အမိန့်တစ်ခု လူထု ဒုက္ခ


ဒီသတင်းက အမြော်အမြင် မရှိတဲ့ အရာရှိတစ်ယောက်ရဲ့ အမိန့်ကြောင့် လူ ထုကြီး ဘယ်လောက် ဒုက္ခရောက်ရတယ် ဆိုတဲ့ ပြုံးချင်စရာ သာဓက တစ်ခု ပါ။ တရုတ်ပြည် Guizhou ပြည်နယ် Guiyang မြို့မှာ အမိန့် တစ်ခုကြောင့် လင် မယား စုံတွဲပေါင်း ၅၀၀ ကျော် ချက်ချင်း ကွာရှင်းပြတ်ဆဲခွင့်လာရောက်လျှောက်ထားကြတယ်လို့ Xinhua သတင်းဌာနက ဖော်ပြထားပါတယ်။

သူ့ အမိန့်က လင်မယားတွေ သေဆုံးရင် မြေပုံ တစ်နေရာစာ မှာ နှစ်ယောက်တွဲ မြှုပ်နှံရမှာ ဖြစ်ပြီး လူလွတ်ဆိုရင် တစ်ယောက် တစ်နေရာ သီးသန့်ရမယ် ဆိုတဲ့ အမိန့်ပါ။

ဒီတော့ ကွာရှင်းပြတ်ဆဲခွင့် တင်ကြပြီပေါ့။ အဲဒီ လင် မယား စုံတွဲပေါင်း ၅၀၀ ကျော်ထဲမှာ အသက် ၉၀ ကျော် ( အိမ်ထောင်သက် ၆၀ ) ကျော်ရှိတဲ့ ဘိုးဘိုး ဖွားဖွား အတွဲတောင် ပါတယ် တဲ့။

ဘယ်ဇနီးမောင်နှံ မဆို ( ဘယ်လောက် ချစ်ချစ် ) တစ်ယောက်အိပ် ကုတင်ပေါ် ကျပ်ကျပ်ညှပ်ညှပ်တော့ မအိပ်ချင် (လောက် ) ပါဘူး။ ( လောက် ဆိုတာ ကိုယ်တိုင် မသိဘူး လို့ ဆိုလိုတာပါ ) ။ ဖြစ်နိုင်ရင် နှစ်ယောက်အိပ်ကုတင်ပေါ်မှာပဲ အိပ်မှာပေါ့။

သေပြီးတဲ့နောက်မှ ဆိုတာတော့ မှန်တာပေါ့။ ဒါပေမယ့် ခံစားမှုက ရှိသေးတာကိုး။ တကယ်ချစ်တဲ့ လင် မယားတွေ စိတ်ကူးနဲ့ မဝေးချင်ကြ သလို စိတ်ကူးနဲ့လည်း မကျပ်ချင်ကြဘူး ထင်ပါတယ်။


 ဇင်ဝေသော်

ဆင်သေတစ်ကောင်နှင့် ကျောင်းသား လေးယောက်


ရှေးသရော အခါက ( ရှေးသရော အခါက ဟူသည် ယခု မဟုတ် ဟူလို ) တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာကြီး တစ်ဦးရှိလေသည် ( ဒိသာပါမောက္ခ ဆရာကြီးများ၌ ကိုယ်ပိုင်နာမည် မရှိတတ်၊ ဒိသာပါမောက္ခ ဆရာကြီး ဟုသာ သိရ၏ ) ထို ဒိသာပါမောက္ခ ဆရာကြီး၏ နာမည်ကား အရပ် လေး၊ ရှစ်မျက်နှာတို့၌ အွန်လိုင်း၊ အော့ဖ်လိုင်း ပြန့်နှံ့၏။ ထို့ကြောင့် ထိုဆရာကြီး၏ အထံ၌ ပညာ သင်ကြားနေကြသော ကျောင်းသား လေးယောက် ရှိလေသည်။

( ပုံပြင်ဟောင်းထဲမှ ဒိသာပါမောက္ခ ဆရာကြီးအထံ၌ သုံး ယောက် သာ တွေ့ ရသည် )

ထို ကျောင်းသား လေးယောက်ကား လယ်သမားသား၊ ဗိုလ်ချုပ်သား၊ ဗိုလ် ချုပ်ကြီးသားနှင့် ဗိုလ်ချုပ်မှူးကြီးသားတို့ ဖြစ်ကြလေသည်။ ဆရာကြီးအထံ ပညာသင်ကြားရန် ရောက်လာသောနေ့က

" သင်တို့ ဘယ်လို ပညာများ သင်ကြားလိုပါသလဲ " ဆရာကြီးက မေးရာ

" ပုံပြင်ဟောင်းထဲကအတိုင်း ကျားသေကို အသက်သွင်းသော ပညာကို သင် လိုပါသည် " ဟု ဖြေကြ၏။

" ငါလို ဒိသာပါမောက္ခ ဆရာကြီးထံလာပြီး ကျားသေကို အသက်သွင်းခြင်းကဲ့သို့ သေးနုပ်သော ပညာကို မသင်ကြပါနှင့်၊ ထို့ထက် ကြီးမားသော ပညာကိုသင်ကြပါလေ၊ သင်တို့ သွား၍ တိုင်ပင်ကြပါလေဦး " ဟု ဆရာကြီးက သာသာနှင့် ဝါဝါထု၏။

ထို ကျောင်းသား လေးယောက်တို့ တဖန် အချင်းချင်း တိုင်ပင်နှီးနှြော ပီး နောက်ဆုံး ကျားသေကို အသက်သွင်းခြင်းထက် ပို၍ ကြီးကျယ်သော ဆင်သေကို အသက်သွင်းခြင်း အတတ်ပညာ သင်ယူကြရန် ဆုံးဖြတ် လိုက် ကြ၏။ ဆရားကြီးလည်း နှစ်မြို့သည်ဟု ဆို၏။ သို့သော် ဆင်သေကို အ သက်သွင်းခြင်း အတတ်ပညာအတွက် ကျောင်းသား သုံးယောက်သာလို၏။



ထို့ကြောင့် ဆရာကြီးက လယ်သမားသားကို ထိုပညာနှင့် ပတ်သက်သော အက်ဒီရှင်နယ် အက်ဂျူကေးရှင်း အပိုပညာ သင်ပေးလေ၏။ ထိုလယ်သမားသားက အလွန် လိမ်မာလှသဖြင့် ဆရာကြီးကိုယ် တိုင် နှစ်ထောင်းအားရ ရှိလှ၏။

အတိုချုပ်ဆိုရသော် ပုံပြင်ဟောင်းထဲကအတိုင်း ပညာစုံတတ်မြောက်ပြီး နေရပ်သို့ ပြန်ရန် ဆရာကြီးကို ကန်တော့ကြ၏၊ ဆရာကြီးကဆုပေး၏။ စေတနာကောင်းဖြင့် အသုံးမချလျင် သူသင်ပေး လိုက်သော ပညာများလည်း အစွမ်းထက်မည်မဟုတ်၊ ယနေ့မှစ၍ စိတ်ကောင်းမွေးကြရန် ဆုံးမ အမှာစကားလည်း ပါးလိုက်လေ၏။ထို့အပြင် လယ်သမားသားကို ဆုအဖြစ် သားရေနယ်တစ်ခုလည်း ပေးလိုက်၏။

ကျောင်းသား လေးယောက်တို့ နေပြည်တော်ကို ပြန်ရာ (ယခု နေပြည်တော်နှင့် မလွဲမှားစေလို ) လမ်းခုလပ်၌ အကြံတစ်ခု ရကြ၏။ အကယ်၍ ဆင်သေတစ်ကောင်ကို အသက်သွင်းနိုင်လျင် လမ်းလျောက်စရာ မလို ဆင်စီး၍ လေးယောက်သား ခရီးဆက်နိုင်သည်ဟု ဆိုပြီး ပုံပြင်ဟောင်း ထဲက ပရိုစီဂျာအတိုင်း ( လုပ်ငန်းဆောင်တာ ) အားလုံး ဆောင်ရွက်ကြ၏။

ပြဿနာက ထိုမှတွေ့ရလေတော့သည်။ ဆင် အရိုးများ တကယ် မစစ်၍ လား၊ အရိုးဆက်ပုံ မှား၍လား၊ အသက်သွင်းမန္တာန်ကပဲ ရွတ်ဖတ်ပုံ လွဲ၍ လား၊ ဆရာကြီးစကား အတိုင်း စေတနာကောင်း မရှိ၍လား မသိ ဆင်သေက တုတ်တုတ်မလှုပ် ရှိလေတော့၏။ ကြိုးစားကြ၏။ အဖန်ဖန် အထပ်ထပ် ကြိုးစားကြ၏။ ချွေးဒီးဒီးကျအောင် ကြိုးစားကြ၏။ မရပါလေ။ နောက်ဆုံး လက်လျှော့ကာ ခြေလျင်ခရီးဆက်ရန်သာ ပြင်ဆင်ကြရတော့၏။

ထိုအခါရောက်မှ လယ်သမားသားက ဆရာကြီး ပေးလိုက်သော ပညာနှင့် သားရေနယ်ကို အသုံးချလေတော့သည်။ ( နောက်မှ သိရသည်က ထို သားရေနယ်သည် ရိုးရိုး သားရေနယ် မဟုတ်၊ ဆိတ်သားရေနယ် ဖြစ်၏ )  ရှေ့လူ သုံးယောက် အသက်သွင်း၍မရ မစ်စထရီးယပ်ဖြစ်၍ ထူးဆန်းနား လည်ရခက်လှသော၊( ဤမစ်စထရီးယပ်ကား နာမဝိသေသနုဒ်တည်း၊ အက်ဂျက်တစ်ဟုလည်း ဆိုကြ၏ ) ထိုဆင်သေကို လယ်သမားသားက ဆိတ်သားရေနယ်ဖြင့် မရ အရ ဖုံးအုပ်ရရှာလေတော့သည်။

လုံတော့ မလုံ၊ ဆရာကြီးစကား အတိုင်း တတ်နိုင်သရွေ့ လုံအောင်သာ ရှေ့ မျက်နှာ နောက်ထား ဖုံးအုပ်ပြီး ခရီးဆက်ကြလေတော့သည်။

ထိုအခါမှ စ၍ " ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး " ဟူသော မြန်မာစကားပုံ ပေါ်ပေါက်လာခဲ့သည် ဟူသတတ်။


 သီဟနာဒ ( ဦးကိုမောင်ကိုယ်စား၊ ပြုံးစိစိ )

ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့ ( စိန် ) အောင်မင်း ရယ်


မထူးတော့ပါဘူး စိန်အောင်မင်း ရယ်။
( မတင်ဘူးလို့ ထားတဲ့ ဆောင်းပါးပါ။ အက်ဒမင်က တင်လိုက်တော့ အဆုံးသတ် ပေးလိုက်ရပါတယ် )

အပြည်ပြည်က ဖတ်လို့ရတဲ့ ဘာသာစကား နဲ့ ဇာတ်မင်းသားကြီးရဲ့ စကားကို ဘာသာပြန်တော့...
" We have to be respectful of of China. When our country was in shambles after 1988 and we had nothing to eat, ( food ) was imported from China through
the Muse ( border route ), allowing us to survive. And we have to show gratitude for that."
" We can't afford to have a fight with China. " တဲ့။ သေရော။

တရုတ်ကျွေးထာတာနဲ့ အသက်ရှင်နေခဲ့ရတာ တဲ့။ ဒါတော့ မဟုတ်ပါဘူး။
ဟုတ်မယ်ဆို...
တရုတ်ကျေးဇူးကြောင့် စစ်အစိုးရ အသက်ရှည်ပြီး
တရုတ်ကျေးဇူးကြောင့် ပြည်သူတွေ အသက်တိုခဲ့ရတာပါ ဇာတ်မင်းသားကြီးရာ။

တကယ် ပြည်သူကြား ဖြစ်နေရတာက..
တရုတ်ပြည်ပို့ဖို့ အညာသားတွေ သူတို့ စိုက်တဲ့ပဲ ဆီရွှဲရွှဲ နဲ့ မစားနိုင်တာ။
တရုတ်ပြည်ပို့ဖို့ သရက်ခြံပိုင်ရှင်တွေ သရက်ခြံစောင့်တွေဖြစ်နေရတာပါ။
အလုံးလှလှတွေ တရုတ်တွေဖို့ ခူး၊ ငှက်တွေ ဦးသွားတဲ့ အပဲ့အရွဲ့ ပဲ သူတို့ စား။ အဲဒါ အညာတလွှားက တကယ့် အဖြစ်အပျက်။
ဗြိတိသျှခေတ် ဖောင်စီးရင်း ရေငတ်တဲ့အကြောင်းတွေ သမိုင်းမှာ သင်ခဲ့ရ တယ်။ အခု ပဲစိုက်ရင်း ပဲငတ်၊ သရက်စိုက်ရင်း သရက် ငတ်။
ခက်ရချည့် ဇာတ်မင်းသားကြီးရယ်။ သိပ်လည်း ရိုမက်တစ် ဆန်မပြပါနဲ့။

စင်္ကာပူမှာ ၁၂ လ ပတ်လုံး အသီးမျိုးစုံ ရတယ်။ စင်္ကာပူမှာက ဘာသီးပင်မှ ဟုတ်တိပတ်တိ ရှိတာမဟုတ်ဘူး။
အာရှက၊ အော်ဇီ၊ နယူးဇီလန်က၊ အမေရိက က ပို့ကြတာ။
ခင်ဗျားလို ဆိုရင်တော့ စင်္ကာပူက ကမ္ဘာကို တစ်နေ့ ဦးသုံးကြိမ်ချ မှ ကျေးဇူး ကျေတော့မယ့်သဘော။
မလိုလှပါဘူးဗျာ။ ငွေပေးလို့ အသီးရ။ ဘယ်သူကမှ အလကားမပေးပါဘူး။

ဒီကျေးဇူးတွေကြောင့် သုံးသန်းပဲ ရှိခဲ့တဲ့တဲ့ စင်္ကာပူက တရုတ်ကို ဦးချခဲ့ လို့လား။
မင်းမူနဲ့မင်း၊ ငါ့ မူနဲ့ ငါ။ တရုတ်ကြီး တရုတ်လေး လာမလုပ်နဲ့၊ အဲဒါက ချိုင်း နား၊ ဒါက စင်္ကပူ။
ခေါင်းဆောင်လုပ်မယ့်လူက အဲသလောက်တော့ အရေ ထူရဲမှ ရမယ်လေ။

အစိုးရပဲ ဆုံးဖြတ်စရာရှိရင်တော့ တစ်ခုခု ဆုံးဖြတ်ရမှာပေါ့။ အစိုးရ နဲ့ ပြည်သူ ထပ်တူကျတာကတော့ နည်းပါတယ်။
ဒါပေမယ့် အထက်က အကြောင်းပြချက်မျိုးနဲ့ကတော့ ညံ့လွန်းတယ်။
ဂျပန်၊ ကိုရီယား၊ စင်္ကာပူ။ တရုတ်နဲ့ ပေါင်းပြီး ချမ်းသာလာတာလား။

ဒီမှာ.......
ဂလိုဘယ်စားနပ်ရိက္ခာ ပြဿနာတက်ရင် တရုတ်နဲ့ အိန္ဒိယ က စမယ် လို့ ပညာရှင်တွေ ပြောနေကြတယ်။
တခြားနေရာတွေမှာ ဖြစ်ရင် ရှင်းလို့ရတယ်၊ အဲဒီ တရုတ်နဲ့ အိန္ဒိယ မှာဖြစ်ရင် ကမ္ဘာလည်း ကယ်နိုင်မှာ မဟုတ်။
ဖြစ်ဖို့ အလားအလာကလည်း တရုတ်နဲ့ အိန္ဒိယ မှာ ပိုများသတဲ့  ဇာတ်မင်းသားကြီးရေ။
ကြည့်ပေါင်း၊ မင်သားကြီးလို ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့။ ။


 ဇင်ဝေသော်

တင်မရတော့တဲ့ စာ


ခေါင်းပေါင်းစ တလူလူနဲ့ အိမ်သာဆေးနေရသူ
ဦးသိန်းစိန် အကြောင်း တစ်ခါ စဉ်းစားရင် ခေါင်းမွှေးတစ်ချောင်း ဖြူတယ်။ ကမ္ဘာ့ ပလိပ် အိုဗားမားက သူ့ စီးပွားရေးနဲ့ သူရွေးတဲ့ အစိုးရနဲ့။ ဂရိက လူပျင်းတွေများလို့ ဆိုကရေးတီး မျက်နှာ ပျက်တာ။ စပိန်တွေက ဘောလုံးပွဲ အကြောင်း၊ NGO အကြာင်းနဲ့ အချိန်ကုန်ပြီး သူတို့ တင်တဲ့ အကြွေး ဂျာမန်တွေ ပေးလိမ့်မယ့်ဆိုပြီး မိုက်နေလို့ မွဲနေတာ။ ဦးသိန်းစိန် က တပ်ပျက် သမ္မတလုပ်။ ကံကောင်းတာလား၊ ကံဆိုးတားလား၊ ကြိုက်သလို ပြောကြ။ အဘ အဆက်ဆက်က အိမ်သာတွေကို သူ ဆေးခွင့်ရနေတယ်။

ကန်ထရိုက် ဖျက်တာဟာ ကတိပျက်တာ။ ကတိမတည်သူနဲ့ ဘယ်သူမှ စီးပွားရေး မလုပ်ချင်ဘူး။ ဒါဆို ဒီကတိတွေကို ဆက်တည်ရမှာလား။ ခက်တာက ဒီကတိတွေက သူပေးခဲ့တာတွေ မဟုတ်ဘူး။

" ရှေ့ကကောင်တွေ ပေးထားတဲ့ ကတိက ငါနဲ့မဆိုင်၊ တူနယ် တုနယ် ဗြောင် " ဆိုပြီး ခေါင်းပေါင်းစထဲ ယပ်တောင်စိုက်ပြီး ကရအောင်လည်း ဒီ သမ္မတက အရူးမဟုတ်။
" ရှေ့က ထောင်ထောင် ထောင်ထောင် လုပ်နေတဲ့ ကောင်တွေကိုပစ်၊ ငါက ငါ့မြေးနဲ့ ကွန်ပျူတာဂိမ်းဆော့နေတာ မပြီးသေးလို့ " အထိလည်း ဒီ သမ္မတက အနှမ်းမဟုတ်။

ဒါဆို ဒီကတိတွေကို ဆက်တည်ရမှာလား။ ဖြစ်ပုံက မြန်မာတို့ နှလုံးသည်းပွတ်က ဗုဒ္ဓဘာသာ။ ဗုဒ္ဓဘာသာရဲ့ လုံးသည်းပွတ်က ရတနာ သုံးပါး။ ရတနာ သုံးပါးမှာ သက်ရှိကျန်နေတာက သမ္မတိ ( အရိယာ ) သံဃာ။ သံဃာရဲ့ လုံးသည်းပွတ်က သိမ်။
သတ္တုက သိမ်ထဲအထိဝင်တူးတော့ လွန်တော့ လွန်ပြီပေါ့။

ကန်ထရိုက်၊ ဟုတ်တယ်။ ဒါက အလုပ်သဘော။ ဒါပေမယ့် အလုပ်ထဲမှာလည်း အက်သစ်တော့ ရှိတာပဲ။ လူကြီးလူကောင်းတွေက လူထု ဆင်စေးတစ် ဖြစ်တဲ့ ဘာသာရေးလိုကိစ္စတွေ ရအောင်ရှောင်တယ်။ အဲဒီလူက ဘာသာတရား ရှိမယ်ဆိုရင်ပေါ့။
အရူးနဲ့ ကွန်မြူနစ်တွေဆီမှာတော့ မရှိဘူး။ ဘစ်စနစ် ထဲက အက်သစ်။

မြစ်ဆုံကို သမ္မတ ဗွီတို နဲ့ ရပ်ခဲ့ပြီးပြီ။ အပြည်ပြည်ဆိုင်ရာက ရင်းနှီးမြှုပ်နှံမယ့် လူတွေ ဒီ ( သတ္ထုတွင်း ) ပွဲအဖြေကို လိုက်ဖ် ရှိုးတစ်ပွဲလို စောင့်ကြည့်နေကြမှာ အသေအချာပဲ။ တစ်ခုသက်သာမှာက ဖြစ်ခဲ့ရင်တောင် တရုတ် မုန်းတီးရေးကြောင့် ဆိုတ့အဖြေ ကြံဖန် ထုတ်လို့ရလိမ့်မယ်။ ကတိပျက်တာက ကောင်းတော့ မကောင်းဘူး။
စဉ်စားလို့ ဉာဏ်မမီတာက သမ္မတရုံး ဝနကြီး ( စိန် ) အောင်မင်းရဲ့ စကား။ ၁၉၈၈ ခု နောက်ပိုင်း -


 ဇင်ဝေသော်

ထောက်ခံပါတယ် ပရော်ဖက်ဆာ


လူသားရဲ့အသိဉာဏ် စွမ်းရည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ခန့်က အထွတ်အထိပ် ကို ရောက်ခဲ့ပြီးပြီမို့ အဲဒီနောက်ပိုင်း လူတွေဟာ ပိုပြီး အူကြောင်ကြောင်နိုင်လာတယ် လို့ ပရော်ဖက်ဆာ Gerald Crabtree က Independent သတင်းစာမှာ ပြောကြားသွားတယ်လို့ သိရပါတယ်။

ဒီ အယူအဆကို အားလုံးက တညီတညွတ်တည်း လက်ခံကြတာတော့ မဟုတ်ကြပါဘူး။ အမေရိကန် သိပ္ပံပညာရှင်တွေကလည်း အထောက် အထားတွေနဲ့ ငြင်းဆိုကြပါတယ်။ ငြင်းမှာပေါ့ ၊ အမေရိကဆိုတာ အဲဒီတုန်းက ရှိမှ မရှိသေးတာ။


ဒါကို သဘောတူသူက မစ္စတာ ဂျင်းမ်ပါ။ သူကလည်း အထောက်အထားေ တွနဲ့ လက်ခံထားပါတယ်။ Connecticut မှာရှိတဲ့ တရုတ် စားသောက်ဆိုင်ကနေ လူမည်းတစ်ယောက် က ကုန်ပစ္စည်းပို့တဲ့ လော်ရီကားကြီး ခိုးယူသွားတယ်။ ကားကို ခိုးပြီးကုန် ပစ္စည်း ပို့ရမယ့် လိပ်စာတွေအတိုင်း အားလုံး လိုက်ပို့ ပြီး ငွေတောင်းနေလို့ ရဲက နောက်တစ်နေရာကနေ သူ့ကို စောင့်ဖမ်း လိုက် ရုံပဲ။ Connecticut ရဲတွေအတွက် အလွယ်ဆုံး ဖမ်းမိလိုက်တဲ့ ကားခိုးမှု ဖြစ် သွားတယ်။ ဟုတ်မှာ ဓာတ်ပုံထဲမှာရဲတွေရဲ့ မျက်နှာတွေကကို ပြုံးစိစိနဲ့ ပဲ။

