ) and another country တဲ့။

( မှတ်ချက်။another country ကို အဓိပ္ပါယ်ဖော်ရင် re-education camp ကို အပို့ခံရတယ်။ ဒါ့ကြောင့် re-education camp ကိုလည်း ဘယ်သူမှ အဓိပ္ပါယ် မဖော်ရဲကြ။)



 ဇင်ဝေသော်

**ပြည်ပရောက် တစ်ဦးချင်းဆီကို 'ထိ' လာနိုင်ပြီး နိုင်ငံ အတွက် ကောင်းလာနိုင်တဲ့ အနေအထား**


ခေါင်းစဉ်က ရှည်နေပေမဲ့ ရေးချင်တာက တိုတိုပါ။ လတ်တလော စင်္ကာပူမှာ (အခြား အာရှနိုင်ငံတွေမှာလည်း သိပ်မထူးခြားလောက်ပါဘူး ) ကြားနေရတဲ့ သတင်းနှစ်ခုက
၁ ။ စလုံးကုမ္ပဏီတချို့ ရန်ကုန်ကို တော်တော်အာရုံကျနေကြတယ်။ အကြီး စား တီမာဆက်၊ ဆင်းတယ်လ်၊ စထရိတ်တိုင်းတို့ အပါအဝင်ပဲ။ တချို့က သွားကြည့်၊ ကုမ္ပဏီရုံးခွဲဖွင့်၊ တချို့က စောင့်ကြည့်ရုံ စောင့်ကြည့် ၊ စုံလိုပဲ။
၂ ။ မြန်မာတွေလည်း တော်တော် တပ်ခေါက်နေကြတယ်။

ဒီ ဒုယအချက်မှာက ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ်။ တချို့က တပ်ခေါက်တာ။ တချို့က 'ထိ' တာ။ ဘာလို့ထိတာလဲဆိုတော့...
၁ ။ စင်္ကာပူက မြှင့်လာတဲ့ ခရိုက်တီးရီးယားကြောင့် ( လစာ၊ ပညာအရည် အချင်း၊ လုပ်သက်၊ ကွန်ထရီဗြူးရှင်း )၊
၂ ။ စီးပွားရေးသမားတွေရဲ့ စီးပွားရေး ကျားကွက် ရွှေ့မှု (သို့ ) ပေါ၊ ချောင် ၊ ကောင်း အလုပ်သမားဈေးကွက်ကို ဈေးချိုနိုင်သမျှ ချိုအောင် အားထုတ်မှု။

ဒုတိယအချက်ကတော ပုံသေကားချ ပြောလို့မရပါဘူး။ ဒါပေမဲ့ ငြင်းဖို့တော့ ခက်မယ်။ ဒါဟာ အက်သစ်ကယ် ဖြစ် မဖြစ်ဆိုတာကလည်း ပါးစပ်နဲ့ပဲ ငြင်း လို့ရမယ်။


