ယုံကြည်မှုသာရှိရင် ဖြစ်အောင်လည်း လုပ်လို့ ရတယ်


နိုကီယားရဲ့သမိုင်းကို ပြန်ကြည့်။ နိုကီယာကို ထိမ်းထားတဲ့လူတွေက ဆိုဗီယက်နဲ့ မကင်းတဲ့လူတွေ။ ဖင်လန်က လူဦးရေ (၅) သန်း (၆) သန်းလောက် ရှိမယ်။ ရေရှည်မှာ ကိုရီးယားနဲ့ ဂျပန်ကို သူတို့ ယှဉ်နိုင်မယ်လို့ ထင်သလား။ တီထွင်ကြံဆနိုင်တဲ့ ခေါင်းကောင်းကောင်းတွေ သူတို့ ဘယ်လောက် ရနိုင်မှာလဲ။
သူတို့ကို ဂျပန်၊ အမေရိကန်တွေနဲ့ ယှဉ်ကြည့်ဦး။ ဂျပန်တွေက ပစ္စည်းအစုံထုတ်တယ်။ အမြဲတမ်းလည်း ကောင်းအောင် ကြိုးစားနေကြတယ်။ လျှပ်စစ်မုတ်ဆိတ်ရိပ်စက် ငါ သုံးတယ်။ ခြောက်လပြည့်တိုင်း မော်ဒယ်အသစ်တစ်ခု ထပ်ထွက်တယ်။ အရည်အသွေးက အရင်မော်ဒယ်နဲ့ သိပ် မကွာဘူး။ ဒါနဲ့ ငါ ပြောတယ် "သိပ် မထူးပါဘူး။ မဝယ်နဲ့" လို့။ ဒါပေမယ့် သူတို့က ပိုပိုကောင်းအောင် လုပ်လာကြတာ။ မဝယ်လို့ မရအောင် လုပ်လာကြတာ။ ဂျပန်တွေက ကားကနေ ခေါက်ဆွဲစားတဲ့တူအထိ လုပ်နေကြတာ။
အမေရိကန်တွေရဲ့ ယဉ်ကျေးမှုက တစ်မျိုး။ စနစ်တကျ ကောက်ကြောင်းဆွဲမယ်။ ပြီးတော့ မင်းကို အနိုင်ယူမယ်။ ဒါမျိုး။ ဒါ့ကြောင့် အမေရိကန်တွေ စီးပွားရေးအကျပ်အတည်းကနေ ထွက်လာမှာလို့ ငါ ယုံကြည်တယ်။ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်တွေ ဂျာမန်နဲ့ ဂျပန်တွေအောက် ရောက်သွားတယ်။ ဘာမှ မကြာလိုက်ဘူး။ အင်တာနက်နဲ့ ဖောက်ထွက်လာခဲ့ကြရော။ မိုက်ကရိုဆော့(ဖ်)၊ ဘီး(လ်)ဂိတ်၊ ဒဲ(လ်) စတာတွေ။ သူတို့က ရုတ်တရက်ကြီး စီးပွားရေးထောင်တက်သွားတယ်။ ဥရောပနိုင်ငံတွေနဲ့ ဂျပန်တွေ မီအောင် လိုက်ကြပေဦး။
အချိန်နဲ့အညီ တီထွင်တဲ့နေရာမှာ ဂျပန်တွေက နံပါတ်တစ်ပဲ။ ဒါပေမယ့် အမေရိကန်တွေက အသစ်အဆန်းတစ်ခုခုကို အမြဲတမ်း အရင်တွေ့နေတတ်တယ်။
ဒီအရည်အချင်းတွေ ရှိဖို့ ဘာတွေ လိုအပ်သလဲ။
လူ့သမိုင်းကလည်း အစိတ်အပိုင်းတစ်ခုပဲ။ အမေရိကန်တွေက ဘာမှမရှိတဲ့မြေပေါ် ရောက်အောင်သွားပြီး တစ်ခုခုဖြစ်အောင် လုပ်လာခဲ့ကြတာ။ အိန္ဒိယန်းလူနီတွေကို သတ်၊ မြေတွေသိမ်း၊ ကျွဲတွေသိမ်း၊ အဲ့ဒါ သူတို့ ဘယ်သူတွေဆိုတာ ပြတာပဲ။ မင်းက ဒီနေရာမှာ မြို့တည်၊ မင်းက မြို့သူကြီးလုပ်၊ ငါက တရားသူကြီး လုပ်မယ်၊ မင်းက ရဲအရာရှိလုပ်၊ ငါက ကုန်သည်လုပ်မယ်၊ စကြစို့။ အဲ့သလိုမျိုး။ အဲ့ဒီ ယဉ်ကျေးမှုက ဒီနေ့အထိ ရှင်သန်နေတုန်း။ "There is the belief that you can make it happen. "ယုံကြည်မှုသာရှိရင် ဖြစ်အောင်လည်း လုပ်လို့ ရတယ်"

လီကွမ်းယု ( Hard Truth) "စီးပွားရေး ပဉ္စလက် မှ"

လက်တွေ့ကျကျ


ငါတို့လူမျိုး (စလုံးတွေ) တွေ စီးပွားရေးလုပ်တယ်ဆိုတာ ဘာကိုခေါ်တာလဲ မင်း သိသလား။
သူတို့က ကုန်စုံဆိုင်ဖွင့်တာကို စီးပွားရေးလုပ်တယ်လို့ ခေါ်တာ။ စားသောက် ဆိုင် ဖွင့်တာ၊ ရောင်းတာ၊ ဝယ်တာ၊ ဒါပဲ။
သမိုင်းကို ပြန်ကြည့်၊ ငါတို့လူမျိုးက ဘယ်လို ကုန်ပစ္စည်းတွေထုတ်ပြီး စီးပွား ရှာတယ် ဆိုတာများ ရှိဖူးလို့လဲ။ လက်တွေ့ကျစမ်းပါ။
(ရှင်းရော၊ ရယ်ရတယ်။ စင်္ကာပူရီးယန်းတွေ MNC တွေထဲဝင်နိုင်မလား မေး လို့ ဆရာကြီး လီ ဖြေထားတာ)

လီကွမ်းယု စာအုပ်မိတ်ဆက်ပွဲ

" နားဝင်မချိုတဲ့ အမှန်တရားများ "
ဇင်ဝေသော် မြန်မာပြန်သော
Lee Kuan Yew ရဲ့ Hard Truths to Keep Singapore Going
အောက်တိုဘာ ၂၈ ရက်
Central Hotel, Yangon
နေ့လည် ၁း၀၀ နာရီ မှ ၃း၀၀ နာရီ 


(စိတ်ကူးချိုချိုမှ ပုံနှိပ်၍ မျိးဆက်သစ် စာပေမှ ဖြန့်ချီမည်။)


ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ အားလုံးကို ဖိတ်ခေါ်ပါတယ်။


ဒါနဲ့ ကမ်းလက်လည်း အဲဒီနေ့မှာ ၂ နှစ်သား ပြည့်ပြီ။

လေးစားစွာဖြင့်
ဇင်ဝေသော်

လီကွမ်းယု ဆွဲထားတဲ့ မြန်မာပြည်ရဲ့ ကောက်ချက် (၈) ချက်

အမှာ။ အပြည့်အစုံဖတ်ချင်သူတွေတော့ စောင့်ရဦးမယ် ထင်တယ်။ ကျနော် လည်း မအားလှပါ။ ဒီနေ့ အားနေလို့ အနှစ်ချုပ် မိတ်ဆက်ပေးလိုက်ပါတယ်။ ယခု အသစ်ထွက် One Man's Views of The World ထဲကပါ။
ကျနော်ပေးနိုင်တဲ့ (၈၈) အမှတ်တရ သာမညလက်ဆောင်လေးပေါ့။ မြန် မာပြည်ရဲ့ ကောက်ချက် (၈) ချက်။

ပစ္စုပ္ပန်

၁။ မြန်မာပြည်ရဲ့ ပြောင်းလဲမှုဟာ စနစ်တကျ မဟာဗျူဟာဆွဲပြီး မှ ပေါ်ေ ပါက်လာတာမျိုး၊ ရုတ်တရက် ကယ်တင်ရှင်ပေါ်လာတာမျိုး မဟုတ်။ ဒီနည်း နဲ့ ခရီးဆက်လို့တော့ မရတော့ဘူးဆိုတာ လက်ရှိဗိုလ်ချုပ်ကြီးတွေ သဘောေ ပါက်လာလို့ ရုတ်တရက် ပြောင်းလဲမှုသာဖြစ်တယ်။ (သူ့အမြင်အရ ဆရာ သန်းရွှေ အတွက် နေရာမရှိ)။
လမ်းဆုံးနေပြီး ရွေးစရာကို မရှိတော့လို့။

အတိတ်

၂။ ထိုင်းထက်မသာဘူးဆိုရင်တောင် ထိုင်းအောက် မလျော့တဲ့ သယံဇာတေ တွနဲ့ မွဲပြာကျနေတာကို ပို သိလာကြ။ သစ်သီးချင်းတူရင်တောင် ထိုင်း သစ် သီးက ပိုကြီး၊ ပို ချို။ ဈေးချိုချိုဆေးဝါးတွေကို တန်ဖိုးကြီး ရတနာပစ္စည်းတွေနဲ့ လဲလှယ်ယူနေကြရ။

၃။ နာဂစ်မုန်တိုင်းဟာ အစိုးရရော ပြည်သူကိုပါ နိုးကြားစေခဲ့။ အစိုးရက ကိုယ်တိုင်လည်း ဘာမှ လုပ်မပေးနိုင်၊ သူများလာကူတာလည်း လက်မခံ။ တချိန်တည်းလိုလိုမှာပဲ တရုတ်ပြည် ငလျင်လှုပ်။ အကူအညီပေးပုံတွေ လုံး ဝခြားနား။

၎။ နေဝင်းအစိုးရရဲ့ တံခါးပိတ်ဝါဒ (အထူးတလည် ပြောစရာ မလိုတော့)

၅။ ခင်ညွန့်ဟာ ဘရိုက်အဖြစ်ဆုံးနဲ့ ပြုပြင် ပြောင်းလဲရေးကိုစိတ် အဝင်စား ဆုံး။ သူ့ကို ဆူဟာတိုလမ်းလိုက်ဖို့ အကြံပေးခဲ့။ မကြာမီ ခင်ညွန့်လည်း အဖမ်းခံရ။ ဒီနောက် အဆက်အသွယ် မရှိတော့။ မြန်မာပြည် ပြောင်းလဲမှု အတွက် ခေါင်းဆောင်တွေကြိုးစားကြ၊ ကြိုးစားသူတိုင်းလည်း ကျရှုံးခဲ့။ သူလည်း စိတ်မဝင်စားတော့။ (ဒါတော့ အတိအကျပဲ၊ သူ့လောက်တော့ ဆရာသန်းရွှေက ဖုတ်လေတဲ့ ငါးပိ ပဲ)

အနာဂတ်

၆။ စစ်အစိုးရပုံစံ ပြန်လှည့်မယ် မထင် (လူကြီးမင်း တွက်ကိန်း မှန် ပါစေ) ။ ရှေ့ခရီးပေါက်မှု အနှေးအမြန်ပဲ ရှိမယ်။

၇။ အောင်ဆန်းစုကြည် အနေနဲ့ ခေါင်းဆောင်မှု ပေးနိုင်မယ်ဆိုတာနဲ့ ပတ် သက်လို့ သံလယရှိ။ ပေးနိုင်တယ်ဆိုစေ သူမအသက်က မငယ်လှတော့ (သူ့ထက်တော့ ငယ်ပါတယ်)

၈။ ပြည်ပရောက် မြန်မာတွေ ပြန်လာအောင် စည်းရုံးနိုင်ရင် စီးပွားရေး တက် တာမြန်မယ်။ သူတို့ဟာ အတော်ဆုံးအုပ်စု၊ အခု အတွေ့အကြုံ အရှိဆုံး တွေ ဖြစ်တယ်။ (အိမ်ပြန်ချင်တယ် ဟူး)

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၃)


မေး ။ ။ မစ္စတာလီကိုယ်တိုင်က ဗုဒ္ဓဘာသာစိတ် အခြေခံရှိနေတော့ တရားထိုင်တဲ့နေရာမှာ ပိုပြီး လွယ်ကူသွားတာ မဖြစ်နိုင်ဘူးလား။ တစ်ခါက မစ္စတာလီ ပြောဖူးသလားလို့။ မစ္စတာလီက ဗုဒ္ဓဘာသာဆိုတာလေ။

ဖြေ ။ ။ ဟုတ်တယ်။ ငါ ဗုဒ္ဓဘာသာ အမည်ခံတယ်။ ဗုဒ္ဓဘာသာ ဘုန်း ကြီးကျောင်းတွေထဲက ရဟန်း၊ သီလရှင်တွေကို တွေ့ဖူးတယ်။ တင်ပလ္လင်ခွေ ထိုင်ပြီး တရားရှု့မှတ်နေကြတာမျိုးတွေ၊ သူတို့ မျက်စိတွေ ဖွင့်ထားတာတောင် သူတို့အမြင်အာရုံမှာ ဘာမှ မတွေ့ကြရဘူး။ တော်တော် ငြိမ်းချမ်းတာ။ ငါက အဲ့ဒီအဆင့်ထိ ဘယ်ရောက်မလဲ။ ငါက မျက်စိမှိတ်ပြီးမှ တရားမှတ်လို့ ရတာ။ ရဟန်းတွေလောက် အကျိုးများများ မရပေမဲ့ ငါ့အတွက်လည်း အကျိုး တော်တော်များများရပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone နဲ့အတူ သွားပြီး တရား ထိုင်နေတဲ့ ရဟန်းတွေကို တစ်နာရီလောက် လေ့လာဖူးတယ်။ စင်္ကာပူ မှာ တွေ့တုန်းကလည်း သူက ပုံမှန် တရားထိုင်တဲ့အကြောင်း ငါ့ကို ပြောဖူး တယ်။ သူက “လောကကြီးနဲ့ အဆက်ဖြတ်ပြီး တရားမှတ်ရင်း အေးအေး ချမ်းချမ်း နေလို့ရတယ်” တဲ့။
ငါက သူတို့လို တင်ပလ္လင်ခွေပြီး မထိုင်နိုင်ဘူးကွ။ အဲ့သလိုထိုင်ပြီးရင် တင်ပါး ဆုံတွေ နာကျင်ပြီး နေရစ်တော့တာ။

မေး ။ ။ တရားထိုင်တာအပြင် စိတ်အပန်းဖြေဖို့ ဘာတွေ လုပ်သေးသလဲ။ အထူးသဖြင့် စောစောပိုင်း နှစ်တွေမှာပေါ့။
ဖြေ ။ ။ ငါ့ကလေးတွေနဲ့ ချက်(စ်) ကစားတယ်။

မေး ။ ။ ကောင်းတာပေါ့။ သူတို့ကို အရှုံးပေးသလား။
ဖြေ ။ ။ အရှုံးမပေးဘူး။ အကောင်တော့ “ချ” ပေးတယ်။ သူတို့ အရွယ်ရောက်လာတော့ အကောင် “ချ” ပေးစရာ မလိုတော့ဘူး။ ဒါနဲ့ အိုကေ၊ ချက်(စ်) ကစားတာ ရပ်ကြစို့လို့ ငါပြောလိုက်တယ် (ရီလျက်)။

မေး ။ ။ ကလေးတွေ ကြီးပြင်းလာချိန်မှာ သူတို့နဲ့ အချိန်ယူနိုင်ခဲ့ရဲ့လား။
ဖြေ ။ ။ တစ်နှစ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လောက် သူတို့နဲ့ ရက် ရှည် အတူနေနိုင်ဖို့ ကြိုးစားပါတယ်။ Comeron Highlands ဒါမှမဟုတ် Frasher’s Hill တို့လို နေရာတွေသွားပြီး အတူ ဂေါက်တွေဘာတွေ ရိုက် ကြပေါ့။ ဂေါက်ကွင်းထဲမှာ ငါတို့ ဇနီးမောင်နှံရယ်၊ ကလေးတွေရယ် လမ်းလျှောက်ကြပေါ့။ အဲ့သလို အခါတွေမှာ
“မင်းတို့ ငါ့လို နိုင်ငံရေး လုပ် ကြမလား” လို့မေးတော့ ငါ့သားကြီးက လုပ်မယ် လို့ ဖြေတတ်တယ်။
ဒါ့ကြောင့် မဲဆန္ဒနယ်တွေ ငါဆင်းတဲ့အခါ သူက ငါ့နောက်မှာ အမြဲလိုလို လိုက်လိုက်လာတတ်တယ်။ ၁၉၆၄ - ခု ဂျူလိုင်လမှာ ဖြစ်တဲ့ အရေးအခင်း ဆိုရင် သူကောင်းကောင်း မှတ်မိနိုင်လောက်တဲ့ အရွယ်ကို ရောက်နေပြီ။

မေး ။ ။ လက်ရှိဝန်ကြီးချုပ်က နိုင်ငံရေးထဲ ဝင်မယ်။ သားအငယ် ကေ တာ့ နိုင်ငံရေးလောကထဲ ဝင်မယ် မဟုတ်ဘူးလို့ ဘာ့ကြောင့် ထင်ခဲ့ ရတာလဲ။
ဖြေ ။ ။ သားအငယ်က ၅၇ - ခုနှစ်မှာ မွေးတာ။ သားကြီးထက် ခြောက်နှစ် ငယ်တယ်။

မေး ။ ။ သူ့ကိုပါ ခေါ်သွားရင် သူလည်း အတွေ့အကြုံတချို့တော့ ရနိုင် တာပေါ့။ အကြီးလောက် မမှတ်မိဘူးဆိုရင်တောင် …
ဖြေ ။ ။ သူက ငါနဲ့ အတူမလိုက်နိုင်ဘူး။ သိပ်ငယ်လွန်းသေးတယ်။

မေး ။ ။ ၁၉၇၀ - ခုတွေမှာဆို အရွယ်ရောက်နေပါပြီ။
ဖြေ ။ ။ အဲ့ဒီအချိန်မှာ သူက အေလယ်ဘယ် စာမေးပွဲအတွက် ပြင် ဆင်နေရပြီ။

မေး ။ ။ မစ္စတာလီ ဆိုလိုတာက သားအငယ် နိုင်ငံရေးထဲ ရောက်မလာ တာက သူ့ခံယူချက်ကြောင့် မဟုတ်ဘဲ အမြင်အတွေ့ မရှိခဲ့လိုသာ စိတ်မဝင်စားတာလို့ ဆိုလိုတာလား။
ဖြေ ။ ။ ၆၄ - ခု အရေးအခင်း ဖြစ်တော့ သားကြီးက လမ်းမှာ ပိတ်မိနေခဲ့တယ်။ အဲ့ဒီအချိန်မှာ သားငယ်နဲ့ သမီးက နန်ယန်းမူလတန်းကျောင်းမှာပဲ ရှိသေးတယ်။ သူတို့ကို သွားကြိုရတာ လွယ်တယ်။ ရှင်လွန်းက ကက်သိုလစ် အထက်တန်းကျောင်းမှာ။ အဲ့ဒီအချိန်မှာ ယာယီဝန်ကြီးချုပ် တိုချင်ချိုင်က ချက်ချင်းကြီး ကာဖျူးအမိန့် ထုတ်လိုက်တော့ ကျောင်းသားတွေ အား လုံးကျောင်းထဲကနေ ထွက်ပြေးလာကြပြီး ကားလမ်းတွေလည်း ပိတ်ကုန်ရော။ အဲ့ဒီအဖြစ်အပျက်က သူ့စိတ်ထဲ နက်နက်နဲနဲကြီး ဝင်သွားတာ။ အားလုံး ကမောက်ကမ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကိုး။

မေး ။ ။ ဝန်ကြီးချုပ် နိုင်ငံရေးထဲ ဝင်လာလိမ့်လို့ ဘယ်အချိန်မှာ အကဲခက် လို့ ရခဲ့တာလဲ။
ဖြေ ။ ။ ပထမဆုံးအကြိမ်ကတော့ ကိန်းဘရေ့ဂ်ျက Trinity ကောလိပ်က သူ့ကို သင်္ချာပညာရှင် အဖွဲ့ထဲဝင်ပြီး သူတို့ဆီမှာပဲ သင်္ချာဆက်သင်ပေးဖို့ ကမ်းလှမ်းတုန်းက။ သူ့ကို ကမ်းလှမ်းတဲ့ဆရာကြီးဆီကို သူက စာပြန်ရေးတယ်။
“ကျွန်တော် စင်္ကာပူပြန်ရမယ်။ စစ်မှုလည်း ထမ်းရမယ်။ ကျနော့်အဖေက ဝန်ကြီးချုပ်။ စင်္ကာပူမပြန်ဘဲ ဒီမှာပဲ နေမယ်ဆိုရင် စင်္ကာပူအတွက်ရော၊ ကျွန်တော့အတွက်ပါ မကောင်းလှဘူး” တဲ့။

ဆက်ရန် -


 ဇင်ဝေသော်

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၂ )


လီကွမ်းယုရဲ့ The Hard Truths မှ PART 3 Private Musings.
Chap 11 "Husband, Father, Grandfather, Friend" အဆက်ကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။



မေး ။ ။ မစ္စတာလီရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပြောပြပေးပါလား။

ဖြေ ။ ။ အခုလောလောဆယ် နေ့စဉ်ဘဝလား။

မေး ။ ။ ဟုတ်တယ်။

ဖြေ ။ ။ အင်း … ငါ အလုပ်လုပ်တာ နောက်ကျတယ်။ ညပိုင်းတွေမှာ အ လုပ်လုပ်ရတာကို သဘောကျတယ်။ ၁၉၅၉ - ခုနှစ်တွေတုန်းကတော့ စီး တီးဟောက ရုံးကို မနက် (၈) နာရီ သွားတယ်။ တဖြည်းဖြည်းနဲ့ ရုံးသွားချိန် က (၉) နာရီ (၁၀) နာရီ ဖြစ်လာတယ်။ အခုဆို နေ့လည်ခင်းတွေမှပဲ သွားေ တာ့တယ်။ နေ့လည်မှာ တစ်နာရီခွဲလောက် အနှိပ်ခံတယ်။ ပြီးရင် နေ့လည်စာ စားတယ်။ ဆေးကြောပြီး အီးမေးလ်တွေ စစ်တယ်။ ပြီးတော့ အခု မင်းနဲ့ စကားပြောနေတယ်။ ပြီးရင် ဘာလုပ်ဖြစ်မယ် မသိသေးဘူး။ ငါ့လင်ပန်း ညစ် ပတ်နေရင် ဆေးမယ်။ အီးမေးလ်တွေ ပြန်ရဦးမယ်။ စက်ဘီးစီးမယ်။ ရေကူးမယ်။ အိမ်ပြန်၊ ညစာ စား။ နာ့စ်နဲ့ တရုတ်စကားပြော၊ ပြီးရင် လုပ်စရာရှိတာ မအိပ်ခင် လုပ်တယ်။ အချိန်တော့ အလကား ဘယ်တော့မှ မထားဘူး။

မေး ။ ။ အရွယ်နဲ့စာရင် တစ်နေ့တစ်နေ့ မစ္စတာလီ အလုပ်တွေက အများ ကြီးပဲလို့ တော်တော်များများ ပြောကြတယ်။ ဥပမာ တလောက မလေးရှား ကိုတောင် သွားလိုက်သေးတယ် မဟုတ်လား။

ဖြေ ။ ။ ဒါက ဗီဇနဲ့ ဆိုင်မယ် ထင်တယ်။ ငါ့ရဲ့ ခုနှစ်ဆယ်၊ ရှစ်ဆယ် ရာ ခိုင်နှုန်းဗီဇက အဲ့သလိုပဲ။ ငါ့အဖေက အသက် (၉၄) နှစ်အထိ နေသွားတယ်။ အမေကတော့ (၇၄) ပဲ။ အမေ့မှာ နှလုံးရောဂါလည်း ရှိတယ်။ သူတို့ခေတ်တုန်းက ခေတ်မီဆေးဝါးနဲ့ စက်ပစ္စည်းတွေ မရှိသေးဘူးပေါ့။ ငါ့မှာလည်း အသက် (၇၂) ရောက်တော့ နှလုံးပြဿနာ တက်တာပဲ။ ဒါပေမဲ့ ငါ့မှာတော့ ဆေးဝါးနဲ့ စက်ပစ္စည်းကောင်းတွေ ရှိတာပေါ့။ အခုဆိုရင် ငါ့ အသက်က အဖေနဲ့ အမေကြားမှာ။ ဘယ်လောက် ဆက်နေရဦးမလဲ မသိ ဘူး။ ငါကတော့ carry on ပဲ။

ငါ့သူငယ်ချင်းတွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေဆိုရင် လက်တွန်း လှည်းပေါ် ရောက်သူရောက်၊ သေသူကသေ ဖြစ်ကုန်ပြီ။ ငါ့ဘဝကို အဆိုးမြင် မနေသင့်ဘူး။ အင်္ဂလန်က ငါနဲ့ ခေတ်ပြိုင်တွေဆိုရင် တစ်ယောက်မှ မရှိ ကြတော့ဘူး။ အခု တရုတ်ပြည်မှာ သံအမတ် လုပ်သွားတဲ့ Percy Cradock ပဲ ရှိတော့တယ်။ သူက လူတော်ကွ။ သွေးတိုးရှိတယ်။ ခြေထောက်နှစ်ဖက် မရှိတော့ဘူး။ သူ့ဆီ ငါ ရောက်ခဲ့သေးတယ်။ စိတ်ကတော့ ဒေါင်ဒေါင်မြည်နေတုန်းပဲ။ တက္ကသိုလ်ကတည်းက အဆက် အသွယ် ရှိခဲ့ကြတာ။ နောက် သူက ကွာလာလမ်ပူမှာ သံအမတ်ဖြစ်၊ တရုတ် စာကောင်းတော့ နောက် ပီကင်းကို ပြောင်းရတယ်။ မာဂရက် သက်ချာက ဟောင်ကောင်ပြဿနာကို တိန့်ရှောင်ဖိန်နဲ့ ဆွေးနွေးတော့ သူ ပါတာပေါ့။ အဲ့ဒါ ၁၉၈၄ - ခုက။ တရုတ်ပြည်ရောက်ရင် သူ့ကို သွားသွား တွေ့ တယ်။ တွေ့တိုင်းလည်း ဘယ်သူက ဘာ၊ ဘယ်ဟာက ဘယ်လို ပြောတော့ တာပဲ။ သတင်းတော့ တော်တော် စုံတဲ့လူ။

သူ အင်္ဂလန်ကို ပြန်တဲ့အခါတိုင်း ငါတို့ဆီကို ဝင်လာပြီး တစ်ရက်စ၊ နှစ် ရက်စ နေတတ်တယ်။ ငါ အင်္ဂလန်ကို ရောက်ရင်လည်း သူနဲ့ တွေ့ပြီး ည စာတွေ အတူစား၊ စကားတွေ ပြောကြတယ်။ သူ့မှာ အကူအညီဆိုလို့ သူ့ဇနီး ပဲ ရှိတယ်။ ဒီတော့ ငါ့ကိုယ်ငါ ကံကောင်းတယ်လို့ ယူဆတာပဲ။ သူဆိုရင် ငါနဲ့ အရွယ်တူ၊ ငါ သိသမျှတွေထဲမှာတော့ သူပဲ အသက်ရှင် ကျန်တော့တယ်။ (Sir Percy Cradock ဟာ ၂၀၁၀ - ခု၊ ဇန်နဝါရီလထဲက ဆုံးပါးသွားရှာပါပြီ။)

မေး ။ ။ မျိုးရိုးဗီဇအပြင် အခြားအချက်တွေရော မပါနိုင်ဘူးလား။ ဥပမာ အစားအသောက်လို ဟာမျိုးတွေပေါ့။