နောက်ပြီး လေယာဉ်ပေါ်မှာ ဝေတဲ့ မြေပဲလှော် ထုပ် အပေါ်မှာ ရေးထားတဲ့ စာက
" အခွံခွာပြီးမှ စားပါ " တဲ့။ မခွာဘဲ စားသူ ရှိဖူးလို့ဖြစ်မှာ။
ဒါတွေကို ကြည့်ရင် ဖြစ်နိုင်တယ်ပေါ့။

သူက ရယ်စရာပြောပေမယ့် ဗုဒ္ဓဘာသာတွေ အတွက်ကတော့ တကယ် အမှန်တရားပဲ။
ဘီစီ ၆ ရာစုက ဘုရားရှင်ထက် ကောင်းတဲ့ ဦးနှောက် မပေါ်နိုင်တော့ဘူး။
တရုတ်တွေ၊ ဂရိတွေလည်း သဘောတူမှာပဲ။ ကွန်ဖြူးရှပ်တို့၊ လာအိုဇုတို့၊ ဆိုကရေးတီး၊ ပလေတို တို့ သူတို့မှာလည်း ရှိတာပဲ။

မြန်မာတွေလည်း ငြင်းလို့မရပါဘူး။
အေဒီ ၁၁ ရာစုက အနော်ရထာကို ကျော်တဲ့မင်း ရှိကို မရှိတော့ဘူး။ အထူး သဖြင့်တော့ မဆလ၊ နဝတ တို့ပေါ့။
သူ့လက်ထက်က ဘုရားတွေ ပျက်လို့ ပြင်ကြတာပဲ။ မပြင်တဲ့ ဘုရားတွေက အရင်မပျက်ရဘူး၊ ပြင်တဲ့ ဘုရားတွေက အရင် ပျက်နေလို့။

အနော်ရထာမင်းကြီး ဆည်မြောင်းတွေ ဖောက်ခဲ့တာလည်း လူတိုင်းအသိ။
အခု နည်းပညာက သူ့မမီဘူးဖြစ်နေတယ်။ မယုံရင် စစ်ကိုင်းတိုင်း၊ မြင်း မူမြို့နယ်မှာ ရှိတဲ့ လက်ပန်ဆည်ကို သွားကြည့်။
အောက်က ရွာတွေကို ရေပေးဖို့ ဆောက်ထားတဲ့ ဆည်ထဲက ရေတွေက အစိုးရကို ဆန္ဒပြပြီး အထက်ပြန် စီးနေလို့ အောက်က ရွာတွေ ငုတ်တုတ် ထိုင်ပြီး ( မေ့ဖို့ မေ့နေကြလို့ ) ရယ်နေကြရတယ်။
ဖြစ်မှ ဖြစ်ရပလေ။ တော်လိုက်တဲ့ နည်းပညာ။ ခင်ဗျားတို့ ယုံပြီလား။

ကလေးတုန်းက စာကျက်ရင်း မှတ်မိနေတဲ့ ဝါကျလေး နှစ်ကြောင်း ရှိတယ်။
" မီးခိုးများ မိုးပေါ်ထောင်တက်နေလျင် လေငြိမ်သည် ဟု မှတ်ပါ "
" ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည် " တဲ့။

မြန်မာပြည်ရဲ့ အသိဉာဏ် စွမ်းရည်က လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်က အထွတ်အထိပ် ကို ရောက်ခဲ့ပြီးပြီ ဆိုတာနဲ့ ပတ်သက်လို့ ..
" လက်ရှိအနော်ရထူတွေ ပို အူ တယ် " ဆိုတဲ့ သာဓက လေးများ ရှိရင် ရှယ်ကြပါဦး။
ပြည်တွင်းက လူတွေမှာ ဒီလို သာဓကတွေ တထောကြီး ရှိမှာပါ။ အနည်းဆုံးတော့ ရယ်ရတာပေါ့။


 ဇင်ဝေသော်

မြန်မာတွေ မခေကြဘူး

စင်္ကာပူ သတင်းစာတွေက သူတို့နိုင်ငံတွင်းမှာ ၂၆ နှစ် ကြာ ဆန္ဒပြ တောင်းဆိုမှုမရှိခဲ့တာ အဆုံးသတ် သွားတဲ့ အကြောင်းတွေ ရေးနေကြလို့ ၂၀၀၇ ခု ရွှေဝါရောင် အရေးအခင်း ကို သွားသတိရမိတယ်။
ဆန္ဒပြ တယ်လို့ တရားဝင် မပြောပေမယ့် ခေါင်းဆောင်သူတွေက ဘယ် သူတွေလည်း ဆိုတာတော့ စင်္ကာပူ ရဲက အသည်းအသန် ထောက်လှမ်းတယ်။

ဒီလိုပါ။ အရေးအခင်းကအရှိန်ကောင်းနေတုန်း စင်္ကာပူက အာစီယံ ထိပ်သီး အစည်းအဝေး လက်ခံကျင်းပတယ်။

မြန်မာကျောင်းသားလေးတွေက ဒီပွဲမှာ ဆန္ဒပြခွင့် မရ အရ ကြိုးစားကြတယ်။
သုံးယောက်တွဲပြီး လမ်းမလျှောက်ရ ဆိုတဲ့ အောချတ် လမ်းမပေါ်မှာ နှစ်ယောက်စီတွဲ လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတယ်။

ဥပဒေထဲက ဆိုတော့ ဖမ်းလည်း မရ၊ ဆန္ဒပြနေတာကလည်း အသေအချာ။
စင်္ကာပူရဲတွေတော်တော်ခေါင်းမီးတောက်ခဲ့ရတယ်။ ဥပဒေကို လက် တစ်လုံးခြား လုပ်သွားလို့။

ဒါမျိုး စင်္ကာပူမှာ မဖြစ်ခဲ့ဖူးတော့ ရှက်လည်း တော်တော် ရှက်သွားကြတယ်။
စင်္ကာပူတွင်း အပ်ကျတာက အစ သိတဲ့ ဆရာကြီး လီကွမ်းယု ကတော့ ကလေးတွေကို ချီးကြူးတယ်လို့ ကြားရတယ်။ ဒီကလေးတွေ မဆိုးဘူး ( မလွယ်ဘူး ) တဲ့။

အဲဒီနောက် ထိတဲ့လူ တချို့လည်း ထိသွားတယ်။ တော်တော်များများလည်း သတိပေး ခံလိုက်ရတယ်။

ဘာရယ် မဟုတ်ပါဘူး။ ကွန်မွန်းဆင့်စ် မှာတော့ မြန်မာတွေ မညံ့လှဘူး တွေးမိလို့ပါ။ စင်္ကာပူ မှာ ဒါမျိုးလုပ်ရဲသူတွေ မရှိခဲ့ဘူးလေ။

" မြန်မာတွေ ဖြစ်အောင်သာ မလုပ်နိုင်တာ ဖြစ်သလိုတော့ လုပ်တတ်တယ် " ဆိုတဲ့ စကားလည်းဟုတ်တုတ်တုတ်ပဲ။ ဘဝကကို အဲသလို လေ့ကျင့်ပေးထားတာ ဆိုတော့ လေ။ ။

ရေပေါ်ဆီ ( ၂း ၂ )

စင်္ကာပူမှာ ဒီလိုင်စင်လေးရအောင် လုပ်ပေးရင် ခင်ဗျားတို့နိုင်ငံထဲမှာ ဒီလို လိုင်စင်ရအောင်လည်း ကျွန်တော့်ကို ကူညီပါ။ ဒါမျိုးပေါ့။ ဒါတွေက လာဘ်ပေးလာဘ်ယူမှုအနေနဲ့ သက်သေပြလို့ မရဘူး။ မင်းကို ငါက ဦးစားပေးလို့ မင်းက ငါ့ကို ဦးစားပေးတယ်။ ဒါပဲ။
တို့ပတ်ဝန်းကျင်တစ်ခုလုံးက ဒီအတိုင်းဖြစ်နေတာ။ကူးစက်ရောဂါရှိတဲ့ နေရာမှာကျန်းမာရေးကောင်းဖို့သန့်သန့်ရှင်းရှင်း နေသလိုမျိုး ငါတို့လည်း သန့်ရှင်းအောင် နေကြရတာ။ မလွယ်ဘူးနော်။ ကိုယ်ကျင့်တရားဒဏ်ကို ကောင်းကောင်း ခံနိုင်တဲ့လူတွေ ရှိမှ ရမယ်။

မေး ။         ။ ဝန်ကြီးတွေရဲ့လစာနဲ့ ပတ်သက်ပြီး လူထုထဲမှာ တော်တော်ကြီး မကျေမနပ် ဖြစ်နေကြတယ်ဆိုတာရော ရိပ်စားမိရဲ့လား။
ဖြေ ။         ။ ဒါက လူထုရဲ့ မျှော်လင့်ချက် ... ရုံးအလုပ်ဆိုတာ ဂုဏ်ရှိဖို့တဲ့။ မဟုတ်ဘူး။ အဖွဲ့တစ်ဖွဲ့မှာ ပါဝင်နေရတာမှ ဂုဏ်ရှိတာ။ ဒါက Bob Rubin (အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း) လိုပဲ။ သူက သက်တမ်းတစ်ခုခွဲ အလုပ်လုပ်တယ်။ အနားယူလိုက်တယ်။ ပြီးတော့ Citigroup ထဲ ရောက်သွားပြီး အမေရိကန်ဒေါ်လာ တစ်ရာဘီလီယံအထိ ရသွားတယ်။ ပြီးတော့ အလန်ဂရိန်းစပင်း (Alan Greenspan - Former Federal Reserve Chairman) (အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ) ဥက္ကဋ္ဌဘဝအတွေ့အကြုံ၊ အဆက်အသွယ်တွေကို အခြေခံပြီး အလုပ်ကထွက်၊ အပြင်မှာ အလုပ်လုပ်နေတယ်။

Hank Paulson (အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း) လည်း ဒီအတိုင်းပဲ။ ဒီမတိုင်ခင် သူက Goldman Sachs ရဲ့ စီအီးအို။ သူ ရှယ်ယာတွေကို ရောင်းပြီး အရဲစွန့်လိုက်တယ်။ ဒီရှယ်ယာတွေရဲ့ အတက်အကျက ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်နေတယ်။ အလားတူပဲ၊ Larry Summers နဲ့ Tim Geithner တို့လည်း အလားတူပဲ။ (အမေရိကန်စီးပွားရေးပညာရှင် Larry Summers ဟာ ၁၉၉၉ - ကနေ ၂၀၀၁ - ခုအထိ ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့ပြီး ယခု National Economic Council ရဲ့ ဒါရိုက်တာ လုပ်နေပါတယ်။ Tim Geithner ကတော့ ၂၀၀၃ - ခုကနေ ၂၀၀၉ - ခုအထိ နယူးယောက် Federal Reserve Bank ဥက္ကဋ္ဌဖြစ်ပြီး ယခု ဘဏ္ဍာရေးဝန်ကြီး လုပ်နေပါတယ်။)

ပေါ(လ်)ဗော်(လ်)ကာ (Paul Vokker) ကတော့ ရှားမှရှားတဲ့ လူတစ်ယောက်ပဲ။ (၁၉၇၉ - ကနေ ၁၉၈၇ အထိ Federal Reserve ဥက္ကဋ္ဌ။ အိုဗားမားအစိုးရလက်ထက်မှာ Economic Recovery Advisory Board ရဲ့ ဥက္ကဋ္ဌ)။ သူ့လစာက နည်းနည်းလေး။ သူ့ကို "ဘာလို့ ဒီအလုပ် လုပ်နေတာတုန်း" လို့ မေးဖူးတယ်။ "Princeton မှာ လူ့အဖွဲ့အစည်းရဲ့ တန်းဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ရေးဝါဒနဲ့ တို့ကို လေ့ကျင့်ပေးခဲ့တာ" လို့ သူက ဖြေတယ်။သူ အနားယူပြီးတဲ့နောက်မှာလည်း ဒါနဲ့ ပိုက်ဆံရှာဖို့ မလုပ်ခဲ့ဘူး။ သူက ငါ့ရဲ့ လီကွမ်းယုကျောင်း (LKY School) မှာ ဘာမှ မပေးရတဲ့ အဖွဲ့ဝင်ပဲ။ အိုဗားမားအတွက် အင်ဒိုနီးရှားမှာလည်း လုပ်ပေးရတယ်။ လစာအနေနဲ့ အသိအမှတ်ပြုရုံ နည်းနည်းလေးပဲ။ သူကတော့ တကယ့်ကို ထူးဆန်းတဲ့လူ။ သူက သူ့ရှိတာနဲ့ လုံလောက်ပြီလို့ ထင်တဲ့လူ။

သူလုပ်ခဲ့သမျှ အလုပ်တွေထဲမှာ ပိုက်ဆံကောင်းကောင်း ရနိုင်တာဆိုလို့ စတိုးဆိုင်တွေမှာ အရင်းအနှီးလုပ်တဲ့ James Wolfensohn တုန်းကပဲလို့ ထင်တယ်။ သူက သူပဲ။ အမေရိကမှာ ပေါ(လ်) ဗော်(လ်)ကာလိုလူ ဘယ်နှစ်ယောက် ရှိလို့တုန်း။ အမေရိကန်တွေက သူတို့ ဘာတွေ လုပ်နိုင်သလဲဆိုတာ သိကြတယ်။ မိန့်ခွန်းရေးပေးသူလား၊ နက်(တ်)ဝါ့(စ်) မှာလားစသည်ပေါ့။

မေး ။         ။ မစ္စတာလီ ပြောခဲ့သလို စင်္ကာပူအောင်မြင်ဖို့ ဝန်ကြီးတွေရဲ့လစာက အဓိကပဲလို့ဆိုရင် ဘာ့ကြောင့် စင်္ကာပူးရီးယန်းအများစုက ဒါကို လက်မခံနိုင်ကြတာလဲ။
ဖြေ ။         ။ ဘယ်အချက်တွေ ကွဲပြားနေတယ်ဆိုတာ သဘောပေါက်အောင် နိုင်ငံမျိုးစုံကိုလည်း ရောက်ဖူး၊ လေ့လာဖူးရတယ်။ ငါတို့နေတဲ့နေရာက ငွေယဉ်ကျေးမှု ထွန်းကားတဲ့နေရာ။ တို့က ဥရောပမဟုတ်၊ ဩစတေးလျမဟုတ်၊ မတူညီတဲ့ နိုင်ငံရေးကျင့်သုံးတဲ့ အခြားနေရာတွေ၊ လူနေမှုအဆင့်မတူ၊ လူသားအရင်းအမြစ်အတွက် လူဦးရေမတူတဲ့ ဒေသတွေမှာ မဟုတ်ဘူး။

ဒီစနစ်ကို ငါတို့ ဆက်ထိမ်းထားနိုင်မလား။

မင့်ရဲ့ ပြိုင်ဘက်တွေကိုကြည့်။ သူတို့ဇနီးတွေက လက်ဝတ်ရတနာတွေ ညွှတ်နေအောင် ဆင်ထား၊ မင်းဇနီးကရော ဘယ်လိုလဲ။
ဆိုပါတော့၊ မင်းက ဒါမျိုးတွေမှာ ပြိုင်နေမယ့် လူမျိုးမဟုတ်ဘူး။ငါ့ဇနီးဆိုရင် လက်ဝတ်ရတနာ မဝတ်တတ်ဘူး။ ရွှေရောင်နာရီနဲ့ ပုလဲလည်ဆွဲ ဝတ်ကောင်းဝတ်မယ်။ ဝန်ကြီးအားလုံး ဒီအတိုင်းပဲ ကျင့်ရမယ်။ ဒီမူကို ငါတို့ ဆက်ထိန်းနိုင်မလား။ ရည်ရွယ်ချက် ကြီးကြီးနဲ့ တကယ် ရိုးသား၊ ကြိုးစားတဲ့ လူတော်တွေ ရှိရင်တော့ ရမယ်။

တစ်နှစ် နှစ်နှစ်အတွင်းမှာ အစိုးရအသစ် အမြဲပြောင်းနေမယ်ဆိုရင် ဒီမူကို ဆက်ထိန်းလို့ ရပါဦးမလား။ မရဘူး။ ဒီလိုဆို အခြားပြဿနာတွေ တက်လာတယ်။

စင်္ကာပူမှာ ဒီလိုင်စင်လေးရအောင် လုပ်ပေးရင် ခင်ဗျားတို့နိုင်ငံထဲမှာ ဒီလို လိုင်စင်ရအောင်လည်း ကျွန်တော့်ကို ကူညီပါ။ ဒါမျိုးပေါ့။ ဒါတွေက လာဘ်ပေးလာဘ်ယူမှုအနေနဲ့ သက်သေပြလို့ မရဘူး။ မင်းကို ငါက ဦးစားပေးလို့ မင်းက ငါ့ကို ဦးစားပေးတယ်။ ဒါပဲ။

တို့ပတ်ဝန်းကျင်တစ်ခုလုံးက ဒီအတိုင်းဖြစ်နေတာ။ကူးစက်ရောဂါရှိတဲ့ နေရာမှာကျန်းမာရေးကောင်းဖို့သန့်သန့်ရှင်းရှင်း နေသလိုမျိုး ငါတို့လည်း သန့်ရှင်းအောင် နေကြရတာ။ မလွယ်ဘူးနော်။ ကိုယ်ကျင့်တရားဒဏ်ကို ကောင်းကောင်း ခံနိုင်တဲ့လူတွေ ရှိမှ ရမယ်။ ငါတို့ ခေါင်းဆောင်အရည်အသွေးတွေ ကျပြီဆိုတာနဲ့ အစိုးရရဲ့ အရည်အသွေးလည်းကျ၊ ပီအေပီလည်း ပြုတ်ပဲ။

မေး ။         ။ အစိုးရဝန်ကြီးတွေရဲ့လစာကို ထိပ်တန်း ပုဂ္ဂလိကဝင်ငွေနဲ့ တိုင်းတာပြီးပေးဖို့ ပြင်ဆင်ခဲ့တဲ့ လက်ရှိအစိုးရရဲ့ (၁၄) နှစ်ကာလကို ပြန်ကြည့်ရင် သူတို့ လုပ်ဆောင်မှုတွေအပေါ်မှာ ကျေနပ်အားရမှု ရှိပါသလား။
ဖြေ ။         ။ အခုဆိုရင် ရွေးကောက်ပွဲ သုံးကြိမ်တိုင်သွားပြီ။ ရွေးကောက်ပွဲရောက်တိုင်း ဝန်ကြီးလစာကိစ္စက ပေါ်ပေါ်လာတာပဲ။ ဒီကိစ္စကတကယ်လည်းအရေးကြီးတယ်ဆိုရင်၊အစိုးရကလည်းလစာနဲ့တန်အောင်လုပ်မပေးနိုင်ဘူးဆိုရင် ရွေးကောက်ပွဲရလဒ် ပြောင်းရမှာပေါ့။ ပီအေပီလည်း ပြုတ်ပြီပေါ့။ အခု တို့က အကျိုးအမြတ်ရအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒီမူက အလုပ်ဖြစ်နေတယ်။
ဒီမူဆက်ပြီး အလုပ်ဖြစ်နေဦးမလား။ မျှော်လင့်ရတာပဲ။

ဒါကို ပြန်ပြီး ချိန်ဆကြည့်ဖို့ရော လိုမလား။ အေး ... လိုမယ်။ စီးပွားရေးအခြေအနေနဲ့ တစ်ဦးချင်းဝင်ငွေ ဘယ်လိုရှိမယ်ဆိုတာ ငါတို့ မသိဘူး။ တချို့ပုဂ္ဂလိကစီးပွားရေးက တိုးတက်တာမြန်ပြီး တချို့က နှေးတယ်။ ဒီဖော်မြူလာကိုတော့ ညှိယူရမယ်။
ကွန်မြူနစ်တွေ ကျင့်သုံးခဲ့တာကို မင်းကြည့်ပါလား။ မင်းကတော့ ဒီဟာကို ထိုက်တန်တယ်ဆိုပြီး ငါက မင်းကို အဆင့်တစ်၊ နှစ်၊ သုံး၊ လေးဆိုပြီး သတ်မှတ်ပေးတယ်။ မင်းက အဆင့်တစ်ဆိုရင် အကောင်းဆုံးဆေးရုံမှာ တက်၊ အကောင်းဆုံးဆိုင်မှာဝယ် စသဖြင့်ပေါ့။

ဆိုင်တွေက ပစ္စည်းကောင်းတွေချည်းပဲတင်၊ ဝယ်စရာ ပိုက်ဆံမရှိတော့ အဲ့ဒီစနစ်လည်း ပျက်ကရော။ မင်းလိုချင်တဲ့ ပစ္စည်း ရ၊ မရ၊ ရှိ၊ မရှိဆိုတာကို ငွေက အဓိက ဆုံးဖြတ်ပေးနေတယ်။ တစ်ယောက်က ပြောမယ် "ဒီလိုင်စင် မင်းကို ချပေးမယ်။ ဒီလိုင်စင်နဲ့ ဒေါ်လာမီလီယံချီပြီး ရှာလို့ရတယ်။ ရရင် ငါ့ကို ဒီလောက်ပေးရမယ်" တဲ့။ အဲ့ဒီမှာ ကိုယ်ကျင့်တရားက စပျက်နေပြီ။ ရုရှားအရာရှိတွေ၊ တရုတ်အရာရှိကြီးတွေ၊ ဗီယက်နမ်အရာရှိကြီးတွေ တရားပျက်တာဟာ ဒီက စတာ။

တို့က ကိုယ့်ကျင့်တရား မပျက်သေးဘူး။ ပျက်တာနဲ့ ပြီးရောပဲ။ စီးပွားရေးအကျပ်ရိုက်နေစဉ်မှာတောင် ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ဆီ လာနေကြတုန်းပဲ။ "အိုကေ ... ပစ္စည်းတွေ ဈေးကျနေတုန်း စင်္ကာပူမှာ လာပြီး စီးပွားရေးလုပ်ထားမယ်။ ငါ့စီးပွားရေးလည်း အဆင်ပြေလာရော စီပွားရေးအကျပ်ရိုက်မှုကနေလည်း နလန်ထူလာမယ်။ ပြီးရင် ကိုယ့်ဒေသကို ပြန်ပြီး စီးပွားရေးလုပ်မယ်" လို့ သူတို့က ပြောတယ်။

ဘာ့ကြောင့်လဲ။ ငါတို့က တိကျတယ်။ ရိုးသားတယ်။ ယုံကြည်လို့ရတယ်။ ဒါ့ကြောင့်။ ပေါ်လစီကို ငါတို့က ခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ဘူး။


ရေပေါ်ဆီ ( ၂ )

 ဇင်ဝေသော်

ကမ်းလက် ( ၁၃ ) လပြည့် အမှတ်တရ


အမေရိကန်၊ တိဗက်တန် ဘိက္ခုနီ တစ်ပါး ရေးထားတာ ဖတ်ရဖူးတယ်။
ကျမ သုံးစွဲနေတဲ့ ပစ္စည်း အားလုံးလိုလိုကို ဘယ်လို လုပ်ရတယ်ဆိုတာတောင် ကျမ မသိဘူး။
ကျမ အခုလုပ်နေတာတွေကိုလည်း လူ တော်တော်များများ မလုပ်နိုင်ဘူး။
ဒါကိုကြည့်ရင် ဒီကမ္ဘာကြီးဟာ ဘယ်လောက် အညမည၊ သဟဇာတ သဘောတရားတွေ ရှိနေတယ် ဆိုတာ ရှင်းနေတာ ပဲ တဲ့။

