ပြည်တွင်းက စာဖတ်ပရိသတ်ကို လေးစားသွားပြီ


ပဋ္ဌာန်းအရကောက်ကြီးလိုပဲလို့ တင်စားကြတဲ့ လူ့ယဉ်ကျေးမှုပဋိပက္ခ ပထမတွဲ ပြန်ရိုက်နေရသတဲ့။
ပြည်တွင်းက စာဖတ်ပရိသတ်ကို လေးစားသွားပြီ။ ဂယ်ဘဲ ဂယ်ဘဲ။

ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား


ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
အိုလံပစ်မြို့တော်အတွက် မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
(အပြင်မှာ ဘယ်လိုပဲပြောပြော)
နောက်ဆုံးအဖြေက စီဗီလိုက်ဇေးရှင်းအတိုင်းပဲ ရှိတယ်။
ဒါက ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား။
တဖြည်းဖြည်း ကိုယ်အားကောင်းအောင် လုပ်ယူဖို့ပဲ ရှိတယ်။

Ref: The Clash of Civilizations

ပြောမယ်ဆိုလည်း ပြောစရာပဲ


ဟန်တင်တင် ဒုတွဲထွက်လာတော့ ပတွဲပါ အော်ဒါလိုက်လာတယ်။
ရဟန်းနဲ့နိုင်ငံရေးက ပြောစရာ ရှိပေမဲ့ ရဟန်းနဲ့ နိုင်ငံရေးစာပေကတော့ မကင်းပါဘူး။ ရာဇောဝါဒသုတ်က နိင်ငံရေးပုံစံဖြစ်ပြီး အဂ်ဂညသုတ်က စီဗီလိုက်ဇေးရှင်းအကြောင်း ဟောထားတာပါ။
စပ်မိလို့ မနှစ်က ထွက်တဲ့ ကစ်ဆင်းဂျားရဲ့ world order နဲ့ ဖူကူယားမားရဲ့ political Order and Political Decay မြန်မာပြန် ရှိနေပြီလားဆိုတော့ မရှိသေး၊ တချို့က ကြားကို မကြားဖူးသေးတာ။
နောက်ပြီး ဟန်တင်တန်လို စာမျက်နှာ ၈၀၀ ၀န်းကျင်ကို ၀ယ်မ၀ယ်မသိဘဲ ရိုက်ထုတ်ဖို့က အရဲစွန့်စရာတွေ အများကြီးပဲ။ ဘာကိုမှ ဂရုမစိုက်မှ ဒါမျိုးတွေ စာအုပ်ဖြစ်လာမှာထင်တယ်။ ငွေအကြောင်း စဉ်းစားရင် သို့ မြတ်ဖို့၊ မရှုံးဖို့ဆိုရင် ဒါမျိုးတွေ စဉ်းစားစရာကို မလိုတော့ဘူး။

ရိုဟိန်ဂျာနဲ့ပတ်သက်လို့ အမေရိကန်က တစ်ခုခုလုပ်ရမယ်ဆိုတဲ့ဆောင်းပါး ပါလာတယ်


သမိုင်းအရဆိုရင်တော့ ဘော့စ်စနီးယန်းတွေ အငိုကောင်းလို့ အမေရိကန်က စီဗီလိုက်ဇေးရှင်းလိုင်းကိုဖောက်ပြီး မွတ်စလင်ဖက်က ရပ်တည်။ အောသိုေ ဒါက်စ်နဲ့ ခရစ်ယန်တွေက ငြိုငြင်။
မွတ်စလင်တွေကိုလည်း ကတိပေးထားတဲ့အတိုင်း ဖြည့်ဆည်းမပေးနိုင်။ ဒီတော့ မွတ်စလင်တွေကလည်း မကြည်။
အဲဒီအချိန် ကုလသမဂ္ဂက တားမြစ်ထားတာကို ဂရုမစိုက်ဘဲ မွတ်စလင်နိုင် ငံတွေက လက်နက်တွေပို့ပေး။ ကတိပေးပြီး ဘာမှလုပ်မပေးနိုင်တဲ့ အမေရိ ကန်က ဒါလေးကိုတော့ မျက်ကွယ်ပြုပေးတယ်။
ဒီလိုနဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို အောသိုဒေါက်စ်နဲ့ ခရစ်ယန်တွေကလည်း အပြစ်ဆို၊ မွတ်စလင်တွေကလည်း သူ့ကို လေလုံးထွားလို့ဆို။ အရေးအကြီးဆုံးက အရေးရယ်အကြောင်းရယ်ဆို ဘာသာတူချင်းမှ အားကိုးရ တာ ဆိုတဲ့အယူအဆ မွတ်စလင်တွေဆီရောက်သွား။
နောက်ဆုံး အော်သိုဒေါက်မြေမှာ မွတ်စလင်နိုင်ငံ တစ်နိုင်ငံ ပေါ်ထွက်လာရော။
(ဟန်တင်တန်ရဲ့ သုံးသပ်ချက်ပါ)

*****
သူရ ဦးရွှေမန်းက အိမ်ဖြူတော်မှာတောင် ရိုဟိန်ဂျာဆန့်ကျင်ရေးကို အသေရပ်တည်သွားသတဲ့။ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးကတောင် မြန်မာအစိုးရနဲ့ဆက်ဆံရေးပျက်မှာစိုးလို့(အဲသလို ထင်ရ) ရိုဟိန်ဂျာအမည်ကို ရှောင်သုံးသွားတယ်ဆိုပဲ။ အဲဒီဆောင်းပါးထဲမှာ။

သမိုင်းကနေ ထွက်ပြေးလို့တော့မရဘူး


နိုင်ငံခေါင်းဆောင်တွေဟာ သမိုင်းအဆိုး အကောင်းကို ရေးခွင့်ရှိပေမဲ့ သူတို့ရေးတဲ့ သမိုင်းကနေ ထွက်ပြေးလို့တော့မရဘူး။
နိုင်ငံ့ခေါင်းဆောင်အချို့ဟာ ယဉ်ကျေးမှုအစဉ်အလာတွေကို ဖျက်ဆီးခြင်းအားဖြင့် သူတို့နိုင်ငံကို ယဉ်ကျေးမှုတစ်ပတ်နွမ်း (အပျိုရည်ပျက်) အောင် လုပ်မိတတ်ကြတယ်။

(ဟန်တင်တန်)

တရုတ်လွှမ်းမိုးမှု - လူ့ယဉ်ကျေးမှု ပဋိပက္ခ (ဒု) အခန်း (၉) မိတ်ဆက် (၂)


တရုတ်လွှမ်းမိုးမှု

၁။ အင်အားကြီးလာတဲ့တရုတ်နဲ့ အညံ့ခံပေါင်းမလား
၂။ တရုတ်ကိုအာခံ၊ ပါဝါချိန်ခွင်လျှာ ညှိယူမလား။
၃။ နှစ်မျိုးစလုံးပေါင်းစပ်ပြီး ကျင့်သုံးမလား။
အာရှရဲ့ယဉ်ကျေးမှုအရဆိုရင်တော့ တရုတ်ကို အညံ့ခံပြီး ပေါင်းကြ မယ့် သဘောရှိတယ်။ တရုတ်ကိုယ်တိုင်ကလည်း စီးပွားရေးအရ လွှမ်းမိုးမှု ရ လာ ပြီးတဲ့နောက် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးဆီကို ခြေလှမ်းပြင်နေလျက် ပဲရှိတယ်။




ဟုတ်ပြီ။ တရုတ်နဲ့ ဟန်ချက်ညှိဖို့၊ ပါဝါညှိဖို့ဆိုရင် ဘယ်နိုင်ငံက ဦးဆောင် မှာလဲ။
ဂျပန်လား၊ အမေရိကန်လား၊ ဗီယက်နမ်လား။
ဗီယက်နမ်က တရုတ်နဲ့ အင်အားညှိဖို့ ရည်ရွယ်ချက်နဲ့ အာစီယံထဲကို ဝင်ခဲ့ပေ မယ့် အာစီယံကိုယ်တိုင်က တရုတ်နဲ့ ထိပ်တိုက်မတွေ့ရဲလို့ ဗီယက်နမ် အ တွက် အဆင်မပြေနိုင်ဖြစ်နေတယ်။ နောက်ပြီး အင်ဒို-သြစတေးလျ မဟာ မိတ်ကလည်း တရုတ်ကို ပါဝါ ညှိလာနိုင်ပြန် ပါတယ်။

အင်အားညှိရာမှာ ဖြစ်နိုင်ခြေနှစ်ခုကို သူကထုတ်ပြပါတယ်။

ဖြစ်နိုင်ခြေ တစ်။ ။ (က) နဲ့ (ခ)ဟာ အဓိကအားပြိုင်သူတွေ၊ ဒီအခြေအနေမှာ (က)ရော(ခ)ကပါ (ဂ) (ဃ) (င)တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ အပြိုင်အဆိုင် ကြိုးစားကြမယ်။ စစ်လက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်ကြမယ်။ ဒီပွဲမှာ (က)နဲ့ (ခ) ဟာ အဓိက ပါဝါညှိနေသူတွေဖြစ်ပါတယ်။ (က=ခ)
ဖြစ်နိုင်ခြေ နှစ်။ ။ ဒေသတစ်ခုမှာ (က) က သိသိသာသာကြီး သူများထက် အားပို ကောင်းနေတယ်။ ဒါပေမယ့် (ခ)နဲ့ (ဂ)တို့ရဲ့ မဟာမိတ်ဖွဲ့စည်းမှုက အင်အား ကောင်းလာနိုင်လို့ (က)ကိုယ်တိုင် (ခ) နဲ့ (ဂ)ကြားထဲကိုဝင်ပြီး အင်အားညှိ လာပြန်တယ်။ ဒီမှာတော့ (ခ) + (ဂ) = (က) ဖြစ်နေပါတယ်။

အင်အားကြီးနဲ့ ပြေးပေါင်းရာမှာ အောင်အောင်မြင်မြင်ဖြစ်ဖို့ အချက် သုံးချက် လိုတယ်။

၁။ ကိုယ်ပေါင်းလိုက်တဲ့ စူပါ ပါဝါနိုင်ငံကြီးဟာ စီဗီလိုက်ဇေးရှင်းအရ ကိုယ်နဲ့ တူနေမယ်ဆိုရင်
၂။ အပြန်အလှန်ယုံကြည်မှုလည်းရှိမယ်ဆိုရင် (ဒီနေရာမှာ ညီအကို သီအိုရီကို ထုတ်ပြပါတယ်။ ညီငယ်ဟာ အိမ်တွင်းမှာ အကိုကြီးဖြစ်သူနဲ့ ရန်တကျက်ကျက်ဖြစ် နေပေမယ့် အပြင်ထွက်လို့ သူစိမ်းရွယ်တူတွေနဲ့တွေ့ရင်တော့ အကိုကြီးကို အားကိုး လိုက်မိတတ်တယ် ဆိုတဲ့သဘောပါ)
၃။ နောက်ဆုံး အာရှနဲ့ပတ်သတ်တဲ့ ပူးပေါင်းမှုတွေမှာတော့ ပေါင်းလိုက်၊ ကွဲလိုက်တွေ ရှိနေနိုင်ပါတယ်။ အတူတကွ ပူးပေါင်းရေးမှာ အချင်းချင်းယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီး အရှေ့အာရှနိုင်ငံတွေရဲ့ တစ်နိုင်ငံအပေါ် တစ်နိုင်ငံ ယုံကြည် မှုက တော်တော်ကြီး အားနည်းနေတယ် လို့ ထောက်ပြခဲ့ပါတယ်။ (ဒီအထဲမှာ နယ် မြေအငြင်းပွားမှုတွေ ပါဝင်ပါတယ်)

ဂျပန်ကပဲ အမေရိကန်နဲ့ ပူးပေါင်းပြီး တရုတ်ကို အင်အားညှိမလား။ ဒါဆိုရင် ဂျပန်က ဒီအချက်သုံးချက်ကို အရင်တွက်လိမ့်မယ်။

၁။ အမေရိကန်က စူပါ ပါဝါကြီးအနေနဲ့ ဆက်ထိန်းထားနိုင်မလား
၂။ တရုတ်လွှမ်းမိုးမှုကို ဟန့်တားရာမှာ အမေရိကန်က တကယ်ရော တက် တက်ကြွကြွပါဝင်မှာလား။
၃။ သူပါဝင်တယ်ဆိုစေဦးတော့ အကုန်အကျသိပ်များ၊ အသေအပျောက် သိပ် မများဘဲ တရုတ်ကို ထိန်းထားနိုင်မလား။
အဲ့သလိုမှ မဟုတ်ရင်တော့ ဂျပန်က တရုတ်ကို ပါဝါမညှိဘဲ တရုတ်နဲ့ အပေး အယူလုပ်ပြီး ပေါင်းလိုက်မယ့်သဘောပါ။ (အပေးအယူဆိုတာ စီးပွား ရေးအရ ဂျပန်က ဦးဆောင်၊ စစ်ရေးမှာ တရုတ်က ဦးဆောင် ဆိုတာမျိုးပါ)

မဟာမိတ်များဖွဲ့စည်းလာကြခြင်း


၁။ အစ္စလာမ်-ကွန်ဖျူးရှပ် မဟာမိတ်နဲ့ အနောက်။


အစ္စလာမ်နဲ့ အနောက်ကြားမှာ ဒေသဆိုင်ရာ ပဋိပက္ခတွေ အမြဲ ရှိနေ နိုင်ပြီး ကမ္ဘာနဲ့ချီတဲ့ စစ်ပွဲဖြစ်လာဖို့တော့ အလားအလာသိပ်မရှိပါဘူး။ တကယ် တန်း ကမ္ဘာစစ်ဖြစ်မယ်ဆိုရင် ကွန်ဖျူးရှပ်အုပ်စုနဲ့ အနောက်အုပ်စုကြားမှာ ဖြစ်ပွားဖို့ ရှိနေတယ်။
အစ္စလာမ်တွေဆီက ထွက်လာတဲ့လေသံတွေအရ အနောက် (အမေရိကန် ဦးဆောင်) အုပ်စုဟာ ပထမ ဆိုဗီယက်ကို ဖြိုခွဲတယ်။ အခု တရုတ်နဲ့ ကွန်ဖျူး ရှပ် မိသားစုကို ဖြိုခွဲဖို့လုပ်လိမ့်မယ်။ ဒီကိစ္စ အောင်မြင်သွားရင် အစ္စလာမ် ကမ္ဘာကို ဖြိုခွဲလိမ့်မယ် ဆိုတာတွေဖြစ်ပါတယ်။ ဒီတော့ သူတို့အားလုံးဟာ တရုတ်နောက် ကနေ တညီတညွတ်တည်း ထောက်ခံကြမယ်။ အနောက်အုပ်စုကို တန်ပြန်မယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ တရုတ်ကတော့ ဘာမှ ဖွင့်ပြောတာမျိုး မရှိပါဘူး။
အစ္စလာမ်-ကွန်ဖျူးရှပ် မဟာမိတ်ဟာ အနောက်အတွက် အန္တရာယ် ရှိပြီး အခန့်မသင့်ရင် ကမ္ဘာစစ်ပုံစံအထိ ရောက်သွားနိုင်ကြောင်း ဟန်တင်တန်က နိမိတ်ဖတ်ထားပါတယ်။