၁ ။ စင်္ကာပူက မြှင့်လာတဲ့ ခရိုက်တီးရီးယား


လစာသိပ်မကောင်း၊ သာမန်ဘွဲ့လောက်နဲ့ဆိုရင် ကွန်ထရီဗြူးရှင်းလည်း မကယ်ဘူးဆိုရင် မနှစ်က၊ ဒီနှစ်ကစလို့ လာမယ့်နှစ်တွေမှာ ဆက်ထိနေဖို့ များပါတယ်။ ဒါက နိုင်ငံခြားသား အားလုံးနဲ့ ဆိုင်ပါတယ်။ ဒါကို သဘောမပေါက်ရင် ယုံထင် ကြောင်ထင် ထင်စရာတွေ အများကြီးပါပဲ။
ဒီမှာ စလုံးအစိုရက ဘယ်လောက်အလေးအနက် ထားသလဲဆိုတာ ရှင်းပြလို့ ရတဲ့အချက်တွေရှိတယ်။ အလုပ်သမားတစ်ယောက်က ပညာအရည်အချင်း၊ လုပ်သက်၊ ကွန်ထရီဗြူးရှင်း အားလုံးကောင်းနေတယ်၊ လစာပဲ နည်းနေတယ် ဆိုရင် အလုပ်သမားရဲ့ အားနည်းချက် လုံးဝမဟုတ်တော့ပဲ အလုပ်ရှင်ပေးတဲ့ လစာနဲ့ပဲ ဆိုင်တော့တယ်။ ဒါဆို ( နိုင်ငံခြားသား အလုပ်သမားက တကယ် အဆင့်ရှိရင်) အစိုးရကပါ အလုပ်ရှင်ကို လစာတိုးပေးဖို့ မသိမသာ ဖိအားပေးတယ်။
ဆိုလိုတာက ဒီလစာနဲ့ပဲ ထပ်တင်ရင် ရီဂျက်ထပ်ထိမယ်။ တကယ်လိုအပ်ရင် လစာတိုးပေးပါ ဆိုတာမျိုးပေါ့။ ကျန်တာကတော့ အလုပ်ရှင်နဲ့ပဲ ဆိုင်တော့ တယ်။ အလုပ်ရှင်ကလည်း သူ့အတွက် ဒီအလုပ်သမားက ဘယ်လောက် ကွန်ထရီဗြူးရှင်းလုပ်ပေးနိုင်သလဲ ဆိုတာကိုကြည့်ပြီး လစာ တိုး မတိုး ဆုံးဖြတ်ပါလိမ့်မယ်။
ဒီမှာပဲ ထိသူထိ မထိသူမထိ ဇာတ်လမ်းတွေ ဖြစ်တော့တာပါပဲ။ ဒါကြောင့် စင်္ကာပူကနေ တပ်ခေါက်သူ၊ တပ်ခေါက်ရသူ ပိုများလာမယ်။ အလုပ်အကိုင် အတွေ့အကြုံရှိသူတွေ ပြည်တွင်းပြန်ရောက်သွားခြင်းဟာ နိုင်ငံအတွက် ကောင်းပါတယ်။

၂ ။ စီးပွားရေးသမားတွေရဲ့ စီးပွားရေး ကျားကွက် ရွှေ့မှု

ဒီအတွေးက နည်းနည်း ရက်စက်ရာရောက်နေမလားလို့တောင် ထင်မိတယ်။ ကျနော်က စင်္ကာပူကို ဦးတည်ပြောနေပေမယ့် ဒီအချက်က အခြားနိုင်ငံတွေ နဲ့လည်း ဆိုင်ပါတယ်။ စင်္ကာပူက ရီဂျက်ထိတဲ့ မြန်မာတစ်ယောက်ဟာ မြန် မာပြည်ပြန်ရောက်သွားပြီး မြန်မာပြည်မှာပဲ (စီတီဇင် ခံထားသူတွေ၊ ပီအာ တချို့ ဒီအထဲမှာ မပါပါဘူး၊ ပီအာတချို့ဆိုတာက ပီအာလည်း အာမခံချက် သိပ်မရှိလို့ပါ ) အလုပ်လုပ်ရတော့မှာပါ။
နိုင်ငံခြားကုမ္ပဏီတွေကလည်း မြန်မာပြည်ရောက်ရင် လုပ်အားခ ဈေးချိုချိုနဲ့ ရသလို အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံမရှိသေးတဲ့ အလုပ်သမားတွေ ရဲ့ဒဏ်ကိုလည်း တော်တော်သည်းခံကြရလိမ့်မယ်။ ဒီမှာ မြန်မာတွေ ညံ့ တယ်လို့ဆိုတာမဟုတ်ဘဲ အတွေ့အကြုံမရှိသေးတာကိုပဲ ဆိုလိုတာဖြစ်ေ ကြာင်း ထပ်ပြောခဲ့ချင်ပါတယ်။( အမျိုးချစ်တာ ချစ်တာပေါ့၊ ဒီနေရာမှာတော့ ကိုယ့်အားနည်းချက်ကို လက်ခံကြရအောင်၊ သာကီမျိုး မဟုတ်ဘူးလို့ မပြောပါဘူး )။
ဒီတော့ ဈေးလည်းချို ပြည်ပ အတွေ့ကြုံလည်းရှိတဲ့ အလုပ်သမားကို နိုင် ငံခြား ကုမ္ပဏီတွေက အလိုရှိမှာ အသေအချာပဲ။ ကဲ ဒီတော့... တကယ်ပြန်တွေ့ဖို့ ရာခိုင်နှုန်း များတာက ပြည်ပက လာဖွင့်တဲ့ကုမ္ပဏီ နဲ့ ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာတွေပါပဲ။ မမိုက်ဘူးလား။ စင်္ကာပူမှာ ဒေါ်လာ၂၀၀၀ နဲ့ ၃၀၀၀ ( ကျော်ရင် ကျော်နိုင်တာပေါ့ ) ပေးရ မယ့် အလုပ်သမားကို မြန်မာပြည်မှာ ၁၀၀၀ လောက်ဆိုရင် ရနေပြီ။ ဒါကြောင့် ပြည်ပရောက် မြန်မာတွေအတွက်အစိုးရ ပေါ်လစီကြောင့်တင် မဟုတ်တော့ဘဲ ဈေးကွက် အရွှေ့အပြောင်းကြောင့်ပါ အထိများလာနိုင်ပါ တယ်။

