ထူးဆန်းလို့ ပြောရအုံးမယ်


ဒီညနေ အိန္ဒိယန်းတစ်ယောက် ရောက်လာတယ်။ မြန်မာစကား အတော်လေး ပြောနိုင်တယ်။
ပြောနိုင်ဆို ၂၀၀၉ ခုကနေ ၂၀၁၅ အထိ မြန်မာပြည်မှာနေပြီး စီးပွားရေးလုပ်လာတာ။
မြန်မာပြည်မှာ အိမ်ရှိတယ်၊ ရုံးရှိတယ်၊ ဂိုဒေါင်ရှိတယ်။ အခုတော့ စင်္ကာပူနိုင်ငံသား ခံယူထားတယ်။
သူက ဥဂျိန် (ပါဠိ ဥဇ္ဇေနီ) ပြည်နယ်သား။ သူဋ္ဌေးဆိုပါတော့။
မြန်မာပြည်တွင်းစီးပွားရေး အခြေအနေကြောင့် သူလည်း အတော်အရှုံးပေါ်နေတယ်။ အဓိကက အိန္ဒိယနဲ့ ကုန်သွယ်ရေးပြသနာကြောင့်။
သူလာတာက တရားထိုင်ချင်လို့ လာစုံစမ်းတာ။ မြန်မာလိုပဲ ပြောတာများတယ်။ သူ့ကို လက်ရှိ တရုတ်ဘုန်ကြီးသင်တန်းထဲ ထည့်ပေးလိုက်တယ်။
နောက်ဆုံးအချက်က သူက ဂျိန်းဘာသာဝင်။
မဟာဝီရတပည့်ပေါ့။
သူ့မှာ ဘာသာရေးစည်းတားထားတာ မရှိဘူး။
ဒါက ချစ်စရာ အကောင်းဆုံးပဲ။
ကိုယ်နဲ့မတူလို့ မိစ္ဆာဒိဋ္ဌိထဲ ထည့်တာမျိုး မဟုတ်ဘူး။
အိန္ဒိယမှာ ဘာသာတရားကြီးတွေ ထွန်းကားခဲ့တယ်၊ ဒီမိုကရေစီ ထွန်းကားတယ်ဆိုတာ အဲ့ဒီအချက်ပဲ။
သူတို့က အငြင်းသန်ပေမဲ့ မတူညီမှုကို မတူညီမှုအနေနဲ့ပဲ ထားကြတယ်။ ငါနဲ့မတူ ငါ့ရန်သူ မဟုတ်ဘူး။ ကောင်းရင် ယူတာပဲ။

1 comments:

Post a Comment