ဘက်ထားနဲ့လိတ်ထားက ဗြိတိသျှအသံ။ Water တော့ မသိဘူး


အင်း ဘယ်လိုပြောရမလဲ။ အမေရိကန်တွေကတော့ တီပေါ်မှာ စထရက်မရှိရင် "ထ" သံ အသာထား "တ" သံအောက် တစ်ဆင့်ပိုပျော့တဲ့ "ဒ" သံနဲ့တောင်ပြောတယ်။ much "better", See you "later" တို့ နားထောင်ကြည့်၊ ဘက်ဒါး၊ လိတ်ဒါ တဲ့။ ဘက်ထားနဲ့လိတ်ထားက ဗြိတိသျှအသံ။ Water တော့ မသိဘူး။

http://www.bbcamerica.com/anglophenia/2012/09/10-words-pronounced-differently-in-britain/

ဖျားနာခြင်း လေးမျိုး

၁။ Homesick ကိုတော့ လူတိုင်းသိကြပြီး ဖြစ်သည်။
၂။ Seasick ကိုလည်း သိကြသည်။

၃။ Meditation-sick ကို သိပ်မသိကြဟုထင်သည်။ နိုင်ငံခြားသားတွေထဲမှာ အဖြစ်များသော ရောဂါဖြစ်ပြီး အထူးသဖြင့် မဟာစည် သတိပဋ္ဌာန် ရှုမှတ် နည်းနှင့် ပို၍ဆက်စပ်သည်ထင်၏။ တရားစခန်းများမှာ တရား တယ်ထိုင်ရာ တွင် ပထမ နှစ်ရက် သုံးရက်က ရုပ်အားဖြင့် အသားမကျ၊ နာမ်အားဖြင့် လည်း မရှုမှတ်နိုင် အတော်ခံကြရလေသည်။ သုံး လေး ရက်ကျော်မှ အဆင်ပြေတတ်၏။
တရားရှုမှတ်ခြင်း အတွေ့အကြုံ မရှိသော လူတစ်ယောက်က နှစ်ရက် သုံး ရက် တရားစခန်းများကို ဝင်ပြီးအပြန် ဘာမှ မရဘဲ နာကျင်ကိုက်ခဲမှုကိုသာ ရခဲ့လေရကား Meditation-sick ဖြစ်လေတော့သည်။ တခါတည်းနှင့် တရား ထိုင်ဖို့ ကြောက်သွားလေတော့၏။ တစ်ရက်က မဆိုးလှ၊ အများကြီး မရသော် လည်း လူက ခံနိုင်ရည်အပြည့်ရှိသေး၏။
ထို့ကြောင့် နှစ်ရက် သုံးရက် တရားစခန်းများကို မဝင်ကြနှင့် Meditation- sick ဖြစ်တတ်သည်ဟု သတိပေးရ၏။
ငါး ရက်လည်း မဆိုး ဝေဒနာ ကျော်ဖို့ အချိန်ရှိသည်။ ၇ ရက်မှ ၁၀ ရက် ပိုကောင်း၏။ (ကြာလေ ကောင်းလေဖြစ်၏)

၎။ Singapore-sick ကလည်း ရွှေမြန်မာတို့ကြားမှာ ဖြစ်တတ်၏။ အကြောင်း အမျိုးမျိုးဖြင့် ရောက်လာကြပြီး မမျှော်လင့်သည့် နည်းဖြင့် (နှလုံးသွင်းလည်း တိန်းပါးမည်ဆိုပါက) အိမ်ပြန်ကြရရာ စင်္ကာပူကို စိတ် အနာကြီးနာပြီး Singapore-sick ဖြစ်လေတော့သည်။ အထူး စာနာဖွယ်ကောင်းသည်မှာ မိဘများ၏ မရှိမဲ့ ရှိမဲ့လေးများကို ထုခွဲရင်းနှီးပြီး ရောက်လာတတ်ကြသည့် လူငယ်လေးများပင်။ အလုပ်ရှာမရ၊ ပတ်စ်မကျ စသည်ဖြစ်သောအခါ အရှုံး သက်သက်ဖြင့် အိမ်ပြန်ကြရတတ်သည်။ စိတ်ခိုင်သူတို့အတွက် ခွန်အား အ သစ်ဖြစ်စေသော်လည်း အနည်းနဲ့အများ Singapore-sick တော့ ဖြစ်ကြရ သည်။
ဒီ စင်္ကာပူကို ဘယ်တော့မှ ခြေဦးမလှည့် ဟူသတတ်။

ဖျားနာခြင်း အမျိုးမျိုး ကင်းဝေးကြပါစေသတည်း။
မေတ္တာဖြင့်
သီဟနာဒ

16/08/201

သူတို့ဆီကလေ့လာလိုသူတွေသာ တရုတ်ပြည်ထဲလာ


အမေရိကန်တွေရဲ့ ၁၉ ရာစုနောက်ပိုင်းယုံကြည်မှုက "Real world is external" တဲ့။ ဒါ့ကြောင့် အပြင်ကမ္ဘာကိုလေ့လာ၊ အပြင်ကမ္ဘာနဲ့ဆက်ဆံ၊ အပြင်ကမ္ဘာရဲ့ ယဉ်ကျေးမှုတွေကို သုတေသနလုပ်။
တရုတ်စတဲ့နိုင်ငံတွေရဲ့ ယုံကြည်မှုက "Real world is internal" တဲ့။ သူတို့ သမိုင်း၊ သူတို့ယဉ်ကျေးမှုသာ အကောင်းဆုံး၊ အပြင်ထွက်ပြီး သုတေသနပြု စရာ မလို။ သူတို့ဆီကလေ့လာလိုသူတွေသာ တရုတ်ပြည်ထဲလာ။

အမေရိကန်က သူ့ယဉ်ကျေးမှုနဲ့ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစပ်၊ မော်ဒယ်အသစ် ထပ်ရှာ။
တရုတ်က သူ့သမိုင်းထဲက အမွေအနှစ်ကိုပဲ ပြန်လည်မွမ်းမံ၊ ဒီထက်ကောင်း တာ ကမ္ဘာမှာမရှိ။
(ဒါပေမဲ့ လက်ရှိမှာတော့ အနောက်နည်းပညာနဲ့ပဲ အလုပ်ဖြစ်နေရ)
အဲဒီ ကွဲလွဲမှုက နိုင်ငံချင်းဆက်ဆံရာမှာလည်းရှိနေ။ သူ့မူကိုပြင်ဖို့ တရုတ်က စိတ်လိုလက်ရမရှိတတ်။

Ref: World Order

သက်တမ်းကုန်ခါနီးလေ

ရဲထွဋ်တို့ရဲ့ ကြေးမုံ


ကမ်းလက် shared M Zaw Moe's photo.
 ရဲထွဋ်တို့ရဲ့ ကြေးမုံပဲ
ဒီလောက်တော့ ရှိမှာပေါ့ ..
 

နောက်ဆုံးဆန္ဒ


စိတ်ဓာတ်မြှင့်တင်ရေး ဆင်မိနာတစ်ခုမှာ လူသုံးယောက်ကို စတိတ်ခုံပေါ် ဖိတ်ကြားပြီး မေးခွန်းတစ်ခုကို ပုံစံတူ မေးတယ်။

“ခင်ဗျားက သေသွားပြီး အခေါင်းထဲမှာ ဆိုပါတော့။ မိသားစုတွေ၊ မိတ်ဆွေေ တွက ခင်ဗျားအတွက် ငိုကြွေးကြ၊ ပူဆွေးနေကြတယ်။ အဲ့သလို အချိန်မှာ ဘယ်လို စကားမျိုးတွေကို နားထောင်ချင်ပါသလဲ”

ပထမလူက..
“ကျနော်ဟာ တစ်ခေတ်မှာတစ်ယောက် အလွန်တော်တဲ့ ဆရာဝန်ကောင်း တစ်ယောက် ဖြစ်တယ်။ မိသားစုအပေါ်မှာလည်း လုံးဝတာ ဝန်ကျေတဲ့ လူ တစ်ယောက် ဖြစ်တယ်ဆိုတာမျိုး ကြားချင်ပါတယ်” တဲ့။

ဒုတိယလူက
“ကျနော်ဟာ လင်သားကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ဖြစ် ပြီး ကလေးတွေရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ကျောင်း ဆရာေ ကာင်း တစ်ယောက်ဖြစ်တယ် ဆိုတာမျိုးကို နားထောင်ချင်ပါတယ်” တဲ့။

နောက်ဆုံးလူကတော့
“ ကျနော်ကတော့ 'Look!! He’s moving' ” ဆိုတာကိုပဲ ကြားချင်ပါသတဲ့။

(Wisdom from laughter စာအုပ်မှ )
3/19/2013

ဇင်ဝေသော် 

ဘော့စ်တွက်တဲ့ သင်္ချာ

ဘာကွ၊ ခွင့် တစ်ရက်လောက် လိုချင်လို့ ဟုတ်လား။ ဒီမှာ ကြည့်ပါအုံး။
တစ်နှစ်မှာ ၃၆၅ ရက်။ ရက်ပတ်အနေနဲ့ ၅၂ ပတ် ရှိတယ်။ တစ်ပတ်ကို ၂ ရက် အလုပ်မလုပ်ဘူးဆိုတော့ ၁၀၄ ရက် လျော့သွားပြီ။ ၂၆၁ ရက်ပဲ ကျန်တော့တယ်။ (365-104=261)

နေ့တိုင်း အလုပ်ခွင်ထဲမှာ ၈ နာရီ၊ အလုပ်ထဲမှာ မရှိတာက ၁၆ နာရီ။ တစ်နေ့ကို ၁၆ နာရီ၊ တစ်နှစ်ဆိုတော့ ၁၇၀ ရက်။ ကဲ ၉၁ရက် ပဲ အလုပ်လုပ် ချိန် ကျန်တော့တယ်။(261-170=91)

နေ့တိုင်း တီး ဘရိတ်၊ ကော်ဖီဘရိတ်က နာရီဝက်၊ တစ်နှစ်ဆိုတော့ ၂၃ ရက်။ ၂၃ ရက် နှုတ်တော့ ၆၈ ရက်ပဲ ကျန်တော့တယ်။(91-23=68)

နေ့ခင်း ထမင်းစားတော့ တစ်နာရီ။ တစ်နှစ်ဆိုတော့ စုစုပေါင်း ၄၆ ရက်။ ဒီတော့ ၂၂ ရက်ပဲ ကျန်တော့တယ်။ (68-46=22)

တစ်နှစ်ကို ၂ ရက် ပုံမှန် ဆေးခွင့် ပေးနေရတော့ ရက် ၂၀ ပဲ အလုပ်လုပ်ချိန် ကျန်တော့တယ်။ (22-2=20)

မပြီးသေးဘူး။ ပုံမှန် အစိုးရ ရုံးပိတ်ရက်က တစ်နှစ်မှာ ၅ ရက်။ ဒီတော့ ၁၅ ရက်ပဲ ကျန်တော့တယ်။ (20-5=15)

နှစ်တိုင်း ငါတို့က ခွင့်ရက်ရှည် နှစ်ပတ် (၁၄ ရက်) ပေးရပြန်ရော၊ ကဲ မင်း တကယ်အလုပ်လုပ်ရမယ့်ရက်က ၁ ရက်ပဲ ကျန်တော့တယ်။ (15-14=1)

အခု မင်းက ဒီ တစ်ရက်ထဲက တစ်ရက် ခွင့်ထပ်ယူဦးမယ် တဲ့။ သေ သာ သေလိုက်ချင်ပါတော့တယ်ကွာ။ (1-1????)

(365-104=261)
(261-170=91)
(91-23=68)
(68-46=22)
(22-2=20)
(20-5=15)
(15-14=1)
(1-1????)

Ref; The World Joke Book
17/06/2013

"Are you still alive?" မေးရင် ဘယ်လိုဖြေရမလဲ


သိပ္ပံကားထဲမှာ "Are you still alive?" မေးတော့
"Tactically, yes" လို့ ဖြေသွားတယ်။
အဘိဓမ္မာသဘောအရဆိုရင်တော့
"Are you still alive?"
" Yes၊ စုတိဝိထိမကျသေးဘူး" လို့ ဖြေရမယ်ထင်တယ်။
နိုင်ငံရေးမှာ
"Are you still alive?" မေးရင် ဘယ်လိုဖြေရမလဲ။

ရှေးခေတ် မနသိကာရ


"ဆွမ်းချက်တာ ပျော့သွားတယ်ဘုရား"
"အေးကွယ်၊ ဝါးရသက်သာတာပေါ့"
"ဆွမ်းချက်တာ မာသွားတယ်ဘုရား"
"အေးကွယ်၊ ညနေ မဆာတာပေါ့"

အခုခေတ် မနသိကာရ

"အင်တာနက် ပျက်သွားတယ်ဘုရား"
"အေးကွယ်၊ မျက်စိ အနားရတာပေါ့"
"အင်တာနက် ပြန်ကောင်းနေတယ်ဘုရား"
"အေးကွယ်၊ အွန်လိုင်းတက်ရတာပေါ့"

အစွန်းရှောင်ရင်း အစွန်းရောက်သွားတတ်ခြင်း


(လွန်ခဲ့တဲ့ ၇ နှစ်က AGM မှာ ပြောခဲ့တာပါ)

ဒီအယူအဆက အဓိကအားဖြင့် ဘာသာရေးအဖွဲ့အစည်းကြီးတွေနဲ့ ပတ်သက် ပါတယ်၊ ဒါပေမဲ့ အခြားအဖွဲ့အစည်းကြီးတွေနဲ့လည်း သက်ဆိုင်မှုရှိပါလိမ့်မယ်။
ဘာသာရေးအဖွဲ့အစည်းကြီးတစ်ခုမှာ စတင်တည်ထောင်သူက ဆရာတော် ကြီး တစ်ပါးပါးဖြစ်နေတတ်ပါတယ်။ သူဟာ ဩဇာတိက္ကမကြီးတယ်၊ အရေး ကိစ္စအားလုံးအတွက် ဆုံးဖြတ်ချက်ချသူကလည်း သူပဲဖြစ်နေတတ်ပါတယ်။

ဖွင့်ပြောဖို့ဝန်လေးတဲ့ ဗုဒ္ဓဘာသာတပည့်အများစုက သူတို့ သိပ်သဘောမတူ ဘူးဆိုရင်တောင် ဆရာတော်ကြီးမိန့်တာပဲလေဆိုပြီး လိုက်နာကြ၊ လုပ်ဆောင် ကြပါတယ်။ ဒါပေမဲ့ သာသနာချစ်စိတ်လည်းရှိ၊ အမျှော်အမြင်လည်းရှိတဲ့ ဗုဒ္ဓ ဘာသာ တပည့်တွေရဲ့စိတ်ထဲမှာ ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲလို့ သူတို့ချင်း တိုင်ပင်တတ်၊ ဆွေးနွေးတတ်ပါတယ်။ ဆရာတော်ကြီး သက်ရှိထင်ရှား ရှိနေသေးသရွေ့ "ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲ" ကို အကောင်အထည် မဖော်တတ်ကြဘူး။ သူတို့စိတ်ထဲမှာပဲရှိတယ်။