ဖြေ ။ ။ ငါက လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။ ဂေါက်ရိုက်ဖူးတယ်။ ဒါပေမဲ့ ဂေါက်ရိုက်တာက အတော် ပျင်းစရာကောင်းတဲ့ အားကစား တစ် မျိုးပဲကွ။ ငါ့သမီးက အမေရိကန်လေတပ်က ဒေါက်တာ Kenneth Copper ရေးတဲ့ လူကြီးပိုင်းတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Aerobics ဆိုတဲ့ စာအုပ်ကို ပေးတယ်။ အေရိုးဗစ်ကို ဘယ်လို ကစားရမယ်၊ ဘယ်ေ လာက်ကြာအောင် ကစားရမယ်စတာတွေကို ရေးထားတာ။ တစ်နေ့မှာတော့ ငါက အသက်ပြင်းပြင်းရှုပြီး လေ့ကျင့်နေတာကို သမီး က တွေ့သွားပြီး ဘာ လုပ်နေတာလဲလို့ မေးတယ်။ အဆုတ်ထဲ အောက်စီဂျင် ပိုရောက်အောင်ေ လ့ကျင့်နေတာလို့ ငါက ပြောတော့ သူက အဲ့သလို မလုပ်ရဘူး၊ လမ်းမြန်မြန်လျှောက်၊ ဒါမှမဟုတ် ပြေးရတယ်တဲ့။ သူလည်း ဒီအတိုင်းပဲ လုပ်နေတာဆိုလို့ သူ့ဆီက စာအုပ်ကို ယူဖတ်ပြီး ငါ လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။ ဂေါက်ရိုက်နေရင်း လမ်းလျှောက်ရတဲ့ အခါတွေမှာ မြန်မြန်ေ လျှာက်ကြည့်တယ်။ ဟုတ်တယ်။ အဲ့ဒီနည်းက အလုပ်ဖြစ်တယ်။ အဲ့ဒီနောက် ဂေါက်ရိုက်ရင်းနဲ့ပဲ ပြေးလည်းပြေးတယ်။ နောက်ဆုံးတော့ ဂေါက်ရိုက်ပြီး ဘာလို့ အချိန်ဖြုန်းနေတော့မှာလဲ၊ တစ်နာရီ နှစ်နာရီ ကြာတယ်။ ဒါနဲ့ ဂေါက်ရိုက်တာ ရပ်ပြီး မိနစ်နှစ်ဆယ်လောက် ငါ ပြေးလိုက်တော့တယ်။ ခံစားရတာ ပိုကောင်းတယ်။ ဒါနဲ့ ဂေါက် လုံးဝ မရိုက်တော့ဘူး။

မေး ။ ။ ကိုယ်ရောစိတ်ပါ အနားရဖို့ တခြားဘာတွေ လုပ်သေးသလဲ။

ဖြေ ။ ။ အင်း … ငါ့ရုံးက ပြောရေးဆိုခွင့်ရှိသူ Yeoh Ghim Seng ကင်ဆာဖြစ်တော့ ဗုဒ္ဓဘာသာ ဆရာဝန်တစ်ယောက် ဖြစ်တဲ့ K.K. Tan က တရားမှတ်နည်း သင်ပေးတယ်။
(Dr. Tan Kheng Khoo ပါ။ တော်တော် နာမည်ကြီးပါတယ်။ တရားထိုင် နည်း သင်တန်းတွေလည်း ပေး၊ စာအုပ်တွေ လည်း ရေးပါတယ်။ ကေကေ တန်က ဗုဒ္ဓဘာသာထဲက ထင်ရှားတဲ့ ပညာရှင်ပေါ့)။

သူ့နည်းက ရောဂါအကြောင်း တွေးပြီး ကြောက်နေတာထက် တစ်ခုခုကို အာ ရုံစိုက်နေတာက စိတ်ပိုငြိမ်တယ်ဆိုပြီး
“ငါ သေရမယ်။ ငါ သေရမယ်” လို့ နှလုံးသွင်းခိုင်းတယ်။

ငါလည်း
“စိတ်ဝင်စားစရာပဲ။ ငါ့အတွက်လည်း တရားမှတ်နည်း ပေးပါဦး” လို့ ပြောတော့ ဒေါက်တာတန်က ငါ့ရုံးရောက်လာပြီး သင်္ခန်းစာ (၆) ခု သင်ပေးတယ်။ အစပိုင်းတော့ တော်တော် ခက်တယ်ကွ။ တဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်။ အသက်ရှုတာက နှေးပြီး ညင်သာလာတယ်။ မှတ်ရတာ ပိုကောင်းပြီး စိတ်လည်း အေးချမ်းတယ်။ ရွတ်တာ၊ ဖတ်တာတွေ မလုပ်လည်း တရားမှတ်နေလို့ ရတယ်။ ငါ့သွေးပေါင်ချိန် တိုးနှုန်းတွေလည်း ကျသွားတယ် ဗျ။ ငါက တစ်ခုခုကို မှတ်သားပေးနေရတာ။ တစ်ခါတစ်ခါ တတိယမျက်လုံးနဲ့ ကိုယ့်ကိုယ်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ စကြာဝဠာကြီးထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တာမျိုးကွ။ ငါဆိုတဲ့ကောင်ဟာ တကယ့်ကို အသေးအမွှားလေးဆိုတာ မြင်သည်အထိပဲ။

သူရောက်တဲ့ အဆင့်ထိတော့ ငါမရောက်ခဲ့ဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှု လျော့ ချလို့ ရအောင်အထိတော့ ငါလည်း ရောက်တယ်။ ဆိုပါတော့ ငါ့စိတ်တွေ ပူလောင်နေပြီး ဒေါသထွက်နေပြီဆိုရင် နာရီဝက်၊ မိနစ်နှစ်ဆယ်လောက် ထိုင်ပြီး တရားမှတ်လိုက်ရင် အေးသွားတယ်။ ငါ့ကိုတင် မကဘူး။ သူက ငါ့သား Hsein Loong (ယခု - ဝန်ကြီးချုပ်) ကိုလည်း တရားမှတ်နည်း သင်ပေးသေးတယ်။

မြန်မာဝန်ကြီးချုပ်နေဝင်းနဲ့လည်း တစ်ခါက တွေ့ဖူးတယ်။ သူက ဒီ လာပြီး ဆေးကုတာ။ ငါက
“အခု ခင်ဗျားကြည့်ရတာ ကျန်းကျန်းမာမာပဲ” လို့ ပြောတယ်။ ဟုတ်တယ်။ အရင်တစ်ခါ သူနဲ့ တွေ့တုန်းက သူ့ပုံစံက အခုပဲ သေတော့မယ့် အတိုင်းပဲ။ ဒီတော့ သူက တစ်ချိန်လုံး တရားပဲ မှတ်နေတဲ့အကြောင်း ပြောတယ်။

ဒါနဲ့
“တကယ်ကြီးလား။ ဘယ်လို တရားမှတ်သလဲ” လို့ မေးတော့ သူက
“ခင်ဗျားသမီး သေပြီ ဆိုပါတော့ ဘယ်လို ခံစားရမလဲ
(မစ္စတာလီရဲ့ သမီးက အပြင်မှာ သူ့အမျိုးသားနဲ့ အတူရပ်နေလို့တဲ့ ) ။
တော်တော် ခံစားရမလား။ ခဏတော့ ခံစားရမှာပေါ့။ ဒါပေမဲ့ တရားရှု့ မှတ်ရင်း ဒီလို ဆင်ခြင်လို့ ရတယ်။ ဘဝဆိုတာ ဘာလဲ။ ငါတို့အားလုံးဟာ စကြာဝဠာထဲက အသေးမွှားဆုံး အစိတ်အပိုင်းလေးတွေပဲ။ ဒီတော့ သမီး ဆုံးတယ်ဆိုတာလည်း အသေးမွှားဆုံး အစိတ်အပိုင်းလေး ဆုံးသွားတာပဲ” လို့ ငါ့ကို ရှင်းပြတယ်။
ဒါက နည်းစနစ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ဓာတ်လေးကျင့်တဲ့နည်းတော့ ဖြစ်နိုင်တယ်။

တရားမှတ်တာက လက်တွေ့ တကယ် အလုပ်ဖြစ်တယ်။ ငါ့သဘော အရ က ကျောင်းတွေမှာတောင် ကျောင်းသားတွေကို တရားထိုင်နည်း သင်ပေး သင့်တယ်လို့ ယုံကြည်တယ်။ ဒါဆို ဆရာဝန်တွေအတွက် စိတ်ရောဂါနဲ့ ပတ် သက်တဲ့ လူနာတွေ လျော့သွားမယ်။ စိတ်ငြိမ်ဆေးတွေ၊ ဘာတွေ သောက်ရ တာလည်း နည်းသွားမယ်။

ဆက်ရန် -


 ဇင်ဝေသော်

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၁ )

အရွယ်ရလာတဲ့နောက် “အင်း … အရင်လို မဟုတ်တော့ဘူး” ဆိုပြီး ထိုင်ငြီးနေမယ်ဆိုရင်တော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။

မေး ။   ။ ဒီအခန်းကို Mrs Lee အကြောင်းနဲ့ စလိုက်ကြရအောင်လား။ သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရသလဲ။

ဖြေ ။    ။ အေးလေ။ အစ ပထမတော့ တော်တော်ကို အခက်အခဲ တွေ့စေခဲ့တာပဲ။ သူ နှစ်ကြိမ် လေဖြတ်တယ်။ ၂၀၀၃ - မှာ တစ်ကြိမ်၊ ၂၀၀၈ - ခုနှစ်မှာ တစ်ကြိမ်။ ဦးနှောက်မှာ သွေးယိုနေတာ ဆရာဝန်တွေ တွေ့ရတယ်။ စွမ်းသလောက်တော့ တို့လည်း ကြိုးစားကြပါတယ်။ နောက်ဆုံးမှ ဆရာဝန်တွေ လက်လျှော့လို့ အိမ်ကို ပြန်ခေါ်ခဲ့ရတယ်။ နာ့(စ်)က (၂၄) နာရီ စောင့်ရှောက်ပေါ့။ ငါလည်း အိပ်လို့ ကောင်းကောင်း မရပါဘူး။ ဒီရောဂါတွေ ဖြစ်မယ်ဆိုတာ တွက်ချက်ထားကြပေမဲ့ ဖြစ်လာတာက နည်းနည်း စောသွားတယ်။

နောက်တော့လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းယူရတာပေါ့ကွာ။ နာ့(စ်) ထားပေးတာက လွဲလို့ ကိုယ်လုပ်ပေးနိုင်တာလည်း ဘာမှ မရှိတော့ဘူး မဟုတ်လား။ ငါတို့ ကလေးတွေလည်း ဒီအတိုင်းပါပဲ။ တဖြည်းဖြည်းနဲ့ အာရုံကြောတွေ ဆုံးပြီးရင်းဆုံး ဖြစ်လာတယ်။ အခုဆို သူ မှတ်မိပေမဲ့ စကား မပြောနိုင်တော့ဘူး။ ဘဝဆိုတာ ဒါပဲလေ။

ငါကိုယ်တိုင် စက်ဘီးနဲ့ ချော်လဲတော့ ဒီအတွေးမျိုးတွေ ပေါက်ခဲ့ဖူးတယ်။ ခေါင်းနဲ့ နံရံနဲ့ကို ရိုက်မိတာ။ ငါလည်း သူလို ဖြစ်မယ်ဆိုရင် ဖြစ်သွားနိုင်တာပဲ။ တချို့ဘဝ အစိတ်အပိုင်းတွေက ရှောင်လွဲလို့ မရဘူး။ အရှိအတိုင်း လက်ခံနိုင်အောင်ပဲ ကြိုးစားရတော့တာပေါ့။ ဒီလိုဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ စကားနဲ့တင်ပဲ မသက်မသာလေ။ ဘယ်အချိန် ဖြစ်လာမလဲပဲ စောင့်နေရတာမျိုးကိုး။ စိတ်ဓာတ်ပိုင်း အနေနဲ့တော့ ငါက ပြင်ဆင်ထားပါတယ်။

ငါကိုယ်တိုင်ရဲ့ သေခြင်းတရားအကြောင်းကိုလည်း စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာတုန်း။ အဆိုးတွေကိုသာ ထိုင်စဉ်းစားနေလို့ကတော့ ဘယ်လို ရှေ့ခရီးဆက်လို့ ရပါတော့မလဲ။

မေး ။   ။ ဘေးပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သိသေးသလား။

မြေ ။    ။ ငါ့ကို သူ အမှတ်မိဆုံးပဲ။ ငါ့အသံကို ကြားရင် သူမှတ်မိတယ်။ ခြောက်ဆယ့်နှစ်နှစ်ကျော် အတူတူ နေလာခဲ့ကြတာကွာ။ သူ့အတွက်ရော ငါ့အတွက်ပါ မသက်မသာကြီးပေါ့။ နောက်ပိုင်းမှာတော့ အိပ်ချိန်တွေ ပိုများလာပြီး အားလည်း နည်းပြီးရင်းနည်း ဖြစ်လာနေတယ်။

မေး ။   ။ ဒီလို ခက်ခဲတဲ့ နေ့ရက်တွေမှာ မစ္စတာလီရဲ့ နေ့စဉ်လုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင် နေရသလဲ။

ဖြေ ။    ။ အင်း …။ တစ်ချိန်တုန်းကတော့ သူနဲ့ အတူတူ နေ့လည်စာ၊ ညနေစာတွေ စားကြ၊ ပြီးတော့ လမ်းလျှောက်ကြပေါ့ကွာ။ အခုတော့ မင်းဒရင်စာ ပိုကောင်းလာအောင် အာရုံစိုက်ပေးနေရတယ်။ လမ်းလျှောက် ထွက်တယ်ဆိုရင်လည်း ငါ့ဘေးက လုံခြုံရေးအရာရှိကို တရုတ်လို ပြောတယ်။ မသိသေးတဲ့ တရုတ်စကားလုံး အသစ်တွေကို လေ့လာတယ်။ နေ့စဉ်သုံး ဝေါဟာရတွေပေါ့။ စားပွဲတို့၊ ကုလားထိုင်တို့၊ အံဆွဲတို့ စတာတွေပေါ့။ တရုတ်စာနဲ့ ပတ်သက်လို့ ငါသိတဲ့ ဝေါဟာရတွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ ဝေါဟာရတွေ ချည်းပဲ။

နာ့(စ်)နဲ့လည်း တရုတ်လိုပဲ ပြောတယ်။ ငါ နေ့လည်စာ၊ ညစာ စားနေချိန် ငါ့ဇနီးလည်း အိပ်ပျော်နေမယ်ဆိုရင် သူနဲ့ တရုတ်လို ပြောတာပေါ့။ ဒီတော့ ငါ့တရုတ်စကားက တော်တော် ကောင်းလာတယ်။ အခုဆိုရင် တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကားပြောဖို့ စကားပြန် မလိုတော့ဘူး။ အခုတလော တရုတ်ပြည်က ကောင်ဆယ်လာ Liu Yangdong နဲ့ တွေ့တယ်။ သူက နိုင်ငံတော် ကောင်စီထဲမှာ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ပဲ။ ပြီးတော့ ပညာရေး ဒုဝန်ကြီး Hao Ping နဲ့ တွေ့ဖြစ်တယ်။ တရုတ်စာ သင်နေတော့ အာရုံ မပြန့်တော့ဘူးပေါ့။ နို့မို့တော့ ယောင်တောင်တောင် ဖြစ်နေမှာပဲ။

ဒါတွေအတွက် အဆင်သင့် ဖြစ်နေအောင် စိတ်ဓာတ်ပြင်ဆင်ထားရတယ်။ ပြင်လည်း ပြင်ဆင်နိုင်ခဲ့ပါပြီ။ သူ မရှိတော့ဘူး ဆိုတဲ့နောက် ပြင်ဆင်စရာ ထပ်လိုလာဦးမှာပေါ့ကွာ။ အဲ့ဒီအချိန်ရောက်မှ အိမ်ကြီးကကြီး၊ နေသူက မရှိ ဖြစ်ဦးမှာ။ ကံကောင်းတယ် ပြောရမလားပဲ။ ငါ့အလုပ်တွေအပေါ် အာရုံစိုက်ထားနိုင်ပါတယ်။ ခရီးထွက်စရာရှိ ထွက်၊ လုပ်စရာ ရှိတာ လုပ်ပဲ။ ငါသာ ဒီလို မနေနိုင်ရင် ငါလည်း ပုံကျသွားမှာပဲ။ တစ်နေ့လုံးထိုင်၊ ဝတ္ထုစာအုပ်ဖတ်၊ ဂေါက်ရိုက်ဆိုရင်တော့ အရူးမို့လို့ပေါ့ကွာ။ ငါ့အတွက်တော့ နေ့သစ်တိုင်းဟာ စိတ်ခေါ်မှု တစ်ခုပဲ။ နေ့တိုင်း ကြုံရတဲ့ ပြဿနာတွေအတွက် နေ့တိုင်း ဖြေရှင်းနိုင်အောင် ကြိုးစားနေဖို့ပဲ။

မေး ။   ။ မစ္စတာလီရဲ့ ကျန်းမာရေးကရော ဘယ်လိုလဲ။

ဖြေ ။    ။ နှလုံးမှာ အစားထိုး ကိရိယာ တပ်ဆင်ထားရတဲ့နောက် အန္တရာယ်တော့ ရှိတယ် ဆိုရမှာပေါ့။ Plavix ထည့်ထားရတယ်။ သူက သွေးကြောကို ကျဉ်းစေတယ်။ ထိခိုက်မှု တစ်ခုခုဖြစ်ရင် အထဲမှာ သွေးယိုတာတွေ ဖြစ်နိုင်တယ်။ ပြဿနာက တစ်ခါတစ်ခါ ဘယ်နေရာက သွေးယိုနေတယ်ဆိုတာ ရှာလို့ မတွေ့တတ်ဘူး။ ဦးနှောက်ထဲမှာ သွေးယိုတာ ဆိုရင်တော့ ပြဿနာ အကြီးအကျယ်ပဲ။ ဒီတော့ အရေးအကြီးဆုံးက ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစီးတာ မဖြစ်အောင် မလဲဖို့၊ မထိခိုက်ဖို့ပဲ ကြိုးစားနေရတာပေါ့။ ဒါ့ကြောင့် အခု ငါ စက်ဘီးအမျိုးအစား ပြောင်းပြီး စီးနေတယ်။ မလဲအောင်လို့။

အရွယ် ရလာတဲ့နောက် ဒီခန္ဓာကိုယ်ကြီးက အမြဲတမ်း ပြုပြင်ပေးနေရတယ်။ အသက် (၃၀) အထိ တကယ့် အားကောင်းတဲ့ အရွယ်ပဲ။ (၄၀) ဆိုရင် နည်းနည်း ကျလာပြီ။ (၅၀) ဆို ပိုကျလာတယ်။ ဒါ့ကြောင့် အေရိုးဗစ် စပြီး ငါ ကစားခဲ့တာ။ အစပိုင်း ဆယ်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ပြေးတယ်။ တင်ပါးဆုံတွေ နာလာတဲ့အထိ ပြေးတယ်။ အဲ့ဒီနောက်မှ ပြေးတဲ့အစား စက်ဘီးစီးခဲ့တာ။ စက်ဘီးတော့ အခုထိ စီးနေတုန်းပဲ။

မေး ။   ။ ရေကော ကူးသေးသလား။
ဖြေ ။    ။ ကူးတယ်။ နေ့တိုင်းပဲ။ ရေးကူးတာက အကြောအခြင်ကို ပြေစေတယ်။ လူလည်း လန်းဆန်းတယ်။ ပြီး ခဏနား၊ ညစာစား။ ညစာ စားပြီး လမ်းလျှောက်။ ကောင်းကောင်း အနားယူဖို့လည်း လိုတယ်။ အရွယ်ရလာတဲ့နောက် “အင်း … အရင်လို မဟုတ်တော့ဘူး” ဆိုပြီး ထိုင်ငြီးနေမယ်ဆိုရင်တော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။

ဆက်ရန် -


 ဇင်ဝေသော်

ရှင်းသန့်စိမ်းလဲ့ကျွန်း (၉း ၅)

ငါ သုံးစွဲလို့ သက်သောင့်သက်သာ ရှိသေးတဲ့ ပစ္စည်းတွေကို ဘာဖြစ်လို့ လွှင့်ပစ်ရမှာတုန်း။ သူများ အထင်ကြီး၊ မကြီးကို ငါက စိတ်ဝင်စားတာ မဟုတ်ဘူး။

ငါ့ကို ရာဇဝတ်မှုဥပဒေ သင်ပေးခဲ့တဲ့ စူပါဗိုက်စာ တစ်ယောက် ရှိတယ်။ သူက လက်ချာလည်း ဝင်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အသက်ထောက်လာတော့ စူပါဗိုက်လုပ်တာလောက်ပဲ ရှိတော့တယ်။ သူ့အိမ်မှာ ပထမကမ္ဘာစစ် လက်ကျန် မီးဖိုရှိတယ်။ သူ့အင်္ကျီတံတောင်ဆစ်နေရာက စုတ်နေပြီး သူ့ဘောင်းဘီ ဒူးဆစ်မှာလည်း စုတ်ပြဲနေတာပဲ။ ငါတို့ထဲက ရဲတဲ့ကျောင်းသားက ဆရာ့မှာ အဝတ်အစား ချို့တဲ့လို့လားလို့ မေးတယ်။ သူက ပြုံးပြုံးနဲ့ပဲ ပြန်ဖြေတယ်။ ရီတောင် ရီလိုက်သေး။ ကောလိပ်ကျောင်းက ဂိတ်စောင့်ဆိုရင်တော့ လူလေးစားဖို့ သပ်သပ်ရပ်ရပ်ဝတ်ဖို့ လိုတာပေါ့။ ငါက လူ အထင်ကြီးအောင် အဲ့သလို ဝတ်ပြစရာ မလိုပါဘူးတဲ့။

ဒါနဲ့ ငါက “ဒါက တန်ပြန်လူတန်းစား ခွဲခြားမှုပဲ” လို့ ပြန်ပြောမိတယ်။ ဒါပေမဲ့ သူပြောတာက အဓိပ္ပါယ် ရှိတယ်ကွ။ နောက်ဆုံးပေါ် ဖက်ရှင်တွေနောက် လိုက်ပြီး အဝတ်အစားတွေ ပေါ်တိုင်း ဝယ်ဝတ်၊ ကားတွေ တစ်စီးပြီးတစ်စီး ပြောင်းစီးနဲ့ လူအထင်ကြီးအောင် ဘာလို့များ လုပ်နေရမှာလဲကွာ။ အကြောင်းရှာလို့ကို မရဘူး။

မေး ။   ။ အင်ဒိုနီးရှားက တောမီးရှို့တာတွေကနေ စပြီး ဒီပတ်ဝန်းကျင်များ မကြည်မလင် ဖြစ်ရတာ၊ မြူငွေ့တွေ အုံ့ဆိုင်းနေတာတွေ မကြာမကြာ ရင်ဆိုင်နေရတယ်။ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိဘူးလား။
ဖြေ ။    ။ ဂျကာတာမြို့ကိုယ်တိုင် မြူမှုန်တွေနဲ့ အုံ့ဆိုင်းပြီး ဂျကာတာလေယာဉ်ကွင်း ပိတ်လိုက်ရပြီ ဆိုတော့မှ သူတို့ တစ်ခုခု လုပ်လာကြမှာပါ။ Gambi တို့၊ Riau ကျွန်းဆွယ်တွေတို့၊ Balikpapan တို့မှာ မီးခိုးမွှန်နေရုံတော့ ဂရုကို မစိုက်ဘူး။ နှာခေါင်းပိတ်ပြီး ဒီအတိုင်းပဲ ဆက်သွားနေကြမှာ။

မေး ။   ။ ဒီပြဿနာနဲ့ ပတ်သက်လို့ တိုးတက်လာမှု နှေးကွေးနေတာအပေါ်မှာ စိတ်မပျက်မိဘူးလား။
ဖြေ ။    ။ မပျက်ပါဘူး။ လက်တွေ့ကျကျပဲ စဉ်းစားပြီး နေလိုက်တယ်။ သူတို့လယ်တွေ၊ တောင်ယာ စိုက်ခိုင်းတာတွေအတွက် သစ်ပင်တွေခုတ်၊ မီးမရှို့ပဲ လုပ်လို့မှ မရကြတာပဲ။

မေး ။   ။ မစ္စတာလီရဲ့ ကိုယ်ပိုင်လိုက်(ဖ်)စတိုင်က ဘယ်လိုလဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လောက် စိတ်ဝင်စားမှု ရှိပါသလဲ။ ကိုယ့်အတွက် ကာဘွန်လျှော့ချဖို့ ကြိုးစားနေပါသလား။ အိပ်တဲ့အခါမှာရော အဲယားကွန်း ဖွင့်ပါသလား။
ဖြေ ။    ။ လုပ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် လုပ်လို့ ရမှာလဲ။ အဲယားကွန်း မပါရင် ကောင်းကောင်း အိပ်လို့ ဘယ်ရတော့မလဲ။

မေး ။   ။ ရီဆိုက်ကယ် (Recycle) စနစ်ကိုရော သုံးသလား။
ဖြေ ။    ။ ငါတို့ဆီမှာ အမှိုက်သုံးမျိုး ထည့်ဖို့ အမှိုက်ပုံး သုံးပုံးလိုတယ်ဆိုတာ မသိသေး၊ မရှိသေးဘူး။ (အခုတော့ ရှိနေပါပြီ - စာပြန်သူ)။ ဒါတွေ လုပ်လို့ရတယ်ဆိုတာ တို့လူတွေကို ပညာပေးကြရမယ်။ ပုလင်းခွန်တွေရယ်၊ သံဗူးတွေရယ်၊ စားကြွင်းစားကျန်တွေရယ်ကို သီးသန့်အမှိုက်ပုံးတွေထဲမှာ ထည့်ကြရမယ်။ နောက်တော့ ဖြစ်လာမှာပါ။

မေး ။   ။ နောက်ထပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိစိတ်က ကိုယ့်အတွက် အလွန်အကျွံ မသုံးစွဲခြင်းလည်း ပါဝင်ပါတယ်။ မစ္စတာလီက အလွန်အကျွံ သုံးစွဲသူတော့ မဟုတ်ပါဘူး။
ဖြေ ။    ။ မှန်တယ်။ ငါက စားတာ နည်းတယ်။ ခရီးထွက်တာ နည်းတယ်။ ငါ့အတွက် ကားတောင်မှ ဝယ်သင့်၊ မဝယ်သင့် စဉ်းစားမိသေးတယ်။ အပြင်သွားတိုင်း မာစီးဒီးတက္ကစီကားကို ခေါ်ပြီး သွားတာတောင်မှ ကားတစ်စီး မောင်းသွားတာထက် အကုန်အကျ အများကြီး သက်သာတယ်။ အိပ်ရာထ နောက်မကျဘူးဆိုရင် အိမ်ကနေ ရုံးကို လမ်းလျောက်၊ တစ်ကီလိုမီတာ ဝေးတယ်။ ရုံးကနေ အိမ်ပြန် လမ်းလျှောက်ပဲ။ ငါ့ကားဝယ်ထားတာ ငါးနှစ်ရှိပြီ။ အခု ကားနဲ့ ခရီးသွားထားတဲ့ ခရီးအကွာအဝေးက ကီလိုမီတာ နှစ်သောင်းပဲ ရှိသေးတယ်။

မေး ။ ဓာတ်ပုံထဲမှာ အဝတ်တန်းမှာ လှန်းထားတဲ့ မစ္စတာလီရဲ့ ရှပ်အင်္ကျီကို တွေ့ရတယ်။ နှစ်ပေါင်း အတော်ကြာပြီလို့ ထင်တယ်။ ပစ္စည်းဟောင်းတွေကို လွှင့်မပစ်ဘူးလား။
ဖြေ ။    ။ ငါ သုံးစွဲလို့ သက်သောင့်သက်သာ ရှိသေးတဲ့ ပစ္စည်းတွေကို ဘာဖြစ်လို့ လွှင့်ပစ်ရမှာတုန်း။ သူများ အထင်ကြီး၊ မကြီးကို ငါက စိတ်ဝင်စားတာ မဟုတ်ဘူး။