၂။ မြောက်အမေရိက၊ အာဖရိကနဲ့ အနောက်

သူတို့က အနောက်ကို ခြေရာတိုင်းဖို့ စီးပွားရေးအင်အား၊ စစ်အင်အား မရှိဘူး။ ကုလသမဂ္ဂအတွင်း မဲခွဲဆုံးဖြတ်တဲ့နေရာတွေမှာ အနောက်ကို ဆန့်ကျင် ကောင်း ဆန့်ကျင်ကြမှာဖြစ်ပေမယ့် တကယ်တမ်း အနောက်ကို ဆန့်ကျင်ဖို့ သူတို့မှာ အင်အားအလုံအလောက်မရှိဘူး။ ဒါကြောင့် သူတို့နဲ့ အနောက်နဲ့ ဆက်ဆံရေးဟာ ယေဘုယျ ချောမွေ့ဖို့ရှိနေပါတယ်။

၃။ လေယူရာယိမ်း စီဗီလိုက်ဇေးရှင်းတွေနဲ့ အနောက်


လေယူရာယိမ်းဆိုတာ ရုရှား၊ ဂျပန်နဲ့ အိန္ဒိယတို့ကို ရည်ညွန်းပါတယ်။ သူတို့နဲ့ အနောက်ရဲ့ ဆက်ဆံရေးကတော့ ရှုပ်ထွေးနေပါလိမ့်မယ်။ သူတို့ အချင်း ချင်းကြားမှာလည်း ပြဿနာတွေရှိနေပါတယ်။

ဂျပန်နဲ့ရုရှားတို့ဆိုရင် ကုရိုင်းကျွန်းနဲ့ ပတ်သတ်တဲ့ နယ်မြေအငြင်းပွားမှု မဖြေရှင်းရသေးဘူး။

စစ်အေးကာလအတွင်းမှာ ရုရှားနဲ့တရုတ်က သီးသန့်ရှိနေခဲ့တယ်။ စစ်အေးပြီးတဲ့နောက်မှာတော့ အနောက်နဲ့ ပါဝါ တန်းညှိဖို့ သူတို့ နှစ်နိုင် ငံ ပြန်ပေါင်း သွားတယ်။

ဒါပေမယ့် လက်ရှိအနေအထားမှာတော့ ရုရှားကလည်း တရုတ်-အစ္စလာမ် မဟာမိတ်ဖွဲ့မှုကို စိုးရိမ်စိတ်တွေ ဝင်လာနေပြန်တယ်။ ဒါဆိုရင် ရုရှား ကိုယ် တိုင် အနောက်နဲ့ ပြန်ပေါင်းထုတ်လာနိုင်ပါတယ်။
အနောက်နဲ့ပေါင်းဖို့ဆိုရင် အနောက်ဆီက ဒါတွေကို သူမျှော်လင့် ထားပါလိမ့် မယ်။ ဒါသည်ပင် ရုရှားနဲ့ အနောက်ကြားက နားလည်မှုလို့ ပြောရင် လည်း ရပါလိမ့်မယ်။

၁။ အနောက်ပိုင်းရှိ ခရစ်ယာန်နိုင်ငံတွေကို နေတိုးအုပ်စုထဲ ဝင်ခွင့်ပြုဖို့၊ ယူကရိန်းသာ နှစ်ခြမ်းကွဲမသွားရင် နေတိုးက ရှေ့ဆက်မတိုးဖို့။ (ယူက ရိန်း နှစ်ခြမ်း ကွဲရင် အနောက်ခြမ်းက နေတိုးထဲမှာပါဝင်ပြီး အရှေ့ပိုင်းက ရုရှားထဲ ပါဝင်နေရ မယ်။)
၂။ အပြန်အလှန်နားလည်မှုထားရှိပြီး စစ်အေးကာလတွင်းမှာရှိခဲ့တဲ့ စစ်လက်နက်ထိန်းချုပ်ရေး သဘောတူညီမှုဥပဒေကို အနောက်က ပြန်လည် စီစစ်ပေးဖို့
၃။ အော်သိုဒေါက်(စ်)နိုင်ငံတွေနဲ့ ပတ်သတ်သမျှ အရေးကိစ္စတိုင်းကို ဖြေရှင်း ရာမှာ ရုရှားဟာ အဓိကအခန်းက ပါဝင်ခွင့်ရှိသူဆိုတာကို အနောက်က အသိ အမှတ်ပြုပေးဖို့။
၎။ မွတ်စလင်တွေဆီက ရောက်လာနိုင်တဲ့ အန္တရာယ်တွေရှိနေလို့ ရုရှားရဲ့ စစ်လက်နက်တပ်ဆင်မှုကို အနောက်က နားလည်ပေးဖို့
၅။ ဘော့စနီးယားလို ကိစ္စမျိုးမှာ အနောက်နဲ့ အတူ ရုရှားပါ ပါဝင်ခွင့်ရှိဖို့ ဒါတွေကို ရုရှားက မျှော်လင့်၊ တောင်းဆိုမှာ အမှန်ပါပဲ။

တတိယ လေယူရာယိမ်းနိုင်ငံ၊ အိန္ဒိယ။

အိန္ဒိယနဲ့ အနောက်နဲ့ ဆက်ဆံရေးဟာ အများအားဖြင့် ချောမွေ့ ပါတယ်။ အိမ်နီးချင်းတရုတ်ကြောင့် သူတို့ရဲ့ဆက်ဆံရေးဟာ ပိုမိုကောင်းမွန် လာနိုင်ပါ တယ်။ နောက်ပြီး တရုတ်နဲ့ အိန္ဒိယက ယဉ်ကျေးမှု အဓိက ပြိုင်ဖက် တွေဖြစ်နေကြတယ်။ နောက်ဆုံး တရုတ်-အစ္စလာမ် မဟာမိတ်ဖွဲ့မှုကို စိုးရိမ်နေရလို့ အိန္ဒိယနဲ့ အနောက်ရဲ့ ဆက်ဆံရေးဟာ ပိုလို့တောင် နီးကပ် ကောင်းမွန် လာနိုင်တယ်လို့ ကမ္ဘာ့ဆက်ဆံရေး သုံးမျိုးကို နိဂုံးချုပ်ပေးထားပါတယ်။

ဇင်ဝေသော်

လူ့ယဉ်ကျေးမှု ပဋိပက္ခ (ဒု) အခန်း (၉) မိတ်ဆက် (အကျဉ်း)


ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ စာဖတ်သူတွေအတွက်ပါ။ "စီဗီလိုက်ဇေးရှင်းသပွတ်အူ အာရှ" နဲ့ တရုတ်ရဲ့ အခန်းကဏ္ဍက စိတ်ဝင်စားဖို့ အကောင်းဆုံးလို့ ထင်ပါတယ်။

ပဓာနနိုင်ငံများနဲ့ အန္တရာယ်စည်းကြောင်းပဋိပက္ခများ


လက်ရှိအနေအထားမှာ စီဗီလိုက်ဇေရှင်းမတူရင် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးလည်း မရှိနိုင်။ ဒီမှာ ပဋိပက္ခနှစ်မျိုးခွဲခြားပြပါတယ်။
(က) ဒေသတွင်း ပဋိပက္ခ (local or micro level)
(ခ) တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ (global or macro level)

(က)ပဋိပက္ခကတော့ နိုင်ငံ တစ်နိုင်ငံအတွင်းရှိ စီဗီလိုက်ဇေးရှင်းမတူတဲ့ အုပ်စုတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ စီဗီလိုက်ဇေးရှင်းကွဲ နိုင်ငံငယ်တွေ အချင်းချင်းကြားမှာဖြစ်ပွားတဲ့ ပဋိပက္ခတွေဖြစ်ပါတယ်။
(ခ)ပဋိပက္ခကတော့ စီဗီလိုက်ဇေးရှင်းကြီးတွေရဲ့ ပဓနနိုင်ငံကြီးတွေကြား မှာ ဖြစ်ပွားတဲ့ ပဋိပက္ခမျိုးပါ။ ကမ္ဘာစစ်ဆီကို ဦးတည်သွားနိုင်ပါတယ်။

(က)ပဋိပက္ခကနေ (ခ)ပဋိပက္ခဆီ ပြောင်းသွားနိုင်တဲ့ အခြေခံ အကြောင်းနှစ် ချက်ကတော့
၁။ မိမိနဲ့ စီဗီလိုက်ဇေးရှင်းတူနိုင်ငံငယ်ကို ကူရင်းကူရင်းနဲ့ ပဓာနနိုင်ငံကြီးတွေ ပါ ပါဝင်လာခြင်း
၂။ မတူညီတဲ့ စီဗီလိုက်ဇေးရှင်းနှစ်ခုအကြား စူပါ ပါဝါ အပြောင်းအလဲကြောင့် ကမ္ဘာစစ်ပုံစံဖြစ်လာနိုင်ခြင်း။

(စီဗီလိုက်ဇေးရှင်း တူညီနေမှုကြောင့် အမေရိကန်က ဗြိတိသျှဆီကနေ စူပါ ပါဝါအဆင့် လွှဲပြောင်းယူရာမှာ စစ်မဖြစ်လိုက်၊ တကယ်လို့ စီဗီလိုက်ဇေးရှင်း ကွဲဖြစ်တဲ့ အမေရိကန်တွေဆီကနေ တရုတ်က စူပါ ပါဝါအဆင့် လွှဲပြောင်း ယူမယ်ဆိုရင် ကမ္ဘာစစ်ပုံစံရောက်သွားနိုင်တယ်လို့ ဆိုလိုပါတယ်။)

အစ္စလာမ်ကမ္ဘာနဲ့ အနောက်

သူတို့ကြားမှာ ပြဿနာပေါင်းစုံရှိနေမယ်။ သမိုင်းကြောင်းကိုပြန်ကြည့်တော့ ၇/၈ ရာစုမှာ မွတ်စလင်တွေ အင်အားကောင်းခဲ့။ ၁၁ရာစုရောက်တော့ ခရစ် ယာန်တွေက တစ်ကျော့ပြန်အင်အားတွေ ကောင်းလာခဲ့တယ်။ ၁၂၉၀မှာတော့ မွတ်စလင် အော့တမန် အင်ပါယာပြန်လည် အားကောင်း လာပြီး ၁၅၂၉ခုအထိ ကြာမြင့်ခဲ့တယ်။ နောက်ဆုံး ဗီယင်နာမြို့ကိုပါ သိမ်း ပိုက်နိုင်ခဲ့တယ်။

၁၅ရာစုရောက်တော့ သမိုင်းတစ်ပတ်ပြန်လည်ခဲ့တယ်။ ကမ္ဘာ့ နေရာတော်တော်များများဟာ ဥရောပကိုလိုနီတွေ ဖြစ်ကုန်တယ်။ ဒါပေမယ့် ဥရောပနိုင်ငံတွေက ကိုလိုနီစနစ်ကနေ အလျော့ပေး၊ အနားယူ လိုက်တဲ့ ၁၉၂၀ - ၁၉၃၀ ခုနှစ်တွေမှာတော့ အစ္စလာမ်က တစ်ကျော့ပြန် အားကောင်းလာခဲ့တယ်။
သူတို့ဘာသာကြီးနှစ်ခု (ခရစ်ယာန်နဲ့မွတ်စလင်) ကြားမှာ တူညီမှုတွေကြောင့်ရော မတူညီမှုတွေကြောင့်ပါ ပြဿနာတွေ အမြဲတက်လျက်ရှိ။
ပြဿနာဖြစ်ခြင်းရဲ့ အဓိကအကြောင်းငါးချက်ကို ထုတ်ပြပါတယ်။

၁။ မွတ်စလင်လူဦးရေတိုးပွားမှုနှုန်းများခြင်း။ ဒါကြောင့် အစ္စလာမ်မစ် အစွန်းရောက် စစ်အားတွေများ။ အလုပ်လက်မဲ့များ။ အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ရောက်နေထိုင်၊ အနောက်နိုင်ငံတွေထဲ ဝင်ရောက်နေထိုင်ကြ။
၂။ အစ္စလာမ်ဘာသာနိုးထခြင်း လှုပ်ရှားမှုက သူတို့ကို အိုင်ဒင်တတီအသစ် ထုတ်ပေးလိုက်တယ်။
၃။ လက်ရှိဗိုလ်ကျနေတဲ့ အနောက် စီဗီလိုက်ဇေးရှင်းအပေါ် မခံမရပ်နိုင်ဖြစ်နေ ကြရတယ်။
၎။ အနောက်နဲ့ မွတ်စလင်တွေကြားမှာ အရင်ကရှိနေခဲ့တဲ့ ကွန်မြူနစ်ဆိုတဲ့ ဘုံရန်သူ ရှိမနေတော့ခြင်း၊ ဒီဘုံရန်သူနေရာကိုလည်း ဘာကမှ အစားထိုးနေ ရာ ဝင်ရောက်မှုမရှိ။
၅။ သူတို့ချင်း နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေရခြင်းကြောင့် သူတို့ကြားက ကွဲပြားမှုတွေကို ပိုသိလာကြတယ်။ အဓိကပြဿနာက သူတို့ဘာသာကြီးနှစ်ခု စလုံးက တစ်ကမ္ဘာလုံးဆိုင်ရာဝါဒရှိနေခြင်းပါ။ အနောက်ကရော အစ္စလာမ် ကပါ သူတို့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေဟာ တစ်ကမ္ဘာလုံးရှိ လူသားတွေနဲ့ လိုက်လျောညီထွေရှိတယ်လို့ ယုံကြည်ထားကြတယ်။ ဒီအချိန်မှာ အနောက် က အင်အားကောင်းနေတော့ အစ္စလာမ်ကမ္ဘာက မခံမရပ်နိုင်ဖြစ်နေကြတယ်။
ဒါတွေကြောင့် အစ္စလာမ်နဲ့ အနောက်ကြားက ဆက်ဆံရေးဟာ ချောမွေ့ဖို့ လမ်းစ မမြင်သေးဘူးလို့ ဟန်တင်တန်က ကောက်ချက်ချခြင်းပါ။

အာရှ၊ တရုတ်နဲ့ အမေရိက ဆက်ဆံရေး

အာရှကိုတော့ စီဗီလိုက်ဇေးရှင်းသပွတ်အူလို့ တင်စားထားပါတယ်။ ဒါ့ကြောင့် အာရှနိုင်ငံတွေ အချင်းချင်းမှာရော အခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံရေး အဖု အထစ်တွေ ရှိနေလိမ့်မယ်။ အာရှတွင်း ပြဿနာတွေကတော့...