ဆိုပါတော့။ အဲဒီဆရာတော်ကြီး ပျံလွန်တော်မူသွားပြီ။ ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ ဗုဒ္ဓဘာသာတပည့်တွေ (သို့) ဥပဋ္ဌာကအဖွဲ့က အရင်လို ဘုန်းကြီးမှာ "Too much power" ရှိနေတဲ့အဖြစ်ဆီ အရောက်မခံတော့ဘဲ ဝင်ထိန်းပါတော့တယ်။
ကောင်းပါတယ်၊ ဒါပေမဲ့ အရင်လိုဖြစ်မှာစိုးလို့ ထိန်းရင်းထိန်းရင်းနဲ့ တဖြည်းဖြည်း ဒုတိယတက်လာတဲ့ဘုန်းကြီးမှာ ဆုံးဖြတ်ပိုင်ခွင့်မဲ့သွားပြီး အစွန်းတစ်ဖက် ပြန်ရောက်သွားပါတော့တယ်။ ကြည့်ရဲရင် မြန်မာပြည်က ဘာသာရေးအဖွဲ့အစည်းကြီးတွေကို ကြည့်နိုင်ပါတယ်(ကိုယ်ပိုင်ကျောင်းကို မဆိုလိုပါ)။ ဒီ သဘောတရား တွေ့ရပါတယ်။ အချိန်ကြောင့် ဒုတိယဘုန်းကြီး က ဒီအခြေအနေကို တည့်မတ်လို့ မရတတ်ပါဘူး။ တည့်မတ်ဖို့ ကြိုးစားတာ ထက် ခပ်ထက်ထက် ဒုတိယဘုန်းကြီးက ကိုယ်ပိုင် ကျောင်းခွဲ၊ အဖွဲ့အစည်း ခွဲတတ်ပါတယ်။ စွမ်းမယ်ဆိုရင် တတိယ၊ စတုတ္ထတက်လာတဲ့ ဘုန်းကြီး ကတော့ ဆရာ၊ ဒကာကြားက ဒီဟန်ချက်ကို ပြန်ညှိပေးလို့ ရတတ်ပါတယ်။



အဖွဲ့အစည်းတစ်ခုအောက်မှာ တွင်တွင်ကျယ်ကျယ်နဲ့ ရေရှည်သာသနာပြုဖို့ ဆိုရင် ဆရာ၊ ဒကာဟန်ချက် ညီနေရတတ်ပါတယ်။
"ဥဘော အညောညနိသိတာက" က ပစ္စည်းလေးပါး လှူသူနဲ့ ပစ္စည်းလေးပါး ယူသူထက် အဓိပ္ပါယ်ပိုကျပြန့်တယ်လို့ ခံယူမိပါတယ်။

သီဟနာဒ

အယ်ဗာတန် ၃၊ မန်ယူ ဝ


မန်ယူလုပ်ပုံက အယ်ဗာတန်တောင် ဘိုင်ယန်မြူးနစ်လိုလိုဖြစ်ရော။
ပထမပိုင်း နှစ်ဂိုးက ကံဆိုးလို့မှတ်နေတာ၊ ဒုတိယပိုင်းက ကြည့်ရတာကို ရီစရာကြီး၊ ပေါတောတောနဲ့။
နောက်တန်းမှားလို့တဲ့။ မဟုတ်ပါဘူး။ နောက်တန်းမှားရင် ၃ ဂိုး ၂ ဂိုး ရှုံးရမှာ။

ဂျပန်တွေက ဂျလယ်တွေ


ဒီလိုပြုပြင်ပြောင်းလဲမှုလမ်းစဉ်ကို ဒီလောက်ကြိုးပမ်းတကြီးလုပ်ဆောင်ယူခဲ့တဲ့ ဂျပန်ရဲ့ရည်ရွယ်ချက်က အနောက်တိုင်း အင်အားကြီးနိုင်ငံတွေဟာ ဧရာမနယ်မြေကို အုပ်ချုပ်နေရတဲ့ လက်ရှိပုံစံကနေ အနှေးနဲ့အမြန် လက်လျှော့နောက်ဆုတ်ပေးရလိမ့်မယ်။ သူတို့ဂျပန်မြေကနေ စွန့်ခွာသွားရင် ဂျပန်နိုင်ငံကို ဂျပန်ဥပဒေနဲ့အညီပဲ အုပ်ချုပ်သွားရမယ်ဆိုတာကို သဘောပေါက်လက်ခံထားကြလို့ပါ။ ဒါကြောင့် ဂျပန်နိုင်ငံကိုမအုပ်ချုပ်ခင် ဂျပန်ကိုအုပ်ချုပ်မယ့် သူတို့ ဥပဒေတွေကို အစမ်းသဘောနဲ့ တရုတ်ပြည်ကို အုပ်ချုပ်ကြည့်ခဲ့ကြခြင်းဖြစ်ပါတယ်။

စာအုပ် လက်ဆောင်


ဇနီး။ ။ အဲဒီသူတောင်းစားကို ကျမကြည့်လို့ကို မရဘူး။
ခင်ပွန်း။ ။ ဘာဖြစ်လို့လဲကွ၊ မရှိလို့ တောင်းစားနေရရှာပဲ ဥစ္စာ။
ဇနီး။ ။ ဟိုတစ်နေ့က ထမင်းကျန် ဟင်းကျန်လေးတွေ ပိုနေလို့ ပေးလိုက်မိ တယ် နောက်နေ့ကျတော့ ကျမကို စာအုပ်တစ်အုပ် လက်ဆောင်လာပေး သွားတယ်။
ခင်ပွန်း။ ။ ဘာစာအုပ်မို့လို့လဲ။
ဇနီး။ ။ ဟင်း ချက်နည်းစာအုပ်။




(အွန်လိုင်း ဂျုတ်)
1/27/2014

ထုံး (ကွမ်းစား) မပေါက်အောင်


ထုံး (ကွမ်းစား) မပေါက်အောင် (အာ၊ လျှာ)၊ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် (တချို့က အာဂျီနိုမိုတိုတွေထည့်) ထုံးဖောက်တဲ့အခါ ဘလက်လေဘယ် (နာမည်ကြီး စကော့တ် ဝီစကီ) တစ်ဇွန်း (လဖက်စားဇွန်း၊ ယောက်ဂျိုမဟုတ်) ထည့်ရပါတယ် တဲ့။ အကြံပေးသူက အတည့်ပေးလား၊ အရွဲ့ပေးလား မသိရသေးပါ။ ပြောတဲ့အသံကတော့ တကယ်စေတနာအစစ်နဲ့ ပြောတဲ့အသံပဲ။

"World Order" ဆိုတာ


ပါဠိလို "ပဉ္စနိယာမ"
မြန်မာလို "နိယာမ ငါးမျိုး"
အင်္ဂလိပ်လို "Five Orders"
ဒီတော့ "World Order" ဆိုတာ "လောကနိယာမ"။ ရှင်းကရော။

World Order က အယူအဆ (Concept)


သူ့ကို ဒေသတစ်ခု (သို့) စီဗီလိုက်ဇေးရှင်းတစ်ခုက တရားမျှတရေး၊ ပါဝါညီမျှရေးစတဲ့အစီအမံတွေအတွက် ကမ္ဘာကပါ ကျင့်သုံးလာနိုင်အောင် သတ်မှတ်ပေးတယ်။
International Order က ကျင့်သုံးမှု (Application)။
အထက်ပါ အယူအဆကို ပဲ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ ကျင့်သုံး၊ တစ်ကမ္ဘာလုံး အတိုင်းအတာ မဟုတ် ဒါပေမဲ့ ကမ္ဘာအပေါ်သက်ရောက်မှုရှိ။
Regional Order က အထက်ကမူဝါဒတွေကို သတ်မှတ်တဲ့ ဒေသတွင်းမှာပဲကျင့်သုံး။

Order နဲ့ Freedom
Freedom မရှိတဲ့ Order က ဘာကြီးဖြစ်နေနေ တစ်ချိန်ချိန် ပြိုလဲမယ်။
Order မပါရင်လည်း Freedom က လုံခြုံမှုမရှိဘူး။
(ဟိုတလောက ဒေါ်စု ပြောသွားတဲ့ သဘောတရား)

Ref; World Order

မီဒီယာအကြီးစားကြီးတွေက နည်းနည်းလှည့်စားတတ်ပါသတဲ့


မီဒီယာအကြီးစားကြီးတွေက နည်းနည်းလှည့်စားတတ်ပါသတဲ့။
သက်တမ်းတစ်လျှောက်လုံးလိုလို ဘက်မလိုက်ရပ်တည်ကြတတ်တယ်၊ တစ်ခါ တစ်ခါ သူ တကယ်ထောက်ခံတဲ့ပါတီကိုတောင် ဆက်တိုလိုလိုဆော်နေတတ် တယ်။ ဆိုလိုတာက မီဒီယာသိက္ခာနဲ့စာဖတ်သူရဲ့ ယုံကြည်မှုကို ရယူတာ။ ဒီ မီဒီယာက မှန်တာဆိုရင် ဘယ်သူ့ကိုမဆို ရေးတယ်၊ ဖော်ပြတယ် ဆိုတာမျိုးပေါ့။ ရွေးကောက်ပွဲနီးပြီဆိုတော့မှတစ်လျှောက်လုံး မြှောက်လာရာကနေ သူမထောက်ခံတဲ့ပါတီကို အချက်အလက်တွေစုပြီး ထောက်တော့တာပဲ။ အထူးသဖြင့် အင်္ဂလိပ်မီဒီယာတွေက ဒါမျိုး ပိုလုပ်တတ်သတဲ့။ လီကွမ်းယုပြောတာပဲ၊ ဟုတ်မဟုတ်တော့ မသိဘူး။ ဟုတ်ဟုတ် မဟုတ်ဟုတ် သိထားတော့ ကောင်းတာပေါ့။

ရှက်ရယ်


တချို့အတွေ့အကြုံတွေက ကြုံတွေ့ရခိုက်လေးမှာ အူတက်မတတ် ရယ်ရပေ မယ့် ပြန်ပြောရင် မရယ်ရတော့ဘူး။ ဘာဖြစ်ဖြစ် ပြောကြည့်အုံးမယ်။

မိတ်ဆွေရဟန်းတစ်ပါးနဲ့ ကိုရီးယားသွားတုန်းကပါ။ ဂိတ်တွေအားလုံးဖြတ်ပြီး လေယာဉ်ပေါ်တက်ဖို့စောင့်နေချိန် နှစ်ပါးစလုံးနဲ့သိတဲ့ နိုင်ငံခြားသားဘုန်းကြီးလည်း ရောက်လာတယ်။ ဒီအဖြစ်အပျက်မှာ သူက အဓိကဆိုတော့ သူနဲ့ဆက်ဆံရေးကို နည်းနည်းတော့ပြောမှရလိမ့်မယ်။ ဆိုလို တာက သူ့ကိုတွေ့လိုက်ရလို့ ဝမ်းသာသွားတာမျိုးမဟုတ်ဘူး၊ နည်းနည်းတောင် မသက်မသာခံစားလိုက်ရတဲ့ ဆက်ဆံရေးမျိုးပေါ့။ ဒါက နှစ်ပါးစလုံးမှာ ရှိနေတဲ့ ခံစားမှု။ တွေ့တာနဲ့ အလ္လာပသလ္လာပလေးပြောပြီး လေယာဉ်ပေါ်တက်ကြရော။
လေယာဉ်ထွက်ပြီးခဏနေတော့ ကိုယ်ကပဲ အိမ်သာအရင်သွားတယ်။ ဘာမှရည်ရွယ်ချက်မရှိဘဲ အိမ်မ်သာကအထွက် မျက်စေ့ဝေ့ဝိုက်ကြည့်လိုက်ေ တာ့ ခုနက နိုင်ငံခြားသားဘုန်းကြီးကို မတွေ့မိဘူး။ ဒါနဲ့ ဘေးကမိတ်ဆွေရဟန်းကို
"ဟေ့ကောင်၊ ဟိုကိုယ်တော်ကြီးကို ရိုရိုးတန်းမှာ မတွေ့ဘူးဗျ" ပြောမိတယ်။ သူကလည်း
"ဟာ ဟုတ်လို့လား၊ ရှိမှာပါဟာ၊ သေချာပြန်ကြည့်စမ်းပါအုံး"
ချက်ချင်းပဲ အဲဒီကိုယ်တော်ကလည်း အိမ်သာသွားမလို့ထင်ပါရဲ့ ထလိုက်တော့ သူကတွေ့သွားပြီး
"ပြောသားပဲ၊ ဟိုမှာ မတွေ့ဘူးလား" ဆိုပြီး သက်တောင့်သက်သာဖြစ်သွား ဟန်နဲ့ ပြောတယ်။


picture source

ဒါပါပဲ။ ဒါနဲ့ပတ်သက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ် လိုက်ရတာ အူတွေကိုနာနေတာပဲ။ ဘာကိုရယ်တာလည်းဆိုရင် ရှင်းပြလို့ မရဘူး။ ရှက်ရယ်လို့တော့ထင်တာပဲ။ သူ ဘစ်စနစ်ကလပ်က စီးလာမှာကို မဆီမဆိုင် ညှိနှိုင်းမထားဘဲ နှစ်ယောက်ပြိုင်တူ အတွင်းပူပူနေကြတယ်။ အဲဒီ ဣသာ၊ မစ္ဆရိယ အနုသယကိလေသာကို နှစ်ယောက်လုံး ရုတ်တရက် မဖုံးလိုက်နိုင်ဖြစ်သွားတာကိုတွေးပြီး ရယ်ဖြစ်ကြတာထင်တာပဲ။ ရယ်ရတာတော့ တစ်လမ်းလုံးလိုလို၊ စဉ်းစားမိလိုက် ရယ်လိုက်ပဲ။

သီဟနာဒ

ရွာပြန်တယ်ဆိုပါစို့


ရွာပြန်တယ်ဆိုပါစို့။ ပထမရွာသားနဲ့တွေ့ရင် သူက ပြောမယ်
"ဟာ ဦးဇင်း၊ ဒီတစ်ခေါက် အသားတွေဖြူလာတယ်နော်" ဆက်သွား၊ နောက်တယောက်တွေ့မယ်
"ဟာ ဦးဇင်း၊ ဒီတစ်ခါ အရင်တစ်ခေါက်လောက် အသားမဖြူဘူးလားလို့"
"ဒီတစ်ခေါက် ပိန်သွားတယ်"
"ဒီတစ်ခေါက် ဝလာတယ်"
ဒါမျိုးတွေ ပုံမှန်ကြားရတယ်။




source


အခု အရွယ်ရလာတော့မှ သဘောပေါက်တာ(ဒါတောင် အရွယ်လိုတယ်)။ နှုတ်ဆက်စကားဆိုတာ သိပ်ပြီး အကျိုးအကြောင်း ညီညွတ်ဖို့ မလိုလှဘူး၊ ပြောလိုက်မိဖို့ပဲ။
"ဒီနေ့ ရုံးမှာ အလုပ်ပါးကြပါစေ"