ငါ့ကို ရာဇဝတ်မှုဥပဒေ သင်ပေးခဲ့တဲ့ စူပါဗိုက်စာ တစ်ယောက် ရှိတယ်။ သူက လက်ချာလည်း ဝင်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အသက်ထောက်လာတော့ စူပါဗိုက်လုပ်တာလောက်ပဲ ရှိတော့တယ်။ သူ့အိမ်မှာ ပထမကမ္ဘာစစ် လက်ကျန် မီးဖိုရှိတယ်။ သူ့အင်္ကျီတံတောင်ဆစ်နေရာက စုတ်နေပြီး သူ့ဘောင်းဘီ ဒူးဆစ်မှာလည်း စုတ်ပြဲနေတာပဲ။ ငါတို့ထဲက ရဲတဲ့ကျောင်းသားက ဆရာ့မှာ အဝတ်အစား ချို့တဲ့လို့လားလို့ မေးတယ်။ သူက ပြုံးပြုံးနဲ့ပဲ ပြန်ဖြေတယ်။ ရီတောင် ရီလိုက်သေး။ ကောလိပ်ကျောင်းက ဂိတ်စောင့်ဆိုရင်တော့ လူလေးစားဖို့ သပ်သပ်ရပ်ရပ်ဝတ်ဖို့ လိုတာပေါ့။ ငါက လူ အထင်ကြီးအောင် အဲ့သလို ဝတ်ပြစရာ မလိုပါဘူးတဲ့။

ဒါနဲ့ ငါက “ဒါက တန်ပြန်လူတန်းစား ခွဲခြားမှုပဲ” လို့ ပြန်ပြောမိတယ်။ ဒါပေမဲ့ သူပြောတာက အဓိပ္ပါယ် ရှိတယ်ကွ။ နောက်ဆုံးပေါ် ဖက်ရှင်တွေနောက် လိုက်ပြီး အဝတ်အစားတွေ ပေါ်တိုင်း ဝယ်ဝတ်၊ ကားတွေ တစ်စီးပြီးတစ်စီး ပြောင်းစီးနဲ့ လူအထင်ကြီးအောင် ဘာလို့များ လုပ်နေရမှာလဲကွာ။ အကြောင်းရှာလို့ကို မရဘူး။

ပြဿနာက ငါ့အဝတ်ဗီရိုက အခု အဝတ်တွေနဲ့ ပြည့်နေပြီ။ ငါ့မှာ ရှပ်အင်္ကျီတွေ အများကြီးပဲ။ တစ်ခါတစ်ခါမှ ဝတ်တော့ အားလုံးက အသစ်အတိုင်းပဲ ရှိသေးတယ်။ ရုံးမှာ အခမ်းအနားရှိတာ၊ နိုင်ငံခြားကို သွားတာ မဟုတ်ရင် ဝတ်စုံပြည့် ဝတ်ခဲတယ်။ တကယ်တော့ အသက်အရွယ် ရလာလေလေ၊ ဝတ်စုံတွေ လဲနေရ၊ နက်တိုင်တွေ စည်းနေရတဲ့အချိန်တွေကို နှမြောလေလေပဲကွ။ ဘောင်ဘီးနဲ့ တရုတ်အင်္ကျီနဲ့ဆိုရင် အဆင်ပြေနေပါပြီ။ ငါက ဒါမျိုးတွေကိုပဲ နှစ်ပေါင်းများစွာ ဝတ်လာခဲ့တော့ ဒါလေးတွေနဲ့ပဲ သက်သောင့်သက်သာ ရှိတယ်။

မေး ။   ။ ဒါက ကိုယ်ကျင့်တရားနဲ့ ဆိုင်တယ် မဟုတ်လား။
ဖြေ ။    ။ မဆိုင်ပါဘူး။ မင်းဆန္ဒရှိရင်တော့ ခြိုးခြံချွေတာ တတ်တယ်လို့ ပြောပေါ့။ တခြားတစ်ယောက်ကတော့ ဒီလူကြီး ကြည့်လိုက်ရင် အမြဲတမ်း စုတ်တီးစုတ်ပြတ်နဲ့လို့ ပြောမှာပဲ။ ဒီပြင် ဝန်ကြီးချုပ်တွေကိုများ ကြည့်။ သူတို့ကို တီဗွီမှာ တွေ့လိုက်ရင် ဝတ်စုံအသစ်၊ နက်တိုင်အသစ်တွေနဲ့ စမက်ကို ကျနေတာပဲ။ ငါဆိုလိုတာက … ကြည့်လိုက်စမ်းကွာ၊ ငါတို့ဝန်ကြီးချုပ်ကို၊ နှစ်တိုင်း အမျိုးသားနေ့ အခမ်းအနားတိုင်းမှာ ဝတ်စုံအသစ်တစ်စုံ လဲတယ်ဆိုတာမျိုးကွာ။ ငါက အဲသလိုနေဖို့ ဆန္ဒ မရှိဘူး။

မေး ။   ။ ကျွန်တော့်ကို မေးခွင့်ပြုပါ။ အခု မစ္စတာလီ ဝတ်ထားတဲ့ ဂျက်ကက်က သက်တမ်း ဘယ်လောက် ရှိပြီလဲ။
ဖြေ ။    ။ ဒီဂျက်ကက်လား။ တော်တော် သက်သောင့်သက်သာ ရှိတဲ့ ဂျက်ကက်ကွ။ ဒီဂျက်ကက်ကို ချုပ်ပေးတဲ့ စက်ချုပ်ဆရာတောင် မရှိရှာတော့ဘူး။

မေး ။   ။ ဘယ်နှစ်နှစ်လောက် ရှိပြီလဲ။
ဖြေ ။    ။ သေသေချာချာ မမှတ်မိဘူး။ အနှစ် နှစ်ဆယ်နဲ့ ဆယ့်ငါးနှစ်ကြားမှာ ဖြစ်မယ်။ တော်တော် သက်သောင့်သက်သာ ရှိတယ်ကွ။

မေး ။   ။ မစ္စတာလီရဲ့ အိမ်ကလည်း ဒီအတိုင်းပဲလို့ သိရတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်တော့ မစ္စတာလီရဲ့အိမ်ကို မရောက်ဖူးပါဘူး။ ရောက်ဖူးသူတွေ ပြောစကားအရကတော့ အိမ်ကို ပြင်ဆင်မွမ်းမံတာတွေ ဘာမှ မရှိဘူးတဲ့။
ဖြေ ။    ။ ကက်ဘိနိတ်အဖွဲ့ကို မှာထားတယ်။ ငါသေရင် ဒီအိမ်ကို ဖျက်လိုက်တော့လို့။

မေး ။   ။ ဘာ့ကြောင့်ပါလဲ ခင်ဗျာ။

ဖြေ ။    ။ အိမ်တွေ တော်တော်များများ ငါ တွေ့ဖူးတယ်။ နေရူးရဲ့အိမ်၊ ရှိတ်စပီးယား နေခဲ့တဲ့အိမ်။ ခဏကြာတော့ အိမ်တွေလည်း ပျက်စီးယိုယွင်းပြီး လူတွေ ဝင်ကြထွက်ကြပဲ။ ဒီမှာ ငါ့အိမ် ရှိနေတော့ ကျန်တဲ့အိမ်တွေက အမြင့်ကြီး ဆောက်လို့ မရကြဘူး။ ငါနေတဲ့အိမ်ကို ဖျက်လိုက်ပြီဆိုရင် အစီအစဉ်တွေ အားလုံး ပြောင်းသွားမှာ။ တိုက်မြင့်မြင့်တွေဆောက်၊ မြေဈေးတွေလည်း အများကြီး တက်သွားမှာ။

မေး ။   ။ ဒါပေမဲ့ ဒီအိမ်က စင်္ကာပူရဲ့ သမိုင်းအစိတ်အပိုင်းပဲ။
ဖြေ ။    ။ မဟုတ်ပါဘူးကွာ။ ဒီအိမ်ကို ထိန်းသိမ်းထားရမယ့် စရိတ်က နည်းမှာ မဟုတ်ဘူး။ ဒီအိမ်ရဲ့ သက်တမ်းက နှစ်ပေါင်း တစ်ရာကျော်ပြီ။ ဖောင်ဒေးရှင်းလည်း မရှိဘူး။ ဖောင်ဒေးရှင်း မရှိတော့ နံရံတွေကလည်း ရေညှိတွေနဲ့။ တံတိုင်းတွေကလည်း အက်ကွဲနေပြီ။ တိုင်တွေက မာနေလို့ တော်သေးတာ။

မေး ။ မစ္စတာလီရဲ့ အမှာအရ အဲ့ဒီအိမ်ကို ထိန်းသိမ်းပြီး မထားကြတော့ဘူး။ တကယ်ဆို ဒီအိမ်က အမျိုးသားပြတိုက် တစ်ခုလို ဖြစ်နေတာ။ ဆောက်လုပ်ရေးပညာအရတော့ ဘာမှ ထူးထူးခြားခြား မရှိလှဘူးဆိုတာ မှန်တာပေါ့။ ဒါပေမဲ့ ဒီအိမ်ကိုသာ ဖြိုချလိုက်ရင် တော်တော်များများကတော့ ဆုံးရှုံးမှုကြီးတစ်ရပ်လို့ ဝမ်းနည်းမဆုံး ရှိနေကြလိမ့်မယ်။
ဖြေ ။    ။ မထင်ပါဘူးကွာ။ ငါ့သမီး၊ ငါ့ဇနီး၊ ငါကိုယ်တိုင် ဒီအိမ်မှာ နေခဲ့တဲ့ လူတွေကတော့ ဒီလို ခံစားမှုမျိုး မရှိနိုင်ပါဘူး။ ဒီအိမ်မှာ ကြီးခဲ့တဲ့ ငါ့သားနှစ်ယောက်လည်း ဒီလို မခံစားရပါဘူး။ သတိရရင် ကြည့်ဖို့ ဓာတ်ပုံအဟောင်းတွေထဲမှာ ရှိသားပဲ။


 ဇင်ဝေသော်

ရှင်းသန့်စိမ်းလဲ့ကျွန်း (၉း ၄)


မေတ္တာရပ်ခံချက်။ ။ ဒီရက်တွေမှာ အလုပ်ပိနေတာရယ်၊ ယာယီခရီးစဉ်တွေ ရှိနေတာရယ်ကြောင့် ပို့စ်တွေ အရင်လို ပုံမှန်တက်နိုင်မယ် မဟုတ်ကြောင်း ကြိုတင်အသိပေးထားချင်ပါတယ်။ လီကွမ်းယု စာမူတွေတော့ တစ်ပတ် နှစ် ပုဒ် တက်ပါမယ်။ ရေးထားသမျှတွေထဲက အက်ဒမင် သဘောကျတာလေးေ တွ (ကိုယ်တိုင် စိတ်တိုင်းမကျလို့ ဆွဲထားတာတွေ) တက်လာနိုင်ပြီး အဟောင်း တချို့လည်း ဖေ့ဘုတ်မှာ မဖတ်ရသေးသူတွေအတွက် ပြန် တင်ပေးဖို့ အစီအစဉ်ရှိနိုင်ပါတယ်ဆိုတဲ့ အကြောင်း လေးစားစွာ အသိပေး အပ်ပါတယ်။

မေး ။ ။ စင်္ကာပူအတွက် နျူးကလီးယားစွမ်းအင်ကရော ဘယ်လို နေမ လဲ။ ဖြစ်နိုင်ခြေရော ရှိရဲ့လား။

ဖြေ ။ ။ ယူနစ်သေးသေး နျူးကလီးယားဖိုကတော့ အန္တရာယ်လည်း ကင်းပြီး ဖြစ်လည်း ဖြစ်နိုင်တယ်လို့ သူတို့ သတင်းပို့ထားတယ်။ ဒါပေမဲ့ ဘယ် နျူးကလီးယားမှ အန္တရာယ်ကင်းတယ်လို့တော့ မရှိပါဘူး။ ဓာတ်ပေါင်း ဖိုကို ရေပေါ် ပေါ်နေနိုင်တဲ့ ရေငုပ်သင်္ဘောလိုဟာပေါ်မှာ တင်ထားမယ်ပေါ့။ ပထမ အသေးဆုံး ယူနစ်ကနေ စမယ်။ အဲ့ဒါ အလုပ်ဖြစ်မယ်ဆိုရင် အလတ် စား ယူနစ်ကို စမ်းသပ်ကြမယ်။ ပြီးတော့မှ အလက်စား ယူနစ်ဘေးမှာ အေ သးစားလေးတွေ ထပ်ဖြည့်ထားဖို့ ကြိုးစားကြမယ်ပေါ့ကွာ။

တို့ ကြုံရမယ့် ပြဿနာက စက်ရုံအလုပ်ရုံတွေက စွမ်းအင်မသုံးတဲ့ ည ပိုင်းတွေမှာ စွမ်းအင်တွေက ပိုနေမယ်။ အဲ့ဒီစွမ်းအင်တွေကို ဘယ်လို ထိန်း သိမ်းကြမလဲဆိုတာပဲ။ ရေအားလျက်စစ်ပါ ရှိမယ်ဆိုရင်တော့ ရေပမ့်(ပ် ) တွေ နဲ့ ရေပြန်ပို့ပေးပြီး စွမ်းအင်ပိုကောင်းအောင် လုပ်ယူလို့ ရတာပေါ့။

ယူဂိုစလားဘီးယားမှာ ဒါမျိုး လုပ်ထားတာ တွေ့ခဲ့ရဖူးတယ်။ စွမ်းအင် အသုံး နည်းတဲ့ ညပိုင်းတွေမှာ ဆိုရင် သူတို့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေ ကို ရေတွေနဲ့ ဖြန်းပေးကြတယ်။ ဖြန်းလိုက်တဲ့ ရေတွေက ရေကန်ကြီးထဲ ပြန်ရောက်သွားတယ်။ ဒီလောက်အထိ လုပ်နိုင်ဖို့ကလည်း တို့မှာ စွမ်းအင်က အ လုံအလောက် မရှိဘူး။

မေး ။ ။ ဒီလို အခြေအနေတွေ ကြားထဲကနေပြီး စင်္ကာပူကို သဘာဝ ပတ် ဝန်းကျင်အားဖြင့်လည်း နေချင်စဖွယ်၊ စီးပွားရေးအားဖြင့်လည်း ကမ္ဘာ့မြို့ေ တ်ာပုံစံဖြစ်အောင် တည်ဆောက်ထားနိုင်ခဲ့တဲ့ အပေါ်မှာ ကျေနပ်မှုရော ရှိပါ သလား။


ဖြေ ။ ။ ငါ့သဘောအရကတော့ ပြွတ်သိပ်နေမှာစိုးလို့ လူဦးရေ သိပ်များ မှာကို မလိုလားဘူး။ ငါတို့ ဘယ်လောက်ပဲ လုပ်နိုင်လုပ်နိုင်၊ ဆိုပါတော့ … သ ဘာဝဥယာဉ်တွေ လုပ်တာ၊ စိမ်းလန်းတဲ့ မြေကွပ်လပ်တွေကို ထိန်းသိမ်းပေး တာ စတာတွေပေါ့။ လူဦးရေကသာ စီးပွားရေးအတွက် ကြည့်ပြီး ခေါ်ထားရ တဲ့ အလုပ်သမားတွေ အပါအဝင် ခြောက်သန်းခွဲလောက်သာ ရှိမယ်ဆိုရင် မွန်းကြပ်ပြီး မသက်မသာ ဖြစ်လာမှာပဲ။

ငါ ဟောင်ကောင်ကို ရောက်တော့ လေထုညစ်ညမ်းမှု မရှိဘူးဆိုရင်တောင် လူတွေ များလွန်းလို့ ငါ သဘောမတွေ့ခဲ့ဘူး။ ရှန်းဟိုင်းမြို့ဟောင်းလည်း အတူတူပဲ။ ၁၉၇၆ - ခုတုန်းက အကောင်းဆုံး ဧည့်ရိပ်သာမှာ တည်းတာေ တာင် အောက်ဆင်းပြီး လမ်းလျှောက်လိုက်ရင် လူတွေက ပြွတ်ခဲနေတာပဲ။ မင်းသွားရင် သွားနေ၊ မသွားရင် သူတို့က နောက်ကနေ တွန်းသွားတာ။ ပြီးတော့ မှောင်မည်းမည်းနဲ့၊ ဆိုင်တွေကလည်း အမှောင်ထဲ၊ လမ်းမီးတွေ က လည်း မလင်းတလင်းနဲ့။

ဟောင်ကောင်မှာ သူတို့အိမ်လေးတွေက ကျဉ်းလွန်းတော့ သူတို့အပန်းဖြေဖို့ ဆိုရင် အပြင်မှာ အပန်းဖြေကြရတယ်။ ဖျော်ဖြေရေးတွေကလည်း အပြင်မှာ ပဲ။ စင်္ကာပူမှာ ငါတို့ လူမျိုးတွေက တီဗွီ အကြီးစားကြီးတွေ၊ နောက်ဆုံးပေါ် စက်ပစ္စည်းတွေနဲ့ ကျကျနန နေကြရတယ်။ အပြင်မှာ သိပ် မတွေ့ရဘူး။ ညဥ့်နက်တဲ့အထိ အပြင်မှာ တွေ့ရတာက နိုင်ငံခြားသား ဧည့်သည်တွေပဲ များတယ်။

ငါ့သဘောအရကတော့ လူဦးရေ လျှော့ချမယ်။ ဒါပေမယ့် ငါက ဆုံးဖြတ်ချက် ချသူ မဟုတ်တော့ဘူး။ စင်္ကာပူ လက်ရှိအစိုးရကပဲ စင်္ကာပူအတွက် ဘာလုပ် သင့်သလဲဆိုတာ သူတို့ဘာသာ ဆုံးဖြတ်ပြီး လုပ်ကြလိမ့်မယ်။

မေး ။ ။ ကမ္ဘာမြေ ပူနွေးလာမှုဖက်ကို လှည့်ကြည့်ကြပါဦးစို့လား။ ကမ္ဘာ့ရာသီဥတုကို ထိန်းသိမ်းဖို့ ကမ္ဘာမှာ ဝမ်းစာမရှိဘူးလို့ (အူမတောင့်မှ သီလစောင့်လို့) ပြောခဲ့တယ်။ ကမ္ဘာ့အနာဂတ်အတွက် မကောင်းနိုင်တဲ့ အလားအလာမျိုးတွေ မြင်မိသလား။

ဖြေ ။ ။ ဟုတ်တယ်။ ငါ ပြောခဲ့ပြီးပြီပဲ။ လုပ်နိုင်တဲ့အပိုင်းကိုပဲ လုပ်ပြီး မလုပ်နိုင်တဲ့အပိုင်းကို လုပ်လို့ မရဘူးလေ။ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ ညီမျှအောင် ဘယ်လိုနေသွားကြမလဲဆိုတာ အပူရှိန် ဘယ်လောက် ပိုပြင်းပြလာတယ်ဆိုတာ အပေါ်မှာ မူတည်တယ်။

မေး ။ ။ တစ်ကမ္ဘာလုံးရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပေးဖို့ ကြိုးစားပြီး ဒီပြဿနာကို မဖြစ်မနေ ဖြေရှင်းသင့်တယ်လို့ မထင်ဘူးလား။
ဖြေ ။ ။ တရုတ်နဲ့ အိန္ဒိယက မြစ်ကမ်းဘေးမှာ နေကြတဲ့ သန်းပေါင်း များ စွာသော လူတွေ၊ အဲ့ဒီမြို့တွေမှာ ရှိကြတဲ့ ကုန်သည်ပွဲစား အသေးလေးေ တွ ရေပြတ်လတ်မှုဒုက္ခ ကြုံလာရပြီဆိုရင်တော့ အကြီးအကျယ် ပြဿနာ တက်လာမှာပဲ။ ဒီလောက်များတဲ့ လူတွေအတွက် ရေအလုံအလောက် ရဖို့ ဘယ်ကို သွားကြ၊ ပို့ထားကြမလဲ။ သူတို့ကိုယ် သူတို့ရော ဝမ်းဝအောင် ဘယ်လို ရှာစားကြမလဲ။ သူတို့ကတော့ အသက်ရှင်လို့ ရတဲ့နေရာတွေကို သွားကြမှာပဲ။ အဲ့ဒါဆိုရင်တော့ ပြဿနာက ကမ္ဘာနဲ့ ချီသွားလိမ့်မယ်။ (အဲ့သလိုမျိုး ဖြစ်လာရင်တော့ တရုတ်နဲ့ အိန္ဒိယ အစိုးရက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပိုပြီး ဂရုစိုက်လာစရာ ရှိတယ်။)

မေး ။ ။ ဒါဆိုရင်တော့ ကမ္ဘာ့ခေါင်းဆောင်တွေအားလုံး လက်တွေ့ကျတဲ့ သဘောတူညီမှုတစ်ခုတော့ ရအောင် ရှင်သင့်ကြပြီပေါ့။ ဖြစ်နိုင်မယ်လို့ မစ္စတာလီ ထင်ပါသလား။
ဖြေ ။ ။ မထင်မိဘူး။ ကိုပင်ဟေဂင် (Copenhagen) အစည်းအဝေးကို ကြည့်လေ။ (၂၀၀၉ - ခုနှစ်က ကုလသမဂ္ဂက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်း သိမ်းရေးနဲ့ ပတ်သက်လို့ စည်းဝေးခဲ့တဲ့ အစည်းအဝေးကို ရည်ညွှန်းတာပါ။) တရုတ်က ပြောတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ကို ကာဗွန်ဒိုင်အောက် ဆိုက် လျော့ချဖို့ ပြောတယ်။ စိမ်းလန်းစိုပြေရေး နည်းပညာကိုလည်း အလ ကားပေးမယ်လို့ ပြောတယ်။ ခင်ဗျားတို့လည်း (အမေရိကန်တွေ) ၁၉၉၀ က ကာဗွန်သုံးစွဲမှုထက် (၄၀) ရာခိုင်နှုန်း လျှော့ချဖို့ လုပ်လေ တဲ့။

ဒီတော့ ကွန်ဂရက်က ဘီး(လ်)ကလင်တန်ကို (၄) ရာခိုင်နှုန်း လျှော့ချရင် ရပြီလို့ ခွင့်ပြုလိုက်ကြတယ် လေ။

မေး ။ ။ ဒီပြဿနာအတွက် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု မရှိလို့များ လား။

ဖြေ ။ ။ ခေါင်ဆောင်မှု မရှိလို့ မဟုတ်ဘူး။ နိုင်ငံကြီး၊ နိုင်ငံသေး ဘယ်လို ခေါင်းဆောင်ပဲ ဖြစ်ဖြစ်
“ကောင်းပြီ၊ ကမ္ဘာကြီး ပူနွေးလာတာကို ကာကွယ်တဲ့ အနေနဲ့ စီးပွားရေး တိုးတက်တာ၊ မတိုးတက်တွေကို ဂရုစိုက် မနေတော့ဘူး။ ကမ္ဘာကြီးကို ကယ်တင်တော့မယ်။ ရွေးကောက်ပွဲမှာ ရှုံးရင်လည်း ရှုံးပါစေ” လို့ သူတို့ က ပြောပါ့မလား။ စင်္ကာပူအစိုးရကတော့ ဒါမျိုး လုပ်နိုင်မယ် မထင်ဘူး ။ ခေါင်းဆောင်တိုင်းဟာ သူ့နိုင်ငံရဲ့ ပြဿနာကိုပဲ အဓိကထား ကြည့်နေရ တာပါကွာ။

မေး ။ ။ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲရေး အခြေခံမူဝါဒအတိုင်း စင်္ကာပူဟာ Annex တစ်နိုင်ငံ မဖြစ်နိုင်ဘူးလား (စက်မှုနိုင်ငံ ဖြစ်သော်လည်း သူ့နားလည်မှုနဲ့အတူ အိုဇုန်းလွှာပေါက်ပြဲမှု အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ကို ယူထားတဲ့နိုင်ငံ)။ အဲ့သလိုဆို စင်္ကာပူအပေါ်မှာ အကျိုးသက်ရောက်မှုတွေက ဘယ်လို ရှိလာမလဲ။

ဖြေ ။ ။ မဖြစ်နိုင်ဘူး။ ဒါကို မလိုက်နာနိုင်ဘူးလို့ ငါတို့က ပြန်ပြောမှာပါ။ ဒီဓာတ်ငွေ့ ယိုစိမ့်မှုတွေက ငါတို့သုံးတဲ့ ပစ္စည်းတွေ ထုတ်လုပ်လို့မှ မဟုတ် တာ။ ကမ္ဘာက သုံးတဲ့ပစ္စည်းတွေ၊ အပြည်အပြည်ဆိုင်ရာ လေယာဉ်တွေ သုံး စွဲတဲ ဓာတ်ငွေ့တွေကြောင့် ယိုစိမ့်တာလို့ ပြောမှာပေါ့။

ငါတို့က စီးပွားရေးဌာနချုပ်လို ဖြစ်နေတာ။ တစ်ကမ္ဘာလုံးက သင်္ဘောတွေ ၊ လေယာဉ်တွေ ဆီဖြည့်တဲ့ နေရာပဲ။ ဒါကို တို့က ဘယ်လိုလုပ် သူတို့ပြော တာကို လိုက်နာနေလို့ ရမှာလဲ။

ငါတို့က ပစ္စည်းတွေကို ပို့တာ။ တို့ထုတ်တဲ့ပစ္စည်းတွေက တို့ သုံးစွဲဖို့ချည်းပဲမှ မဟုတ်တာပဲ။ သင်္ဘောတွေ၊ လေယာဉ်တွေ ဆီဖြည့်ရာ ဌာနချုပ်ဆိုတဲ့ ဂုဏ် ကို ဘာအတွက် ဖျက်ဆီးပစ်ရမှာလဲ။ ဒါဆိုရင် စင်္ကာပူရဲ့ အဓိပ္ပါယ်က ဘာလဲ။

တို့က ဆက်ပြောမယ်။ “ကြည့်။ ဒီ စွမ်းအင်တွေရဲ့ နောက်ဆုံး ထုတ်ကုန်ကို သုံးစွဲသူတွေက ဘယ်သူတွေလဲ။ ဒီအတိုင်းလည်း ရပ်တည်၊ ကာဘွန် ဒိုင် လည်း လျှော့ဆိုရင် ဘယ်လို ဖြစ်နိုင်မလဲ။ ခင်ဗျားတို့က ကျွန်တော်တို့ ကို သေဖို့ အကြံတွေ ပေးနေတယ်။ ဒါဖြင့် လူဦးရေ ငါးသန်းရဲ့ တာဝန်ကို ခင်ဗျားတို့ ယူထားနိုင်မလား” လို့။

မေး ။ ။ ပြည်ပပို့ကုန်အတွက် သုံးစွဲတဲ့ စွမ်းအင်ပမာဏနဲ့ ပြည်တွင်းသုံး ပစ္စည်းတွေအတွက် သုံးစွဲတဲ့ စွမ်းအင်ပမာဏ ခွဲခြားထားရင်တော့ ရမယ်။

ဖြေ ။ ။ ဟုတ်တယ်။ ဒါမျိုး လုပ်ရမယ်။

(ဆက်ရန်)
ဇင်ဝေသော်


 ကမ်းလက် 

ရှင်းသန့်စိမ်းလဲ့ကျွန်း (၉း ၃)

