ထင်သလောက်လည်း မရိုးစင်းတဲ့ တိုင်းရင်းသားအရေး


အရင်ပို့စ် (မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မှာလား) က နံပတ်တစ် အရေး အကြီးဆုံးဖြစ်တဲ့ ဘာသာရေးအခြေခံ စီဗီလိုက်ဇေးရှင်းကို အထိုက် အလျောက် ဆွေးနွေးခဲ့တာပါ။



ဒုတိက အရေးကြီးတာက ဘာသာစကားဖြစ်ပါတယ်။ နောက်ပြီး လီကွမ်ယု ဟာ မြန်မာ့ခေါင်းဆောင်ဆိုရင် ဘယ်လိုနေမလဲ၊ အမြင်ကို ရေးကြည့်ပေးပါ ဆိုတဲ့ ကွန်မင့်တချို့လည်း ရှိခဲ့ပါတယ်။ ဒီအတွက် လီရဲ့ အင်ဒိုနီးရှားအပေါ် အမြင်နဲ့ ကပ်ကြည့်နိုင်ပါတယ်။ လီရဲ့အမြင်ဆိုပေမဲ့ မူရင်းကတော့ ဟန်တင်တန်ပါ။
ဟန်တင်တန်အလိုအရ စီဗီလိုက်ဇေးရှင်းသတ်မှတ်ချက်ရဲ့ ပင်မကြောရိုး သုံးခု က ကိုးကွယ်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတို့ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံဟာ အဲဒီသုံးမျိုးကွဲနေရင် စီဗီလိုက်ဇေးရှင်းစပ်ကြားဖြစ်နေပြီး အားမကောင်းတတ်ပါဘူး။

အင်ဒိုနီးရှားရော စင်္ကာပူပါဟာ ဘာသာစကားနဲ့ပတ်သက်လို့ ရုံးသုံး၊ စီးပွားရေး သုံး ဘာသာစကားကို ရက်ရက်စက်စက်ရွေးချယ်ယူခဲ့ရပါတယ်။ သဘောတူ သူ၊ ခါးခါးသီးသီး သဘောမတူသူတွေ ရှိကြပါတယ်။ အစိုးရဟာ သူချမှတ်တဲ့ မူကို တစ်သွေမတိမ်း၊ တင်းတင်းကြပ်ကြပ် လိုက်နာရပါတယ်။
ပညာရေးနဲ့ပါ ဆက်စပ်နေတော့ ဘာသာစကားကိစ္စဟာ မြန်မာအစိုးရနဲ့ တိုင်း ရင်းသားတွေကြားမှာ တော်တော်ဆွေးနွေးယူရမယ် ကိစ္စပါ။ ရုံးသုံး၊ စီးပွားေ ရးသုံး ဘာသာစကား အမျိုးမျိုးကွဲပြာနေခြင်းကို ဘယ်အစိုးရကမှ သဘောမကျ သလို ဘယ်တိုင်းရင်းသားကမှလည်း သူတို့ဘာသာစကားကို မကွယ်ပျောက်ေ စလိုပါဘူး။
ဒါဟာ သမ္မတကြီးပြောတတ်တဲ့ စိန်ခေါ်မှုအစစ်ပါပဲ။
အဓိကကတော့ သမိုင်းရှည်၊ လူဦးရေလည်းများ၊ နယ်ပယ်လည်း ကျယ်လှတဲ့ ရှမ်းတိုင်းရင်းသားတွေပါပဲ။ (ကျန်တိုင်းရင်းသားတွေက လူဦးရေ သူတို့လောက်မများဘူးလို့ ဆိုလိုပါတယ်၊ ဆွေးနွေးရာမှာတော့ အားလုံးပါဝင်ပါတယ်)။

