တစ်ကီလို လေးဒေါ်လာနဲ့ ဆယ့်ရှစ်တန်အလေးချိန်ရှိ ကျောက်ဆင်းတု


မေတ္တာရပ်ခံအပ်ပါသည်။
စာဖတ်သူများထဲမှ သင်္ဘောလိုင်းဖြင့် ရန်ကုန်သို့ ပစ္စည်းပို့ခြင်းကိစ္စကို သိသူ၊ အဆက်အသွယ်ရှိသူများထံကနေ အကူအညီတောင်းခံချင်ပါသည်။
ကထိန်သင်္ကန်းများ ရန်ကုန်နှင့် သန်လျင်ရှိကျောင်းများသို့ ပေးပို့လှူဒါန်းဖို့ ပင်နီဆူလာပလာဇာမှာ ကုန်ကျစားရိတ်လေ့လာကြည့်ရာ သင်္ဘောလိုင်းဖြင့် ပင် တစ်ကီလို လေးဒေါ်လာနှုန်းဟုသိရပါသည် (လေ့လာကြည့်မိသူ သုံးေ လးယောက် အဆိုအရ)။
သို့ဆိုလျင် ဆင်ဖိုးထက် ချွန်းဖိုးကြီးဖြစ်ပေမည်။ မှတ်မိသည်၊ မြန်မာပြည်နေ စဉ်က ဆယ့်ရှစ်တန်အလေးချိန်ရှိ ကျောက်ဆင်းတုကြီးတစ်ဆူ ဝယ်ပြီး သင်္ဘောလိုင်းဖြင့် ပို့ပေးခဲ့ဖူးသည်။ တစ်ကီလို လေးဒေါ်လာနှုန်းနဲ့သာ ဆို လျင်ဖြင့် မတွေးဝံ့စရာ။
ကျသင့်ငွေကို ကျောင်းက ကျခံမည်ဖြစ်ပါသည်။ ဤကိစ္စမျိုးနှင့်ပတ်သက်ပြီး တစ်ခါမှ ကိုယ်တိုင်မလုပ်ဘူးကြသဖြင့် လုံးဝ မသိခြင်းဖြစ်ပါသည်။
သိနားလည်သူတို့က အဆက်အသွယ်၊ အကြံအဉာဏ်များပေးနိုင်မည်ဆိုလျင် ဝမ်းမြောက်စွာ သာဓုခေါ်ဖွယ် ဖြစ်ပါ၏။

(ကမ်းလက်)

မှန်ပါတယ် မဖြေလိုက်ရတဲ့ မေးခွန်းလေးခု (ဘာတွေ လာမေးနေမှန်း မသိဘူး)


(၁)
“ အရှင်ဘုရား ကျောင်းက မြန်မာကျောင်းလား၊ သီဟိုဠ်ကျောင်းလား”
“ ဘာကျောင်းမှ မဟုတ်၊ ဗုဒ္ဓဘာသာကျောင်းမျှသာ ဖြစ်၏။ လူမျိုး၏ အမည်မရှိသင့်၊ ကျဉ်း၏”

(၂)
“ ကြားရတယ်။ အရှင်ဘုရားက တိပိဋကဓရဆို”
“ မဟုတ် ဒကာ။ ငါ ဤမျှမစွမ်း။ ပိဋကတ်သုံးပုံ စီဒီကားရှိ၏။ ထို့ကြောင့် တိပိဋကဓရဟု မခေါ်နိုင်သော်လည်း တိပိဋက စီဒီ ဓရဟု ခေါ်နိုင်၏”
( လူများအတွက်၊ ဓရ- ဆောင်)

(၃)
"အရှင်ဘုရားက သီရိလင်္ကာမှာ ပညာသင်လာတာဆို"
"မဟုတ် ဒကာ၊ သီရိလင်္ကာကို ငါ ရောက်ပင် မရောက်ဘူးသေး။ မြန်မာပြည် ကဆရာသမားတွေ သင်ပေးလိုက်သမျှနဲ့ အလုပ်ဖြစ်အောင် ကြိုးစားနေဆဲပါ"

(၄)
“ ဒါနဲ့ .....အရှင်ဘုရားက ဒေါက်တာပေါ့နော်”
“ မဟုတ်ဒကာ၊ ငါ ဤမျှမစွမ်း။ ယနေ့တိုင် လူနာသာ ဖြစ်ဆဲ ဖြစ်၏”