နိုင်ငံတိုင်းက ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ကြိုးစားနေကြရတာ။ မကြိုးစားရင် လည်း ပြည်တွင်းထဲမှာ ပြဿနာတက်မယ်။ ဒါကြောင့် ငါ့သုံးသပ်ချက် က ပြောင်းလဲလာမယ့် ရာသီဥတုနဲ့မျှတအောင် နေဖို့ပဲကြိုးစား။ ကမ္ဘာမြေ ပူနွေးလာမှုဒဏ်ကို တရုတ်တို့၊ အိန္ဒိယတို့ ကြုံတွေ့လာရပြီဆိုတော့မှ သူတို့ တစ်ခုခု လုပ်ကိုလုပ်မှရတော့မှာလို့ သဘောပေါက်လာကြမှာ။ သူတို့ ကြိုတင် ခန့်မှန်းချက်အရ ဝင်ရိုးစွန်းရေခဲတွေ ပြိုကျလာပြီဆိုရင် ပင်လယ်ရေ မျက်နှာပြင်တစ်မီတာကျော်ကျော်လောက် မြင့်တက်လာမယ်တဲ့။ အဲဒါဆိုရင်တော့ တို့အတွက် ပြဿနာပဲ။ စင်ကာပူက အဆောက်အဦတွေကို ရေကာတာတွေနဲ့ ရေကိုကာလို့ ရနိုင်တဲ့ နည်းကို လေ့လာခဲ့ကြဖူးတယ်။ သူတို့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်က ပင် လယ်ရေ ကို ဆီးတားတဲ့ တံတိုင်းကြီးတွေ(Seawall) ဆောက်သင့်တယ်တဲ့။ အဲသလိုဆိုရင် ငါတို့သင်္ဘောဆိပ်ကမ်းက ရေကာတံတိုင်းတွေရဲ့အပြင်ဖက်မှာ ပဲ ရှိနေလိမ့်မယ်။
ဒါဆိုရင် တို့ပတ်ဝန်းကျင်က ကျွန်းလေးတွေရော တစ်ကျွန်းစီကွဲထွက်သွားနိုင် မလား။
ဒါဆိုရင် စင်ကာပူက အဲဒီကျွန်းစုလေးတွေရဲ့ အလယ်မှာ ရှိနေလိမ့်မယ်။ ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ အကျိုးဆက်က မရှင်းမလင်းပါပဲ။

ပင်လယ်ရေမျက်နှာပြင် တစ်မီတာအထိ မြင့်တက်လာမယ်ဆိုရင် ငါတို့ ကမ်းခြေတစ်ချို့ ဆုံးရှုံးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရှင်သန်နေလို့တော့ ရတယ်။ ဆိုပါတော့ ခြောက်မီတာလောက်အထိလည်း မြင့်တက်လာမယ်၊ ရေကာတာ တံတိုင်းကြီးတွေလည်း ဆောက်မထားမိဘူးဆိုရင်တော့ စင်ကာပူရဲ့ ငါးပုံ တစ်ပုံ က ပင်လယ်ရေအောက် ရောက်သွားလိမ့်မယ်။

မေး။ ။ နောက်ဆုံး ဖြစ်နိုင်ခြေက ဘာဖြစ်မလဲ။

ဖြေ။ ။ ငါက မိုးလေဝသကျွမ်းကျင်သူမှ မဟုတ်တာ။ ဘာတွေဖြစ် လာနိုင်မလဲဆိုတာ ဘယ်တွက်ချက်တတ်မှာလဲ။ ကျွမ်းကျင်သူတွေပြောတာ ကို လက်ခံလိုက်ဖို့ပဲရှိတာပဲဥစ္စာ။

မေး။ ။ အဲယားကွန်းတွေကို မှီနေမယ့်အစား အဆင့်မြင့် အပူပိုင်းမြို့တော်အဖြစ် တည်ဆောက်ယူရင်ကော မရနိုင်ဘူးလား။

ဖြေ။ ။ ရာသီဥတုကို တို့ကပြောင်းမပစ်နိုင်ဘူး။ တကယ်တော့ မြို့ တိုင်းဟာ ပိုပိုပြီး ပူလာနေတာပဲ။ ကွန်ကရစ်တွေ၊ ကားလမ်းတွေက အပူငွေ့တွေ ပြန်ဟပ်နေလို့။ တို့အိမ်တွေမှာ လေဝင်လေထွက်ရအောင် လုပ်နိုင်ရင်တော့ အဲယားကွန်းမသုံးပဲနေလို့ ရနိုင်မှာပေါ့။ ဒါပေမယ့် အိမ်တွေအားလုံး အပြင်လေရနေဖို့ဆိုတာက မဖြစ်နိုင်ပြန်ဘူး။ မြင့်တဲ့ တိုက်တွေက နိမ့်တဲ့တိုက်တွေကို ကွယ်နေမှာ။

ကုန်ထုတ်လုပ်မှု မလျော့ကျစေပဲ ရုံးတွေက အဲယားကွန်းတွေကို ဖြုတ်ပစ်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ၁၉၅၀- ခုနှစ်တွေတုန်းက Laycock and Ong ဥပဒေရေးရာကုမ္ပဏီမှာ ငါလုပ်နေတုန်းက ရှေ့နေတွေရဲ့အခန်းတွေပဲ အဲယား ကွန်းတတ်နိုင်တယ်။ ဈေးကကြီးတာကိုး။ စာရေးတွေ၊ တခြားအလုပ်သမားေ တွက လဟာပြင်ရုံးမှာ လုပ်ကြတာ။ ပန်ကာတွေ တအားဖွင့်ထားပြီး စာရွက်ေ တွဆို လွင့်မသွားအောင် ဖိထားကြရတာ။ နေ့လည်စာ ထမင်းစားပြီးလို့ နေပူ ရှိန်လည်း တက်လာရော စာရိုက်မှားတာတွေဖြစ်လာ၊ လုပ်အားကျဆင်း မှုတွေ ဖြစ်လာတယ်။ ၁၉၅၅- ခုမှာ ငါကိုယ်တိုင်ရုံးဖွင့်တော့ တစ်ရုံးလုံးကို အဲယားကွန်းတပ်လိုက် တယ်။ ရုံးကတော့ ခပ်သေးသေးပေါ့။ မလက္ကာလမ်း၊ အမှတ် ၁၀၊ ပထမ ထပ်မှာ။ ဒီတော့ နေ့ခင်းမှာတောင် လုပ်အားက ကျဆင်းမသွားဘူး။

အပူနဲ့နီးနီးကပ်ကပ်လုပ်ရတဲ့ အလုပ်တွေ၊ လက်အိတ်တွေ၊ ခေါင်းစွပ်တွေ စွပ် ထားမှ လုပ်လို့ရတဲ့ အလုပ်ရုံတွေမှာ အဲယားကွန်းမရှိပဲ အလုပ်လုပ်လို့ ဘယ် ရနိုင်ပါ့မလဲ။

ဒီတော့ တို့မှာ ရွေးစရာမရှိတော့ဘူး။ တိုက်မြင့်မြင့်တွေ ဆောက်ဖို့ပဲရှိတယ်။ ဟိုတုန်းကလို နှစ်ထပ်၊ သုံးထပ်အိမ်တွေ မဖြစ်နိုင်တော့ဘူး။ အစ္စတာနာ မှာရှိတဲ့ အိမ်ဆိုရင် ၁၈၆၀- ခုနှစ်တွေက ဆောက်ထားတာ။ အရှေ့မြောက် ဘက်ကို မျက်နှာမူပြီး အနောက်တောင်ဖက်ကလာတဲ့ မုတ်သုံလေ ကိုရ တယ်။ နေပူကို ကာကွယ်နိုင်တဲ့ ကော်ရစ်ဒါကလည်း တော်တော်ရှည်တယ်။

၁၉၅၀- ခုနှစ်တွေတုန်းက သူတို့ကဖိတ်လို့ အိန္ဒိယကိုရောက်ဖူးတယ်။ တုတ် တံရှည်ရှည်ရဲ့ထိပ်မှာ အဝတ်စချည်ထားတယ်။ တုတ်တံကို တစ်ယောက်ေ ယာက်က ရွှေ့ပေးရင် အဲဒီအဝတ်စက ယပ်ခပ်နေသလို လေရတယ်။ ဒါကို အိန္ဒိယန်းတွေက punkah wallah လို့ ခေါ်တယ်။ မွတ်ဆလင်လူမျိုးတွေအိမ်မှာ ထောင့်ချွန်းလေးတွေပါတဲ့ တံခါးပေါက်၊ ဝရန် တာတွေကို ရေဖြန်းပေးကြတယ်။ ရေက အပူငွေ့ကို စုပ်ယူတာပေါ့။ ရေ ကနေဖြတ်လာတဲ့ လေကြောင့် အိမ်ခန်းထဲမှာလည်း အေးလာတာပေါ့။ တို့နေရာက ပင်လယ်ကမ်းခြေကလွဲရင် လေဝင်လေထွက်ကောင်းတဲ့နေရာ မဟုတ်ဘူး။
ရှေးတုန်းကလူတွေ ဘယ်လိုနေခဲ့ကြသလဲ။

မလေးတွေ အပူဒဏ်ကို ဘယ် လိုကာကွယ်ကြသလဲ။ သူတို့အိမ်တွေက ခြေတံရှည်၊ သက်ငယ်မိုး၊ သစ်သား ဝါးနဲ့ ဆောက်ထားတာ။ တံခါးမ၊ တံခါးပေါက်တွေကလည်း ဖွင့်ထားကြတာ။ မျက်နှာကျက်တွေဘာတွေလည်း မလိုဘူး။ လေမတိုက်ဘူးဆိုရင်တောင်မှ သူတို့အိမ်တွေထဲမှာ နေလို့ရတယ်။ ယောင်္ကျားရော၊ မိန်းမရောက လုံချည်တွေဝတ်ကြတယ်။ ဒီတော့ သူတို့ခန္ဓာ ကိုယ်အောက်ပိုင်းကလည်း လေရတယ်။ ယောက်ျားတွေဆိုရင် အပေါ်ပိုင်း ရင်ဘတ်ဟောင်းလောင်းတောင် နေကြတယ်။ အဲဒါ ငါတို့ ရာသီ ဥတု အခြေ အနေပဲလေ။

မေး။ ။ လျှပ်စစ်နဲ့မောင်းတဲ့ကားတို့၊ ခရီးသွားစစ်စတန်တစ်ခုလုံး ဘက် ထရီ နဲ့မောင်းတဲ့ပုံစံအထိ ရောက်နိုင်အောင်ကော ဘယ်လိုရှိမလဲ။ စင်ကာပူရဲ့ ရာသီဥတုကို ပိုကောင်းလာစေနိုင်မလား။

ဖြေ။ ။ ဒါက လုပ်ကို လုပ်ကြရမှာ။ အခု ဓာတ်ဆီနဲ့ ဘက်ထရီပေါင်း စပ်မောင်းနှင်တဲ့စနစ်ကို စတင်နေကြပြီ။ အီလက်ထရစ်ကားဖြစ်နိုင်ဖို့အတွက် ကုမ္ပဏီကြီးတွေက R & D(Research and Development) ကို အလေး အနက်ထား လုပ်နေကြတယ်။ သူတို့ကားတွေက ဓာတ်ဆီ၊ ဒီဇယ်နဲ့မောင်းတဲ့ ကားတွေလိုပဲ ကောင်းတယ်။ ပြဿနာက ဘက်ထရီက ဘယ်လောက်ကြာ ကြာခံပြီး ဘယ်လောက်မြန်မြန် အားပြန်သွင်းလို့ရမလဲဆိုတာပဲ။ ဘတ်(စ်) ကားတွေရော ဂက်(စ်) ကိုသုံးပြီး မောင်းလို့ရတယ်။ ဒါကို တို့ဆက်လေ့လာ မှာ။

မေး။ ။ ဆိုလာပြားတွေရော ဘယ်လိုနေမလဲ။ စင်ကာပူလို အပူ ပိုင်းမြို့မှာ ဆိုလာပြားတွေ အလုပ်ဖြစ်မယ်လို့ ထင်သလား။

ဖြေ။ ။ ၁၉၉၂- ခုကတည်းက ပြင်သစ်ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ တို တယ်(Total) မှာ အကြံပေးအနေနဲ့ ရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၇- နှစ်သက်တမ်း တစ်လျှောက်လုံး ရေနံ၊ ကျောက်မီးသွေး၊ နူကလီးယား စွမ်းအင်ကိုသုံး လိုက် ရင် ဖရီကွန်စီကိုပြတဲ့ဇယားက ဒီလို(သူ့လက်ကို အပေါ်မြှောက်ပြ တယ်) ဖြစ် ပြီလေ။ ဆိုလာ၊ ဒီရေစတာတွေကို အစားထိုးပြီးသုံးလိုက်ရင် သူတို့ဖရီကွန်စီပြဇယားက ဒီလို(သူ့လက်ကို အောက် ချပြတယ်) ဖြစ်သွား မယ်။

ဆိုလာပြားတွေနဲ့ပတ်သက်လို့ ဂျာမန်တွေတော့ သုတေသန လုပ်နေကြ တယ်။ ဆာဟာရ သဲကန္တာရက နေကိုတနှစ်ပတ်လုံးရရင် ဥရောပမှာ လိုအပ် တဲ့စွမ်းအင် အကုန်ထုတ်ပေးနိုင်မယ်လို့ ဆိုကြတယ်။ ဒါပေမယ့် (ရယ်လျှက်) ဒီအတွက် ကုန်ကျငွေက ဘယ်လောက်ရှိသွားမလဲ။ သဲမုန်တိုင်းတွေ ကျလာ ပါပြီတဲ့။ ဆိုလာပြားတွေ အာလုံး သဲအောက်ရောက်ကုန်မှာ။ အဲဒီ ဆိုလြာ ပားတွေကို ဘယ်သူက ပြန်ဖော်မှာတုန်း။

ငါတို့ အဆောက်အဦတွေအားလုံးရဲ့ အမိုးပေါ်မှာ ဆိုလာပြားတွေ တပ်ဆင် ထားမယ်ဆိုရင်တော့ လျှပ်စစ်သိုလှောင်ရုံနဲ့ သိုလှောင်ထားပြီးတော့ မီး အိမ်တွေအတွက်၊ ရေနွေးကြိုချက်ဖို့အတွက် တို့သုံးလို့ရမှာပေါ့။ ဒါပေမယ့် မိုးရွာတဲ့နေ့၊ တိမ်အုပ်တဲ့နေ့တွေမှာ စွမ်းအင်အလုံအလောက် မရနိုင်ပြန်ဘူး။

ဒါက ဖြစ်တော့ ဖြစ်လာမှာပါ။ အခု တရုတ်တွေလုပ်တဲ့ ဆိုလာပြားတွေက ပိုကောင်းပြီး ဈေးလည်း ပိုသက်သာတယ်။ လေနဲ့လည်တဲ့ ပန်ကာတွေလည်း ရှိနေပြီ။

ဆက်ရန်


 ဇင်ဝေသော်

ရှင်းသန့်စိမ်းလဲ့ကျွန်း (၉း ၂) Hard Truths.( Chap 9,Singapore Greening) လီကွမ်းယု။


မေး။ ။ စီးပွါးရေးတိုးတက်အောင် စဉ်းစားရ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေး ကိုလည်း စဉ်းစားရနဲ့ ဒီ စဉ်းစားစရာနှစ်ခုကြောင့် အလုပ်မဖြစ်ခဲ့တဲ့ စီးပွါးရေးေ တွရှိခဲ့ဖူးသလား။

ဖြေ။ ။ ငါတို့ အမှားတစ်ခုက တန်ဂျွန်ပါဂါဆိပ်ကမ်းဘေးမှာ ဓာတ်ငွေ့ သန့်စင်စက်ရုံ တည်ဆောက်ခွင့်ပြုခဲ့တာပဲ။ ငါက သဘောမတူခဲ့ဘူး။ ဒါပေ မယ့် တို့မှာ အရင်းအနှီးလည်း မလုံလောက်ဘူး။ ဂျပန်ကုမ္ပဏီတစ်ခု (Maruzen Toyo Oil Company) က ဆိပ်ကမ်းဘေးမှာ နေရာပေးရင် စက် ရုံဆောက်ပေးမယ်လို့ပြောတယ်။ ဂိုကိန်ဆွီး (Goh Keng Swee) က ဒါကို လက်ခံဖို့ ငါ့ကိုတိုက်တွန်းတယ်။ ငါ့သုံးသပ်ချက်နဲ့ဆိုရင် မလုပ်ဖြစ်လောက် ဘူး။ သူပြောတာက တို့မှာ အရင်းအနှီးလိုတယ်။ ပြီးတော့ စင်ကာပူက ဂျပန်တွေကိုလည်း ကြိုဆိုတယ်ဆိုတဲ့အချက် ဂျပန်တွေကို အသိပေးထားဖို့ လိုတယ်လို့ ပြောတယ်။ ဟုတ်ပြီ၊ ဒါဆို လက်ခံရအောင်လို့ ငါပြောလိုက် တယ်။ နှစ်ပေါင်း ၃၀- စာချုပ်။ နှစ်သုံးဆယ်ပြည့်တော့မှ BP ( အပြည်ပြည် ဆိုင်ရာ ရေနံကုမ္ပဏီ) ကို လွဲပြောင်းပေးလိုက်တယ်။

မေး။ ။ လူတွေပြောနေကြတာက စင်ကာပူက ရေနံဓာတ်ငွေ့စက်ရုံတွေ ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်လွှတ်နေတော့ စင်ကာပူ အခု ကျင့် သုံးနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချရေး ပရိုတိုကောအတွက် အဟန့်အ တားတစ်ခု ဖြစ်နေတယ်တဲ့။ စင်ကာပူဟာ လက်ရှိဓာတ်ငွေ့စက်ရုံတွေကို ရပ် ပစ်သင့်တယ်လို့ ထင်ပါသလား။

ဖြေ။ ။ စင်ကာပူရဲ့ ကာဗွန်ထုတ်လွှတ်မှုပမာဏက ကမ္ဘာ့ကာဗွန်ထုတ် လွှတ်မှုပမာဏရဲ့ ၀.၂ ရာနှုံးပဲရှိတာပါ။ ဓာတ်ငွေ့သန့်စင်စက်ရုံတွေက တို့ အတွက်မဟုတ်ဘူး။ အားလုံးထဲမှာ တို့အတွက်က ၅- ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်တာတွေက အိတ်(စ်)ပို့အတွက်ပဲ။ အထူးသဖြင့် အရှေ့အာ ရှနိုင်ငံတွေကို ပို့တာ။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေက လုံခြုံရေးအ တွက် စိတ်ချရလို့ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံကြတာ။ အချောထုတ်ပြီးသားတွေ ကို ဒေသတွင်းက နိုင်ငံအားလုံးကို ဖြန့်တယ်။ မြောက်ဘက်ဆိုရင် အလာစ ကား၊ တောင်ဖက်ဆိုရင် နယူးဇီလန်တို့အထိရောက်တယ်။

ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာအစိုးရတွေရဲ့ ဆွေးနွေးပွဲမှာ ရာသီဥ တုပြောင်းလဲမှုနဲ့ ပတ်သက်လို့ ငါပြောခဲ့တယ်။ ဒါတွေကိုလည်း ကြည့်ဖို့လို တယ်ဆိုတာ ထောက်ပြတာပါ။ လေထုညစ်ညမ်းမှုနဲ့ပတ်သက်လို့တရုတ်ပြည်ကို ဝေဖန်အပြစ်တင်ကြတော့ တရုတ်ပြည်က ဒီစက်ရုံတွေက ထုတ်တဲ့ ပစ္စည်းတွေအားလုံးကို အနောက်ချည်းပဲပို့တာ။ အနောက်ကသာ ဒီ စက် ရုံတွေကို တရုတ်ပြည်ထဲလာပြီး တည်ဆောက်ထားတာလို့ ပြန်ပြောတဲ့ အကြောင်း ငါက ပြောခဲ့တာ။

ဒါပေမယ့် တရုတ်တွေက ကျောက်မီးသွေးကို သုံးတာ။ တို့က ဓာတ်ငွေ့ကို သုံးတာ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တတ်နိုင်သရွေ့တော့ ငါတို့က ကာ ကွယ်တယ်။
ငါတို့ဆီမှာ ကာတာနဲ့ အခြားနိုင်ငံတွေက ဝယ်ယူထားတဲ့ ဓာတ်ငွေ့ သိုလှောင် ရုံတွေကတော့ LNG မြေအောက်လှိုဏ်ထဲမှာ ရှိတယ်။ ဒါကလည်း မလုပ်လို့ မရဘူးလေ။ မလေးရှားနဲ့ အင်ဒိုနီးရှားက ရေနံနဲ့ဓာတ်ငွေ့ ရောင်းဝယ်ရေး စာ ချုပ်ကို ဖောက်ဖျက်ချင် ဖောက်ဖျက်လာမှာ။ သူတို့က တို့ထက် ဓာတ်ငွေ့ လို တယ်။
ဒါမမဟုတ် တို့ထက်ဈေးပိုပေးတဲ့ နိုင်ငံတွေကိုလည်း ရောင်းပစ် ချင် ရောင်း ပစ်လိုက်မှာ။
အခုတော့ တို့မှာ အခက်တွေ့စရာ မရှိတော့ဘူး။ အခြေအနေကိုကြည့်ပြီး သဟဇာတဖြစ်အောင်တော့ နေတတ်မှရမယ်။ ကမ္ဘာမှာ ဘယ်အရာမှ တသ မတ်တည်းမရှိဘူး။

မေး။ ။ ကမ္ဘာ့ ရာသီဥတု အပြောင်းအလဲနဲ့ပတ်သက်လို့ “အူမတောင့်မှ သီလစောင့်” ဆိုတဲ့ စကားမျိုးပြောခဲ့ဖူးတယ်။ အဲဒါ ဘာကို အဓိက ရည်ရွယ် တာလဲ။

ဖြေ။ ။ ဒီပြဿနာက သြစတေးလျတောင်ပိုင်းမှာ စ ကြုံနေရပြီ။ မြောက် ပိုင်းမှာ မိုးတွေပိုများလာနေပြီ။ ဒီအတိုင်းဆက်သွားနေရင် တို့အတွက်လည်း မကောင်းဘူး။ ဒီမှာလည်း မိုးတွေပိုများလာတော့မယ်။ ဒါပေမယ့် ဒါက အဆုံး သတ်ပြီး ဦးတည်ရာလည်းပြောင်းသွားနိုင်တယ်။ ဒါဆို တို့ဆီမှာ EL Nino (အယ်နီညို) တွေ ပိုများလာပြီး မိုးနည်းသွားတာလည်း ဖြစ်နိုင်ပြန်ရော။ အဲဒါကမှ တကယ့်ပြဿနာ။
တို့က အနေအထားကြည့်ပြီး အဆင်ပြေအောင် ပြင်ဆင်ထားရမှာ။ စင်ကာပူ မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင် ဘူး။ လတ်တလောအနေအထားအရ ဒီမှာ ပိုပြီးစိုစွတ်လာတယ်။ သြစတေး လျတောင်ပိုင်းမှာ ပိုပြီးချောက်သွေ့လာတယ်။ မြောက်ပိုင်းမှာ ပိုပြီးစိုစွတ်လာ တယ်။ ဒါကြောင့် မြောက်ပိုင်းကနေ တောင်ပိုင်းကို ရေပိုက်တွေနဲ့ ရေပြန်ပို့ပေးနေရတယ်။ ဒါပေမယ့် သူတို့မှာက ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ယူရေနီယံ သယံဇာတတွေက အလျံပယ်ရှိနေတာ။ ပြီးတော့ ရေကိုလည်း ပြန်လည်သန့်စင်ယူပြီး ပြန်သုံးလို့ရအောင် တို့လိုပဲ လုပ်နေကြတယ်။
(စင်ကာပူက သူတို့လို သယံဇာတမရှိတော့ တချို့ပတ်ဝန်းကျင်ထိန်သိမ်းရေး နဲ့ဆိုင်တဲ့ ဥပဒေတွေကို မလိုက်နာနိုင်ဘူး)

မေး။ ။ပတ်ဝန်းကျင်ထိန်သိမ်းရေးကို အကြီးအကျယ် ဆော်သြနေတဲ့ အယ်လဂိုး (AL Gore) လို ပုဂ္ဂိုလ်တွေရဲ့ စည်းရုံးရေးကို နားထောင်လိုက်မိ တာမျိုး ရှိသလား။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတော့ လိုကို လိုအပ်နေပြီ ဆိုတဲ့ သက်သေသာဓက တစ်ခုခုများ တွေ့မိလို့လား။

ဖြေ။ ။ ငါ့သဘောအတိုင်း ပြောရရင်တော့ တစ်ချို့ဆို အမှန်တကယ် လိုအပ်နေပေမယ့် ရွေးကောက်ပွဲမှာ မဲတွေရှုံးမှာဆိုရိမ်တော့ အစိုးရတွေက မလိုက်နာနိုင်ကြပါဘူး။ ပြောင်းလဲလာတဲ့ ကမ္ဘာ့ရာသီဥတုနဲ့အညီ အဆင်ြေ ပအောင် နေနိုင်ဖို့ပဲ ကြိုးစားကြရမှာပါ။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချဖို့ အမေရိကန်တွေက ကျောက်မီးသွေး သုံးတာရပ်ဖို့ တရုတ်ကိုအဆိုပြုတယ်။ ဒီတော့ တရုတ်က ပြန်ပြောတယ်။ “ဒီနှစ်တွေအတွင်းမှာ တကယ်တန်း ညစ်ညူးစေတာက ခင်ဗျားတို့” တဲ့ ။

အခု တရုတ်နဲ့ အိန္ဒိယက ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချဖို့ အမေရိကန်တွေ ဆီက တောင်းဆိုဖို့ ညှိနှိုင်းကြတယ်။ ၁၉၉၀- ခုနှစ်ကရှိခဲ့တဲ့ ၄၀ ရာခိုင်နှုံးအ ထိ လျော့ချဖို့ပေါ့။ ဒါပေမယ့် အမေရိကန်ကွန်ဂရက်က လေးရာနှုံးပဲလျော့ချဖို့ ဆုံးဖြတ်လိုက်ကြတယ်မဟုတ်လား။ ဒီတော့ တရုတ်ကလည်း သူတို့တောင်း ဆိုတာအတွက် တုန်လှုပ်နေမှာ မဟုတ်ဘူး။ ကမ္ဘာမြေပူနွေးလာမှုရဲ့ အဓိက တရားခံက တရုတ်မှမဟုတ်ပဲ၊ အမေရိကပဲ ဥစ္စာ။
(ဆက်ရန်)




ဇင်ဝေသော်

ရှင်းသန့်စိမ်းလဲ့ကျွန်း (၉း ၁)


Hard Truths.( Chap 9,Singapore Greening) လီကွမ်းယု။

ဒီအခန်းမှာ စင်္ကာပူရဲ့ မြို့ပြတည်ဆောက်မှု ခေတ်ဦး၊ စက်မှုစီးပွားရေး ခေတ် ဦး ကောက်ကြောင်းတချို့ကို သိနိုင်သလို "ငါနဲ့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို (ဟောင်းနွမ်းနေပေမယ့် ) ဘာလို့ လွှင့်ပစ်ရမှာလဲ၊ ဘယ်သူ အထင်ကြီးအောင်မှ ဝတ်ကောင်းစားလှ ဝတ်ပြနေစရာ မလိုပါဘူး" ဆိုတဲ့ စကားတွေဟာ ခေါင်းစုတ်ဖွား၊ အဝတ်အစားဖရိုဖရဲနဲ့ ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံ တ ချို့ကို အမှတ်ရစေမှာ အမှန်ပါ။ ကျန်တာတွေ နောက်ထား ဒီအချက်ကတော့ သူတို့ ကွက်တိတူကြတယ်။