၁။ အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်လာတော့ စစ်လက်နက်တွေလည်း အပြိုင်အဆိုင်တပ်ဆင်လာကြတယ်။ အားအစွမ်းရှိလာရင် တစ်ချိန်က အနာဟောင်းတွေ ပြန်ပြန်ပေါ်လာပြီး ဆက်ဆံရေးအဖုအထစ်တွေ ရှိနေနိုင်တယ်။
၂။ အာရှအင်အားကြီးနိုင်ငံတွေက အနောက်(အမေရိကန်)ကို ခြေရာ လှမ်း တိုင်းလာတယ်၊ အားစမ်းလာတယ်။ စစ်ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စတွေမှာ အနောက်ရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်အောင် ကြိုးစားလာနေကြတယ်။
၃။ ဒေသတွင်းမှာ တရုတ်လွှမ်းမိုးမှုက များသည်ထက်များလာတော့ သူ့ကို အုပ်စုဖွဲ့ ကာပြန်မလား၊ သူ့အောက်ကို အညံ့ခံဝင်ပေါင်းမလား ဆိုတာတွေ ရှိနေတော့ ဗဟုဗဏ္ဍိုင်စနစ်နဲ့ အေးအေးချမ်းချမ်းရှိဖို့ မလွယ်ကူသေးကြောင်း ခန့်မှန်းထားပါတယ်။

အနောက်ကမ္ဘာက သူတို့ချင်း အားပြိုင်ခဲ့၊ စစ်ပွဲတွေ ဖြစ်ခဲ့ကြပြီးပြီ။ အာရှထဲမှာ စီဗီလိုက်ဇေးရှင်းကြီးတွေရဲ့ ပဓာနနိုင်ငံကြီးတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ အိန္ဒိယတို့ပါ ပါဝင်နေတယ်။ အနောက်ကမ္ဘာဟာ သူတို့ချင်း စစ်ဖြစ်ဖို့ ဝေလာဝေးဖြစ်နေချိန်မှာ အာရှက အဲဒီအနေအထားမှာ မဟုတ်ဘူး။ အာရှထဲမှာ ဥရောပပုံသဏ္ဍာန်နဲ့ အဖွဲ့အစည်းဆိုလို့ အာစီယံနဲ့ အေပက်ပဲ ရှိတယ်။ ဒီအဖွဲ့တွေထဲမှာလည်း စူပါ ပါဝါကြီးတွေ ပါမနေဘူး။ နောက်ပြီး အာရှနိုင်ငံတွေကြားမှာ မဖြေရှင်းရသေးတဲ့ နယ်မြေအငြင်းပွားမှုတွေ ရှိနေတယ်။

ဒီမှာ သမိုင်းပညာရှင် အာရွန်ဖရိုက်ဘတ်ရဲ့
“ဥရောပရဲ့အတိတ်ဟာ အာရှရဲ့ အနာဂတ်” ဆိုတဲ့စကားကို
ဟန်တင်တန်က သဘောမတူဘဲ “အာရှရဲ့အတိတ်ဟာ အာရှရဲ့ အနာဂတ်ဖြစ် ဖို့ များပါတယ်” လို့ ခပ်ရဲရဲဆိုခဲ့ပြန်ပါသေးတယ်။ လက်ရှိအနေအထားကို ကြည့်ပြန်တော့လည်း သူ့အဆိုက ငြင်းပယ်ဖို့က ခပ်ခက်ခက်ဖြစ်သွားခဲ့ရ ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

လူ့ယဉ်ကျေးမှု ပဋိပက္ခ၊ ဒု တွဲ။ အခန်းကြီး လေး၊ အခန်းငယ် ရှစ်


ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ စာဖတ်သူတွေအတွက်ပါ။

အခန်း (၈) မိတ်ဆက်

အနောက်တိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ အယူအဆ

ဒီမှာ အဓိကပြသနာ အဖြစ် “အနောက်တိုင်းက သူတို့ ယဉ်ကျေးမှုတန်ဖိုးတွေ ကို မိတ်ဆက်ပေးနေတာ ဖြစ်ပြီး ကမ္ဘာ့အမြင်မှာတော့ ဒါဟာ ယဉ်ကျေးမှု နယ် ချဲ့ခြင်း ဖြစ်နေတယ်” ဆိုတဲ့အချက်ကို ဟန်တင်တန်က ထောက်ပြခဲ့ပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ အယူဝါဒကို အကောင်အထည်ဖော်ရာမှာလည်း အမြီး အမောက် မထည့်မှုတွေက ရှိနေနိုင်ပြန်တယ်။ အီရန်နဲ့ အီရက်တို့ကို စစ်လက် နက် ထိန်းချုပ်ရေး အကြောင်းတွေ ပြောနေပေမဲ့ အစ္စရေးနဲ့ ပတ်သက်လို့ ကျတော့ အနောက် (အမေရိကန်) က ရေငုံနှုတ်ပိတ် ဖြစ်နေပြန်ရော။ ရေ နံပေါတဲ့ ကူဝိတ်ကို စစ်ရေးအရ အကူအညီတွေ ပေးပေမဲ့ ဘာ သယံဇာတမှ မရှိတဲ့ ဘော့ဇနီးယား ကိစ္စကို ကျပြန်တော့ မမြင်ချင်ယောင် ဆောင်ထား ရပြန်ရော။ ဒါမျိုးတွေက ရှောင်လွှဲလို့ မရတဲ့ အချက်တွေလို့ ဟန်တင်တန်က မှတ်ချက်ပေးထားပြန်ပါတယ်။

ဒီအခန်းမှာ အနောက်နဲ့ ကမ္ဘာရဲ့ ဆက်ဆံရေး သုံးမျိုးကို ခွဲခြားပြထားပါတယ်။
၁။ အနောက်နဲ့ စိန်ခေါ်လာသူ တရုတ်၊ အစ္စလာမ်တို့ကြားက ဆက်ဆံရေး၊ (လုံးဝ မချောမွေ့နိုင်လောက်)
၂။ အနောက်နဲ့ လက်တင်အမေရိက၊ အာဖရိကဆက်ဆံရေး (သိပ်ပြီး မတင်း မာလောက်)
၃။ အနောက်နဲ့ လေယူရာယိမ်း စီဗီလိုက်ဇေးရှင်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရုရှား၊ ဂျပန်၊ အိန္ဒိယတို့ကြားက ဆက်ဆံရေး (ကောင်းလိုက်၊ မကောင်းလိုက်။ အထက်နှစ်ခုကြားမှာ ရှိနေမယ်)

အနောက်တိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ အယူအဆနဲ့ ပတ်သက်ပြီး အဓိက ပြသနာတက်နေတဲ့အကြောင်းရင်း သုံးရပ်....

၁။ စစ်လက်နက်များ ပြန့်ပွားခြင်း

တရုတ်၊ ဂျပန်စတဲ့ အရှေ့အာရှနိုင်ငံတွေဟာ စီးပွားရေးအင်အား တောင့်တင်း လာတာနဲ့အမျှ စစ်အင်အားတွေလည်း တိုးမြှင့်လာကြတယ်။ အစ္စလာမ် ကမ္ဘာ ကလည်း သူတို့နောက် လိုက်လာမယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်သွားရင် ရုရှားပါ ပါဝင်လာလိမ့်မယ်။

သမားရိုးကျ စစ်အင်အားချင်း မယှည်ပြိုင်နိုင်တဲ့အခါ အနုမြူလက်နက်ရအောင် ကြိုးစားဖန်တီးလာတတ်ကြတယ်။ ဒါကြောင့် အနောက်တိုင်း သမားရိုးကျ စစ်အင်အားကို စိန်ခေါ်နိုင်ဖို့ တရုတ်နဲ့ အစ္စလာမ်မစ် နိုင်ငံတွေက အနုမြူ လက် နက် ပိုင်ဆိုင်အောင် ပူးပေါင်းလုပ်ဆောင်နေကြတယ်။
စစ်အေးကာ စစ်လက်နက်ပြိုင်ဆိုင်မှု (အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စု) နဲ့ ဒီနေ့ စစ်လက်နက် ပြိုင်ဆိုင်မှုက ပုံစံကွဲနေတယ်။ စစ်အေးကာလမှာ သူသာ ကိုယ်သာ ပြိုင်ဆိုင်မှု ဖြစ်ပြီး ဒီနေ့ပြိုင်ဆိုင်မှုက ပိုင်ဆိုင်ဖို့ ကြိုးစားသူနဲ့ သူတို့ ကြိုးစားမှု အထမမြောက်အောင် ဟန့်တားသူရယ်လို့ ဖြစ်နေပါတယ်။

စစ်လက်နက် ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ အနောက်က “ကမ္ဘာ့လုံခြုံရေးအတွက်”
လို့ ပြောနေချိန် အခြား စီဗီလိုက်ဇေးရှင်းတွေကလည်း
“အနောက်က သူပဲ ဆက်ပြီး ဗိုလ်ကျနေချင်လို့” လို့ သဘောပေါက်ထားကြ တယ်။
ဥပမာ မြောက်ကိုရီးယား အနုမြူ ပိုင်ဆိုင်သွားမှာကို တောင်ကိုရီးယားက စိတ်မပူဘူး။ အဝေးကြီးက အမေရိကန်တွေက စိုးရိမ်စိတ်ပူနေတယ်။ ဒါ့ကြောင့် စစ်လက်နက် ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး အနောက်နဲ့ အခြား စီဗီလိုက်ဇေးရှင်းတွေကြားမှာ ပြဿနာ ရှိနေတယ်။

၂။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ

၁၉၇၀ - ၁၉၈၀ - ခုနှစ်တွေအတွင်းမှာ နိုင်ငံပေါင်း (၃၀) ကျော် ဒီမိုကရေစီ ကို ပြောင်းလဲကျင့်သုံးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေဟာ ခရစ်ယန်ဘာသာ လွှမ်းမိုးတဲ့ နိုင်ငံတွေသာ ဖြစ်နေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်ထဲ မှာပဲ ခရစ်ယန် မဟုတ်တဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီက ရေရှည်တည်တန့် နိုင်ပါ့ မလား ဆိုတဲ့ မေးခွန်းလည်း ချန်ထားခဲ့ပါတယ်။ ဒီကောက်ချက်ကို ဆွဲဖို့ဆိုရင် အိန္ဒိယနဲ့ ဂျပန်ကိုတော့ ချွင်းချက်အနေနဲ့ ထားမှ ရမယ့်သဘောပါ။

နိုင်ငံအများစုက အဲသလို ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာမှုကြောင့် တစ်ကမ္ဘာလုံး ဒီမိုကရေစီစနစ် ထွန်းကားတော့မယ်ဆိုတဲ့ ယုံကြည်မှုမျိုး အမေ ရိကန် ခေါင်းဆောင်တွေဆီ ရောက်သွားခဲ့တယ်။ ယုံကြည်ထားသလို ဒီမိုကရေစီ ထွန်းကားရေး အစီအမံတွေ ချမှတ်ပြီး စည်းရုံးဆွဲဆောင်မှုတွေ လည်း လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ကျရှုံးခဲ့ပါတယ်။
စီးပွားရေး တိုးတက်လာမှုနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး တိုးတက်လာမှုက ထပ်တူကျမနေဘူး။ ဒါ့ကြောင့် ဗီယင်နာ အစည်းအဝေးမှာ အနောက်ဟာ လုံးဝ ရှုံးနိမ့်သွားခဲ့ရတယ်။

ဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက “ဒီမိုကရေစီ ဝိရောဓိ” ဆိုတဲ့ သီအိုရီပါ။
၁။ ရင်းနှီးကျွမ်းဝင်တဲ့ အာဏာရှင်
၂။ မရင်းနှီး၊ အကျွမ်းတဝင် မရှိတဲ့ ဒီမိုကရေစီ ဆိုပြီး နှစ်မျိုး ကွဲသွားပါတယ်။
ဆိုလိုတာက ဒီမိုကရေစီ စနစ်ကို အောင်အောင်မြင်မြင် ကျင့်သုံးသွားနိုင် တဲ့ နိုင်ငံဟာ အနောက်နဲ့ ပိုနီးလာနိုင်တယ်လို့ အနောက်က ယုံကြည်ထားပေ မဲ့ တကယ်တမ်းမှာ အဲသလို ဖြစ်မလာဘဲ အဲဒီနိုင်ငံတွေမှာ အမျိုးသားရေး ဝါဒတွေ ပိုအားကောင်းလာပြီး အနောက်နဲ့ ပိုပို ဝေးသွားတတ်ပါတယ်။
ဒါကို "ဒီမိုကရေ ဝိရောဓိ" လို့ ခေါ်ပါတယ်။

၃။ လူဝင်မှု ကြီးကြပ်ရေး

၁၈၂၁ နဲ့ ၁၉၂၄ - ခုနှစ်တွေကြားမှာ အနောက်တိုင်းသားတွေ ကမ္ဘာထဲ ပြန့် ဝင်သွားတာ (၅၅) သန်းတောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ (၂၁) ရာစု ရောက်တော့ အခြားလူမျိုးတွေက အနောက်တိုင်းနိုင်ငံတွေထဲ ပြန်ဝင်လာတယ်။ ဥရောပမှာဆိုရင် ဝင်ရောက်လာသူတွေရဲ့ သုံးပုံနှစ်ပုံက မွတ်စလင် ဖြစ်နေ တယ်။ ဒါ့ကြောင့် ဥရောပနိုင်ငံတွေမှာတောင် မွတ်စလင် လူဦးရေကို ကြောက် ရွံ့လာပြီး အမျိုးသားရေးဝါဒတွေလည်း အားကောင်းလာခဲ့တယ်။ ၁၉၉၀ - ခုနှစ်တွေရောက်တော့ ဥရောပနိုင်ငံတိုင်းဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ် သက်လို့ အပြိုင်အဆိုင် ကန့်သတ်လာခဲ့ကြတယ်။