အဲသလိုပါပဲ၊ ကျေးဇူတင်စရာ အညမည၊ သဟဇာတ သဘောတရားလေးတွေကို အမှတ်ရမိလို့ပါ။
ကျနော် ကိုယ်တိုင်က " စင်္ကာပူက ရွာသား " အခေါ်ခံရလောက်အောင် ၂၀၀၇ အထိ အီးမေးတောင် မရှိခဲ့ဘူး။
အခု " ဘယ်သူ ဘာပြောပြော ကိုယ့် အထာနဲ့ ကိုယ်တော့ ကိုယ်လည်း ဘလော့ဂါပဲ " ( ရိုက်ပေး၊ တင်ပေးသူ ရှိရင် ) ဖြစ်နေရပြီ။

ကျေးဇူတင်စရာက ပတ်ဝန်းကျင်။
ဖတ်ချင်တဲ့ စာ တိုင်းကို ဖတ်လို့ရအောင် လက်လှမ်းမီတယ်။
နောက်ပြီး အိုင်တီ၊ ဖေ့စ်ဘုတ် နဲ့ ဘလော့ဂ်။ ဒါနဲ့ ဆက်စပ်နေတဲ့ အနီး အဝေး ကျေဇူးရှင်တွေ အားလုံး။

အရင်က စာဖတ်၊ ကြိုက်ရင် မှတ်စုထဲ ထည့်။ အခု လူမသိတဲ့ မှတ်စု မလိုတော့ဘူး။ တစ်ခုခုဆို ဖေ့စ်ဘုတ်မှာ ရေးတင်လိုက်ရင် တရားဝင် မှတ်စု ဖြစ်သွား ရော။ စာရေးတာ ဝါသနာ ပါရင် စာဖတ်ရင်း ရေချင်တာလေးတွေ တွေ့ရတယ်။ တစ်နေ့ကို တစ်နာရီခွဲလောက် အချိန်ပေးနိုင်ရင် ရေးစရာလေးတွေ ရလာတတ်တယ်။

နောက်....... စာဖတ်သူတွေ။ ရေးသူကို အားရှိစေတယ်။
" လိုက်ခ် " တွေထက် စာဖတ်သူ ဦးရေကို တလေးတစား စစ်မိတယ်။
တင်လိုက်တာနဲ့ တစ်နာရီအတွင်း ဝင်ကြည့်၊ ဝင်ဖတ်သူ ၃၀၀ ဝန်းကျင် ရောက်သွားတယ်၊ ပုံမှန်ပဲ။
သူတို့ကို " စောင့်ဖတ် " အုပ်စု လို့ ကိုယ်တိုင် နာမည်ပေးမိတယ်။ အများအားဖြင့်လည်း ဒီလူတွေပဲ။

ဆောင်းပါ ရှည်ရှည်တွေဆို ( ဆီးရီးယပ် ဖြစ်တာမျိုး )  ဖေ့စ်ဘုတ် မှာ လျော့သွားပြီ့း  ဘလော့ဂ်  မှာ သွားတက်တယ်။ စာဖတ်သူက ပါးတယ်။ ဆောင်းပါ အတို၊ မှတ်စုတို၊ သရော်စာ၊ ရယ်စရာ ပြုံးစရာဆို  ဖေ့စ်ဘုတ် မှာ များတယ်။ " စောင့်ဖတ် " ဆိုတာက ည ၁၂ နာရီ တစ် ချက် တင်လည်း ဒီ အုပ်စုလေးက ဖတ်တယ်။ လေးစားရပြီ။ ( အက်ဒမင်ကို ပြောပြီး နှစ်ခါ စမ်းပြီးပြီ )

ကြွားတာမဟုတ်ပါဘူး၊  ဖေ့စ်ဘုတ် နဲ့ ဘလော့ဂ် ပေါင်းရင် တစ်နေ့ ( တစ်ပုဒ် ) ဝင်သူ၊ ဖတ်သူ ၇၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်။ ( စင်္ကာပူ လာသင့် မလာသင့် က လွဲရင် ) ဖေ့စ်ဘုတ်မှာ ၆၀၀ ဝန်းကျင်၊ ဘလော့ဂ်မှာ ၃၀၀ ဝန်ကျင်။ စာအုပ် ထုတ်ရင်တောင် နာမည်မကြီးရင် အုပ်ရေက တစ်ထောင် ဝန်းကျင် ပဲ။ ဘယ်စာမှ မရှဲ၊ ဘယ် မိန်းကလေးပုံမှ မတင်ဘဲ ( ဒေါ်စုက လွဲရင်၊ သူက မိန်းကလေး မှ မဟုတ်တာ ၊ မြန်မာ ဝေါဟာရမရှိလို့သာ။ သူက မိန်းကကြီးပဲ ဥစ္စာ။ ) ဒီလောက် လာသူရှိရင် တော်ပြီပေါ့။

စာဖတ်သူတွေကို ကျေးဇူးတင်တယ် ဆိုတာက ဒီလိုပါ......
အခြား ကလောင်နဲ့ စာအုပ် နှစ်အုပ် ထုတ်ဖူးတယ်။ အုပ်ရေတစ်ထောင် စီ ကုန်တယ်။ ငွေစိုက်ပေးရတယ်။ ငွေ ပြန် မရဘူး။
ကူညီတဲ့ သူငယ်ချင်း သုံးတာ ( ချစ်လို၊့ ရင်းနှီးလို့ )။ " မင်းလိုကောင်က ဒီငွေလောက် မမှုပါဘူး " ကြိုပြောထားလို့
ကျနော်လည်း " ဟုတ်တယ် ၊ငါ လိုကောင်က ဒီငွေလောက် မမှုဘူး " လုပ်လိုက်တယ်။ သိက္ခာ ထပ်မကျချင်တော့ဘူး။ ရမှာလည်း မဟုတ်ဘူးလေ။ ငတ်ရင် သူ့ အမေအိမ် ရောင်းပေးမှာပေမယ့် မငတ်သေးရင် အကြွေးမပေးကြတဲ့ ဆက်ဆံရေး မျိုး။

မိတ်ဆွေ ဆရာလတ်ဆို မအားတဲ့ကြားက ( ရွှေမြန်မာ ) မဂ္ဂဇင်း လုပ်၊ စာရေး၊  ကဗျာရေး၊ ဘာသာပြန်။ စာရေးဆရာ ခ မယူဘဲ စာအုပ်ထုတ်တယ်။ ငွေကုန်တယ်။

ပိုးက မရဘူး။ မရတဲ့ အတူတူ အခု ပိုက်ဆံ မကုန်ဘဲ  နေ့တိုင်း စာအုပ်ထုတ်ခွင့် ရနေလို့ ကျေးဇူးတင်တာပါ။
ငွေမကုန်။ ကိုယ်ရေးချင်တာ ရေး။ အပြန် အလှန် ( လူချင်း မသိကြဘဲ ) လေးစားကြ။ ကဲ ....ဘာလိုသေးလဲ။ စကားကြီး စကားကျယ် စေတနာ တွေ ဘာတွေ လုပ်မနေနဲ့။

ဒါနဲ့ ဒီနေ့  ကမ်းလက် ( ၁၃ ) လ ပြည့်ပြီ။        ။


 ဇင်ဝေသော်

ကမ်းလွန်ပင်လယ်


သိပ် နောက်ကျနေပြီလား
အရုဏ်ဦး နှုတ်ဆက်ဖို့ ဝေခဲ့တာပါ
ခြေရာတွေ များရင် ခြေရာမထင်တော့ဘူး
လူ ဆိုတာ
သတင်းထူး ငတ်တဲ့ သတ္တဝါ
ဘာကိုပဲ ဖြစ်ဖြစ်။

သိပ် စောလွန်းနေသလား
မိုးနှောင်းကောက်ဖို့ ပွင့်ခဲ့တာပါ
သတင်းထူးတွေ များရင် သတင်းမထူးတော့ဘူး
လူ ဆိုတာ
ခြေလှမ်းဦးဖို့ ငတ်တဲ့ သတ္တဝါ
ဘယ်လိုပဲ ဖြစ်ဖြစ်။

ဖြစ်၊ တည်၊ ပျက်
ဖြစ်၊ တည်၊ ပျက်
ဖြစ်၊ တည်၊ ပျက်
ပြောသူတွေ များလွန်းတော့
နားညည်းသွားတဲ့ နှင်း နဲ့ ပန်းက
ပျက်၊ ဖြစ်၊ တည်။
တည်၊ ပျက်၊ ဖြစ်။
အရွတ် အဖတ် မပါတဲ့ ပါဖောင်းမင့် အစစ်။     ။


 ဇင်ဝေသော်

ဒါ့ကြောင့် ကလေးယူကြတယ်


“ ကလေးတစ်ယောက် လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ ဘယ်လောက် ကုန်ကျမလဲ ဆိုတာ လူ တော်တော် များများ နေ့တိုင်း ဂဏန်းပေါင်းစက်နဲ့ မတွက်ကြတာဟာ ကံကောင်းတာပဲ။ နို့မိုတော့ ကျနော်တို့ လူသား မျိုးဆက်တော့ တုန်းပြီ ”

Maureen Rice ဆိုတဲ့ ယူကေ သုတေသန ဆရာက သူ့ရဲ့ " The Parent Trap " စာအုပ်မိတ်ဆက်စဉ် သတင်းထောက်တွေကို ပြောခဲ့တယ်။


ကလေးတစ်ယောက် လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ ကုန်ကျ ငွေ တွက်ကြည့် ရင်.......
အမေရိက မြို့ကြီးတွေမှာဆို ဒေါ်လာ သုံးသိန်းခွဲ
လန်ဒန်လို မြို့မှာ ပေါင် နှစ်သိန်းခွဲ
ဟောင်ကောင် မှာဆို ဟောင်ကောင် ဒေါ်လာ ၅ မီလီယံ လောက် ကုန်ကျတယ်။
ဒီငွေ ပမာဏ က ကွန်ဒို အလတ်စား အိမ်တစ်လုံး ဝယ်လို့ ရတယ်။

ကလေးယူတာကိုပဲ ဈေးကွက် တွက်တတ်တဲ့ မိဘ တချို့က
" တစ်ယောက်တည်းယူထားလို့ အဲသလောက် ကုန်တာ၊ အများကြီး ယူလိုက်ရင် အဲသလောက် မကုန်ကျတော့ဘူး " ပြောသူတွေရှိတယ်။
ရယ်ရပေမယ့် သိပ်တော့ မစွံလှပါဘူး။ ကလေး သုံးယောက် အပ် လို့ ဈေးလျှော့ယူတဲ့ ကျောင်း၊ ၅ ယောက်ဝင်စားလို့ ဈေးလျှော့ယူတဲ့ ထမင်းဆိုင် စတာတွေ မတွေ့မိပါဘူး။ ကျနော် တွက်ကြည့်တယ်၊ ကလေးတစ်ယောက် လူလားမြောက်အောင် ပြုစုပျိုးထောင်ရာမှာ တစ်နာရီ ( ဟောင်ကောင်ငွေ ) သုံး ဒေါ်လာကုန်တယ်။

ဒါဖြင့် ဘာဖြစ်လို့များ ကျနော်တို့ ကလေးယူကြတာလဲ၊ သူတို့ဆီက ပြန်ရတာတွေ အများကြီး၊ ဖရီး။

သူတို့ကြီးလာမှ ဘာလေးတွေပဲဖြစ်ဖြစ် သူတို့နဲ့ ပတ်သက်လို့ လေထဲ အိမ်ဆောက် စိတ်ကူးယဉ်ခွင့် ရတယ်။
အပြင်ထွက်တိုင်း လက်တွဲခေါ်စရာ လူ အမြဲရှိတယ်။
အလှဆုံး ရေခဲသေတ္တာရှိတယ် ( အရုပ်တွေ ဆွဲ၊ အရုပ်တွေ ကပ် )
ကာတွန်းကားတွေ လွတ်လွတ် လပ်လပ် ကြည့်ခွင့်ရှိတယ် ( နို့မို့ ကလေး ရိုဟိန်ဂျာ အပြောခံရမှာ စိုးလို့ လွတ်လွတ် လပ်လပ်မ ကြည့်ရဲဘူး )
တစ်ခါမှ မရောက်ဖူးတဲ့ သည်းခြံခင်း ရေမှတ်ကို ရောက်ရတယ်။


" anger management course " ကို တစ်ပြားမှ မကုန်ဘဲ တက်ခွင့်ရတယ်။
တစ်ကိုယ်လုံး ပြန့်နေတဲ့ ချစ်ခြင်းမေတ္တာတွေ ရတယ်။
တစ်နေ့ကို အနည်းဆုံး သုံးကြိမ် အဖက် ခံရတယ်၊ တစ်နှစ်ဆို ၁၀၉၅ ကြိမ်။
သူတို့လေးတွေ အတောင်စုံလို့ " ပျံ " သွားကြတော့ အသည်းကွဲခွင့် ရတယ်။

ကဲ ...ကွန်ဒို အိမ်တစ်လုံးရှိရုံနဲ့ ဒါတွေ ဘယ်ကရနိုင်မလဲ။

Ref: Mr. Jam. A shocker: how much it costs to raise a child


 ကမ်းလက် 

ရီဆာ့ခ်ျ


အာရှက ဂရိ  ဥရောပ ရီဆာ့ခ်ျ

သုတေသန တစ်ဖွဲ့က
" ဥရောပမှာ ဘယ်လူမျိုးက အလုပ် အကြိုးစားဆုံးလဲ " ဆိုတဲ့ မေးခွန်း မေးရာမှာ
ဂရိ တွေကလွဲရင် ဥရောပတစ်တိုက်လုံးက " ဂျာမန် " လို့ ဖြေတြယ်။
ဂရိ တွေကတော့ ဂရိပေါ့ လေ။ အဖြေတွေ ထွက်လာတော့ ဂရိ တွေက ဥရောပတစ်တိုက်လုံး မတရာဘူးတဲ့။

မြန်မာ ရီဆာ့ခ်ျ

မြန်မာနိုင်ငံရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဟူသည် ( မဖြေမီ နာမည်ကို သေသေချာချာ စဉ်းစားပါ )
( က ) ဆရာဝန်များ၊ ကျန်းမာရေး အသိ အတတ် ပညာရှင်များဖြင့် ဦးဆောင် ဖွဲ့စည်းထားသည်။
( ခ ) ပရဟိတ တကယ်လုပ်နေသူများ၊ တက္ကသိုလ် ပါမောက္ခများ၊ ဘ၊က ကျောင်း ဆရာတော်များဖြင့် ဦးဆောင် ဖွဲ့စည်းထားသည်။
( ဂ ) ဆေးသမား ထောင်ထွက် ရပ်ကွက်လူကြီးများဖြင့် ဦးဆောင် ဖွဲ့စည်း ထားသည်။

အဖြေက ( က ) နဲ့ ( ခ ) အပေါင်း ဂရိ တဲ့။ ( က+ခ=ဂရိ )


 ဇင်ဝေသော်

ကမ္ဘာက ထင်သလောက် လေးလေးနက်နက်ကြီး မဟုတ်ဘူး

အရင်က ( အခုလည်း အတူတူပဲ ထင်ပါတယ် ) မြန်မာပြည်မှာ အရောင်းရ ဆုံး၊ အငှားရဆုံး ၊ လူအဖတ်ဆုးံ မဂ္ဂဇင်းတွေကို ကြည့်ရင် နက္ခတ္တ စတဲ့ လိုင်း က မဂ္ဂဇင်းတွေ ဖြစ်နေတယ်။ ဒါနဲ့ မြန်မာတွေ ညံ့တယ်၊ ဘယ်စာမျိုး ဖတ် ရ မယ်ဆိုတာ မသိဘူး၊ ကိုယ်နဲ့ မဆိုင်တဲ့ အဝေးကြီးက နက္ခတ်တွေ အကြောင်း စိတ်ဝင်စားနေတယ် လို့ အပြစ်တင်စောရင် မှားပါတယ်။

ကမ္ဘာကို ကြည့်ပါ။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေက ကမ္ဘာမှာလည်းအ တူတူပဲ လို့ ပြောပြနေတာ တွေ့ရပါလိမ့်မယ်။ ဟယ်ရီပေါ်တာ စာအုပ်ထွက် မယ့်နေ့မှာ မအိပ်ဘဲထိုင်စောင့်ဝယ်မယ့် ပရိဿတ်က စင်္ကာပူလို နိုင်ငံ ပေါက်စမှာတောင် တစ်တန်းကြီး ရှိတယ်။ ဆယ်ကျော်သက် ကလေး ကြိုက်ပါလို့ ပြောချင် ပြောလို့ရပေမယ့် တကယ် ဟယ်ရီပေါ်တာ ရဲ့ စာဖတ် ပရိဿတ်က ကလေးတွေတင် မဟုတ်ဘူးဆိုတာ သုတေသနတွေ က ပြောပြနေတယ်။ ဘာပဲပြောပြော ဟယ်ရီပေါ်တာ ဟာ လူကို အင်တာ တိန်း လုပ်ပေးနိုင်လို့ပဲ လို့ ယူဆရမှာပါ။

နောက်ဆုံး လတ်တလောကိစ္စက ဂန်းနန်းစတိုင်။ ရှိရှိသမျှ ပါဖောင်း မင့်တွေ ကို ကျော်တက်သွားတယ်။ ယူကျုမှာ သန်း ၈၀၀ ကျော်။ ဒါက မူရင်းတင် ထားတဲ့ ဆိုက်ဒ် ကိုပဲ ရေတွက်တာ တဲ့။ ရှိရှိသမျှ ကွန်မင့်တွေက အစ အားလုံး ကို ရေတွက်ရင် ၂ .၂ ဘီလီယံ တဲ့။ သူ့ကိုလည်း " ကံ " ပါလို့ ( ဝမ်းမမြောက်နိုင်သူ တချို့က ) ပြောသူ များ တယ်။ မဟုတ်လောက်ပါဘူး။ သူ့မှာလည်း ပါဖောင်းမင့် တန်ဖိုး ရှိမှာ ပဲ။ နောက်ပြီး ဒီ ဂိုင်းက မိဘတွေက စီးပွားရေးပညာသင်ဖို့ အမေရိက ပို့၊ သူက ကျူရှင်ခ ပိုက်ဆံတွေနဲ့ ကျောင်းမတက်ဘဲ ဂစ်တာတွေ ဝယ်တာ တဲ့။

တစ်ကမ္ဘာလုံး အနေနဲ့ ကြည့်ရင် ပေါ့ပေါ့ ပါးပါးလေးတွေကို လူတွေ ပို ကြိုက် တယ်ဆိုတာ သိသာပါတယ်။ ရေးကြီးခွင်ကျယ်တွေ လုပ်နေစရာ မလိုလှဘူး။ ခပ်တည်တည်ကြီးတွေ၊ လေးလေးနက်နက်ကြီးတွေ များလွန်းရင်.... ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းလည်း နှေးချင် နှေးသွားမှာ။ ဘယ်ပြောလို့ ရမလဲ။

လူပြောများတဲ့ ဘုရားဟော ရှိတယ်။
" စိတ္တေန နီယတိ လောကော=စိတ်က လောကကြီးကို ခေါင်းဆောင်မှုလီဒါရှစ်(ပ် ) ပေးထားတာ " တဲ့။

ပေါ့ပေါ့ ပါးပါး ပါ

 ဇင်ဝေသော်

အပြစ်ကင်းတဲ့ " ငါ "


မဟာဂန္ဓာရုံ ဆရာတော် အရှင် ဇနကာဘိဝံသ၏ စကားလုံး ပိုင်နိုင်မှုကို အမှတ်ရ ကြည်ညိုမိရင်း........
ငယ်စဉ်က ကျက်မှတ်ခဲ့ရသည့် " ပုတ္တဒါရဿ သင်္ဂဟော " မင်္ဂလာအဖွင့် ကဗျာလေးကို ရွတ်ကြည့်မိသည်။
ငါ့ ငါ များ တိုင်ပင် မလွဲ၊ အဓိပ္ပါယ်လည်း မဖောက်၊ နောက်လူ လိုက်ရေး၍ မရနိုင်သော ဆောင်ပုဒ်ပင်။
အသံထွက် ဖတ်ကြည့်ပါ။ ခွန်းအားများစွာ ရနိုင်ပါသည်။

ငါ့ သား သမီး
ငါ့ ဇနီးကို
ငါ ကြီးသည့် ခါ
ငါ ဖွေရှာ၍
ငါ သာ ထောက်ပင့်
ငါ ချီးမြှင့်ဖို့
ငါ နှင့် တော်ရာ
ငါ့ ပညာကို
ငါ သာကြိုးစား
ငါ မနားပြီ
ငါ့ အား
ငါ ကိုးမည်သာတကား

ကြည်ညိုကော်ရော်ပါ၏။    ။


 ကမ်းလက် 

Quote for today


1 ) Quote for today.

