ငွေရောင် အနားကွတ်လေးများ

အင်္ဂါနေ့က ဘော့စတွန်က အလုပ်လက်မဲ့၊ အိမ်ခြေယာမဲ့ လူတစ်ယောက် ရှော့ပင်းမောထဲမှာ သူတွေ့ခဲ့တဲ့ ကျောပိုးအိပ်ကို ရဲစခန်းပြန် အပ်ခဲ့တဲ့ အကြောင်း ဖတ်ခဲ့ရတယ်။ ကျောပိုးအိပ်ထဲမှာ ပတ်စပို့စတာတွေ အပြင် ဒေါ်လာ လေးသောင်းနှစ်ထောင်ပါတယ်လို့ သိရတယ်။ အိမ်ခြေယာမဲ့လူတစ်ယောက်အတွက် ဒေါ်လာ လေးသောင်းနှစ်ထောင်က မနည်းလှဘူး။ ချီးကျူးစရာပဲ။ အွန်လိုင်းမီဒီယာ ကောင်းမှုကြောင့် သူ့ အကြောင်းလည်း အမေရိကန် လူထုအကြား ရောက်သွားခဲ့တယ်၊ ချီးကျူးကြ၊ ဂုဏ်ပြုကြပေါ့။


အဲဒီအထဲ ဗာဂျီးနီးယား က လူတစ်ယောက်က "Change his life" ဆိုပြီး သူ့အတွက် အွန်လိုင်းအလှူခံဋ္ဌာန ကောက်ဖွင့်လိုက်တော့ အခု ဒေါ်လာ ကိုးသောင်းတောင် ကျော်သွားပြီ။ သူ ပြန်ပေးတဲ့ငွေရဲ့ နှစ်ဆကျော်ပဲ။
သူက နားသိပ်မကောင်းတော့ အလုပ်ရှာရခက်တယ်လို့ ဆိုပါတယ်။
ဝမ်းမြောက်စရာသတင်း ဖတ်ရခဲတဲ့ သတင်းစာတွေထဲမှာ ဒါမျိုးလေးတွေ ပါလာတော့ သာဓုခေါ်ရတာပေါ့။

Original storySelfless act paying off for Boston homeless man

Post a Comment