ဒီစိုးရိမ်စိတ်နဲ့ ပတ်သက်လို့ အမေရိကန်တွေက ဥရောပထက် နောက်ကျ တယ်။ အမေရိကထဲက အများဆုံး ဝင်ရောက်လာသူတွေက မက္ကစီကန်ေ တွ ဖြစ်နေပြီး သူတို့က ယဉ်ကျေးမှု၊ ကိုးကွယ်မှုအားဖြင့် အမေရိကန်တွေနဲ့ ဆင်နေတယ်။ နောက်ပြီး သူတို့ရောက်လာခြင်းက အမေရိကန် စီးပွားရေးကို လည်း အထောက်အကူ ဖြစ်စေတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပြဿနာတက်စရာ အကြောင်းတွေ ရှိလာပြန်တယ်။ ဒါတွေကတော့ ယဉ်ကျေးမှု့က ဆင်ပေမဲ့ ထပ်တူမကျတော့ အုတ်ရောရော၊ ကျောက်ရောရော ဖြစ်လာခြင်း၊ ရာဇဝတ်မှု ထူပြောလာခြင်း၊ လိုက်(ဖ်)စတိုင်တွေ ကွဲပြားလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီနောက်တော့ အမေရိကန်တွေကလည်း မက္ကစီကန်တွေကို မကြည်ဖြူနိုင်တော့ပါဘူး။

ဥရောပတိုက်သားတွေက အသစ်ဝင်ရောက်လာတဲ့ လူမျိုးတွေနဲ့ ရောရောနှောနှော မနေတတ်ဘူး၊ အစိုးရတွေကလည်း ဒီကိစ္စကို အထူးအရေးပေးပြီး မလုပ်ဆောင်ကြဘူး။ ဒီတော့ ဥရောပကို မွတ်စလင်တွေ က လူမျိုးရေး ပူပန်မှုတွေကို ပေးပြီး အမေရိကန်တွေကတော့ မက္ကစီကန်တွေေ ကြာင့် စိတ်သောက ရောက်နေကြရတယ်။

အဲ့သလို သိုင်းသိုင်းဝိုင်းဝိုင်း ဆွေးနွေးပြီး အမေရိကန်နဲ့ ကမ္ဘာရဲ့ ဆက်ဆံရေး သုံးမျိုးကို ဟားဘတ်ပါမောက္ခက ခပ်တင်းတင်း တင်ပြဆွေးနွေးထားပါတယ်။
ကျနော့်ရဲ့ အမှာဟာ သူ့အာဘော်ကို လုံးဝ မခြုံငုံမိနိုင်ပါဘူး။

ဇင်ဝေသော်

Islam's Bloody Borders


မနက်ဖြန်မှာ မြန်မာမွတ်စလင်တွေအပေါ် စောင့်စည်းမှုအနေနဲ့ မတင်ဘဲ ထားခဲ့တဲ့ "Islam's Bloody Borders" ကို တင်ပေးပါမယ်။ အစ္စလာမ်ကို အဆိုးမြင်နဲ့ ကြည့်တာမဟုတ်ဘဲ ယထာဘူတအမြင်နဲ့ ကြည့်ကြရင် မွတ်စလင်အများစုတွေအပေါ် နားလည်နိုင်သလို ပစ္စက္ခအနေအထားကိုလည်း အထိုက်အလျောက် ရိပ်စားမိနိုင်မှာပါ။
နောက်ပြီး ဒီဆောင်းပါးကြောင့် ပွက်လောရိုက်သွားလို့ "The Clash of Civilizations" ကို ကောက်ရေးလိုက်တာလို့ ဟန်တင်တန်က ဝန်ခံထားပါတယ်။

အဲဒီ စာအုပ်က မဖြစ်မနေ ဖတ်ရ၊ ကိုးကားနေရတဲ့ တက်စ်ဘုတ်ပဲ


လီကွမ်းယုစာအုပ်အတွက် အစအဆုံး အကူအညီပေးခဲ့တဲ့ မစ္စတာ လီ (Dr.Lee Chuan Guan) ရဲ့သမီးက နိုင်ငံရေးသိပ္ပံကို လေ့လာနေသူပါ။ ဒါနဲ့ သူ့ကို "The Clash of Civilizations" ကို သိသလားဆိုတော့ "ပေါ်လစ်တီကယ် ဆိုင်းယင့်စ်ကျောင်းသားက မသိလို့ ဘယ်ရမလဲ။ အဲဒီ စာအုပ်က မဖြစ်မနေ ဖတ်ရ၊ ကိုးကားနေရတဲ့ တက်စ်ဘုတ်ပဲ၊ သမီးတို့ တက္ကသိုလ်ရယ်မှ မဟုတ်ဘူး၊ ကမ္ဘာ့တက္ကသိုလ်တိုင်းလိုလိုမှာ အဲဒီစာအုပ်က တ


ပြောချင်တာက ဒီစာအုပ် ဒုတိယတွဲကို ပရင့်ထုတ်၊ ပရုဗ်ဖတ်နေတယ်တို့ ဘာတို့ပေါ့လေ။

လူ့ယဉ်ကျေးမှု ပဋိပက္ခ၊ ဒုတွဲ၊ စိတ်ကူးချိုချိုဆီက ပြန်လာပြီ


လူ့ယဉ်ကျေးမှု ပဋိပက္ခ၊ ဒုတွဲ၊ စိတ်ကူးချိုချိုဆီက ပြန်လာပြီ။ နောက်ဆုံးအကြိမ် ပရုဖတ်။ မကြာမီ ထွက်နိုင်ပါတော့မယ် (ဒါတောင် လပိုင်းတော့ ကြာဦးမှာ)

နားဝင်မချိုတဲ့ အမှန်တရားများ ကိုတော့ စထရိတ်တိုင်းမ် စည်းကမ်းတွေကြောင့် ကိုယ်တိုင်ပဲ ကမ်းလက်ကနေ ဖြန့်ရတော့မယ်။ စာအုပ်ဈေးကို ၄၀၀၀ ကနေ ၃၅၀၀ လျှော့ချပါမယ်။
စာဖတ်ပရိသတ်ကို ကျေးဇူးတင်လျှက်။

ပဋ္ဌာန်းအရကောက် စာအုပ်ကြီးလို တဲ့


ဆန်ဘာဝမ်းဆရာတော် ဦးဣန္ဒာစရိယက "ကိုယ့်လူရဲ့ ဟန်တင်တန် စာအုပ်ကြီး က လူငယ်တွေအတွက် ပဋ္ဌာန်း အရကောက် စာအုပ်ကြီးလိုဖြစ်နေတာဗျ။ အားလုံးကလည်း မြန်မာလိုရေးထား တာ၊ ရေးဟန်ကလည်း ချောလို့၊ ဒါပေမဲ့ သူတို့ တစ်လုံးမှ နားမလည်ဘူးဖြစ်နေတယ်" လို့ ဖုန်းနဲ့အားပေးပါတယ်။

ဒါနဲ့ "စာဖတ်သူ ၉၀ ရာခိုင်နှုန်း နားမလည်လည်း ဒါမျိုးက ရေးပေးရတယ် ကိုယ်တော်ရ၊ ဒါမှ လူရှိန်တာ" လို့ ပြန်လျှောက်လိုက်ပါတယ်။

 ပြန်ဖော်ပြတဲ့ ကွန်မင့်
Ashin Kavissara "ဆရာတော် ဦးဣန္ဒာစရိယပြောသလို ဟန်တင်တန်က ကမ္ဘာ့ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အခင်းအကျင်းစသည်ကို ပဌာန်းအရကောက် လို အတိက်၊ ပစ္စုပ္ပန်၊ အနာဂါတ်မှာ ဒါတွေ ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ် ဖြစ်လိမ်အုံး မယ်လို့ ဆက်စပ်ပြီးပြောသွားခဲ့တယ်။
ဒါနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံကိုစဉ်းစားကြည့်တော့ ဘောလုံးစကားနဲ့ပြောရရင်
ဂျော့ဝီယာကို ပိုင်ခဲ့ဖူးတဲ့ လိုက်ဗေးရီးယာလိုဖြစ်နေတယ်။
မက်စီကိုပိုင်တဲ့ အာဂျင်တီးနားလိုဖြစ်ပါစေလို့ ဆုတောင်းပေးယုံပဲကျန်တော့ တယ်။"


ဘောလုံးနဲ့ဝေးတဲ့ပရိသတ်အတွက်ပါ။
လိုက်ဗေးရီးယားက ကမ္ဘာ့အကောင်းဆုံးဘော လုံးသမား မွေးထုတ်နိုင်ပေမဲ့ အသင်းကချာတူးလန်မို့ ဂျော့ဝီယာခမျာ ကမ္ဘာ့ဖလားဇာတ်ခုံပေါ် ခြေစွမ်းပြခွင့် မရခဲ့ရှာ။ ထိုအတူ လိုက်ဗေးရီးယာသည်လည်း....................။
(January 3 at 3:00pm)

သမိုင်းကနေ ထွက်ပြေးလို့ မရဘူး


သမိုင်းကနေ ထွက်ပြေးလို့ မရဘူး
( 2/27/2014)

Political leaders can make history but they cannot escape history.
(The Clash of Civilizations P. 154)
"နိုင်ငံရေးခေါင်းဆောင်တွေဟာ သမိုင်းကိုရေးနိုင်ပေမဲ့ သမိုင်းကို ဖျက်ပစ်လို့တော့ မရနိုင်ဘူး"
ဆရာကြီးတွေအမြဲ ပြောတတ်တဲ့စကား၊ ဘယ်သူ့စကားမှန်း မသိခဲ့ဘူး။ အခုမှ မူပိုင်ရှင် ဟန်တင်တန်ကို ရှာတွေ့တယ်။
"သမိုင်းကို ဖျက်ပစ်လို့မရဘူး" ဆိုတာအပြင်
"သမိုင်းကနေ ထွက်ပြေးလို့ မရဘူး"
"သမိုင်း ရေးခွငိ့ရှိတယ်၊ သမိုင်းဖျက်ခွင့်တော့ မရှိဘူး" လို့ ဘာသာ ပြန်လိုက်ရင်လည်း သမိုင်း မရိုင်းနိုင်ဘူး။

အာရှနဲ့တရုတ်(လူ့ယဉ်ကျေးမှုပဋိပက္ခ)


ဒါပေမဲ့ အရှေ့အာရှတွင်း နိုင်ငံတွေအနေနဲ့ သူတောင်းဆိုမယ့် အောက်ပါ အချက်တွေထဲက အချို့(သို့)အားလုံးကို ဖြည့်ဆည်းလိုက်နာကြဖိုတော့ တရုတ် က မျှော်လင့်ထားဟန်ရှိပါတယ်။(၁၀ ချက်မှာ ၉ ချက်က တော်တော်မှန်ပါတယ်)

၁။ တရုတ်ရဲ့ နယ်မြေခြင်းပေါင်းစပ်မှုကို ထောက်ခံ၊ တိဗက်နဲ့ရှင်ကျန်ပြည် နယ်တွေ အပေါ်ထိန်းချုပ်ထားမှုကို ထောက်ခံ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ တရုတ် ပြည်အတွင်း ပေါင်းစပ်မှုကို ထောက်ခံဖို့

၂။ တောင်တရုတ်ပင်လယ်နဲ့မွန်ဂိုလီးယားတို့အပေါ် တရုတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လက်ခံဖို့

၃။ စီးပွားရေး၊ လူ့အခွင့်အရေး၊လက်နက်ဖြန့်ဖြူးရေး၊အခြားကိစ္စရပ်တွေနဲ့ ပတ် သတ်ပြီး အနောက်နဲ့တရုတ်တို့အငြင်းပွားရင် တရုတ်ဖက်ကထောက်ခံဖို့

၎။ ဒေသတွင်း တရုတ်စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို လက်ခံ၊ တရုတ်လွှမ်းမိုးမှုကို စိန်ခေါ်လာနိုင်တဲ့ အနုမြူနဲ့အခြားလက်နက်တွေပိုင်ဆိုင်ရေး ကြိုးစားမှု ကနေ ရှောင်ကြဉ်ဖို့

၅။ တရုတ်အကျိုးစီးပွားနဲ့ လိုက်လျောညီထွေရှိမယ့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံ မှု ပေါ်လစီတွေကို မွေးစားကျင့်သုံး၊ တရုတ်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အကူ ဖြစ်စေရန် ပြုမှူဖို့၊

၆။ ဒေသအတွင်းပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်ရဲ့ ဦးဆောင်မှုကို အလေးထားဖို့

၇။ တရုတ်လူမျိုးတွေ လာရောက်နေထိုင်ခြင်းကို အများအားဖြင့် တံခါးဖွင့်ပေး ထားဖို့ သူတို့နိုင်ငံတွေအတွင်း တရုတ်ဆန့်ကျင်ရေးနဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှား မှုတွေကို တားမြစ်ဖိနှိပ်ဖို့

၈။ ပြည်မကြီးထဲရှိသူတို့ဆွေမျိုးနီးစပ်သူတွေ၊ပြည်နယ်တွေနဲ့ဆက်ဆံရေးတွေအပါအ၀င် ဒေသအသီးသီးရှိ တရုတ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့

၉။ အခြားအင်အားကြီးနိုင်ငံတွေနဲ့စစ်ရေးအရ မဟာမိတ်မဖွဲ့ဖို့(သို့) တရုတ်ဆန့် ကျင် ရေး မဟာမိတ်တပ်မဖွဲ့ဖို့

၁၀။ အရှေ့အာရှ ဒေသတွင်းမှာ ကျယ်ကျယ်ပြန်ပြန့် သုံးစွဲနေတဲ့ အင်္ဂလိပ်စာနေ ရာ မင်ဒရင်း တရုတ်စကားနဲ့ အစားထိုးနိုင်အောင်ကြိုးစားဖို့စတာတွေဖြစ်ပါတယ်။

(၁၀။ ကတော့ ဉာဏ်မမီလို့ မသုံးသပ်ရဲပါဘူး။ ဒီမှာ လီကွမ်းယုအဆိုအရကတော့ မဖြစ်နိုင်ပါဘူး။ တရုတ်ပြည်မှာ မွေးတာမဟုတ်ရင် တရုတ်အသံ၊ တရုတ်အက္ခ ရာတွေမှတ်ဖို့ဆိုတာ အတော်ကြီခက်ခဲကြောင်း ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ် စီအီးအိုလေး မာ့ခ်ကိုယ်တိုင် တရုတ်စာ၊ တရုတ်စကားအပေါ် အလေးထားနေမှုက ဟန်တင်တန်ကများ မှန်သွားလေမလား စဉ်းစားစရာပါ။)
ဘာသာပြန်သူ

