မော်ဒန်လူ့အဖွဲ့အစည်းအတွက် အန္တရာယ်


အိန္ဒိယက information technology ဆိုင်ရာမှာ အလုပ်လုပ်နေတဲ့ အသက် ၃၂ နှစ်ရှိ လူတစ်ယောက်ဟာ သူ့ကိုလစာတိုးပေးထားတာကို သိလိုက်တာနဲ့ သူ့ဒေါသကို သူ ထိန်းမရဖြစ်သွားခဲ့ရရှာပါတယ်။ ဒါနဲ့ သူ့ဘော့စ်ဆီချက်ချင်း သွားပြီး ကွန်ပလိန်းတက်ပါတော့တယ်။ သူ့ကိုလစာတိုးမပေးသင့်ကြောင်း၊ အရင်လစာအတိုင်းပဲပေးသင့်ကြောင်း အသေအလဲပြောဆိုပါတယ်။ ဒါပေမဲ့ သူ့ဘော့စ်ကလည်း သူ့ကွန်ပလိန်းကို မလိုက်လျောနိုင်ဘူးလို့ ဆိုပါတယ်။ မလိုက်လျောနိုင်ဘူးရင်တော့ သူ့အနေနဲ့ ဝမ်းနည်းစွာ (မလွှဲမလျှောင်သာ ) နှုတ်ထွက်စာတင်ရတော့မှာဖြစ်ကြောင်း ပြောဆိုပြီး နှုတ်ထွက်စာလည်း တကယ်တင်သွားခဲ့ပါတယ်။
အဲဒီနောက်တော့ သူ့ကို စိတ္တဇအထူးကုဆရာဝန်ဆီ ပို့လိုက်ကြပါတော့တယ်။

စိတ္တဇအထူးကုဆရာဝန် Dr Vinod Kulkarni က ဒီကိစ္စဟာ သိပ်ပြီးထူး ခြား တာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဒါမျိုးတွေမကြာမကြာ ကြုံရတတ်ေ ကြာင်း Bangalore Mirror သတင်းစာကို ပြောကြားခဲ့ပါတယ်။
သူ့အတွေ့အကြုံအရ ရာထူးတက်ပေးလိုက်လို့ ဒေါသတကြီးဖြစ်နေရတဲ့ ဘဏ်အရာရှိလည်း ကြုံဖူးကြောင်း၊ သူ ဘာ့ကြောင့် ဒေါသတကြီးဖြစ်နေရ သလဲဆိုတော့ သူ့ထက် လုပ်သက်ပိုရင့်ပြီး အရည်အချင်းလည်းပိုရှိတဲ့ အရာ ရှိတွေက ရာထူးမတက်ဘဲ သူက ရာထူးတက်နေလို့ ပါတဲ့။

ခပ်နောက်နောက်လူတချို့ကတော့ ဒီ စိတ်ဓာတ် (honesty) သာ ပြန့် နှံ့ သွားရင် ခေတ်သစ်လူ့အဖွဲ့အစည်းကို ဒုက္ခလှလှပေးသွားနိုင်တယ် (could destroy modern society) လို့ ဆိုကြပါတယ်။

မျက်ရည်များသမိုင်း


အိုင်အိုစီ အကြီးအကဲက ရိုဟိန်ဂျာတွေကို မြင်ရပြီး မျက်ရည်မဆယ်နိုင် ဖြစ် ရသည်ဟု ဆို၏။ ဂါဇာကမ်းမြှောင်နှင့် လက်ရှိ ဆီရီးယား၊ အီဂျစ်တို့ဆီ ယင်း အကြီးအကဲကြီး မရောက်ဖူးသေးအံ့ ထင်သည်။ အစ္စလာမ်ကမ္ဘာမှာ အေးအေးချမ်းချမ်းရှိသည့် နေရာက အလွန်ပင် ရှားပါးလှ ပါသည်။ ငိုမိသည်ဆိုလည်း ငိုမိသည်ပေပေါ့။ သီဟနာဒနဲ့ သိပ်မဆိုင်လှ။
ဆိုင်သည့်ကိစ္စကို ခပ်နာနာတို့ချင်သည်။