" This is the best bad idea we have " ( Tay Yek Keak )

2 ) Life is like that ( on the FB relationship. )
1st ) Single
2nd )In a relationship
3rd ) Engaged
4th ) Married
5th ) It’s complicated
6th ) Separated
7th ) Divorced
( Mr. Jam )


 ကမ်းလက် 

ရေပေါ်ဆီ ( ၂ )

ကိုယ်သွားတဲ့လမ်းကတကယ်မှားနေတယ်ဆိုတာ သေချာနေပြီဆိုရင်အဲ့ဒီလမ်းကြောင်းကနေ သွေဖီရဲအောင်လည်း ပြင်ဆင်ထားရတယ်။ "ဟေ့ ... တို့တော့ မှားနေပြီ။ လမ်းကြောင်း ပြောင်းမှရမယ်" ဆိုတာမျိုးပေါ့။

မေး ။    ။ ကက်ဘိနိတ်မတိုင်မီ မစ္စတာလီမပါဘဲ သူတို့အချင်းချင်း အရင်ဆွေးနွေးရတယ် ဆိုတာကကို မစ္စတာလီရဲ့ လောင်းရိပ် ဘယ်လောက်ကြီးတယ်၊ ဒီလောင်းရိပ်က လွတ်အောင် ဒီလို လုပ်ရတယ်ဆိုတဲ့ သဘောမျိုးရော ရောက်မနေဘူးလား။
ဖြေ ။    ။ ငါ့ကိုယ်ငါ ပြောင်းလို့ မရသေးဘူးလေကွာ။ အဲ့ဒါ လီကွမ်းယုပဲ။ ငါ တစ်ခုခုပြောတိုင်း ငါ့ပါးစပ်ဖျားကတင် ထွက်လာတာ မဟုတ်ဘူး။ အကြိမ်ကြိမ် စဉ်းစားပြီးမှ ပြောတယ်။ စဉ်းစားရာမှာလည်း ငါ့အတွေ့အကြုံတွေရဲ့လောင်းရိပ် ငါ့မှာကို ရှိနေတာ။

        ငါ့အတွက် အချိန်တန်နေပါပြီလို့ ဘယ်သူ ပြောရဲသလဲ။ ငါက JP - Morgan ဘုတ်အဖွဲ့ဝင်၊ ပြင်သစ်က တိုတယ်ရေနံကုမ္ပဏီ ဘုတ်အဖွဲ့ဝင်၊ တစ်ခြားဟာတွေ ရှိသေးတယ်။ သူတို့က ငါ့ကို ထပ်ပြီး ရွေးချယ်တော့ ငါ ပြောခဲ့သေးတယ် "ကြည့်လုပ်ကြပါဦးကွာ။ ငါ ဘယ်တော့ လွတ်မလဲ။ ငါ့အသက် ရှစ်ဆယ်ကျော်နေပြီ" လို့။

        ကလင်တန် ဟောင်ကောင်လာတုန်းက ဘာဖြစ်လို့ ငါနဲ့ စကားပြောချင်တာလဲ သိလား။ သူ့ရန်ပုံငွေအတွက် အာရှက စေတနာရှင်တွေကို မျက်နှာပြလို့ ကောင်းအောင်လို့။ သူက ခေါ်တယ်။ ငါက သူနဲ့ ဆန့်ကျင်ဘက်။ သူက လူလည်၊ ငါလည်း အရူးမဟုတ်ဘူး။ အတွေ့အကြုံတွေ ရှိပြီးသား။ ငါက ဒီလို ပြောဖို့ ပြင်ပြီးသား "ကျွန်တော် သဘောမတူပါဘူး။ ဒါဟာ မဆွေးနွေးလိုခြင်းရဲ့ အကြောင်းပါပဲ" လို့။

         နှလုံးခွဲစိတ်ပြီး တစ်ရက်ပဲ ရှိသေးပေမယ့် ငါ သွားခဲ့ပါတယ်။ သူ့ဇနီး နိုင်ငံခြားရေးဝန်ကြီးမဖြစ်ခင် ငါ လာတွေ့မယ်လို့ ကတိပေးခဲ့ဖူးလို့။ နောက်ဆုံး သူက ပြောတယ် "မစ္စတာလီကို ပေးဖို့ ကျနော့်မှာ အကြွေးတစ်ခု တင်နေပြီ" တဲ့။
    "ဥပဒေနဲ့ညီတာပဲ တောင်းမှာပါ" လို့ ငါ ပြန်ပြောခဲ့တယ်။

        ဒါလေး အလုပ်လုပ်နေသေးသရွေ့ (သူ့ခေါင်းကို လက်ညှိုးထိုးပြတယ်) ငါလည်း အိုကေပဲ။ အဲ ... ဒါလေးက အရင်ရပ်လိမ့်မယ် (သူ့နှလုံးသားကို လက်ထောက်ပြတယ်)။ ဘာ တတ်နိုင်မှာလဲကွာ။ ဒါ ဘဝပဲ။ ဘယ်တော့ သေရမယ် မသိဘူး။ ငါ့မှာ တန်ဖိုးတချို့ရှိတယ်ဆိုရင် အဲ့ဒါလေးတွေနဲ့ စင်္ကာပူကို ဒီထက် အားကောင်းအောင်၊ ဒီထက် တိုးတက်အောင် ကြိုးစားနေဖို့ပါပဲ။

        ဘယ်ခေါင်းဆောင်၊ ဘာမူဝါဒကိုမှ အားသစ်လောင်းနေတာ မဟုတ်ဘူး။ စင်္ကာပူအတွက် သက်သက်ပဲ။ ဒီနေရာလေး တိုးတက်လာတာကို မြင်ရပြီး ဒီနေရာလေး ကျရှုံးသွားမှာကို မမြင်ချင်ဘူး။ ဒါပါပဲ။ ရှင်းရှင်းလေးပါ။

မေး ။    ။ စင်္ကာပူရဲ့ သမိုင်းတတစ်လျှောက်မှာ မစ္စတာလီဟာ အကြီးကျယ်ဆုံး ပြုပြင် တည်ထောင်နိုင်သူပါပဲ။ ပြီးတော့ မစ္စတာလီ ကျင်လည်ခဲ့ရတာက အပြင်းအထန် နိုင်ငံရေးအားပြိုင်မှုတွေ ကြားထဲမှာ။ အခု လက်ရှိအခြေအနေအရ အဲ့သလိုပုဂ္ဂိုလ် ပေါ်ပေါက်လာဖို့ဆိုတာ မလွယ်ကူလှဘူးလို့ ထင်စရာပဲ။

ဖြေ ။    ။ ဝန်ထုပ်ဝန်ပိုးခြင်းတော့ မတူနိုင်ဘူးပေါ့။ သူတို့ အခြေအနေက သေရေးရှင်ရေးထဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီခေတ်ရဲ့ အပြောင်းအလဲတွေကလည်း စိတ်ဖိအား မနည်းလှဘူးနော်။ လတ်တလော ငွေကြေးအကျပ်ရိုက်နေမှု့ကိုပဲကြည့်။ ငါသာ ဝန်ကြီးချုပ်ဖြစ်ဆဲဆိုရင် "ငါတို့ ရင်ဆိုင်နိုင်ကြပါ့မလား" ဒါမှမဟုတ် "ဒီပြဿနာက သုံးလေးနှစ်အထိများ ကြာနေရင် ဘာတွေ ဖြစ်လာနိုင်သလဲ" "ငါတို့တော့ အသေးစိတ် ပြန်လေ့လာမှ ရတော့မယ်" ဆိုတာမျိုးတွေ ဖြစ်နေမှာပဲ။ လတ်တလောပြဿနာက အရင်နဲ့တော့ မတူဘူးပေါ့။

        NEwater မတွေ့ခင်အထိ ငါဖြင့် ရေပြဿနာနဲ့ ခေါင်းခြောက်နေရတာ။ ဝန်ကြီးချုပ် မဟုတ်တော့ဘူး ဆိုတာတောင် ရေပြဿနာနဲ့ငါက ရေစက်မကုန်သေးဘူး။ လတိုင်းလတိုင်း ရေနဲ့ပတ်သက်တဲ့ အစီအရင်ခံစာတွေ ထိုင်ကြည့်နေရတာ။ ရေနဲ့ပတ်သက်လို့ ဘယ်သူမှ ငါ့လောက်မသိဘူး။

        ပညာရပ်ပိုင်းအနေနဲ့ကြည့်ရင် လက်ရှိအစိုးရအဖွဲ့က ငါတုန်းက အစိုးရအဖွဲ့အောက် ညံ့တယ်လို့ မထင်ဘူး။ တစ်ခုရှိတာက သူတို့မှာ အဲ့သလောက် ပြဿနာကြီးတွေ မရှိတော့ အတွေ့အကြုံနဲ့ အားစိုက်မှုတော့ လျော့ကောင်းလျော့နိုင်တာပေါ့။

မေး ။    ။ အဲ့ဒါက ပြဿနာ မဟုတ်ဘူးလား။
ဖြေ ။    ။ ဒါတော့ ငါ မပြောတတ်ဘူး။ သူတို့အားလုံး စီးပွားရေးတက္ကသိုလ်တွေတက်၊ လူထုဆက်ဆံရေးကို သင်ကြားလာခဲ့ကြတဲ့သူတွေပဲ။ သူတို့ မလေ့လာဘူးတဲ့စနစ်ဆိုလို့ မရှိသလောက်ပဲ။ ဒါပေမယ့် ငါ့မှာတုန်းကတော့ လမ်းပေါ်မှာပဲ ဒါတွေ သင်ခဲ့ရတာလေ။ ဒါဟာ မတူညီတဲ့ မျိုးဆက်ပဲ။ ဂေါ်ဒင်ဘရောင်းဟာ ဘယ်တော့မှ Clement Attlee မဖြစ်နိုင်သလို Hugh Gaitskell မဖြစ်နိုင်ဘူး။ သူက ခြားနားတဲ့အခြေအနေ၊ နောက်ခံဘက်ဂရောင်းကောင်းနဲ့လူပဲ။ Winston Churchill ရဲ့သား၊ မြေးဟာ ဝင်စတန်ချာချီနဲ့ တိုင်းထွာလို့ မရနိုင်ဘူး။

မေး ။    ။ နိုင်ငံရေးသမိုင်းမှာ သမားရိုးကျကနေ ဖောက်ထွက်တတ်တဲ့ ခေါင်းဆောင်တချို့ ရှိတတ်တယ်။ ဥပမာ ... မာဂရက်သက်ချာလိုပေါ့။ မစ္စတာလီ ရွေးထားတဲ့ အစိုးရထဲမှာ အဲ့သလို ဖောက်ထွက်ရေးသမား ပေါ်လာနိုင်လာစရာ ရှိလား။
ဖြေ ။    ။ ကိုယ်သွားတဲ့လမ်းက တကယ်မှားနေတယ်ဆိုတာ သေချာနေပြီဆိုရင် အဲ့ဒီလမ်းကြောင်းကနေ သွေဖီရဲအောင်လည်း ပြင်ဆင်ထားရတယ်။ "ဟေ့ ... တို့တော့ မှားနေပြီ။ လမ်းကြောင်း ပြောင်းမှရမယ်" ဆိုတာမျိုးပေါ့။ အခုအထိ အခြေခံမူ မှားနေတာကို ငါတော့ မမြင်မိသေးဘူး။ ငါတို့ ရွေးခဲ့သမျှ လမ်းတွေဟာ အတွင်းအားဖြင့် ဖြစ်စေ၊ ဒေသဆိုင်ရာအားဖြင့် ဖြစ်စေ၊ အပြည်အပြည်ဆိုင်ရာအမြင်အားဖြင့် ဖြစ်စေ စနစ်တကျ စမ်းသပ်ခဲ့တဲ့ မူဝါဒတွေချည်းပါပဲ။ ဒီအထဲမှာ ဖြစ်နိုင်တာကတော့ ဒေသတွင်းဆိုင်ရာ၊ အပြည်အပြည်ဆိုင်ရာ ပြောင်းလဲမှုလောက်ပဲ ဖြစ်နိုင်စရာ ရှိပါတယ်။


မေး ။    ။ ဘာ့ကြောင့် ဝန်ကြီးတွေရဲ့လစာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်နေရတာလဲ။

ဖြေ ။    ။ ဒီလစာနဲ့ ပတ်သက်တဲ့မေးခွန်းကြောင့် စိတ်ကသိကအောက် ဖြစ်စရာ ငါ့မှာ မရှိပါဘူး။ သူတို့ ဘာဆက်လုပ်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ လက်ရှိခေါင်းဆောင်တွေပဲ ဆုံးဖြတ်ကြရမှာပါ။ ငါသာ သူတို့နေရာမှာဆိုရင် ဒီမူအတိုင်းပဲ ဆက်သွားမယ်။ ဒီမူကို နည်းနည်း ထပ်ကောင်းအောင် ပြင်ပေးရမယ်။ လူထုက ငါတို့မူကို သိတယ်။ မင်းက တော်တယ်ဆိုရင် မင်းကို ဆက်လုပ်ဖို့ တောင်းဆိုမှာပဲ။ အလုပ် ဆက်လုပ်ရာမှာလည်း သက်တမ်းအရ သုံးသက်တမ်း၊ လေးသက်တမ်း၊ ငါးသက်တမ်းအထိ ဖြစ်သွားနိုင်တာပဲ။ ဒါဆို အဲ့ဒီလူက တကယ်တော်တဲ့ ဝန်ကြီးတစ်ယောက် ဖြစ်သွားတယ်၊ အတွေ့အကြုံတွေကလည်း တထောကြီး။ တန်ဖိုးသက်မှတ်ရာမှာလည်း တကယ် သမာသမတ်ကျတဲ့ လူတစ်ယောက် ဖြစ်သွားရော။

        သူ့ရဲ့ ပထမသက်တမ်းမှာ သူဟာ ဝန်ကြီးကောင်းတစ်ယောက် ဖြစ်သွားမယ်လို့ မင်း ထင်သလား။ ဒီလို မဟုတ်ဘူး။ သက်တမ်းနှစ်ခုကျော်သွားမှ တကယ်တော်တဲ့ဝန်ကြီး ဖြစ်သွားတာ။ အဲ့ဒီတော့မှ စင်္ကာပူအကြောင်း သိသွားတယ်။ စင်္ကာပူလူထုအကြောင်း၊ အစိုးရရဲ့ လုပ်ဆောင်ပုံ၊ စင်္ကာပူအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို သဘောပေါက်သွားတယ်။ ဘာ့ကြောင့် သူတို့ကို လစာတွေ အများကြီး ပေးထားရတာလဲ။ မပေးရင် "ကျွန်းတော်တော့ ထွက်ပြီ" ဆိုတာမျိုးတွေ ဖြစ်လာမှာစိုးလို့။

        ဒီလိုမဟုတ်ရင် ဒီအစိုးရထဲကို ဗီဗီယံ ဗလကရစ်ရှနန်တို့၊ Ng Eng Hen တို့ ဝင်လာမယ်လို့ ထင်သလား။ Ng Eng Hen ဆိုရင် တစ်နှစ်ကို သုံးမီလီယံ ဝင်ငွေရှိတဲ့ ကင်ဆာခွဲစိတ်အထူးကု၊ Shamugam ဆိုရင် အဆင်ပြေတဲ့နှစ်တွေမှာ ငါးမီလီယံအထိ ဝင်တယ်။ သူ့ကို မင်း လစာ သုံးသောင်းပေးမှာလား၊ မင်း သူ့ကို တစ်နှစ် တစ်မီလီယံကျော် ပေးတယ်။ သူက ငွေ သိပ်မမက်တဲ့လူမို့ ကျေနပ်တယ်။ သူက အလုပ် ကောင်းကောင်း လုပ်ခွင့်ရရင် ပြီးရောဆိုတဲ့လူမျိုး။ သူက သူလုပ်ခဲ့တာ လုံလောက်နေပြီလို့ ထင်တယ်။ တို့က သူ့ကို ဆက်ရှိစေချင်တယ်။ ဝန်ကြီးသက်တမ်းနှစ်ခု၊ သုံးခု၊ လေးခုအထိ။ ဒါမှ တကယ် အတွေ့အကြုံရှိတဲ့ ဝန်ကြီးတစ်ယောက် ဖြစ်လာမှာ။

        မင်းတို့ သတိထားမိမယ်လို့ ထင်တယ်။ ဝန်ကြီးချုပ်က ဝန်ကြီးတစ်ယောက်ကို သူ့ကိုယ်ပိုင်ဝင်ငွေရဲ့ (၉၀) ရာခိုင်နှုန်း ပေးလို့ရအောင် ဥပဒေ ပြင်ဆင်ထားတာလေ။ ဒါက အခု ကျင့်သုံးလို့ မရသေးဘူး။ ဒါက ဝန်ကြီးတွေ အချင်ချင်း လစာ မတူမညီ ဖြစ်သွားနိုင်လို့။ ဝန်ကြီးမဖြစ်ခင် သူတို့ ဘာလုပ်ခဲ့သလဲ။ သူတို့ရဲ့ တစ်နှစ်ဝင်ငွေက ဘယ်လောက် ရှိခဲ့သလဲစတာတွေ မတူကြဘူးလေ။ သူတို့ လုပ်ဆောင်မှုစွမ်းရည်က မတူတော့ လစာလည်း တူလို့မရဘူး။ ငါမြင်တာကတော့ ဝန်ကြီးချုပ်ဟာ စီအီးအိုနဲ့တူတယ်။ ဒီအဖွဲ့တစ်ဖွဲ့လုံး အလုပ်လုပ်နေဖို့ သူ့မှာ တာဝန်ရှိတယ်။ အစိုးရတစ်ဖွဲ့လုံးရဲ့ လစာက ဂျီဒီပီရဲ့ 0.02 ရာခိုင်နှုန်းထက် လျော့ရဦးမှာလား။ ဒါမှမဟုတ် F - 15 တိုက်လေယာဉ်တစ်စီးထက် လျှော့ပေးရဦးမှာလား။

မေး ။    ။ ဝန်ကြီးတွေရဲ့လစာနဲ့ ပတ်သက်ပြီး လူထုထဲမှာ တော်တော်ကြီး မကျေမနပ် ဖြစ်နေကြတယ်ဆိုတာရော ရိပ်စားမိရဲ့လား။

ဆက်ရန် -


ရေပေါ်ဆီ ( ၁း ၂ )

 ကမ်းလက် 

စနေ ဘောလုံး


( ဘောလုံး နဲ့ လူတွေ အကြောင်းပါ။ စိတ်မဝင်စားရင် ဆက်ဖတ်ပြီး အချိန် ကုန် မခံကြပါနဲ့ ဗျာ။ )

ကလေးမွေးစားတာ ဝါသနာပါတဲ့ မက်ဒေါနားက
" Second best is never good enough. " လို့ သီချင်းလုပ် ဆိုခဲ့ဖူးတယ်။
အင်း ဘောလုံးမှာ " Second best " ဆိုတာက ရှုံးသူကို ခနဲ့ တဲ့တဲ့ ပြောတာ မျိုးဆိုတော့လည်း ဒီဇာတ်လမ်းတွေက စိတ်ဝင်စားစ ရာတွေ ဖြစ်လာတာပေါ့။

ရှာတတ်ရင် ဘောလုံးကွင်းထဲမှာလည်း အနိစ္စတွေနဲ့ ပါပဲ။
ဒီမက်တီယိုနဲ့ ဘင်နီတက်ဇ် တို့ အာဏာ အပြောင်းအလဲက ပြောလို့ မပြီးေ သးဘူ ကျူပီအာ က မာ့က် ဟျု ကို ဖြုတ်ပြီး ဟယ်ရီ ရက်ကနပ် ကို တင်ပြန် တယ်။
ကျူပီအာ ကလည်း ဇယားမှာ သူ့အောက် တစ်ယောက်မှ မရှိအောင် ဆင်း အား ကောင်းတာာပဲ။ မန်ယူ အကျတွေနဲ့ မာ့က် ဟျု လည်း ပွဲမတိုးနိုင်ဘူး ထင်ပါရဲ့။

ဇာတ်လမ်းဟောင်း ပြန်ဆက်တော့........
စာရေးသူက အေဗရာမိုဗစ်ကို နားလည်တဲ့ လေသံနဲ့
" အေဗရာမိုဗစ် ဖြစ်စေချင်တာက ဂွာဒီယိုလာ ရဲ့ ဘာစီလိုနာ။ သူ ရလိုက် တာက ကီဗင် ကီးဂန်း ရဲ့ နယူးကာဆယ် " တဲ့။
ရိတာ။

ပြီး ....ဘင်နီတက်ဇ်ဆီ သွားတယ်။
နည်းပြတစ်ယောက်ကို အသားတုံး တစ်တုံးလောက်ပဲ သဘောထား တဲ့ အေ ဗရာမိုဗစ်ရဲ့ ချယ်ဆီးကို နည်းပြရတာ မလန့်ဘူးလား လို့ မေးတော့ ဘင်နီတက်ဇ် က
" ချယ်ဆီးမှာ တစ်ယောက်ကို တစ်ယောက် မခေါ်နိုင် ၊ စကားမပြောနိုင် အုန်နာ နှစ်ယောက် မရှိပါဘူး " တဲ့။
လီဗာပူးလ်ကို လှမ်းနောက်တာ။ လှတယ်။ ဟိုလူ ရက်စက်တာက စကားပြောစရာမှ မလိုတာ။

ဘင်နီတက်ဇ် က ဥရောပမှာ သူ မရဖူးတဲ့ ဆုတံဆိပ် မရှိဘူး ဆိုတော့ မေး သူက
" အင်္ဂလိပ်၊ ပရီးမီးယာလိဒ် ချန်ပီယံဆု မရခဲ့ပါဘူး " လို့ ထောက်တယ်။
ဒီတော့ ဘင်နီတက်ဇ် က
" အင်္ဂလိပ်၊ ပရီးမီးယာလိဒ် ချန်ပီယံ ဆုကို ( စပိန်က ) ဘာစီလိုနာ လည်း မရပါဘူး " တဲ့။
မှန်တာပေါ့။ အလှဆုံးပဲ။

ဘာတွေ ဆက်ဖြစ်မယ် မသိရပေမယ့် ချယ်ဆီး နည်းပြသစ် ဘင်နီတက်ဇ် က စကားပြောတော့ တော်တော်ကောင်းတယ်။



ဇင်ဝေသော်

မြန်မာဟာ ကမ္ဘာ့ အသနားခံ မဟုတ် ( နှစ်လွန်းတင် ကြိုး )


Ref : Myanmar can do without world's pity.
By Nilanjana Sengupta

ဒီနေ့မှာလည်း ရင်ကိုထိတဲ့ ဆောင်းပါး ပါလာပြန်တယ်။ ဆောင်းပါးရှင်ကို ကြည့်တော့ သူမဟာ ဒေါ်ခင်မျိုးချစ်က အစ ဒေါ်စု အ ထိ မြန်မာ့ အမျိုး သ မီးတွေရဲ့ အသံကို စာအုပ်ရေးထား တယ်လို့ သိရပါတယ်။
ဒီအချက်ကလည်း တစ်ချက် ပါမှာပေါ့။

သူက ကိုလိုနီ မတိုင်မီ မြန်မာ့သမိုင်းကို ပြန်ကြည့်တယ်။ ကိုလိုနီ ခေတ်ကို ပြန်ကြည့်တယ်၊ စစ်အုပ်ချုပ်ရေးကို ပြန်ကြည့်တယ်။ ဒါတွေက ကျနော် တို့ အတွက် မထူးလှတော့ပါဘူး။
ပြီးတော့ သူများဝန်တိုချင် စရာ သယံဇာတတွေ ကြွယ်ဝမှု၊ ပထဝီ အနေအ ထားအရ အရှေ့ အနောက် အာရုံကျလောက်တဲ့ နယ် စည်းမှာ ထိုင်နေမှု။ ဒါတွေကိုလည်း ကျနော်တို့ သိပါတယ်။
အမေရိကန် သမ္မတ ရဲ့ " အမေရိကန်စတိုင် ဒီမိုကရေစီ " ဆိုတဲ့ ပျက်လုံးက မြန်မာတွေကို မရယ်စေခဲ့ဘူး လို့ သူမ ပြောချင်တာ ကို ခြေ ဆင်းပေးတယ်။

၈၈ အရေး အခင်းကြီးဖြစ်ခဲ့တယ်။ မအောင်မြင်ခဲ့ပေမယ့် အကြီးမား ဆုံး တော်လှန်ရေးကြီးကို တိုင်းတစ်ပါး အကူအညီ မပါ ဘဲ မြန် မာတွေ ဆင်နွှဲနိုင်ခဲ့ကြတယ်။
၂၀၀၈ ခုမှာ နာဂစ်ဖြစ်တယ်။ ကမ္ဘာက ကူညီနိုင်တဲ့ အပိုင်း သိပ်မရှိလေတော့ မရှိမဲ့ ရှိမဲ့ အားအင်တွေကို စုစောင်းပြီး ( ပြည် တွင်း ၊ ပြည်ပ ) မြန်မာတွေကပဲ ကြိုးစားခဲ့ကြတယ်။
ရှားရှားပါးပါး ကမ္ဘာ အသိအမှတ်ပြု ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်တဲ့ တတိ ယမြောက် ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဈာ ပန နဲ့ ပတ်သက်ြ ပီး နေဝင်း အစိုးရကို တော်လှန်ခဲ့ရာမှာလည်း အံဩ သင့်တယ်။
စစ်တပ် အုပ်ချုပ်ရေး ကာလမှာ မြန်မာအစိုးရ နဲ့ စကားပြောလို့ ရတာက တ ရုတ် နဲ့ မြောက်ကိုရီးယား။ ဒီကြားထဲက သူတို့ မရ အရ ရှင်သန်ရေး ကြိုးစား ခဲ့ကြတယ်။ အခု တံခါး ပွင့်သွားပြီ။

ကိုရီးယား ပေါ့ပ် နဲ့ အမေရိကန် ဇာတ်ကားလောက်ပဲ ကြည့်ခွင့်ရတဲ့ အဲဒီနိုင်ငံ က တက္ကစီသမားတွေကတောင် ( Bloody hell ! ) ဆိုတဲ့ အင်္ဂလိပ်စကားကို အမေရိကန် လမ်းသရဲ လေအတိုင်း ပြောနိုင်တယ် လို့ သူမက ဟာသ စွက်ပေးတယ်။
သူမ အချုပ်ပြောခဲ့တာကတော့ မြန်မာတွေဟာ သနားစရာကောင်းလောက်ေ အာင် ချာတူးလန်တွေ မဟုတ်ဘူး။ သူတို့ အိုင်ဒင်ဒ တီ ကို သူတို့ ပြန်ရှာတွေ့ သွားဖို့ပဲ လိုတယ် တဲ့။ကြိုက်တယ်။
ဘယ်သူ ဘာပြောပြော ကိုလိုနီမတိုင်မီနဲ့ ကိုလိုနီပြီးစမှာ အရှေ့တောင် အာရှ မှာ မြန်မာဟာ ဆရာကြီးပဲ။ အာရှမှာလည်း တန်း ဝင် တယ်။

( အမေရိကန်တွေရဲ့ ဆိုးလ် ( ဝိညာင် ) ဟာ ဒီမိုကရေစီ နဲ့ ပရိုတက်စ တင့် ဖြစ်တယ် လို့ ပညာရှင်တွေ ပြောကြပါတယ်။ တစ်ခု က နိုင်ငံရေး၊ တစ်ခုက ယုံကြည်မူ။ အများစု အမေရိကန်တွေကို ဒီ ကြိုး နှစ်ချောင်းနဲ့ သီဖွဲ့ထားတယ်။

ဒါဆိုရင် ကျနော်တို့ ဝိညာင်တွေကို ဒီမိုကရေစီ နဲ့ ထေရဝါဒကြိုး တွေနဲ့ ချည် ထားမှ ရလိမ့်မယ်။ ကျန်တဲ့ ယုံကြည်မှုတွေ ကို လေး စားပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ လူ အများစုကိုချည်နှောင်ပြီး တစ်မျိုးသားလုံး ကို မောင်းနှင်မယ့် အားကတော့.............

