ဒန်နီရဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်း

"Don't be stupid. I did it and just killed a policeman in Cambridge."
အသက် ၂၆ နှစ်ရှိ တရုတ်လူမျိုး ဒန်နီဟာ မက်ဆေ့ဂ်ျပြန်ဖို့ သူ့ မာစီးဒီးကား ကို ကားလမ်းဘေးချပြီး ရပ်နေစဉ်မှာ လူတစ်ယောက် သူ့အနားရောက် လာပြီး သူ့ကားတံခါးကို ဆွဲဖွင့်၊ ဝင်ထိုင်ရင်း သူ့ကို အမိန့်ပေးတယ်။ သူ့ လက် ထဲမှာလည်း ငွေရောင် သေနတ်တစ်လက်ရှိနေတယ်။
ကားပေါ်ထိုင်၊ အမောင်းခိုင်းရင်း ဘော်စတွန်မှာ ဗုံးပေါက်မှုဖြစ်ပွားခဲ့တဲ့ သတင်းကို ကြားမိသလားလို့လည်း သူက ဆက်မေးတယ်။ ပြီးမှ သူကိုယ်တိုင်
"Don't be stupid. I did it and just killed a policeman in Cambridge."

ဒန်နီဟာ ၂၀၀၉ ခုကတည်းက အမေရိကကို ရောက်နေခဲ့ပြီး အမေရိမှာ ကျောင်းပြီးတယ်။ တရုတ်ပြည်ကို ခဏပြန်ပြီး အလုပ်လုပ်ခွင့် ဗီဇာနဲ့ အမေရိကကို ပြန်ရောက်လာရုံပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ကိုတော့ ကျောင်းသားလို့ လိမ်ပြောလိုက်တယ်။ ဒီတော့ သူက
"That's why your English is not very good. OK, you are Chinese I'm a Muslim." လို့ ပြောတယ်။
ပြီးမှ
"Chinese are very friendly to Muslims." တဲ့။ သူ့အဆိုကို ဒန်နီ ထောက် ခံပေးလိုက်တယ်။

အဲဒီ အချိန်မှာ ဒန်နီဟာ ဘုရားတ နေရသလို သူ့ကားလမ်းကြောင်း လည်း ကြောက် စိတ်ကြောင့် မမှန်တော့ဘူး။ ဒါကို ရိပ်မိတဲ့ Tamerlan က
"Relax" ပြောတယ်
သူတို့ ကားအမြန်မောင်းနေစဉ်မှာ သူတို့ နောက်မှာ စလွန်းကား အဟောင်း တစ်စီးလည်း ထပ်ချပ်မကွာ လိုက်လာတာတွေ့ရတယ်။
တစ်နေရာအရောက် ဒန်နီကို ကားအရပ်ခိုင်းတယ်။ နောက်ကလိုက်လာတဲ့ စလွန်းကားအဟောင်းက မီလာပြီး လူငယ်တစ်ယောက် ဆင်းလာတယ်။ Tamerlan က ဒန်နီကို ခုံအပြောင်းခိုင်းပြီး သူက ဒရိုင်ဘာနေရာကို ဝင်
ထိုင် တယ်။ နောက်မှ ရောက်လာသူက နောက်ခုံမှာထိုင်ရင်း ဒန်နီကို စောင့် ကြည့် လာခဲ့တယ်။
ဒန်နီက သွေးတိုးစမ်းတဲ့အနေနဲ့ နောက်ခုံပေါ်မှာထားထားတဲ့ သူ့ ဂျာကင် ကို တောင်းတော့ နောက်ခုံမှာထိုင်နေတဲ့လူက လှမ်းပေးတယ်။ ဒန်နီရဲ့ အ ကြံ က ဂျာကင်ဝတ်ရင်း ခုန်ချပြေးရင် လွယ်ကူအောင်လို့ ထိုင်ခုံ ခါးပတ် ကို ဖြုတ်ထားဖို့ပါ။ ဒါကို ရိပ်မိတဲ့ Tamerlan က
"Don't do that. Don't be stupid."
"We both have guns" တဲ့။