မေး။ ။ အစောပိုင်းနှစ်တွေကတည်းက စင်ကာပူရဲ့ဖွံ့ဖြိုးမှုအတွက် သန့် ရှင်းရမယ်။ စိမ်းလန်းရမယ်လို့ မစ္စတာလီကြွေးကြော်ခဲ့တယ်နော်။ဘာကြောင့် များ ဒီလိုကြွေးကြော်ရတာလဲ။

ဖြေ။ ။ တို့မြို့က ကျွန်းသေးသေးလေးပေါ်ကမြို့လေ။ ရွေးကောက် တင်မြှောက်ခံရတဲ့ အစိုးရတွေဟာ တစ်ချို့နေရာတွေကို သန့်ရှင်းအောင် လုပ်မပေးနိုင်ခဲ့ဘူး။ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက တစ်ချို့နေ
ရာတွေကို လစ်လျူရှုထားခဲ့တာ။ ပြန့်ကျဲနေတဲ့တဲပေါက်စတွေ၊ မလေးရွာတွေ ၊ ရေမြောင်းမရှိ၊ မြေအောက်ရေပိုက်လိုင်းတွေမရှိ၊ အိမ်သာမရှိ၊ ရေတွေက လည်း လျှံနေတာပဲ။ ဟိုတုန်းက ယုံကြည်ခဲ့သလို အခုလည်းယုံကြည်တယ်။ တစ်ကယ်လို့ တစ်ကျွန်းလုံးအနေနဲ့ သန့်ရှင်းစိမ်းလန်းအောင် လုပ်မပေးနိုင် ဘူးဆိုရင် စင်ကာပူမှာ လူတန်းစားနှစ်ရပ် ကွဲနေလိမ့်မယ်။ အထက်တန်းလွှာကလူတွေ၊ လူလတ်တန်းစားတွေနဲ့ လူလတ်တန်းစားထဲက အဆင့်မြင့်အလွှာကလူတွေက တစ်မျိုး၊ အောက်ခြေအလုပ်သမား လူတန်း စားတွေက တစ်မျိုးဖြစ်နေလိမ့်မယ်။ အထက်တန်းလွှာက အထက်တန်းစား ပတ်ဝန်းကျင်မှာနေပြီး အောက်တန်းလွှာက ချို့ချို့တဲ့တဲ့၊ ညစ်ညစ် ပတ် ပတ်နေကြရမယ်။

အဲသလိုမြို့တွေဟာ စိတ်လှုပ်ရှားစရာမကောင်းဘူး။ တို့မှာ စစ်မှုထမ်းတာဝန် က မထမ်းမနေရ။ သူတို့ရဲ့ ကလေးတွေ အိမ်ကောင်းကောင်းနဲ့နေတဲ့ သူဌေးေ တွကို ကာကွယ်ရင်း အသက်ပေးဖို့ ဘယ်သူမှ ဆန္ဒမရှိဘူး။ ဒီတော့ တစ် ကျွန်းလုံးကို သန့်နေရမယ်။ စိမ်းနေရမယ်။ လူတိုင်းအိမ်ပိုင်ဆိုင်မှု ရှိနေရမယ်။ အဲဒါ အရင်ဆုံး ငါရေးဆွဲခဲ့တဲ့ အခြေခံကောက်ချက်နဲ့ မူဝါဒပဲ။ အဲဒါ အလုပ်ဖြ စ်သွားတယ်။

ဒီကိစ္စက အရေးတကြီးလုပ်ဆောင်ရမယ့် စာရင်းထဲမှာပါတယ်။ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးကလွဲရင် ဒီကိစ္စက အရေးအကြီးဆုံးပဲ။ ငါတို့ လူ့အဖွဲ့အစည်းမှာ တစ်ညီတစ်ညွတ်တည်းဆိုတဲ့ ခံစားမှုမျိုးရှိနေရမယ်။ တစ်ကျွန်းလုံး ဒီလို သန့် ရှင်းစိမ်းလန်း အောင် လုပ်မပေးပဲနဲ့ ဒီလိုခံစားမှုက မရနိုင်ဘူး။ ဒီနေ့ဆိုရင် မင်းက နှစ်ခန်း၊ သုံးခန်း၊ လေးခန်း ဒါမှမဟုတ် ငါးခန်း HDB မှာနေ တာ ပဲဖြစ်ဖြစ်၊ ကွန်ဒိုမှာနေတာပဲဖြစ်ဖြစ်၊ မြေစိုက်အိမ်တွေမှာ နေတာပဲဖြစ်ဖြစ် အားလုံးဟာသန့်ရှင်းနေတာပဲ။ အားလုံးတန်းတူ မဟုတ်စေဦးတော့ ပြည်သူ ပိုင်နေရာတွေမှာ အားလုံးဟာ ညီတူအခွင့်အရေးရကြတယ်။

မေး။ ။ အဲဒီအချိန်တုန်းက စင်ကာပူက စက်မှုနိုင်ငံအဖြစ် အားထုတ်နေ ရတုန်းပဲ။ တစ်ချို့စက်ရုံတွေက လေထုကိုညစ်ညူးစေတယ် မဟုတ်လား။ ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြား ဟန်ချက်ညီအောင် ဘယ်လို ထိန်းသိမ်းခဲ့ရသလဲ။ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှာကို စိုးရိမ်ရတဲ့အတွက် တချို့ပရောဂျက်တွေ နှေးကွေးခဲ့တာတွေ ကြုံခဲ့ရသလား။

ဖြေ။ ။ တတ်နိုင်သ၍ လေထုညစ်ညမ်းမှုမဖြစ်အောင်တော့ စဉ်းစားကြ ပါတယ်။ ဂျူရောင်းမှာ ရေနံဓာတ်ငွေ့ သန့်စင်စက်ရုံရယ်၊ ရေနံဓာတ်ငွေ့စက်ရုံ ရယ် စတင်တည်ဆောက်ခဲ့ကြတယ်။ ဆူမီတိုမိုကုမ္ပဏီနဲ့ပေါ့(Sumitomo)။ သူတို့က ဂျပန်စတန်းဒတ်ကို သုံးချင်တာ။ အဲဒီမှာ အကြီးအကျယ် အငြင်းပွါး ခဲ့ရတယ်။ ငါတို့က ဂျာမဏီစတန်းဒတ် သုံးစေချင်တာ။ ဂျာမဏီစတန်းဒတ်က ဥရောပမှာ ထိပ်တန်းပဲလေ။

ထိုင်ဝမ်က Kaohsiung ဂေါက်ကွင်းထဲမှာ ဂေါက်ကစားတုန်းက ကြုံခဲ့ရဖူး တယ်။ စက်ရုံတွေက ဂေါက်ကွင်းနဲ့ တော်တော်ဝေးတယ်။ ဒါပေမယ့် ရေနံဓာငွေ့စက်ရုံတွေက ထွက်လာတဲ့အနံ့တွေကို ရနေတယ်။ ဂျာမန်ပစ္စည်းကို သုံးမယ်ဆိုရင်လည်း အကုန်အကျက အများကြီး တက်သွား မှာဆိုတော့ စကားတွေအတော် ပြောခဲ့ရတယ်။ တို့ကလည်း ဂျာမန်ပစ္စည်းကို သုံးချင်သုံး၊ မသုံးရင် လက်မခံနိုင်ဘူးလို့ ခပ်ပြတ်ပြတ်ပြောရတယ်။ လေထု ညစ်ညမ်းမှုကို လျော့ချဖို့လိုအပ်တဲ့ အခြားပစ္စည်းတွေထည့်ဖို့ တို့ဖက်က အလုပ်လုပ်ခွင့် ပေးဆောင်စရာတွေတစ်ချို့ကို လျော့ချပေးမယ်လို့ ပြောရတယ်။ ပစ္စည်းဈေးကျခိုက်မှာ သူတို့လည်း ဝယ်တပ်ဆင်လိုက်တယ်။ အခု Jurong County Club ကပဲဖြစ်ဖြစ်၊ Raffles County Club ကပဲဖြစ်ဖြစ် အနံ့အသက် မရတော့ဘူး။ တို့ကသာ သူတို့သဘောအတိုင်း ခွင့်ပြုခဲ့ရင် အခြေအနေတော်တော် ဆိုးသွားနိုင်တယ်။

ဂျာမန်တွေရဲ့ စတန်းဒတ်အမြင့်ဆုံးဆိုတာက သူတို့ဓာတ်ငွေ့စက်ရုံတွေက မြို့တွေအနားမှာ တည်ဆောက်ထားလို့။ အမေရိကန်တွေရဲ့ စတန်းဒတ်က အရင်က အညံ့ဆုံးပဲ။ သူတို့မှာက Houston လိုနေရာမှာ နေရာအလွတ်တွေ အကျယ်ကြီးရှိတာ။ အဲဒီနေရာအနီးအနားမှာ အိမ်တွေဘာတွေ ဆောက် လာတော့မှ သူတို့က စတန်းဒတ်ကို မြှင့်လာတာ။ တို့ကျတော့ ဒီကျွန်းလေးပဲ ရှိတယ်။ ဒီကျွန်းလေးကို ဖျက်ဆီးမိရင် ပျက်နေတဲ့ကျွန်းလေးပဲ ပိုင်ဆိုင်တော့ မှာ။

မေး။ ။ သန့်ရှင်းစိမ်းလန်းရေး အစီအစဉ်အရ နှစ်တွေအလိုက် ဘယ် လိုပြောင်းလဲရမယ်ဆိုတဲ့ အတွေးမျိုးရှိခဲ့သလား။

ဖြေ။ ။ အားလုံးပြောင်းလဲပေးနေရတယ်။ ကမ္ဘာ့အဆင့်မီနေအောင် အမြဲ တမ်းလိုက်နေရတယ်။ ကမ္ဘာ့ပထမဆုံး အိုအေစစ်ဖြစ်ချင်ရင် အနေ အထားေ တွ အားလုံး ပထမတန်းစားတွေ ဖြစ်နေရမယ်။ ပတ်ဝန်းကျင်မှရယ် မဟုတ် ဘူး။ သုံးစွဲတဲ့ပစ္စည်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်တွေ၊ လုပ်ငန်းဆောင်တာတွေ၊ ဆက်သွယ်ရေး လုံခြုံရေးစတာတွေလည်း ပထမ တန်းပဲဖြစ်ရမယ်။ သူ့ခေတ်နဲ့သူကတော့ ကမ္ဘာမှာအကောင်းဆုံးအဆင့် ရှိတာတွေချည်းပဲသုံးတယ်။ ဒါဆို ကိုယ်လည်း ကမ္ဘာထဲ ဝင်ပြိုင်လို့ရသွားပြီ။

တို့ကို အသက်မဝင်တဲ့ “အမြုံ” ကျွန်းလို့ခေါ်ကြတယ်။ ဒါပေမယ့် လုံခြုံတယ် ။ လေထု မညစ်ညမ်းဘူး။ တို့က အခြေခံကစပြီး ကြိုးစားတာ။ အခြေခံ အချက်တွေရှိပြီဆိုတော့ အခု “Buzz” တွေဆီ သွားလို့ရပြီ။ စင်ကာပူမြစ် တစ်လျှောက်၊ မရီနာဘေးတစ်လျှောက် ညလုံးပေါက် အရက်သောက်လို့ ရပြီ။ နိုက်ကလပ် တက်မလား၊ ကာရာအိုကေ ဆိုမလား။ ကြိုက်ရာလုပ်လို့ ရပြီ။ ကာစီနိုတွေကတော့ ပြဿနာသယ်လာနိုင်စရာရှိတယ်။

ဝမ်ကန်စိန် (ပြည်ထဲရေးဝန်ကြီး ၁၉၉၄- ၂၀၁၀) နဲ့ ရဲဖက်အရာရှိတွေ သေေ သချာချာ တွက်ချက်ကြတယ်။ မူးယစ်ဆေးဝါး၊ ငွေဖြူငွေမဲ လဲလှယ်မှု နဲ့ ပြည့် တန် ဆာကိစ္စကို သူတို့ ထိန်းချုပ်နိုင်တယ်။ သူတို့ အာမမခံနိုင်တာ က လောင်းကစားအကျင့် စွဲသွားမှာကိုပဲလို့ ပြောကြတယ်။ ဒါကို ကာကွယ်ဖို့ အစီအစဉ်တွေ ဆွဲရတာပေါ့။
ကာစီနိုတွေမရှိဘူးဆိုရင် အသုံးအစွဲကြီးတဲ့ နိုင်ငံခြားက သူဋ္ဌေးတွေ ဒီကိုေ ရာက် လာကြမှာ မဟုတ်ဘူး။ ပြီးတော့ ဖော်မြူလာ ဝမ်း။ ၁၉၇၀ ခုနှစ်တွေ တုန်းကဆိုရင်တော့ ကားပြိုင်ပွဲတွေ လက်ခံတာ မကောင်းဘူးပေါ့။ သူတို့ကြောင့် ငါတို့လူတွေက ပိုပြီး ကားမောင်းကြမ်းလာစရာ ရှိတာကိုး။ F 1 ဘယ်လောက် တိုးတက်လာသလဲဆိုတာ ကြည့်လိုက်တော့။ ဂျက်(စက်) တပ်ဆင်တဲ့အဖွဲ့တွေ တစ်ဖွဲ့လုံးလာကြတာ။ သူတို့ကို ဘဏ်တွေက စပွန် ဆာပေးထားကြတာ။ ကားပြိုင်ပွဲမလုပ်ရင် အဲဒီအခွင့်အရေးတွေ လွတ်ကုန် မှာပဲ။
ဒါကြောင့် ငါလည်း စိတ်ပြောင်းသွားတယ်။ သူတို့အတွက် ကားလမ်း သီး သန့်တော့ ခင်းမပေးနိုင်ဘူး။ ကားလမ်းဘေးတွေမှာ အကာအရံတွေထားပြီး ဒီလမ်းတွေပေါ်မှာပဲ ပြိုင်မယ်လို့ ပြောခဲ့တယ်။ မိုနာကိုမှာလည်း အဲသလိုပဲ ပြိုင်တာ အောင်မြင်တယ်။

(ဆက်ရန်)


 ဇင်ဝေသော်

ရွက်ကြမ်းရေကျို အဘိုး မဟုတ် (၄ )

"ချာချီကလည်း Gaulle လိုပဲ။ သူ့မိန့်ခွန်းကို သူကိုယ်တိုင် စီစဉ် ပြီး ပြောတာ။ ဒါ့ကြောင့် သူ့မိန့်ခွန်းတွေက ရင်ထဲကအထိ လှိုက်ပြီး ဝင်သွား တာ၊ ရင်ထဲက အသံကိုးကွ။ စာရေးဆရာတွေ ရေးပေးတဲ့ မိန့်ခွန်းအချော စားတွေမှ မဟုတ် တာ။" (လီကွမ်းယု)

မေး ။ ။ ဒါဆို မစ္စတာလီက ဘာဖြစ်ချင်တာလဲ။
ဖြေ ။ ။ ရှေ့နေပဲ ဖြစ်ချင်တာ။

မေး ။ ။ ရွေးချယ်ခဲ့တာ မဟုတ်ဘူးဆိုရင် ဘယ်လိုဖြစ်ပြီး နိုင်ငံရေးလောကထဲမှာ ရှိနေရတာလဲ။

ဖြေ ။ ။ ငါတို့ နိုင်ငံရေးထဲ မဝင်ခဲ့ရင် ဒီနိုင်ငံရေးကို ဘယ်သူက ဦးဆောင် မှာလဲ။ ငါတို့ ရထားတဲ့ ဥပဒေဘွဲ့တွေကရော ဘယ်မှာသွား အသုံးချမှာလဲ။ ငါ့မိတ်ဆွေ Eddie Barker ကို ငါပြောခဲ့တာ ဒီစကားတွေပဲ။ “အက်ဒီ … မင်းသာ ရွေးကောက်ပွဲ ဝင်မပြိုင်ရင် မင်းအစား ကွန်မြူနစ်တွေ ဝင်လာမယ်။ ကွန်မြူနစ်ဝင်လာရင် မင်းဥပဒေတွေက ဘာအသုံးကျတော့မှာလဲ” လို့။ အထပ်ထပ် စဉ်းစားပြီးမှ ငါနဲ့ပေါင်းဖို့ သူ ဆုံးဖြတ်ခဲ့တာ။ နိုင်ငံလည်း တည် တည်ငြိမ်ငြိမ် ဖြစ်ရော ငါ့အိမ်ဝယ်ထားတဲ့ အကြွေးတွေ မပေးရသေးဘူး ဆိုပြီး နိုင်ငံရေးက ထွက်ပြီး ရှေ့နေလုပ် ပိုက်ဆံရှာတော့တယ်။ အဲ့ဒီနောက် ဝန်ကြီးလစာတွေ တိုးပေးဖို့ ငါ ဆုံးဖြတ်ခဲ့တာ။ မင်း ပြောတာက ငါက နိုင် ငံရေးသမား ဖြစ်ချင်ခဲ့တယ်တဲ့။ အဓိပ္ပါယ်မရှိလိုက်တာ။ ကဲ … နောက်မေးခွန်းမေး။

မေး ။ ။ အလေးစားရဆုံး နိုင်ငံရေးခေါင်းဆောင်များ ရှိသလား။

ဖြေ ။ ။ ရှိတယ်။ De Gaulle (ဒီဂေါ)၊ တိန့်ရှောင်ဖိန်၊ ချာချီ။ De Gaulle က တကယ် ဉာဏ်သွားတဲ့ လူ။ ဆိုလိုတာက သူ့နိုင်ငံက သူများလက်အောက် မှာ၊ သူက ကြယ်တစ်ပွင့်ပဲ ရှိသေးတဲ့ ပြင်သစ်ဗိုလ်လေး။ ဗြိတိသျှနဲ့ အမေရိ ကန်တို့က သူ့ကို ထောက်ခံတယ်။ ဒါပေမဲ့ သူ့မူနဲ့သူ နေတာပဲ။ သူ့ကို ကြည့် တယ်။ ပြင်သစ်စကားကို နားမလည်ပေမဲ့ သူပြောတဲ့ စကားတွေကို ခံစားလို့ ရတယ်။ ပြီးတော့ သူ့ရဲ့ အတ္ထုပ္ပတ္တိကိုလည်း ဖတ်ဖူးတယ်။
(Charles De Gaulle ဟာ ၁၉၅၉ ကနေ ၁၉၆၉ ခုအထိ ပြင်သစ်နိုင်ငံရဲ့ သမ္မတပါ။ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်ကို နာဇီတွေ လက်ကနေ လွတ်မြောက်အောင် တော်လှန်ခဲ့တဲ့ လွတ်လပ်သော ပြင်သစ်တပ်မတော် (Free French Force) ရဲ့ ခေါင်းဆောင်တစ်ယောက်။)

ဗြိတိသျှနဲ့ အမေရိကန်တို့က မြောက်အာဖရိကကို ထပ်ပြီး သိမ်းပိုက်တော့ အယ်ဂျီးရီးယားကို သူ သွားခဲ့တယ်။ အဲ့ဒီမှာ ကြယ်လေးပွင့် အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကို တွေ့ပြီး သူ့ကို ဒီလို ပြောခဲ့တယ်။

“Giraud … ခင်ဗျာဟာ ပြင်သစ်ရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ပါ။ အမေရိကန် စစ်သားတွေက ဘာအတွက် အပြင်ကနေ ခင်ဗျားကို စောင့်ရှောက်ပေးနေ ရတာလဲ” တဲ့။
(Giraud ဆိုတာကလည်း ဒုတိယကမ္ဘာစစ်အတွင်းက Gaulle နဲ့အတူ ပြင် သစ် အမျိုးသားလွတ်မြောက်ရေးကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် ထမ်းဆောင် ခဲ့သူပါ (The French Committee of National Liberation)

သူက စိတ်ဓာတ် အတော်မာတဲ့လူ။ အမေရိကန်တွေ၊ ဗြိတိသျှတွေက ပဲရစ် ကို စစ်ချီတော့မယ် ဆိုတော့
“ခင်ဗျား မသွားနဲ့။ ပြင်သစ်ကို ကျွန်တော်ကိုယ်တိုင် စစ်ချီမယ်” လို့ ပြောခဲ့တာ။ သတ္တိရော ဗျတ္တိရော ပြည့်စုံတဲ့ လူပဲ။

တိန့်ရှောင်ဖိန်ကတော့ ဆိုဗီယက်ပြည်ထောင်စုလိုပြိုကဲသွားမလောက် ဖြ စ်နေတဲ့ တရုတ်ပြည်ကြီးကို ဒီနေ့ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး စီးပွားရေး အချက်အချာ နေရာကြီးတစ်ခု ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။

ချာချီကတော့ သူများတွေ လက်မြှောက်ရမယ့် အနေအထားမှာ လက် မမြှောက်ခဲ့တဲ့လူ။ သူ့မိန်းခွန်း ပြောတာကို ရေဒီယိုမှာ နားထောင်ခဲ့ရတယ်။

“သဲသောင်ပြင်တွေပေါ်မှာ ဆက်တိုက်မယ်။ စစ်မြေပြင်မှာ ဆက်တိုက်မယ်။ လမ်းတွေပေါ်မှာ ဆက်တိုက်မယ်” တဲ့။

သူ့ကြည်းတပ်တစ်ဖွဲ့လုံးက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး Dunkirt ကနေ သင်္ဘော နဲ့ ပြန်ထွက်ပြေးခဲ့ရချိန်မှာ ဒီလို စကားမျိုး ပြောနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဂျာမန်တွေကို တော်လှန်နိုင်ဖို့ တော်ရုံရဲရင့်မှုနဲ့ မရဘူး။ သူ့မှာ သတ္တိအပြည့် ရှိတယ်။ သတ္တိတစ်ခုတည်းနဲ့တော့ မအောင်မြင်နိုင်ဘူးပေါ့။ အခွင့်ကောင်းကို သူ စောင့်ခဲ့ရတယ်။
(ဝင်စတန် ချာချီက ၁၉၄၀ - ၁၉၄၅၊ ၁၉၅၁ - ၁၉၅၅ နှစ်တွေမှာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်ပါ။ လီ ကိုးကားခဲ့တဲ့ စကားတွေက ချာချီ ရွေးကောက်ပွဲနိုင်လို့ ဝန်ကြီးချုပ်ဖြစ်အပြီး ပြည်သူ့အဆောက်အဦးမှာ ၁၉၄၀ - ခုက ပြောခဲ့တဲ့ နာမည်ကြီး မိန့်ခွန်းထဲကနေ ထုတ်နှုတ်ထားတဲ့ စကားတွေပါ)

နောက်ဆုံး ဂျပန်တွေက ပုလဲဆိပ်ကမ်းကို ဝင်တိုက်တော့ ဂျာမန်တွေက လည်း အမေရိကန်တွေကို စစ်ကြေညာခဲ့တယ်။ သူလည်း အဲ့ဒီမှာ ဂျာမန်တွေ လက်က လွတ်သွားတယ်။

နောက် ခေါင်းဆောင်ကတော့ Chamberlain (ချိန်ဘာလိန်) ပေါ့။ သူ ပြောတဲ့ စကားတွေကလည်း ရဲရဲတောက်ပဲ။ (Neville Chamberlain က ၁၉၃၇ - ၁၉၄၀ ခုနှစ်မှာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်။ ဂျာမန်တွေရဲ့ လက်က လွတ်အောင်ဆိုပြီး ဟစ်တလာနဲ့ ငြိမ်းချမ်းရေး ယူထားသူပါ)

ဟစ်တလာက ကမ္ဘာကို ခွဲပြီး အုပ်ချုပ်ဖို့ သူ့ကို ကမ်းလှမ်းခဲ့သေးတယ်။ သူက “မလိုချင်ဘူး၊ မင်းက အာဏာရှင်၊ ငါ မင်းကို တိုက်မယ်” လို့ ပြောခဲ့တယ်။ သတ္တိကောင်းတဲ့လူပါပဲ။

မင်းက အမေရိကန်တွေကို မေးရင်တော့ သူတို့က ရူ့စဗဲ့(လ်)လို့ ပြောကြ မှာပေါ့။ ဒါပေမဲ့ ရူ့စဗဲ(လ်)က အာဏာရော ပါဝါရော ရှိတဲ့လူကွ။ တစ်ခါက ရူ့စဗဲ့(လ်)က Harrimam ကို ပြောတယ်။
(Averelle Harrimam က အမေရိကန်တွေရဲ့ ဥရောပဆိုင်ရာ အထူး သံတ မန်ပါ)

“ချာချီရဲ့ မိန့်ခွန်းတွေ နားထောင်လိုက်ရင် စိတ်ဓာတ် တက်ကြွစရာတွေ၊ မင်းတို့ မိန့်ခွန်းရေးတဲ့အဖွဲ့က ဒါမျိုးတွေ ဘာလို့ ရေးမပေးနိုင်တာလဲ” တဲ့။

ဟယ်ရီမန်က သူ့ကို ပြန်ပြောတယ်။

“ချာချီက သူ့ဆေးလိပ်ကို သူကိုယ်တိုင်လိပ်ပြီး သောက်တာ” တဲ့။ အဲဒါ ခြား နားချက်ပဲ။ ချာချီကလည်း Gaulle လိုပဲ။ သူ့မိန့်ခွန်းကို သူကိုယ်တိုင် စီစဉ် ပြီး ပြောတာ။ ဒါ့ကြောင့် သူ့မိန့်ခွန်းတွေက ရင်ထဲကအထိ လှိုက်ပြီး ဝင်သွား တာ၊ ရင်ထဲက အသံကိုးကွ။ စာရေးဆရာတွေ ရေးပေးတဲ့ မိန့်ခွန်းအချော စားတွေမှ မဟုတ်တာ။

မေး ။ ။ မစ္စတာလီ လေးစားတဲ့ ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ အကြောင်းကို ပြောခဲ့တယ်နော်။ မစ္စတာလီ ကိုယ်တိုင်ရော လူငယ် စင်္ကာ ပူရီယန်းတွေက အဲ့သလို အထင်တကြီး အမှတ်တရ ဖြစ်နေတာမျိုး မမျှော် လင့်ဘူးလား။

ဖြေ ။ ။ မလိုချင်ပါဘူး။ ပထမဆုံးအနေနဲ့ ငါ့ကိုယ်ငါ နိုင်ငံရေးခေါင်းဆောင် လို့ မသတ်မှတ်ဘူး။ ငါက စိတ်ဓာတ်မာတယ်။ ဇွဲမလျှော့ဘူး။ ခေါင်းမာမာနဲ့ လုပ်တတ်တယ်။ ဒါပဲ။ တစ်ခုခု လုပ်ရင်တော့ မရမချင်း ပေပြီး လုပ်နေတတ် တဲ့အကျင့် ရှိတယ်။ ငါ့ကို ငါမြင်တာကတော့ ဒါပဲ။
ကျန်တာတွေက အဓိပ္ပါယ်မရှိဘူး။ ကိုယ့်ကိုယ်ကို နိုင်ငံ့ခေါင်းဆောင်လို့ ကိုယ် ဘာသာ ထင်တဲ့လူတိုင်း စိတ်ရောဂါကု ဆရာဝန်နဲ့ ပြကြည့်သင့်တယ်။

ပြီး။ ။

 ဇင်ဝေသော်

ရွက်ကြမ်းရေကျို အဘိုး မဟုတ် (၂ )


မေး ။ ။ အချစ်ဆိုတာ မစ္စတာလီ ယုံသလား။ မြင်မြင်ချင်း ချစ်မိတဲ့အချစ် ဆိုတာမျိုးပေါ့။

ဖြေ ။ ။ မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့အချစ်ကို ငါ မယုံဘူး။ အဲ့ဒါ အကြီး အ ကျယ် အမှားလို့ ငါ ထင်တယ်။ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ရုပ်ရည်ရူပကာနဲ့ ဖမ်းစားတာ ခံလိုက်ရတာ၊ နောက်ပိုင်း နောင်တ ရလိမ့်မယ်။