အရင်တရုတ်တွေက ဇာတိဂုဏ်မောက်မာ၊ ဗဟုသုတနည်း


"၁၉၈၂ က တရုတ်ခေါင်းဆောင်တွေထဲမှာ ဘွဲ့ရပညာတတ်မပါ။ ဒီနေ့ အားလုံးလိုလိုက ဘွဲ့ရ၊ အများစုက ဘွဲ့လွန်။ သူတို့ ကောလိပ်တွေရဲ့ သင်ရိုးညွှန်းတန်းတွေက အနောက်တိုင်း ဟန်။ အရင်တရုတ်တွေက ဇာတိဂုဏ်မောက်မာ၊ ဗဟုသုတနည်း၊ အမြင်ကျဉ်း။ လက်ရှိခေါင်းဆောင်အုပ်စုက အတိတ်နဲ့ လုံးဝမတူ။ လက်ရှိခေါင်းဆောင်အုပ်စုက တရုတ်သမိုင်းကို မွှတ်နေအောင်သိပေမဲ့ သမိုင်းရဲ့ ချည်နှောင်းခြင်း (သခင်မျိုးဟေ့ တို့တရုတ်နေမှာပေါ့) မခံကြရတော့ဘူး။"
သိပ်ကောင်းတဲ့ ကောက်ချက်ပါ။ (World Order နှာ ၂၂၈)

လာကြပါခင်ဗျား


ဦးသိန်းစိန်လေးစားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ တိန့်ရှောင်ဖိန်လည်းပါတယ်။
တိန့်ရှောင်ဖိန်က ကုတ်ကုတ်လေးလုပ်တာ၊ ရွက်ပုံးသီးပေါ့။
ပိုက်ဆံရှိအောင်လုပ်၊ ဘာမှပြောမနေနဲ့၊ ကမ္ဘာကပြောလာပါစေဆိုတဲ့အပေါက်။
သူတို့ကြားမှာ မတူတာက
တိန့်ရှောင်ဖိန်က ကမ္ဘာကသူ့အလိုလို လာအောင် အလုပ် လုပ်ယူတာ။
ဦးသိန်းစိန်က "လာကြပါခင်ဗျား" လို့ခေါ်တာ။ အနေအထားတွေကလည်း မတူကြဘူးမဟုတ်လား။

ပြသနာရှိရင် အဖြေရှိတယ်လို့ အမေရိကန်က ယုံကြည်


အမေရိကန် ချဉ်းကပ်ပုံက လက်တွေ့ဆန်ပြီး တရုတ်က သဘောတရားရေး ဆန်တယ်။
သူ့ကို ခြိမ်းခြောက်နေတဲ့ အိမ်နီးချင်းနိုင်ငံ အမေရိကန်မှာ မရှိဖူးဘူး။ တရုတ်က ခြိမ်းခြောက်မခံရတဲ့ အခါရယ်လို့ မရှိဖူးဘူး။
ပြသနာရှိရင် အဖြေရှိတယ်လို့ အမေရိကန်က ယုံကြည်ပြီး ပြသနာရဲ့အဖြေဟာ နောက်ပြသနာရဲ့ လမ်းစလို့ တရုတ်က ယုံကြည်တယ်။
အမေရိကန်က လတ်တလောပြသနာကို ချက်ချင်းအဖြေရှာပြီးတရုတ်က တဆင့်ချင်း အဖြေရှာတယ်။
တရုတ်က ကွန်မြူနစ်ဝါဒနဲ့ တရုတ်ယဉ်ကျေးမှုပေါင်းစပ်ပြီး သူ့နိုင်ငံကို ပုံဖော်ယူတယ်။ အဲဒီနှစ်ခုစလုံးကလည်း အမေရိကန်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း။

World Order, page 226

မောနင်း ပို့စ်


မောနင်းပို့စ် မတင်ဘူး မတင်ဘူးနဲ့၊ တင်ရင်းတင်ရင်း ပို့စ်ဖြစ်သွားတော့မှာပဲ။
တရုတ်လက်ရှိအစိုးရနဲ့ သမ္မတရှီကိုတော့ သဘောကျတယ်။ အကျင့်ပျက် တိုက်ဖျက်မှုကို တကယ်လုပ်ပစ်တာ။
စားဖား၊ ပြည်ပြေး တစ်ရာစာရင်းတဲ့။ စင်္ကာပူမှာတောင် ၆ ယောက်။ အော်ဇီ အထိသွားပြီး အနံ့ခံနေတယ်။
ဘယ်ပြေးပြေး မလွတ်ဘူးဆိုတဲ့သဘောပဲ။ ဘယ်အကောင် လာဘ်စားရတော့မလဲ။
လူက တကယ်လုပ်ရင်ကြောက်ပါတယ်၊ အဲ ကိုယ်ကလည်း မှန်ရင်ပေါ့လေ။


စကားပုံ


မြန်မာစကားပုံက တောမီးလောင် တောကြောင်လက်ခမောင်းခတ်။
ဥရောပကတော့ ရောမမြို့ မီးမြိုက်တော့ နီရိုဘုရင် တယောထိုး။
တရုတ်အစဉ်အဆက် စကားပုံက "All under heaven is in chaos, the situation is excellent."

ဗြိတိသျှသံအမတ် တရုတ်အင်ပါယာ


ဗြိတိသျှအင်ပါယာက တရုတ်အင်ပါယာနဲ့ သံတမန်ဆက်သွယ်ဖို့ နှစ်ကြိမ် ကြိုးစားတယ်။
ပထမသံအမတ် ရောက်လာတော့ သူ့လာကြိုတဲ့စက်လှေမှာ စာတန်းကြီးနဲ့
"ဗြိတိသျှသံအမတ် တရုတ်အင်ပါယာကို လက်ဆောင်ဘဏ္ဍာများ လာရောက်ဆက်သ" တဲ့။
လက်ဆောင်ဘဏ္ဍာတွေကိုတော့ အဝေးကြီးကယူလာရလို့ အားနာပြီးလက်ခံ (လိုချင်လို့မဟုတ်) တယ်။ သံအမတ်တော့ ပြန်လွှတ်လိုက်တယ်။
ဗြိတိသျှတွေ စိတ်ညစ်သွားတယ်။

ဒုတိယသံအမတ်ကတော့ ဒူးထောက်အခစားဝင်ရမှာကို မလုပ်ချင်လို့ သူ့ဝတ် စုံ အချုပ်ခိုင်းထားတာ မပြီးသေးလို့လို့ အကြောင်းပြတယ်။
သူ့ကိုလည်း စာနဲ့အတူ ပြန်လွှတ်လိုက်တယ်။
"နောက် ဘယ်တော့မှ မလွှတ်ပါနဲ့....ဒီအမိန့်ကို သင်တို့ ထာဝရလိုက်နာရမည်"

နပိုလီယံကို ဖြုတ်ချထားစ ဗြိတိသျှအင်ပါယာ စိတ်တိုသွားတယ်။
ဒါနဲ့ တရုတ်ပြည်ထဲ ဥရောပသစ်သီးစုံ အမှုန့်လေးတွေ ပို့လိုက်တယ်။ အဲဒါ "ဘိန်း" တွေတဲ့။
သံတမန်မယူချင်ရင် ဘိန်းရှူပေါ့လေ။ သမိုင်းတွေ ရယ်ရတယ်။

ဘုန်းကြီးကျောင်းထဲက နိုင်ငံရေးသဘောတရားများ ၂


မြင်မကောင်း၊ ကြားမကောင်းသောအရာများကို ဖုံးဖုံးဖိဖိထားခြင်းသည် "တိဏဝတ္ထာရက" မည်၏။
ယင်းနဲ့ အဓိပ္ပါယ်ဆင်ဆင်ကို အနောက်တိုင်းက "အင်ထယ်လေးဂျင့် အော် ပရေးရှင်း (Intelligent Operation)" ဟုဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ယင်းက "ဘူဒိုဇာနဲ့ထိုးရှင်းခြင်း" ဟု အဓိပ္ပါယ်ရလေသည်။

တရုတ်ရဲ့ ရှေးဟောင်းယုံကြည်မှု


တရုတ်ရဲ့ ရှေးဟောင်းယုံကြည်မှုအရ တရုတ်ဟာ မဇ္ဈိမနိုင်ငံတော်။
အခြားနိုင်ငံတွေက အခွန်တော်ဆက်နိုင်ငံတွေ။ ဘယ်သူမှ သူနဲ့ တန်းတူမရှိ။
၁၉ ရာစုအလယ်ပိုင်းအထိ နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုတာမရှိ။ အနောက်ဖိအားကြောင့် ရှိလာရပေမဲ့ အဲဒီဝန်ကြီးဌာနရဲ့ တာဝန်က လူအရိုင်း အစိုင်းတွေကို စီမံကွပ်ကဲခြင်း။
သူတို့ရဲ့ နိုင်ငံခြားရေးပေါ်လစီဆိုတာ ကမ္ဘာ့နိုင်ငံတိုင်းအတွက် သူတို့နဲ့
ထိုက်တန်တဲ့ နေရာ၊ အဆင့် သတ်မှတ်ပေးခြင်းသာဖြစ်။

Ref: World Order.

မောနင်း ပို့စ်


၁။ ပညာမတတ်တဲ့ အိမ်ထောင်က ပြိုကွဲဖို့ ပိုများတယ်။
၂။ မွတ်စလင် အိမ်ထောင်က ငါးနှစ်အတွင်း ပြိုကွဲဖို့ ပိုများတယ်။
၃။ ပညာလည်းတတ် မွတ်စလင်လည်းမဟုတ်သူတွေက အိမ်ထောင်ကို မပြုကြတော့ဘူး၊ နားအေးသွားရော။
(၃) က သတင်းစာမှာ မပါပါ။

နားလည်မှု တည်ဆောက်၊ မာစတာကီး ကိုင်ထားရင် စွန့်လွှတ်


ဒီနေ့ ကျောင်းရဲ့ AGM (နှစ်ပတ်လည် အစည်းအစည်းအဝေး) မှာ ပြောမယ့် စကားပါ။

တစ်ချိန်က မိမိရဲ့ အခန်းသော့က မာစတာကီးဖြစ်နေပြီး အခန်းတိုင်း ဖွင့်လို့ ရနေကြောင်း
နားလည်မှုရှိကြစဉ် မာစတာကီးနဲ့ပတ်သက်ပြီး ပြသနာ မရှိကြ။ သော့မေ့၊ သော့ပျောက်အခါမျိုးတွေမှာပင် မိမိသော့ကို ငှားဖွင့်လို့ရကြောင်း

နားလည်မှုလွဲပြီဆိုတာနဲ့ အဲဒီ မာစတာကီးက ပြသနာကြီးဖြစ်သွားရ
ဟိုဖက်ကလည်း "သူ့မှာ မာစတာကီးရှိနေမှတော့ သော့ခတ်နေလည်း အပိုပဲ" ဖြစ်
ဒီဖက်ကလည်း "သူ့တို့ဘာသာ နေရာထားမှားတာကိုတောင် ငါက တရားခံဖြစ်ရမယ့်ကိန်း" ဖြစ်။
ဒါနဲ့ သော့တွေအကုန်ပြောင်း၊ တစ်ချောင်းစီ ကိုင်။ မာစတာကီးကို ရုံးထဲမှာပဲထား။ သံသယကင်းသွားကြတယ်။



ဒီမှာ မာစတာကီးဆိုတာ အရာရာကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက ထိန်းချုပ်ထားလိုမှု အာဏာလောဘလို့ အဓိပ္ပါယ်ကောက်ရင်လည်း ရနိုင်ကြောင်း
ဘယ်လိုပဲဆိုဆို ဗုဒ္ဓအဆုံးအမအရ ပျော်ရွှင်မှုဟူသည် ညီညွတ်ခြင်း
ညီညွတ်ဖို့ နားလည်မှုလိုကြောင်း
နားလည်မှုတည်ဆောက်ဖို့ မာစတာကီးကို စွန့်လွှတ်သင့်က စွန့်လွှတ်ရမည်ဖြစ်ကြောင်း။ ။

သီဟနာဒ

သဘာဝ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့စာတွေ

ဒကာကြီး ဦးသိန်းစိန်ကိုတောင် အားပေးနေရသေးတာ၊ မန်ယူအားပေးရတာက တန်ပါတယ


ဒီနေ့တော့ ဘာမှကိုပြောမနေတော့ဘူး။ ကမ်းလက်ထဲမှာ ချယ်ဆီးတွေက အများကြီး။ အုပ်စုတောင့် နှုတ်သီးကောင်း (တချို့ကောင်မလေးတွေ ပြောပါတယ်၊ ကောင်လေးတွေလည်း အတူတူပဲ)
ဒကာကြီး ဦးသိန်းစိန်ကိုတောင် အားပေးနေရသေးတာ၊ မန်ယူအားပေးရတာက တန်ပါတယ်။

သဘာဝကျကျ ရှင်သန်ဖို့


ဒီ ဗောဓိပင်လေးက အိုးထဲမှာအကြာကြီးနေခဲ့ရပြီး ညောင်ပင်ကြီးလဲလို့ သူ့ကို မြေပေါ်ချစိုက်ထားတာ။ ဖွံ့ဖြိုးချင်လျက် မဖွံ့ဖြိုးရတဲ့အခြေအနေ ကနေ မြေပေါ်လည်းရောက်ရော ရုတ်တရက်ကြီးဖွံ့ဖြိုးလိုက်တော့ သူ့ အကိုင်းတွေက သဘာဝမကျဘူး၊ နွဲ့နှောင်းနေတယ်။ သူ့အကိုင်းတွေကို သူမနိုင်ဘူးလည်းဖြစ်နေလို့ ဒေါက်တိုင်တွေ၊ ကြိုးတွေသုံးပြီး တည့်မတ်ပေး ထားရတယ်။ သူ သဘာဝကျကျ ရှင်သန်ဖို့ နှစ်အနည်းငယ်တော့ လိုမယ့် သဘောပါပဲ။
အရာခပ်သိမ်းဟာ ဒီသဘောအတိုင်းပဲလေလား။



တီဗီ နှစ်လုံးကြည့်


ကမ်းလက် shared Shin Thitsar's post.
တီဗီ နှစ်လုံးကြည့်
သမတ - မိဘပြည်သူများခဗျား
ချစ်ကောင်း - အိုးး သွားစမ်းပါ မာယာတွေ ရိုးနေပြီကွာ
သမတ - ကျနော်တို့ အစိုးသစ်ဟာဆိုရင်ဖြင့်
ချစ်ကောင်း - ကြုံလာတဲ့ အစိုးရတိုင်းဟာ
သမတ - စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကို
ချစ်ကောင်း - ဒါမျိုးတွေချည်းပဲကွာ
၂၀၁၅ - အမျိုးဘာသာ ထိန်းသိမ်းဖို့ ကြံ့ခိုင်ရေးကို မဲပေးစို့
ချစ်ကောင်း - မာယာဟာ တကယ်ကို များတဲ့ လောကကြီး
သမတ - ကျော်တို အစိုးရဟာ
ချစ်ကောင်း - ဘယ်သူဟာ ဟန်ဆောင်ကောင်းလဲ သိပြီဟေ့
သမတ - နောက်သက်တမ်းအတွင်းမှ ဆင်းရဲမွဲတေမှုတွေကို ...
ချစ်ကောင်း - တစ်သက်လုံး ဟန်ဆောင်စမ်း ...
(ကဲ ကျန်တာအားလုံး ပိုးပိုး ခညားဆက်ပြော၊ ဖြစ်လာတဲ့ ပြဿနာ ချစ်ကောင်းရှင်းလိမ့်မယ်) Firefly Fireflyfly
 