ဒီ နှစ်လွန်းတင် ကြိုးဆီမှာပဲ ရှိနေလိမ့်မယ်။ )

( ကွင်းစ ကွင်းပိတ်က ကျနော့် ကောက်ချက်ပါ )

လေးစားလျက်


 ဇင်ဝေသော်

ထူးဆန်းတဲ့ သတင်း သုံးပုဒ်


၁ ။ ဘာသာပြန် ညံ့ဖျင်း

အမေရိကန် သမ္မတ အိုဗားမား ရဲ့ သမိုင်းဝင် မိန့်ခွန်းကို ဘာသာအသီး သီး ပြန်ဆိုရာမှာ မြန်မာဘာသာပြန်က ပြန်ဆိုပုံ၊ ဝါကျဖွဲ့စည်းပုံ၊ ဝိဘတ် ထားပုံ၊ သတ်ပုံ၊ ချောမောခြင်း မရှိပုံ စသဖြင့် စသဖြင့် စသဖြင့် အလွန် ညံ့ဖျင်း ကြောင်း မြန်မာစာ တစ်လုံးမှ မတတ်သည့် အမေရိကန်တို့က ထောက်ပြ ဝေဖန်နေကြကြောင်း သိရပါတယ်။ မြန်မာတွေကတော့ သည်းခံတတ်သူများ ပီပီ ဘာမှ မပြောကြပါ။

၂ ။ သူများတို့ကို ပြောရောပေါ့

နာမည်ကြီး ( တအားကြီးတာ ) တရားပွဲ တစ်ပွဲကနေ အပြန် မိတ်ကပ် အ ထူးကျွမ်းကျင် ပညာရှင်တစ်ယောက်က စုပ် တသပ်သပ်နဲ့ ဒီလို ပြောပါသတဲ့

" သူများတို့ကို ပြောရောပေါ့၊ မလုပ်တတ်ဘဲ လျှောက်လုပ်ပေးထားကြတယ်၊ ဒါမျိုးဆို........................... "

ဘယ်သူရဲ့ မိတ်ကပ်ပြင်ဆင်မှုကို အားမလို အားမရဖြစ်လို့ ပြောတာလဲ ဆို တာတော့ ဒီသတင်း ရေးပြီးချိန်အထိ မသိရပါ။ ရှေ့ဆုံးအတန်းမှာ ထိုင်ရင်း တရားနာနေတဲ့ မင်းသမီးတစ်ယောက်ကို မြင်ပြီး ပြောတာ ဖြစ်ကောင်းပါရဲ့ လို့ ဗုဒ္ဓဘာသာတွေက ဆုတောင်းနေကြပါသတဲ့။

၃ ။ သောင်းငွေ လား နီလာသောင်း လား

မြန်မာ နိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင် နှစ်ယောက်နာမည်ကို ကြည့်ရာ သန်းရွှေ ( သင်္ချာ အရေအတွက် ၊ ရတနာ ၇ ပါး အမည် ) သိန်းစိန် ( သင်္ချာ အရေအတွက်၊ ရတနာ ၇ ပါး အမည် ) တူနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နောက်တက်လာမယ့် ခေါင်းဆောင်ဟာ ဒီပက်တန်အတိုင်း သွားမယ်ဆိုရင် ယောက်ျားဖြစ်က " သောင်းငွေ " အမျိုးသမီးဖြစ်က " နီ လာသောင်း " ဖြစ်နိုင်တယ်လို့ ချဲဂဏန်း ပညာရှင်များ အဖွဲ့က ခန့် မှန်းနေကြကြောင်း သိရပါတယ်။


 ဦးကိုမောင်

မြန်မာ့ ပြောင်းလဲရေးကို နောက်ကျောက ထောက်ထားတဲ့ ဓား ( သို့ ) တရုတ်


Ref :China: A hidden danger in Myanmar's reform
By JOSH GORDON

တစ်ပုဒ်လုံး ဘာသာပြန်ချင်လောက်အောင် မဆွဲဆောင်နိုင်ပါဘူး။ မြန်မာတိုင်း(စ်) ၊ ၊ ဟိုနိုလူလူ သတင်းစာ တို့မှာ ဖော်ပြပြီးသားပါ။

သူ့ဆောင်းပါးက အများအားဖြင့် ပြည်သူ့ သဘောထားတွေကို လေ့လာပြီး ရေးထားတာဆိုတော့ အားလုံးလိုလိုက သိပြီးသားတွေ ဖြစ်နေတော့  မြန်မာတွေအတွက် သိပ် မထူးဆန်းသလို ဖြစ်သွားပေမယ့် ကမ္ဘာ့ အတွက်တော့ ကောင်းပါတယ်။  ပြည်သူ့ သဘောထားကို ရာနှုန်းပြည့် နီးပါး မြင်အောင် ကြည့်ပေးသွားတဲ့အတွက် ကျေးဇူး တင်စရာကောင်းပါတယ်။

သူ့ကောက်ချက်က ပြည်သူ့သဘောအရဆိုရင် တရုတ်ပေါ်လစီနဲ့ တရုတ် စီးပွားရေးတွေ မြန်မာပြည်မှာ မျက်နှာသာ အပေး မခံရဘူး။ အမေရိကန်နဲ့ နီးလေလေ တရုတ်နဲ့ ဝေးသွားလေလေ ခံစားချက် တရုတ်တွေမှာ ရှိနေမယ်။ မြန်မာ့ ပြောင်းလဲရေးမှာ အမေရိက လိုသလို တရုတ် အာစီယံ လည်း လိုတယ်။ ဒါကိုထောက်ပြပြီး အိုဗားမားကို ဆောင်းပါးရှင်က တာဝန်နှစ်ခု ပေးထားခဲ့တယ်။

၁ ။ အမေရိက နဲ့ နီးတိုင်း တရုတ်နဲ့ ဝေးသွားမဟုတ်ဆိုတာ တရုတ်တွေ သိနေပါစေ၊
၂ ။ မြန်မာ့ ပြောင်းလဲရေးမှာ တရုတ်နည်းလမ်းတချို့ကို မွေးစားပြီး ( win-win situation ) အခြေအနေရောက်အောင် ကြိုးစာပါ ဆိုတာပါဘဲ။  ။

ငြင်းမရတဲ့ အချက်က တရုတ်နဲ့ ကင်း မရဘူး။ အမေရိကနဲ့ ဥရောပတို့တောင် စီးပွားရေးဆက်ဆံမှုတော့ လုပ်နေရမှာပဲ။ ဒါပေမယ့် သူတို့ကလူလားမြောက်ပြီးသားတွေဆိ
ုတော့ အတူတူပေါင်းနေပေမယ့် တရုတ် အကျင့်ဆိုးတွေကို ရအောင် ရှောင်နိုင်တယ်။
ကျနော်တို့ နိုင်ငံရေး စီးပွားရေး ခေါင်းဆောင်တွေက ဆယ်ကျော်သက်တွေ။ အဲဒီ အကျင့်ဆိုးတွေ ကူးစက်လာမှာ သေချာတယ်။ ( စစ်တပ်ထဲ ကူးသွားလို့ ဒီလောက် အကြာကြီး ခံလိုက်ရတာ )


ဒီမှာ အကျင့်ဆိုး ဆိုတာ
၁ ။ လူသားတန်ဖိုးကို အသိအမှတ် မပြုတာ ( ကွန်ဖြူးရှပ် နိုင်ငံသားတွေ အစိုးရ ရွေးခွင့် မရရှာကြသေးဘူး )
၂ ။ သဘာဝတန်ဖိုးကို အသိအမှတ် မပြုတာ ( ဝန်းကျင်တစ်ခုလုံး ဘာ ဖြစ်ဖြစ် ဓာတ်ငွေ့ရရင် ပြီးရော )
ဒါတွေကို ပြောတာ။ ဒါဆို လာမယ့် နှစ် ၅၀ နဲ့ ၁၀၀ လောက်မှာ စစ်မဖြစ်ရဘဲ စစ်တလင်းပြင်ကြီးလို ကျန်ရစ်ခဲ့လိမ့်မယ်။


ဟိုတုန်းက ရွာတွေမှာ လှည်းပြိုင်ပွဲတွေ လုပ်တတ်ကြတယ်။ ပျော်စရာကောင်းတယ်။ ဒါပေမယ့် လှည်းပြိုင်ပွဲတွေ လုပ်တိုင်း လူတွေ၊ လှည်းတွေ၊ နွားတွေ အများကြီးလာတော့ ပတ်ဝန်းကျင်က ယာခင်းတွေအားလုံး ပျက်စီးကျန်ရစ်ခဲ့တယ်။
နောက်ပိုင်း ပါးနပ်တဲ့ရွာတွေက လှည်းပြိုင်ပွဲတွေ လက်ခံပြီး မကျင်းပကြတော့ဘူး။ ကိုယ့်လယ် ကိုယ့်ယာ မဟုတ်တော့ အပျက်အစီး နည်းနိုင်သမျှနည်းအောင် လုပ်ရမယ်ဆိုတဲ့ အတွေးလည်း မရှိကြဘူး။

မတတ်နိုင်ဘူး ဗျာ၊ တောသားဆိုတော့ တော ဥပမာပဲ ပေးတတ်တယ်။ တရုတ်နဲ့ပေါင်းရတာက လှည်းပြိုင်ပွဲတွေ ဒိုင်ခံ ကျင်းပပေးနေရသလိုပဲ။
စီးပွားရှာတာခြင်းတူရင် အနောက်လူ အများစုက အက်သစ်ရှိတယ်။ အပျက်အစီး နည်းနိုင်သမျှနည်းအောင် လုပ်ရမယ်ဆိုတဲ့ အတွေးရှိတတ်ကြတယ်။

တရုတ် စီးပွားရေး ပါဝါ ရှိတယ်။ ဟုတ်တယ်။ ဒါပေမယ့် အဲဒီ ပါဝါက ရာစု ဘယ်နှစု စစ်တန်းဝင်ခဲ့ပြီလဲ။ စာမေးပွဲ ဘယ်နှကြိမ် အောင်ခဲ့ပြီးပြီလဲ။
တစ်ကမ္ဘာလုံးက အစိုးရတွေ၊ ပြည်သူတွေ လူလားမမြောက်သေးရင် ဒီ ( လူသားတန်ဖိုးကို အသိအမှတ် မပြုတဲ့ ) တရုတ် ပေါ်လစီလည်း ပန်းပန်နေဦးမှာပဲ။

ပြောသေးတယ် ဒါကိုပဲ  မဲရစ်တို ကရက်တစ် တဲ့။
ဘယ်ကလာ မဲရစ်တို ကရက်တစ်ရမှာလဲ။ ဒီမိုကရေစီ မရှိတာ၊ ဒီမိုကရက်တစ် မဖြစ်တာကို လူညံ့တွေ ယုံအောင် " မဲရစ်တို ကရက်တစ် " လို့ ပြောင်းပြီး သုံးထားတဲ့ ဝေါဟာရ။

ဒီမိုကရက်တစ် ဖြစ်တယ် ဆိုတဲ့နောက် မဲရစ်တို ကရက်တစ် လည်း ဖြစ်နေပြီ။
သင်္ချာ ဖော်မြူလာနဲ့ပြောရင် ဒီမိုကရေစီ is larger than မဲရစ်တို ကရေစီ ပဲ။ အူတူတူ အတတ ကြောင်တောင်တောင် ပေါတောတောလူ သမ္မတ မဖြစ်ဘူး။
ဟားဘတ် ဘွဲ့ရတွေ သူသေ ကိုယ်သေ ဆော်မှ ရတယ်။ လုပ်ရည် ကိုင်ရည် စည်းရုံးရည် ရှိမှရတယ်။ ဒါကို  မဲရစ်တို ကရေစီ မခေါ်ရင် ဘာကို ခေါ်ကြမှာလဲ။

ဒါပေမယ့် တရုတ်က ကြောက်မှာ မဟုတ်ဘူး။ ကမ္ဘာမှာ အူ တူတူ အစိုးရတွေ အများကြီး ရှိသေးတယ်။ သူတို့နဲ့ ပေါင်းမှာ။
ကမ္ဘာမှာ အူ တူတူ အစိုးရတွေ အများကြီး ရှိသေးတယ်။ မယုံရင် နယ်ခြားလေး ကျော်ပြီး ကြည့်လိုက်။
တကယ်က ဒီမိုကရေစီ နဲ့ နီးလေလေ ကွန်မြူနစ်နဲ့ ဝေးလေလေ။

အမေရိကန်နဲ့ နီးလေလေ တရုတ်နဲ့ ဝေးသွားလေလေ က တကယ်ဆို ( ဖွင့်ပြောလို့ မကောင်းပေမယ့် ) မဆိုးဘူး  ။


 ဇင်ဝေသော်

အယူမသည်းသူများ


( အနောက် နိုင်ငံသားတွေ အယူသည်းချက်ကတော့ ( ၁၃ ) ဂဏန်းဆို သေမလောက် ကြောက်တယ် )

ပထမလူ    ။  ။  အဲသလို အယူသည်းတာတွေကို ငါတော့ လုံးဝ အယုံအကြည် မရှိဘူး။ ဒါတွေကို ယုံကြည်ရင် ကံ ဆိုးတတ်လွန်းလို့။
ဒုတိယလူ   ။  ။ ထောက်ခံတယ်၊ ငါတို့ ဗေဒင်ဆရာကလည်း ဒါတွေကိုမယုံကြည်ဖို့ အမြဲသတိပေးတယ်။ နားမထောင်လို့ကတော့ တစ်ခုခု ဖြစ်တော့တာပဲ။
တတိယလူ ။   ။ အတိအကျပဲ။ ငါတို့ ဘိုးဘိုးကလည်း အမြဲပြောတတ်တယ်။ ဒါတွေကို သိပ်ယုံကြည်ရင် ယတြာချေတာတောင် မရတတ်ဘူး တဲ့။

အယူမသည်းတဲ့ လူ သုံးယောက် သဘောတူညီမှု ရသွားကြတယ်။

( ၁၃ ) ဂဏန်း လေးဟာ အယူသည်းတဲ့ အနောက် နိုင်ငံသားတွေကြားမှာ မျက်နှာမရသလို  အယူမသည်းတဲ့ မြန်မာတွေကြားမှာလည်း မျက်နှာမရ ရှာဘူး။


 ဇင်ဝေသော်

အောင့်သက်သက် ဒီမက်တီယို


လွန်ခဲ့တဲ့ ရာသီကို ပြန်ကြည့်ရင်...........
မန်ယူက ချန်ပီယံဘွဲ့ မန်စီးတီးကို အူကြောင်ကြောင်နဲ့ လွှဲပေးလိုက်ရတယ်။
ချယ်လ်ဆီးက သမိုင်းဝင် ဥရောပ သရဖူ ဆောင်းခဲ့တယ်၊ FA ဖလား ရခဲ့ တယ်။

ဒီ တစ်ပတ် ဆယ်ရက်ကို ပြန်ကြည့်ရင် ပရီးမီးယာလိဒ်မှာ ချယ်လ်ဆီး ရှုံး တယ်၊ မန်ယူ ရှုံးတယ်။
ချန်ပီယံ လိဒ်မှာလည်း ချယ်လ်ဆီး ရှုံးတယ်၊ မန်ယူ ရှုံးတယ်။ ပြောစရာ ရှိ တာက မန်ယူက အုပ်စုတက်ဖို့ သေချာပြီးသား။ ဒါပါပဲ။

ဒါပေမယ့် ဖာဂူဆန်က သူ့ ဂုဏ်ပြု ရုပ်တုဖွင့်ပွဲ စောင့်နေချိန် ဒီမက်တီယို ကတော့ အလုပ်ပြုတ်သွားတယ်၊ ( စကတ်လည်း မဝတ်ရဘဲနဲ့ )
တကယ်ဆို လာမယ့်ပွဲ အိမ်ကွင်းမှာ မန်စီးတီးကိုနိုင်ရင် ပရီးမီးယာလိဒ် ဇယားထိပ် တက်ခွင့်ရသေးတယ်။

ချယ်လ်ဆီး အကူးအပြောင်းကာလကို ကြည့်တော့ မဏ္ဍိုင် သုံးခွ မှာ ဒရော့ ဘာ မရှိတော့ဘူး။ လမ်းပတ် နေရာ ပျောက်နေတယ်။
ဂျွန်တယ်ရီက ကျိုးလိုက်၊ အပယ်ခံရလိုက်နဲ့ ကွင်းထဲမှာ မရှိတာများတယ်။ သူတို့ သုံးရောက်နေရာတွေက ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း။ မျှနေတယ်။

ဒီနှစ် တက်လာတာက မက်တာ၊ အော်စကာ နဲ့ ဟားဇာ့ဒ်။ သုံးယောက်စလုံးက တိုက်စစ် ကွင်းလယ်။
လမ်းပတ်က မသိသာပေမယ့် ဒရော့ဘာနေရာက ဗလာ။ တယ်ရီက မလာသေးဘူး။
စတီဗင် ဂျရတ် မိုင်းနပ် ( _ ) ဖနန်ဒိုက ပေါင် သန်း ၅၀ တကယ်ရော တန် လို့လား။ အေဗရာ မိုဗစ်လောက် ချမ်းသာရင်တော့ တစ်မျိုးပေါ့။

ဒီမက်တီယို ကို အစားထိုးဖို့ ရာထား ထားတာက ဘင်နီတက်ဇ်၊ လစ်ဗာပူးရဲ့ နန်းကျ ဘုရင်၊ ဖနန်ဒို ရဲ့အထာကိုသိတဲ့ နည်းပြမို့။
ကစားသမား ပုံစံခွက်ထဲ နည်းပြ ဝင်ရမလား၊ နည်းပြ ပုံစံခွက်ထဲ ကစားသ မား ဝင်ရမလား။ အေဗရာ မိုဗစ်ပဲ သိမယ်။
ပြီးတော့ ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဘာစီလိုနာ ရဲ့ ရီဗော်လူးရှင်း နစ်တ် ဂွာဒီ ယိုလာ။
ပူယိုး၊ ရှဗီ+အယ်နီယက်စတာ၊ မက်စီမပါဘဲ ဂွာဒီယိုလာလည်း ဒီလောက် ကြီး လက်စွမ်း မထက်လောက်ဘူး၊ သိပ် မထင်ပါနဲ့။
ပူယိုး၊ ရှဗီ+အယ်နီယက်စတာ၊ မက်စီ တို့နဲ့ ဘာစီလိုနာ ဟာ ဂွာဒီယိုလာ မရှိလည်း လာသမျှ ဥရောပ နွားရိုင်းတွေကို အနုပညာပါပါ သတ်နေတာပဲ။

အမေရိကန်တွေက စီးပွားရေး သမားတွေဆိုတော့ ဖာဂူဆန်ရဲ့ ဈေးကွက်ကို သိတယ်။
အေဗရာ မိုဗစ်က ရေနံ တန်ဖိုးကိုသိနေတော့ နည်းပြတန်ဖိုး မသိနိုင်တာ လည်း ဖြစ်မယ်။
စိတ်ဝင်စားရင် ဒီမက်တီယိုလည်း ကလပ် သိပ်ရှားမယ်တော့ မထင်ဘူး။ သူ လည်း ဥရောပ သရဖူနဲ့ပဲလေ။
နည်းနည်းတော့ အောင့်သက်သက်ပေါ့။ ။


 ဇင်ဝေသော်

ယောက်ျားလား မိန်းမလား


အိန္ဒိယက Pinki Pramanik က ယောက်ျား စစ်စစ်ကြီးပါ။ ဒါပေမယ့် အာရှ အားကစားပြိုင်ပွဲတွေမှာ မိန်းကလေး တစ်ယောက် အနေနဲ့ပဲ ဝင်ပြိုင်လို့ ဆု တံဆိပ်တွေလည်း တော်တော် များများ ရပြီးပါပြီ။
သူ့ ပြိုင်ဖက်  မိန်းကလေး အားကစားသမားတွေက  ယောက်ျား စစ်စစ်ကြီးနဲ့ ဝင်ပြိုင်ရမှတော့ ရှုံးမှာပေါ့ လို့ ကွန်ပလိန်းတွေ တက်လို့ ဆေးပညာရှင်တွေ စစ်ဆေးတော့မှ သူ  ယောက်ျား ဆိုတာ သိရပါတော့တယ်။
ဒီတော့ သူက မိန်းကလေးပါ၊ သောက်နေတဲ့ ဆေးတွေကြောင့် ယောက်ျား ပုံ ပေါက်နေတာလို့ ပြောပါတယ်။ ယုံချင်ယုံ၊ မယုံချင်မယုံကြနဲ့ပေါ့။

