လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)


အရင်လက တောင်းဆိုခဲ့တဲ့ စာဖတ်သူအမြင်ကို ကြားခဲ့ရပြီးတဲ့နောက် "Smartest kids in the world" နဲ့ လီကွမ်ယုရဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်" ကြားမှာ ဘယ်စာအုပ်ကို အရင်ကိုင်ရမလဲဆိုတာ ဆုံးဖြတ်လို့ မရခဲ့ ပါဘူး။ ဒါနဲ့ပဲ အချိန်ခွဲ၊ ဈာန်ခွဲပြီး နှစ်အုပ်စလုံးကို ပြိုင်တူကိုင်လိုက်ပါတယ်။ Smartest kids in the world ကို အရင် တင်လိုပေမဲ့ လီကွမ်ယုရဲ့ လူတစ်ေ ယာက်ရဲ့ ကမ္ဘာ့အမြင် က အရင်တင်လို့ရအောင် စာစီပြီးတဲ့အဆင့်ကိုရောက် ပြီး Smartest kids in the world ကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဆိုလိုတာက လက်ရေးမူကနေ ကွန်ပြူတာစာလုံးအထိ မရောက်သေးဘူးလို့ ဆိုလိုတာပါ။ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် နဲ့ ပတ်သက်လို့ လီကွမ်းယုက တစ်ကမ္ဘာ လုံးပြောနေ၊ စောင့်ကြည့်နေရတဲ့ တရုတ်ပြည်အကြောင်းနဲ့ စတင်ထားပါ တယ်။
သူ့ရဲ့ တရုတ်ပြည်အပေါ်ထားရှိတဲ့ အမြင်ဟာ သုံးနှစ်အတွင်းလောက်မှာ အများကြီးပြောင်းလဲသွားတာကိုလည်း တွေ့ရပါတယ်။ "Hard Truths" နဲ့ "One Man's View of the World" စာအုပ် နှစ်အုပ်ကြားကာလထဲမှာ ဖြစ် ခဲ့တာပါ။
အနာဂတ် ဟောကိန်းတွေမို့ စာဖတ်သူရဲ့ ခံယူချက်အပေါ်မူတည်ပြီး သဘောမတူစရာ၊ အငြင်းပွားစရာတွေ ပါနေမယ်ဆိုတာကလည်း အသေ အချာပါပဲ။ အထူးသဖြင့် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ တရုတ် နဲ့ တော်တော်ဆင်နေတာကို တွေ့ရပါတယ်။ လေ့လာသုံးသပ်ကြည့်ပါ။


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)
(အခန်း တစ်)


တရုတ်ပြည်၊ ဗဟိုအားပြုမူဝါဒ


လက်ရှိ တရုတ်ပြည်နဲ့ လာမယ့်နှစ်နှစ်ဆယ်ရဲ့ တရုတ်ပြည်အကြောင်းကို နားလည် သဘောပေါက်ဖို့ဆိုရင် သူတို့ဟာ ဘယ်လိုလူမျိုးတွေဆိုတာနဲ့ သူ တို့ဟာ ဘယ်လို လူ့အဖွဲ့အစည်းလဲဆိုတာ အရင် သဘောပေါက်ထားဖို့ လို အပ်ပါတနယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်လောက်ကတည်းက တရုတ် လူမျိုးတွေရဲ့ ယုံကြည်မှုဟာ ဗဟိုဌာနချုပ်က အားကောင်းနေမှ နိုင်ငံလည်း လုံခြုံအေးချမ်းတယ် ဆိုတာပါ။ ဗဟိုဌာနချုပ်က အားနည်းပြီဆိုရင် နိုင်ငံ လည်း ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရပြီ။ လက်ရှိမှာလည်း အားကောင်းတဲ့ ဗဟိုဦးစီးမှုအောက်မှာ တရုတ်ပြည်မှာ ကြွယ်ဝ ချမ်းသာတာပဲ ဖြစ်ပါတယ်။ ဒါကို တရုတ်လူမျိုးတိုင်း နားလည် သဘောပေါက်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အဓိက မူဝါဒ ဖြစ်သလို ဒီမူဝါဒကလည်း ရှေးရှေးသမိုင်းတွေထဲမှာကိုပဲ စွဲစွဲမြဲ မြဲ အမြစ်တွယ်နေခဲ့ပြီးသားပါ။ ဒီယုံကြည်မှုနဲ့ မူဝါဒက တော်တော်နဲ့ ကွယ်ေ ပျာက်သွားမှာ မဟုတ်ပါဘူး။