ဒီမှာ ချွင်းချက်က အောက်စတန်းဒင်းဖြစ်တဲ့ မြန်မာတွေပါပဲ။ သူတို့ ကုမ္ပဏီ မြန်မာပြည်အသွားမှာ သူ့ကို စင်္ကာပူကခန့်တဲ့ အလုပ်၊ ပေးတဲ့လစာ စတဲ့ စံနှုန်းတွေနဲ့ ဆက်လက်ခန့်ထားပြီး မြန်မာပြည်မှာ လည်ပတ်ဖို့ တာ ဝန်ပေးပါလိမ့်မယ်။
ဒီပေါ်လစီက ကမ္ဘာလုံးဆိုင်ရာ ပေါ်လစီပါ။ အမေရိက ကုမ္ပဏီတစ်ခုက စင်္ကာပူမှာ ရုံးစိုက်တော့မယ်ဆိုရင် ပိုပြီးတိုးအားကောင်း၊ လူမျိုးဘာသာစကား လည်း ပြဿနာ မရှိနိုင်တဲ့ စလုံးကို ရွေးပြီး လည်ပတ်ခိုင်းသလိုပါပဲ။ ဒါကြောင့် ကိုယ်က တော်တော် အရေးပါတဲ့အထဲမှာ မပါဘူးဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာအလုပ်သမားတွေကို "See you In Myanmar." သဘောထား ရှိနေနိုင်ပါတယ်။
ဒီလူ၊ ဒီအရည်အချင်းကို ဒီတစ်ဝက်မရှိတဲ့လစာနဲ့ရတာ ဘယ်သူ မပျော် ဘဲ နေမလဲ။

နောက်ဆုံးကျန်နေတာက တကယ်ကို တပ်ခေါက်ပြန်သွားသူတွေပါ။ ဒီမှာ အဆင်တပြေရှိလျက် တပ်ခေါက်ပြန်သွားသူတွေက နယ်ကထက် ရန်ကုန် က ဖြစ်ဖို့များတယ်။ ရန်ကုန်မှာ မိသားစု၊ အခြေခံစီးပွားရေး စတာတွေ ရှိပြီးသားတွေ ဖြစ်မယ်။ ဒီမှာ မိသားစု၊ ကလေးတွေနဲ့လူတွေ ဖြစ်ဖို့ထက် လူလွတ်တွေ ပိုများလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီလိုမှ မဟုတ်ရင်တောင် ဒီမှာ လခစားလုပ်တာထက် ဟိုမှာ ကိုယ်ပိုင် အလုပ် ပြန်လုပ်ကြည့်မယ်၊ အရဲစွန့်ကြည့်မယ်ဆိုတဲ့ Risk ယူသူတွေ ဖြစ်နိုင် ပါတယ်။ ရေလိုက် ငါးလိုက်လေးပဲ နေချင်သူတွေကတော့ ဒီမှာ အဆင်ပြေေ နသရွေ့ ဒီမှာပဲ နေနေကြဦးမယ့် သဘောပါ။ မြန်မာဟာ စင်္ကာပူမဟုတ်သေး ဘူး ဆိုတာလောက်တော့ သူတို့လည်း သိတာပေါ့။ ဒါကြောင့်လည်း Risk ယူတယ်လို့ သုံးရတာပါ။