နောက်တစ်ယောက်က Kineshma, Ivanovo, Russia. က အသက် ၄၄ နှစ် အရွယ်ရှိ Vladimir Fomin ဆိုသူပါ။ သူက သင်္ချာ ဆရာ။ စာသင်ခန်းထဲမှာ စကတ်ဝတ်လာလို့ အလုပ် ဖြုတ်ခံလိုက်ရတယ်။
 မိန်းကလေးတွေ  ယောက်ျားဘောင်းဘီ ဝတ်ရင် ဘာမှမဖြစ်ဘဲ  ယောက်ျားက မိန်းကလေး စကတ်ဝတ်မှ ဘာလို့ အလုပ် ဖြုတ်ခံရတာလဲ၊ မတရားဘူး လို့ ပြောပါတယ်။
ဒီ မတရားမှုကို တိုက်ဖျက်ဖို့ ဒီနေ့က စ ပြီး စကတ်ပဲ ဝတ်တော့မယ်လို့ သူက ကြေငြာပါတယ်။
သူ့ကို ထောက်ခံဖို  ယောက်ျားများ စကတ် ဝတ်ရေး အသင်း ဆိုပြီး အမျိုးသား တချို့က စတင် စည်းရုံးနေကြပါတယ်။ စိတ်ဝင်စားတဲ့ အမျိုးသားများ  စကတ်ဝတ်ရင်း Vladimir Fomin  ကို အားပေးနိုင်ကြပါတယ်။


 ဇင်ဝေသော်

ရေပေါ်ဆီ ( ၁း ၂ )


မေး။          ။ အရည်အချင်းအကြောင်း ပြောနေပေမယ့် စင်္ကာပူက တစ်ပါတီထဲကပဲ အုပ်ချုပ်နေတော့ ပီအေပီ တစ်ပါတီက သက်မှတ်တဲ့ အရည်အချင်းပဲ ဖြစ်နေတော့မှာပေါ့။
ဖြေ။          ။ ဒါဆိုလည်း အရည်အချင်း ရှိသူတွေ ရအောင် ရှာလုပ်ကြလေ။ စိန်ခေါ်ပါတယ်။ ပီအေပီအမတ်တွေကလွဲပြီး ဦးနှောက်ရှိတာဆိုလို့ ပါလီမန်က လျာထားထားတဲ့ အမတ်လောင်းတွေပဲ ရှိတယ်။ သူတို့ကို ငါတို့ထဲ ဝင်ခိုင်းဖို့ စဉ်းစားသေးတယ်။ နောက်မှ လက်လျှော့လိုက်ရတာ။ သူတို့ လူထုနဲ့ ခံစားချက် တူ၊ မတူ မသေချာလို့။

မေး။          ။ ထိပ်တန်းရာထူးတွေအတွက် ယှည်ပြိုင်မှု ပိုပြီး ပြင်းထန်တဲ့ နိုင်ငံတွေမှာ နိုင်ငံရေး ယှည်ပြိုင်မှုလည်း စင်္ကာပူထက် ပိုပြီး ပြင်းထန်တယ်လို့ ဆိုနိုင်မလား။
ဖြေ။          ။ တို့မှာ လူဦးရေ သုံးသန်းရှိတယ်။ ရာထူးကြီးကြီးခုံတွေပေါ်မှာ ထိုင်ဖို့ လူတော်တွေ ဘယ်သွားပြီ ရှာကြမှာလဲ။ တီမာဆက် အမှုဆောင်ဒါရိုက်တာ ဟိုချင်း (Ho Ching) က ပြောတယ်။ သူ အနားယူဖို့ အချိန်သင့်ပြီတဲ့။ အဲ့ဒီရာထူးကို ဘယ်သူ ဆက်ခံမလဲ။ အဲ့သလောက် စီမံခန့်ခွဲစရာများတဲ့ ကုမ္ပဏီကြီးကို ဝင်ပြီး နေရာယူနိုင်တဲ့လူ အဲ့ဒီအဖွဲ့ထဲမှာ အဆင်သင့် မရှိဘူး။ အဲ့ဒီတော့ ဒီရာထူးကို ဆက်ခံဖို့ တီမားဆက်နဲ့ မဆိုင်တဲ့ အပြင်ဘက်ကို ထွက်ရှာယူရတယ်။

       Singtel ကိုလည်းကြည့်။ ငါ့သား (စီးအီးအိုဟောင်း Lee Hsien Yang) က ပြောတယ်။ သူ ထွက်တော့မယ်တဲ့။ ကံကောင်းလို့ သူ့နေရာ ဆက်ခံမယ့် ချွာဆောက်ကုန်း (Chua Sock Koong) က မဆိုးလှဘူး ဖြစ်နေတယ်။ တကယ်တော့ အရည်အချင်းမီတဲ့ ခေါင်းဆောင်က ရှားတယ်။

       တရုတ်ပြည်အတွက် သံအမတ် ချင်ဆက်ရုန်း (Chin Siat Yoon) ကို အစားထိုးဖို့ တို့မှာ လူ မရှိသေးဘူး။ သူက "သူ့အတွက် လုံလောက်ပြီ" လို့ ပြောတယ်။ တရုတ်ဘာသာနဲ့ ဘွဲ့ရပြီး တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့လူ၊ လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိတဲ့လူ အင်ဆာ မျင်လာ (Ng Ser Miang)။ အိုလံပစ်ကော်မတီအတွက် သူ့ကို ပေးလိုက်ရပြန်ရော။

       တရုတ်ပြည်မှာ တစ်ယောက်ယောက်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်တော့မယ်ဆိုရင် အဲ့ဒီရာထူးအတွက် သုံးလေးယောက် လျာထားလို့ ရတယ်။ အားလုံးဟာ သူမသာ ကိုယ်မသာတွေချည်းပဲ။ သူတို့ လူဦးရေက 1. 3 ဘီလီယံလေ။ ပီကင်းတက္ကသိုလ်က ပယ်ချလိုက်တဲ့ ကျောင်းသားက တို့တက္ကသိုလ်မှာ ပထမကလပ်မှာ (ပထမတန်းစားအဆင့်မှာ) ရှိတယ်။

မေး။          ။ အဲ့သလိုဆိုရင် မေးစရာရှိလာတာက ခေါင်းဆောင်ရွေးချယ်တဲ့နေရာမှာ တရုတ်က ယှဉ်ပြိုင်မှုတွေနဲ့ ရွေးချယ်ပြီး စင်္ကာပူက အဲ့သလို မဟုတ်ဘူး။ ဒါဟာ နိုင်ငံရေးပါတီ အားပြိုင်မှု မရှိလို့ကော ပြောလို့ မရနိုင်ဘူးလား။

ဖြေ။          ။ သိပ်ပြီး ထူးခြားတယ်လို့ မထင်ဘူး။ ငါတို့နဲ့ယှဉ်ရင် မဲရစ်တိုကရက်တစ် (Meritocratic) ကိစ္စမှာ တရုတ်ပြည်က ငါတို့ထက် ပိုပြီး ရွေးသေးတယ်။ သူတို့က ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုဘူး မဟုတ်လား။ ဒီတော့ သူတို့က အီးကျူကိစ္စကို အလေးမထားဘူး။ တို့က ရွေးကောက်ပွဲဝင်ပြိုင်၊ နိုင်အောင်လည်း လုပ်နိုင်တဲ့ လူတွေကို ရွေးယူရတယ်။ ခေါင်းဆောင်ဖို့ (အိုင်ကျူနဲ့ အီးကျူ) ဒီအရည်အချင်းနှစ်ရပ်စလုံး လိုအပ်တယ်။ ပထမ ဝင်ပြိုင်တယ်။ မနိုင်ဘူး။ နောက်တစ်ကြိမ်မှာ မဲဆန္ဒနယ်နဲ့ ပိုပြီး နီးစပ်အောင်အောင်၊ ဝင်ပြိုင်တယ်၊ နိုင်လိုက်တယ်။ ဒါဆိုရင် တန်ဖိုးက ကျသွားတယ်။ ကိုယ်က အရင် လက်ဦးမှုယူပြီး လူထုနဲ့ ဘယ်လို ဆက်ဆံရရတယ်ဆိုတာ ကြိုသိထား၊ လေ့လာထားမှ ကောင်းတာ။

       ထို့စနစ်က ထို့ရွေးထားတဲ့လူကို ရွေးကောက်ပွဲထဲ ထိုးထည့်ပေးလိုက်တာပဲ။ သူတို့ နိုင်အောင် မစည်းရုံးနိုင်ဘူးဆိုရင် ဘေးဖယ်ထားလိုက်တာပဲ။ ကိုယ်ပိုင်အလုပ်တွေမှာက ရွေးကောက်ပွဲဝင်စရာ မလိုဘူး။ အထက်လူကြီးက သဘောကျတယ်ဆိုရင် ပြီးပြီ။ တရုတ်ပြည်မှာက အဲ့ဒီအတိုင်း။

Suzhou မှာ ငါတို့နဲ့ အတူတူ အလုပ်လုပ်ပြီး အောင်မြင်သွားတဲ့ လူတွေဆိုရင် ပြည်နယ်အစိုးရတွေမှာ ရာထူးကြီးကြီးတွေ ရနေကြပြီ။ ရွေးကောက်ပွဲ မရှိဘူး။ မင်းစွမ်းရင် မင်းရပြီပဲ။

မေး။          ။ သာမန်အရပ်သား စင်္ကာပူရီးယန်းတွေဆိုရင် ပီအေပီရဲ့ စွမ်းဆောင်နိုင်မှုကို အမြတ်တနိုး ရှိနေကြပါလျက်နဲ့ကို ပီအေပီရဲ့ ခေါင်းဆောင်တွေ ရွေးချယ်တဲ့ပုံစံက ထိပ်သီးရေပေါ်ဆီလေးထဲကပဲ ရွေးကောက်ခေါ်သွားတယ်လို့ ခံစားကြရတယ်။ အရွေးခံရတဲ့ လူတွေဟာ နောက်ခံဘက်ဂဒေါင်း ကောင်းကောင်း ရှိရမယ်၊ ထိပ်တန်းကျောင်းတွေမှာ စာသင်၊ စကောလားဆုတွေရ၊ နာမည်ကြီး တက္ကသိုလ်ကြီးတွေက ဘွဲ့ရ၊ ဒါမျိုးတွေပဲ ဖြစ်နေတယ်။
ဖြေ။          ။ အဲ့ဒီအတွေးကတော့ လုံးဝ အူကြောင်ကြောင် အတွေးပါကွာ။ သူတို့ နားမလည်ကြဘူး။ ခေါင်းဆောင်မှုစွမ်းရည်ဆိုတာ အရည်အချင်းစုံ ရှိနေရမယ်။ ခေါင်းဆောင်သူဟာ ဗိုလ်ချုပ်ကြီးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသမား၊ စီအီးအို၊ အယ်ဒီတာချုပ်ပဲ ဖြစ်ဖြစ် ဘက်စုံကနေ အရည်အချင်း ရှိနေရမယ်ဆိုတာ တို့ အတွေ့အကြုံတွေက တဖြည်းဖြည်း သင်ပေးခဲ့ပြီးသားပါ။



       တကယ်တမ်းကတော့ကွာ ... ဘယ်လိုပဲ စစ လုပ်အားတန်ဖိုး မဲရစ်တိုကရက်တစ် ဘယ်လိုပဲ ကျင့်သုံးကျင့်သုံး တဖြည်းဖြည်းနဲ့ လူတန်းစားအလွှာက အမျိုးစုံဖြစ်ပြီး ကွဲပြားသွားတာပါပဲ။

       ပညာတတ်သွားတဲ့သူက တတ်သွားတယ်။ ပြီးတော့ သူလို ပညာတတ်နဲ့ပဲ လက်ထပ်လိုက်တယ်။ ကလေးတွေ ရလာပြန်တော့ သူတို့ကလေးတွေက မြက်ရိတ်သမား ကလေးတွေထက် ပိုတော်ဖို့ များတာပေါ့။ အလုပ်ကြမ်းသမားတွေရဲ့ ကလေးတိုင်း ထူတူတူလေးတွေလို့ ငါပြောနေတာ မဟုတ်ဘူးနော်။ မွဲခြောက်ခြောက်အရောင် မြင်းနှစ်ကောင်က မြင်းဖြူလေးမွေးဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ အထီးရော အမရော မြင်းဖြူတွေဆိုရင် မင်းမှာ မြင်းဖြူလေးရဖို့ ရာခိုင်နှုန်း ပိုများတာပေါ့။

       လူတွေကြားမှာ ဒီစကားမျိုး သိပ်ပြောလို့ မကောင်းဘူးကွ။ မြင်းဖြူမဟုတ်သူတွေက သူတို့ကို သိက္ခာချတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဒါက အမှန်တရားပဲ။

မေး။          ။ ရေပေါ်ဆီကိစ္စ၊ မျိုးရိုးဗီဇကိစ္စတွေ ဘေးထားပြီး အခုလက်ရှိ ဒီဂရီတွေဘာတွေကို ကြည့်ပြီး ရွေးချယ်ခဲ့ကြပေမယ့် တစ်ချိန်ချိန်မှာ ဒီလို ရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကလည်း တစ်ခြားပုဂ္ဂိုလ်တွေနဲ့ နောက်ခံဘက်ဂရောင်းတွေ တူနေတာ ဖြစ်နေမှာမျိုး မစဉ်းစားမိဘူးလား။
ဖြေ။          ။ စင်္ကာပူအကြောင်း ပြောကြစတမ်းဆိုရင် ကလေးအားလုံး ပညာရေးမူအတိုင်း သင်ကြားကြရတယ်။ ခြားနားချက်က သူတို့ ဘယ်တက္ကသိုလ်ကို သွားကြသလဲ၊ စင်္ကာပူမှာပဲလား။ နိုင်ငံခြားတက္ကသိုလ်ကိုလား။ ဘယ် ဘာသာရပ်ကို ရွေးချယ်ကြသလဲ၊ ဘယ်လို ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ကြသလဲ၊ ဘယ်လိုအတွေ့အကြံတွေ ရခဲ့ကြသလား ဆိုတာပဲ။

       ပြင်သစ်က အထက်တန်းလွှာတွေဆိုရင်လည်း ပညာသင်တဲ့ကျောင်း အတူတူပဲ။ အားလုံး နိုင်ငံတော်က စစ်တဲ့ စာမေးပွဲ ဖြေကြရတယ်။ အဲ့ဒီအထဲက အတော်ဆုံးကျောင်းသားတွေပဲ 'The grandes e'coles' ကို တက်ခွင့်ရတယ်။ (ထိပ်တန်းပညာရှင်၊ အလုပ်မား၊ သိပ္ပံပညာရှင်တွေ မွေးထုတ်ပေးရာ တက္ကသိုလ်)

       ဂျာမန်တွေဆိုရင်လည်း အတူတူပဲ။ 'The German General Staff' ကို တက်ကြတယ်။ သူတို့က ဂျင်နရယ်ဂျာမန်စတပ်ဖ်ကို ဘယ်လောက် ယုံကြည်ထားသလဲဆိုရင် အဲ့ဒီက ဆင်းလာတဲ့ လူတိုင်းဟာ တစ်ယောက်ချင်း ဘယ်သူ့ကိုမဆို အစားထိုးလို့ ရတယ်တဲ့။

    ဂျပန်မှာလည်း တိုကျိုတက္ကသိုလ်ဟာ ထိပ်သီးပဲ။ တရုတ်ပြည်မှာဆိုရင်လည်း အတော်ဆုံး ကျောင်းသားတွေက ပီကင်းတက္ကသိုလ် (သို့) ကျင်ဝှါတက္ကသိုလ်ကို ရအောင် ကြိုးစားကြတာပဲ။ အဲ့ဒီတက္ကသိုလ် နှစ်ခုမှာ မမီတော့မှ ဖူဒန် (Fudan) ကို သွားကြတယ်။

       အားလုံးနဲ့ မတူတာကတော့ အမေရိကပဲ။ သူတို့မှာက West Cost ရှိတယ်။ Midwest ရှိတယ်။ South, North, East Cost ရှိတယ်။ ရှေးတုန်းကတော့ East Cost ကို သွားတာများတယ်။ အခု သူတို့မှာ Stanford ရှိတယ်။ Texas ရှိတယ်။ Northwestern စတာတွေ ရှိတယ်။ သူတို့မှာ မတူတဲ့ တက္ကသိုလ်တွေ အများကြီးပဲ။ ရှီကာဂိုမှာ Milton Friendman ဆိုရင် ဟိုတုန်းက အထင်ကရ စီးပွားရေးတက္ကသိုလ်ပဲ။ ပြီးတော့ ဟားဗက် ရှိတယ်။ တက္ကသိုလ်တွေက နိုင်ငံအနှံ့အပြားမှာ ရှိတယ်။ ငါထင်တာကတော့ အတွေးအခေါ်တွေ မတူအောင် တမင်တကာကို ခွဲပစ်လိုက်တာလို့ ထင်တာပဲ။

မေး။          ။ "ငါတော့ နိုင်ငံရေးထဲ မဝင်ချင်ဘူး။ နိုင်ငံရေးထဲ ဝင်ပြီး ပီအေပီထဲ ပါသွားရင် သူတို့ တွေးခေါ်သလို ငါလည်း လိုက်ပြီး တွေးခေါ်နေရမယ်။ သူတို့နဲ့ ဆန့်ကျင်ပြန်ရင်လည်း သက်တမ်းရှည်ဖို့ မလွယ်ဘူး" လို့ ပြောပြီး နိုင်ငံရေးထဲလည်း ဝင်ပြီးရော တကယ် အောင်မြင်သွားတဲ့ ဝန်ကြီးတစ်ယောက် ဖြစ်သွားတဲ့ လူတော်တွေရော ရှိပါသလား။
ဖြေ။          ။ ဒါကတော့ အမှားကြီးပါ။ ရေမွန်လင်းဆိုရင်  ဘာမှ ကန့်သက်တာ မခံရပါဘူး။ မယုံရင် သူ့ကို မေးကြည့်ပါ။ တို့က ဖိအားပေးလို့ သူ့အမြင်တွေ ပြောင်းသွားသလားလို့။ ပြီးတော့ ဗီဗီယံ ဗလဘရစ်ရှနန်။ သူ့ကို တာဝန်တစ်ခု ပေးလိုက်တယ်ဆိုရင် သူယုံကြည်သလို သူ့နည်းသူ့ဟန်နဲ့သူ ဖြေရှင်းသွားတာပဲ။

မေး။          ။ နိုင်ငံရေးထဲ ဝင်လာဖို့ တချို့ကို ပထမဆုံး ပြောတဲ့အခါ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်စိတ် မဖြစ်မိဘူးလား။
ဖြေ။          ။ မဖြစ်ပါဘူး။ သူတို့စိတ်ထဲမှာ ရှိနေတာက "ငါတော့ လက်ရှိအနေအထားအပေါ် ကျေနပ်တယ်။ နောက်လေးနှစ်ဆိုရင် ငါ့ကလေးတွေ အရွယ်ရောက်လာပြီး တက္ကသိုလ်တက်ကြရတော့မယ်" ဒါပဲ သူတို့စိတ်ထဲမှာ ရှိတယ်။

       လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်လောက်တုန်းက သူ Wuthenlan မှာ ရှိနေစဉ် ခုကွန်ဝှီး (Koh Boon Hwee) ကို စည်းရုံးခဲ့ဖူးတယ်။ သူရယ်၊ ဂိုချောက်တောင်ရယ်နဲ့ နေ့လည်စာ အတူစားရင်း ပြောခဲ့တာ။ သူက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ် "ကျွန်တော်က ကော်ပိုရိတ်ခေါင်းဆောင်ပဲ ဖြစ်ချင်တာ" တဲ့။ သူပြောသလိုပဲ သူ လုပ်သွားတာပဲ။ အဲ့ဒါ သူ့ရွေးချယ်မှုလေ။ သူဆိုရင် ဝန်ကြီးကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အခုတော့ နောက်ကျသွားပြီ။ မဲဆန္ဒနယ်မြေတွေကိုသွား၊ လူထုနဲ့ တွေ့ဆုံစကားပြော စတာတွေ မလုပ်နိုင်တော့ဘူး။ နိုင်ငံရေးက သုံးဆယ်ကျော် လေးဆယ်ပြူစ (လေးဆယ်ဝန်းကျင်) လောက်ကစမှ အဆင်ပြေတယ်။ အသက်ငါးဆယ်နား ကပ်သွားရင် ပြောင်းလို့ မရတော့ဘူး။

မေး။          ။ နိုင်ငံရေးခေါင်းဆောင်တွေကို ရွေးချယ်ရာမှာ လူတိုင်းကိုကြည့်ပြီး ရွေးခဲ့တယ်ဆိုတာ သေချာရဲ့လား။ ဥပမာ ... မစ္စတာလီနဲ့ သဘောထားခြင်း လုံးဝ မတိုက်ဆိုင်တဲ့ လူတစ်ယောက် ဆိုပါတော့ ...
ဖြေ။          ။ သဘောတူ၊ မတူဆိုတာက စဉ်းစားရမယ့်ကိစ္စထဲ မပါပါဘူး။ မင်းဆီမှာ ဘာတွေရှိသလဲ။ ရှိရင် ငါတို့က တွေ့ပြီး စဉ်းစားမှာပဲ။ မင်းက ငါတို့နဲ့ သဘောထားခြင်း မတိုက်ဆိုင်ဘူး၊ ဒါက အရေးကို မပါဘူး။ မင်းလည်း ငါတို့အမြင်ကို ပြောင်းပစ်နိုင်တာပဲ။ ငါတို့က အကျိုးအကြောင်းသင့်ရင် လက်ခံတဲ့လူတွေပါ။ ငါတို့ မှားနေတယ်၊ ငါတို့ မှားနေတာကိုလည်း မင်းက အတိအကျ ထောက်ပြနိုင်တယ်၊ ဒါဆို ငါတို့ ပြောင်းမှာပေါ့။

မေး။          ။ အရေးကြီးတဲ့ ကိစ္စတွေမှာ လူငယ်ဝန်ကြီးတစ်ယောက်က မစ္စတာလီတွေရဲ့ အမြင်တွေကို ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတဲ့ သာဓကများ ပြလို့ ရမလား။ အသေးအဖွဲ ကိစ္စလေးတွေမှာတော့ မဟုတ်ဘူးပေါ့။
ဖြေ။          ။ ၁၉၉၀ - ခုနှစ်လောက်ကတည်းက ငါက ဝန်ကြီးချုပ် မဟုတ်တော့ဘူး။ သူတို့နဲ့ အမြဲတမ်း အပြန်အလှန် ဆက်ဆံရေးလည်း မရှိတော့ဘူး။ သူတို့နဲ့ အဆက်အဆံ ရှိတယ်ဆိုတာ ပါလီမန်နဲ့ ကက်ဘိနိတ်ထဲမှာ လူမှုရေးသဘောလောက်ပဲ ရှိတယ်။ ဒါတွေကို စီမံခန့်ခွဲရတဲ့တာဝန်က ဝန်ကြီးချုပ်မှာပဲ ရှိတယ်။ ငါ့မှာ မရှိတော့ဘူး။ သူတို့ကိုလည်း မဝေဖန်လိုဘူး။