လေ့လာသုံးသပ်သူတွေကတော့ တရုတ်ခေါင်းထောင်လာခြင်းကို ၁၉ ရာစုနှောင်း ပိုင်း ဥရောပကိုလွှမ်းမိုးလာတဲ့ Welhelmine Germany နဲ့ နှိုင်းယှဉ် ကြည့်ကြပါ တယ်။ အင်အား ကြီးနိုင်ငံအသစ် ပေါ်ထွက်လာခြင်းဟာ မတည်ငြိမ်မှုကို အမြဲ တမ်းဖြစ်စေပါတယ်။ တကယ်လို့ သာ ဒီအတိုင်းဖြစ်လာမယ်ဆိုရင် အဓိက အင် အားကြီးနိုင်ငံအနေနဲ့ တရုတ်ပေါ်ထွက်လာမှုဟာ နှစ်ပေါင်းငါးရာ အတွင်းပေါ် ထွက်လာဖူးတဲ့ အင်အားကြီးနိုင်ငံတွေအားလုံးထက် သာလွန်သွားပါ လိမ့်မယ်။

၁၉၉၄ ခုနှစ်မှာ လီကွမ်းယုက “တရုတ်နေရာယူလာတဲ့ ပမာဏက အားကြီး လွန်းတော့ လာမယ့်နှစ်ပေါင်း ၃၀နဲ့လေးဆယ်အတွင်းမှာ ကမ္ဘာဟာ ဟန်ချက် အသစ်ကို ရှာယူကြရလိမ့်မယ်။ ကမ္ဘာ့သမိုင်းမှာ တရုတ်ဟာ အကြီးမားဆုံး ပါဝင် ကစားလာသူဖြစ်ပါတယ်။
တကယ်လို့ တရုတ်စီးပွားရေးတိုးတက်မှု နောက်ထပ်(၁၀)နှစ်အထိ ဒီအတိုင်းပဲ ရှိနေမယ် ဆိုရင်(ရှိနိုင်တယ်)၊ ရင်ကြားစေ့စပ်ကာလအတွင်းမှာလည်း ညီညွတ်ေ ရးကို ထိန်းထားနိုင် မယ်(စွမ်းကောင်းစွမ်းနိုင်မယ်)ဆိုရင် အရှေ့အာရှနိုင် ငံတွေရောကမ္ဘာကပါ လူ့သမိုင်းမှာ အကြီး မားဆုံး ကစားသမားရဲ့ သြဇာသုံးလာ မှုကို လက်တုန့်ပြန်ဖို့လိုလာပါလိမ့်မယ်။


အာရှရဲ့ လားရာ(ဟန်တင်တန်)


အာရှရဲ့စီးပွားရေးတိုးတက်လာမှုနဲ့ အာရှ လူ့အဖွဲ့အစည်းတွေရဲ့ ယုံကြည်ချက် အား ကောင်းလာခြင်းကြောင့် ကမ္ဘာ့နိုင်ငံရေးမှာ အနည်းဆုံး သုံးနည်းသုံးမျိုးနဲ့ ကမောက်ကမ ဖြစ်စေနိုင်ပါလိမ့်မယ်။

( ၁ )။ ။ စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စစ်အင် အားတွေကို တိုးချဲ့နိုင်မယ်။ သူတို့နိုင်ငံတွေ အချင်းချင်းအကြား အနဂတ် ဆက် ဆံရေးနဲ့ ပတ်သတ်လို့ မသေချာ၊ မရေရာမှုတွေ တိုးပွားလာမယ်။ စစ်အေး ကာ လအတွင်း ငုတ်လျှိုး သွားခဲ့တဲ့ ကိစ္စတွေ၊ ယှဉ်ပြိုင်မှုတွေ ပြန်လည်အားကောင်း လာမယ်။ ဒါကြောင့် ဒီဒေသ အတွင်းမှာ ပဋိပက္ခနဲ့ မငြိမ်မသက်မှုတွေ ဖြစ်ပွား ဖို့ ရာနှုန်းများသွားတယ်။

( ၂ )။ ။ စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ အကြား အထူးသဖြင့် အမေရိကန်နဲ့အကြားမှာ ပြဿနာတင်းမာမှုတွေ တိုးပွား လာနိုင်ပြီး ဒီအကျပ်အတည်းတွေကြားကနေ အာရှနိုင်ငံတွေအနေနဲ့ လွတ်မြောက်အောင်ပွဲခံနိုင်ဖို့ အားကောင်းလာစေတယ်။

( ၃ )။ ။ အာရှရဲ့ အကြီးဆုံးစီးပွားရေးအင်အားဖြစ်တဲ့ တရုတ်စီးပွားရေး တိုး တက် လာမှုကြောင့် ဒီဒေသအတွင်း တရုတ်ကလွှမ်းမိုးထားပြီး တစ်ဦးတည်း ဗိုလ်ကျဖို့လည်း တရုတ်က အားထုတ်လာမယ်။ ဒီတော့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ တရုတ်နဲ့အတူပဲ ပူးပေါင်းမလား၊ တရုတ်လွှမ်းမိုးမှုကို တွန်းလှန်နိုင်ရေးအတွက် အင်အားချိန်ခွင်လျှာညှိဖို့ ကြိုးစား မလား......
ဆိုတာတွေဖြစ်လာမယ်။

ဟန်တင်တန်ကို ကမ္ဘာကျော်စေတဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးခန့်မှန်းချက် (၃)


ဒါပေမဲ့ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပြီး စိတ်ကူးယဉ်ဖြစ်စဉ်ထဲမှာ စိတ် ကသိကအောက်ဖြစ်စရာ အကောင်းဆုံးက စစ်ဖြစ်ရခြင်းရဲ့အကြောင်းရင်းပါ။ စီဗီလိုက်ဇေးရှင်းတစ်ခုရဲ့ ပဓါန နိုင်ငံဖြစ်တဲ့ (တရုတ်)နဲ့ စီဗီလိုက်ဇေးရှင်းတူ အဖွဲ့ဝင်နိုင်ငံ(ဗီယက်နမ်)တို့ကြားမှာ အခြားစီဗီလိုက်ဇေးရှင်းရဲ့ ပဓါနနိုင်ငံဖြစ်တဲ့ (အမေရိကန်) နိုင်ငံက ကြားဝင် ဟန့်တားခြင်းဖြစ်ပါတယ်။

အမေရိကန်တွေဖက်ကကြည့်တော့ အပြည်ပြည်ဆိုင်ရာဥပဒေကို ကာကွယ်ဖို့၊ ဒီလို အနိုင်ကျင့်မှုကိုဟန့်တားဖို့၊ ပင်လယ်ရဲ့လွပ်လပ်မှုကို ကာကွယ်ဖို့ ၊ တောင် တရုတ်ပင်လယ်ထဲကရေနံကို သူတို့အနေနဲ့ ဆက်လက်ရယူနိုင်ဖို့၊ အရှေ့အာရှ ကို တစ်နိုင်ငံထဲက လွှမ်းမိုးထားတာကို ဟန့်တားဖို့ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ တရုတ်တွေဖက်ကကြည့်တော့ ဒါဟာ သည်းခံလို့မရတဲ့ ကိစ္စ၊ တရုတ်ကိုအရှက်ခွဲဖို့ ခြိမ်းခြောက်ဖို့အတွက် အနေက်စီဗီလိုက်ဇေးရှင်း ခေါင်းေ ဆာင် နိုင်ငံရဲ့ မောက်မာမှု၊ သူ့ဒေသတွင်းမှာ တစ်ရားဝင် လွှမ်းမိုးမှုရှိတဲ့ တရုတ် ရဲ့ လုပ်ပိုင်ခွင့်ကို ကပျက်ယပျက် လုပ်မှု၊ ကမ္ဘာနိုင်ငံရေး အရေးအခင်းမှာ တရုတ်ရဲ့ပါဝင် သင့်တဲ့ အခန်းကဏ္ဍကို ငြင်းဆန်မှုဖြစ်နေပါတယ်။

အတိုချုပ်အားဖြင့်ဆိုရရင် လာမယ့်လက်တလောကမ္ဘာမှာ စီဗီလိုက်ဇေးရှင်း စစ် ပွဲကြီးတွေကို ရှောင်ကြဉ် နိုင်ဖို့အတွက် စီဗီလိုက်ဇေးရှင်းတစ်ခု အတွင်းမှာဖြစ် ပွားနေတာကို အခြားစီဗီလိုက်ဇေးရှင်းဝင်နိုင်ငံက ၀င်ရောက် နှောက်ယှက်ခြင်း ကနေ ရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေ အထူးသဖြင့် အမေရိ ကန် နိုင်ငံအတွက် ဒီအချက်ကို လက်ခံဖို့ ခက်ခဲလှတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ စီဗီလိုက်ဇေးရှင်း စုံညီ ဗဟုမဏ္ဍိုင် ကမ္ဘာကြီးထဲမှာ ငြိမ်းချမ်းရေး အတွက် ပထမဆုံးလိုအပ်ချက်ဟာ စီဗီလိုက်ဇေးရှင်းတူ နိုင်ငံတွေကြား ပြဿနာထဲ ကို အခြားစီဗီလိုက်ဇေးရှင်းဝင်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်း မပြုမှု “ရှောင်ကြဉ်မှုဥပဒေ=Abstening Rule” ပဲ ဖြစ်ပါတယ်။ ဒုတိယ လိုအပ်ချက်က “ပူးပေါင်း ညှိနှိုင်းရေး ဥပဒေ=Joint mediation Rule” ဖြစ်ပါတယ်။ မိမိတို့ စီဗီလိုက်ဇေးရှင်းဝင်နိုင်ငံတွေ၊ အုပ်စုတွေ ကြားက ပဋိပက္ခ တွေကို ထိန်း သိမ်းပေးခြင်း၊ ဟန့်တားပေးခြင်းကို ဆိုလိုပါတယ်။

စီဗီလိုက်ဇေးရှင်းတွေအကြား အင်အားတွေပိုပြီး ညီမျှလာနေတဲ့ ကမ္ဘာထဲမှာ ဒီဥပဒေ နှစ်ခုကို လက်ခံဖို့ဆိုတာ အနောက်အတွက်(သို့)အနောက်ကိုဖြုတ် ချဖို့(သို့)အနောက်ရဲ့ လွှမ်းမိုးထားတဲ့ အခန်းကဏ္ဍကို အစားထိုးနေရာယူဖို့ မျက်စောင်းထိုးနေတဲ့ စီဗီလိုက်ဇေးရှင်းတွေအတွက် မလွယ်ကူလှပါဘူး။ ဥပမာ အားဖြင့် ဒီကမ္ဘာကြီးထဲက ပဓါနနိုင်ငံကြီးတွေဟာ သူတို့လည်း အနုမြူလက်နက် ပိုင်ဆိုင်ခွင့်ရှိတယ်၊ မိမိရဲ့ အဖွဲ့ဝင် နိုင်ငံငယ်တွေ ဒီလိုလက်နက်တွေ ပိုင်ဆိုင် လာမှုကနေ တားမြစ်ခွင့်ရှိတယ်ဆိုတဲ့ အမြင်ရှိနေကြပါလိမ့်မယ်။

ပါကစ္စတန်အတွက်“အင်အားပြည့်အနုမြူလက်နက်စွမ်းရည်”ပိုင်ဆိုင်ဖို့ သူ့ရဲ့ ကြိုးစားခဲ့ရမှုတွေကို သမင် လည်ပြန်ကြည့်ရင်း သူ့အားထုတ်ခဲ့မှုတွေဟာ မှန် ကန်တယ်လို့ ဇူဖိကာ အလီဘူတို (Zulfikar Ali Bhutto) က ယုံယုံကြည် ကြည် ပြောဆိုခဲ့တယ်
”အစ္စရေးနဲ့တောင်အာဖရိကတို့မှာ အနုမြူစွမ်းရည် အပြည့်အ၀ ပိုင်ဆိုင် ထားရှိ ခဲ့ကြပြီးပြီလို့ ကျွန်တော်တို့သိရပါတယ်။ ခရစ်ယန်၊ ဂျူး၊ ဟိန္ဒူ စီဗီလိုက်ဇေး ရှင်းတွေအားလုံးမှာ အနုမြူစွမ်းရည် အပြည့်အ၀ရှိ နေခဲ့ကြပြီ၊ အစ္စလာမ် စီဗီလိုက်ဇေးရှင်းတွေမှာသာ မရှိသေးတာဖြစ်လို့ ဒါကို ပြောင်းလဲ ပစ်ရပါမယ်။”
(Note-18)

ဟန်တင်တန်ကို ကမ္ဘာကျော်စေတဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးခန့်မှန်းချက် (၂)


"ကျွန်တော် အခု တင်ပြခဲ့တဲ့ စိတ်ကူးယဉ်ဖြစ်စဉ်ဟာ စာဖတ်သူအတွက် အူကြောင်ကြောင်နဲ့ လုံးဝ မဖြစ်နိုင်တဲ့ပျက်လုံးအနေနဲ့ပဲ ရှိမယ်ဆိုရင် ဒါဟာ အားလုံး အတွက်ကောင်းပါတယ်။ ဒီထက်ပိုပြီး ကြီးမားတဲ့ စီဗီလိုက်ဇေးရှင်း စစ်ပွဲဇတ်လမ်း ဖြစ်ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းကြရ အောင်ပါ" (ဟန်တင်တန်)

ရေနံ ထိန်းချုပ်ဖို့နဲ့ ရေနံရှာဖွေဖို့ဟာ တိုက်(စစ်)ပွဲဝင်နိုင်ငံအားလုံးရဲ့ အဓိက ရည် ရွယ်ချက်ဖြစ်နေတယ်။ အနုမြူစွမ်းအင်အပေါ်မှာ အမြောက်အများ ရင်းနှီးမြုပ်နှံ မှုတွေလုပ်ခဲ့ပေမဲ့ ဂျပန်ကိုယ်တိုင်ကလည်း ပြည်ပက ၀င်လာတဲ့ ရေနံအပေါ် အများကြီးမှီခိုနေရတဲ့အတွက် တရုတ်နဲ့ အပေးအယူညီမျှရေးကို ပိုပြီးအားစိုက် ထုတ်။ ပါရှားပင်လယ်ကွေ့၊ အင်ဒိုနီးရှားနဲ့ တောင်တရုတ်ပင်လယ်ထဲက ရေ နံတွေသေချာပေါက်ရနိုင်ဖို့ကြိုးစား။ စစ်ပွဲကြီးအတွင်းမှာ အာရပ်နိုင်ငံတွေအားလုံး အစ္စလာမ် စစ်သွေးကြွတွေရဲ့ လက်အောက်ရောက်သွားလို့ ပါရှား ပင်လယ်ကွေ့ကနေ အနောက်ဆီကိုပေးပို့နေတဲ့ ရေနံတွေကလည်း လမ်းစပိတ် သွား၊ ဒီတော့အနောက်ဟာ ရေနံနဲ့ ပက်သက်ပြီး ရုရှားတွေ၊ ကေါ့ကေးရှန်းတွေနဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေအပေါ် ပိုပိုပြီး အမှီပြုလာနေရ၊ အနောက်ခေါင်းဆောင်တွေက ရုရှားကိုသူတို့အဖွဲ့ထဲပါဝင်လာဖို့ အပြင်းအထန် အားထုတ်၊ တောင်ပိုင်းက ရေနံချမ်းသာတဲ့ မွတ်ဆလင်နိုင်ငံ တွေအပေါ် နယ်မြေ တိုးချဲ့ထိန်းချုပ်နိုင်ရေးအတွက် ရုရှားကို အနောက်က အကူအညီတွေပေးကြ (ဆိုပါတော့)။