မေး ။ ။ သေချာရဲ့လား။

ဖြေ ။ ။ သေချာတယ်။ ငါ့ဇနီးဆိုရင် ငါ သူ့ကို သိလာတာ အကြာကြီးပဲ။ ရပ် ဖဲ(လ်) ကောလိပ်မှာ ငါနဲ့ အတူ ကျောင်းတက်နေတော့ သူ့ကို လုံးဝ စိတ် မ ဝင်စားခဲ့ဘူး။ သိပ်ငယ်သေးတော့ ငါ့ကျောင်းစာနဲ့ငါ ပိနေတာလည်း ဖြစ် မှာပေါ့။ ဒါပေမဲ့ တစ်နေ့တော့ သူက ငါ့ကို စိတ်ဝင်စားတယ်လို့ ပြောတယ်။ အဲ့ဒါ စစ်အတွင်းမှာ။ ငါက Yong Nyuk ကို တွေ့ဖို့ စက်ဘီးနဲ့ သူ့အိမ် အသွား မှာ သူ့ကို တွေ့ခဲ့တာ။ အချိန်လည်း နည်းနည်းရှိတာနဲ့ သူ့ကို ပြောမိတယ်။ ဒီကောင်မလေးက မဆိုးဘူးပဲလို့။

အဲ့ဒီနောက် မိတ်ဆွေတွေ ဖြစ်လာကြတာ။ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ရင်းနှီး လာခဲ့ကြတယ်။ ဒီကိစ္စကို သေသေချာချာ ငါ စဉ်းစားတယ်။ မှန်ခဲ့တယ်လို့ ထင်တယ်။ အဲ့ဒီက စပြီး တစ်ယောက်အကြောင်း တစ်ယောက် နားလည်ဖို့ ကြိုးစားခဲ့ကြတာ။ အခုဆိုရင် ငါတို့ ဝါသနာကအစ အတူတူပဲ။

လူတွေ လက်ထပ်နှုန်း တိုးမြှင့်ဖို့ စည်းဝေးပွဲမှာ တော်တော် အတွေ့အကြုံများ တဲ့ အိန္ဒိယန်းရှေ့နေ တစ်ယောက်နဲ့ တွေ့တယ်။ သူ့နာမည်တော့ မေ့နေ တယ်ကွာ။ ဘွဲ့ရအမျိုးမျိုးတွေ အိမ်ထောင် မပြုကြတာနဲ့ ပတ်သက်လို့ ငါ မိန့် ခွန်းပြောခဲ့တယ်။ ၁၉၈၀ - ခုဆီကလို့ ထင်တာပဲ။ အဲ့ဒီရှေ့နေ ပြောတာ က တော်တော် မှတ်သားထိုက်တယ်။ အနောက်တိုင်းမှာ ကိုယ်ချစ်တဲ့ မိန်းမ ကို ယူတယ်ဆိုပြီး ခဏနေတော့ မချစ်တော့ဘူး။ အိန္ဒိယမှာတော့ ကိုယ် လက်ထပ်တဲ့ မိန်းမကို ကိုယ်ချစ်လိုက်ကြတာပဲ။ လက်မထပ်ခင်မှာ အဲ့ဒီ မိန်းကလေးက ဘယ်သူဆိုတာတောင် မသိကြဘူးတဲ့။ မဆိုးဘူးပဲကွ။

ဇယကုမာရ်ကလည်း သူလက်ထပ်ခဲ့တာလည်း အဲ့ဒီအတိုင်းပဲလို့ ပြောတယ်။ မိဘပေးစားလို့ ယူခဲ့ကြပေမဲ့ သူတို့ဘဝက ပျော်ပျော်ရွှင်ရွှင်ပဲ။ သူကရှေ့နေ၊ သူ့မိန်းမက ဒေါက်တာ။
သူတို့က ဂြိုလ်နင်းဂြိုလ်စီးကအစ မိသားစုနောက်ခံသမိုင်း၊ လူမှုရေးနောက် ခံသမိုင်း၊ ငွေကြေးကြွယ်ဝမှုတွေအထိ သေသေချာချာ လေ့လာကြတာ။ ဒီတော့ … အင်း … ရှေ့သွားနောက်လိုက် ညီတယ်ပေါ့ကွာ။ ဒီလို စီစဉ်တာ က “ဟာ … ဒီကောင်မလေးက ချောတယ်” ဆိုတာထက် ပိုကောင်းတယ်လို့ ထင်တယ်။ ( ဇယကုမာရ် - အကြီးတန်းဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေး ပူးတွဲ ဝန်ကြီး)

ကောင်မလေးကတော့ အပျံစားပဲ။ သူ့ကိုပဲ လက်ထပ်မယ်ဆိုရင်တော့ မင်း နောက်တရမှာပဲ။ အလှအပဆိုတာ အရေပြားပေါ်မှာပဲ ရှိတယ်။ လက်ထပ်ပြီး တစ်နှစ်၊ နှစ်နှစ်လောက်လည်း ကြာရော “အိုး … ငါတော့ အကြီးအကျယ် မှားပြီ” ဆိုတာ ဖြစ်လာမှာပဲ (ရီလျှက်)။ ဟိုကောင်မလေးကလည်း အဲ့သလို တွေးမှာပဲ။
ဒါနဲ့ပဲ မင်းတို့ ဘဝတွေကလည်း ကိုယ့်လမ်းကိုယ်လျှောက် ဖြစ်ကရော။

မေး ။ ။ ကျွန်မ ကိုယ်ရေးကိုယ်တာကို ပြောခွင့်ပြုရင် ပြောချင်ပါတယ်။ ကျွန်မ အိမ်ထောင်ပြု ဖြစ်တာက မစ္စတာလီရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိက အားပေးခဲ့လို့ပါ။

ဖြေ ။ ။ ကြားရတာ ဝမ်းသာတယ်ကွာ။ စာအုပ်ထဲက ဘယ်အပိုင်းလဲ။

မေး ။ ။ စထရက်ဖို့မှာ လျှို့ဝှက်လက်ထပ်ခြင်းဆိုတဲ့ အပိုင်းပါ။

ဖြေ ။ ။ သူမက ရှေးဟောင်းယဉ်ကျေးမှုကို ဆုပ်ကိုင်ထားတဲ့ မိသားစုထဲက အိုး(လ်)ဖက်ရှင် မိန်းကလေး။ ငါကလည်း အတူတူပဲ။ မှားကောင်း မှားမယ်။ ငါတို့ လက်ထပ်လိုက်ကြတယ်။ သူကလည်း ပညာသင်ဆုယူပြီး ပညာ သင်နေတာ။ ငါ့ကျူတာကလည်း လက်ထပ်လိုက်ပြီဆိုတာ သိရင် သိပ် သဘောကျမှာ မဟုတ်ဘူး။ ဒါနဲ့ ငါတို့လည်း လျှို့ဝှက်ထားလိုက်ကြတယ်။

သူက လက်ထပ်လက်စွပ်ကို ဆွဲကြိုးနဲ့တွဲပြီး ဆွဲထားတယ်။ ငါ ပေးနိုင်တာက လည်း အဲ့ဒီလက်စွပ်လေး တစ်ကွင်းပဲ။ အဲ့ဒီလက်စွပ်ကလေးက နေ့ရက်တွေကအစ အရင်အတိုင်း မပျောက်မပျက် ရှိဆဲပဲ။ ငါ မှန်ခဲ့တယ်လို့ ထင်တာပဲ။

ဒီနှစ်တွေမှာ ကျန်းမာရေးနဲ့ ပညာရေးအဖွဲ့တွေက ထုတ်တဲ့သတင်းတွေကို ဖတ်ရတယ်။ တို့ဆီက (၇) ရာခိုင်နှုန်းကျော်တဲ့ ဆယ်ကျော်သက်လေးတွေ လိင်ဆက်ဆံကြသတဲ့။ သိပ် မကောင်းလှဘူး။ ငါ့မြေးတွေသာ အဲ့သလိုဆိုရင် စိတ်မကောင်း တော်တော် ဖြစ်မိမယ်။

မေး ။ ။ အကြိုက်နှစ်သက်ဆုံး ရုပ်ရှင်ကားရော ရှိလား။

ဖြေ ။ ။ အခုတော့ ရုပ်ရှင်ရုံ မသွားတော့သလို ကြည့်လည်း မကြည့်ဖြစ်ေ တာ့ပါဘူး။ အချိန်ကုန်တယ်ကွ။ ကျောင်းသားဘဝတုန်းက ကြည့်ခဲ့ရတဲ့ ဟာသကားတစ်ကားကိုတော့ သတိရတယ်။ မင်းသားက Danny Kaye တဲ့။ လန်ဒန်မှာ ကြည့်ခဲ့တာ။ ဇာတ်ကားနာမည်တော့ မေ့နေပြီ။ တော်တော် ကောင်းတယ်။ ရီရတယ်။ သူက သရုပ်ဆောင်တတ်၊ သီချင်းဆိုတတ်ရယ်၊ တော်တော်များများ လုပ်ပြနိုင်တယ်။ ဟာသမဟုတ်တဲ့ ကားတွေထဲကဆိုရင် Pygmalion ပဲ။ နောက် သူတို့ ပြန်ရိုက်ကြသေးတယ်။ နာမည်တော့ မမှတ်မိတော့ဘူး။ ဂီတကို အခြေခံ ရိုက်ထားတဲ့ကား။ တော်တော် ကောင်းတယ်။ သရုပ်ဆောင်တွေက Rex Harrison နဲ့ Audrey Hepburn။

မေး ။ ။ My Fair Lady လား။

ဖြေ ။ ။ အေး … ဟုတ်တယ်။ ဒီဇာတ်ကားက စိတ်ထဲမှာ စွဲနေတာ။ ငါ့ စိတ်ထဲမှာ အစွဲဆုံးကတော့ Gone with Wind ပဲ။ အမေရိကန် စစ်တွင်း ဇာတ်ကား။ အဲ့ဒီနောက်တော့ ရုပ်ရှင်တွေ မကြည့်ဖြစ်တော့ဘူး။ စာအုပ်တွေ ဖတ်လာတဲ့ အခါမှာ ရုပ်ရှင်ကရတဲ့ ခံစားမှုက ဘာမှ မဟုတ်တော့သလိုပဲ။

မေး ။ ။ အနှစ်ခြိုက်ဆုံး စာရေးဆရာ၊ အတွေးအခေါ်ဆရာတို့ရော ရှိပါ သလား။ စင်္ကာပူရီယန်းတွေ ဖတ်သင့်တယ်လို့ ထင်တဲ့ စာအုပ်မျိုး ရှိရင် ပြောပြပေး ပါလား။

ဖြေ ။ ။ မင်းက ဘယ်လိုစာပေမျိုးကို စိတ်ဝင်စားတာလဲ။ ဂန္ထဝင်ကို စိတ် ဝင်စားရင်တော့ ရှိတ်စပီးယား ဖတ်ပေါ့။ စီးပွားရေးကို စိတ်ဝင်စားရင် Hayek ကိုဖတ်။ တစ်ခုခုလုပ်ဖို့ စီစဉ်ထားရင် သူ့စာတွေ ဖတ်သင့်တယ်။ သူပြောတာ မှန်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားရင်တော့ အဲ့သလို စာအုပ် တစ်အုပ်နှစ် အုပ်ကို ညွှန်းရုံနဲ့ မရဘူး ထင်တယ်။ ခက်ခက်ခဲခဲ လေ့လာယူရတဲ့ သင်္ခန်းစာ မျိုးပဲ။ ကနေဒီရဲ့ Profiles in Courage တို့၊ အိုဗားမားရဲ့ သူ့ဘဝအကြောင်း စတိုရီတွေ ဖတ်ပြီး လေ့လာလို့တော့ ရတာပေါ့။

မေး ။ ။ ကျွန်မဆီကို သူများက ပေးလိုက်တဲ့ စိတ်ဝင်စားစရာ မေးခွန်း တစ်ခု ပါလာတယ်။ “လက်တွေ့ဘဝနဲ့ အကြုံးမဝင်တဲ့ ရှားလော့ဟုမ်းလို စာမျိုးကို မစ္စတာလီ တစ်သက်လုံး မဖတ်ခဲ့ဖူးဘူးဆိုတာ ဟုတ်ပါသလား” တဲ့။

ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ မဖတ်ဖူးဘူးလို့ ဖြေရမှာပဲ။ ဖတ်စရာ အချိန်မှ မရှိတာ။ ဘာသာပြန် အသစ်ထွက်လာတော့ “Don Quixote” ကိုတော့ ဖတ်ဖြစ်တယ်။ တော်တော် ကောင်းတဲ့ ဘာသာပြန်ပဲ။ ငါ စပိန် ကို ရောက်နေတုန်းက အင်္ဂလိပ်ဘာသာပြန်စာအုပ် ရခဲ့တာ။ ငါ့အလုပ်နဲ့ မဆိုင်ပေမဲ့ အပန်းဖြေတဲ့ သဘောနဲ့ ဖတ်တာပေါ့။ အဲ့ဒီစာအုပ်က ရာစုနှစ်ေ ပါင်းများစွာ နောက်ပြန်ခေါ်သွားတယ်။စိတ်ဝင်စားစရာ တော်တော် ကောင်းပါတယ်။

မေး ။ ။ သင်္ခန်းစာယူစရာ တစ်ခုခုများ ရခဲ့သလား။

ဖြေ ။ ။ မင်းက ရန်သူအတုကို အစစ်ထင်ပြီး တိုက်နေတာလို့ ဆိုလိုချင်တာ ထင်တယ်။ အချိန် ကုန်အောင်ကွာ။ အဲ့ဒါက ဟာသစာအုပ်ပဲ။ ငါက ရန်သူ အတုကို တိုက်စရာ မလိုပါဘူး။ ငါ့မှာ ရန်ဖက် အစစ်တွေကို ပြည့်လို့။ (Don Quixote စာအုပ်က (၁၇) ရာစုက စပိန်စာရေးဆရာ Migruel De Cervantes ရေးတဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်ထဲက အဓိကဇာတ်ဆောင် Don Quixo က ရေပန်းတွေ ဖြာကျနေတာကို ရန်သူလို့ ထင်ပြီး တိုက်ခိုက်ခဲ့တယ်။ ဒါ့ကြောင့် “Tilting at windmills” ဆိုတဲ့စကား ပေါ်လာပြီး တကယ်မဟုတ် တဲ့ ရန်သူတွေကို တိုက်တဲ့နေရာမှာ အသုံးပြုပါတယ်)


မေး ။ ။ နောက်ထပ် ကျွန်မကို အမေးခိုင်းလိုက်တဲ့ မေးခွန်း ရှိပါသေးတယ်။ ဒီမေးခွန်းကို မေးသူက goth တီးဝိုင်းရဲ့ အဖွဲ့ဝင်ပါ။
ဖြေ ။ ။ နင် ပြောလိုက်တာ ဘာရယ်။

မေး ။ ။ A goth Music Band ပါ။
ဖြေ ။ ။ အဲ့ဒါက ဘာတုန်း။

မေး ။ ။ ဒါက အားလုံး အနက်ရောင်တွေ ဆင်တူဝတ်ဆင်ပြီး အလွန် စိတ်ခြောက်ခြားစရာ ကောင်းတဲ့ မြူးဇစ်တွေကို တီးခက်ကြတာပါ။
ဖြေ ။ ။ ဘာ့ကြောင့် goth လို့ ခေါ်တာလဲ။

မေး ။ ။ goth က gothic ကို ရည်ညွှန်းပါတယ်။ Victorian gothic လိုပေါ့။
ဖြေ ။ ။ ဟုတ်ပြီ။ goth။ ရပြီ။ ဒီတော့ …

မေး ။ ။ သူတို့တီးဝိုင်းက ဒီမှာ မှတ်ပုံတင်ဖြစ်ဖို့ ခက်နေတာ။ သူတို့ အဖွဲ့ ဝင် တွေက ခြောက်ယောက် အထက်မှာ ရှိမယ်။ လိုအပ်တဲ့ စာရွက် စာ တမ်းတွေအားလုံးကိုလည်း သက်ဆိုင်ရာကို တင်ပြခဲ့ပြီးပြီ။ မှတ်ပုံတင် ရပြီ ဆိုတော့မှ သူတို့က တရားဝင် ပွဲတွေမှာ တီးခတ်လို့ ရကြမှာ မဟုတ်လား။ မဂ္ဂဇင်းတွေ ဘာတွေကနေ ကြော်ငြာပြီး လူထုသိအောင်လည်း လုပ်ပါတယ်။ ဒါပေမဲ့ သူတို့တီးဝိုင်းအတွက် သုံးစွဲထားတဲ့ ပုံတွေကို အေဂျင်စီတွေက ဆင် ဆာဖြတ်ကြတယ်။ တချို့ဆိုရင် သူတို့ပုံတွေအတွက် တော်တော် မကျေ မနပ်တောင် ဖြစ်ကြတာ။

သူသိချင်တာက အနုပညာနဲ့ ပတ်သက်ပြီး စင်္ကာပူမှာ ဒီထက်ပိုပြီး လွတ် လွတ်လပ်လပ် ဖန်တီးခွင့် ရှိမလား ဆိုတာပါပဲ။

ဖြေ ။ ။ လူထု နားမကလောဘူးဆိုရင်တော့ ငါ့သဘောကတော့ ရှိပါစေ ပါပဲ။ အမည်းရောင် ဝတ်ချင်ဝတ်၊ ခြောက်ခြားစရာတွေ တီးချင်ရင် တီးပေါ့။ ငါ့သဘောကို ပြောပါတယ်။ ဒါပေမဲ့ ဒါက လူထုကြီးကို ထိပါးလာစေနိုင်တယ်၊ လူထုကြီးနဲ့ မသင့်မြတ်ဘူးဆိုရင်တော့ ဒါကို ဆိုင်းထားရမယ်လို့ ငါတော့ ပြောမှာပဲ။ ဘာ့ကြောင့် လူထုကို စိတ်ဆင်းရဲအောင် လုပ်နေမလဲကွာ။

ငါ့ကို နားလည်မှု မလွဲနဲ့နော်။ ငါက လစ်ဘရယ်မဟုတ်သလို ကွန်ဆာဗေး တစ် လည်း မဟုတ်ဘူး။ အရာအားလုံးကို လက်တွေ့ကျကျပဲ တွေးတယ်၊ လုပ်တယ်။


 ဇင်ဝေသော်

၁၀။ ရွက်ကြမ်းရေကျို အဘိုး မဟုတ်


လီကွမ်းယုစာကို စောင့်ဖတ်သူချို့ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ မနေ့က ပဲ စထရိတ်တိုင်းမ်က အိတ်စက်ကူးတစ် ဒါရိုက်တာ ရှယ်လီ ဟျူး၊ မားကက် တင်း နဲ့ အော်ပရေးရှင်း ဒါရိုက်တာ ကလဲရာ ဝမ်း တို့နဲ့တွေ့ပြီး ဒီ Hard Truths ( to keep Singapore going) စာအုပ် ဘာသာပြန်ဖို့ကိစ္စ ဆွေးနွေြး ဖစ်ခဲ့ပါတယ်။ အားလုံး အားတက်သရော အားပေးကြလို့ ကျေနပ်ရပါတယ်။ ဒီမှာ ကျနော်တို့ သဘောတူညီမှုရလိုက်တာက ( ဖွင့်ပြောလို့လည်း ရတာက ) စင်္ကာပူရီးယန်းကို ဦးတည်ပြီးရေးတဲ့ အယ်ဒီတာမှတ်ချက်ကို ဘာသာမပြန်ဘဲ မြန်မာတွေရဲ့ ဓလေ့ထုံးစံ၊ လိုက်ဖ်စတိုင်၊ ကိုယ်ကျင့်တရား၊ ယုံကြည်မှုတွေနဲ့ စံထိုးပြီး ကျနော့်အမြင်ကို အခန်းတိုင်းမှာ မိတ်ဆက် ( သို့ ) ဝေဖန်ချက် ရေးရမယ်ဆိုတာပါ။

ဒီနေ့ ( Part 2, Insights for the young and curious ) ထဲက ခေါင်းစဉ် ငယ် ( ၁၀ ) Not your average grandad ကို
" ရွက်ကြမ်းရေကျို အဘိုးမဟုတ် " အမည်နဲ့ တင်ပေးလိုက်ပါတယ်။

ကျနော်တို့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လီကွမ်းယုဟာ လီကွမ်းယုကနေ တစ်ပြားသားမှ လျော့သွားမှာ မဟုတ်ပါဘူး။ ဂေး ကိစ္စ၊ လိင် တူမင်္ဂလာဆောင်ကိစ္စတွေကို ဖြေပေးနေတော့ အထင်ကြီးမိတယ်။ မြန်မာလူကြီး အများစုဆိုရင် အချိန်ဖြုန်း ကလေးကလား မေးခွန်းတွေလို့ တွက် ထားကြမှာ သေချာပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ရွာသားအနေနဲ့ ကမ္ဘာက ဒါကို သိချင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ သူပြောတာတွေကို လက်ခံ၊ မခံ အသာထားပြီး ဒီကိစ္စမျိုးတွေ ဖြေပေးတာကို လေးစားမိပါတယ်။ မမြင်ချင်ယောင် ဆောင်မထားကြရင် မြန်မာတွေမှာလည်း တောင်ပြုံးပွဲ ရှိပါတယ်။

တီဟီရန် က မိခင်တစ်ယောက်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ကြည့်တာချင်း မတူရင်တောင် လီကွမ်းယုကို လက်ခုပ်တီးလို့ အားမရခဲ့ပါဘူး။
တီဟီရန် က ဆိုတော့ ဘယ်ဘာသာဝင်ဆိုတာ ပြောဖို့ မလိုတောပါဘူး။ အဲဒီ အမျိုးသမီးလေး ကိုယ်ဝန်ရှိလာတယ်။ မိသားစု တစ်စုလုံးက သဘောမတူဘူး။ ကိုယ်ဝန်ဖျက်ချဖို့ ပြောတယ်။ သူမကလည်း ဖျက်ဖို့ပါပဲ။ ဒါပေမဲ့ အယ်ထရာဆောင်းထဲမှာ လှုပ်ရှားနေတဲ့ မမွေးရသေးတဲ့ ကလေးကို မြင်လိုက်ရပြီး ဒီကလေးကို မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အကျိုးဆက်က သူမကို အမွေပြတ်စွန့်တယ်။ ဘာသာခြား ဖခင်ရဲ့ကလေးကိုအသိအမှတ်မပြုဘူး ။ နိုင်ငံတော်က ပေးတဲ့ ဘေဘီ ဘောနပ်တောင် မရဘူး။

အဲဒီ ကလေးမိခင်ကို လိကွမ်းယုက ထောက်ခံတယ်။ ဘာလို့လဲ ဆိုတော့ လူဦးရေ လျော့ပါးလာချိန်မှာ ကလေးယူလို့ တဲ့။ အဲ ပြီးတော့ အဲဒီ မိန်းကလေးက ပညာတတ်၊ ရဲရင့်သူဖြစ်တော့ သူမကလေးကလည်း ပညာတတ်လေး ဖြစ်ဖို့ ရာခိုင်နှုန်း များလို့တဲ့။

ကဲ ဗုဒ္ဓဘာသာအများစု မြန်မာတွေအမြင်နဲ့ ကြည့်လိုက်ပါ။ အဲဒီ ကလေး အမေနဲ့ လီကွမ်းယုကို လက်ခုပ်တီးတာ ကျနော်တစ်ယောက်တည်း မဖြစ်နိုင်တာ သေချာပါတယ်။

.................................................................................................

မေး ။ ။ အခြောက် (gay) တွေနဲ့ ပတ်သက်လို့ မစ္စတာလီ ဘယ်လို မြင်ပါ သလဲ။ လိုက်(ဖ်)စတိုင်လား၊ ဗီဇလား။

ဖြေ ။ ။ လိုက်(ဖ်)စတိုင် မဟုတ်ဘူး။ ဗီဇ။ သိချင်ရင် စာအုပ်တွေ၊ ဆောင်း ပါးတွေကို ဖတ်ကြည့်။ ဗီဇ ကတည်းက ပါလာတာ။ သူတို့ ရွေးချယ်ထားကြတာ မဟုတ်ဘူး။ မွေးကတည်းက ပါလာတာ။ ယောက်ျားနှစ်ယောက် အချင်း ချင်း၊ မိန်းမနှစ်ယောက် အချင်းချင်း အတူနေကြမယ်ဆိုရင် လွှတ်သာ ထား လိုက်။
သူတို့ ကလေးမွေးစားခွင့် ပြုသင့်သလား။ မပြုသင့်ဘူးလားဆိုတာ ကတော့ ပြောစရာ ရှိသွားပြီ။ မွေးစားတဲ့ ကလေးကို ဘယ်သူက စောင့်ရှောက်မှာ လဲ။ သူတို့ကိုသာ မသိမသာ မဟုတ်ဘဲ တရားဝင် လက်ထပ်ခွင့် ပြုလိုက်ရင် သူတို့လည်း ကလေးမွေးစားခွင့် ရှိတယ်၊ ဘာညာတွေ ရှိလာတော့မှာ။ ဗီဗီယံ ဗလကရစ်ရှနန် ကတော့ ဗီဇကိစ္စက သက်သေပြုလောက်အောင် မထင်ရှား ဘူးလို့ (ဆေးပညာအရ) ပြောတယ်။ ငါကတော့ ဗီဇလို့ပဲ ခိုင်ခိုင်မာမာ ယုံ ကြည်တယ်။ လောကကြီးထဲမှာ သာဓကတွေ အလုံအလောက် ရှိနေတာပဲ။ သူတို့က မွေးရာပါ။ ဒီအတိုင်းပဲ လွှတ်ထားလိုက်၊ ပြီးရော။

မေး ။ ။ ဒီမေးခွန်းက ကိုယ်ရေးကိုယ်တာ နည်းနည်းဆန်ပါတယ်။ မစ္စတာ လီရဲ့ မြေးတစ်ယောက်ယောက်က သူ (သူမ) ဟာ ဂေးပါ ( လက်စဘီယမ်းပါ ) လို့ ပြောရင် ဘယ်လို ခံစားရမလဲ။

ဖြေ ။ ။ ဘာ ခံစားနေရမှာလဲ။ မွေးရာပါ ဗီဇပါဆို။ Dick Cheney ဆို ရင် ဂေးတွေကို ကြည့်လို့ မရဘူး။ သူ့သမီးကျတော့ မွေးရာပါ လက်စဘီး ယန်းလေး (Lesbian) ဖြစ်နေရော။ သူက ပြောတယ်
“ကျွန်တော့သမီးကို အချစ် မလျော့ပါဘူး” တဲ့။
ကဲ … ။ (အမေရိကန် ဒုတိယသမ္မတဟောင်း ဒစ်ချေနီရဲ့ ဒုတိယသမီး Mary Cheney က လက်စဘီးယန်းပါ)။ မူဝါဒအားဖြင့် သူက ဂေး၊ လက်စဘီးယန်း ကို ဆန့်ကျင်တယ်။ သူ့သမီးက လက်စဘီးယန်း လာဖြစ်နေတယ်။

သူ့သမီးကို သူ စွန့်ပစ်ရမှာလား။ အဲ့ဒါ ဘဝပဲ။ ငါ ဆိုလိုတာက ငါ့မြေးတွေ အားလုံး တစ်ယောက်မှ ဒီလို မဟုတ်ပါဘူး။ ဖြစ်လာတော့လည်း ဘာ တတ်နိုင်မှာတုန်း။

မေး ။ ။ ယောက်ျားချင်း၊ မိန်းမချင်း အတွဲက ကလေးမွေးစားရင် ဘာပြဿ နာရှိနိုင်လို့လဲ။ မစ္စတာလီ ပြောခဲ့တာက ဘယ်သူက ကလေးကို စောင့်ေ ရှာက်မလဲ … အဲ့သလိုလား။

