အသောကက ဗုဒ္ဓဘာသာ ဖြစ်ပြီးသား


ကလိင်္ဂစစ်ပွဲပြီးတဲ့နောက်မှ သံဝေဂနဲ့ ဗုဒ္ဓဘာသာ ဖြစ်ရတာမျိုး မဟုတ်။ ဒီစစ်ပွဲကြောင့် ဗုဒ္ဓဘာသာ ဖြစ်ရတာဆိုတဲ့ မဟာဝံသအဆိုကို ကျောက်စာအထောက်အထားက သိပ်လက်မခံ။ ဒီစစ်ပွဲ မတိုင်မီကတည်းက အသောကက ဗုဒ္ဓဘာသာ ဖြစ်ပြီးသား။
အဲဒီကျောက်စာရဲ့ ဆိုလိုရင်းက "ဗုဒ္ဓရဲ့အဆုံးအမကို ခံယူထားတဲ့ ဘုရင်တစ်ပါး ဖြစ်ပါလျက် ဒီလောက်ရက်စက်တဲ့ စစ်ပွဲကြီးကို နွှဲမိလေးခြင်း" ဆိုတဲ့ ရှက်နောင်တမျှသာ ဖြစ်ပါသတဲ့။
ကလိင်္ဂကျောက်စာမတိုင်မီ ကျောက်စာတွေထဲမှာကိုပဲ "သမ္မာသမ္ဗောဓိ" "တိသရဏ" ဆိုတာတွေ ပါနေပြီးပါပြီ။
ကိုယ့်အာရုံထဲတော့ အသောကကြီးကို ခပ်ရေးရေး တွေ့ရပါပြီ။

Post a Comment