တစ်ချိန်ထဲမှာဘဲ အမေရိကန်က ဥရောပမဟာမိတ်နိုင်ငံတွေဆီက အကူအညီရဖို့ ကြိုးစားလာခဲ့တယ်၊ ဥရောပမဟာမိတ်နိုင်ငံတွေကလည်း သံတမန်အကူအညီနဲ့ ဘဏ္ဍာရေးအကူအညီတွေ တိုးပေးလာကြပေမယ့် စစ်ရေးအရပါဝင်မှုကို တွန့် ဆုတ်ဆုတ်ဖြစ်နေကြ။ ဒါပေမဲ့ တရုတ်နဲ့ အီရန်ကအနောက်တိုင်းနိုင်ငံတွေ ဟာ နောက်ဆုံးတော့ အမေရိကန်နဲ့ပေါင်းသွားမှာပဲဆိုပြီး စိုးရိမ်ပူပန်၊ အမေရိ ကန်တွေကိုယ်တိုင် ရှေ့က စစ်ပွဲနှစ်ပွဲမှာ ကြားနေခဲ့ရာကနေ နောက်ဆုံး ဗြိတိန်၊ ပြင်သစ်တို့နဲ့ပူးပေါင်းသွားတာကို အမှတ်ရ၊ စိုးရိမ်ပူပန်၊ ဒါကိုကာကွယ်ဖို့ သူတို့(တရုတ်နဲ့အီရန်)က ဘော့(စ်)နီးယားနဲ့ အယ်(လ်)ဂျီးနီးယားထဲမှာ အနုမြူ အသုံးပြုလို့ရတဲ့ တာလတ်ပစ် ဒုန်းကျည်တွေ တိတ်တဆိတ်တပ်ဆင်၊ ဥရောပ အင်အားကြီးနိုင်ငံတွေကို စစ်ပွဲထဲဝင်မပါဖို့ သတိပေး။ တရုတ်ရဲ့ အခြားနိုင်ငံတွေ အပေါ်ခြိမ်းခြောက်ဗိုလ်ကျမှုကြောင့် ဂျပန်နိုင်ငံကလွဲရင် တရုတ်လိုချင်တဲ့အဖြေရဲ့ ဆန့်ကျင် ဖက်တွေချည်းပဲထွက်လာ။ အမေရိကန်ထောက်လှမ်းရေးက အနုမြူ လက်နက်တပ်ဆင်ထားမှုကို တွေ့ရှိသွားပြီး သတင်းပို့၊ နေတိုးက အဲ့ဒီ လက်နက်တွေ ချက်ချင်း ရုတ်သိမ်းရမယ်လို့ အမိန့်ထုတ်။ နေတိုးအဖွဲ့က ဘာမှ မလှုပ်ရှားရသေးခင် သူတို့ကိုသူတို့ မွတ်ဆလင်တူရကီတွေရန်ကနေ ခရစ်ယန် ဘာသာကို အကာအကွယ်ပေးထားရမယ့် တပ်ဦးလို့ယုံကြည်၊ နာမည်ကောင်း ယူပြီး ဆာဘီးယားက ဘော့(စ်)နီးယားထဲကို ထိုးစစ် နဲ့ဝင်သွား၊ ခရိုအေးရှားကပါ သူတို့နဲ့ ပူးပေါင်း၊ သူတို့နှစ်နိုင်ငံက ဘော့(စ်)နီးယား နယ်မြေကို သိမ်းပိုက်၊ ဒုံး ကျည်တွေကို သိမ်းဆည်း၊ ၁၉၉၀ ခုနှစ်တွေက မအောင်မြင်လိုက်တဲ့ လူမျိုးစု သတ်ပွဲဆီကို ဦးတည်။

အယ်(လ်)ဘေးနီးယားနဲ့တူရကီတို့က ဘော့(စ်)နီးယားကို အကူအညီပေးဖို့ အား ထုတ်၊ ဂရိနဲ့ ဘူ(လ်)ဂေးရီးယား တို့က တူရကီဆီကို စစ်ချီ၊ တူရကီ တပ်သားတွေ ဘို(စ်)ပေါရပ်(စ်)ကို (Bosporas) ကျော်ဖြတ်နေတော့ အစ္စတန်ဘူမှာ ကျီးလန့်စာ စားတွေဖြစ်။ အဲ့ဒီအချိန်မှာပဲ အယ်(လ်)ဂျီးယားထဲကနေ ပစ်လိုက်တဲ့ အနုမြူ ထိပ်ဖူးတပ် ဒုံးကျည်က မာဆေးမြို့အပြင်ဘက်မှာပေါက်ကွဲ၊ နေတိုးအဖွဲ့က လက် တုန့်ပြန်တဲ့အနေနဲ့ မြောက်အာဖရိကရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက် (ဆိုပါတော့)။

အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ ရုရှားနဲ့အိန္ဒိယတို့ဟာ တရုတ်၊ ဂျပန် မဟာ မိတ်အဖွဲ့ကိုဆော်ကြ၊ ပစ်ကြ။ အများဆုံးကအစ္စလာမ်တွေနဲ့ မဟာမိတ် အဖွဲ့ကိုဆော်ကြ၊ ပစ်ကြ။ နောက်ဆုံး တကယ့်ကမ္ဘာစစ်ပွဲကြီး ထဲကိုရောက်သွား။
ဒီလိုစစ်ပွဲကြီး ဘယ်လိုများအဆုံးသတ်သွားလေမလဲ။

နှစ်ဖက်စလုံးမှာလည်း အနုမြူလက်နက်ကြီးတွေရှိနေကြတယ်၊ ပိုင်ဆိုင်ထားသမျှ ထဲက အနည်းငယ်လောက်ကို သုံးစွဲလိုက်မယ်ဆိုရင်တောင် နှစ်ဖက်စလုံးရဲ့ အဓိကနိုင်ငံတွေဟာ တော်တော်များများ ပျက်စီးပြီးသားဖြစ်သွားပါလိမ့်မယ်။ နှစ် ဖက်စလုံးရဲ့ အနုမြူလက်နက် ခုခံချေဖျက်မှုတွေ အလုပ်ဖြစ်သွားမယ် ဆိုရင်တောင် နှစ်ဖက်စလုံး ချေကုန်လက်ပမ်းတွေ ကျပြီး အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးညှို့နှိုင်းမှုတွေ လုပ်လာကြပါလိမ့်မယ်။ ဒါပေမဲ့ အရှေ့အာရှ တွင်းမှာ တရုတ် တစ်ဦးတည်း ဗိုလ်ကျမှုဆိုတဲ့ အဓိက ပြဿနာကိုတော့ ဖြေရှင်း လိုက်နိုင်မှာ မဟုတ်ပါဘူး။

အခြားနည်းကတော့ အနောက်ဟာ သာမာန်စစ်လက်နက်ကိုပဲ အသုံးပြုပြီး တရုတ်ကို အနိုင်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဂျပန် စစ်မိတ်ဖွဲ့ထားခြင်းကြောင့် အမေရိကန်တွေက ကမ်းခြေ တစ်လျှောက်မှာရှိတဲ့ လူဦးရေထူထပ်တဲ့ အဓိကမြို့တော်ကြီးတွေ စက်ရုံတွေကို ရေတပ်အသုံးပြုပြီး တိုက်ခိုက် လာမယ့် အန္တရယ်ကို ဂျပန်က အကာအကွယ်ပေးပြီးသားဖြစ် သွား တယ်။ နောက်ရွေးစရာ နည်းလမ်းကတော့ အနောက်ဖက်ကနေ တရုတ်ပြည်ကို ချဉ်းကပ်တိုက်ခိုက်ဖို့ပါ၊ တရုတ်နဲ့ ရုရှား စစ်ဖြစ်နေတော့ နေတိုးက ရုရှားကို အဖွဲ့ ၀င်ဖြစ်ဖို့ ကြိုဆိုနေလိမ့်မယ်။ ရုရှားနဲ့ ပူးပေါင်းပြီး ဆိုက်ဘေးရီးယားထဲမှာရှိနေတဲ့ တရုတ်ကျူးကျော်ရေး တပ်တွေကို တန်ပြန်တိုက်စစ်ဆင်မယ်။ အရှေ့အလယ်ပိုင်း က မွတ်ဆလင်တွေရဲ့ ရေနံနဲ့ ဓါတ်ငွေ့တွေကို ရုရှားက ထိမ်းချုပ်ထားနိုင်မယ်။ တိဘက်လူမျိုးတွေ ဝီဂါ တွေနဲ့ မွန်ဂိုလီယန်တွေကို တရုတ်အုပ်ချုပ်မှု ဆန့်ကျင်ရေးတွေလုပ်ဖို့ အားပေးအားမြှောက်လုပ်ကြမယ်။ တဖြေးဖြေးနဲ့ ရုရှား-အနောက် တပ်ပေါင်းစုတွေ အရှေ့ဖက်ဆီ ချီတက်ပြီး ဆိုက်ဘေးရီးယားထဲ ၀င်မယ်။ နောက်ဆုံးရလဒ်က ဂရိတ်ဝေါကို ကျော်ဖြတ်ပြီး ဘေကျင်း၊ မန်ချူးရီးယား နဲ့ နောက်ဆုံး ဟန်မြို့တော်ကို ချီတက်သိမ်းပိုက်ကြမယ်။

(က)အနုမြူလက်နက်တွေကြောင့် အပြန်အလှန်သေကြေပျက်စီးမှု၊ (ခ)နှစ်ဖက်ဆလုံးခြေကုန်လမ်းပမ်း ကျသွားခြင်းကြောင့် စစ်ပွဲရပ်နားဖို့ ညှိနှိုင်းဆွေးနွေးမှု
(ဂ) ရုရှားနဲ့ အနောက်တိုင်းတပ်ဖွဲ့တွေ တီယင်နန်မင် စကွဲယားအထိ ချီတက်သိမ်းပိုက်မှု(ဖြစ်နေပြီဆိုပါစို့)

စစ်ပွဲနဲ့ ပက်သက်လို့ (ဒီအဖြေသုံးခုထဲမှာ) ဘယ်အဖြေပဲထွက်လာသည် ဖြစ်စေ စစ်ပွဲထဲ ပါဝင်ခဲ့ရတဲ့ နိုင်ငံတွေအနေနဲ့ ရေရှည်မှာ စီးပွားရေး၊ လူဦးရေနဲ့ စစ်အင် အား ကျဆင်းလာမှုဟာ ရှောင်လွဲလို့မရနိုင်ပါဘူး။ ရာစုပေါင်းများစွာကြာခဲ့တဲ့ အရှေ့ကနေအနောက်ဆီ ပါဝါအပြောင်းအလဲဟာ တစ်ဖန် အနောက် ကနေ အရှေ့ဆီကို ပြန်ပြောင်းသွားမယ်။ ပြီးရင် စစ်ပွဲရလာဒ်ကြောင့် ပါဝါ အရွေ့အပြောင်းဟာ (အရှေ့- အနောက်၊ အနောက်-အရှေ့မဟုတ်တော့ ပဲ) မြောက်ကနေတောင်ဆီကို ဦးတည်သွားပါလိမ့်မယ်။ စီဗီလိုက်ဇေးရှင်းစစ်ပွဲကြီးနဲ့ပက်သက်ပြီး အကျိုးကျေးဇူးကြီးကြီးမားမား ခံစားလိုက် ရသူတွေကတော့ စစ်ပွဲထဲ မပါဝင်ခဲ့တဲ့ စီဗီလိုက်ဇေးရှင်းနိုင်ငံတွေပဲ ဖြစ်ပါလိမ့် မယ်။ အနောက်၊ ရုရှား၊ တရုတ်နဲ့ ဂျပန်တို့ဟာ သူ့အတိုင်းအတာနဲ့သူ ပျက်စီး ဆုံးရှုံးကုန်ကျပြီဖြစ်တဲ့အတွက် စစ်ပွဲထဲ ပါဝင်ခဲ့ပေမဲ့ သူတို့လောက် ပျက်စီးဆုံးရှုံးမှု မရှိတဲ့ အိန္ဒိယက ကမ္ဘာကို ဟိန္ဒူယဉ်ကျေးမှုအတိုင်း ပုံဖော်ကြိုးစားကြည့်ဖို့ လမ်းစ ပွင့်သွားပါလိမ့်မယ်။
စိတ်ဝမ်းအကြီးအကျယ်ကွဲခဲ့ပြီးပြီဖြစ်တဲ့ အမေရိကန်လူထုကြီးက အင်အားတွေ အဆမတန် ယုတ်လျော့ခဲ့ရတာကို လူနည်းစု လူဖြူ၊ အန်ဂလိုဆက်ဆွန် ပရို တက်စတင့် (Wasp) ရေပေါ်ဆီ လူတွေကြောင့်လို့ဝေဖန်အပြစ်တင်ပြီး စစ်ပွဲတွေ ထဲမှာမပါဝင်ခဲ့တဲ့ လက်တင်အမေရိက နိုင်ငံတွေရဲ့ အားအကောင်းဆုံးထောက်ခံ အားပေးမှုတွေနဲ့ စပိန်ခေါင်းဆောင်တွေက အမေရိကန်နိုင်ငံရေးမှာ အာဏာရ လာပါလိမ့်မယ်။
(Wasp- White Anglo- Saxon Protestant)
အာဖရိကတိုက်ကလည်း ဥရောပ ပြန်လည်တည်ဆောက်ရေးမှာ အကူအညီ ထိထိရောက်ရောက် ပေးနိုင်မှာ မဟုတ်၊ အကူအညီအစား ကျန်ရှိနေရစ်ခဲ့တဲ့ ဥရောပတိုက်သားတွေဆီ များပြားလှတဲ့ လူအုပ်ကြီးတွေသာ တစ်အုပ်ပြီး တစ်အုပ်ရောက်လာကြလိမ့်မယ်။ အာရှတိုက်ထဲမှာလည်း တကယ်လို့ တရုတ်၊ ဂျပန်နဲ့ ကိုရီးယား တို့က စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ပြီဆိုရင် စစ်ပွဲထဲမှာ ဘက်မလိုက်နေခဲ့တဲ့ အင်ဒိုနီးရှားက သြစတေးလျန်း အကြံပေးတွေရဲ့ လမ်းညွှန်မှုနဲ့ အင်အားကြီးစိုးတဲ့ နိုင်ငံဖြစ်လာပြီး အရှေ့ဖက်ဆိုရင် နယူးဇီလန် အနောက်ဖက်မှာ မြန်မာနဲ့၊ သီရီလင်္ကာ၊ မြောက်ဖက်မှာ ဗီယက်နမ်အထိ လမ်း စဉ်တွေချပေးလာလိမ့်မယ်။ ဒါတွေအားလုံးဟာ အိန္ဒိယ၊ ပြန်လည်အားကောင်းလာတဲ့တရုတ်နဲ့ အင်ဒိုနီးရှား တို့ကြားက ပဋိပက္ခရှေ့ပြေး နိမိတ်တွေ ဖြစ်လာပါလိမ့်မယ်။