သူတို့ နှစ်ယောက်ပြောနေတဲ့ စကားတွေကို ဒန်နီ နားမလည်ပါဘူး။ သူ နား လည်တာဆိုလို့
"Manhattan" ဆိုတဲ့ စကားတစ်လုံးပဲ ပါတယ်။
ခဏနေတော့ ဒန်နီရဲ့ ဟန်းဖုန်းထဲ မက်ဆေ့ ဝင်လာတယ်။ ဖုန်းကို Tamerlan က ကောက်ယူပြီး
"I'm sick. I'm sleeping in a friend's place." လို့ မက်ဆေ့ဂ်ျ ပြန်ပို့တယ်။

တအောင့်လောက်ကြာတော့ ဖုန်းဝင်လာတယ်။ Tamerlan က ဖုန်းကို ဒန်နီ လက်ထဲ ထည့်ပေးရင်း
"If you say a single word in Chinese, I'll kill you right now."
ဖုန်းက သူ့ သူငယ်ချင်း အခန်းဖော်ဆီကပါ။ ဒါနဲ့ ဒန်နီက
"I'm sleeping in my friend's home tonight. I've to go." အင်္ဂလိပ်လို တိုတိုပဲ ဖြေလိုက်တယ်။
ဒီတော့မှ Tamerlan က
"Good boy. Good job."

ကား ဆီဖြည်ဖို့ တစ်ယောက်က အာရုံစိုက်နေတုံး ခါးပတ်ကိုဖြုတ်၊ ကား တံ ခါးဖွင့် ခုန်ချရင်း ပြေးခဲ့လို့ ဒန်နီတစ်ယောက် သေဘေးက ကံကောင်းေ ထာက်မစွာ လွတ်မြောက်ခဲ့ရပာတယ်။

ဒီ ဇာတ်လမ်းအကျဉ်းက FBI နဲ့ ရဲတွေကို ဒန်နီ ပြန်ပြောပြခဲ့ပုံပါ။ ဒန်နီဆိုတာ သူ့ နာမည်အရင်းတော့ မဟုတ်ပါဘူး။
Ref: R.D.Aug. 2013

ရာဇဝင် ရိုင်းတယ်

ခင်များတို့ အိုင်ဒီယော်လော်ဂျီတွေကို ခေါင်းကိုက်တယ်
ဆီးရီးယား ပဋိပက္ခ စိတ်မဝင်စားအားဘူး
ဘယ်သူ သမ္မတ ဖြစ်ချင်သေးတာလဲ
နေပါအုံး.. နောက်နေ့မှ ဆွေးနွေးကြပါ။

ရာဇဝင် ရိုင်းတယ်
"ဦးသန့်" လမ်းမကြီးနဲ့ ကွာလာလမ်ပူမြို့တော်မှာ
ဦးသန့်နိုင်ငံသားတွေ လမ်းမလျှောက်ရဲကြဘူး။

***နိုင်ငံအစိုးရချင်း ရှင်းရမယ့် ပြဿနာ***

(နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးတို့ တစ်ခုခု လုပ်မှရမယ်။ အင်ဒိုနဲ့ မြန်မာ အများဆုံး ဖမ်းမိနေတယ်။ ခံရတာချင်း အတူ တူ မြန်မာက ပိုနာမယ်။ သတင်းတွေက ဝမ်းနည်းဖွယ်တွေချည်းပဲ။)

Sent: Tuesday, 3 September 2013 10:56 AM
Subject: ရင်နင့်ကြေကွဲစရာ ဖေ့ဘုတ်ထဲကမှတ်ချက်တခု