အတွေ့အကြုံရှိတဲ့ အလုပ်သမား ရှားပါးချိန်မှာ အတွေ့အကြုံရှိပြီးသား မြန် မာတွေ ပြည်တွင်းထဲ ပြန်ရောက်သွားခြင်းကြောင့် ပြည်တွင်းက အလုပ်သ မားတွေကို လက်တွဲပြီး ခေါ်သွားနိုင်သလို ပြည်ပ ကုမ္ပဏီတွေ ပြည်တွင်းထဲ မှာ မြန်မြန် ဝင်လာပြီး လည်ပတ်ဖြစ်စေဖို့ အထောက်အကူလည်း ဖြစ်ပါလိမ့် မယ်။
ဘာပဲဆိုဆို စလုံးအစိုးရရဲ့ ခရိုက်တီးရီးယား မြှင့်လာတဲ့ ပေါ်လစီကြောင့် တစ်ဦးချင်းဆီမှာ ရီဂျက်တွေ ဆက်ထိလာပြီး ( နိမိတ်မရှိ၊ မင်္ဂလာမရှိ တာတွေ လျှောက်ရေးနေတယ်ထင်ရင် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါက နှစ်နှစ်ေ လာက်ကတည်းက စနေတဲ့ ပေါ်လစီပါ၊ ထိလည်း တော်တော်ထိနေပါပြီ ) နိုင်ငံအတွက်တော့ ဇိကုပ် နတ်ပြည်တင်လို့တောင် မြင်မိပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါ်လို့ ပြန်ချင်မှ ပြန်မှာ ရီဂျက်ထိရင်တော့ ပြန်ကို ပြန် ရတော့တာ မဟုတ်လား။

ကျနော်ကတော့ ဒါဟာ ငိုစရာမဟုတ်သလို ထိသွားသူအတွက်လည်း ဘေး က ဝင်ငိုပေးနေစရာ မလိုလှဘူး ထင်ပါတယ်။ ကိုယ့်နိုင်ငံသာ ကိုယ့်နိုင်ငံပါ။ ဒီမှာ ကျနော်တို့ ယာယီလာနေကြတာ။ အဲ တစ်ခုခုကြောင့် ထွက်လာခဲ့ကြ တာ။ ဒါပဲ။

နိုင်ငံတစ်ခု ကုန်းထနေရတဲ့ အချိန်မှာ နိုင်ငံသားတိုင်းရဲ့ အနစ်နာခံမှု အနည်း အများ လိုပါတယ်။ အနုမြူဗုံး ခေါင်းပေါ်မကျပေမဲ့ နိုင်ငံက ဒီထက်ဆိုးတဲ့ စစ် တပ်အစိုးရရဲ့ အကြမ်းမြူဗုံးဒဏ်ကို ဆယ်စုနှစ်ပေါင်းမျာစွာ ခံထားကြရတာ မဟုတ်လား။

ပုဂ္ဂလိကအမြင်မတူတာ၊ တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ကို ထိပါးတာမျိုး မရည်ရွယ်ဘဲ ဖြစ် ခဲ့ရင် တောင်းပန်ပါတယ်။