ကျွန်တော် အခုတင်ပြခဲ့တဲ့ စိတ်ကူးယဉ်ဖြစ်စဉ်ဟာ စာဖတ်သူအတွက် အူကြောင်ကြောင်နဲ့ လုံးဝ မဖြစ်နိုင်တဲ့ပျက်လုံးအနေနဲ့ပဲ ရှိမယ်ဆိုရင် ဒါဟာ အားလုံးအတွက်ကောင်းပါတယ်။ ဒီထက်ပိုပြီး ကြီးမားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူး ယဉ် စီဗီလိုက်ဇေးရှင်း စစ်ပွဲဇတ်လမ်း ဖြစ်ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းကြ ရ အောင်ပါ။

ဟန်တင်တန်ကို ကမ္ဘာကျော်စေတဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးခန့်မှန်းချက်


(အဆိုးဝါးဆုံးအခြေအနေကို ဆွဲပြလိုက်လို့ သက္ကရာဇ်တွေလွဲမှားမှုရှိပေမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် ရှောင်ရှားစရာတစ်ခု ရသွားတယ်ဆို တာတော့ ငြင်းလို့မရပါဘူး တဲ့)
****************************************************************************
ဆိုကြပါဆို့ သက္ကရာဇ်(၂၀၁၀)ခု ကိုရီးယားနိုင်ငံပေါင်းစည်းသွားပြီးဖြစ်တဲ့အတွက် ကိုရီးယားထဲမှာရှိတဲ့ အမေရိကန် တပ်တွေအားလုံးတပ်ဆုတ်သွားမယ်၊ ဂျပန်ထဲမှာရှိတဲ့အမေရိကန် စစ်အင်အားကိုလည်း အများကြီး လျှော့ချလိုက်မယ်။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ အပြန်အလှန် သဘောတူညီမှုရ၊ ထိုင်ဝမ်ဟာ (နားလည်မှုသဘောအရ) လွပ်လပ်တဲ့နိုင်ငံ၊ ဒါပေမဲ့ ဘေဂျင်းရဲ့ သြဇာခံအဖြစ်နဲ့ ရှိနေမယ်။ ၁၉၄၆ ခုနှစ်က ခရိုအေးရှားနဲ့ ဘယ်လာရုရှားအတိုင်း (Belorussia) တရုတ်ရဲ့ထောက်ပံ့မှုနဲ့ ထိုင်ဝမ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာမယ်။ တောင် တရုတ်ပင်လယ်ထဲက ရေနံရှာဖွေတူးဖော်ရေးက အရှိန်အဟုန်ကောင်းလာ၊ အများစုက တရုတ်ရဲ့လက်အောက်မှာ တစ်ချို့ကတော့ အမေရိကန် ကုမ္ပဏီကြီးတွေ အုပ်စိုးထားတဲ့ ဗီယက်နမ်ရဲ့ လက်အောက်မှာ၊ တရုတ်က သူရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ အင်အားအသစ်တွေကနေ သွေးထိုးပေးလိုက်တော့ ပင်လယ်ပြင်တစ်ခုလုံး သူတို့ထိန်းချုပ်မှုအောက်မှာရှိနေရမယ်လို့ အချုပ်အချာ အာဏာ ဆိုတဲ့စကားနဲ့ ပင်လယ်တစ်ပြင်လုံး သူတို့ပိုင်တယ်ကြေငြာချက် ထုတ်ပြန်။ (တစ်ကယ်တော့ အချုပ်အချာအာဏာ ဆိုတာ သူတို့အမြဲတမ်းပြောနေ ကျစကားပါ) ဗီယက်နမ်တွေက ဒါကို လက်မခံဘူး။ သူတို့ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွား။ ၁၉၇၉ ခုနှစ်က အရှက်ခွဲခံခဲ့ရတာကို လက်စားချေဖို့ တရုတ်က ဗီယက်နမ်ထဲကို ကျူးကျော်သိမ်းပိုက်၊ ဗီယက်နမ်တွေက အမေရိကန် ကို စစ်အကူအညီတောင်း၊ တရုတ်ကလည်း ဘေးထွက်နေဖို့ အမေရိကန်တွေကို ရာဇသံပေး၊ ဂျပန်နဲ့ အခြားနိုင်ငံတွေကလည်း ကြောက်ပြီးဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိ (ဖြစ်နေပြီဆိုပါစို့)။

ဗီယက်နမ်အပေါ်တရုတ်ရဲ့ ဗိုလ်ကျအောင်မြင်မှုကို လက်မခံနိုင်ဘူးလို့ အမေရိ ကန်တွေကပြော၊ တရုတ်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်။ သူ့ရဲ့လက်ကျန် ပင်လယ်တွင်း ရေတပ်ကို တောင်တရုတ်ပင်လယ် ထဲမှာ တပ်ဖြန့်ထား။ ဒါဟာ သူတို့ရဲ့ ရေပိုင်နက်ကို ကျူးကျော်မှုဆိုပြီး တရုတ်ကအမေရိကန်တွေကို စွပ်စွဲ။ လေကြောင်းကနေတိုက်ပွဲဆင်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးညှို့နှိုင်းမှု မအောင်မြင်။ အရှေ့အာရှဒေသတွင်းမှာ တိုက်ပွဲတွေက ဟိုနေရာဖြစ် ဒီနေရာဖြစ် (ဖြစ်နေပြီဆိုပါစို့)။

ဂျပန်ကလည်း တရုတ်ကိုတိုက်ခိုက်တဲ့အတွက် ဂျပန်နိုင်ငံထဲရှိ အမေရိကန် တပ် စခန်းတွေကို တားမြစ် ပိတ်ပင်၊ သူတို့ရဲ့ကြားနေ၀ါဒနဲ့ “ဓါးခုတ်ရာလက် ဝင်မလျှို လို” လို့ အမေရိကန်တပ်စခန်းတွေအားလုံး ရုပ်သိမ်း မယ်ကြေငြာ။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးထဲ စစ်ဆင်ရေးတွေလုပ်နေတဲ့ တရုတ်ရေငုပ် သင်္ဘောတွေနဲ့ တိုက်လေယဉ်တွေက အရှေ့အာရှထဲမှာရှိနေတဲ့ အမေရိကန် စစ်သင်္ဘောတွေနဲ့ အထောက်အကူပြုပစ္စည်း၊ အဆောက်အဦးတွေကို လေကြောင်း၊ ရေကြောင်း ကနေတိုက်ခိုက်။ အကြီးအကျယ်ဆုံးရှုံးမှုတွေဖြစ်။ တစ်ချိန် တည်းမှာပဲ တရုတ် ကြည်းတပ်က ဟနွိုင်းနဲ့ဗီယက်နမ် နိုင်ငံတော်တော်များများကို တိုက်ခိုက် သိမ်း ပိုက်လိုက်မယ် (ဆိုပါတော့)။

တရုတ်ရော အမေရိကန်ပါ တစ်ဦးနယ်မြေထဲအထိ ရောက်အောင်ပစ်ခတ်နိုင်တဲ့ အနုမြူလက်နက်တွေ ရှိနေတော့(ဘယ်သူမှ စတင်မသုံးစွဲရဲပဲ)မဆုတ်သာ မတက်သာ အနုမြူသရေပွဲဖြစ်နေ။ စစ်ဦးကာလမှာ အနုမြူလက်နက်တွေကို မသုံးစွဲကြ။ အနုမြူနဲ့တိုက်ခိုက်လာနိုင်ခြေကို နှစ်နိုင်ငံစလုံးရှိ လူထုတွေက အထိတ်တလန့်ဖြစ်။ အမေရိကန်လူထုရဲ့ အထိတ် တလန့်ဖြစ်မှုက ပိုအားကောင်း။ ဒီတော့ အမေရိကန်တွေက
“ဒီအန္တရာယ်ကို ငါတို့ ဘာကြောင့် ရင်ဆိုင်နေ ရတာလည်း၊ တရုတ်က တောင် တရုတ်ပင်လယ်ကို သိမ်းပိုက် ရုံတင် မကဘဲ အရှေ့တောင်အာရှတစ်ခုလုံးကို သိမ်းပိုက်တော့ရော ငါတို့အပူ လား။”
မေးလာမယ်။

စပိန်လူမျိုးတွေအများစုနေထိုင်တဲ့ အမေရိကန် အနောက်တောင်ပိုင်းပြည် နယ်တွေမှာ စစ်ပွဲဆန့်ကျင်ရေးတွေ အားကောင်းလာ၊ လူထုတွေနဲ့ ပြည်နယ် အစိုးရတွေက “ဒီစစ်ပွဲက ငါတို့စစ်ပွဲ မဟုတ်ဘူး” ဆိုပြီး ၁၈၁၂ ခုနှစ်က နယူးအင်္ဂလန်လို စစ်ပွဲအတွင်းကနေ ဘေးထွက်နေ။ ကနဦး အောင်မြင်မှုနဲ့အတူ အရှေ့အာရှအတွင်းမှာ တရုတ်တွေ အင်အားထပ်ကောင်းလာတော့ အမေရိ ကန်တွေက ၁၉၄၂ခုက ဂျပန်ရဲ့လမ်းစဉ် နောက်ကို လိုက်ဖို့ စိတ်ကူးရလာကြ၊ ရုတ်တရက်ကြီးခေါင်းမာလာတဲ့ တက်သစ်စပါဝါကို နှိပ်ကွပ်ဖို့ အရင်းအနှီးက သိပ်ပြီး ကြီးမားလွန်းနေတယ်၊ ဒီတော့ စေ့စပ်ညှို့နှိုင်းမှုတွေလုပ်၊ နေရာအနှံ့အပြားတိုက်ပွဲတွေကို အဆုံးသတ် (သို့) ကရော်ကမည် စစ်ပွဲလေးတွေသာ အနောက်ပစိဖိတ် သမုဒ္ဒရာထဲမှာ ကျန်ခဲ့တော့မယ် (ဆိုပါတော့)။

ဒါပေမဲ့ တစ်ချိန်တည်းမှာ ဒီစစ်ပွဲကြီးရဲ့ အရှိန်အဟုန်က အခြားစီဗီလိုက်ဇေး ရှင်းတွေထဲရှိ နိုင်ငံကြီးတွေ ဆီကိုပါ ရိုက်ခတ်သွား။ အရှေ့အာရှတွင်းမှာ တရုတ်ခြေချုပ်မိနေတဲ့အချက်ကို အခွင့်ကောင်းယူပြီး အိန္ဒိယက ပါကစ္စန်ရဲ့ အနုမြူလက်နက်နဲ့ အခြားလက်နက်တွေ ရသလောက် ဖျက်ဆီးပစ်နိုင်ဖို့ ရုတ်တရက် ထိုးစစ်ဆင်တိုက်ခိုက်တယ်။ အစပိုင်းမှာတော့ အောင်မြင်မှုတွေရ၊ နောက်ပိုင်းကျတော့ ပါကစ္စတန်၊ အီရန် နဲ့ တရုတ်တို့ရဲ့ စစ်မဟာမိတ်သဘောတူညီမှုက အသက်ဝင်လာပြီး အီရန်က ပါကစ္စတန်ကို အကူအညီပေးဖို့ ခေတ်မီဆန်းသစ်တဲ့ စစ်လက်နက်တွေနဲ့ အတူရောက်လာ။ အိန္ဒိယကိုယ်တိုင် လူမျိုးစုအသီးသီးဆီ ကထွက်လာတဲ့ အီရန်တပ်တွေနဲ့ ပါကစ္စတန်ပြောက်ကြား သူပုန်တွေကြားမှာ ညှပ်ပူးညှပ်ပိတ် မိနေ။ အိန္ဒိယရော ပါကစ္စတန်ကပါ အာရပ်နိုင်ငံတွေဆီက အကူအညီတွေ ကိုတောင်း။ အိန္ဒိယက အရှေ့နောက်အာရှတွင်း အီရန်လွှမ်းမိုးလာနိုင်တဲ့ အန္တရယ် (အခြား အာရပ်နိုင်ငံတွေကို) သတိပေး။ ဒါပေမဲ့ ကနဦးပိုင်းမှာ တရုတ်က အမေရိကန်အပေါ် အနိုင်ရလိုက်တဲ့အချက်က မွတ်ဆလင်နိုင်ငံတွေ အတွင်း အနောက်ဆန့်ကျင်ရေး ၀ါဒကို အားပေးအားမြှောက်ပြုလာနေ။ အနောက်ကိုထောက်ခံနေတဲ့ တူရကီအပါအ၀င် ကျန်ကောင်းကျန်ရာ အာရပ် အစိုးရတွေကလည်း မွတ်ဆလင်လူငယ်ထုကြီးရဲ့ နောက်ဆုံးလက်ကျန် အုပ်စုအင်အားကြောင့်ဖြစ်ပွားလာတဲ့ အစ္စလာမ်မစ်လှုပ်ရှားမှုတွေအောက် တစ်နိုင်ငံပြီးတစ်နိုင်ငံကျရောက်။ ဒီအချိန်မှာ အနောက်တိုင်း အားနည်းမှု က သွေးထိုးပေးလိုက်တော့(သူတို့ကို မြှောက်ပေးလိုက်သလို ဖြစ်သွားတော့) အနောက်ဆန့်ကျင်ရေးတွေ အရှိန် အဟုန်ကောင်းလာပြီး အစ္စရေးကိုဝင်တိုက်၊ အရေအတွက်အများ ကြီးလျှော့ချထားတဲ့ အမေရိကန် တပ်မ(၆)ကလည်း အစ္စရေးကိုကာကွယ်မှုမပေးနိုင်တော့ဘူး (ဆိုပါတော့)။

