ဒန်နီရဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်း

"Don't be stupid. I did it and just killed a policeman in Cambridge."
အသက် ၂၆ နှစ်ရှိ တရုတ်လူမျိုး ဒန်နီဟာ မက်ဆေ့ဂ်ျပြန်ဖို့ သူ့ မာစီးဒီးကား ကို ကားလမ်းဘေးချပြီး ရပ်နေစဉ်မှာ လူတစ်ယောက် သူ့အနားရောက် လာပြီး သူ့ကားတံခါးကို ဆွဲဖွင့်၊ ဝင်ထိုင်ရင်း သူ့ကို အမိန့်ပေးတယ်။ သူ့ လက် ထဲမှာလည်း ငွေရောင် သေနတ်တစ်လက်ရှိနေတယ်။
ကားပေါ်ထိုင်၊ အမောင်းခိုင်းရင်း ဘော်စတွန်မှာ ဗုံးပေါက်မှုဖြစ်ပွားခဲ့တဲ့ သတင်းကို ကြားမိသလားလို့လည်း သူက ဆက်မေးတယ်။ ပြီးမှ သူကိုယ်တိုင်
"Don't be stupid. I did it and just killed a policeman in Cambridge."

ဒန်နီဟာ ၂၀၀၉ ခုကတည်းက အမေရိကကို ရောက်နေခဲ့ပြီး အမေရိမှာ ကျောင်းပြီးတယ်။ တရုတ်ပြည်ကို ခဏပြန်ပြီး အလုပ်လုပ်ခွင့် ဗီဇာနဲ့ အမေရိကကို ပြန်ရောက်လာရုံပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ကိုတော့ ကျောင်းသားလို့ လိမ်ပြောလိုက်တယ်။ ဒီတော့ သူက
"That's why your English is not very good. OK, you are Chinese I'm a Muslim." လို့ ပြောတယ်။
ပြီးမှ
"Chinese are very friendly to Muslims." တဲ့။ သူ့အဆိုကို ဒန်နီ ထောက် ခံပေးလိုက်တယ်။

အဲဒီ အချိန်မှာ ဒန်နီဟာ ဘုရားတ နေရသလို သူ့ကားလမ်းကြောင်း လည်း ကြောက် စိတ်ကြောင့် မမှန်တော့ဘူး။ ဒါကို ရိပ်မိတဲ့ Tamerlan က
"Relax" ပြောတယ်
သူတို့ ကားအမြန်မောင်းနေစဉ်မှာ သူတို့ နောက်မှာ စလွန်းကား အဟောင်း တစ်စီးလည်း ထပ်ချပ်မကွာ လိုက်လာတာတွေ့ရတယ်။
တစ်နေရာအရောက် ဒန်နီကို ကားအရပ်ခိုင်းတယ်။ နောက်ကလိုက်လာတဲ့ စလွန်းကားအဟောင်းက မီလာပြီး လူငယ်တစ်ယောက် ဆင်းလာတယ်။ Tamerlan က ဒန်နီကို ခုံအပြောင်းခိုင်းပြီး သူက ဒရိုင်ဘာနေရာကို ဝင်
ထိုင် တယ်။ နောက်မှ ရောက်လာသူက နောက်ခုံမှာထိုင်ရင်း ဒန်နီကို စောင့် ကြည့် လာခဲ့တယ်။
ဒန်နီက သွေးတိုးစမ်းတဲ့အနေနဲ့ နောက်ခုံပေါ်မှာထားထားတဲ့ သူ့ ဂျာကင် ကို တောင်းတော့ နောက်ခုံမှာထိုင်နေတဲ့လူက လှမ်းပေးတယ်။ ဒန်နီရဲ့ အ ကြံ က ဂျာကင်ဝတ်ရင်း ခုန်ချပြေးရင် လွယ်ကူအောင်လို့ ထိုင်ခုံ ခါးပတ် ကို ဖြုတ်ထားဖို့ပါ။ ဒါကို ရိပ်မိတဲ့ Tamerlan က
"Don't do that. Don't be stupid."
"We both have guns" တဲ့။

သူတို့ နှစ်ယောက်ပြောနေတဲ့ စကားတွေကို ဒန်နီ နားမလည်ပါဘူး။ သူ နား လည်တာဆိုလို့
"Manhattan" ဆိုတဲ့ စကားတစ်လုံးပဲ ပါတယ်။
ခဏနေတော့ ဒန်နီရဲ့ ဟန်းဖုန်းထဲ မက်ဆေ့ ဝင်လာတယ်။ ဖုန်းကို Tamerlan က ကောက်ယူပြီး
"I'm sick. I'm sleeping in a friend's place." လို့ မက်ဆေ့ဂ်ျ ပြန်ပို့တယ်။

တအောင့်လောက်ကြာတော့ ဖုန်းဝင်လာတယ်။ Tamerlan က ဖုန်းကို ဒန်နီ လက်ထဲ ထည့်ပေးရင်း
"If you say a single word in Chinese, I'll kill you right now."
ဖုန်းက သူ့ သူငယ်ချင်း အခန်းဖော်ဆီကပါ။ ဒါနဲ့ ဒန်နီက
"I'm sleeping in my friend's home tonight. I've to go." အင်္ဂလိပ်လို တိုတိုပဲ ဖြေလိုက်တယ်။
ဒီတော့မှ Tamerlan က
"Good boy. Good job."

ကား ဆီဖြည်ဖို့ တစ်ယောက်က အာရုံစိုက်နေတုံး ခါးပတ်ကိုဖြုတ်၊ ကား တံ ခါးဖွင့် ခုန်ချရင်း ပြေးခဲ့လို့ ဒန်နီတစ်ယောက် သေဘေးက ကံကောင်းေ ထာက်မစွာ လွတ်မြောက်ခဲ့ရပာတယ်။

ဒီ ဇာတ်လမ်းအကျဉ်းက FBI နဲ့ ရဲတွေကို ဒန်နီ ပြန်ပြောပြခဲ့ပုံပါ။ ဒန်နီဆိုတာ သူ့ နာမည်အရင်းတော့ မဟုတ်ပါဘူး။
Ref: R.D.Aug. 2013

Post a Comment