မြန်မာပြည်မှာ ရှိနေသည့် ဗုဒ္ဓဘာသာဝင်များနှင့် တန်ဆောင်းမုန်းလပြည့် ပွဲတော်ကို ငဲ့ကွက်ခြင်း ကင်းစွာ စင်္ကာပူမှာလုပ်သည့် (သီဟိုဠ်မှ လည်လည် ဝယ်ဝယ် ဆရာတော်တစ်ပါး ဦးဆာင်သည့်) ကထိန်သင်္ကန်း ဆက်ကပ် ပွဲ ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဘာကြောင့်များ "ခေါင်" က စပြီး ကြွလာကြပါသနည်း။ ဒီပွဲက သာသနာအတွက် ဘယ်လောက် အရေး ကြီးလို့ အုပ်စုကြီးလိုက် ကြွလာရပါသနည်း (ပြည်တွင်းမှာက ဘာသာရေး ကတောက်ကဆတွေနဲ့)။ ပြည်တွင်းမှာ ပင့်ဖိတ်သူ မရှိခြင်းကြောင့်လား (လုံး ဝ မဖြစ်နိုင်)။ နိုင်ငံခြားဆိုသည်နှင့် သင်္ကန်းရုံပြီး စောင့်နေတော်မူကြခြင်း လား။ ကြွမည်ဆိုလည်း ကိုယ်စားလှယ်လောက်သာ ကြွလာလျှင် အဖွဲ့ အ စည်းသိက္ခာ တက်မလာပေဘူးလား။
လျှောက်ချင်ပါသည်။ စင်္ကာပူအခြေစိုက် သူ့အလုပ်နဲ့သူ၊ စာကြည့်၊ စာသင်၊ စာရေးကိစ္စတို့ဖြင့် မအားမလပ်ရှိနေသော သီရိလင်္ကာ ဆရာတော်ကြီးများပင် ဤမျှ ကော်မာရှယ်ဆန်သောပွဲကို မကြွကြပါ။ သံဃာ့မဟာနာယကအဖွဲ့ဟူသည် သံဃာ့အဖွဲ့အစည်းမှန်သော်လည်း ရုံးသေ ဘာ၊ အစိုးရပေါ်လစီသဘောများ ပါဝင်ပါသည်၊ ဒူးနေရာဒူး တော်နေရာတော် ရှိကို ရှိရပါမည်။ ဥပမာ၊ သမ္မတ သမ္မတချင်းဖိတ်၊ အတွင်းရေးမှူး အတွင်းရေး မှူးချင်းဖိတ် (စသည်) တို့ဖြစ်ပါသည်။ (ချွင်းချက်တော့ ရှိပါသည်)။ သာမန် ရဟန်းတစ်ပါးက ပင့်ဖိတ်မှုအများထဲမှ တစ်ခုကိုရွေးပြီး နှစ်သက် သလို ကြွနို င်သော်လည်း အဖွဲ့အစည်းထဲမှာဆိုလျှင်တော့ အဖွဲ့အစည်းကျင့်ဝတ် ရှိနေ လျင် သိက္ခာပိုရှိနိုင်ပါသည် (နိုင်ငံခြားကဆိုတိုင်း ပင့်တိုင်းတော့မကြွ ဟူလို)