လေးစားစွာဖြင့်
ဇင်ဝေသော်


Ding Dong, the Witch is Dead


မာဂရက် သက်ချာတို့ ဘယ်လောက်ပဲ အလုပ် လုပ်ခဲ့လုပ်ခဲ့၊ သေဆုံးချိန် မှာတော့ မကျေနပ်သူ လူတချို့အတွက် စုန်းမကြီး ဖြစ်ရတယ်။ "Ding Dong, the Witch is Dead" သီချင်း ဒေါင်းလုပ်လုပ်တာ ယူကေမှာ ရက်ကော့ဒ်ဝင်သွားသတဲ့။

စောစောရက်ပိုင်းလေးကပဲ ဈာပနမှာ မဖွင့်သင့်တဲ့ အင်္ဂလိပ်သီချင်း ငါးပုဒ် အကြောင်း ဟာသဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ဒါတွေက......
1) Ding Dong, the Witch is Dead.
2) Going Underground.
3) Burn, Baby Burn.
4) Highway to Hell.
5) Staying Alive.


 ဇင်ဝေသော်

မောနင်း ပို့စ်


ကိုယ့်ကိုယ်ကိုယ် အင်တာနက် အသည်းစွဲထင်နေတဲ့လူတွေ စဉ်းစားစရာေ တာ့ ရှိနေပါပြီ။ ဒီလောက်စွဲနေရင် ၆ နှစ်လုံးလုံး အိမ်မပြန်ဘဲ အင်တာနက် ကဖေးမှာ နေနိုင်ပါ့မလား။ ရှင်ဝှာသတင်းဌာနအရ (သူ့နာမည်ကို ဆိုင် က အလုပ်သမားတွေဆီက မေးလို့) သိရတာက Li Meng တဲ့။ သူကိုယ်တိုင်ကတော့ ၆ နှစ်လုံးလုံး ဘယ် လူသားနဲ့မှ စကားမပြောပါဘူး။

သူဟာ Jilin တက္ကသိုလ်နားမှာရှိတဲ့ အင်တာနက် ကဖေးတစ်ခုထဲကို အီးမေး စစ်ဖို့ 2007 နှစ် မေလက ဝင်သွားလိုက်တာ အခုချိန်အထိ အဲဒီ ကဖေးထဲမှာ ရှိတုန်းပါပဲ။ တစ်လကို အင်တာနက်သုံးခ ဒေါ်လာ ၅၀၀ ကျတယ်။ ဒီငွေ ပြန် ရအောင် အွန်လိုင်းပေါ်မှာပဲ ရှာပုံရတယ်လို့ ဆိုင်ရှင်က ပြောသတဲ့။ အလုပ် လုပ်တာ၊ ဂိမ်းကစားတာ၊ စားတာ၊ အိပ်တာ ဒါတွေအားလုံး ကွန် ပျူတာရှေ့ က ထိုင်ခုံပေါ်မှာပဲ ကိစ္စပြီးတယ်။ "အိမ်ပြန်ချင်တယ် ဟူး" လို့ သူမအော်ဘူး။

စောစောပိုင်းက သတင်းတစ်ပုဒ် ဖတ်လိုက်မိကြမလား မသိဘူး။ Samoa Air လိုင်းက လေယာဉ်စီးခကို ကိုယ်အလေးချိန်နဲ့ အညီ တောင်းမယ်တဲ့။ မန္တလေးက ဆိုက်ကားဆရာကျနေတာပဲ။ အိုဗာဝိတ်တွေအတွက် အိုဗာ ပရိုက်ဇ်ပဲ။ စီးပွားရေးသမားတွေက ဘယ်တော့မှ အရှုံးမခံဘူး။ အိုဗာဝိတ်တွေဆီကကျ ငွေ ပိုတောင်းပြီး ပုံမှန် ကိုယ်အလေးချိန်အောက်မှာ ရှိသူတွေကို လျှော့တောင်းမယ်ဆိုတာမျိုးကျ ပါမလာဘူး။