တချို့ အနောက်နိုင်ငံတွေက သူတို့ အနောက်ယဉ်ကျေးမှုကို အခြေခံတဲ့ ဒီမိုကရေစီ တရုတ်ပြည်မှာ ထွန်းကားလာတာကို မြင်တွေ့လိုကြတယ်။ ဒါက ဖြစ်လာမယ် မဟုတ်ဘူး။ အမေရိကန်တွေ ယုံကြည်ထားတာက လူ တစ်ယောက် မဲတစ်မဲ စနစ် ဒီမိုကရေစီ မကျင့်သုံးဘဲ နိုင်ငံလည်း အောင်မြင် တိုးတက်လာမှာ မဟုတ်ဘူးဆိုတာ ဖြစ်တယ်။ ပြီးတော့ သမ္မတနဲ့ ပါလီမန် အမတ်တွေကိုလည်း နှစ်အနည်းငယ်အတွင်းမှာ အမြဲတန်း အပြောင်းအလဲ လုပ်ကြတယ်။ ဒါက သူတို့စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ ကမ္ဘာ့အမြင်ပါပဲ။ တရုတ်ပြည်မှာ ဒီလို အစဉ်အလာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ တရုတ်ပြည်ဆိုတာ ယဉ်ကျေးမှုမတူ၊ သမိုင်းမတူတဲ့ လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ ဧရာမ နိုင်ငံကြီးပဲ။ သူတို့ လမ်းစဉ်နဲ့ သူတို့ပဲ ခရီးဆက်ကြလိမ့်မယ်။

၂၀၁၁ - ဆောင်ဦးပေါက်မှာ ဂွမ်ပေါင်ပြည်နယ်၊ ဝူကန် (Wukan) ဆိုတဲ့ တံငါရွာမှာ မငြိမ်မသက် ဖြစ်ခဲ့တယ်။ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ လက်ချက်နဲ့ လယ်သမားတွေ ယာမြေတွေ ဆုံးရှုံးခဲ့ကြရတယ်။ ကုမ္ပဏီကြီးတွေက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်ဝါးရိုက်ပြီး လုပ် ခဲ့ကြတာ။ လယ်မြေတွေ ရောင်းလို့ရတဲ့ အကျိုးအမြတ်တွေအားလုံးက ကုမ္ပဏီကြီးတွေနဲ့ အရာရှိတွေရဲ့ အိပ်ထဲပဲ ရောက်သွားတယ်။ ၂၀၁၁ - ခု၊ စက်တင်ဘာလထဲမှာ မငြိမ်မသက်ဖြစ်မှု စတင်ခဲ့တယ်။ အစမှာတော့ အလွန် မကျေမနပ် ဖြစ်နေကြတဲ့ ရာဂဏန်းသာရှိတဲ့ လယ်သမားတွေပါ။ ဒီဇင်ဘာ လ လည်း ရောက်ရော ဆန္ဒပြမှုကို နှိမ်နင်းတဲ့ ရဲရဲ့လက်ချက်ကြောင့် လယ် သမားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရာက စပြီး ဒီအရေးအခင်းလည်း အကြီး အကျယ် ပေါက်ကွဲထွက်သွားတော့တယ်။ ရက်အနည်းအငယ် အတွင်းမှာပဲ လယ်သမားဦးရေ နှစ်သောင်းနီးပါးဟာ ဆန္ဒတွေ ထုတ်ဖော်ပြလာကြတော့ တယ်။

သူတို့က ရွာမှာရှိနေတဲ့ အရာရှိတွေကို မောင်းထုတ်တယ်။ လမ်းတွေကို ပိတ် ဆို့တယ်။ ရရာ လက်နက်တွေကိုလည်း ကိုင်ဆွဲလာကြတယ်။ သူတို့တောင်း ဆိုတာက သူတို့လယ်ယာမြေတွေကို ပြန်ပေးဖို့ပဲ။ တရုတ်အစိုးရရဲ့ သတင်း ဌာနတွေမှာ ဝူကန်အရေးအခင်းနဲ့ ပတ်သက်ပြီး အမှောင်ချထားပေမဲ့လို့ အဲဒီမှာ ဘာတွေ ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို တရုတ်လူမျိုးတွေက အင်တာနက်နဲ့ နိုင်ငံခြား သတင်းဌာနတွေက တဆင့် ကြားသိနေကြရ တယ်။ နောက်ဆုံးမှာတော့ ဂွမ်ဒေါင်းပြည်နယ်ရဲ့ လက်ထောက် အုပ်ချုပ်ရေး မှူးက ဝူကန်ရွာကို အရောင်းဆင်း၊ မကျေမနပ် ဖြစ်နေတဲ့ လယ်သမားတွေ နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြဿနာကို ငြိမ်းအေးအောင် လုပ်ပေးခဲ့တယ်။
လယ်သမားတွေရဲ့ တောင်းဆိုမှုက တရားမျှတတယ်လို့ အာဏာပိုင်တွေက သဘောပေါက် လက်ခံခဲ့ကြတယ်။ လယ်ယာမြေ တချို့ကို ပြန်ပေး တယ် ။ စောစောက အဖမ်းခံထားရတဲ့ လယ်သမားတွေကို ပြန်လွှတ်တယ်။ အဲဒီနောက် လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက်ပွဲ လုပ်ပေးလိုက်တယ်။ ဒီရွေးကောက်ပွဲမှာ လူထုလှုပ်ရှားမှု ခေါင်းဆောင်က မဲအပြတ်နဲ့ အနိုင်ရရှိပြီး သူပဲ ရွာသူကြီး ဖြစ်သွားတော့တယ်။