ယခုမူ....... ။
ခိုင်လုံသော သတင်း (ကံမကောင်း အကြောင်းမလှစွာ) ရရှိခဲ့ရပါသည်။
ဆရာတော်တစ်ပါးက နံနက်စောစော ဟိုတ်တယ်မှ ထ၊ လမ်းလျှောက်။ အပြန်လမ်းကို မမှတ်မိ။ လျှောက်။ တောင်ရောက် မြောက်ရောက်။ နံနက်စောစော။
တက္ကစီသမားက မြန်မာဘုန်းကြီးမှန်း သိ။ မေးလို့လည်း ဘာမှ ပြန်မဖြေ တတ်။ သို့ဖြင့် မြန်မာကျောင်းကြီးရှေ့ စေတနာဖြင့် ပို့ပေးထားခဲ့။ ကျောင်း တံခါးကြီးက မဖွင့်သေး။ စီစီတီဗွီ။ နံနက်စောစော။
သို့ဖြင့် လျှောက်မိလျှောက်ရာ လျှောက်။ စီစီတီဗွီ။ ကင်းလှည့် စင်္ကာပူ ရဲ ကားနဲ့တွေ့။ ရဲစခန်းခေါ်သွား။ (သည်းခံပါလော၊ စကားမှားသွားသည်၊ ရဲစခန်းကို ပင့်သွား) ရဟန်းတုများအကြောင်း သတင်းစာမှာ ပါထားတာ မကြာသေး။ နံနက်စောစော။ စီစီတီဗွီ။
ရဟန်းတစ်ပါးကို ရဲကဖုန်းဆက်၊ အာမခံဖြင့်ထုတ်ဖို့ပြော၊ ရဟန်းကလည်း မသိဘဲ အာမ မခံရဲ။

သို့ဖြင့် သို့ဖြင့်
နောက်ဆုံး ထိုဆရာတော်များကို ပင့်ဖိတ်ထားသည့် အဖွဲ့က အာမခံဖြင့် လာထုတ် (ပင့်) သွားသတတ်။
ထိုသို့ ကြုံတွေ့လိုက်ရသော၊ ပြည်တွင်းက တန်ဆောင်တိုင်ပွဲတော်ကို မကြွရောက်နိုင်ခဲ့သော အဖွဲ့ကြီးထဲမှ တစ်ပါး အပါအဝင်ဖြစ်သော ၎င်း ဆရာတော်သည် နိုင်ငံတော်အဆင့် သံဃာ့မဟာနာယကအဖွဲ့၌ ထိပ်တန်း အတွင်းရေးမှူးရာထူးထက် မနိမ့်သောရာထူး ရှိသည်ဟုဆိုပါလျှင် သင် မျက်ရည်ကျပါမည်လား။ သင့် မျက်ရည် ကျ မကျကလည်း သီဟနာဒနဲ့ မဆိုင်လှပါ။
သီဟနာဒ



ဆေးပေါင်းခ နေ့


အဇာတသတ် လူဖြစ်ခွင့် လွဲမှန်းသိတဲ့နေ့
ပွင့်မယ့်ပန်း တကယ်မှန်ရင်တော့
ခပ်လှမ်းလှမ်းက ပွင့်ပစ်လိုက်ပေါ့
သံသရာက မမြင်ချင်လောက်အောင် ရှည်တာပဲ
နည်းနည်းနောက်ကျတာက လွဲရင်။

စီးပွားရေး လုပ်ရခက်တဲ့ နိုင်ငံ


ရဟန်းနှင့် စီးပွားရေးမဆိုင်လှသော်လည်း ဆိုင်သလောက်လေးတော့ ပြောပြ ချင်ပါသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ (Wesak Day) ကာလဝန်းကျင်၌ စင်္ကာပူ မှာလည်း ပူသည်၊ အထူးသဖြင့် လူစုလူဝေးထဲမှာ ပို၍ ပူပါသည်။
ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ လာသမျှလူတိုင်းကို ယပ်တောင် တစ်ချောင်းစီဝေရန် မြန်မာပြည် သာရေးနာရေးများမှာ ကမ်းတတ်သည့် ပလပ်စတစ် ယပ်ေ တာင်များ မြန်မာပြည်မှ မှာယူဖို့ စိတ်ကူးမိကြသည်။
မြန်မာပြည်ရောက်ခိုက် အချောင်းရေ တစ်သောင်းမှာယူသည်။
နိုင်ငံတိုင်း မှာ ပစ္စည်းများများဝယ်လေလေ ဈေးချိုလေလေဖြစ်၏။ သင်သိပါ သလား။ ကျွန်ုပ်တို့ ရွှေနိုင်ငံတော်ကြီးကား ထူးဆန်းလှ၏။ ပစ္စည်းများများ ဝယ်ရာ ၌ ဈေးမချိုသည့် အပြင် ဈေးပိုကြီးသွားလေတော့သည်။