ဒါနဲ့ စကားမစပ် ကမ္ဘာပေါ်မှာ မကြာမကြာ ကမ္ဘာကျော် ငပေါတွေ ပေါ်ပေါ် လာတတ်တယ်။ စောစောပိုင်းက ဆဒန် ဟူစိန်၊ အခု ဖက်တီး Kim Jong Un။
သူကမှ Psy အစစ်။ ဂန်းမဲန်း စတိုင်လ်။


 ဇင်ဝေသော်

စင်္ကာပူနတ်လည်း "ကိုင်" တတ်သည်


နာနာဘာဝပြီးလျင် နောက်ထပ်ရှင်းရခက်သည့်ကိစ္စက နတ်ကိုင်ခြင်းဟုထင် သည်။ ယုံရလည်းခက်၏၊ သို့သော် ရှိပုံလည်း ရ၏။ အနည်းဆုံး ခူးတိတ်ပွပ် မိသားစုအတွက်တော့ ဤ ကိစ္စသည် ဘိုးစဉ်ဘောင်ဆက် ထားရစ်ခဲ့သည့် မှာတမ်းဖြစ်လေသည်။ မစ္စတာ ခူးတိတ်ပွပ်က နှယ်နှယ်ရရပုဂ္ဂိုလ်မဟုတ်၊ စင်္ကာပူ၏ အချမ်းသာဆုံးအုပ်စုတွင်ပါသည်။ ရီရွှန်းမှာ မကြာမီက ဖွင့်လှစ်ခဲ့ သည့် ခူးတိတ်ပွပ် ပုဂ္ဂလိကဆေးရုံက ( Khoo Teck Puat Hospital Singapore - KTPH )သူ့အမည်ပင်ဖြစ်သည်။ စင်္ကာပူမှာ ပုဂ္ဂလိကဆေးရုံ ဆိုသည်က လက်ချိုးလို့ရသည်။

နတ်ကိုင်ခြင်း စတင်ဖြစ်ပွားစဉ်က ကိုယ်တိုင်ပင် စင်္ကာပူမရောက်သေး၊ ရှေး ပျံလွန်တော်မူခဲသော သီရိလင်္ကာဆရာတော်ကြီး လက်ထက်ကဖြစ်သည် ။ ဖြစ် ပုံက အလုပ်သမားများက သစ်ပင်စောင့်နတ်ကို တောင်းပန်ခြင်းစသည် ဘာမှမလုပ်ဘဲ ခုတ်လှဲပုံရ၏။ ထိုအခါ ထိုသစ်ပင်စောင့်နတ်က ဒေါ်ခူးတိတ် ပွပ် ကို ဝင်ကိုင်လေတော့သည်။ ရုတ်တရက်ကြီး လေဖြတ်သလိုလဲကျသွားသည်။ စကားလည်း မပြောနိုင်တော့ပေ။ သူဌေးများဖြစ်သည့်အားလျော်စွာ ဆေးရုံကို ချက်ချင်း သွားကြသည်။ ဆေးရုံးမှာလည်း ရောဂါ၏ အရိပ်လက္ခဏာကို ရှာဖွေလို့မရ။ နောက်ဆုံး သီရိလင်္ကာဆရာတော်ကြီး၏ ဩဝါဒကို ခံယူရန် ရောက်လာကြသည်။ ဆရာတော်က ဤကိစ္စမျိုး ဖြစ်တတ်ကြောင်း၊ သက်ဆိုင်ရာ ထိုထို သစ်ပင်စောင့်နတ်ကို တောင်းပန်၊ မေတ္တာပို့လျှင် ရကြောင်းရှင်းပြပြီး သူကိုယ်တိုင် အိမ်သို့ကြွကာ ဘာသာရေး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပေး ခဲ့သည်။ မကြာမီ ချက်ချင်းပင် ဒေါ်ခူးတိတ်ပွပ်လည်း ပကတိအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်ဟု ဆိုကြသည်။