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်


အခန်း (၂)
တရုတ် (သို့) ရွက်ပုန်းသီး

ရှီကျင့်ဖျင် (ရှီကျင့်ပင်း) ကို ၂၀၀၇ - ခု၊ နိုဝင်ဘာလက ပီကင်းကို ရောက် တုန်း ပြည်သူ့ ခန်းမ ပထမဆုံး ကျွန်တော် တွေ့ခဲ့ဖူးတာပါ။ သူနဲ့တွေ့ဖို့ ကျွန်ေ တာ် မတောင်းဆိုခဲ့ပါဘူး။ တွေ့ဖို့ တောင်းဆိုတာက အခြားတစ်ယောက်ပါ။ ဒါပေမဲ့ သူတို့က ရှီကျင့်ဖျင် ဆီ ပို့ပေးခဲ့တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ရှီဟာ သူတို့အုပ်စုထဲမှာ အထူးအလေးထားရတဲ့ ပုဂ္ဂိုလ်ဆိုတာ သိနိုင်မြင်နိုင် ပါ တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းအရာရှိ တစ်ယောက်အနေနဲ့ ရွေး ချယ်ခံခဲ့ရပြီးတဲ့နောက် သူ့အတွက်လည်း ဒါဟာ နိုင်ငံခြားခေါင်းဆောင် တစ်ယောက်နဲ့ ပထမဆုံး တွေ့ဆုံခြင်းပါပဲ။ ပြီးတော့ သူဟာ ဟူကျင်တောင် ကို ဆက်ခံမယ့်လူတစ်ယောက်ဆိုတာကိုလည်း ဆိုလိုရာ ရောက်နေပါတယ်။
သူ့ကို တွေ့တွေ့ချင်းပဲ သူဟာ လူတော်တစ်ယောက် ဖြစ်လိမ့်မယ်၊ အမြင် ကျဉ်းမြောင်းသူ မဟုတ်ဘူးဆိုတာ ကျွန်တော် ခံစားလို့ ရတယ်။ သူဟာ ပြဿနာတစ်ခုကို ခြေခြေမြစ်မြစ် သုံးသပ်တတ်ပြီး သူသိကြောင်း ကို လည်း ထုတ်ပြကြွားဝါတတ်သူ မဟုတ်ဘူး။ သူဟာ ကျန်ဇီမင်းလို ရင်းနှီးေ ဖ်ာရွေတာမျိုးလည်း မဟုတ်၊ ဟူကျင်တောင်လို သမားရိုးကျ ဆန်လှ သူ လည်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ စွဲဆောင်မှု အားတွေ ရှိတယ်။ ဒါဟာ ပထမဆုံး တွေ့တွေ့ချင်း ဖြစ်ပေါ်မိတဲ့ ကျွန်တော့် ခံစားမှုပါ။
ဒီထက်ပိုပြီး အကြောင်းကြောင်းကို စူးစမ်းကြည့်မိတော့ သူငယ်စဉ်ဘဝက အမှားတစ်ခုခု လုပ်မိဟန် တူပါတယ်။ ကျေးလက်ကို အပို့ခံခဲ့ရတယ်။ ၁၉၆၉ - ခုမှာ ရှန်ရှီ (Sha’anx) ပြည်နယ်ကို အပို့ခံရတယ်။ ဒါပေမဲ့ မငြီးမငြူဘဲ တဖြည်းဖြည်းနဲ့ သူ ပြန်တတ်လာနိုင်ခဲ့တယ်။ ကျွန်တော့်သဘောအရ ဆို ရင်တော့ သူဟာ မင်ဒဲလားလိုလူ အမျိုးအစားထဲကပဲ။