ကလေးတွေ သုံးဘာသာ သင်ရတော့မှာလား

ဆိုပါစို့။ စီဗီလိုက်ဇေးရှင်းစပ်ကြား မဖြစ်စေဖို့ ဘာသာစကားတစ်ခုကို ရွေး ရတော့မယ်။ လူဦးရေနဲ့ သုံးစွဲမှုပမာဏကိုကြည့်ရင် မြန်မာစာက ရုံးသုံး၊ စီးပွားရေးသုံး၊ ပညာရေးသုံး ဘာသာစကားဖြစ်နေသင့်ပါတယ်။ ဒါဆို တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို ဘယ်လိုလုပ်ကြမလဲ။ မိခင်ဘာသာအနေနဲ့ စင်္ကာပူမှာတော့ သင်နေကြရပါတယ်၊ ဒါပေမဲ့ သူတို့ ရုံးသုံး၊ စီးပွားရေးသုံး၊ ပညာရေးသုံး ဘာသာစကားက အင်္ဂလိပ်ဖြစ်နေ တယ်။ ခေတ်နဲ့ အမှီလိုက်ဖို့ အင်္ဂလိပ်ကိုလည်း သင်ကြရဦးမယ်ဆိုရင် တိုင်း ရင်းသား ကလေးတစ်ယောက်က ဘာသာ့စကား သုံးမျိုးသင်ရမယ့် အနေအ ထားဖြစ်သွားတယ်၊ ဖြစ်နိုင်မလား။
အချိန်နဲ့ စနစ်တကျ သုတေသနကသာ မှန်ကန်တဲ့အဖြေ ပေးနိုင်ပါလိမ့်မယ်။

အင်္ဂလိပ်စာက စီးပွားရေးအတွက် မဖြစ်မနေတတ်ရမှာလား။

ဂျပန်၊ ကိုရီးယားတို့က ပြောပြနေတာကတော့ အင်္ဂလိပ်စာက အရေးကြီးပေမဲ့ မရှိမဖြစ်တော့ မဟုတ်ပါဘူး။ သာမန်ဂျပန်၊ ကိုရီးယားတွေရဲ့ အင်္ဂလိပ်က မွှတ်နေအောင် ကောင်းတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ အမျိုးသား စီးပွားရေးက အားကောင်းတယ်။ အင်္ဂလိပ်စာ မတတ်ဘဲ တူတူတန်တန် စီးပွားရေး လုပ်လို့ရတယ်။
တိုင်းရင်းသားတွေက မြန်မာစာတော့ တတ်မှရမှာဆိုတဲ့ အသိနဲ့ ယုံကြည်မှု ရှိလာအောင် အစိုးရက တူတူတန်တန် စီးပွားရေးစနစ် ဖန်တီးပေးနိုင် မလား။ ပေးနိုင်ရင် ဒီပြသနာက ရေရှည်မှာ အလိုလိုအဆင်ပြေသွားမယ်၊ မပေးနိုင်ရင် ကြာတာနဲ့အမျှ ပြသနာ ကြီးထွားလာမယ်။ စီဗီလိုက်ဇေးရှင်း သီအိုရီအရ အမာပါဝါ (စစ်ရေး၊ စီးပွားရေး) ရှိလာမှ အပျော့ပါဝါ (ကိုးကွယ်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှု) ရဲ့ တန်ဖိုးတက်လာတယ်လို့ဆိုပါတယ်။

တိုင်းရင်းသားတွေက မြန်မာစာနဲ့ပညာသင်ဖို့ လိုလိုချင်ချင် ရှိကြပါ့မလား

စင်္ကာပူမှာတော့ အင်္ဂလိပ်စာမတတ်ရင် အလုပ်ကောင်းကောင်း မရနိုင် လို့ သွေးမတော် သားမစပ် ကိုလိုနီအင်္ဂလိပ်စာတောင် သင်နေရတာ ကိုထောက်ရင် ရေရှည်မှာပြသနာမရှိလောက်ပါဘူး။
ဂျပန်သွား အလုပ်လုပ်ဖို့ (သို့) အခြားအကြောင်း တစ်ခုခုအတွက် ဂျပန်စာတောင် သင်ကြရတယ်မဟုတ်လား။ ဒီတော့ ဒီအဖြေက အထက်က အဖြေနဲ့ အတူတူဖြစ်သွားပါတယ်။
ပြသနာကို အဖြေရှာရာမှာ ပထမတန်းစား ခေါင်းတွေ စားပွဲမှာထိုင်ဆွေးနွေးမှ ရတာမို့ စတေးတပ်ကို ဒီမှာ ခဏ နားပါအုံးမယ်။

ဇင်ဝေသော်

Post a Comment