ထိုမှနောက်....
"သစ်ပင်ခုတ်ခြင်း၊ ဖြတ်ခြင်းမပြုလုပ်မီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကို ပင့်ပြီး မေတ္တာအရင်ပို့ စေရမည်" က မစ္စတာ ခူးတိတ်ပွပ်၏ ဘိုးစဉ်ဘောင် ဆက်လိုက်နာရန်မှာတမ်းဖြစ်လေတော့သည်။
ပထမဆုံးအကြိမ် သူတို့အိမ်ထဲ ရောက်ဖူးစဉ်က အလွန်အံ့ဩမိသည်။ စင်္ကာပူလို နိုင်ငံပေါက်စလေးမှာ ဤမျှ ကျယ်ဝန်းသောခြံကြီးဖြင့်နေသူ မရှိနိုင်ေ လာက်ဟု ထင်ထားသောကြောင့်ဖြစ်သည်။ သူတို့ခြံဝင်းက ရန်ကုန်ကခြံဝင်း များနှင့်ပင် မတူ။ တောင်ကြီး၊ မေမြို့စသောနယ်မြို့များကခြံဝင်းများနှင့်ပင် တူနေသည်။ မြေကမညီ၊ ခြံဝင်းအလယ်က ကုန်းကမူပေါ်မှာ တိုက်အိမ် အတွဲ လိုက်ဆောက်ထားသည်။
ပတ်ပတ်လည်က သစ်ပင်ကြီးများဖြင့် တောအုပ်သဖွယ် ဖြစ်နေသည်။ နတ်ကိုင်မည်ဆိုက ကိုင်လောက်ပေသည်ဟု သစ်ပင်ကြီးများကို ကြည့် ရင်း တွေးလိုက်မိသည်။

ခူးတိတ်ပွပ်ရှိစဉ် ဘာသာယုံကြည်မှုက ဗုဒ္ဓဘာသာဖြစ်ပြီး လေးထပ်ကျောင်းဆောင်ကြီး ပြီးမြောက်ရေးအတွက်ပင် သူတို့ အလှူငွေ များစွာပါ ဝင်ကြောင်း သိရသည်။ ယခုတော့ မိသားစုထဲမှာ အခြားဘာသာယုံကြည်မှု များလည်း ရှိနိုင်သည်ဟု တွက်ဆလို့ရသည်။ သို့သော် မည်သည့်ဘာသာဝင် မျိုးဆက်သစ်မဆို တညီတညွတ်တည်း လိုက်နာကြရသည်က မစ္စတာ ခူးတိတ်ပွပ်၏ "သစ်ပင်ခုတ်ခြင်း၊ ဖြတ်ခြင်းမပြုလုပ်မီ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကိုပင့်ပြီး မေတ္တာအရင်ပို့ စေရမည်" ဖြစ်လေသည်။

ကွန်ပျူတာစနစ်ဖြင့် တစ်နိုင်ငံလုံးထိန်းချုပ်ထားသော စင်္ကာပူလို နိုင်ငံ မှာ ရှေးဟောင်းဆန်သော (အချို့က ဤသို့ယူဆသည်) ယုံကြည်မှုမျိုး မရှိနိုင်ဟုဆိုက မှားသည်။ သူတို့ခြံထဲက သစ်ပင်ခုတ်၊ ဖြတ်တိုင်း သစ် ပင်စောင့်နတ်ကို မေတ္တာပို့ရန် သွားရဆဲဖြစ်သည်။ အံ့ဩမိ၏။ ထင်မထားခဲ့။

(စာကြွင်း)
သွားပြီး ပြန်လာတိုင်းလည်း ချက်လက်မှတ် တစ်စောင် လှူလိုက်သည်။ လှူတာကိုလည်း ဘဏ္ဍာရေးမှူးကို အပ်လိုက်သည်။ ထို့ကြောင့် ကျောင်းအလှူငွေ နည်းသောလများတွင် ဘဏ္ဍာရေးမှူးက ခူး မိသားစု သစ်ပင်မခုတ်တာ ကြာပေါ့ဘုရား ဟု ' စ ' တတ်လေသည်။


 သီဟနာဒ