ယုတ္တိမရှိဟု မဆိုပါနှင့်၊ သူ့ယုတ္တိနဲ့သူတော့ ရှိသည်။ ဆိုင်များက မြန်မာတွေ ဝယ်နေကျ ရာဂဏန်းမျှသာ ကုန်ကြမ်းတင်ထား နိုင်ကြသည်။ တစ်သောင်း ဟုဆိုရာ လက်တွန့်သွားကြ၏၊ လက်ပင်မခံရဲ။ သူများဆိုင်မှ (သို့) သူများဆိုင် များမှ တဆင့်ယူရမည်ဖြစ်သောကြောင့်ဟု ဆိုကြသည်။ ကံကောင်းသည်ဟု ဆိုရမည်၊ အော်ဒါကို လက်ခံရဲသူကို တွေ့ခဲ့၏။ တစ်သောင်းယူယူသဖြင့် ဈေးချိုခြင်းမျိုးတော့ လုံးဝ မရှိကြောင်း ဝန်ခံရဲပါ သည်။ အနည်းငယ်ပင် ဈေးကြီးသွားသေး၏။
တရုတ်ကော်မတီက ရယ်ကြ၏။ ရယ်လည်း မတတ်နိုင်၊ ရောပြီးရယ်လိုက် ရုံသာ ရှိတော့သည်။

မပုကြွယ်ရဲ့ စာမျက်နှာသစ်


သူ့ဆီက လေ့လာစရာရှိလို့သာ စောင့်နေရတယ် သူလာနေတာက နှေး လွန်းတော့ မပုကြွယ်တောင် မရိုးမရွဖြစ်ရတယ်။
သူရောက်လာပြန်တော့လည်း စောင့်ကြည့်လေ့လာနေတဲ့ မပုကြွယ် ကိုေ တာင် ငဲ့စောင်းကြည့်ဖို့ စိတ်မဝင်စားပဲ ခရုက ခပ်တည်တည် ဆက်တက် သွားပြန်တယ်။
အချိန်တွေ ဘယ်လောက်ကြာသွားသလဲ၊ မသိ၊ မရှိ။ မပုကြွယ် မသိသလို သူကလည်း စိတ်ဝင်စားဟန် မရှိပါဘူး။
သေချာတာကတော့ အချိန်တွေ တော်တော်ကြီးကို ကြာသွားပြီ။

ဇီးကွက်တစ်ကောင်နေတဲ့ သစ်ခေါင်းကြီးနား သူရောက်သွားတော့ ဇီးကွက် က မျက်လုံး မှေးစင်းစင်းနဲ့ကြည့်ရင်း
"ဟေ့ကောင် ခရု၊ ဘယ်သွားမလို့လဲ"
"သစ်ပင်ထိပ်မှာ သစ်သီးလေး၊ သစ်ရွက်နုလေး ဘာလေးများ ရှိမလားလို့ တက်ကြည့်မလို့ပါ"
"ဒါဆိုရင်တော့ ပြန်ဆင်းတော့ကိုယ့်လူ၊ အခုမှ အားလုံးကိုအကုန်စားပြီး ငါတို့ဆင်းလာခဲ့တာ၊ ဘာမှ မရှိတော့ဘူး"
"ဟ...ဒီလိုပြောလို့တော့ ဘယ်ရမလဲကွ၊ ငါ အပေါ်ရောက်တဲ့အချိန်မှာ သစ်သီးတွေ၊ သစ်ရွက်နုတွေ ရှိချင် ရှိနေမှာပေါ့"
သူ့ယုံကြည်ချက်နဲ့သူပဲလေ၊ သူက သူ့ခရီးကိုဆက်သွားတယ်။
အဲ......မပုကြွယ်လေးလည်း စောင့်ကြည်ရကျိုး နပ်သွားတယ်။
အဲဒီနှစ်က မပုကြွယ်လေး စာမေးပွဲအောင်သွားတယ်..တဲ့။ သူ ဘွဲ့ရချိန်မှာ အလုပ်တွေ၊ အခွင့်အလမ်းတွေ ပေါချင်ပေါနေမှာပေါ့။
ဘယ်သူ အတတ်ပြောနိုင်တာမှတ်လို့။