ဒီဝူကန်ရွာ အရေးအခင်းကို အကြောင်းပြုပြီး တရုတ်ပြည်မှာ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်လာနိုင်တယ်လို့ လူတချို့က မျှော်လင့်လာကြတော့တယ်။
သတင်းတွေအရ တရုတ်ပြည်ရဲ့ တခြားနေရာတွေမှာလည်း အလားတူ အဖြစ်အပျက်တွေ ရှိနေခဲ့တယ်ဆိုတာ သိရတယ်။ ဒါတွေကို ထောက်ရှု့ပြီး တရုတ်ပြည်ရဲ့ ဗဟိုဦးစီးမှုစနစ် အားလျော့လာနေပြီလို့ တချို့ကလည်း တွေး ကြတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားက ဒီအဖြစ်အပျက်တွေဟာ ဘယ် နည်းနဲ့မှ နိုင်ငံတော်အဆင့်အထိ ရောက်မလာနိုင်ဘူးဆိုတာပဲ။ ဒီအချက်ကို ဝူကန် အရေးအခင်းက သက်သေခံနေတယ်။ ဒီကိစ္စ အခြေအနေမှန် ကို ပြန်ရောက်ဖို့ တရုတ်ကွန်မြူနစ် အစိုးရက ဂွမ်ဒေါင်းပြည်နယ်ရဲ့ ဒုတိယ အာဏာအရှိဆုံးလူကို စေလွှတ်လိုက်တယ်။
ဝူကန်အရေးအခင်းကနေ သင်္ခန်းစာနှစ်ခု ဆွဲယူလို့ရတယ်။
တစ်အနေနဲ့ တရုတ်ကွန်မြူစ်ပါတီက သူတို့ပိုင်ဆိုင်ထားတဲ့ အာဏာကို လက်လွှတ်မခံဘူး။ ပါတီရဲ့ အကူအညီနဲ့ အခြေအနေမှန်ကို ပြန်ရောက်ေ အာင် ထိန်းထားနိုင်တယ်။
နှစ်ကတော့ ပါတီဟာ တည်ငြိမ်မှုကို ရရှိစေဖို့ သူတို့အာဏာကို အပျော့လို တစ်မျိုး၊ အမာလိုတစ်ဖုံ ရောစပ် သုံးစွဲနေတယ် ဆိုတာပါ။

ပြဿနာတစ်ခု စတင်ဖို့ အလားအလာ ရှိနေပြီဆိုရင် ဗဟိုအစိုးရက လက် မနှေးဘဲ ပြဿနာ သန္ဓေတည်စ ကတည်းက ခင်တင်းတင်း ကိုင်တွယ် ဖြေ ရှင်းလေ့ရှိတယ်။ နောက်ပြီးတော့ ဒီဆန္ဒပြမှုမှာ လယ်သမားတွေဖက် က လည်း ဒေသဆိုင်ရာ အကျင့်ပျက် အရာရှိတွေကိုပဲ ဆန္ဒပြကြတာ။ တကယ်တော့ ကွန်မြူနစ်ပါတီရဲ့ ကိုယ်ကျင့်တရားပျက်မှုတွေဟာ အလွန် ထင်သာမြင်သာ ရှိပါတယ်။ ဒါပေမဲ့ ဝူကန်ရွာသားတွေဟာ ဒီကိစ္စကို သတိ ရှိရှိနဲ့ ဆန္ဒပြနေကြတာကို တွေ့ရတယ်။ သူတို့ကိုင်ဆောင်ထားတဲ့ ဆိုင်း ဘုတ်တွေကို ကြည့်ရင် သူတို့ဟာ ဗဟိုအစိုးရကို ထောက်ခံတယ်။ သူတို့ ကန့်ကွက်တာက ဒေသဆိုင်ရာ အရာရှိတွေသာ ဖြစ်တယ်ဆို တာ တွေ့ မြင်နိုင်ပါတယ်။
တရုတ်လူမျိုးတွေ ဆန္ဒပြရင် ဒီအတိုင်းပဲ ပြလာကြတာ နှစ်ပေါင်း ထောင်ချီပြီး ကြာခဲ့ပါပြီ။ ဗဟိုအစိုးရကို ဆန္ဒပြနေတာဟာ သဲထဲရေသွန်သလိုပဲဆိုတာ သူ တို့ သဘောက်ပေါက်ကြတယ်။ ဒီတော့ သူတို့က ဗဟိုအစိုးရကို သစ္စာရှိ ရှိ ထောက်ခံပြီး ဒေသတွင်းက အရာရှိတွေကိုပဲ ဆန့်ကျင် ဆန္ဒပြကြတော့ တယ်။ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ဖို့အထိ ရည်ရွယ်ချက် မရှိရင် ဗဟိုအစိုး ရကို ဆန့်ကျင့်ဖို့လည်း လက်ရှောင်ကြတယ်။ တစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ဖို့ ဆိုတာကလည်း ဖြစ်နိုင်ချေ တော်တော် မရှိတဲ့ကိစ္စပါပဲ။
(ဆက်ရန်)

ဇင်ဝေသော်

Post a Comment