ကျနော်မှားသွားရင်၊ မဟုတ်တာရှိရင်ဝင်ပြောပါနော်။ ကျနော်တို့အခု မလေး မှာ အလုပ်လုပ်နေသူတွေဟာ ဈေးဝယ်ဖို့တောင်အပြင်မထွက်ရဲပါဘူး။
ပြီးတော့ ဖမ်းတဲ့သူတွေက ရဲတွေရှိမယ်။ လဝကတွေ ရယ် ၊ ရေလာဆိုတဲ့ စွမ်းအားရှင်အဖွဲ့တွေရှိတယ်။ သူတို့တွေဖမ်းတော့မယ်ဆို တွေ့သမျှ အကုန် သိမ်းကျုံးပြီးကားပေါ်တင်သွားတာပါ။ တရားဝင်တာရော တရားမဝင်တာေ ရာပေါ့ ဗျာ။

ဘာလို့အဲလိုလုပ်လဲဆိုတော့အရင်ကဆိုအလုပ်သမားတွေအတွက်ကဒ်ပြားလေးတွေထုတ်ပေးတယ်။ အခုကအဲလိုကဒ်ပြားလေးတွေမထုတ်ပေးတော့ဘူး။ နိုင်ငံကူးစာအုပ် (ပတ်စ ပို့စ်) မှာ ဗီဇာလိုမျိုး အပြာရောင်စာရွက်လေးကပ်ပေးတယ်။ နိုင်ငံကူး စာအုပ် ကတော့သိတဲ့အတိုင်းပဲ။ အတော်များများ ၉၀ % လောက်က အလုပ်ရှင်တွေ သိမ်းထားတာလေ။ အလုပ်ရှင်တွေက ကာလာမိတ္တူလေးပဲပေးထားတော့ အဲဒါပြလည်းဖမ်းတာပဲလေ။ အနည်းဆုံးတော့ ရဲစခန်းမှာစစ်လို့မပြီးမချင်း တစ် ပါတ်လောက်တော့ကြာတာပေါ့။ အချုပ်ဆိုတော့လည်းသိတဲ့အတိုင်းလေ။ ကိုယ်ချင်းစာကြည့်ပေးပါဗျာ။

ပြီးတော့ အရင်ကသိထားတာပေါ့နော်။ (အခုတော့သေချာမသိပါ)။ တရား မဝင်အလုပ်သမားတွေမိသွားရင် အနည်းဆုံးအချုပ်ထဲမှာ ၂ လ ၃ လေ လာက်နေရပါတယ်။ ပြီးရင် အပြင်ကအသိတစ်ယောက်ယောက်ကနေ ရင်းဂစ် ၂၀၀၀၊ ၃၀၀၀ လောက်ပေးပြီးလာရွေးပေးရင်ပြန်လွှတ်ပေးပါတယ်။ အကယ်၍ မပေးနိုင်ရင်ရဲတွေက မလေး-ထိုင်းနယ်စပ်မှာ ထိုင်း ငါးဖမ်းလှေေ တွဆီမှာသွားရောင်းစားပစ်ကြပါတယ်။ တံငါသည်တွေပေါ့ဗျာ။

အဲလိုရောင်းစားခံခဲ့သူတွေဟာ မိန်းကလေး ယောင်္ကျားလေး မရွေးပါဘူး။ အရောင်းစားခံရသူတွေအဖို့ကအတော်များများဟာ ပြန်လမ်းမရှိကြပါဘူး။ ယောက်ျားလေးတွေအဖို့ကတော့ အဲဒီလှေတွေပေါ်မှာ သူတို့တွေမလုပ်ခြင် တဲ့အလုပ်တွေအကုန်လုပ်ရပါတယ်။ တစ်ပြားမှမရပါဘူး။ ဘယ်သူနဲ့မှ အ ဆက် အသွယ်မရပါဘူး။ အကယ်၍မလုပ်နိုင်ရင် ပင်လယ်ထဲမှာ အစွန့်ပစ် ခံကြရပါတယ်ဗျာ။