ဖြေ ။ ။ ယောက်ျားနှစ်ယောက်မှာ ဘယ်သူက ကလေးကို ပြုစုမှာလဲ။ အမျိုးသမီး နှစ်ယောက်ကတော့ ဖြစ်နိုင်လောက်တယ်။ ဒါတောင် သူတို့ဝမ်းနဲ့ လွယ်ထားရတဲ့ ကလေးမဟုတ်တော့ မသေချာလှသေးဘူး။ အမျိုးသားဖက် ကမျိုးစေ့လိုဟာမျိုးကို အတုလုပ်ပြီး ထည့်ပေးထားနိုင်ရင်တော့ ကိုယ်ဝန်ရ တာနဲ့ တပြိုင်နက် မိခင်စိတ် ပေါက်လာစရာ ရှိတယ်။ ယောက်ျားနှစ်ယောက် ကတော့ ယောက်ျားလေးပဲ မွေးစားမွေးစား၊ မိန်းကလေးပဲ မွေးစားမွေးစား အဓိပ္ပါယ် သိပ်မရှိလှပါဘူး။ ပြဿနာတွေက ဂွင်းဆက်ကြီးလိုက် တက်လာ မှာ။

ဆုံးဖြတ်ရတော့မယ့် အနေအထား ရောက်လာရင်တော့ ဆုံးဖြတ်ရမှာပေါ့။ အခု အခြေအနေက အဲသလောက်အထိ မရောက်သေးပါဘူး။ လူတွေက လည်း လက်မခံနိုင်သေးဘူး။ ကုန်ကုန် ပြောရရင် ဝန်ကြီးတချို့ကကို လက်မ ခံနိုင်သေးတာ။ ငါကတော့ လက်တွေ့အမြင်နဲ့ပဲ ကြည့်တယ်။ ဒီကိစ္စက တကယ်ကြီး ဖြစ်လာပြီဆိုရင် ငါတို့လည်း ဘာမှ မတတ်နိုင်ဘူး။ ဒါက အသစ်အဆန်းလည်း မဟုတ်ပါဘူး။ ရှေးပဝေသနီ ကတည်းက ရှိလာတာပါ။ ငါကတော့ မျိုးရိုးဗီဇကြောင့်လို့ပဲ ထင်တယ်။


မေး ။ ။ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေ ပါလီမန်အမတ်အဖြစ် အသိ အမှတ်ပြုဖို့ကိုပဲ စင်္ကာပူမှာ အချိန် အတော်ယူခဲ့ရတယ်နော်။ စင်္ကာပူမှာ ဂေးတစ်ယောက် ပါလီမန်မှာ အမတ်ဖြစ်လာနိုင်ခြေ ရှိသလား။ ဥရောပမှာတော့ ဒီကိစ္စက ပျံ့နှံ့နေပြီ။

ဖြေ ။ ။ ငါ့သဘောအရကတော့ ပါလီမန်အမတ်တစ်ယောက်ဟာ သူ့ အလုပ်ကို သူ တာဝန်ကျေအောင် လုပ်နိုင်ရင်၊ သူ့မဲဆန္ဒနယ်ကို စောင့်ရှောက်နိုင်ရင်၊ အစိုးရကို အထောက်အကူ ပြုနိုင်ရင် ဘာမှ ပြောစရာ မရှိဘူး။ ကျန်တာက သူ့ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။

ဗြိတိန်မှာ အဲ့သလို အမတ်တစ်ယောက် ရှိတယ်။ နာမည်တော့ ထုတ်ပြောလို့ မကောင်းဘူး။ ကွန်ဆာဗေးတစ်ပါတီက။ သူက ပါတီခေါင်းဆောင်ဖြစ်ဖို့ မှန်း ထားတာ။ မိတ်ဆွေတချို့နဲ့ရယ်၊ သူရယ်နဲ့အတူ ငါတို့ ညစာ စားဖူးတယ်။ (သူ ရည်ညွှန်းသော ပုဂ္ဂိုလ်မှာ Michael Portillo ဖြစ်ပြီး (၁၉၉၄ - ၁၉၉၅) က အလုပ်သမားဝန်ကြီးဖြစ်ပြီး ၁၉၉၅ မှ ၁၉၉၇ အထိ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့သည်။)

အောက်စဖို့(ဒ်) တက္ကသိုလ်မှာ တက်နေစဉ်က လိင်တူဆက်ဆံမှု ဖြစ်ခဲ့ပြီး အဲ့ဒီကိစ္စအတွက် ပွင့်ပွင့်လင်းလင်း လူရှေ့ချပြဖို့အထိ စိတ်ကူးရှိခဲ့တယ်။ ဒါပေမဲ့ သူက နောက်ပိုင်းမှာ မိန်းကလေးတစ်ယောက်ကို လက်ထပ်လိုက်ပြီး ကလေးနှစ်ယောက်တောင် ရှိတယ်။ ပါတီရဲ့ ခေါင်းဆောင်တစ်ယောက်တော့ သူ ဖြစ်မလာခဲ့ဘူး။

သူ့ဘာသာသူ ဖွင့်ချလိုက်ရင် လေ့လာစုံစမ်းမှုတွေ ရှိမလာနိုင်တော့ဘူးလို့ သူ ထင်တယ်။ ဖွင့်ပြောတော့လည်း အခြေအနေကတော့ သိပ်မကောင်းလှဘူး။ ဖွင့်မပြောဘူးဆိုရင်လည်း အတိုက်အခံတွေက ဒီကိစ္စကို မပေါ်ပေါ်အောင် အနံ့ခံလိုက်ကြမှာပဲ။ ဒါဆိုရင် အခြေအနေက ပိုဆိုးသွားမယ်။

လူတစ်ယောက်ပေမဲ့ အခြေအနေက နှစ်မျိုးလေ။ သာမန်လူတစ်ယောက် ဆို ရင်တော့ ဒါက ပြဿနာ မဟုတ်ဘူး။ ဝန်ကြီးလို၊ ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်က အဲ့ သလို ဆိုရင်တော့ အခြေအနေက တမျိုး ဖြစ်သွားပြီလေ။

Ted Heath ဆိုရင် လူလွတ်ပဲ (၁၉၇၀ မှ ၁၉၇၄ ခုနှစ်အထိ ဗြိတိသျဝန်ကြီး ချုပ်)။ သူလည်း လိပ်တူ ဆက်ဆံသူပဲလို့ ပြောကြတဲ့ ဝန်ကြီးတွေ ရှိတယ်။ သူတို့ နာမည်တွေကိုလည်း ငါ မပြောတော့ပါဘူး။ ဒါ့ကြောင့် အတိုက်အခံ ပါတီခေါင်းဆောင်တွေက တော်တော် ထူးဆန်းတဲ့အကြောင်း ငါ့ကို ပြောကြ တယ်။ အဲ့ဒီအချိန်တုန်းက သူဟာ အရွယ်ကောင်းပဲ။ ၄၅ နဲ့ ၅၀ ကြားမှာ။ လူလွတ်ပဲ ရှိသေးတယ်။ အဲ့ဒါ … အောက်စဖို့(ဒ်) မှာလေ။ အတိုက်အခံ ပါတီခေါင်းဆောင်တွေက ဒီကိစ္စကို အကြီးအကျယ်လုပ်ပြီး ငါ့ကို ပြောနေကြ တာ။ အမှန်ပဲပေါ့။ ကိုယ်ကျင့်တရား ရှု့ထောင့်ကကြည့်ရင် သိပ်မဟုတ်တော့ဘူး။ ခေါင်းဆောင် တစ်ယောက် မဖြစ်ထိုက်တော့ဘူး။ ဒါပေမဲ့ဒါတွေ ဖြစ်ခဲ့ တာက ၁၉၇၀ - ခုနှစ်တွေတုန်းက။


 ဇင်ဝေသော်

လူစိမ်းမှ လူရင်းသို့ ( ၇း ၅ )



"ဒါပေမဲ့ မလေးရှားနိုင်ငံထဲမှာရှိတဲ့ မလေးလူမျိုးတွေက တရုတ်လူမျိုးတွေ၊ အိန္ဒိယန်းလူမျိုးတွေကို သူတို့နိုင်ငံသားလို့ မထင်ကြဘူး။ သူများမြေပေါ် ခဏလာနေတဲ့လူတွေဆိုပြီး မောင်းထုတ်ကြတယ်လေ။ သူတို့ မောင်းထုတ် လို့ စင်္ကာပူနိုင်ငံသား မှတ်ပုံတင်ကို ငါတို့က စတင် အသုံးပြုခဲ့ရတာ" (လီကွမ်းယု)

မေး ။ ။ စင်္ကာပူရဲ့ အမှတ်အသားက ဘာလဲ။ လူတွေ အများကြီးထဲမှာ ဒီ လူဟာ စင်္ကာပူးရီးယန်းလို့ ဘယ်ဟာကို ကြည့်ပြီး ခွဲခြားမလဲ။

ဖြေ ။ ။ မင်းက နိုင်ငံအမှတ်အသားနဲ့ ပတ်သက်ပြီး မေးတော့ ကျယ် ကျယ်ပြန့်ပြန့် ငါ ဖြေမှ ရမယ်။ နိုင်ငံရဲ့ အမှတ်အသားဆိုတာ အနေအထား အပေါ်မှာ မူတည်ပြီး အမျိုးအမျိုး ကွဲလွဲနိုင်တယ်။ ဗြိတိသျ အင်ပါယာလက် ထက်က ဝေလတွေ၊ အိုင်းရစ်တွေ၊ စကော့တလန်လူမျိုးတွေအားလုံး သူတို့ ကိုယ် သူတို့ ဗြိတိသျလို့ ခံယူကြတယ်။ ဗြိတိသျအင်ပါယာလည်း ပြိုကွဲရော “ငါက ဝေလလူမျိုး၊ ငါက အိုင်းရစ်လူမျိုး၊ ငါက စကော့တလန်လူမျိုး၊ ငါတို့ ကိုယ်ပိုင်တရားစီရင်မှုတွေ လိုချင်တယ်။ အဘာဒီး(န်) မှာထွက်တဲ့ ရေနံတွေ ငါတို့ ပိုင်တယ်” ဆိုပြီး တောင်းဆိုကြပါလေရော။

ဒါ့ကြောင့် လေဘာအစိုးရက သူတို့ကို ကိုယ်ပိုင်တရားစီရင်ခွင့်တွေ ပေး လိုက်ကြတာ။ ဒီထက်ပိုပြီး ကွဲလာကြရဦးမယ်။ အခုဆို စကော့တလန်တွေ လွတ်လပ်ရေးကို ထောက်ခံတဲ့ ပါတီတွေတောင် ရှိနေပြီ။ မင်းပြောတဲ့ အမှတ် အသား ဆိုတာက ပြောင်းနေတယ်။ပြောင်းလဲနေတဲ့ အနေ အထားတွေ ကြားမှာ စင်္ကာပူနိုင်ငံရဲ့ အမှတ်အသားကဘာဖြစ် လာမလဲ။လူမျိုးပေါင်း စုံကို လက်ခံနိုင်မှု၊ လူမျိုးစုတွေရဲ့ ခြားနားချက်ကို နားလည်သည်းခံပေးမှု၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုတိုင်းကို နားလည်ပေးမှု၊ အညီအမျှ ယှည်ပြိုင်ခွင့်ရှိမှု၊ ဒါတွေပေါ့။ ဒါတွေကြောင့်ပဲ စင်္ကာပူဟာ အိမ်နီးချင်းနိုင် ငံတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေတာ။

အင်ဒိုနီးရှားမှာဆိုရင် တရုတ်လူမျိုးတွေကို ဆယ်စုနှစ်ပေါင်းများစွာ သူတို့ လူမျိုးအဖြစ် အသိအမှတ် မပြုဘူး။ တရုတ်တွေဟာ သူတို့နာမည်တွေကို ပရိဘူမိခေါ်တဲ့ အင်ဒိုနီးရှားနာမည်တွေနဲ့ ပြောင်းယူရတယ်။ ဒါတောင်မှ သူ့ လူမျိုးပါလို့ အသိအမှတ် မပြုသေးဘူး။အခု တရုတ်ပြည်က တက်လာတော့ မှ တရုတ်ကျောင်းနဲ့ တရုတ်ရုပ်သံဌာနကို ပြန်ခွင့်ပြုပေးထားတာ။ Jusuf Kalla ဆိုရင် သမ္မတရွေးချယ်ပွဲမှာ ဂျဗားလူမျိုးမဟုတ်လို့ မဲ (၁၂) ရာခိုင်နှုန်းပဲ ရတယ်။

ဒါဆို အင်ဒိုနီးရှားမှာရော နိုင်ငံတော်အမှတ်အသား ရှိသလား။ ရှိတယ်။ သူတို့ က အင်ဒိုဘာသာစကားကို အားလုံး ပြောကြတယ်။ ဒီအပြင် ဘာရှိဦးမလဲ။ အရေးပါတဲ့ ကြီးကြပ်ကွပ်ကဲရတဲ့ ဌာနတွေမှာ သူတို့လူမျိုးတွေ၊ ကာကွယ်ရေး ထဲမှာ သူတို့လူမျိုးတွေ၊ Guinea လို နေရာမျိုးမှာ လူနည်းစုလေးပင် ဖြစ်စေ၊ သူတို့ဟာ အင်ဒိုနီးရှားတွေရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်တယ်။ ဒါကို ခွဲခြား ထားလို့ မရဘူး။ ဒါကြောင့် သူတို့လည်း နိုင်ငံငံရဲ့ သင်္ကေတရအောင် လုပ် ယူနေရဆဲလို့ ငါထင်တယ်။

ရှေးဟောင်းနိုင်ငံကြီးတွေ ဖြစ်ကြတဲ့ ဂျပန်တို့၊ တရုတ်တို့ကျတော့ “နေးရှင်း” ကို စနစ်တကျ တည်ဆောက်ပြီးကြပြီ။ သူတို့ “နေးရှင်း” ဆိုတာရဲ့ သတ်မှတ် ချက်က လူမျိုးတစ်မျိုး၊ ဘာသာစကားတစ်ခု၊ ယဉ်ကျေမှုတစ်ခု၊ ကိုးကွယ်မှု တစ်ခုပဲ။
အဲသလို အချက်တွေနဲ့ ပြည့်စုံတာ နိုင်ငံဘယ်လောက် ရှိနိုင်မလဲ။ ဂျပန်ကွာ၊ တရုတ်ပြည်မကြီးကွာ၊ (ပင်လယ်ကမ်းခြေမြို့တွေကို ထည့်တွက်လို့ မရဘူး)

ဘယ်လိုလူမျိုးကိုမှ ဂျာမနီနိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့တဲ့ ကမ္ဘာစစ် မတိုင်မီက ဂျာမနီကွာ။ ဒီနေ့တော့ ဂျာမနီလည်း ပြောင်းသွားပြီ။ သူတို့နဲ့ တစ်သားတည်း ဖြစ်မသွားပေမဲ့ ဖိအားတွေကြောင့် တူရကီလူမျိုးတွေကို ဂျာ မနီနိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးနေရပြီ။
ဆွီဒင်ဆိုရင်လည်း ဆိုမာလီတွေ၊ သီရိလင်္ကာက တမီးလ်တွေ စတာတွေကို ဒုက္ခသည်တွေအဖြစ် လက်ခံထားရတယ်။ သူတို့ရော ဆွီဒင်လူမျိုးတွေ ဖြစ် လာနိုင်သလား။ မျိုးဆက်ပေါင်းများစွာ လိုလိမ့်မယ်။ ဆွီဒင်လူမျိုးအနေနဲ့ သူတို့ကို လက်ခံမလား။ တရားဥပဒေအားဖြင့်တော့ အသိအမှတ်ပြုခံရမယ်။ အလုပ်မရှိရင် ထောက်ပံ့ကြေးရမယ်။ အစိုးရရဲ့ အကူအညီတွေရမယ်။ ဒါပေမဲ့ ဆွီဒင်လူမျိုးတွေရဲ့ အတွင်းစည်းထဲတော့ မရောက်နိုင်ဘူး။

စင်္ကာပူးရီးယန်းတစ်ယောက်ရဲ့ ရှိရမယ့် သင်္ကေတအပေါ်မှာ ငါ အဓိပ္ပါယ်ဖွင့် ဆိုတာက သူများနိုင်ငံတွေနဲ့ မတူဘူး။ ငါတို့နဲ့ ပေါင်းစည်းလာတဲ့ ဘယ်သူ့ကို မဆို ငါတို့နိုင်ငံရဲ့ အစိတ်အပိုင်းပဲ။ အဲဒါက အမေရိကန်တွေရဲ့ မူဝါဒ။ မင်း နာမည် ပြောင်းစရာမလိုဘူး။ Brzezinski လား။ Berlusconi လား … လာခဲ့ ရတယ်။ လာသာ ပေါင်းလှည့် မင်းဟာ အမေရိကန်ပဲ။ အဲသလိုပဲ။ တို့မှာ အရည်အချင်းရှိသူတွေ လိုတယ်။ သူတို့ကို ကြိုဆိုရမယ်။ အဲ့ဒါသည်ပင် သူ မတူတဲ့ ငါတို့ ဂုဏ်ရည်တစ်ခု ဖြစ်နေရမယ်။

အဲဒီဂုဏ်ပုဒ်သာ မရှိရင် တို့လည်း သူများတွေလိုပဲ ဖြစ်နေမှာပေါ့။ ကဲ … ဒါဆိုရင် စင်္ကာပူးရီးယန်းတရုတ်က တရုတ်ပြည်ကြီးက တရုတ်နဲ့ တူသလား။ စင်္ကာပူးရီးယန်း အိန္ဒိယန်းက အိန္ဒိယမှာနေတဲ့ အိန္ဒိယန်းတွေနဲ့ တူသလား။ မလေးရှားကမလေးတွေ အခုငါတို့ ကလေးတွေနဲ့ မတူတော့ဘူး။ မင်းတို့ မိ ခင်ဘာသာစကားကို မမေ့စေနဲ့။ ဒါပေမဲ့ ရုံးသုံးစကားကတော့ အင်္ဂလိပ်ပဲ။ ဒီပြင် အိမ်နီးချင်းနိုင်ငံသားတွေရဲ့ အင်္ဂလိပ်စာက တို့လောက်တော့ကောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှားတို့နဲ့  စီးပွားရေး စကား ပြောရတော့မယ်ဆိုရင် အင်္ဂလိပ်လို ပြောလို့ရတယ်။

မေး ။ ။ အမေရိကန်အများစုက အမေရိကဆိုတာ ကမ္ဘာ့လူသားတိုင်းရဲ့ အခွင့်အရေးများ ပေးရာမြေလို့ သူတို့နိုင်ငံကို သူတို့ ယုံကြည်ထားကြတော့ အမေရိကအတွက်ဆို အသက်ပေးရဲကြတယ်။ စင်္ကာပူးရီးယန်းတွေဆီမှာ အဲ့ သလို စိတ်ဓာတ်မျိုးတွေ တွေ့ရသလား။

ဖြေ ။ ။ ဒီထက်သာတယ်။ တကယ့်ကို အံ့ဩဘနန်းပဲ။ ဒီနိုင်ငံထဲကို ဝင် လာ ကတည်းက သူမတူတဲ့ လူ့အဖွဲ့အစည်းဟာ သာမန်သူလိုငါလို အဖွဲ့ အ စည်း မဟုတ်ဘူး။ ကံကောင်းထောက်မလို့လည်း ဒီပုံစံ ဖြစ်လာတာ။ ပြီးတော့ မှ ကြိုးစားအားထုတ်မှု၊ စူးစမ်းမျှော်မြင်မှုနဲ့ နိုင်ငံတော်ကို တည်ထောင်ခဲ့ကြတဲ့ ပထမဆုံးမျိုးဆက်တွေ။ ဒီအတိုင်းပဲ ဆက်ခရီးသွားနိုင်မယ်လို့ ထင်တယ်။ ဒါကြောင့်မို့ သူများတွေနဲ့ မတူတဲ့ အရည်အသွေး ရှိနေမှသာ စင်္ကာပူဟာ လုံ ခြုံအေးချမ်းမယ်လို့ ငါယုံကြည်ထားတာ။

မေး ။ ။ မစ္စတာလီ ငယ်စဉ်က ပထမ အင်္ဂလိပ်လက်အောက်ခံ၊ နောက်ပြီး ဂျပန်လက်အောက်ခံ၊ နောက်ဆုံး မလေးရှားထဲ ရောက်သွားပြန်ရော။ ကိုယ့် ကိုယ်ကို စင်္ကာပူးရီးယန်းတစ်ယောက်အဖြစ် ဘာကြောင့် မြင်မိတာလဲ။ စင်္ကာပူးရီးယန်းဖြစ်ရတာကရော မစ္စတာလီအတွက် ဘာအဓိပ္ပါယ်ရှိသလဲ။

ဖြေ ။ ။ ငါက စင်္ကာပူးရီးယန်းစစ်စစ်လို့ ပြောလို့ မရဘူး။ အမှတ်တမဲ့နဲ့ စင်္ကာပူဆိုတဲ့ အမြုတေလေးကို ငါ ပြုစုပျိုးထောင် ကြည့်မိတယ်။ အဲဒီ အမြုတေလေးက စင်္ကာပူးရီးယန်းဆိုတာကို ဖြစ်စေခဲ့တယ်။ မှန်တယ်။ ဗြိ တိသျလက်အောက်ခံအနေနဲ့ ကြီးခဲ့ရတယ်။ ငါ့အဖေက စင်္ကာပူမှာ အလုပ် လုပ်ခဲ့ဖူးတယ်။ ငါ့အဖိုးက ဂျာဗားက သကြားဘုရင် Oei Tiong Han ပိုင်တဲ့ Heap Eng Mo သဘောင်္လိုင်းမှာ အရာရှိ၊ ငွေထိမ်းရတယ်။ သင်္ဘာခရီးစဉ်ေ တွ ဆွဲရတယ် (Purserလို့ ခေါ်ပါတယ်)။ နောက်ပြီးတော့ အေးဂျင့်လုပ် တယ် ။ စင်္ကာပူရှေ့နေအဖွဲ့မှာ အရေးပါသူတစ်ယောက် ဖြစ်လာခဲ့တယ်။

အရောင်းအဝယ်လုပ်ရင်း သူ ငွေတော်တော် စုမိသွားတယ်။ Semarang မှာ ငါ့အဖွားကို လက်ထပ်ပြီး ဒီကို ခေါ်လာခဲ့တယ်။ ငါ့အဖေက Semarang မှာ မွေးခဲ့တာ။ သူငယ်စဉ်မှာပဲ စင်္ကာပူကို ရောက်လာခဲ့တယ်။ သူ့အဖေက ဗြိ တိသျှ လက်အောက်ခံဆိုတော့ ငါ့အဖေကလည်း အလိုအလျှောက် ဗြိတိသျှ လက်အောက်ခံလေး ဖြစ်ပြီး အင်္ဂလိပ်ကျောင်းမှာပဲ ကျောင်းတက်ခဲ့တယ်။ Neil Road မှာ ကလေးဘဝက ငါနေစဉ်က တို့အိမ်မှာ ဂျာဗားက အိမ်ဖော်ေ တွ ရှိတယ်။ သူတို့က မလေးတွေထက် ပို အလုပ်လုပ်တယ်။ ငါ့အဖွားဆိုရင် ဂျာဗားဘာသာစကား ပြောတတ်တယ်။ ငါကိုယ်တိုင် စင်္ကာပူးရီးယန်း တစ်ယာက်လို့ ခံယူမိသလား … “နိုး” ပဲ။

ငါ့အဖေက Shell (ရေနံကုမ္ပဏီ) မှာ အလုပ်လုပ်တော့ ဂျိုဟိုး၊ ပါတုပါဟတ် ၊ ကောင်တန်တို့ကို သွားရတာပေါ့။ ငါကျောင်းနေတဲ့ အရွယ်တုန်းက အဖေနဲ့ အတူ လိုက်လိုက်သွားတယ်။ အဲဒီတုန်းကတော့ အဲဒီနေရာတွေအားလုံးဟာ အုပ်ချုပ်မှုတစ်ခုတည်းအောက်မှာပဲ ရှိတယ်။ တစ်လျှောက်လုံး ကားမောင်း သွား၊ အခွန်ကောက်တာမရှိ၊ လူဝင်မှုကြီးကြပ်ရေးလည်း မရှိဘူး။ ငါ့ကိုယ်ငါ မလေးရှားလူမျိုးလို့ ထင်ခဲ့တယ်။
ဒါပေမဲ့ မလေးရှားနိုင်ငံထဲမှာရှိတဲ့ မလေးလူမျိုးတွေက တရုတ်လူမျိုးတွေ၊ အိန္ဒိယန်းလူမျိုးတွေကို သူတို့နိုင်ငံသားလို့ မထင်ကြဘူး။ သူများမြေပေါ် ခဏ လာနေတဲ့လူတွေဆိုပြီး မောင်းထုတ်ကြတယ်လေ။ သူတို့ မောင်းထုတ်လို့ စင်္ကာပူနိုင်ငံသား မှတ်ပုံတင်ကို ငါတို့က စတင် အသုံးပြုခဲ့ရတာ။ မင်းက စင်္ကာပူနိုင်ငံသား မှတ်ပုံတင်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲလို့ မေးခဲ့တယ်။ အခု ငါပြောခဲ့တာတွေဟာ အခြေခံ အကြောင်းတရားတွေပဲကွ။ အဲဒီအချက်တွေမရှိဘဲ စင်္ကာပူလည်း မရှိနိုင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် လက်မြဲမြဲ တွဲမသွားရင် စင်္ကာပူလည်း မရှင်သန်နိုင်ဘူး။

မေး ။ ။ အစပိုင်းကာလတုန်းကတော့ စင်္ကာပူးရီးယန်းတစ်ယေက် အဖြစ် ရွေးစရာ မရှိလို့ ရွေးခဲ့ရတဲ့သဘောပေါ့။ ဒါနဲ့ စင်္ကာပူးရီးယန်းဆိုတဲ့ အ သိ ဦးနှောက်ကနေ နှလုံးသားထဲရောက်လာအောင် ဘယ်အချက်တွေ က ပြောင်းလဲပေးခဲ့တာလဲ။
ဖြေ ။ ။ ငါ့စိတ်ကိုငါ အဲသလောက် စူးစမ်းမနေနိုင်ပါဘူးကွာ။ ငါသိတာက ငါတို့ကို ငါတို့ စင်္ကာပူးရီးယန်းဖြစ်တယ်ဆိုတဲ့ အမှတ်အသားထားမှ ရကို ရတော့မယ်ဆိုတဲ့ အခြေအနေကြောင့် စင်္ကာပူနိုင်ငံသားကဒ် ထုတ်ရတာပဲ။ မလေးရှားက စင်္ကာပူမလေးရှားနယ်ခြားမှာ လူဝင်မှုကြီးကြပ်ရေးနဲ့အကောက် အခွန်ဌာနလည်း ဖွင့်ရော ငါတို့လည်းသူတို့လုပ်သလို တုန့်ပြန်ပေးလိုက် တယ်။ အခုဆိုရင် မင်းနိုင်ငံသားမှတ်ပုံတင်ကဒ်ပြမှ သွားလို့ရတယ်။ ဟိုတုန်း က ဘာမှ မလိုဘူး။
ဘာပဲဖြစ်ဖြစ် ဒီမူကို ငါက ကြိုဆိုတယ်။ အဲသလို မဟုတ်ခဲ့ရင် စင်္ကာပူ မလေး ရထားလမ်းတစ်လျှောက်လုံးက ရထားလမ်းပေါ်မှာ မလေးတွေနဲ့ ပြည့်နေ မယ်။ ဒီမှာ အလုပ်လုပ်ရင် ပိုက်ဆံပိုရတယ်လေ။ အဲဒါ သမိုင်းပါပဲ။ ဒါနဲ့ နိုင်ငံ သားကဒ်တွေ ထုတ်ပေးလိုက်တယ်။ အဲဒီကဒ်လေးကို ကောင်းကောင်း အ သုံးချကြပေါ့။