ရှီဟာ ၁၉၄၉ - ခုကတည်းက စတင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ပဉ္စမမြောက်ေ ခါင်းဆောင်တွေထဲက တစ်ယောက်ပါ။ ရှေးဟောင်းတရုတ်မူဝါဒအတိုင်း အစိုးရတစ်ဖွဲ့လုံးကို အလွှာအသီးသီးမှာ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေအောင် ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။ တရုတ်အရာရှိတွေဆီမှာ အနောက်တိုင်းဆန် ဆန် ပညာရေးတွေလည်း ရှိလာတယ်။ ကမ္ဘာနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်လာ တယ်။ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လာတယ်။ ကွန်မြူနစ်ဆိုတဲ့ စကားလုံးသာ ကျန်ရှိပြီး သူတို့ဟာ ကွန်မြူနစ်စနစ် ကျင့် သုံးသူတွေ မဟုတ်ကြတော့ဘူး။ ပိုပြီး ချမ်းသာလာအောင် ကြိုးစားဖို့၊ နည်း ပညာတွေ ကြိုးစားယူနေကြတဲ့ ပြောင်းလဲရေးသမားတွေ ဖြစ်နေကြပါပြီ။
ရှေ့မှာ ရှိခဲ့တဲ့ ခေါင်းဆောင်ကြီး လေးယောက်စလုံးကလည်း မတူညီတဲ့ အရည်အသွေးတွေ တစ်ဦးချင်းစီ ချန်ထားရစ်ခဲ့ကြတယ်။ မော်စီတုန်းက ကန ဦး တော်လှန်ရေးကို စတင်နိုင်ခဲ့သလို တိန့်ရှောင်ဖိန်က နိုင်ငံရဲ့ စီးပွားရေး တံခါးကို ဖွင့်ပြီး ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ ကျန်ဇီမင်းကတော့ နိုင်ငံကို အားသစ်လောင်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟူကျင်းေ တာင် လက်ထက်မှာတော့ ဆင်းရဲချမ်းသာ ကွာဟမှုကို အတိုင်းအတာ တစ် ခုအထိ လျှော့ချနိုင်ပြီး ဟန်ချက်ညီတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် စွမ်းဆော င်ပြနိုင်ခဲ့တယ်။ ဒါဆို ရှီကရော ဘယ်လိုသမိုင်းကို ချန်ထားခဲ့လေမလဲ။

၁၉၆၇ - ခုနှစ်မှာ ပထမဆုံး တရုတ်ပြည်ကို ရောက်ဖူးပြီးတဲ့နောက် နှစ်တိုင်း တစ်နှစ်တစ်ခေါက်တော့ ရောက်အောင် သွားဖြစ်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါ တယ်။ ဖြစ်နိုင်မယ်လည်း ဆိုရင်ပေါ့လေ။ ရောက်တိုင်းလည်း ထိပ်သီးခေါင်းေ ဆာင်တွေ ဖြစ်ကြတဲ့ မော်၊ ဟူ၊ ရှီတို့နဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ မော်စီတုန်းဆိုရင် တရုတ်ပြည် သူ့ခြေထောက်ပေါ်သူ ရပ်နိုင်ဖို့ လုပ်သွားနိုင်ခဲ့တဲ့ လူတစ်ေ ယာက်ပါ။ ၁၉၄၉ - ခုမှာ နှစ်ပေါင်းနှစ်ရာကျော် မြုံနေခဲ့တဲ့ လူထုလှုပ်ရှားမှုကို တီယန်မင်ရင်ပြင် ကနေပြီး ရဲရဲတင်းတင်း ရပ်တည်ပြခဲ့တယ်။ တော်လှန်ရေး စွမ်းရည်ကို ကြည့်တော့ မော် လိုလူကလည်း နှစ်ယောက် မရှိပါဘူး။ အတိုက်အခံကို ဖြိုခွဲခဲ့တဲ့နေရာမှာ ဆရာကြီးတစ်ဆူပါပဲ။ စစ်တပ်အင်အား သုံးပြီး အမျိုးသားရေးဝါဒီတွေကို နှိမ်နင်းခဲ့တယ်။ ညီညွတ်ရေးကို တည်ဆော က်ပေးနိုင်ခဲ့တယ်။
သူဟာ တရုတ်ပြည်ကို ခေတ်သစ်ပုံစံရောက်အောင် ပြောင်းပေးနိုင်ခဲ့သူလား။ သမိုင်းက ပြောပြတာကတော့ ကြေကွဲစရာပါ။ တရုတ်ပြည်ကို လွတ်မြောက်ေ စခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ တရုတ်ယဉ်ကျေးမှု တော်လှန်ရေး အုံကြွမှုမှာ လုံး ဝ ခြေ မှုန်းခြင်း ခံရတော့မတက် ဖြစ်ခဲ့ရပါတယ်။
သူသာ အာဏာ ဆက်ကိုင်ထားမယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ကို ဆက်ခံသူ ဟွာကော်ဖန် (Hua Goufeng) သာ ဆက်ပြီး အုပ်ချုပ်နေမယ်ဆိုရင် တရုတ်ပြည်ဟာ ဆိုဗီယက်ပြည်ထောင်စုအတိုင်း ပြိုကွဲသွားမှာ မလွဲမသွေ ပါပဲ။ သူ့ရဲ့ နေညိုချိန်မှာ မော်စီတုန်းကို ကျွန်တော် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ အကျပိုင်းကို ရောက်နေပါပြီ။ သူ့ရဲ့ ဟန်နန်လေသံဝဲတဲ့ တရုတ်စကားကို အမျိုးသမီးတစ်ယောက်က အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့ ပါတယ်။
တကယ်ဆိုရင် ကျွန်တော်ဟာ ဒီခေါင်းဆောင်ကြီးရဲ့ “အရိပ်” လောက်ကို သာ တွေ့မြင်ခွင့် ရလိုက်တာပါ။