မေး။          ။ သူတို့နဲ့ ဆက်ဆံခဲ့စဉ်က မစ္စတာလီရဲ့ အမြင်ကို ပြောင်းလဲစေခဲ့တဲ့ သာဓကရှိရင် သိချင်ပါတယ်။
ဖြေ။          ။ ရေမွန်လင်းက အစိုးရပိုင်ကုမ္ပဏီတွေကို ဖြစ်နိုင်သလောက် ပုဂ္ဂလိကပိုင် ပြောင်းပေးဖို့ ပြောဖူးတယ်။ ပြဿနာက ဒီတာဝန်တွေကို ယူနိုင်မယ့်လူကို တို့ ဘယ်လို ရှာမှာလဲ။ SIA ကို ပုဂ္ဂလိကပိုင်၊ PSA ကို ပုဂ္ဂလိကပိုင်လုပ်ဖို့ စတာတွေပေါ့။ ပုဂ္ဂလိကပိုင် ဖြစ်သွားရင် ရှယ်ယာအများဆုံး ပိုင်ဆိုင်တဲ့လူက CEO၊ COO၊ CFO စတာတွေ ရွေးချယ်တင်မြှောက်ခွင့် ရရမယ်။ ဒီတာဝန် ဘယ်သူ့ကို ပေးမှာလဲ။ ဥပမာ ... OCBC၊ DBS၊ UOB၊ တီမာဆက်။ အဲ့ဒါက ပြဿနာ။ တို့မှာ လူတော် အလုံအလောက် မရှိဘူး။

မေး။          ။ ကက်ဘိနိတ်ထဲမှာ အဖွဲ့လိုက်စုပြီး စဉ်းစားတာတွေ ရှိသလား။ (Group Think) အဲ့ဒီအထဲက အပြင်းအထန် ငြင်းခုံခဲ့ရတာတွေ ရှိရင် ပြောပြပါလား။

ဖြေ။          ။ တို့အမြင်တွေက လွတ်လွတ်လပ်လပ်တွေချည်းပါ။ တစ်ယောက်ရဲ့ အိုင်ဒီယာကို တစ်ယောက်က အမြတ်ဝင်ထုတ်တဲ့လူတွေ မဟုတ်ကြပါဘူး။ ခက်ခဲတဲ့ ပြဿနာတွေဆိုရင် လေးလေးနက်နက် စဉ်းစားတယ်။ စည်းဝေးပွဲ အကြိမ်ကြိမ် ခေါ်တယ်။ ဆုံးဖြတ်ချက် မချသေးဘဲ ထားတယ်။ လူငယ်ဝန်ကြီးတွေကို မေးပေါ့။ ငါ့ လာမေးလို့ ဘာအဓိပ္ပါယ် ရှိမှာလဲ။

       တချို့ဝန်ကြီးတွေက ငါ မပါဘဲ စည်းဝေးကြတယ်။ ငါ့လောင်းရိပ်က လွတ်အောင် အရင်ဆုံး သူတို့ တွေ့ကြ၊ ဆုံးဖြတ်ကြတယ်။ ပြီးမှ ငါနဲ့ဆက်ပြီး ဆွေးနွေးတယ်။ ကက်ဘိနိတ်မရောင်ခင် နေ့လည်စာစားရင်း သူတို့ ဆွေးနွေးပွဲ ရှိတတ်တယ်။ သူတို့ အချင်းချင်း ပွင့်ပွင့်လင်းလင်းပဲ။ ဂိုချောက်တောင်လက်ထက်က ဒီစနစ်ကို စတင်ခဲ့ကြပြီး လီရှန်လွန်း လက်ထက်မှာလည်း ဆက်ပြီး ကျင့်သုံးကြတယ်။ မင်းတို့ သတိထားဖို့က ၁၉၉၀ - ခုကစပြီး ဝန်ကြီးတွေကို ငါ မခန့်တော့ဘူး။ ဂိုချောက်တောင် လက်ထက်ကတည်းက။

       အစတော့ ငါပြောသေးတယ် "ဒီကောင်ထက် ဟိုကောင်က ပိုတော်မယ်" စသဖြင့်ပေါ့။ နောက်တော့ သူ ယုံကြည်တဲ့သူကို သူ သွင်းတာပါပဲ။ တစ်ခါတစ်ခါ ငါ သဘောမတူဘူး။ စဉ်းစားပါဦးလို့ ပြောတယ်။ ဒါပေမယ့် သူ့ဟာသူ စဉ်းစားပြီး ငါ သဘောမတူလည်း သူ လုပ်တာပဲ။


ရေပေါ်ဆီ (၁)


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၈ )

"ကားတွေ ဝယ်ရလွယ်တယ် အကြွေးဝယ်စီးလို့ရတယ်။ ငါတို့နိုင်ငံနဲ့ ကွာပါ့လို့ မြန်မာတချို့ကပြောတယ်။
မျက်တောင်မွေးတဆုံး မကြည့်ဘဲ မျက်စေ့တဆုံးကြည့်ရင် ဘယ်နေရာမှ အလကားရပ်လို့မရတဲ့ ပါကင်ခ၊ မြို့ထဲလမ်းတွေအတွက်လမ်းခွန် အဲ့ဒါတွေနဲ့ ပြန်ထိန်းချုပ်ထားတာ တွေ့ရမယ်။ တချို့က စစ်စတမ်ကို အစ အဆုံးမကြည့်ဘဲ အရစ်ကျနဲ့ ကားဝယ်လို့ ရတာလောက်ကိုပဲ ချီးမွမ်းနေ ကြလို့ ။"


မငှက်သွင် ရေ
စင်္ကာပူရဲ့ ပေါ်လစီက ကားဝယ်တာကို အားမပေးပါဘူး။ နေတတ်ရင် လို လည်းမလိုလှပါဘူး။ နိုင်ငံက သေးသေး၊ ပတ်ဘလစ် ထရန်စပေါ့ တွေ က ကောင်းတယ်။

သိရတာက စင်္ကာပူမြေရဲ့ သုံးပုံ တစ်ပုံက ကားလမ်းတွေ တဲ့။ ဒီ့ ပြင်နိုင်ငံတွေလောက် လမ်းပိတ်ဆို့မှု မရှိပေမယ့် စနစ်တကျတော့ ထိန်း ထားမှ ရမယ့် သဘောပါ။ကား မဝယ်နဲ့ ပြောမရတော့ အခွန် တွေနဲ့ တားထားတယ်။ လူထုက ကွန်ပလိန်း တက်တယ်။ ကား တစ်စီးဝယ်ဖို့ ကား နှစ်စီးစာ ပိုက်ဆံ ရှိနေမှ ရ တယ် တဲ့။

သူတို့က ကွန်ပလိန်း တက်ပေမယ့် နိုင်ငံအလိုက်ကြည့်ရင် ကား ဝယ်နှုန်းက တိုးလာနေတယ်။
ဒါကြောင့် အစိုးရကလည်း သူတို့ ကွန်ပလိန်း ကို ဂရုမစိုက်ပါဘူး။
တက္ကသိုလ် ဘွဲ့ရ မဟုတ်၊ စီးပွားရေး သမားမဟုတ်တဲ့ ပိုလီပြီး၊ အိုင်တီအီး ပြီး အဆင့်တွေကတော့ သူတို့ဘဏ် အကောင့်မှာ မြန်မာတွေလောက်ကို မရှိဘူး။ ကားတော့ ရှိတယ်။

စင်္ကာပူရဲ့ အားသာချက်က ရေရှည် စီမံကိန်း ရှိတာပဲ။ နယ်မြေတွေလိုက်ပြီး ကားလမ်းဘေးက အိမ်တွေဆို သုံးထပ်ပဲ ဆောက်ရမယ်၊ လေး ထပ် ပဲေ ဆာက်ရမယ် ဆိုတာတွေရှိတယ်။ ပြီးတော့ LTA ( Land Transport Authority ) က စနစ်တကျ စံမံချက်တွေ ရှိတယ်။ လာမယ့် ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ မှာ ဘယ်လို ပရောဂျက်တွေ ဘယ်နေရာတွေမှာ ရှိလာမယ်ဆိုတာ တွက်ချက်ပြီးသား။

ဒီတော့ ( ဟီလာရီ ကလင်တန် ပြောတဲ့ ကျနော်တို့ " This Country " နိုင်ငံမှာလို ) လမ်းမလွတ်လို့ အိမ်ဖျက်၊ ဆိုင်ဖျက်ခံရတယ်ဆိုတာတွေ မရှိတော့ဘူး။ ရှိချင်းရှိ ဆောက်ခွင့် မရတာဘဲ ရှိတယ်။
စင်္ကာပူ က ကားဝယ်စီးကြဖို့ အားပေးတဲ့ နိုင်ငံတော့ မဟုတ်လှပါဘူး မငှက်သွင်ရယ်။

နိုင်ငံခြား အကြောင်းဆိုတာကလည်း တစ်ခါ တစ်ခါ " ဘကြီးက ရန်ကုန် မရောက်ဖူးတော့ တူမကြီးပြောတာပဲ ယုံရမှာပေါ့ " ဆိုသလိုပါ။


 လေးစားလျက်
ဇင်ဝေသော်

သမိုင်းကို အနံ့ခံခြင်း


အမေရိက ရဲ့ သမိုင်းကို အနံ့ခံကြည့်တော့..............
မိဘတွေ အစုံအလင်နဲ့ နွေးနွေးထွေးထွေး၊ ချမ်းချမ်း သာသာ နေခဲ့ရတဲ့ ဒုတိ ယ ကမ္ဘာစစ် မတိုင်မီက ကလေးတွေဟာ
စစ်ကြီး တကယ်ဖြစ်လာတဲ့ အခါမှာ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ဖြစ်လာခဲ့တယ်။

ဒါပေမယ့် ကြီးကြီး ငယ်ငယ် စစ်ပွဲတွေကို လက်စ သိမ်းပစ်နိုင်ခဲ့တဲ့ စစ်သူ ရဲကောင်းကြီးတွေကတော့ မိဝေး ဖဝေး၊ ဆင်းဆင်း ရဲရဲ ကြီးလာခဲ့ရတဲ့ လူ ငယ်တွေ ဖြစ်နေပါတယ် လို့
ဟားဗတ် တက္ကသိုလ်က ယောက်ျားတွေရဲ့ သမိုင်းကို ဖွင့်ချ လာခဲ့ပါတယ်။

ဒီ သုတေသနကို အခြေခံပြီး ကောက်ချက်တွေ စီဝေနေအောင် ဆွဲလို့ ရ မှာပေါ့။
ဂိမ်း ချိန်းချား ( Game Changer ) လုပ်မယ့် ယောက်ျားတစ်ယောက်ဟာ ငယ်စဉ်က နာကျည်းမှု တချို့တော့ မရှိ မဖြစ် လိုနေပုံပါ။
ဆင်းဆင်း ရဲရဲ ကြီးပြင်းလာခဲ့ရသူဖြစ်လေတော့ သတ္တိ ပိုကောင်းတယ်၊ ပိုပြီး စွန့်စားရဲတယ်။
အနှောင်အဖွဲ့ နည်းတော့ ရှေ့ခရီး တွင်တယ်။

စစ်ရေးမှာပဲ သူတို့ စွမ်းသလားဆိုတော့ မဟုတ်ပါဘူး။
အသိဉာဏ် ဝင်စ အချိန်မှာ ဆရာကောင်း သမားကောင်း ဆည်းကပ်ခွင့် ရ ရင် အခြား နယ်ပယ်တွေမှာလည်း သူတို့ဟာ ထက်မြက်နိုင်ပါတယ်။
ယောက်ျား တစ်ယောက်ရဲ့ ဘဝ အစဟာ ဘယ်လောက် မှားခဲ့တယ် ဆိုတာ ထက် သူ ဘယ်လောက် မှန်နေသလဲ ဆိုတာက ပို အရေးကြီးတယ်လို့ ဆိုပါ တယ်။

စကားပုံ တွေ ပုံနေပေမယ့်
" ဟားဘတ် " လိုကြီးက ဒီလိုပြောလာတော့ စိတ်ဝင်စား စရာပေါ့။
ဆရာကောင်း သမားကောင်း ဆည်းကပ်ခွင့် မရရင် ဟစ်တလာ ဖြစ်သွားရ တာလည်း ဒီ အနှိမ်ခံ ကလေး တစ်ယောက်ပဲ။
မာနကြီးကြီး သာကီဝင်တွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့ ဝိဋဋူဘ လည်း အနှိမ်ခံ ကလေး တစ်ယောက်ပဲ။

အနှိမ်ခံ မြန်မာ
လူလားမြောက်စ မှာ
ဆရာကောင်းတော့ အသေအချာ လိုမယ်။
သယံဇာတသက်သက်ကြောင့် လာပေါင်းတာမဟုတ်၊ ပြောစရာ ရှိရင် ပွင့်ပွင့်လင်းလင်းပြောတာ မျိုးပေါ့
မင်း လုပ်သမျှ ကောင်းတယ်၊
ငါ့ကိုသာ ဓာတ်ငွေ့ရောင်း ဆိုရင်တော့..............


လေးစားပါတယ် မစ္စတာ ဘားရက်


 ဇင်ဝေသော်

လေးစားပါတယ် မစ္စတာ ဘားရက်

" ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တစ်ဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင် တုန်းက မဲပေးခွင့်မရှိတဲ့ သူတစ်ဦးရဲ့ အမျိုးအနွယ်တစ်ဦးပါ။"

ကမ္ဘာကျော် လူမည်းမင်းသား ဝီးလ် စမစ် ရဲ့ မိဘတွေဟာလည်း ကျွန်တွေ ပါပဲ။
ဝီးလ် စမစ် ရဲ့ လက်ထက်မှာ လူဖြူတွေကို သူက ပြန်ပြီး အလုပ်ပေး ထားနိုင်နေပါပြီ။
ဝီးလ် စမစ် ရဲ့ သား ဂျေဒန် စမစ် ကျတော့ "
ကရာတေးကစ် " ဇာတ် ကား ပေါက်သွားပြီး ရသမျှ ငွေကို သူ့နာမည်နဲ့ ထာတော့ ၁၁ နှစ်သား အရွယ်မှာပဲ ဘီလျံနာ ဖြစ်သွား ပါတော့တယ်။

မဲပေးခွင့် မရှိသူရဲ့ သား သမ္မတ ဖြစ်တယ်။
ကျွန်ရဲ့သား သူဌေး ဖြစ်တယ်။
ဒီမိုကရေစီ နဲ့ ကက်ပီတယ်လစ်ဇင်မှာ အားလုံး ဖြစ်ခွင့်ရှိတယ်။


တစ်ခါက ဗြိတိသျှ လက်ပါးစေ အိန္ဒိယန်းတွေ သူဌေးတွေ ဖြစ်နေတာကို
အားပြိုင်ဖို့ မကြိုးစားဘဲ ( ) ဖြစ်နေကြရင် အစိုးရကပေးလည်း စစ်မှန်တဲ့ ဒီမိုကရေစီ မရ နိုင်သေးဘူး။

အိုဗားမား ပြောသွားတာတွေက အစိုးရကို ရည်ညွှန်းသလို ပြည်သူကို ပညာ ပါပါ တို့သွားတာတွေလည်းပါတယ်။

လေးစားပါတယ် မစ္စတာ ဘားရက်။


ဇင်ဝေသော်

အမည်မပါတဲ့ တမ်းချင်း


လွမ်းတတ်ရင် အသံမထွက်ဘဲ လွမ်းလို့ရတယ်
အဲ ခင်ဗျား နာမည်ကို မရွတ်ရက်လို့ စပေ့စ် စပေ့စ်

လူတွေပြောတဲ့ မဟာဆန်သူကို စပေ့စ် စပေ့စ်
လူတွေပြောတဲ့ ကြိုးကြာသံတွေကို စပေ့စ် စပေ့စ်
လူတွေပြောတဲ့ မျက်သွယ် ရတနာသူ  ကို စပေ့စ် စပေ့စ်
လူတွေပြောတဲ့ ဆွဲလည်း ရှိုက်သံကို စပေ့စ် စပေ့စ်
လူတွေပြောတဲ့ ရောင်စဉ် ( ၇ ) သွယ်ကို စပေ့စ် စပေ့စ်
ညီစေမင်းကို ရင်နဲ့ တင်းတင်း မိ မဆုံးမ ဖ  မဆုံးမ ကြိုက်တယ်။


လေသံကွဲ ပွင့်အံသံ
ချစ်သူ့ရင် မမှန်ပါစေ နဲ့
သူ နားလည်ပါစေ။
ပိုက်သာဂိုးရပ် ရဲ့
ညီမျှခြင်း သင်္ချာဗေဒတွေ
အပေါင်း အနှုတ်တွေနဲ့ ခင်ဗျားကို ဦးညွှတ်နေပါစေ။


ကိုမောင်မောင်၊ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုခင်ဝမ်း၊ ကိုမွန်းအောင်
ရောက်တဲ့နေရာက မျက်ရည်မကျရင် ခင်ဗျားတို့ကို တရားစွဲမယ်။

ကျနော့် သူငယ်ချင်း တစ်ယောက်က ( အခု နယူး ဇီလန်မှာ ) လိဒ် ဂစ်တာသံတွေ မပါရင် သူ့ကို ကြိုက်တယ်ကွာ လို့ ပြောခဲ့ပေမယ့် .....
ကိုဇော်မျိုးထွဋ် ရေ ခင်ဗျား လိဒ်သံတွေ " ညီစေမင်း " မဟုတ်ရင်ခင်ဗျားကိုလည်း တရားစွဲရမှာပဲ။

  ( အမှတ်တမဲ့ ဆွဲခြစ်ဖူးတဲ့  သူ့ပုံကိုလည်း အမှတ်တရ ... ) 

 

ညီစေမင်း ♪ ခင်မောင်တိုး  

ပွင့်အန် ထွက်တဲ့ စကားဖြစ်မယ်
ပုံမှန်လေသံ ကွဲနေလားကွယ်

နာကျင်စေချင်သူ ထင်ရင်မှားမယ်
ဆိုလိုချင်တာသာ ဖွင့်ပြောဖြစ်အောင်
အချိန်တွေယူကာပင် ပြင်ဆင်ခဲ့တယ်
နားလည် ခဲ့တဲ့ အချစ်ဆုံးရယ်...


တစ်မျိုးစီ တွယ်တာရင်း

တို့ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း
အပြုံးတွေ ကိုယ်စီနဲ့ စိတ်ချ သူ ချင်းမို့ ညီစေမင်း
ကာရန် ရှာဖွေစဉ် ညီမျှခြင်းကို

ပုံသေ ယူမယ်ဆို မှန်ဖို့ခက်တယ်
ပြေလည်ရာကိုသာ ကိုယ်တိုင် ရွေးချယ်
နားလည်ခဲ့တဲ့ အချစ်ဆုံးရယ်....


အို အို သဘောပေါက်မှာပါလေ
ချစ်သူချင်းမို့ မငြင်းမိတယ်
အို အို ဖွင့်ဟဝင်ခံရင်း (  ဝန်ခံ လို့ မဖတ်မိပါစေနဲ့ သူ ဝင်ခံ လို့ ဆိုထားခဲ့လို့ပါ  )
ချစ်ကြသူ ချင်းမို့ ညီစေမင်း...


တစ်မျိုးစီ တွယ်တာရင်း
တို့ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း
အပြုံးတွေ ကိုယ်စီနဲ့ စိတ်ချ သူ ချင်းမို့ ညီစေမင်း...

ကာရန် ရှာဖွေစဉ် ညီမျှခြင်းကို

ပုံသေ ယူမယ်ဆို မှန်ဖို့ခက်တယ်
ပြေလည်ရာကိုသာ ကိုယ်တိုင် ရွေးချယ်
နားလည် ခဲ့တဲ့ အချစ်ဆုံးရယ်...

အချစ်ရယ် အချစ်ရယ်  အချစ်ရယ်  အချစ်ရယ်...


အို အို သဘောပေါက်မှာပါလေ
ချစ်သူချင်းမို့ မငြင်းမိတယ်
အို အို ဖွင့်ဟဝင်ခံရင်း
ချစ်ကြသူ ချင်းမို့ ညီစေမင်း...

အချစ်ရယ် အချစ်ရယ်  အချစ်ရယ်  အချစ်ရယ်...
Credit to




 ဇင်ဝေသော်

ရီဖျူးဂျီး မှတ်စု


ကမ္ဘာမှာ အိုးမဲ့ အိမ်မဲ့ ဒုက္ခရောက်နေရသူ ၄၃.၇ သန်း ရှိပြီး ၁၅.၄ သန်းက ဒုက္ခသည်များ အနေ နဲ့ နိုင်ငံ ရပ်ခြားမှာ ခိုလှုံနေကြတယ်။ ၁၀.၅ သန်းက UNCHR ရဲ့ အကူအညီ အောက်မှာ ရှိနေကြါတယ်။

ဒုက္ခသည်များ အနေနဲ့ ခံယူသူတွေကလည်း အောက်ပါ ၁၀ နိုင်ငံက ပဲ ဖြစ်ပါတယ်။
အာဖဂန် နစ္စတန်၊ အီရတ်၊ ဆိုမာလီ၊ ကွန်ဂို၊ မြန်မာ၊
ကိုလမ်ဘီယာ၊ ဆူဒန်၊ ဗီယက်နမ်၊ အီရက်တီးယား နဲ့ တရုတ်ပြည်။

ကမ္ဘာ့ဒုက္ခသည်များ ရဲ့ တစ်ဝက် ကျေ
ာ်ကျော်ကို အောက်ပါ ၁၀ နိုင်ငံက လက်ခံထားပါတယ်။

ပါကစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ဂျာမဏီ၊ ဂျော်ဒန်၊
ကင်ညာ၊ ချက်ဒ် ( Ched ) တရုတ်၊ အမေရိက နဲ့ ယူကေ။

သြစတေးလျ တစ် နိုင်ငံတည်းက ဒုက္ခသည် ၂၁ ရာခိုင်နှုန်း လက်ခံ ထား ပါတယ်။ ၂၀၁၂ ခု ဩဂုတ်လက ထုတ်ပြန်ချက် အရ ဒီ ရာခိုင်နှုန်းထက် တိုးပြီး လက်ခံသွားမယ် လို့ ဆိုပါတယ်။

ဒီဇင်ဘာလထုတ် ရီဒါး ဒိုင်ဂျက်ထဲကပါ။

I seek refuge in the Buddha.
I seek refuge in the Dhamma.
I seek refuge in the Sangha.
ဒီလို ပြောစတမ်း ဆိုရင် ရတနာသုံးပါးက လက်ခံထားတဲ့ ရီဖျူးဂျီး အများဆုံးပါ။

( ဝဲလ် ကမ်း အမေရိကန် သမ္မတ လူညို အိုဗားမား to " this country " )


 ဇင်ဝေသော်

ကမောက် ကမ ဝေါဟာရ များ


" လူ " ဇင်ဘတ်က လူမဖြစ်ရဘူး ( နိုင်ငံ ဖြစ်နေတယ် )
" ရို " ဇင်ဘတ်က လူဖြစ်နေတယ် ( ရိုဘော့ ဖြစ်ရမှာ )

" သန်း " ရွှေက သမ္မတ ဖြစ်ရမှာ
" သိန်း " စိန်က သမ္မတ ဝင်ဖြစ်နေတယ်။
( ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ။ ကဲ........ဘယ်ဟာက သုည ပိုများသလဲ၊ ဖြေကြ )

ရုံးမှာ မ " တိုင်တန်း " သူက နစ်ရမယ့်ကိစ္စကို

" တိုင်တန်း " က ဝင် " နစ် " နေတယ်။ မပြီးသေးဘူး ။

" ရွှေ " က ဝင်းစလက် ဖြစ်သင့်တာ
" ကိတ် " က ဝင်းစလက် ဖြစ်နေပြန်ရော။ ( သစ္စာနီ၊ ဂျပုကြိုက်လှပေါ့ )

မိုဟာမက် " အလီ " က ၂ တစ်လီ ၂ မဆိုတတ်ဘူး
တရုတ်မ မလီက သင်္ချာပါမောက္ခ။

လီကွမ်းယု ဆိုရင် " အလီ " သာ ရတာ " ကွမ်း " မစားတတ်၊ မ " ယု " ယတတ်ကြီး။ ကဲ ........