နှစ်ကူးပုံပြင်


ရှေးသရောအခါ (အမည်မဖော်လိုသော ဘောင်းဘီဝတ်) လူတစ်စုရှိလေ သည်။ တစ်နေ့ထက်တစ်နေ့ အသက်မွေးဝမ်းကြောင်းဖို့ အခက်ပိုတွေ့တွေ့ လာရသောအခါ ဘာလုပ်ကြရင်ကောင်းမလဲဟု သူတို့ ခေါင်းချင်းဆိုင်ဆွေးနွေး ကြတော့သည်။
လူကြီးလူကောင်းများလို ခေါင်းပေါင်းစ၊ ပုဆိုး၊ တိုက်ပုံ၊ ညှပ်ဖိနပ်များ ပြောင်းလဲ ဝတ်ဆင်လိုက်လျင် လူအများက လေးစားကြည်ညိုလာလိမ့်မည်၊ ထိုအခါ အ သက်မွေးဝမ်းကြောင်းဖို့လည်း လွယ်ကူသွားနိုင်သည်၊ ထိုကြောင့် အဝတ် အစား ပြောင်းလဲဝတ်ဆင်ကြရမည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့အတွေး မှန်သွားလေသည်။ သူတို့ အဝတ်အစား ပြောင်းလဲ ဝတ်ဆင် ကြသောအခါ လူအများက လေးစားကြည်ညိုလာပြီး သူတို့အတွက် အသက်မွေးဝမ်းကြောင်းဖို့လည်း လွယ်ကူသွားတော့သည်။

ထိုအခါ ထိုလူတစ်စုခေါင်းဆောင်က
"ကိုယ်ကျင့်တရားအားဖြင့် လူကြီးလူကောင်းမဖြစ်သေးဘဲ လူကြီးလူကောင်း များလို အဝတ်အစားပြောင်းလဲဝတ်ကာမျှဖြင့်ပင် လူထုက ဤမျှ လေးစား ကြည်ညိုလာကြသည်။ ကိုယ်ကျင့်တရားအားဖြင့်ပါ လူကြီးလူကောင်းဖြစ်လာ ပါက ဆိုဖွယ်ပင် ရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် ယနေ့မှစ၍ ကိုယ်ကျင့်တရား အားဖြင့်လည်း လူကြီးလူကောင်းဖြစ်လာရန် ကြိုးစားကြရမည်"
ဟု ဆိုလေသည်။ ဆိုသည့်အတိုင်း ပြောင်းလဲပြင်ဆင်လာကြရာ နောက်ဆုံး အဝတ်အစား အားဖြင့်ရော ကိုယ်ကျင့်တရားအားဖြင့်ပါ လူကြီးလူကောင်း များ ဖြစ်သွားကြလေတော့သတည်း။

စကားချပ်။ ။ ဓမ္မပဒဝတ္ထုကို မှီငြမ်းထားသောပုံပြင်ဖြစ်သဖြင့် တကယ်ဖြစ်လာ၊ မလာကိစ္စက ပုံပြောသူနှင့် လုံးဝမသက်ဆိုင်ပါကြောင်း၊ ထို့အပြင် ယခု ပုံပြောသူသည် မဲပေးခွင့်ရှိသူလည်း မဟုတ်ပါကြောင်း။

ကျောင်းက (Youth Group) အဖွဲ့က မဆီမဆိုင် ဝိနည်းသိက္ခာပုဒ်တွေ ဖတ်ပြီး ဆွေးနွေးနေကြသတဲ့


ခေါင်းဆောင်က ဥက္ကဋ္ဌသမီး မေဓါ။
ပါစိတ်ပါဠိတော် အင်္ဂလိပ်ပြန်ကိုရောက်နေကြပြီ။ ရဟန်း မြေမတူးရတွေကို ရောက်နေပြီ။ ကလေးတစ်ယောက်မေးခွန်းကိုတော့ သူမနိုင်လို့ ဖော်ဝါ့ဒ်လုပ်လိုက်တယ်။
အားလုံး ဒုဗ္ဘိက္ခန္တရကပ်ဆိုက်နေချိန်မျိုးမှာတောင် ရဟန်းက မြေမတူး၊ စိုက်ပျိုးရေး မလုပ်လား တဲ့။

လောကဝဇ္ဇ (သဘာဝအရ အပြစ်)
ပဏ္ဏတ္တိဝဇ္စ (ပညတ်ချက်ကြောင့်သာ ဖြစ်ရတဲ့အပြစ်) ကို ရှင်းပြပြီး
သိက္ခာပုဒ် တစ်ခုတည်းပေမဲ့ ရဟန်တစ်းပါးချင်းဆီမှာ ဆုံးဖြတ် လုပ်ဆောင် ချက်တွေ တူနိုင်မယ်မဟုတ်ကြောင်း....
ဘာဖြစ်ဖြစ် သိက္ခာပုဒ်မပေါက်စေရဆိုတဲ့ ရဟန်းတွေရှိကြောင်း... (ဝိနယာဓိက)၊
အငတ်ဘေးကနေ လူအများစုကို အတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင် မယ်ဆိုရင် အာပတ်ငယ်ကို နောက်မှ ဖြေယူမယ်ဆိုတဲ့ ရဟန်းတွေလည်း ရှိနိုင်ကြောင်း.... (ကရုဏာဓိက)
မိမိကိုယ်တိုင်အတွက် အစာရေစာရဖို့ဆိုရင်တော့ မသင့်တော်လှကြောင်း...
ဝိနည်းလည်းမလွတ် ခေတ်နဲ့လည်း မကွာဟလှအောင် အဖြေပေးလိုက်ရပါ တယ်။
ဒီထက် ကောင်းတဲ့အဖြေများရှိကြရင် သာသနာဝိုင်းပြုကြပါဦး။ ဝိနည်း ငါးကျမ်း အကုန်ဖတ်သွား၊ ဆွေးနွေးသွားကြမှာ တဲ့။

အိန္ဒိယရဲ့ နိုင်ငံရေးမဟာဗျူဟာကို ချမှတ်သွားသူက ဝန်ကြီးကောဋိလ တဲ့


မောရိယမင်းဆက်နဲ့ပတ်သက်လို့ အသောကအကြောင်းပဲ ပါဠိစာပေမှာတွေ့ရတယ်။ ကစ်ဆင်းဂျားစာအုပ်ထဲမှာတော့ ဝန်ကြီးကောဋိလျ (Kautilya) အကြောင်း အသေးစိတ်ရေးထားတာတွေ့ရတယ်။ မောရိယမင်းဆက်အောက်က အိန္ဒိယရဲ့ နိုင်ငံရေးမဟာဗျူဟာကို ချမှတ်သွားသူက ဝန်ကြီးကောဋိလ တဲ့။ သူ့ နိုင်ငံရေးမဟာဗျူဟာကို ဥရော ဝက်စ်ဖလီယံနဲ့တောင် ကစ်ဆင်းဂျားက နှိုင်းယှဉ်ပြသွားတယ်။

ဘီစီ လေးရာစုက ကောဋိလျရဲ့ မဟာဗျူဟာတဲ့။




ရသေ့၊ ရဟန်း၊ လှည်းကုန်သည်၊ နယ်လှည့်ဈေးသည်၊ မျက်လှည့်လက်လှည်၊ ခြေသလုံးအိမ်တိုင်၊ ဗေဒင်ဆရာတွေကနေတဆင့် နားလည်မှုတွေလွဲ၊ ရန်တွေဖြစ်ကြအောင် အိမ်နီးချင်းနိုင်ငံတွေကြား ကောလာဟလတွေ ဖြန့်ရမယ်။ သူတို့ချင်း တိုက်ခိုက်၊ မောပန်းလာမှ ဝင်တိုက်၊ အနိုင်ယူ တဲ့။

ဖေ့ဘုတ်မှ လာသော သင်္ကြန် သတင်းလွှာ


ကမ်းလက် shared BrainWave ဉာဏ်လှိုင်း's post.
 


ဖေ့ဘုတ်မှ လာသော သင်္ကြန် သတင်းလွှာ
============================
မိန်းကလေးများ ပွင့်လင်းမြင်သာမှု အတော်ရှိသည်ဟု သိရသည်။
.
ဦးပိန်တံတားကြီးလည်း ကျိုးကျမည့် အန္တရာယ်များ မြင်တွေ့ရသည်။
.
တရုတ်လေယာဉ်မယ်များပင် ခရီးသည်များကို လေယာဉ်ပေါ်တွင် သင်္ကြန်အက နှင့် ဖျော်ဖြေသည်ကို တွေ့ရသည်။
.
‘အသာနေကြသူများ အသေနာကြမည်’ ဟူသော ဆောင်ပုဒ်လည်း ဖတ်ရ၏။
.
မန်းလေးသားများက သင်္ကြန်ကို ပြည့်ရှင်မင်းက လိပ်စီးပြီး တိုင်းခန်းလှည့်လည်ဟန်ဖြင့် ရေပက်ခံထွက်ပြီး လက်ရှိအခြေအနေကို သရော်ခဲ့သည်ကိုလည်း မြင်ရ၏။ (ပုံပါ)
.
တောင်ကြီးမြို့တွင် Law and Order ဟူသော အဖွဲ့ကို မဘသ ကိုယ်တော်များက မင်းကွန်းကျောင်းမှာ တရားဝင်ဖွဲ့စည်းပြီးကြောင်း သိရသည်။ (ပုံတွင်ရှု)၊ မည်သူ၏ အမိန့်ဖြင့် ယခုကဲ့သို့ ယူနီဖေါင်းဝတ်များ ထွက်ပေါ်လာသည်ကို စောင့်ကြည့်ရပေမည်။
.
အလုံမြို့နယ်ရှိ မဏ္ကပ်တခုသည် “မိဘပြည်သူများ ခံဗျာ’ ဟု အမည်ပေးထားသည်ကို မြင်တွေ့ရသည်။
.
စိတ်မကောင်းစရာတခုက မန်းရွှေစက်တော် တွင် လူအချို့က သင်္ကန်းများ ၀တ်ဆင်၍ သရုပ်ပျက်အကများဖြင့် လမ်းပေါ်တွင် ထွက်ကကြနေသည့် မြင်ကွင်းပင်။ (ပုံပါ)
.
ဟသာင်္တမြို့တွင် မိုးသက်လေပြင်းကျ၍ မဏ္ကပ်အချို့ ပျက်ဆီးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
.
ကြေးမုံသတင်းစာက အစိုးရတပ်များမှ လောက်ကိုင်ရှိ မဟာဗျူဟာကျသော နေရာ (၂၀) ကို သိမ်းပိုက်ရရှိခဲ့တယ်ဆိုတာကို ဖေါ်ပြထားတာလည်း ဖတ်ရပါတယ်။
.
ကင်္ကြန်အတွင်း ကလေးငယ် အတော်များများ သူများပျော်သလို မပျော်နိုင်ပဲ ၀မ်းရေးအတွက် ရုန်းကန်နေကြရတာကို စိတ်မကောင်းဘွယ် တွေ့ရပါတယ်။ UNICEF မှ ၂၀၀၆ ခုနှစ်မှာ နောက်ဆုံး ကောက်ခံရရှိတဲ့ စာရင်းဇယားများအရ အသက် (၇) နှစ် မှ (၁၃) နှစ် အရွယ် ကလေးများအနက် ၃၃% မှာ အလုပ်လုပ်နေကြရဟု သိရပါတယ်။
.
မတ်လ (၃၁) ရက်နေ့က ကုန်ဆုံးသွားတဲ့ ဘဏ္ကာရေးနှစ်မှာ ပြည်ပပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁.၄၅ ဘီလီယံ ဖြစ်ပြီး သွင်းကုန် တန်ဘိုးမှာ ၁၆.၃၄ ဘီလီယံရှိတဲ့အတွက် ကုန်သွယ်ရေး လိုငွေပြမှု ၄.၉ ဘီလီယံ ရှိတယ်လို့ မြန်မာ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားများအရ သိရပါတယ်။
.
အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ၊
.
HSW

သင်္ကြန်သည် ယဉ်ကျေးမှုသာဖြစ်သည်

ကမ္ဘာ့အရှည်ဆုံး ပုံပြော တီဗွီ ရှိုး

တစ်ထောင့်တစ်ည ပုံပြင်များ ဒဏ္ဍာရီထဲ နေရစ်ခဲ့ပြီ။ နီပေါလူမျိုး၊ အမေရိ ကနေ အသက် ၃၆ နှစ်ရှိ RabiLamichhane ဆိုသူက ဘုရားရှင်နီပေါမှာ မွေး ဖွားသည်" the Lord Buddh Was Born In Nepal " ဆိုသည့် ခေါင်းစဉ်ဖြင့် ခတ္တမန္ဒု တီဗွီ အစီအစဉ်မှာ ပြောသွားရာ ၆၂ နာရီ၊ ၁၂ မိနစ် ကြာခဲ့သည်။ သူမတိုင်မီ အရှည်ဆုံး စကားပြော တီဗွီ ရှိုးက ၅၂ နာရီကြာပြီး ယူကရိန်း လူ မျိုး တင်ခဲ့သော စံချိန်ဖြစ်သည်။ ယခုနေပါလီ (နီပေါလူမျိုး) က ယင်းစံချိန်ကို ချုးလိုက်ခြင်း ဖြစ်သည်။ ပြောသူရော ထုတ်လွှင့်ပေးသည့် တီဗွီလိုင်းကိုပါ ချီးကြူးရပေလိမ့်မည်။

သင်္ကြန်သည် ယဉ်ကျေးမှုသာဖြစ်သည်

ပါဠိအားသန်သော ပညာရှင်တို့က သင်္ကြန်သည် သင်္ကန္တဆိုသည့် ပါဠိမှ ဆင်း သက်သည်ဟု တညီတညွတ်ဆိုကြ၏။ စိတ်ဝင်စားစရာက ထိုင်းနှင့် မြန်မာတို့ မှာ ယဉ်ကျေးမှုတူနေခြင်းသာမက အခေါ်အဝေါ်ပါဆင်နေလေသည်။ သူတို့က Songkara ဟု ခေါ်သည်ဆို၏။ မြန်မာတို့ ပါဠိသံဖလယ်သည့် နည်း အတိုင်းဆိုလျင် သွန်ကရ ဖြစ်မည်။ (Sasana ကို မြန်မာတို့က သာသနာဟု အသံထွက်သည်ကိုထောက် )။ ကရ ကို မြန်မာမှုဆက်ပြုလျင် ကြ ဖြစ်မည်။ သို့ဆိုလျင် သွန်ကြဟု ဆိုနိုင်၏။ ( ပါဠိသက်ဝေါဟာရကို ပြောရာ၊ ရေးရာ၌ ရခိုင်လူမျိုးက ပို၍ စနစ်ကျ၊ မူရင်းကျသည် )


ရေကစားခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ရာ၌ နှစ်ဟောင်းက အညစ်အကြေး များကို သန့်ရှင်းစင်ကြယ်စေခြင်းဟု ဆိုကြသည်။ ထို့ကြောင့် ဤရေက စားခြင်းယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာထက် ဗြဟ္မဏဝါဒနှင့် ပို၍နွှယ်သွားေ လတော့သည်။
တချို့က ဆဒ္ဒန်ဆင်မင်းဇာတ် စတာတွေကို ကိုးကားပြီး ရေကစားခြင်းကို ပင် ထေရဝါဒ အဆုံးအမထဲ မရ အရ ထည့်သွင်းဖို့ ကြိုးစားကြသည်။ မသင့် လှဟုထင်သည်။ ယဉ်ကျေးမှုအနေဖြင့်သာ ရှိသင့်၏။

ထေရဝါဒ အဆုံးအမက စိတ်အညစ်အကြေးကို ရေဖြင့်ဆေးရသည်ဟု မဆို၊ စိတ်ဖြင့်သာ ဆေးရမည်ဟု ဆို၏။ သိုသော် ဗြဟ္မဏဝါဒက ဤယုံကြည်မှုရှိ သည်။ ဂင်္ဂါမြစ်ရေကို ဟိုးလီးဝါတားဟုဆိုကာ ရေချိုးပွဲတော်လည်း ကျင်းပကြ သည်။
အားနာစရာတော့ အနည်းငယ်ကောင်းသည်။
"မကောင်းမှုတွေ စင်ကြယ် ဖို့ ရေဖြင့်ဆေးလို့ရသည်ဆိုလျင် ရေဖြင့်ဆေး ခိုက် ကောင်းမှုတွေလည်း ရေနှင့်အတူ ပါသွားပေလိမ့်မည် "
ဘုရားရှင်က မှတ်သားဖွယ်၊ ပြုံးချင်စဖွယ် မိန့်ဖူးသည်။
မည်သို့ဆိုစေ ရေသည်လည်ကောင်း၊ နှစ်ဟောင်းက အညစ်အကြေးများကို သန့်ရှင်းစင်ကြယ်ခြင်းည်လည်ကောင်း မွန်မြတ်သော အစဉ်အလာသာ ဖြစ် ပါ၏။

ယဉ်ကျေးမှုနှင့် ဘာသာတရားကို လေးစားသော ရှေးရှေး ရဟန်း၊ လူ ပညာ ရှင် သူတော်ကောင်းတိုက ဗြဟ္မဏဝါဒမှ ခွာထွက်ရန် ဆင်းတုတော်များ ရေ သပ္ပါယ်ခြင်း၊ သက်ကြီးရွယ်အိုတို့ကို ရေချိုး၊ ခေါင်းလျှော်ပေးခြင် စသည့် ကု သိုလ်အမှုတို့ကို ကြိုးစားမိတ်ဆက်ပေးခဲ့ကြ၏။ သို့သော် အတိုင်းအတာ တစ် ခုလောက်အထိသာ အောင်မြင်သည်ဟု မှတ်ယူရပေတော့မည်။

သမိုင်းအတိအကျ ညွှန်မရလောက်အောင် ရှေးကျသော ဤယဉ်ကျေးမှု ကို ဝေဖန်လိုမှုမဟုတ်ဘဲ ထေရဝါဒအဆုံးအမနှင့် တော့ နှီးနွှယ်နေခြင်းမရှိဟု ထင်မြင်မိရုံမျှသာဖြစ်သည်။ ယဉ်ကျေးမှုအနေနှင့် ရန်မဖြစ်ကြသေးသရွေ့၊ အသေအပျောက် မရိုသေးသရွေ့ ကောင်းမွန်သော ယဉ်ကျေးမှုဖြစ်ပါ၏။



သီဟနာဒ  
15/04/2013

သူတို့ဟာကလည်း ခြောက်ပွင့်ဆိုင်ရယ်လို့


အရေးကြီးတဲ့ကိစ္စတွေ ကို ဆွေးနွေးတာကတော့ ထားပါတော့။ ဆုံးဖြတ်ရတော့မယ်ဆိုရင် မ ဂဏန်းနဲ့မှ ပိုအဆင်ပြေမှာပေါ့။ ဆိုပါတော့ ခြောက်ပွင့်ဆိုင်မှာ ထောက်ခံမဲ ၃၊ ကန့်ကွက်မဲ ၃ ဆို ဘယ်လို လုပ်ကြမလဲ။ အခုခြောက်ပွင့်က အဲသလောက်တော့ အကြိတ်အနယ်ရှိမှာ မဟုတ်ဘူးပေါ့။ အပျင်းပြေ၊ ဖိအားပြေရုံ ကောက်တွေ့လိုက်တာတော့ မဟုတ်လောက်ဘူးထင်ရတာပဲ။
ခုံဝေးဝေးထားတာကတော့ ကောင်းပါတယ်၊ တံတွေး မစင်တာပေါ့။ အီးလိုတွေလည်း ညှပ်ညှပ်ပြီး မှုတ်ကြမှာဆိုတော့လေ။

မိနစ်ပိုင်းလေးမီးပျက်သွားလို့


စင်္ကာပူရောက်စက ဂျူးရောင်း ဝက်စ်မှာ မိနစ်ပိုင်းလေးမီးပျက်သွားလို့ ဝန်ကြီးချုပ် ဂိုချောက်ထောင်ကြီး မီဒီယာကနေ တောင်းပန်ယူရတယ်။ သနားပါတယ်။
ကွန်ပလိန်းတွေကလည်း မီးခဏပျက်တာဆိုပေမဲ့ အဲဒီခဏလေးအတွင်းမှာ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေ ဖြစ်သွားနိုင်တယ်တို့၊ ဘာတို့ စုံနေတာပဲ။ (ကလေးတွေလို ရီလိုက်မယ် ခ်ခ်ခ်)

How a man can be a man without his head?


How a man can be a man without his head?
ရောမကားထဲက အမူးသမားကြီး ဆိုနေတဲ့ သီချင်း။

ဓမ္မဘေရီ ဆရာတော်ကြီးရဲ့ အဝေးရောက်လက်ဆောင်


စာမျက်နှာ ၅၆၈ ပါတယ်။
ကျေးဇူးပါဘုရား။ လာပို့ပေးတဲ့ မစိုးမိုးရောပေါ့။


ဆာလောင်ငတ်မွတ်ခြင်းက အကြီးမားဆုံးရောဂါ။ (ဓမ္မပဒ)


၁။ ရောဂါဘယကင်းခြင်းက လာဘ်ကြီးတစ်ပါး။
၂။ ဆာလောင်ငတ်မွတ်ခြင်းက အကြီးမားဆုံးရောဂါ။ (ဓမ္မပဒ)

"၁" ကို အရွယ်ကောင်း၊ ကျန်းမာရေးကောင်းသူတွေက အပြည့်အဝ နားမလည်တတ်ကြဘူး။
"၂" ကို ချမ်းသာတဲ့နိုင်ငံတွေ၊ သက်တောင့်သက်သာ ဘဝရှိသူတွေက အပြည့်အဝ နားမလည်တတ်ကြဘူး။
(လွန်ခဲ့တဲ့တနင်္ဂနွေက ဆန်းဒေးဓမ္မကလပ်မှာ ပြောဖြစ်တဲ့စကားလေးပါ)

စာဖတ်သူအသံ


တချို့ဟာတွေကို လိုက်ခ်လို့သာ လိုက်ခ်ရတာ။ နားမလည်ဘူး။
မက်ဆင်းဂျားဆိုလည်း ဟုတ်သေး၊ ခုဟာက ကစ်ဆင်းဂျားရယ်လို့။ ဘယ်နှာကြီးပါလိမ့်။

မန်ယူ ၄ မန်စီးတီး ၂


When noisy neighbors keep quiet, it means the Champions are sinking deeper and deeper.
မန်ယူ ၄ မန်စီးတီး ၂။

"ခွင့်လွှတ်ပါဘုရား၊ သင်္ကြန်မို့ ပျော်လို့ပါ"


၂၀၀၈ ခုနှစ် သင်္ကြန်မှာပေါ့။ ရဲကားကလည်း ရွှေဝါရောင်ဂယက်နဲ့ဆိုတော့ မြန်မာလူမျိုး ၁၀ ယောက်ေ လာက်စုနေရင် ရောက်လာတတ်တဲ့အချိန်။ သင်္ကြန်စတုဒီသာကနေတဆင့် ဒေါ်စုပုံ ပိုစတာကြီးကောက်တင်လိုက်တော့ ရဲကရောက်လာရော၊ ကော်မတီနဲ့ စကားပြော၊ ချက်ချင်း အဖြုတ်ခိုင်းရတယ်။ ညနေရောက်လို့ အားလုံးရှင်းလင်းသွားပြီဆိုတော့မှ ကျောင်းဝင်းအတွင်းနဲ့ ဝန်းကျင်ကိုလိုက်ကြည့်ပြီး ရှင်းစရာရှိတာတွေ ထပ်အရှင်းခိုင်းရတယ်။
၈ နာရီလောက်မှာတော့ အားလုံးလည်းရှင်း၊ လူလည်းရှင်းပေါ့။ စိုးရိမ်တာက အရက်သောက်တာကိုမဟုတ်ဘူး၊ အရက်သောက်၊ အမူးလွန်ပြီး မထိမ်း မသိမ်းနိုင်ဖြစ်မှာကိုပါ။ ကလေးတွေပဲ နှစ်သစ်ကူးရက်မှာ သောက်ချင်မှာပေါ့ဆိုပြီး စည်းကမ်းထုတ်ပြီး မပိတ်ပင်ပါဘူး။
ပြောချင်တာက ၈ နာရီမှာ လူမှန်းမသိလောက်အောင်မူးနေတာက လူငယ် မဟုတ်ဘဲ လူကြီးဖြစ်နေတယ်။ (ရွှေမြန်မာထဲမှာတော့ ဒကာကြီး ဒေါက်တာ ခင်မောင်လတ်ရဲ့ အရွယ်လို့ ရေးခဲ့တယ်)
ခဏနေတော့မှ သူ့ မျက်လုံးတွေပွတ်ပြီး
"ခွင့်လွှတ်ပါဘုရား၊ သင်္ကြန်မို့ ပျော်လို့ပါ" ဆိုပြီး ထွက်သွားလေရဲ့။

ခေါင်းစဉ်မရှိတဲ့အကြောင်းအရာ (လူအိမ်)


ရွှေမြန်မာထဲက ကဗျာဆရာလူအိမ်ရဲ့ ကဗျာရှည်တစ်ပုဒ်ပါ။ သဘောကျလို့ အယ်ဒီတာချုပ်ကနေတဆင့် ဒေါ်လာ ၅၀ ဆုချဖူးပါတယ်။

ခေါင်းစဉ်မရှိတဲ့အကြောင်းအရာ

(၁)

အဲဒီလူ
တွေ့တိုင်းသစ်ရမယ်ပြောတယ်
ဘာသစ်လို့သူမပြော
သစ်အကြောင်းလည်းသိပုံမပေါ်
ဆိုပါတော့
မျက်နှာသစ်ဖို့ ရေဘယ်လောက်အရေးကြီးတယ်
သိပုံမပေါ်ဘူး။
အင်္ကျီသစ် ဘောင်းဘီသစ်
တီရှပ်သစ် မတတ်နိုင်
ဆူးလေထောင့်မှာ
အထုပ်ဖြေစောင့်နေသူတွေရှိတယ်
သိပုံမပေါ်ဘူး။
အူကြောင်ကြောင်မှ တကယ့်အူကြောင်ကြောင်
ဘယ်သူကသူ့ကိုဆာဘွဲ့ပေးလိုက်တယ်
ငါလည်းအသေအချာမသိ
ဘ၀အကြောင်းပဲ
မကောင်းလည်းမတတ်နိုင်
အဟောင်း အသစ်ပြန်ပြုရုံ
ဆေးသုတ်ထားတဲ့ဖိနပ်
ဝယ်စီးနေသူတွေရှိတယ်
သိပုံမပေါ်ဘူး။
မယားငယ် လင်ငယ်ဇာတ်နှယ်
ဒုတိယလူသားဟာ
သူများအကျ
ဒုတိယမယားကို မရရုံတမည်
သုံးဆယ့်သုံး သုံးဆယ့်လေးနဲ့
မဟာဗန္ဓုလတစ်ဝိုက်မှာ
အပေါ်စက် အောက်စက်
အ၀တ်လျှော်စက် ကက်ဆက်
လေအေးစက် ကွန်တိန်နာကျ
ဂျပန်အမှိုက်တွေရှိတယ်
အသစ်ထက်စာ
သူလေးကဈေးချိုတော့
ဝယ်သုံးသူသုံးနေရ
သူ သိပုံမပေါ်ဘူး။
မဖတ်ရသေးတဲ့စာအုပ်ဟာ အသစ်
လက်ခံထိုက်ရဲ့
ခုမှရောက်တာ သုံးထားတာတော့ကြာပြီ
အဲဒီလိုပုံနှိပ်စက်မျိုး ယာဉ်မျိုးတွေရှိတယ်
သိပုံမပေါ်ဘူး။

(၂)
တော်လှန်သော မောစကိုဆီ
အတွင်းခံဘောင်းဘီ ၃ ထည်နဲ့
အီလီယာအာရင်ဘတ်ရောက်လာတယ်
မီးခြစ်တစ်ဆံနဲ့ရတယ်
လက်ဘက်ရည်ဆိုင်က
သကြားမရှိလို့ ပျားရည်နဲ့ဖျော်တယ်
စာရေးဖို့ စက္ကူမရှိ
အားလုံးဟာ ခွဲတမ်း
ဘောင်းဘီရှည်တစ်ထည်ရဖို့ ၆ လ
စောင့်ရတယ်
လူ ၃ ယောက်တိုင်းမှာ
၂ ယောက်ဟာ စာမတတ်
ငါတို့ဟာ
၁၉၂၀ တစ်ဝိုက်ကရုရှားတွေ
သူသိပုံမပေါ်ဘူး။
ကုမ္ပဏီကိုတော့
သေနတ်နဲ့သွားပစ်လို့ ဘယ်ရမလဲ
ရှိတာအကုန်ရောင်း
အကြံအဖန်သမားရဲ့ ကားအပျက်ဝယ်
စခန်းအလီလီ
အငတ်ဘေးအလီလီဖြတ်
အိုကလာဟိုးမားမှသည်
ကယ်လီဖိုးနီးယားပြည်နယ်အရောက်
စပျစ်သီးခူး ချီတက်ရ
ဂျွန်စတိန်းဘတ်ရဲ့ အုတ်ကီးတွေ
သူသိပုံမပေါ်ဘူး။
အမှောင်ခေတ်က ချစ်သူတွေပဲ
အမြဲစိုးထိတ်နေရ
ငါတို့ဟာ အက်စသာတွေ
ငါတို့ဟာပေါလ်တွေ
သူသိပုံမပေါ်ဘူး။
ဒုတိယကမ္ဘာစစ်ကြီးဟာ
ဥရောပမှာ ပြီးသွားတယ်
ငါတို့အတွက်တော့ မပြီးသေး
နေရာတကာ ဂတ်စတာပိုတွေ ရှိနေတုန်းပဲ
အောရှဝပ်တွေ ရှိနေတုန်းပဲ
ငါတို့ဟာ ဂတ်တိုထဲကကောင်တွေ
ပိုလန်ဂျူးတွေ
‘တာဝန်မကျေဘူးဆို
ငါ့လက်ထဲကသေနတ်နဲ့
ငါ့ကို လက်စားချေလိုက်ပါ ရဲဘော်ရယ်’
ကြေကွဲဖွယ်မြို့ရိုးမှာ ကမ္ပည်းထိုးဖို့
ကြိုးစားနေသူတွေ
ကန္တာရမှာ
ကျောက်ကိုမြေဖြစ်အောင် ထွန်ယက်နေသူတွေ
သူသိပုံမပေါ်ဘူး။