တရုတ်ပြည် ကံကောင်းစေတဲ့ အချက်ကတော့ တိန့်ရှောင်ဖိန်က တပြည်လုံး ကို လမ်းကြောင်းပေါ် တင်ပေးနိုင်လိုက်တဲ့ အချက်ပါ။ ၁၉၈၇ - ခုနှစ်မှာ ဘန်ကောက်၊ ကွာလာလမ်ပူ မြို့တွေကနေတဆင့် စင်္ကာပူကို သူ ရောက် လာခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က ဗီယက်နမ်က ကမ္ဗောဒီးယားကို ဝင် မတိုက်အောင် တားမြစ်ဖို့၊ ဝင်တိုက်ရင် ဟန့်တားဖို့ တရုတ်ပြည်နဲ့အတူ စင်္ကာ ပူက ပူးပေါင်းပါဝင်ဖို့ပါ။ ဒီခရီးစဉ်ဟာ သူ့မျက်လုံးတွေကို ဆွဲဖွင့်ပေးလိုက် တာလို့ ကျွန်တော် ထင်ပါတယ်။ သူရောက်ခဲ့တဲ့ မြို့ကြီးသုံးမြို့ (ဘန်ကောက် ၊ ကွာလာလမ်ပူ၊ စင်္ကာပူ) ဟာ နောက်ကြောင်းပြန်ဆွဲပြီး ဆင်းရဲမွဲတေနေတဲ့ မြို့တွေလို့ ထင်ထားပုံ ရပါတယ်။ သူတကယ်ရောက်တော့ အထင်နဲ့အမြင် လုံးဝ လွဲမှားနေပြီဆိုတာ သူ သိလိုက်ပုံ ရပါတယ်။ ဒီမြို့တော် သုံးခုစလုံးဟာ တရုတ်ပြည်ကို ကျော်တက်နေပါပြီ။
စင်္ကာပူမှာ လေးရက်လောက် သူ နေသွားခဲ့တယ်။ သူလည်း လေယာဉ်ေ ပ်ါရောက်လို့ လေယာဉ်တံခါးလည်း ပိတ်သွားရော ကျွန်တော်က ကျွန်တော့် မိတ်ဆွေကို ဒီလို ပြောခဲ့တယ်။
“စကာပူကနေအပြန် သူ့ကို သတင်းပေး သူတွေတော့ ဒုက္ခလှလှ တွေ့တော့ မယ်။ သူ တကယ် မြင်တွေ့သွားရတဲ့ စင်္ကာပူက သူ့လူတွေ ပို့ထားတဲ့ သ တင်းတွေနဲ့ လုံးဝ ခြားနားနေတယ်” လို့။
သူရထားတဲ့ သတင်းတွေက စင်္ကာပူမှာ ရှိကြတဲ့ ကွန်မြူနစ် အသည်းစွဲ သမားတွေက ပို့ထားကြတာ၊ အမှားတွေချည်းပဲ။

သူရောက်နေစဉ် သူ့ကို ညနေစာ ဖိတ်ကြား ကျွေးမွေးခဲ့ပါတယ်။ အဲဒီ ညနေစာ စားပွဲမှာ သူက
“ခင်ဗျားတို့မှာ လှပတဲ့ ဥယျာဉ်မြို့တော် ပိုင်ဆိုင်နေပြီပဲ” လို့ ကျွန်တော့်ကို ကပ်ပြောတယ်။ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြီး
“ကျွန်တော်တို့ ဘာတွေ ပဲ လုပ်နိုင်လုပ်နိုင် ခင်ဗျားတို့က ကျွန်တော်တို့ထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်ပြည်တောင် ပိုင်းက လယ်ယာမဲ့ လယ်သမားတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး ခင် ဗျားတို့မှာ ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စပါယ်ရှယ်လစ်တွေ အားလုံး ရှိနေပါတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် ခင်ဗျားတို့က ပိုကောင်းအောင် လုပ်နိုင်ပါလိမ့်မယ်”
သူက ကျွန်တော့်ကို ဘာမှ ပြန်မပြောဘူး။ သူ့ရဲ့ စူးရှတဲ့ မျက်လုံးနဲ့ ကျွန်တော့်ကို စိုက်ကြည့်ပြီး ခဏနေတော့ စကားလမ်းကြောင်း ပြောင်းသွား ပါတော့တယ်။ အဲဒါ ၁၉၇၈ - ခုတုန်းကပါ။