ချစ်လို့မေးတာ၊ ဖြေကြ။ ( ကိုဝန်းသို၊ ကိုတုတ်ဂျီး ) နှာ မစေး ကြေး။ ဖုန်းတော့ မခေါ်နဲ့ နှာစေးနေလို့။

ကမ်း ( ကန်း၊ မေဘီ ) နေသော လက်
ဒါနဲ့ လက်က မြန်မာလို ဟန်းဒ် ဖြစ်ပြီး အင်္ဂလိပ်လိုတော့ ခြေထောက် နော်။


 ဇင်ဝေသော်

မဆုံးတဲ့ သံသရာ

မဆုံးတဲ့ သံသရာ
လမ်းတွေဘေးမှာ တပ်ဆင်ထားတဲ့ စပိဒ် ကင်မရာတွေကို ကြည့်မရလို့ဆိုပြီး Maryland ပြည်နယ်သား အမေရိကန် တစ်ယောက်က ကင်မရာတိုင်း ကို နေတ်နဲ့ ပစ်သွားတယ်လို့ Maryland news က ဖော်ပြထားတယ်။ ဒီတော့ အာဏာပိုင်တွေက စပိဒ်ကင်မရာတွေ ကို စောင့်ကြည့် ဖို့ နောက် ထပ် စောင့်ကြည့် ကင်မရာတွေ ဝယ်ပြီး တပ်ဆင်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါခဲ့ပြန်တယ်။

ဒါဆို စောင့်ကြည့် ကင်မရာတွေကို တစ်ယောက်ယောက်က သေနတ်နဲ့ ပစ်သွားရင် ဘယ်လိုလုပ်မလဲ၊ စောင့်ကြည့်ကင်မရာတွေကို စောင့်ကြည့် ဖို့ နောက်ထပ် စောင့်ကြည့် ကင်မရာတွေလိုနေဦးမှာပေါ့။

သူတို့ စပိဒ် ကင်မရာပြဿနာကလည်း မြန်မာပြည်က လမ်းခင်း၊ လမ်းပြင် ပြဿနာလိုပါပဲ။

တာဝန်

လူတစ်ယောက်က ပေါက်ပြားတစ်လက်နဲ့  မြေတွေ အားကြိုးမာန်တက် တူနေတယ်။ သိပ်မကြာဘူး၊ သူ့နောက်က လူတစ်ယောက် က သူ တူးထားတဲ့ မြေတွေကို အားကြိုးမာန်တက်ပဲ လိုက်ဖို့နေတယ်။
ဘေးက ကြည့်နေတဲ့လူက သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ စဉ်းစားလို့ မရတော့ဘူး။ ဒါနဲ့

" နေပါဦးဗျာ၊ ပောစမ်းပါဦး ခင်ဗျားတို့နှစ်ယောက် အားကြိုးမာန်တက်နဲ့ တစ်ယောက်က မြေတူး နောက်တစ်ယောက်က မြေဖို့ လုပ်နေကြတာတွေကို ကြည့်ပြီး ဘာလုပ်နေကြတယ်ဆိုတာ နားမ လည်တော့လို့ပါ "
" ဒီလိုပါ။ ဒီနေ့ တာဝန်သုံးခု ကိုယ်စီခွဲထားကြတယ်။ မြေတူးသူရယ်၊ သစ်ပင်စိုက်သူရယ်၊ မြေဖို့သူရယ် ပါ။ သစ်ပင်စိုက်ရမယ့်လူက ဒီနေ့ ဖျားလို့ မလာနိုင်ဘူးလေ "

( RD )



ဇင်ဝေသော်

အလုပ်ပိုတွေ

အလုပ်ပိုတွေ

Jimmy Kimmel  ဆိုတဲ့ အမေရိကန်တစ်ယောက်က နယူးယောက် မာရသွန် ပြိုင်ပွဲ ဖျက်သင့်တာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်
" လူတွေက ဘာကြောင့်များ နယူးယောက် မာရသွန် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အားစိုက်နေကြသလဲ မသိဘူး။ အဖြေက ထွက်ပြီးသာပဲ။ တကယ်ဆို ကင်ညာနိုင်ငံက အပြေးသမား တစ်ယောက်ကိုခေါ်၊ လည်ပင်းမှာ ရွှေ တံဆိပ် ဆွဲပေးလိုက်ရင် ပြီးပြီ။ ဘယ်သူမှလည်း ဒုက္ခ မရောက်တော့ဘူး " တဲ့။

ငလျင် ကာကွယ်ရေး

၂၀၀၁ ခုက အိန္ဒိယ၊  Gujara ပြည်နယ်မှာ ငလျင်လှုပ်တော့ မကောင်းတဲ့ တီဗွီ အစီအစဉ်တွေကြောင့်  ငလျင်လှုပ်ရတာလို့ ဟိန္ဒူ ဘာသာရေး ခေါင်းဆောင်က ပြောပါတယ်။ ဒါနဲ့  Ahmadabad  မှာ " အကုသိုလ် ပစ္စည်း တိုက်ခိုက်ရေးပွဲတော် " ဆိုပြီး  တီဗွီ ၂၄ လုံး မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီနောက် ဘယ်လို သဘာဝဘေးရန်မှ မကျရောက်တော့ဘူး လို့ ဒေသခံတွေက ယုံကြည်ကြပါ သတဲ့။

သဘာဝဘေးရန်  ကာကွယ်ရေး ပညာရှင်တွေက ငလျင်လှုပ်ရင် တည်တ်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး ရှိကြဖို အမြဲ သတိပေး တတ်ကြပါတယ်။ ဒါကို နားမထောင်လို့ ဟောင်ကောင် Nantou မြို့မှာ ငလျင်လှုပ်တော့ လူငယ်တစ်ယောက် ဒုက္ခ ရောက်ခဲ့ပါ တယ်။ ငလျင်လှုပ်အပြီး တစ်မြို့လုံး ဘယ်သူမှ ဘာမှ မဖြစ်ဘဲ သူ တစ်ယောက်တည်းဖြစ်သွားတာပါ။ ဖြစ်ပုံက ငလျင်လှုပ်ေ တာ့ ကြောက်လန့်တကြားနဲ့ အသံကုန် အော်ဟစ်လိုက်မိလို့ မေးရိုးလွဲသွားပြီး ပြန်တည့်လို့ မရဖြစ်သွားတာပါ တဲ့။



  ဇင်ဝေသော်

မဟာယံတံတိုင်းဆီက ရယ်ဖွယ်များ


တရုတ် ကွန်မြူနစ်ပါတီက ခေါင်းဆောင် အပြောင်းအလဲ လုပ်နေချိန်မှာ သရော်တဲ့ ပျက်လုံးတွေကလည်း အွန်လိုင်းမှာ ပလူပျံ လို့တဲ့။
သိပ်တော့ ကြာကြာ မခံဘူး။ မကြိုက်ရင် လိုက်ဖျက်တာ ခံရတယ်လို့ သိရပါတယ်။ဒီ ဟာသလေး နှစ်ခုက ကံကောင်းလို့ လွတ်နေ တာနဲ့ တူပါတယ်။

၁ ။ သေမှ ပြောင်းတာပါ

မနေ့က အိုဗားမားနဲ့ တွေတော့ သူက ကျနော့်ကိုပြောတယ်
" ဟေ့ ဘရားသား၊ မင်းတို့က မနက်ဖြန် အာဏာလွှဲပြောင်း ပေးတော့မလို့ဆို။ ငါတို့က မနေ့က ကတည်းက အာဏာ လွှဲပြောင်းပြီးသွားပြီ "
ဒါနဲ့ ကျနော်လည်း သူ့ကို ဘုကြည့် ကြည့်ပြီး
" ဘာ အာဏာလွှဲပြောင်း ပေးတာလဲ၊ မင်း နားမလည်ဘူးလား " လို့ ပြန်မေးလိုက်ချိန်
ကျနော်တို့ နောက်မှာ ရပ်ပြီး နားထောင်နေတဲ့ မြောက် ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုန်အွန်းက
" အာဏာလွှဲပြောင်း ပေးတယ် ဆိုတာ ဘာလဲ၊ တစ်ယောက်ယောက် သေသွားလို့လား " တဲ့။

၂ ။ မပျော်ခွင့် ရှိရာ
ရှောက်လီက အမေရိက ကို သွားရောက် အခြေချနေထိုင်ဖို့ ဆုံးဖြတ်တယ်။ ဒါကို သိသွားတဲ့ အထက်လူကြီးက
" မင်း အမေရိက ကို သွားရောက် အခြေချနေထိုင်ဖို့ ဆုံးဖြတ်ထားတယ်ဆို၊ ဘာဖြစ်လို့လဲ၊ ဒီမှာ ရတဲ့ လစာကနည်းလို့ မပျော် မ ရွှင် ဖြစ်တာလား "
" မဟုတ်ပါဘူးဗျာ၊ လစာနဲ့ ပတ်သက်လို့ ပျော်ပါတယ်။( ကျေနပ်ပါတယ် ) "
" ဒါဖြင့် ဒီက လူနေမှု အဆင့်အတန်းကြောင့်လား "
" ဒါ ကြောင့်လည်း မဟုတ်ပါဘူး၊  ပျော်ပါတယ် "
" ဒါဖြင့် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မကောင်းလို့လား "
"  မဟုတ်ပါဘူး၊ ဒါတွေနဲ့ ပတ်သက်လို့လည်း  ပျော်ပါတယ် "
"  ဒါဖြင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ၊ အင်တာနက် ဆင်ဆာ စတာတွေကြောင့်လား "
"  မဟုတ်ရပါဘူးဗျာ၊ ဒါတွေနဲ့ ပတ်သက်လို့လည်း  ပျော်ပါတယ် "
" ဒါနဲ့များကွာ မင်းက ဘာလို့ အမေရိက ကို သွားနေချင်ရတာလဲ "
" အော် ဒီလိုပါ၊ ဒီမှာက အားလုံးကို ပျော်နေရတယ်။ အမေရိကမှာဆို မပျော်ချင်ရင် မပျော်လို့ ရတယ်လေ။ ဒါ့ကြောင့်ပါ " တဲ့။

 ၃ ။ အရုပ်ဆိုးခ လျော်ငွေ ဒေါ်လာ ၁၂၀ ၀၀၀

တရုပ်လူမျိုး Jian Feng ဆိုသူက သူ့ မိန်းမကို တရားစွဲဆိုခဲ့ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
သူ့မိန်းမ ( ဇနီး ) ဟာ သူနဲ့ လက်မထပ်ခင်လေးမှာပဲ ( ပလတ်စတစ် ဆာဂျူရီ )မျက်နှာအလှ ခွဲစိပ်မှု ခံယူခဲ့ပါတယ်။ ဒေါ်လာ တစ် သိန်း ကုန်ကျ ခဲ့ပါတယ်။ လက်ထပ်တဲ့ အချိန်မှာ သူမက မိန်းမချော တစ်ယောက်ပါ။
ဒါပေမယ့် သမီးလေး မွေးလာတော့  ပလတ်စတစ် ဆာဂျူရီ ကို မသိလိုက်တဲ့အတွက် ကလေးက အရုပ်ဆိုးမလေး ဖြစ်နေ ပါတော့ တယ်။ အဖေ နဲ့လည်း မတူ အမေ (  ခွဲစိတ်မှု ခံယူပြီး ) နဲ့လည်း မတူ ( ပလတ်စတစ် ဆာဂျူရီ မလုပ်ခင်က သူ့မိခင်လောင်းနဲ့ တူနေ တယ်။ တော်တော် နောက်တဲ့ ဂျနက်တစ် )  ဖြစ်နေလို့ Jian Feng က ဇနီးကို မေးမှ ဇနီး က ပလတ်စတစ် ဆာဂျူရီ အကြောင်း ဖွင့်ပြောခဲ့တယ်။
ဒါကြောင့် လိမ်လည်မှု “under false pretenses.” နဲ့ တရားစွဲဆိုရာမှာတရားရုံးက  Jian Feng ကို အနိုင်ပေးလိုက်လို့ ဒေါ်လာ ၁၂၀ ၀၀၀ လျော်ငွေ ရလိုက်ပါတယ်။
ကမ္ဘာမှာ ဒီထက် ခရေးဇီး ဖြစ်တဲ့ သတင်းတွေ ဆက်လက် လာပါဦးမယ်။


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၇ )


" အော် စီကာ စဉ်ကာနဲ့ စနစ်တကျ ပူနေရတဲ့ စင်္ကာပူ "

ဤ ကွန်မင့်ကိုတော့ ဇင်ဝေသော်ဆီက လုယူပြီး ပြန်ရပေတော့မည်။ ဖြစ်ပုံက ဤ သို့တည်း။ ကျောင်းမှ ဒကာ ဒကာများနှင့်အတူ လာအိုကိုသွားစဉ် တောင် ငယ် တစ်တောင် ကို တက်အပြီး ချွေးများထွက်၊ သင်္ကန်းလဲလှယ်ချိန်မရတော့ ချွေးမှစ၍ အအေးပတ်သွားတော့သည်။

ထို အအေးပတ်က စင်္ကာပူအထိ ပါလာတော့ ဆရာဝန်ကို ပြရသည်။ စင်္ကာပူက ဆေးဝါးကုသမှု၊ ဆေးရုံ ဆေးခန်းများနှင့်ပတ်သက်၍ နာမည်ရ ပါသည်။ ဤ နာမည်က ထူးထူး ခြားခြား ရောဂါတွေနဲ့ ပတ်သက်သည်။ သာမန် နှာစီး၊ ချောင်းဆိုး၊ အအေးမိလို့ကတော့ တော်တော်ဆိုးသည်။ နှာစီး၊ ချောင်းဆိုး၊ အအေးမိရင် သောက်ဖို့ ကိုယ် သောက်နေကျ ဆေး များ မြန်မာပြည်ကနေ ယူလာတတ်ကြသည့် လူများကိုတွေ့လျှင် အရင်က ပိုလွန်းတယ်ဟု ထင်မိသည်။ ယခုမှ သူတို့ကို နားလည်သွားတော့သည်။

ဆရာဝန်ကို သွားပြစဉ် အပူလည်း မရှိ၊ အအေးပတ်ရုံသာဟု ဆိုကာ သာမန် သောက်ဆေးကိုသာ ပေးပြီး မသက်သာက ပြန်လာရန် ပြောသည်။ ကိုယ်တိုင်တော့ သိသည်။ ဆေးပြင်းများ သောက်ခဲ့ရသူ အဖို့ ဤ ဆေးလောက်ကတော့ ရောဂါပိုးက ပျင်းတောင် ပျင်းသေးတယ် ပါ။ မသက်သာ။ ဤသို့ဖြင့်ပင် သာမန် အအေးပတ်ရာမှ အဆုတ်ကို သွား ထိလေတော့သည်။ ထိုအခါ ဆရာဝန်က အဆုတ်မှာ ခရက်ကင်း ဆောင်းဒ် ကြားရသည်။ ရင်ဘတ် ဓာတ်မှန်ရိုက်ဖို့ လိုကောင်း လိုမည်ဖြစ်ကြောင်း ပုံကြီးချဲ့လာပြန်သည်။

ဆေး ငါးရက်သောက်၍ မသက်သာသောအခါ ဆရာဝန်ကို အင်တီ ဗိုင်အော တစ် ပိုးသတ်ဆေးမပါဘဲ ရောဂါ မပျောက်နိုင် ဟု ပြောမိသည်။ သို့သော် ဤမှ ဆရာဝန်တွေက အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရ မှာ ထောင် ကျတော့မလောက် ကြောက်သည်။ ကြောက်မယ်ဆိုလည်း ကြောက်စရာပင်၊ တစ်ခုခုဆို ဆရာဝန်ကို တရားစွဲဖို့ ဝန်မလေးကြပေ။ သို့သော် ဒုတိယ ငါးရက်စာ ဆေပေးရာမှာလည်း ဆေး က ပျော့နေဆဲ။ မသက်သာက ပြန်လာရန်သာ ပြောလာပြန်သည်။ ခက်ရချည့်။

သွားရပြန်ပြီ တတိယအကြိမ်။ ဤ အကြိမ်မှာ သလိပ်မရှိတော့ အဆုတ်က ခရက်ကင်း ဆောင်းဒ် မကြားရတော့။ ထိုအခါရောက်မှ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးလေတော့သည်။ သုံးရက်မျှသောက်ပြီး ရောဂါလည်း ပျောက်တော့၏။ ဆေးနဲ့ ရောဂါ သင့် သွားပြီပေကိုး။

စဉ်းစားမိသည်၊ မြန်မာပြည်မှာ ဆိုလျှင် တစ်ရက် နှစ်ရက် မျှဆို ပျောက်ရ မည့် ရောဂါက ဆေးထိုးဖို့ကြောက်၊ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရမှာကြောက်သော ဆရာဝန်တို့ကြောင့် သုံး ပတ်လောက် ဖျားလိုက်ရ၊ ပူလိုက်ရသည်။ သူတို့ မမှားပါ၊ သို့သော် မြန်မာတို့ အင်မြူး စစ်စတန်ကို မြန်မာဆရာဝန်တို့သာ သိသည်။ အော် သူများ ကောင်းတိုင်း ကိုယ့် အတွက် မကောင်းတတ်ဟုသာ တွေးနေမိသည်။ ထို့ကြောင့် အထက်ပါ ကွန် မင့်လေးကိုဖတ်ရင်း ပြုံးလိုက်မိသည်။

အပြစ်ဆိုလိုက ဆိုကြစေ၊ ကောင်းလှသည်ဆိုသော ပြင်သစ် စားဖိုမှူး ချက် သည့် ဒေါ်လာ ၁၀၀ ရာတန် နေ့လယ်စာသည် မိမိလျှာပေါ်မှတော့ ပဲပြုတ် နဲ့ ငါးပိရည်မျှပင် ခံတွင်း မတွေ့။ နောက်နောင် ဤ နေ့လယ်စာမျိုး မကပ်ပါ နဲ့ကော့ ဟု ပင် တစ်ခါတည်း မေတ္တာရပ်လိုက်မိသည်။ ကိုယ်တိုင် ရိုးသား ဖို့တော့ လိုသည်။ သူများ ကောင်းတိုင်းတော့ လိုက် မကောင်းနိုင်။

မြန်မာတို့ အအေးမိရောဂါအတွက်တော့ စ လုံးဆရာဝန်သည် မြန်မာ ဆရာဝန်တို့ ခြေဖျားပင် မမီ။ ရောဂါပိုးကို အဆုတ်အထိ ကူးစက်ခွင့် သုံးပတ်ပေး သည်။
မှန်ပေသည်။  စီကာ စဉ်ကာဖြင့် စနစ်တကျ သုံးပတ်နီးပါး ကိုယ်ပူလိုက်ရတော့သည်။
မေတ္တာဖြင့်


 သီဟနာဒ

ချန်ပီယံဆု ရရှိသွားတဲ့ အင်္ဂလိပ် စကားလုံး အသစ် နှစ်လုံး


အောက်စဖို့ တက္ကသိုလ်၊ ပုံနှိပ်ထုတ်ဝေရေး အဖွဲ့က အောက်စဖို့ အဘိဓာန်မှာ ချန်ပီယံဆု ရရှိသွားတဲ့ အင်္ဂလိပ် စကားလုံး အ သစ် နှစ်လုံး ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလိပ် စကားလုံး အသစ် နှစ်လုံးဆိုရာမှာ ဗြိတိသျှ အင်္ဂလိပ်နဲ့ အမေရိကန် အင်္ဂလိပ်တို့ရဲ့ အသီးသီး စကားလုံးတွေ ဖြစ်ကြပါတယ်။

" Omnishambles " က  ဗြိတိသျှအင်္ဂလိပ် ချန်ပီယံ ဖြစ်ပြီး
" gif " က အမေရိကန် အင်္ဂလိပ် ချန်ပီယံ ဖြစ်ပါတယ်။

" Omnishambles " ရဲ့ အဓိပ္ပါယ်က လုံးလုံးလျားလျား စီမံခန့်ခွဲမှု မှားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီ စကားလုံး အပါအဝင် စကား လုံး အသစ် တော်တော်များများဟာ လန်ဒန် အိုလံပစ်ပွဲတော်ကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။
" Omnishambles " ရဲ့ မူရင်း စကားက " Romneyshambles " ဖြစ်ပါတယ်။  အမေရိကန်သမ္မတသစ် အိုဗားမားကို ရွေးကောက် ပွဲမှာ ရှံးသွားတဲ့ Mitt Romney က လန်ဒန် အိုလံပစ်ပွဲတော်ကို နိုင်နိုင်နင်းနင်း ကျင်ပပေးနိုင်မှာ မဟုတ်ဘူး လို့ ဝေဖန်ရာကနေ လူ သုံးများလာတဲ့ စကားဖြစ်ပါတယ်။

ဒီနှစ် ပေါက်ဖွားလာခဲ့တဲ့ စကားလုံး အသစ်တွေကတော့

Cute kittens အိုလံပစ် ချန်ပီယံများ
mummy porn ,Shades Of Grey  book series
green on blue ကြားနေ စစ်တပ်က ဝင်တိုက်ခြင်း၊ ကြားနေ အာဖဂန် စစ်တပ်၊ ရဲ တို့က နိုင်ငံခြား စစ်သားတွေကို ဝင်ရောက်ဝင် တိုက်ခိုက်ခြင်း။
Games maker အိုလံပစ်ပွဲတော် လုပ်အားပေးများ
Eurogeddon ဥရောပ စီးပွားရေး အကျပ်အတည်း
scend screening ကွန်ပျူတာသုံး၊ ဖုန်းပြောနေစဉ် တီဗွီကြည့်ခြင်း စတာတွေ ဖြစ်ပါတယ်။

အမေရိကန် အင်္ဂလိပ် ချန်ပီယံ " gif " ကတော့ graphics interchange format ရဲ့ အတိုကောက်ပါ။ အရင်က နောင်း အနေနဲ့ပဲ သုံးနိုင်ပေမယ့် အခုတော့ ကြိယာ အနေနဲ့လည်း သုံးနိုင်သွားပြီလို့ ဆိုပါတယ်။
အောက်စဖို့ အဘိဓာန်အသစ်မှာ ဒါတွေ တွေ့ရတော့မှာပါ။ ပညာရှင်တို့ ဆက်လက် လေ့လာနိုင်ကြပါပြီ။



ဇင်ဝေသော်