မိန်းကလေးတွေအရောင်းစားခံရပြီဆိုရင်တော့ လိင်အလုပ်သမားအဖြစ် အဓမ္မအကျင့်ခံရတော့တာပါပဲ။ စိတ်ပါပါ မပါပါပေါ့ဗျာ။ စဉ်းစားကြည့်ပါဗျာ။ ကိုယ့်နိုင်ငံသားချင်းကိုယ်ချင်းစာပေးပါ။

ကျနော်တို့ဒီမှာအလုပ်လာလုပ်နေတာ ကျနော်တို့ဘဝအတွက် အလုပ် လာ လုပ်နေတာပါ။ ရှိတာလေးပေါင်နှံရောင်းချပြီးထွက်လာခဲ့ရတာပါ။ အခုလဲအဖမ်းအဆီးကလဲကြမ်းဆိုတော့ တရားဝင်ရော တရားမဝင်ရောက အရင်ဆုံးအဖမ်းခံကြရတာပါပဲဗျာ။

အခုမျှော်လင့်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် တတ်နိုင်သလောက်လေးကူညီပေးပါအုံးဗျာ။ အခုဆိုရင် ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံမှတာဝန်ရှိသူတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးထိရောက်စွာဆွေးနွေးပြီး တတ်နိုင်သမျှ အသက်ဆုံးရှုံးမှု နည်းစေ ရန်၊ အနှိပ်စက်ခံရမှုနည်းစေရန်၊ ဖမ်းဆီးလွှတ်ရက်ရောက်ပါက မြန်မာနိုင်ငံ သို့ပြန်ရန် လေယာဉ်လက်မှတ်အခက်အခဲများကို ဖြေရှင်းပေးပါလို့မလေးရှားမှသူများကိယ်စားမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

Aung Win Htut Kyaw Thu Soe

၁.၃ မီလီယံ ကလေးတွေရဲ့ ကျောင်းအပ်ခ

ဒီနေ့သတင်းခေါင်းစည်းမှာတော့ မက်ဒရစ်နဲ့ Gareth Bale က နေရာ အပိုင် ယူထားတယ်။
စပိန် စီးပွားရေးနဲ့ စပိန်ဘဏ်တွေကို ဂျာမန်တွေက ကျားကန်ပေးထားခဲ့ရ တယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကပဲ အမှိုက်ပုံးတွေထဲက ကောင်းသေးတဲ့ စွန့်ပစ်ပစ္စည်းတွေ ပြန်သုံးကြဖို့ လှုံ့ဆော်သံတွေ ကြားလိုက်ရတယ်။ ဒါပေမဲ့ ဘောလုံးသမားတစ်ယောက်ကို ပေါင် ၈၅. ၃ သန်း ပေးဝယ်ဖို့တော့ မက်ဒရစ်က လက်မတွန့်ခဲ့ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ညံနေတယ်။
အကြိုက်ဆုံး စကားကတော့ လာမယ့်အပတ်ထဲမှာ ကလေးတွေကို ကျောင်း အပ်ရတော့မယ်။ ကလေးတစ်ယောက် ကျောင်းအပ်ခ က ပေါင် ၇၀၊ Gareth Bale အတွက်ပေးရတဲ့ ငွေနဲ့ဆို ကလေးပေါင်း ၁၊၃ မီလီယံ ကျောင်း အပ်လို့ ရမယ်တဲ့။

သူတို့ပြောချင်ရာပြောကြ။ ဒါက Gareth Bale ရဲ့ ဝင်ငွေပါ။
တစ်နှစ် ၁၃. ၃၁ မီလီယံ ပေါင်
တစ်ပတ်၂၅၆,၀၀၀ ပေါင်
တစ်ရက် ၃၆,၄၇၁ ပေါင်
တစ်နာရီ ၁,၅၂၀ ပေါင်
တစ်မိနစ် ၂၅.၃၃ ပေါင်

