**မုဒိတာအလွမ်း မှတ်စု**


ပွဲတစ်ခု ငြိမ်းချမ်းစွာ ပြီးဆုံးတိုင်း အောင်မြင်မှုဆီ ခြေတစ်လှမ်း ရွေ့သွား တာပါ။
သွားကြရအောင် သားဖောက်ရာ အရပ်ဆီ.......

ဟိုး ၁၉၈၀၊ ၁၉၉၀ နှစ်တွေတုန်းက... မန္တလေးသင်္ကြန်ကို ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့အထိ တက်လာပြီး ကျုံးဘေးမှာ အလွတ်တန်း စတိတ်ရှိုးတွေ ဆိုတတ်ကြတယ်။
မဇ္ဈိမလှိုင်းနဲ့ ကိုတိုးကြီးတို့ကတော့ အိမ်ရှင်တွေလေ။ ပရိသတ်က အနည်းဆုံး သောင်းချီတာပေါ့၊ ပြီးတော့ အများစုက လူငယ်တွေ၊ သောက် တာကလည်း
နည်းနည်းသောက်၊
များများသောက်၊
ခေါင်းမထောင်နိုင်အောင်သောက်ပဲ ကွာမယ်။
ဇော်ဝင်းထွဋ် အသံ၊
လေးဖြူအသံ ကြားတာနဲ့ အဲဒီလူအုပ်ကြီးလည်း ပေါက်ကွဲတော့မတတ် မူးရူး၊ အော်ဟစ်၊ ကခုန်နေကြတော့တာပဲ။

ဒါကို ပွဲ စီစဉ်သူတွေက သိတယ်။ ထိမ်းမရတဲ့ မန္တလေးလူငယ်ထုကြီးကို ထိမ်းနိုင်တာက မဇ္ဈိမလှိုင်းနဲ့ ကိုတိုးကြီးပဲ။
"အခု အလှည့်ကျ အမျိုးသား တေးသံရှင် ခင်မောင်တိုး" ဆိုလိုက်တာနဲ့ ပေါက်ကွဲတော့မတတ် မူးရူး၊ အော်ဟစ်၊ ကခုန်နေတဲ့ လူအုပ်ကြီးက ဆေးကြိမ်လုံးနဲ့ အရိုက်ခံလိုက်ရသလို ငြိမ်ကျသွားတယ်။

ပြီး..........ကိုဇော်မျိုးထွဋ်ရဲ့ ကြိုးကြာသံ အင်ထရိုများ လူး..လွန့်..လိမ့် တက်လာပြီဆိုရင် အားလုံးထိုင်၊ မေးလေးတွေ လက်ထောက်ပြီး သူတို့လည်း မြေက်ဖက်က သားဖောက်ရာဆီ ပျံသန်းကြတော့တာပါပဲ။
ဘာပြဿနာမှ မရှိတတ်ဘူး။

အခု ဒေါ်စုဆီရောက်လာတဲ့ လူတွေဟာ မိုက်မိုက် ရမ်းရမ်းတွေ မဖြစ်နိုင် ပါဘူး။
ပွဲတစ်ခု ငြိမ်းချမ်းစွာ ပြီးဆုံးတိုင်း အောင်မြင်မှုဆီ ခြေတစ်လှမ်း ရွေ့သွား တာပါ။
သွားကြရအောင် သားဖောက်ရာ အရပ်ဆီ.......

Post a Comment