ကမ်းလွန်ပင်လယ်


သိပ် နောက်ကျနေပြီလား
အရုဏ်ဦး နှုတ်ဆက်ဖို့ ဝေခဲ့တာပါ
ခြေရာတွေ များရင် ခြေရာမထင်တော့ဘူး
လူ ဆိုတာ
သတင်းထူး ငတ်တဲ့ သတ္တဝါ
ဘာကိုပဲ ဖြစ်ဖြစ်။

သိပ် စောလွန်းနေသလား
မိုးနှောင်းကောက်ဖို့ ပွင့်ခဲ့တာပါ
သတင်းထူးတွေ များရင် သတင်းမထူးတော့ဘူး
လူ ဆိုတာ
ခြေလှမ်းဦးဖို့ ငတ်တဲ့ သတ္တဝါ
ဘယ်လိုပဲ ဖြစ်ဖြစ်။

ဖြစ်၊ တည်၊ ပျက်
ဖြစ်၊ တည်၊ ပျက်
ဖြစ်၊ တည်၊ ပျက်
ပြောသူတွေ များလွန်းတော့
နားညည်းသွားတဲ့ နှင်း နဲ့ ပန်းက
ပျက်၊ ဖြစ်၊ တည်။
တည်၊ ပျက်၊ ဖြစ်။
အရွတ် အဖတ် မပါတဲ့ ပါဖောင်းမင့် အစစ်။     ။


 ဇင်ဝေသော်

Post a Comment