ဆက်ရန်

အခန်း (၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅) 

မျက်နှာ


တချို့က အလုပ်ဖြစ်သွားဖို့ပဲ စဉ်းစားကြပါတယ်။ ဒါ "ငါလုပ်တာ" စသဖြင့် မျက်နှာမဖော်လိုကြဘူး။ ပုံကို ကြည့်ပါ။
တချို့ကျတော့လည်း ကိုယ်တိုင်ဘာမမလုပ်ဘဲ သူများလုပ်ထားတာကို သူပဲ လုပ်ထားသလိုလို မျက်နှာဝင်ယူတတ်ပြန်ရော။ (များလွန်းလို့ ပုံမပေးနိုင်ပါ)
ဘာမှ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ နောက်ဆုံးတော့ အုတ် ခဲတွေ လိုတဲ့နေရာရောက်သွားဖို့က အဓိက မဟုတ်လား။
ဒီလူကတော့ ဘယ်သူမှန်း မသိရလောက်အောင် သိုသိပ်သူပါပဲ။
ဟဲ ဟဲ၊ ဒါပေမဲ့ အိန္ဒိယကလူဆိုတာတော့ ၉၀ ရာခိုင်နှုန်းပြောလို့ရတယ်။

စင်္ကာပူတစ္ဆေကလည်း ခြောက် (နောက်) တယ်


ဖြစ်နေတာက Rainbow Centre, Margaret Drive School မှာဖြစ်သည်။ ထိုကျောင်းက မြန်မာလို ဆွံ့အနားမကြားကျောင်းဟု အနီးစပ်ဆုံး ဆိုရမည် ထင်ပါသည်။ ကျောင်းသား လေးရာကျော် ရှိသည်။
ဆရာ၊ ဆရာမများ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြအပြီး ပြန်ကြည့်တော့ မဆီ မဆိုင် မျက်နှာတစ်ခုက ဓာတ်ပုံ ဝင်အရိုက်ခံသွားသည်။ ထိုမျက်နှာ က ကြော်ရွံ့ဖွယ်ဟု ဆိုကြသည်။ မည်သူမည်ဝါမှန်း သူတို့မပြောနိုင်။ အမျိုး သမီး ဟုသာဆိုနိုင်ကြသည်။
နောက်တစ်ကြိမ်မှာက အမျိုးသား။ ဆရာမတစ်ယောက်က သူမဘေးမှာ ရပ်နေသည့် အမျိုးသားဖက်လှည့်ကာ စကားစမည် ပြောနေမိသည်။ သူမ အထင်က ကျောင်းထဲမှ အသိဆရာတစ်ယောက်ဟုဖြစ်သော်လည်း ထိုနေ့က ထိုဆရာ ဆေးခွင့်ယူထားသည် ဟူသတဲ့။
သို့ဖြင့် သီရိလင်္ကာကိုယ်တော်လေးနဲအတူ ပရိတ်လိုက်ရွတ်ပေးလိုက်ရသည်။

ဤ၌ အထူး ပြောလိုသည်က ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် လာပင့် တာဖြစ်ပြီး သူမက မွတ်စလင်ဖြစ်သည်။ ခေါင်းမြီး ခြုံထားသည်။ သူမက မွတ်စလင်ဖြစ်သော်လည်း အားလုံးအတွက် လုပ်သင့်တာကို အယူမသည်း၊ အစွဲမကြီးပဲ လူကြီးပီသစွာ ပြုလုပ်သွားသည်။
အားကျမိ၏။ လေးစားမိ၏။
မိမိတို့အမှန် ကြောက်သင့်သည်က တစ္ဆေမဟုတ်၊ ဘာသာအချင်းချင်း မုန်း တီးစိတ်၊ ဘာသာအချင်းချင်း ပျက်စီးစေလိုသောအကုသိုလ်စိတ် ပင်ဖြစ် သည်။
ဘယ်ဘာသာဝင်လို့ဆိုဆို အကုသိုလ်ကတော့ ကုသိုလ် ဖြစ်မသွားနိုင်။