(၃)
ငယ်ငယ်တုန်းက စိန်ပြေးတမ်းကစားတယ်
ကြီးလာတော့ အိမ်ပြေးတမ်းကစားတယ်
အိမ်ထောင်သက် ၂၀
အိမ်ပြောင်းရတာ အကြိမ် ၄၀ မကတော့
လူမှန်းသိတတ်စမှသည် သေသည်အထိ
တစ်ဝမ်းတစ်ခါးထက်
ကျောတစ်ပြားစာကိုပူရ
ငါတို့ဟာ ‘ဘစ္ဆ၀ပ်’တွေ
‘ထရီနီဒက်’ က ကြံစိုက်သမားတွေ
စာသင်ခန်းဆီသွားမယ့်အစား
အလုပ်စခန်းဆီသွားရ
ဘွဲ့နှင်းသဘင်တက်မည့်အစား
ကြိုးစင်ပေါ်တက်ရ
ငါတို့ဟာ
‘ ပိုပေါ့’ ရဲ့ သုညကာလ ကမ္ဘောဒီးယားတွေ
သူသိပုံမပေါ်ဘူး။
ပထမ ‘ဂိုဒေါ့’ ကိုစောင့်တာ
ခု အာရင်ဘတ်က သူ့ဂုရု
ဒါပေမယ့်
အာရင်ဘတ်ကို ခွေးနဲ့ရှူးတိုက် မခံရဖူးဘူး
အတွင်းခံမပါ
ကုတ်အင်္ကျီရှည်ကြီး ကိုယ်ပေါ်စွပ်
နေ့ပေါင်းများစွာ မနေဖူးဘူး
ဆားလှေကြီး ၀မ်းဗိုက်ခို
ပင်လယ်ကိုမဖြတ်ဖူးဘူး
မုန်တိုင်းနဲ့ မသတ်ဖူးဘူး
‘ကောင်းကင်ကြီး ဦးထုတ်ချွတ်တော့
ကျုပ်လာပြီ’
မာယာကော့စတီးလို
ကိုယ့်နားထင်ကိုယ်သေနတ်နဲ့ တေ့မဖြတ်ဖူးဘူး
‘အလုပ်စခန်း မီးပုံနဘေး
စာအုပ်တစ်အုပ်ကိုင်
ဘ၀ကို အဆုံးသတ်ရပေါ့
အိုး.. ဆစ်မင်ဒယ်စတန်း’
လူမဟုတ်သူများနှင့် အတူနေထိုင်ရန်
ငါငြင်းဆန်သည်
မာရီနာလေ စစ်ပြေးရင်း
ကိုယ့်ကိုယ်ကိုယ် အပြတ်ရှင်းလိုက်သတဲ့
လုပ်ငန်းခွင်အန္တရာယ်ပဲလား
ဘ၀ရဲ့အအောင်မြင်ဆုံးအချိန်
ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်ပေါ့
‘ယက်ဆိနင်’
(၄)
နိုးထသင့်ချိန်
အိပ်ပျော်နေသူ လူပျင်းပဲ
ပန်းတစ်သောင်းအတွက်
လမ်းပြောင်းသင့် ပြောင်းရမှာပေါ့
ပြက္ခဒိန်အသစ်ပြောင်းသလို
အရေပြားအသစ်လဲသင့် လဲရမှာပေါ့
လိုအပ်လာရင်
ကောင်းကင်ကိုဆေးချယ်သင့်ခြယ်ရမှာပေါ့
အခုကြေငြာရင်ကြေငြာ
မကြေငြာရင်
စိတ်ကူးထဲကနိုင်ငံသစ်ဟာ
ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ဘူး
ငါတို့ဟာ ဂျိမ်းဝိုက်ဇမန်းတွေ
ဒေးဗစ်ဘင်ဂူရီယန်တွေ
ဂိုလ်ဒါမေယာတွေ
ထပ်ပြောမယ်
ဗေဒါတကယ်ကျပ်လာပြီဆို
ဘယ်သူမှ လှေပေါ်ထိုင်နေလို့ မရတော့ဘူး။

လူအိမ်

If there is no aliens


ကမ်းလက် shared Renaud Margry's video.
If there is no aliens in that huge thing...
 


If there is no aliens in that huge thing...
Posted by Renaud Margry on Tuesday, February 24, 2015

အညစ်အကြေးတွေ ဆေးမယ့် သင်္ကြန်ရေ


ကမ်းလက် shared BrainWave ဉာဏ်လှိုင်း's photo.
အညစ်အကြေးတွေ ဆေးမယ့် သင်္ကြန်ရေ

 

"World Order"


"Order" ဆိုတဲ့စကားလုံးကလည်း ဘယ်လိုပဲဘာသာပြန်ပြန် တစ်ခုခု လိုနေ သလိုပဲ။ လက်ရှိအသုံးများနေတာတွေကတော့ အခင်းအကျဉ်း၊ အစီအမံ တို့ပေါ့။ "အစီအမံ" က ရုပ်သဘော နာမ်သဘောပါဝင်နေပေမဲ့ "အခင်းအကျဉ်း" ကတော့ ရုပ်ဖက်ကို နွှယ်လွန်းမယ်ထင်တယ်။
ဒီပြသနာက အိန္ဒိယနဲ့သီဟိုဠ်တို့မှာလည်း ရှိနေဟန်ပါ။ သူတို့က တစ်ခါတစ်ခါ "ပထ" (လမ်းစဉ်) လို့ သုံးတတ်ကြတယ်။ သူတို့ရဲ့လွှမ်းမိုးမှုလားတော့မသိဘူး၊ မြန်မာမှာလည်း "လမ်းစဉ်" ဆိုတဲ့စကား တော်တော်ခေတ်စားခဲ့တယ်။

သာမန်ဝါကျထဲက Order ကိုတော့ အဆင်ပြေသလို ဘာသာပြန်သွားလို့ ရ တာပေါ့။ ဒါပေမဲ့ စာအုပ်နာမည်ကကို "World Order" ဖြစ်နေတော့ ခက် သွားတယ်။ ဖြစ်နိုင်ရင်တော့ "လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော" လို့တောင် ခေါင်းစဉ်ပေးလိုက်ချင်ရဲ့။
အနီးစပ်ဆုံးကတော့ အစီအမံ ထင်ပါတယ်။

လူလားမမြောက်သေးတဲ့ အတွေးများ ၂၃ (အဆက်)


(စောနေလတ်)...

(၂)
ဟုတ်တယ်။ ကလေးတစ်ယောက်ဟာ သဲသောင်ခုံကို သူ့လက်ကလေးနဲ့ ယက်လိုက် ခဏနေငိုလိုက်၊ ငိုလို့ မောလို့ယက်လိုက်၊ ယက်လို့ ခဏနေတော့ နားပြီးငိုလိုက် ဖြစ်နေသတဲ့…။
ကလေးရဲ့ လက်ဖျားလေးတွေက သွေးစို့နေပြီး သူ့နှုတ်ခမ်းလေးတွေက လည်း ပြာနှမ်းနေသတဲ့။ ပြီးတော့ ငိုသာငိုနေတာ မျက်ရည်က မထွက်တော့ ဘူ။ သူ့ကို စောင့်ကြည့်နေသူ နောက်တစ်ယောက်ရှိသေးတယ်။ သူက မိုး နတ်မင်းကြီး။
ကြာတော့ မိုးနတ်မင်းကြီး မနေနိုင်တော့ဘူး။ မျက်စိတွေပြာဝေသွားလောက် တဲ့ အလင်းတန်းကြီးနဲ့အတူ ကလေးရဲ့ ရှေ့မှောက်ကို “၀ုန်း” ကနဲ သူ ထိုး ဆင်းလိုက်တယ်။
ချက်ချင်း ကလေးလေးက လန့်သွားတယ်။ ပြီးတော့ အားကိုးတကြီးနဲ့ မော့ ကြည့်ရှာတယ်။ မပီမသ တိုးတိုးလေး လည်း ရွတ်လိုက်သတဲ့။
“ Water, Water”
“ဟဲ့ ကလေး၊ မင်းဘာလုပ်နေတာလဲ”
“လက်ယက်တွင်းတူးပြီး ရေရှာနေတာပါ”
“မင်း--ရေတွေ့ပြီလား”
“ကျနော့်နှုတ်ခမ်းတွေသာ ကြည့်ပါဗျာ”
မိုးနတ်မင်းကြီးက သူ့အိတ်ကပ်ထဲမှာပါလာတဲ့ နတ်သုဒ္ဓါတွေ ကလေးကိုပေး သတဲ့။ ကလေးကယူတော့ ယူတယ်။ ဒါပေမယ့် သူလိုချင်တာ ဒါမဟုတ် ဘူး။ ခြောက်သွေ့သွေ့ သူ့လျှာလေးနဲ့ အက်ကွဲနေတဲ့ သူ့နှုတ်ခမ်းကိုယက်ပြီး နတ်မင်းကြီးကို မော့ကြည့်လို့သာ နေလိုက်သတဲ့။
“ကဲ….မင်းရဲ့ ရေမထွက်တဲ့ လက်ယက်တွင်းကိုလည်း ဆက်မတူးနဲ့တော့။ ငိုလည်းငိုမနေနဲ့တော့။ မင်းလိုနေတဲ့ ရေရအောင် ငါလုပ်ပေးမယ်” လို့ ပြောပြီး အလင်းတန်းကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်။

အဲ…. ပြောဖို့မေ့နေခဲ့တယ်။ သူမပြန်ခင်မှာ ခြောက်သွေ့နေတဲ့ ကိုင်းပင်တွေ ရယ်၊ ပတ်ကြားအက်တွေနဲ့ ကမ္ဘာမြေရယ်ကို ကြည့်ပြီး ရွာမယ့်သာရွာရမှာ ကလေးရမှာက ပတ်ကြားအက်တစ်ခုထဲ ၀င်မယ့်ရေလောက်တောင် ရှိမှာ မဟုတ်ဘူးလို့လည်း တွေးရင်း သက်ပြင်းချသတဲ့။ မတတ်နိုင်ပါဘူးလေ။ ရွာတော့ရွာရမှာပဲလို့လည်း ထပ်တွေးပြန် သတဲ့။

(၃)

ဟုတ်တယ်။ စက္ကန့်အတွင်းလေးမှာကိုပဲ မိုးသားတွေ အလိပ်လိပ် တက်လာ တဲ့ပြီး မိုးတွေရွာချလိုက်တာ ပက်ကြားအက်တွေက မဆန့်တော့လို့ ပတ်ဝန်း ကျင် တစ်ခုလုံး ရေတွေ ဖွေးသွားတော့တာပဲ။
ကလေးလေးလည်း ပျော်ရွှင်လို့ပေါ့။ အခုမှပဲ သူရေ၀အောင် သောက်ရတော့ တယ်။ ရေသောက်ရုံတင် ဘယ်ဟုတ်ပါ့မလဲ။ ဘောင်းဘီတိုအစုတ်ကလေးနဲ့ မိုးရေတွေထဲမှာ ပြေးလွှားဆော့ကစားနေလိုက်တာ ဒီအပျော်တွေဟာ မိုးနတ် မင်းကြီးဆီကိုတောင်မှကူးစက်သွားပြီး အဲဒီကလေးနဲ့ မိုးရေချိုးရင်း ကစားချင် စိတ်တွေပေါက်ပေါက်လာလို့ မကောင်းပါဘူးလေ ဆိုပြီး သူ့ကိုယ်သူ ထိမ်းထားရသတဲ့။
ဒါပေမဲ့ မကြာပါဘူး။
ကိုင်းပင်တွေက စိမ်းစို၊ ပက်ကြားအက်တွေလည်း လျော့လျော့သွားပေမယ့်လို့ ရက်အနည်းငယ်ကြာတဲ့အခါမှာ ကလေးကတော့ ရေငတ်မြဲ ငတ်နေတော့ တာပဲတဲ့။
ဒီတော့ မိုးနတ်မင်းကြီးက စဉ်းစားတယ်။
ငါကလည်း မိုးနတ်မင်းဆိုတော့ မိုးရွာဖို့ပဲ လုပ်တတ်တယ်။ ငါရွာချလိုက်တဲ့ မိုးရေတွေကလည်း ကလေးလေး သောက်ရတာကလည်း နည်းနည်း၊ ကိုင်းပင်တွေနဲ့ ပါးစပ်ဟောင်းလောင်းပွင့်နေတဲ့ ကမ္ဘာမြေက သောက်သွား တာက များများ။ သူတို့သောက်လို့ ၀ပြီဆိုပြန်တော့လည်း အဲဒီရေတွေကို စည်းမရှိ၊ ကမ်းမရှိ မြစ်ထဲသွန်ချပစ်လိုက်ကြပြန်ရော။
တကယ်တမ်းရှိသင့်နေတာက ကလေးလေးသောက်ရေရဖို့ ရေကန်လေး တစ်ခု ကမ္ဘာမြေက ဆယ်တားပေးဖို့ ကောင်းတယ်။
ငါကိုယ်တိုင်ကလည်း မိုးနတ်မင်းဆိုတဲ့အတိုင်း မိုးသာရွာပေးတတ်တာ။ ရေ ကန်တူးတဲ့ နတ်မင်းမဟုတ်တော့ ရေကန်တူးမပေးနိုင်ဘူးဆိုပြီး ကလေးလေး ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေရှာသတဲ့။ စိတ်မကောင်းတာပဲ ရှိတယ်။ သူလည်း ဘာမှ လုပ်မပေးနိုင်တော့ဘူး။
ဒါနဲ့ပဲ…. စိတ်လေးလေးနဲ့ ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုပြီး ဥပေက္ခာပြုလို့ပဲ နေ လိုက်တော့သတဲ့။

(၄)

အဲဒီအချိန်ကစပြီး ကမ္ဘာမြေဟာ တစစပူလောင်လာလိုက်တာ ရေခဲတောင်ေ တွတောင် အရည်ပျော်ကျလာတဲ့ အထိပါပဲ။ နှောင်းပိုင်းသိပ္ပံပညာရှင်တွေ က တောတောင်ပြုန်းတီးမှု၊ အိုဇုန်းလွှာပေါက်ကွဲမှု စတဲ့ အကြောင်းတရားေ တွနဲ့ ဆွေးနွေးလို့နေကြသတဲ့။

(၅)