တရုတ်နဲ့ အမေရိကန်တို့က အဓိကနိုင်ငံကြီးတွေရဲ့နောက်ကနေ အားပေးထောက်ပံ့၊ တရုတ်က စစ်ရေးအရအောင်ပွဲရလိုက်တော့ ဂျပန်က လည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ သာမန်ကြားနေ၀ါဒနိုင်ငံကနေ တရုတ်ဖက် မသိမသာယိုင်တဲ့ကြားနေ၀ါဒအဖြစ်ကူးပြောင်း၊ တရုတ်တောင်းဆိုချက်တွေကို လိုက်လျော၊ နောက်ဆုံး စစ်မဟာမိတ်ဖြစ်သွားကြ။ ဂျပန်စစ်ကားတွေက ဂျပန်နိုင် ငံထဲရှိ အမေရိကန် တပ်စခန်းတွေကို သိမ်းပိုက်၊ အမေရိကန်က ရေးကြီး သုတ်ပြာနဲ့ သူ့တပ်သားတွေကို ကယ်ဆယ်ရေးလုပ်၊ အမေရိကန်က ဂျပန်နဲ့ အဆက်အသွယ်ဖြတ်မယ်ကြေငြာ၊ အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာ ဂျပန်နဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ အကြား တိုက်ပွဲတွေ ဟိုနေရာဖြစ် ဒီနေရာဖြစ်။ စစ်ပွဲကြီးအစမှာ တရုတ်က ရုရှနဲ့ အပြန်အလှန် လုံခြုံရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်း။ (ဟစ်တလာနဲ့ စတာလင်တို့ စာချုပ်ကို အမှတ်ရစရာ) ဒါပေမဲ့ တရုတ်ရဲ့စစ်ပွဲအောင်မြင်မှုအပေါ် ဂျပန်ရဲ့သဘောထားနဲ့ ရုရှားရဲ့ သဘောထားတို့ မတူကြ၊ ရုရှားက တရုတ်ထင်သလို မတုန့်ပြန်။ တရုတ်ရဲ့ ရလာနိုင်ခြေရှိတဲ့ အောင်ပွဲနဲ့ အရှေ့အာရှအတွင်း တရုတ်လွှမ်းမိုးမှုက မော်စကို ကိုထိတ်လန့်စေခဲ့၊ ရုရှားက တရုတ် ဆန့်ကျင်ရေး လမ်းစဉ်ကိုလိုက်ပြီး ဆိုက်ဘေးရီးယား ထဲမှာ စစ်တပ်အင်အားတွေ ထပ်ဖြည့်။

ဆိုက်ဘေးရီးယားထဲမှာ နေထိုင်နေကြတဲ့ တရုတ်လူမျိုးတွေက ကန့်ကွက် ဆန့်ကျင်မှုတွေပြုလုပ်လာကြ။ တရုတ်က သူ့နိုင်ငံသားတွေကို အကာ အကွယ်ပေးဖို့ စစ်အင်အားသုံး၊ ဗလာဒီဗိုစတော့(Vlasivastok) အမ်မားမြစ်ဝှမ်း (Amur River Valley)နဲ့ ဆိုက်ဘေးရီးယား အရှေ့ပိုင်း နေရာအချို့ကို သိမ်းပိုက်။ ရုရှားနဲ့တရုတ်စစ်တပ်တွေရဲ့ တိုက်ပွဲတွေ ဆိုက်ဘေးရီးယား အလယ်ပိုင်း မှာဖြစ်ပွား၊ တရုတ်ရဲ့ “အထိန်းသိမ်းခံ” အနေနဲ့ထားရှိခဲ့တဲ့ မန်ဂိုရီးယားမှာ ဆန္ဒပြမှုတွေဖြစ်ပွား (ဆိုပါတော့)။ 

ဟန်တင်တန်ပြောတဲ့ စင်္ကာပူ


" ဆွေမျိုးကောင်းစားရေး ၀ါဒီဆီကို ဦးတည်သွားနိုင်တဲ့ ကြီးစဉ်ငယ်လိုက် မိသားစုအခြေခံ ကွန်ဖျူးရှပ် ၀ါဒ ထက် တစ်ဦးချင်း စွမ်းဆောင်ရည်ကို အဓိက ဦးစားပေးလိုခြင်းကြောင့်ဖြစ်ပါတယ်"

ဒီလိုတူညီမှုတွေကို စုစည်းသတ်မှတ်နိုင်ဖို့ သဘာဝကျကျအားစိုက်ထုတ်မှုမျိုးကို စင်္ကာပူလိုအလွန်သေးမွှားတဲ့ နိုင်ငံလေးမှာ ၁၉၉၀ ခုနှစ်တွေက ဖြစ်ပွားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသားတွေဟာ အကြမ်းဖြင်းအားဖြင့် တရုတ် (၇၆ %)၊ မလေး မွတ် ဆလင် (၁၅%) အိန္ဒိယန်း ၊ တမီး (လ်)နဲ့ ဆစ်(ခ်) (၆%)ဖြစ်ပါတယ်။ အတိတ်ကာလတုန်းကတော့ အစိုးရက “ကွန်ဖျူးရှပ် ၀ါဒ တန်ဖိုးကို” သူ့လူထု ကြားမှာ ရေပန်းစားအောာင် ကြိုးစားခဲ့ပါတယ်။ ဒါအပြင် လူတိုင်း ပညာတက်မြောက်ရေးနဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်စွာ တက်မြောက်ရေးအတွက်လည်း အစိုးရက လမ်းစဉ်ချပါတယ် သမ္မတ ၀ီကင်ဝီ (Wee Kin We) က ၁၉၈၉ ခု ဇန်န၀ါရီလ သူ့ရဲ့အဖွင့်မိန့်ခွန်းထဲမှာ ၂.၇ သန်းရှိတဲ့ စင်္ကာပူ လူမျိုးတွေဟာ အနောက်ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုနောက် ရောက်နေပြီး “နိုင်ငံခြားအတွေးအခေါ်နဲ့ နည်းပညာသစ်တွေ ရရှိရေး” တွေကြောင့် ဘ၀နေထိုင်နည်းနဲ့ တန်ဖိုးတွေ လျော့ကျလာနေကြောင်း ၊ တစ်ချိန်က ရှေးဟောင်း အာရှကိုယ်ကျင့်သီလ၊ တာဝန် ၀တ္တရားနဲ့ အဖွဲ့အစည်း အပေါ်ထားရှိခဲ့တဲ့ သဘောထားတွေဟာ အနောက်တိုင်းအမြင်၊ ပုဂ္ဂလိက အမြင် နဲ့ အတ္တ ဗဟိုပြု အမြင်တွေကို နေရာဖယ် ပေးနေရတယ်ကြောင်း ပါလီမန် ကို ထောက်ပြပြောဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စင်္ကာပူလူမျိုး တစ်ယောက် ရဲ့ အနှစ်သာရကို ခြုံငုံ နိုင်မိစေဖို့ မတူညီတဲ့ လူမျိုးစု၊ ကိုးကွယ်မှုတွေထဲကနေ တူညီမှုတွေကို ပေါင်းစုပြီး အဓိကတန်ဖိုးတွေ သတ်မှတ်ပေးဖို့ လိုအပ်ကြောင်း သူကတိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

သမ္မတက ဒီတန်ဖိုးလေးခုကို အကြံပြုခဲ့ပါတယ်-

၁။ တစ်ဦးချင်းစီထက် အဖွဲ့အစည်းကိုရှေ့တန်းတင်ရန်

၂။ မိသားစုဆိုတာ အခြေခံလူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်တယ်လို့ စွဲမြဲလက်ခံထားရန်

၃။ ပြဿနာကြီးတွေကို ဖြေရှင်းရာမှာ အငြင်းပွားခြင်းထက် အများဆန္ဒအတိုင်း ဖြစ်စေရန်

၎။ လူမျိုးရေး ၊ ဘာသာရေးနဲ့ ပက်သက်ပြီး နားလည်သည်းခံပြီး သဟဇာတ ဖြစ်ဖြစ် နေထိုင်ကြရန်

သူ့မိန့်ခွန်းကြောင့်ပဲ နောင်နှစ်နစ်အကြာ အစိုးရရဲ့ ရပ်တည်ချက်ကိုဖော်ပြမယ့် စက္ကူဖြူစာတန်းမှာ စင်္ကာပူ ရီးယန်းတန်ဖိုးတွေနဲ့ ပက်သက်လို့ အကြီး အကျယ်ဆွေးနွေးခဲ့ကြတယ်။ စက္ကူဖြူ စာတန်းက သမ္မတ တင်ပြခဲ့တဲ့ တန်ဖိုးလေးခုစလုံးကို လက်ခံပြီး ပုဂ္ဂလိက၀ါဒဆိုတဲ့ ပဉ္စမမြောက်တန်ဖိုးကို ထပ်မံထည့်သွင်းခဲ့တယ်။ အကြောင်းကတော့ ဆွေမျိုးကောင်းစားရေး ၀ါဒီဆီကို ဦးတည်သွားနိုင်တဲ့ ကြီးစဉ်ငယ်လိုက် မိသားစုအခြေခံ ကွန်ဖျူးရှပ် ၀ါဒ ထက် တစ်ဦးချင်း စွမ်းဆောင်ရည်ကို အဓိက ဦးစားပေးလိုခြင်းကြောင့်ဖြစ်ပါတယ်။

စက္ကူဖြူစာတန်းက သတ်မှတ်တဲ့ စင်္ကာပူရီးယန်းတွေရဲ့ ဘုံတန်ဖိုးတွေကတော့-

၁။ လူမျိုးစုထက် နိုင်ငံကို ဦးစားပေး၊ တစ်ဦးချင်းစီထက် အဖွဲ့အစည်းကို ဦးစားပေးရေး

၂။ မိသားစုဆိုတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံးအုတ်မြစ်

၃။ တစ်ဦးချင်းစီရဲ့ အရည်အသွေးကို အသိအမှတ်ပြု ထောက်ပံ့အားပေး

၎။ ငြင်းခုံမှုထက် အများဆန္ဒကိုဦးစားပေးရေး

၅။ လူမျိုးရေး ၊ ဘာသာရေး သဟဇာတ ဖြစ်ရေး

ပါလီမန် ဒီမိုကရေစီနဲ့ ပထမတန်းစား အစိုးရဖြစ်ရေးကို ပြောဆိုခဲ့ကြပေမဲ့ “ဘုံတန်ဖိုးတွေ” ထဲမှာ နိုင်ငံရေးတန်ဖိုးကတော့ ဒီအထဲမှာ အထင်ကရပျောက်ရှနေခဲ့ပါတယ်။ အစိုးရအသားပေးပြောဆိုတာက “စင်္ကာပူဟာ အာရှလူအဖွဲ့ အစည်းတွေထဲမှာပဲရှိတယ်“ ဒါကြောင့် “အာရှလူ့အဖွဲ့အစည်း အနေနဲ့ပဲ ဆက်လက်တည်ရှိနေရမယ်” ကျွန်တ်ေတို့ အင်္ဂလိပ်စကားပြော၊ အနောက်တိုင်းဝတ်စုံတွေ ၀တ်နေကြပေမဲ့ စင်္ကာပူရီးယန်းတွေဟာ အမေရိ ကန်တွေ မဟုတ်သလို အန်ဂလိုဆက်(က်)ဆွန်တွေလည်း မဟုတ်ကြပါဘူး။ လာမယ့်အနာဂတ်ကာလမှာ စင်္ကာပူရီးယန်းတွေသာ အမေရိကန်တွေ၊ ဗြိတိသျှတွေ သြစတေးလျန်းတွေနဲ့ ကွဲပြားမှုမရှိတော့ဘူးဆိုရင်၊ ဒီထက် ပိုဆိုးတာ က သူတို့ဆီက မကောင်းတဲ့ အတုတွေကို ခိုးယူခဲ့မိမယ်ဆိုရင် (ဆိုလိုတာက ယဉ်ကျေးမှု တစ်ပက်နွမ်းနိုင်ငံ) ဒီနိုင်ငံ ကြီးတွေနဲ့ အတူတူပဲ ဖြစ်သွားပြီး ကမ္ဘာနိုင်ငံရေးလောကမှာ အခြေလွတ်ပြီး ကိုယ်ပိုင်အမွေအနှစ်တွေ ပျောက်ဆုံးသွားရလိမ့်မယ် ဆိုတာဖြစ်ပါတယ်။ (Note-21)




စင်္ကာပူရဲ့ စီမံကိန်းဟာ အနောက်နဲ့မတူ၊ လူမျိုးရေးနဲ့ ဘာသာရေး ဘုံတူညီ ချက်တွေကို ရှာယူပြီး ကိုယ်ပိုင် ယဉ်ကျေးမှု အိုင်ဒင်တတီ ဖြစ်လာအောင် ကြိုးစား ယူလိုက်တဲ့ ရည်ရွယ်ချက် ကြီးမားပြီး အမျှော်အမြင်ကောင်းတဲ့ အားထုတ်မှု တစ်ခု ပါ၊
အနောက်ရဲ့ တန်ဖိုး သတ်မှတ်မှု၊ အထူးသဖြင့်အမေရိကန်တွေရဲ့ တန်ဖိုးသတ် မှတ်မှုဟာ လူ့အဖွဲ့အစည်းထက် တစ်ဦးချင်းရဲ့ အခွင့်အရေးကို အများကြီး ပိုအရေးပေးတာ၊ လွပ်လပ်စွာ ပြောရေးဆိုခွင့် ၊ အတွေးအခေါ်ခြင်း ယှဉ်ပြိုင်ရာက ထွက်ပေါ်လာတဲ့ အမှန်တရား ၊ နိုင်ငံရေး ပါဝင်ပက်သက်မှုနဲ့ နိုင်ငံရေးယှဉ်ပြိုင် မှု တွေကိုပိုပြီးအရေးပေးတာ၊ လူတော်တွေက အုပ်ချုပ်တာ၊ ပညာတတ်တွေက အုပ်ချုပ်တာ၊ တာဝန်ကျေတဲ့ အစိုးရက အုပ်ချုပ်တာထက် တရားဥပဒေက အုပ်ချုပ် တာကို အများကြီးပိုအရေးပေးတာတွေ တွေ့ရမှာ အသေအချာပါ။

ဒါပေမဲ့အနောက်တိုင်းသားတွေအနေနဲ့ စင်္ကာပူရဲ့ တန်ဖိုးတွေထဲကို ဖြည့်စွက် လိုတာ၊ ဒီတန်ဖိုးတွေဟာ အနိမ့်စားရွေးချယ်မှုလို့ ခံယူကောင်းခံယူကြမှာဖြစ်ပေမဲ့ အဓိပ္ပါယ် မရှိတဲ့ တန်ဖိုးတွေလို့ ပြောမဲ့သူကတော့ မရှိသလောက်ဖြစ်ပါလိမ့်မယ်။