ဒါကတော့ Gareth Bale နဲ့ C. Ronaldo တို့ကို ဘောလုံးရှုဒေါင့်က နှိုင်း ယှဉ်ကြည့်မှုပါ။
(ရှေ့က အရေအတွက်တွေက Gareth Bale ဖြစ်ပြီး နောက်က C. Ronaldo ပါ။)
ပြောင်းရွှေ့ကြေး (85.3/ 80)
ပြောင်းရွှေ့ နှစ် 2012/13 2008/9
ကစားတဲ့ မိနစ် အရေအတွက် 2924/ 2749
ပြောင်းရွှေ့တဲ့နှစ်မှာ သွင်းခဲ့တဲ့ ဂိုး 21/18
ဂိုးရဖို့ လိုအပ်တဲ့ မိနစ် အရေအတွက် 139/ 153
ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲပေါင်း 17/ 12
အမှတ်ရစေတဲ သွင်းဂိုး ရာခိုင်နှုန်း 52% 36%

Total shots: 133/ 107
Minutes per shot: 22/26
On target: 73/57
Shots off target: 60/50
Minute per shot on target: 40/48
Chances conversion: 16/17
Assists: 4/6
Chances created: 75/9
Dribble success: 42.8/ 39.2%
Crosses attempted: 272/166
Crossing accuracy: 23/16%

ဒီ စာရင်းအရတော့ ပေးရတဲ့ငွေနဲ့ တန်တယ်လို့ဆိုရမယ်။ ပြီးတော့ သူနဲ့တွဲပြီ ကစားခဲ့ရတဲ့ဘောလုံးသမားတွေက ရော်နယ်ဒိုရဲ့ မန်ယူအဆင့် မရှိခဲ့ဘူး။

ကမ္ဘာပူနွေးလာတော့ ပန်းသီးတွေ ပိုချို

1) God က အနားယူခိုင်းလို့

အရင်တစ်ပတ်က ထူးထူးခြားခြား ဘာသာရေး သတင်းဖတ်လိုက်ရတယ်။ အနားယူသွားတဲ့ ပုတ်ရဟန်းမင်းကြီးက သူ့ အနားယူရတာဟာ ရှင်းပြရခက် တဲ့ အနေအထားမှာ (In a mysterious circumstance) God က သူ့ကို အနားယူခိုင်းလို့ ဆိုတဲ့အကြောင်း လူတစ်ယောက်ကို ပြောပြခဲ့တယ် တဲ့။ သူကိုယ်တိုင်က "In a mysterious circumstance" ဆိုတော့ ရှင်းပြ ဖို့
တောင်းဆိုလည်း မဖြစ်နိုင်တော့ဘူး။
ဒီသတင်းက ဒီလိုနဲ့ပဲ ပြီးသွားခဲ့တယ်။

2) ကမ္ဘာပူနွေးလာတော့ ပန်းသီးတွေ ပိုချို

ဒါက ဂျပန်က ထွက်လာတဲ့ သိပ္ပံသတင်းပါ။ ကမ္ဘာပူနွေးလာတာနဲ့အမျှ ပန်း သီးတွေ ပိုချိုလာသတဲ့။ လွန်ခဲ့တဲ ၁၀ နှစ်၊ အနှစ် ၂၀ က ပန်းသီးတွေနဲ့ ဒီနေ့ပန်းသီးတွေ အရသာ မတူဘူး တဲ့။ မဆိုးဘူး ပြောရမယ်။ သဘာဝ ဘက်မျှမှု။ ပူပေးပြီး ချိုပေးတယ်။
ခက်တာက ပန်းသီး ဝယ်မစားနိုင်ရင်တော့ ပူတာပဲ အဖတ်တင်မယ်။ နောက် ပြီး ဂျပန်တွေက မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်ပန်းသီးတွေကို စမ်းသပ်ကြ ဟန် မတူခဲ့ဘူး။ ဖွာတာတာနဲ့။

(ဇက်ကြောတွေ၊ မျက်ကြောတွေ ဆန္ဒပြနေလို့ အခုတလောတော့ ခပ်ပါးပါးပဲ လုပ်နေရတယ် ဗျာ)