ဥပေက္ခာပြုတယ်ဆိုပေမယ့် စိတ်ကောင်းရှိတဲ့ မိုးနတ်မင်းကြီးကတော့ ကလေးလေးက ရေဆာလိုက်၊ မိုးတွေရွာချပေးလိုက်ပါပဲ။ ရွာချလိုက်တဲ့ရေတွေကိုလည်း ကလေးလေး သောက်ရတာနည်းနည်း ကိုင်း ပင်တွေနဲ့ ပါးစပ်ဟောင်းလောင်း ကမ္ဘာမြေက သောက်သွားတာများများပဲတဲ့။

ဒီလို ဒီလိုနဲ့ မိုးရွာချပေးလိုက်တာ အကြိမ်ရေ ဘယ်နည်းတော့မလဲ။ လူသားရယ်လို့ ပေါ်ပေါက်လာကတည်းက မဟုတ်လား။
ဒီတစ်ကြိမ်မှာလည်း ကလေးအတွက် မိုးရွာပေးဖို့လုပ်တယ်။ ခက်တာက မိုးနတ်မင်းကြီးဆီမှာ မိုးရေတွေ မရှိတော့ဘူးဆိုတော့ မိုးရွာချပေးရတာ ကလည်း အရင်လို့ မလွယ်ကူလှတော့ဘူး။
မိုးနတ်မင်းကြီးဖြစ်ပြီး မိုးရွာမပေးနိုင်ဘူးဆိုတာကိုလည်း တွေးရင်း ရှက်ချင် ရှက်နေမှာပေါ့လေ။ ဒါနဲ့ ဖြစ်ညှစ်ပြီး မိုးရွာချဖို့လုပ်တယ်။
“ဖလပ်. . ဖလပ်၊ ရွှမ်း. .ရွှမ်း”
“၀ုန်း. .ဒိုင်း. .ဒင်း ဒင်း”
ကံမကောင်း အကြောင်းမလှစွာပဲ။ ကြိုးစားပြီး မိုးရွာချပေမယ့် မိုးရေတွေ လက် ကျန်မရှိတော့တဲ့အတွက် မိုးရေတွေတော့ ကျမလာပါဘူး။ မိုးရေတွေ အစား စူးရှတဲ့ လျှပ်စီးကြောင်းကြီးတွေနဲ့ မိုးကြိုးသွားတွေသာ ကောင်းကင်ပေါ် က ကျလာတော့သတဲ့။

(နိဂုံး)

ဒါဟာ ကမ္ဘာမြေပေါ် သဘာဝဘေးအန္တရာယ်တွေ ဘယ်လိုစတင်ကျရောက် လာခဲ့ရသလဲ ဆိုတဲ့ အကြောင်းပါလို့ ကျနော်ကပြောရင် ခင်ဗျားတို့အနေနဲ့ ရီ(ရယ်)စရာပဲ သဘောထားစေချင်ပါတယ်။

လူလားမမြောက်သေးတဲ့ အတွေးများ ၂၃


စောနေလတ်ကလောင်နဲ့ ရွှေမြန်မာမဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့တဲ့ ဆောင်း ပါးတွေထဲက တစ်ပုဒ်ပါ။ အယ်ဒီတာနဲ့ဆရာတွေကတော့ ဒါကို ဝတ္ထုအနေနဲ့ ရှုမြင်ကြပါတယ်။ ဒီ ဝတ္ထုကို နာဂစ်အပြီးမှာရေးခဲ့တာပါလို့ စကားပုလ္လင် ခံထား ရင် ခံစားလို့ ပိုကောင်းမယ်ထင်ပါတယ်။ ဖေ့စ်ဘုတ်အတွက် ရှည်လွန်းလို့ ခွဲတင်ပါမယ်။

လူလားမမြောက်သေးတဲ့ အတွေးများ ၂၃
(စောနေလတ်)

(၁)
အနီရောင်လှိုင်းထပြီး မတ်တပ်သေနေတဲ့ ကိုင်းပင်ခြောက်တွေက မကျေ မနပ် နဲ့ ကမ္ဘာမြေကို ကျိန်စာတိုက် နေကြတယ်။ သူတို့ရဲ့ စိမ်းစိုလှပတဲ့ ဘ၀တွေကို အတိတ်မှာ နေရစ်ခဲ့တာ ကြာလှပြီကော။
သူတို့အောက်က ကမ္ဘာမြေကတော့ ပါးစပ်ကြီးတွေဟောင်းလောင်းပွင့်လို့။ ပါးစပ်ထဲကလည်း တံလျှပ်ရောင်ထနေ တဲ့ မီးခိုးငွေ့တွေတောင် အူနေလိုက်ေ သး။ ပေါက်ကွဲခွင့်မရတဲ့ ဗုံးတစ်လုံးလို အတွင်းလှိုက် လောင်ကျွမ်းနေပုံရပါရဲ့။
သူတို့ဘေးမှာ သေနေတဲ့ မြစ်တစ်စင်းရှိတယ်။ ပြီး ရေဆာလို့ ငိုနေတဲ့ ကလေးတစ်ယောက်ရှိတယ်။
ကိုင်းပင်တွေနဲ့ ကမ္ဘာမြေဟာ အပေးအယူ မတည့်ကြဘူး ဖြစ်နေဟန်တူရဲ့။
“ ဟေ့ကောင်တွေ၊ ဘာကို မကျေနပ်လို့ မင်းတို့က ပူညံပူညံ လုပ်နေကြတာလဲ ’’
“ ခင်များကြီး မသိချင်ယောင်ဆောင်ပြီး မေးမနေနဲ့၊ ကျနော်တို့ကို မွေးထားပြီး အစာဝအောင်မကျွေးဘူး။ အခုဆို ကျနော်တို့ ကိုင်းပင်တွေအားလုံး အစာ ငတ်ပြတ် မှုနဲ့ ဒုက္ခရောက်ကြရတော့မယ်။ တစ်ချို့ဆို သေတောင်သေဆုံးနေ ကြပြီ။ ဒါတွေအားလုံး တရားခံဟာ ခင်များကြီးပဲ”
“ မင်းတို့ဘာသာမင်းတို့ ရှာမစားနိုင်လို့ ငတ်ပြီးသေတာ ငါနဲ့ ဘာဆိုင်လို့တုန်း၊ ကိုယ်ရှင်သန်ဖို့ ကိုယ်တိုင် ကြိုးစားကြပေါ့”
“ ခင်ဗျားကြီး အဲသလို တာဝန်မဲ့စကားမပြောနဲ့၊ ကျနော်တို့ ဒီမှာ ရှင်သန်နေကြ တာဟာ ခင်ဗျားကြောင့်၊ ကျနော်တို့ ဒုက္ခရောက်နေတဲ့အခါမှာ ခင်ဗျားကြီးမှာ လုံးဝ တာဝန်ရှိတယ်”
“ မဆိုင်လိုက်တာကွာ”
“ အခုတော့ ခင်ဗျားကြီးက ပြောအားရှိပြီပေါ့လေ။ တစ်ချိန်က ခင်ဗျားကြီး ပြော ဖူးတဲ့စကားကို မေ့နေပြီ မဟုတ်လား”
“ ဘာလဲ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားကို ပြောတာလား”
“ ဟုတ်တယ်လေ။ မြစ်ရေတွေ လှိုင်လှိုင်ကြီးစီးဆင်းနေတုန်းကတော့ လေ သံက တစ်မျိုး၊ အခု…မြစ်ရေတွေ ခမ်းခြောက်တော့ လေသံကတစ်မျိုး။ ဟို တုန်းကတော့ မင်းတို့နဲ့ငါနဲ့ ညီညီညွတ်ညွတ် လက်တွဲထားကြမှ ငါတို့ ရပ်တည်လို့ ရမယ်။ ဒါမှ ဒီမြစ်ရေရဲ့ နယ်ချဲ့မှုဒဏ်ကို ငါတို့ခံနိုင်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ရောငါရော ကမ္ဘာမြေကနေ ပျောက်ကွယ်သွားလိမ့် မယ်… ဘာညာတွေနဲ့ စည်းလုံးရေးတရားတွေ ခင်ဗျားဟောခဲ့တာလေ။ ဒါတင် မပြီးသေးဘူး။ ကျနော်တို့ နားမလည်၊ လူတွေကလည်း နားမလည်၊ ခင်ဗျား ကိုယ်တိုင်ကလည်း နားလည်ဟန်မတူတဲ့ သဟဇာတတွေ၊ အညမညတွေ၊ အနုပဋိတွေ၊ မဇ္ဈိမပဋိပဒါ ဆိုတဲ့ စကားလုံးကြီးတွေနဲ့ ကျနော်တို့ကို ပစ်ပေါက်ပြီး ခေါင်းငြိမ့်ခိုင်းခဲ့တာလေ။ ခင်ဗျားကြီး မေ့နေပြီလား။ ကဲ…. ပြော၊ ဘယ်မလဲ အညမည၊ သဟဇာတ၊ မဇ္ဈိမပဋိပဒါ။ ခင်ဗျားဟာ အပြောနဲ့အလုပ် မညီတဲ့လူကြီးပဲ။”

သူတို့ပြောတဲ့ စကားတွေကိုကြားရပြီး ခေါင်းရှုပ်သွားဟန်တူတဲ့ ကမ္ဘာမြေဟာ သူ့ပါးစပ်ဟောင်းလောင်းကြီးတွေက တဆင့် သက်ပြင်းတွေ ခိုးခိုးပြီးချနေ တယ်။ သူ့မှာ ပြောစရာစကားတွေလည်း အများကြီးရှိနေဟန်တူတယ်။ ဘယ်က စပြောရမှန်းလည်း သူစဉ်းစားလို့ရပုံ မရဘူး။
ဒါနဲ့ပဲ အနီးအနားမှာရှိတဲ့ ကိုင်းပင်ခြောက်ရဲ့ နားရင်းကို ထအုပ်ပစ်လိုက်တယ်။ အစာငတ်နေတဲ့ကိုင်းပင်တွေ ငြိမ်ကျသွားတယ်။ ဒီတော့မှ သူက စကားစတယ်။
“ ဟိုတုန်းက…. ဟိုတုန်းက အခြေအနေ အရ ‘ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ’ လို့ ပြောခဲ့ရတာကွ။ အဲဒီတုန်းက မြစ်ရေကလည်း အားကောင်းမောင်းသန်နဲ့ တိုက်စားနေတာကိုး၊ မင်းတို့လည်း ကျေကျေနပ်နပ်နဲ့ လက်ခံခဲ့ကြတာပဲ မဟုတ်လား။ အလုပ်ဖြစ်တာမဖြစ်တာကတော့ ကမ္မ၀ါဒ သဘောတရားအရပေါ့ကွာ။”
“ ဘာကမ္မ၀ါဒလဲ လာပြန်ပြီ။ နားမလည်တဲ့ စကားလုံး”
“ ဟေ့ကောင်တွေ ငြိမ်ငြိမ်နေ။ နားရင်းအုပ်ခံချင်လို့လား။ ငါ့စကား မဆုံးသေး ဘူး။ ဟိုတုန်းကတော့ မင်းတို့က လည်း ကိုင်း၊ ငါကလည်း ကျွန်းကိုးကွ။ ကိုင်း ကျွန်းမှီ၊ ကျွန်းကိုင်းမှီလို့ ပြောရမှာပေါ့။ ဒီမှာ ဟေ့ကောင်တွေ၊ ငါ့ကိုလည်း သေသေချာချာ ကြည့်ကြပါဦးကွာ၊ ပတ်ကြားအပ်တွေ အထပ်ထပ် နဲ့။ ငါကိုယ်တိုင်ကရော “ကျွန်း” ဟုတ်သေးရဲ့လားလို့”

ဒီတော့မှ အစာရေငတ်ပြတ်နေတဲ့ ကိုင်းပင်တွေက သူတို့ရဲ့အားကိုးရာ ကမ္ဘာမြေကို ငုံ့ကြည့်မိကြတယ်။ ဟုတ်ပါရဲ့။ သူ့ခမျာမှာလည်း ဟိုတုန်းက လို နု၊ အိ၊ စွတ်စိုတဲ့ ကျွန်းမြေမှ မဟုတ်တော့ဘဲ။ အထီးကျန် ခြောက်သွေ့နေတဲ့ ပတ်ကြားအပ်ကုန်းမြေတစ်ခု ဖြစ်နေရှာပါလား ဆိုတာ သူတို့ တွေ့ကြတယ်။
ဒီတော့ အယုံလွယ်တဲ့ ကိုင်းပင်တစ်ချို့ဟာ ဒေါသဖြစ်ရမယ့်အစား ကမ္ဘာမြေကိုတောင် သနားသလိုလို ဖြစ်သွားကြပြန် သတဲ့။

တချို့ကတော့ ( တချို့ဆိုတာ နည်းနည်းလေးပါ ) ဒါကို မကျေနပ်ကြသေးဘူး။
“ ခင်များကြီး သနားအောင် လာငိုပြမနေနဲ့။ ဟုတ်တယ်၊ ကျနော်တို့ ဘ၀ က လည်း ကိုင်းပင်လို့သာပြောရတယ် ကိုင်းပင်နဲ့ မတူတော့ဘူး။ ခင်ဗျားကလည်း ကျွန်းလို့သာ ပြောရတယ် ကျွန်းနဲ့တူတဲ့ ဂုဏ်ရည်ဆိုလို့ ဘာမှ မရှိတော့ဘူး။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ခင်ဗျားအသုံးမကျလို့ ဖြစ်ရတာချည်းပဲ။”
“ ဒီလို တစ်ဖက်သက်စွပ်စွဲလို့တော့ ဘယ်ရမလဲ ကွ”
“ ရတာပေါ့ဗျ။ ကျနော်တို့ အိမ်နီးချင်း ကျွန်းတွေဆိုရင် ကျွန်းကလည်း ကျွန်း ပီပီ ရေနဲ့ သဟဇာတဖြစ်အောင်၊ မိုးနဲ့ သဟဇာတဖြစ်အောင် လုပ်။ ဒီတော့ ကိုင်းပင်တွေဟာ စိမ်းစိုညို့မှိုင်းနေကြတာပဲ။ ဘယ်လောက် အားကျစရာေ ကာင်း သလဲ”

ကမ္ဘာမြေက ဘာမှပြောမနေတော့ဘူး။ လျှာရှည်တဲ့ကိုင်းပင်ကို ခါးကနေ ရိုက် ချိုးချလိုက်တယ်။ ကျန်တဲ့ကိုင်းပင်တွေက စိတ်မကောင်းကြဘူး။ ဒါပေမယ့် ဘာမှလည်းဝင်မပြော၊ ၀င်မလုပ်ကြတော့ဘူး။ သူတို့စိတ်ထဲမှာ တော့ တွေးနေကြသတဲ့။ ဒီတစ်ခါ မြစ်ရေ ကြီးလာရင်ေ တာ့ မြစ်ရေနဲ့အတူ စီးမျောသွားပြီး တစ်ခြားကျွန်းမှာ အမြစ်တွယ် နေ လိုက်တော့မယ်လို့ တဲ့။
တွေးမယ်သာတွေးနေရတာပါ။ တစ်ကျွန်းလုံးက ကိုင်းပင်တွေကို ဘယ် ကျွန်းတွေက လက်ခံမှာလဲ ဆိုတဲ့ သံသယ ကလည်း သူတို့အတွေးအိမ် မှာ ပေကပ်နေလို့တဲ့လေ။
အားလုံးကြောက်ကြောက်နဲ့ ငြိမ်သွားတော့မှ ကမ္ဘာမြေက-
“ ဒီမယ် ဟေ့ကောင်တွေ ဒီတစ်ခါမိုးရွာရင် မင်းတို့လည်း မင်းတို့အစွမ်းအစနဲ့ မိုးရေကို ရသလောက်စုပ်ယူကြ၊ ကိုယ်ရှင်သန်ဖို့ ကိုယ်တိုင်ကြိုးစား။ ငါ့ကို လည်း သိပ်အားကိုးမနေနဲ့၊ ငါ့ပတ်ကြားအက်ကြီးတွေ စေ့အောင်ကို မနည်း လုပ်ယူရဦးမှာ။ ကြားတယ်မဟုတ်လား။”
“ ဟုတ်ကဲ့၊ ကြားပါတယ် ကမ္ဘာမြေကြီး”
“ ဘယ်ကောင် ဘာပြောချင်သေးလဲ”
“ ဘာမှ မပြောချင်တော့ပါဘူး။ ကမ္ဘာမြေကြီး သက်တော်ရာကျော်ရှည်ပါစေ” လို့ ခေါင်းငိုက်စိုက်နဲ့ ပြောကြသတဲ့။
“ ဟေ့ကောင်တွေ ကလေးတစ်ယောက်ငိုနေတာ တွေ့တယ်မဟုတ်လား။ ငါပြောမယ် မကြာခင် မိုးရွာတော့မယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေများများရအောင်စုပ်ယူ။ ငါ့ကိုလာပြီး ဝေဖန်မယ်တော့မကြံနဲ့၊ တွေ့တယ်မဟုတ်လား။”
“ တွေ့ပါတယ် ကမ္ဘာမြေကြီး”
ပြောရင်းဆိုရင်းနဲ့ ငိုနေတဲ့ကလေးဖက်ကို ကိုင်းပင်တွေအားလုံး မျက်နှာမူလိုက်ကြတယ်။ ပြီးတော့ ညီတူအပြုံးကိုယ်စီနဲ့ ခေါင်းငြိမ့်လိုက်ကြတယ်။ မပြီးသေးဘူး။
“ အမျှော်အမြင်ကြီးမားတဲ့ ကမ္ဘာမြေ၊ သက်တော်ရာကျော် ရှည်ပါစေ” လို့ ဆုတောင်းလိုက်ကြသေးသတဲ့။

ဆက်ရန်

ဂျပန်ဆရာမရဲ့ ဖြူနီပြာဝါ


ကမ်းလက် shared Myanmar Beauty Stars's video.
သီဟိုဠ်ဆရာတော်ကြီး ဘိက္ခု နာရဒရဲ့ "The Buddha and His teachings" ကိုဖတ်ပြီး ဘာသာရေးစာအုပ် အင်္ဂလိပ်လိုရေးချင်စိတ် ပျောက်သွားတယ်။ ကောင်းလွန်း၊ ထိမိလွန်းလို့။
အခု ဒီဂျပန်ဆရာမရဲ့ ဖြူနီပြာဝါနားထောင်ပြီး မြန်မာသီချင်းဆိုဖို့တောင် မရဲတော့ဘူး။

မြန်မာစကား လေ့လာနေတဲ့ ဂျပန်အမျိုးသမီးတစ်ဦး...posted by MBS AdminMovies credit to copyright owner.
Posted by Myanmar Beauty Stars on Thursday, April 9, 2015

ဂုရုကြီးရဲ့ နောက်ဆုံး စာအုပ်


ဟန်တင်တန်ကို အရင်ကိုင်လိုက်တော့ ကစ်ဆင်းဂျားက ရေးဟန်နဲ့ဝေါဟာရ ကအစ တော်တော်လွယ်သွားတယ်။ နောက်ပြီး ဟန်တင်တန်က အချက် အလက်နဲ့ ကောက်ချက်တွေချည်းပဲဆိုတော့ ဟဲဗီးဖြစ်ပြီး အလွန်အမင်း စိတ် မဝင်စားရင် ဆက်ဖတ်ဖို့ခက်မယ်။
ကစ်ဆင်းဂျားက မဟာဗျူဟာပြောရင်း ပုံတိုပတ်စလေးတွေ၊ သမိုင်းနောက် ခံလေးတွေ၊ သူ့အတွေ့အကြုံလေးတွေ (စီအိုင်အေ အတွင်းရေးတွေတောင် ပါ တတ်တယ်) ပါ ညှပ်ထည့်တော့ ဖတ်ရတာ ဆွဲဆောင်မှု ပိုရှိသလိုပဲ။
နှစ်ပတ် အတွင်းလောက်မှာ ကစ်ဆင်းဂျားကို မိတ်ဆက်ပေးနိုင်မယ်လို့ မျှော် လင့်ပါတယ်။ သူကလည်း ၉၁ နှစ်ဆိုတော့ ဂုရုကြီးရဲ့ နောက်ဆုံး စာအုပ်၊ နောက်ဆုံးအမြင်တွေဖြစ်ဖို့ များနေပါတယ်။ ဒါပေမဲ့ ဖေးဘရိတ်ကတော့ ဟန်တင်တန်ပါပဲ။

ဝန်မင်းတို့ ကိုင်လိုက်တိုင်း

ဘဏ္ဍာငွေတွေကို နွေရာသီ စံနန်တော်ထဲမှာ


အနောက်တိုင်း အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးအရဖိအားပေးမှုတွေ ခံနေရ တဲ့ကြားထဲမှာပဲ ၁၈၉၃ ခု၊ ကျင်မင်းဆက်ကာလမှာ ကာကွယ်ရေအးအတွက် သုံးစွဲရမယ့်ဘဏ္ဍာငွေတွေကို နွေရာသီ စံနန်တော်ထဲမှာ ခန်းနားတောက်ပ တဲ့ ကျောက်သားလှေထွင်းထုဖို့အတွက် အသုံးပြုခဲ့တယ်။

(ကစ်ဆင်းဂျား၊ World Order. P 218)

ဖြေဆိုရန်လွယ်ကူမည့် မေးခွန်းမျိုးသာမေးရန်

ဘယ်သူက Smart ပိုဖြစ်ပါသလဲ


ကမ်းလက် shared Kitty Aye Mar Mar's photo.
 
 
ဘယ်သူက Smart ပိုဖြစ်ပါသလဲ
မလေးရှားခေါင်းဆောင် Mr..Najib နှင့် မြန်မာခေါင်းဆောင်ဦးသိန်းစိန်တို့ Universal Sudios Singapore မှာရှိတဲ့ချော့ကလက်ဆိုင်ထဲ ဝင်သွားပါတယ် Mr. LKY ရဲ့အသုဘမတိုင်မီဆိုကြပါစီု့
ဆိုင်ထဲတွင်လူများနေ၍ Mr. Najib ချော့ကလပ်သုံးပြားခိုးလာတာမည်သူမျှမသိလိုက်ပါ
ပြီးတော့Mr. Thein Sein ကိုပြောပါတယ် ငါ့ဘယ်လောက်တော်လဲ ချော့ကလက်သုံးပြားခိုးလာတာဘယ်သူမှမသိကြဘူး
ဦးသိန်းစိန်ကပြောင်နေသောသူ့ခေါင်းလေးကိုပွတ်ပြီးပြောတာက မင်းဒီထက်တော်တာကိုတွေ့လိမ့်မယ်ငါနဲ့ပြန်လိုက်ခဲ့ လို့ပြောပြီးဆိုင်ကိုပြန်သွားကြပါတယ် Counter နားရောက်တော့ အရောင်းစာရေးလေးကို ချာတိတ်မင်းမျက်လှည့်ကြည့်ချင်လား စာရေးလေးကကြည့်ချင်ပါတယ်ပေါ့ အဲဒါဆို ချော့ကလက်တစ်ပြားပေးကွာဆိုပြီးတောင်းပြီးသူတိုရှေ့မှာတင်စားလိုက်ပါတယ် ဒုတိယနှင့်တတိယ ချော့ကလက်ပြားများ ကိုလည်းတောင်းစားလိုက်ပါတယ်
ဆိုင်အရောင်စားရေးလေးကဘယ်မှာလဲ မျက်လှည့် ဘာမှမထူးဆန်းဘူးလို့ပြောတဲ့အခါ ဦးသိန်းစိန်က မင်း ဟိုလူ Mr. Najib အိတ်ထဲစစ်ကြည့်ပါ ချော့ကလက်သုံးပြားတွေ့ပါလိမ့်မယ် ပြီးတော့
Mr.Najibငါ့ကို့လာမပြိုင်နဲ့ကွလို့ပြောလိုက်ပါတယ်
ကဲ တို့ခေါင်းဆောင်ကြီးကပိုပြီးSmart မဖြစ်ပေဘူးလား

ဘုန်းကြီးကျောင်းထဲက နိုင်ငံရေးသိပ္ပံ (တစ်)


ကပ္ပိယံ ကရောဟိ=Politically correct

Politically correct က ဘာပါလိမ့်လို့။ နောက်ဆုံးတော့ ဆရာတော်တွေမိန့် တဲ့ ကပ္ပိယံ ကရောဟိနဲ့ အတူတူပဲ။
သစ်သီးကို ကိုယ်တိုင်လည်း မခွဲကောင်း၊ ခွဲပါလို့လည်း တိုက်ရိုက် မခိုင်းကောင်းတော့ "ကပ္ပိယံ ကရောဟိ" တဲ့။ ကပ္ပိယက အလိုက်တသိ ခွဲချလိုက်ရော။
အဓိပ္ပါယ်ကတော့ အခွဲခိုင်းတာပဲ။ စကားလုံးပြောင်းသွားတာ။

ကလေးတွေကို မြန်မာနဲ့ဂျပန်သမိုင်း ရောသင်ပေးသင့်တယ်


ကလေးတွေကို မြန်မာနဲ့ဂျပန်သမိုင်း ရောသင်ပေးသင့်တယ်၊ ဒါဆိုရင် မလျှော့တမ်းမျိုးချစ်စိတ်နဲ့ (မြန်မာ) ညှင်းခံ၊ ပြန်ဆော်မျိုးချစ်စိတ် (ဂျပန်) ပေါင်းမိသွားမယ်။



အမေရိကန်ကို အာခံမယ်လုပ်တော့ ပယ်ရီရဲ့ မဟူရာသင်္ဘောတွေကို မယှဉ်နိုင်မှန်း သိပြီး အညံ့ခံ၊ နည်းပညာတွေ အကုန်စုပ်ယူကြတယ်။ ပြီးတော့ အနောက်အုပ်စုထဲ ခပ်တည်တည်နဲ့ လယ်ဗယ်တူ ဝင်ချသွားရော။

၁၉၀၂ မှာ ဗြိတိသျှနဲ့ စစ်မဟာမိတ်ဖွဲ့၊ ယူစရာ အကုန်ယူပြီး သုံးနှစ်ကြာတော့ ရုရှားကို ဆော်ပစ်လိုက်ရော။ ဒါတင်မကဘူး ပစိဖိတ်ထဲက ဂျာမန် စစ်သင်္ဘောတွေတောင် အဆစ်ပါသွားတယ်။
ဥရောပက ပထမကမ္ဘာစစ်နဲ့ မလှုပ်နိုင်ဖြစ်နေချိန် တရုတ်ပြည်ထဲကနေ မန်ချူးရီးယားကို ခွဲထုတ်၊ နောက်ထပ်နယ်မြေ အပိုဆောင်းပေးဖို့တောင် ရာဇသံပေးလိုက်သေးတယ်။
"New Order in Asia" တဲ့။
သိပ်မကြာဘူး ဗြိတိသျှကို ဆက်ကန်ထုတ်တယ် "Free of Western Powers" တဲ့။

သူလို ကြိတ်ကြံနေတဲ့ အမေရိကန်ကို သွားဆော်လို့ အနုမြူဒဏ်မိသွားတာ။ အဲဒီတော့လည်း "ပယ်ရီရဲ့ မဟူရာသင်္ဘော" အတိုင်းပဲ အညံ့ခံ၊ စီးပွားရေးလေ့ လာပြီး စီးပွားရေးနဲ့ အနောက်ကို ဆော်ပြန်ရော။



ကစ်ဆင်းဂျားခေါ်ရာ လိုက်နေမိလို့


ဟန်တင်တန်နဲ့လီကွမ်းယုအပြီး ကစ်ဆင်းဂျားခေါ်ရာ လိုက်နေမိလို့ မနက်ဖြန် ကစပြီး ပို့စ်အသစ်တွေ (အထူးသဖြင့် မောနင်း ပို့စ်) အတက်နည်းမယ် ဆိုတဲ့ အကြောင်း အသိပေးအပ်ပါတယ်။
ဦးလူမော်ထင်သလို ဈာန်ရသွားလို့မဟုတ်ကြောင်းလည်း တစ်ခါတည်း အသိပေးလိုက်ပါတယ်။

အိုးစည် ဒိုးပတ်ဆိုင် ဖွင့်ကြမလား

၁၉၈၂ က ဘွဲ့ရ တရုတ်ခေါင်းဆောင် တစ်ယောက်မှမပါ


၁၉၈၂ က ဘွဲ့ရ တရုတ်ခေါင်းဆောင် တစ်ယောက်မှမပါ။ ဒီစာအုပ်ရးနေချိန်မှာတော့ အားလုံးနီးပါးက ဘွဲ့ရတွေ။
သူတို့ပညာရေးကလည်း အနောက်သင်ရိုးညွှန်းတန်းနဲ့အညီ ဖြစ်တယ်။
(ကစ်ဆင်းဂျား)

မောနင်းပို့စ်


၁ နဲ့ ၂ ကတော့ အသက် ၁၀၀-၁၀၄ နှစ် အလွတ်တန်း မီတာ ၁၅၀၀ ရေကူးပြိုင်ပွဲမှာ ပထမရသွားတဲ့ ဂျပန်အဖွား နာဂါအိုကာပါ။ သူမ အသက်တန်းမှာ ၀င်ပြိုင်သူကလည်း သူမ တစ်ယောက်ထဲ၊ အဲသလို။ အသက် ၁၀၅ အထိ ရေကူးသွားဖို့ ဆုံးဖြတ်ထားပါသတဲ့။

၃ နဲ့ ၄ ကတော့ ဆရာလီ သေဆုံးတာနဲ့ပတ်သက်လို့ အကဲပိုတယ်ထင်ရင် ဆင်ခြင်မိဖို့ India တမီးနာဒုက တမီးတွေသတင်းပါ။ ပြတိုက်မှာတောင် ရုပ်တုထားဦးမတဲ့။ ပြတိုက်ထဲမှာ နှစ်ပေါင်း တစ်ရာလောက်ကြာရင် နတ်တောင် ဖြစ်ချင်ဖြစ်သွားမှာ။ ဘယ်သူပြောနိုင်တာမှတ်လို့။

ကလေးအဖေကလည်း အဲဒီနေ့မှာမွေးတဲ့ သူ့ကလေး ကုလားလေးကို လီကွမ်းယု လို့ နာမည်ပေးသတဲ့။ အသားညို လီ လေးပေါ့။