ငါတို့ဆုံးဖြတ်ခဲ့တာ သိပ်မဆိုးလှပါဘူး။
(အခန်း ၇ ပြီး။ )



ဇင်ဝေသော်

လူစိမ်းမှ လူရင်းသို့ ( ၇း ၃ )


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုက်အလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။

မေး ။ ။ စင်ကာပူးရီးယန်းတွေ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စိုးရိမ်တာ တစ်ခုက သူတို့က PR ကိုသာ ယူပြီး စီတီဇင်ခံယူတဲ့ ရာခိုင်နှုန်းက တော်ေ တ်ာနည်းနေတဲ့ ကိစ္စပဲ။

ဖြေ ။ ။ အဲဒါ မှန်တယ်။ ငါတို့လည်း ဒီအတွက် ပူနေရတယ်။
မေး ။ ။ နောက်ထပ်စိုးရိမ်တာက သူတို့မျိုးဆက်လည်း ဒီအတိုင်းပဲ ဖြစ် လာလေဦးမလားလို့။
ဖြေ ။ ။ မဖြစ်နိုင်ဘူး။ ဒုတိယမျိုးဆက်က ဒီအတိုင်း လုံးဝ မဖြစ်နိုင်ဘူး။ မင်းက PR မှန်တယ်။ ဒါပေမဲ့ ယောင်္ကျားလေးဆိုရင် (၁၈) နှစ် ပြည့်ရင် စစ်မှု ထမ်းရမယ်။ မထမ်းရင် PR ပြုတ်မယ်။
မေး ။ ။ အိန္ဒိယန်း PR တွေနဲ့ စကားပြောကြည့်ဖူးတယ်။ သူတို့ကလေးတွေ စစ်မှုထမ်းက လွတ်အောင် သြစတေးလျကို သွားကြတော့မလို့တဲ့။
ဖြေ ။ ။ သွားကြလေ၊ ပြန်လာလို့တော့ မရဘူး။

မေး ။ ။ အဲဒီတုန်းက သူတို့မှာ ရွေးချယ်ခွင့် ရှိတယ်လေ။ သူတို့က တစ်ချိန် ချိန်မှာ ဒီကို PR တွေအနေနဲ့ ပြန်လာ၊ အင်ပလွိုင်းမန့် ပါ့(စ်) (Employment Pass) တွေနဲ့ ဒီမှာ အလုပ်လုပ်ကြဖို့။

ဖြေ ။ ။ မရဘူး။ သူတို့ကို ပြန်ဝင်လာခွင့်ကို မပြုဘူး။ တို့မှာ ဥပဒေရှိတယ်။ PR တစ်ယောက်က စစ်မှုမထမ်းဘဲ ထွက်သွားရင် ပြန်လာခွင့်မရှိဘူး။ မင်းက PR၊ မင်းကလေးတွေကို တို့ကျောင်းတွေမှာထား၊ ငါတို့စနစ်ကနေ အကျိုး အမြတ်တွေ ထုတ်ယူ၊ ဒါဆို စစ်မှုတော့ ထမ်းရမှာပေါ့။ ဒီတာဝန် မထမ်းေ ဆာင်ခင် ထွက်သွားလို့ကတော့ ပြန်ဝင်လာခွင့် မရှိဘူး။ ဥပဒေကို တင်းကြပ် ထားမှ ရတယ်။ နို့မို့ လူတွေက အခွင့်အရေး ယူသွားကြမှာ။
ဒါပေမဲ့ လူချမ်း သာ အိန္ဒိယန်းတစ်ချို့က ထွက်သွားပြီး အနှစ် (၂၀) လောက် ကြာရင် ပြန်လာ၊ တို့က သူတို့အတိတ်ကို မေ့သွားမယ်လို့ ထင်ကြတာပါ။ အဲဒါ သူတို့မှားတာပဲ။
အများစုကတော့ သူတို့ကလေးတွေရဲ့ စစ်မှုထမ်းတာဝန်နဲ့ ပတ်သက်လို့ ကျေ နပ်ကြပါတယ်။ ဒီက အနေအထားကို သူတို့ သဘောပေါက်ကြတယ်။ သူတို့ အိမ်နီးချင်းတွေက ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီက လူနေမှုအဆင့် အ တန်းမျိုး ရောက်အောင် မျိုးဆက်နှစ်ဆက်၊ သုံးဆက် စောင့်ကြည့်ရဦးမှာ။ ဒါကြောင့် သူတို့က စင်ကာပူမှာ နေရတာကို ကျေနပ်ကြပါတယ်။

မေး ။ ။ ပီအာတွေ စီတီဇင်မယူတာ ဘာကြောင့်လဲလို့ ထင်ပါသလဲ။
ဖြေ ။ ။ မလေးရှားတွေကို ကြည့်။ သူတို့ စီတီဇင်မယူဘူးဆိုတာက ဟိုမှာ သူတို့ပိုင်ဆိုင်မှုတွေ၊ မိသားစုတွေ ရှိတယ်။ လာလိုက်၊ သွားလိုက် လုပ်နေ တာက ပိုလွယ်တယ်။ သူတို့ မိဘတွေ ဆုံးသွားပြီဆိုရင် သူတို့က စီတီဇင် ယူတယ်။
ငါ့ကျန်းမာရေးအတွက် ကြည့်ရှု့ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်က အဲဒီအတိုင်းပဲ။ သူ့ဇနီးနဲ့ သူ့ကလေးတွေက ဒီမှာ။ စင်ကာပူ စီတီဇင်တွေ။ ငါတို့ကသာ စီတီဇင်နှစ်မျိုး ကိုင်ဆောင်ခွင့်ပြုမယ်ဆိုရင် အခြေအနေက ဒီထက်ဆိုးမယ်။ တို့နိုင်ငံက အမေရိကလောက် မကျယ်ဘူး။


မေး ။ ။ နိုင်ငံခြားသားတွေ တိုးလာတော့ ဒီမှာရှိတဲ့ လူထုနဲ့ အချိုးညီမျှပြီး လူမျိုးရေး ဟန်ချက်ညီအောင်လုပ်ဖို့ အခက်အခဲက ဘာများဖြစ်မလဲ။

ဖြေ ။ ။ တိုးလာတဲ့ တရုတ်၊ အိန္ဒိယတွေရဲ့ အရေအတွက်နဲ့ ညီမျှအောင် မလေးရှား၊ အင်ဒိုနီးရှား မွတ်ဆလင်တွေ ဒီကိုရောက်လာအောင် လုပ်ရ မယ် ။ ပြဿနာက သူတို့ဒီကို ရောက်လာအောင် လုပ်လို့မရတဲ့ အချက် ပဲ။ သူတို့ ဒီကိုလာတဲ့ဦးရေက တော်တော်နည်းတယ်။ အလုပ်ကြမ်းသမားတွေကိုလက် ခံမယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီမှာ သူတို့နဲ့ ပြည့်သွားလိမ့်မယ်။ ပညာတတ်တွေ ကျပြန်တော့လည်း စင်ကာပူကို ဘယ်လာပါတော့မလဲကွာ။ ဟိုမှာက ဒီလောက်လည်း ပြိုင်ဆိုင်နေစရာ မလိုဘူး။ အခွင့်အရေးကျတော့ ဟိုမှာက ပိုရနေတာလေ။

အာရပ်ကမ္ဘာမှာ အလုပ်လုပ်နေကြတဲ့ တို့နိုင်ငံက အမျိုးသမီးတွေနဲ့လက်ထပ် ထားတဲ့ အာရပ်အနည်းအကျဉ်းတော့ ဒီကိုလာတယ်။ သူတို့က စင်ကာပူဟာ သိပ်မဆိုးတဲ့နေရာလို့ ထင်ကြတယ်။ အမျိုးသမီးတစ်ယောက်က ပညာတတ် ခင်ပွန်းကို စင်ကာပူထဲခေါ်လာတာနဲ့ ပတ်သက်လို့ တို့က မတားပါဘူး။ ဒါပေမဲ့ ဒီအရေအတွက်က နည်းနည်းလေးပါ။

မလေးရှားခေါင်းဆောင်တွေက ဒီအခြေအနေကို သဘောပေါက်ကြတယ်။ မလေးမွတ်စလင်တွေ ဒီထက်ပိုများများ စင်္ကာပူမှာ အခြေချနေထိုင်ကြဖို့ ငါ တို့ ကြိုးစားနေကြောင်း သူတို့ကို ပြောပြတယ်။ တချို့ မွတ်စလင် ပညာ ရှင်တွေ MNS တွေက တာဝန်ပြောင်းချပေးလို့ ဒီကို ရောက်လာကြတာတွေ ရှိတယ်။ ရောက်လာရင် သူတို့ကလေးတွေကိုလည်း ခေါ်ပြီး ဒီကကျောင်းေ တွမှာ ထားကြတယ်။ တာဝန်ပြီးဆုံးလို့ သူတို့ ပြန်ရတဲ့အခါမှာတောင် သူတို့ ကလေးတွေကို ဒီမှာ ချန်ထားတတ်ကြတယ်။ တို့က ပိုလို့တောင် ကြိုဆိုသေး တာပေါ့။
အိန္ဒိယလူဦးရေကတော့ လူတော်လေးတွေ ဒီမှာလာပြီး နေကြတော့ တိုး လာနေ တယ်။ သူတို့ အရင်းအမြစ်ကိုကြည့်။ လူဦးရေ သန်းနှစ်ရာကျော်ထဲ မှာ ပညာတတ်တွေ အများကြီးပဲ။ ပြီးတော့ သူတို့က အင်္ဂလိပ်လိုသင်ပြီး ဘွဲ့ ရခဲ့ကြတာ။ ခရစ်ကက်လည်း ကစားကြတယ်။ ဒီတော့ တို့အားကစား အမျိုး အစား ထဲမှာတောင် အမျိုးအစား အသစ်တစ်ခု တိုးသွားတာပေါ့။
ဒီမှာ အိန္ဒိယကျောင်း သုံးကျောင်းရှိတယ်။ ငါသာ မတားရင် ဒီထက်ပိုပြီး များ စရာ ရှိတယ်။ စင်္ကာပူကျောင်းကို တက်ချင်တက်၊ မတက်ရင် အိန္ဒိယကိုပြန် လို့ ငါပြောခဲ့တာ။ PR အနေနဲ့နေ၊ စစ်မှုထမ်းပေမယ်လို့ သူတို့ အသိုင်းအ ဝန်းလေးထဲမှာ နေပြီး ကျန်တဲ့လူမျိုးတွေနဲ့ မပေါင်းမိဘူး။ ဒါကြောင့်။

ငါတို့က ဥပဒေထုတ်ဖို့တောင် စဉ်းစားနေတာ။ အလယ်တန်း သက်တမ်း တလျှောက်လုံး အိန္ဒိယန်းကျောင်းမှာပဲ တက်လာခဲ့ရင် PR မပေးဘူး ဆိုတာ မျိုး။ သူတို့ကျောင်းမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်က အားလုံးလိုလို အိန္ဒိယ အကြောင်းတွေချည်းပဲ။ ဒါကြောင့် အိန္ဒိယကိုပဲ ပြန်သွားရမယ်။ သူတို့ ဗဟုသု တက အိန္ဒိယဗဟုသုတပဲ ရှိတယ်။ ဒီတော့ ခံစားချက်ကလည်း အိန္ဒိယန်းတွေ ရဲ့ ခံစားချက် ဖြစ်နေတယ်။ အဲ့ဒါ ပြဿနာ။

မေး ။ ။ လတ်တလော တရုတ်သတင်းစာက ဦးဆောင်စည်းရုံးတဲ့ အခမ်း အနားတစ်ခု ရှိခဲ့တယ်။ အဲဒီ အခမ်းအနားမှာတော့ အခုမှ ရောက်လာတဲ့ စီ တီဇင်အသစ်တွေက သူတို့အတွက်၊ သူတို့ကလေးတွေအတွက် ဒီလို အခြေအနေမျိုးရအောင် ခေါင်းဆောင်မှုပေးခဲ့တဲ့ မစ္စတာလီရဲ့ကျေးဇူး ကြီးမားကြောင်း ပြောဆိုကြတာ တွေ့ရတယ်။ မစ္စတာလီရဲ့ မှတ်ချက်အရ လက်ရှိ စင်္ကာပူရီးယန်းတွေက ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူးဆိုလား။

ဖြေ ။ ။ ဒါကတော့ သဘာဝပဲ။ ထင်ရှားတဲ့အကြောင်းရင်းက စီတီဇင် အ သစ်တွေက မတူတဲ့ ပတ်ဝန်းကျင်က ရောက်လာကြတာ။ တရုတ်ပြည် ကဖြစ်ဖြစ်၊ အိန္ဒိယကပဲ ဖြစ်ဖြစ်ပေါ့။ စင်္ကာပူရောက်ပြီး သူတို့ဘဝက ချက်ချင်း ကြီး တိုးတက်သွားတာကိုး။ တို့က စင်္ကာပူးရီးယန်းတွေအတွက်ကျတော့ ဒါ က ဘာမှ မထူးဆန်းသလို ထူးပြီးလည်း မခံစားကြရဘူး။ သူ့ကလေးအတွက် လက်ရှိရနေတာတွေဟာ သဘာဝအရကို ရနေတာလို့ ထင်နေတာ။ ဒါကလုံး လုံး အလွဲကြီး။
သဘာဝအရ ဘယ်ဟုတ်လိမ့်မတုန်း။ တစ်ခုခုများ တိမ်းချော်သွားခဲ့ ရင် အောင်မြင်နေတာတွေအားလုံး ပျောက်ဆုံးပြီး အောက်ဆုံးအထိ ကျ သွားနိုင်တယ်။ ငါတို့ နိုင်ငံတော်သီချင်းကိုဆို၊ သံဓိဋ္ဌာန်တွေ ပြုကြတယ်။ တကယ်က “နိုင်ငံတော်” အဆင့်ကို ရောက်အောင် ကြိုးစားနေကြရတုန်းပဲ ရှိသေးတယ်။ “နေးရှင်း” တစ်ခုမဟုတ်သေးဘူး။ နောက် နှစ်ပေါင်းတစ်ရာဆို ရင်တော့ နေးရှင်း ဖြစ်နိုင်ကောင်းပါရဲ့။
အမေရိကဆိုရင် သက်တမ်း နှစ်ရာ့ငါးဆယ်ကျော်ပြီ။
သူတို့လည်း နေး ရှင်းဖြစ်ပြီလို့ ငါတော့ မယုံကြည်သေးဘူး။ မှန်တယ်။ သူတို့ ဒုတိယကမ္ဘာစစ်မှာ လူဖြူတွေရော၊ လူမည်းတွေရော အတူတူတွဲပြီး တိုက်ခဲ့ ကြတယ်။ ပြီးတော့ ဗီယက်နမ်စစ်ပွဲ အတူ တိုက်ခိုက်ခဲ့ကြပြန်တယ်။ စစ်ပွဲလည်း ပြီးရော လူဖြူက လူဖြူနေရာ၊ လူမည်းကလူမည်းနေရာ ပြန်ေ ရာက် သွားရော။
ခက်ခဲတဲ့ အခြေအနေတွေ ကြားမှာကိုပဲ ငါတို့ တအား ကြိုးစားခဲ့ကြတယ်။ လူတွေကို နေရာရွေ့ပြောင်း ပေးပြီး အမြန်ပြောင်းလဲပစ်နိုင်တဲ့နည်းကို ကြိုး စား ကြည့်ခဲ့သေးတယ်။ အဲဒီအစီအစဉ်သာ အောင်မြင်ခဲ့ရင် ဒီနေ့စင်္ကာပူနဲ့ တခြားစီ ဖြစ်နေလိမ့်မယ်။
မလေးရှားက နည်းတစ်မျိုးနဲ့ ခရီးသွားတယ်။ သူတို့ဆီမှာ လူမျိုးစုတွေက လုံး ဝ ကို တသီးတသန့်ဆီ။ တရုတ်၊ အိန္ဒိယန်း၊ မလေး သူ့အုပ်စုနဲ့သူ။ ထိပ်တန်း စီးပွားရေး လောကထဲမှာကိုပဲ အပြန်အလှန် ဆက်ဆံမှု မရှိဘူး။ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းပဲ။ အဲဒါ နေးရှင်းလား။ လုံးဝ မဟုတ်ဘူး။

ငါတို့ကရော နေးရှင်းလား။ ကူးပြောင်းနေတယ်။
ဘယ်တော့ ရောက်မလဲ။
ငါ မသိဘူး။
ခေါင်းဆောင်က သူ့ဆက်ခံသူကို ချမှတ်ပေးလို့ပဲ ရတယ်။ နောက်ပိုင်းကိစ္စက သူ့ကို ဆက်ခံသူနဲ့ပဲ ဆိုင်တယ်။
စတာလင်မရှိတော့ဘူးဆိုတော့ ခရုရှက်(ဖ်)က စတာလင်ရဲ့မူဝါဒတွေအားလုံး ဖျက်ဆီးပစ်တယ်။
ခရုရှက်(ဖ်)လည်း သွားရော Brezhnev (ဘရက်ညဇက် ) က တခြားပုံစံနဲ့ ခရီးဆက်ပြန်ရော။
Brezhnev က အသက်ရှစ်ဆယ်လောက် ရောက်တော့ Andropov (အန်ဒရိုပေါ့) ကို အာဏာလွှဲပေးတယ်။
Chernenko (ချာနင်ကို) သေတော့ ဂေါ်ဘာချော့(ဗ်)က ဆိုဗီယက်ပြည်ထောင်စုကြီးကို ဖြိုခွဲပေးလိုက်တယ်။
သူတို့က နေးရှင်း မဟုတ်ဘူး။ အင်ပါယာပဲ။

တရုတ်ပြည်က နေးရှင်းလား။ ဟုတ်တယ်။ ဟန်လူမျိုးက တရုတ်လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်း ရှိတယ်။ နှစ်ငါးထောင်ကြာတဲ့ သမိုင်းရှိတယ်။
ဒါဆို Xinjian (ရှင်ကျင့်) နဲ့ တိဗက်တို့က ဘယ်လိုလဲ။
အဲဒီပြည်နယ်နှစ်ခုကို ဟန်လူမျိုးတွေနဲ့ ပေါင်းပြီး နေးရှင်းလုပ်မလို့ ကြိုးစားနေ ကြတာ။ လူမျိုးစုံတဲ့ နိုင်ငံတိုင်းကတော့ ဒီပြဿနာမျိုးကို ရင်ဆိုင်ရတာပါပဲ။




ဇင်ဝေသော် 

လူစိမ်းမှ လူရင်းသို့ ( ၇း ၂ )


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုက်အလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။

မေး ။ ။ စင်ကာပူးရီးယန်းတွေ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စိုးရိမ် တာတစ်ခုက သူတို့က PR ကိုသာ ယူပြီး စီတီဇင်ခံယူတဲ့ ရာခိုင်နှုန်း က တော်တော် နည်းနေတဲ့ ကိစ္စပဲ။

ဖြေ ။ ။ အဲဒါ မှန်တယ်။ ငါတို့လည်း ဒီအတွက် ပူနေရတယ်။

မေး ။ ။ နိုင်ငံခြားသားတွေ များလာတာကို အခြေခံပြီး စင်ကာပူ လူ့အဖွဲ့ အစည်းမှာ ဘာတွေ ဘယ်လို ပြောင်းလဲလာနေသလဲ။

ဖြေ ။ ။ ငါ့အမြင်ကတော့ စင်ကာပူးရီးယန်းတွေ ပိုကြိုးစားချင်လာအောင် ဆွပေးနေတယ်လို့ မြင်တယ်။ ကောင်းတာပေါ့။ တို့က သူတို့ကို နေရာခွဲပြီး ထားမယ်ဆိုရင် သူတို့က တို့အပေါ်လွှမ်းမိုးတာထက် တို့က သူတို့အပေါ် လွှမ်းမိုးတာက ပိုများမှာပေါ့။ အပြောင်းအလဲ သိပ်ကြီးကြီးမားမား မဖြစ်ပါဘူး။ သူတို့ ကလေးတွေက စင်ကာပူးရီးယန်းတွေ ဖြစ်ကုန်မယ်။ ဘာ့ကြောင့် သူတို့စင်ကာပူးရီးယန်း မဖြစ်နိုင်ရမှာလဲဆိုတဲ့ အကြောင်းကို မမြင်မိဘူး။

တရုတ်ပြည်ကလာတဲ့ တရုတ်မိဘတွေ ငြီးတွားတာကို ငါ ကြားရတယ်။
“ကြည့်၊ ငါ့သားက ကျောင်းမှာ တရုတ်စာ မသင်ချင်ဘူး။ အင်္ဂလိပ်စာ တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်အောင်လို့” တဲ့။
အိမ်မှာတော့ သူက မန်ဒရင်း ပြောမှာပေါ့။ SAP (SAP – Special Assistance Plan) ကျောင်း တက်ပြီးနောက်တော့ သူက ကြိုးစားပြီး လိုက်နေမှာ မဟုတ်တော့ဘူး။ သူက ထိပ်တန်းနေရာမှာ ရချင်တာ။ စင်ကာပူက ကလေးတွေ တွေးသလို သူကလည်း တွေးတယ်။
“တရုတ်စာကိုပဲ နင်းကန်လုပ်နေရင်တော့ ကျန်တဲ့ကျောင်းသားတွေကို ရှုံးမှာပဲ။ သူတို့ထက်သာဖို့ အရေးကြီးတဲ့ ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်၊ သိပ္ပံ၊ သင်္ချာ၊ အပိုသင်္ချာ၊ ဖီးစစ်၊ ဘိုင်အိုလော်ဂျီတွေမှာ တော်နေမှ ရမယ်။ ဒါမှ အမှတ်ရမယ်” လို့တွေးတယ်။


မေး ။ ။ နိုင်ငံခြားသားတွေနဲ့ စင်ကာပူးရီးယန်းတွေ ပေါင်းစည်းပေးရေး ကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အဲဒါက ငါတို့ တကယ်ရင်ဆိုင်နေရတဲ့ ပြဿနာပဲ။ တရုတ်ပြည်က လာတဲ့ တရုတ်တွေနဲ့ ငါတို့ ဒေသခံတရုတ်တွေက သိပ်ပြီး အစေးမကပ်လှဘူး။ ဒီတော့ သူတို့အချင်းချင်းပဲ သူတို့ အုပ်စု ဖွဲ့နေကြတယ်။ မြောက်ပိုင်း အိန္ဒိယနဲ့ တမီး(လ်)နာဒူးကလာတဲ့ လူတွေတောင်ပါသေး။ သူတို့က သူတို့ ကိုယ်သူတို့ ဒီက အိန္ဒိယန်းတွေထက် ဇာတ်ပိုမြင့်တယ်လို့ ထင်နေကြတာ။ ဒီတော့ ပေါင်းစပ်လို့ မရပြန်ဘူး။ ငါတို့ကျောင်းတွေရဲ့မူကြောင့် နောက်မျိုးဆက်ကတော့ တသားတည်း ဖြစ် သွားလိမ့်မယ်။ လက်ရှိလူတွေက လေးဆယ်ကျော်၊ ငါးဆယ်ကျော်တွေပေါ့။ သူတို့က နေမယ်ဆို ၁၀ နှစ်၊ ၂၀၊ ၃၀၊ ၄၀ နေကြရမှာပေါ့။ တို့က သူတို့ကို တတ်နိုင်သ၍ တသားတည်းဖြစ်အောင် ကူညီရမှာ။ ရေဒီယိုလိုင်း ၉၅.၈ ကို ငါနားထောင်ကြည့်တယ်။ သူတို့က တရုတ်ပြည်ကနေ ရောက်လာတဲ့ လူ လတ်ပိုင်းတစ်ယောက်ကို မင်ဒရင်းလို အင်တာဗျူး နေကြတယ်။

သူကပြောတယ်
“ဘယ်လိုလုပ် တသားတည်းဖြစ်လို့ ရမှာတုန်း၊ ကျွန်တော်လည်း ကြိုးစားနေ တာပဲ။ ဒါပေမဲ့ စားတဲ့အစားအစာက မတူ၊ ချက်ပုံပြုတ်ပုံက မတူ၊ အလေ့အ ကျင့်က မတူ၊ ဘယ်လို လုပ်မှာလဲ။ ကျွန်တော့ ကလေးတွေကတော့ ကျောင်း တက်နေကြတယ်။ သူတို့ကတော့ ခင်ဗျားတို့ လိုချင်တဲ့ပုံစံ ရောက်လာမှာပဲ။ ကျွန်တော်က နေ့ချင်းညချင်းကြီး ဘယ်လိုလုပ် ပြောင်းလဲယူလို့ ရမှာလဲ” တဲ့။
သူက အမှန်တွေ ပြောနေတာ။

ဟုတ်တယ်။ တို့က သူ့ကို နေ့ချင်းညချင်း ပြောင်းယူလို့မရဘူး။ ဒါပေမဲ့ ကြိုး စားရမယ်။ သူတို့ကို ခွဲပစ်ရမယ်။ သူတို့က အိမ်ဟောင်းတွေကို ဝယ်၊ ပြီးတော့ ပြန်ရောင်း။ နောက်ဆုံး သူတို့အချင်းချင်းပဲ ပြန်စုပြီး ပေါင်းနေကြ မယ်ဆိုရင် ငါတို့တော့ ပြဿနာပဲ။ သူတို့အချင်းချင်း သူတို့ဘာသာစကားနဲ့ ပဲ ပြောနေကြမှာ။ အင်္ဂလိပ်လို ပြောနေကြမှာ မဟုတ်ဘူး။ ဒါကြောင့် HDB မှာ နေထိုင်တဲ့လူတွေရဲ့ ပရိုဖိုင်းကို ကြည့်ပြီး သူတို့ကို ခွဲခြားပေးထားတယ်။

သူတို့ အိမ်နီးချင်းတွေက စင်ကာပူးရီးယန်းတွေ၊ စင်ကာပူးရီးယန်းတွေက ပိုများတယ်ဆိုရင် သူတို့ကလေးတွေကလည်း စင်ကာပူးရီးယန်းလေးတွေ လို ပဲ လူမျိုးပေါင်းစုံ စုပြီး နေတတ်သွားမှာပေါ့။

လူမှုရေးအင်ဂျင်နီယာဟာ တော်တော်အရေးကြီးတဲ့ ပညာရပ်ပဲ။ သူတို့ သဘောနဲ့ သူတို့သာ လွှတ်ထားလို့ကတော့ အဲဒီပေါင်းစည်းရေး ဆိုတာကြီး အတွက် ပြဿနာတက်ပြီသာ မှတ်ပေတော့။ ဒါကို ကောင်းကောင်း မကိုင် တွယ်နိုင်ရင် နောက်မျိုးဆက်ကလည်း သူတို့လူမျိုးစုလေးနဲ့ သူတို့ပဲ နေနေ ကြမှာ။ ဒါကြောင့်မိုလို့ တိုက်တွေမှာ ဘယ်လူမျိုးအတွက် အခန်း ဘယ်ေ လာက်ဆိုတဲ့ ကိုတာစနစ်နဲ့ ငါတို့ချပေးထားတာ။


မေး ။ ။ စီတီဇင် (နိုင်ငံသား) အသစ်တွေကို ဖြန့်ခွဲပြီးထားဖို့ အကြောင်းပြောခဲ့တယ်။ တကယ်တမ်း ဖြစ်နေတာက တိုက်ခန်းတွေမှာ နိုင်ငံခြားသားတွေ စုနေကြတဲ့ အိမ်တွေက တော်တော်ကြီးကို များနေတာ။

ဖြေ ။ ။ ငါတို့ ထိန်းလို့မရတာက အိမ်ခန်းငှားတဲ့ကိစ္စပဲ။ အိမ်ပိုင်ရှင်တွေကို အိမ်ခန်းငှားခွင့် ပြုထားကြတယ်။ ဒါဆို သူတို့အပိုဝင်ငွေ ရတာပေါ့။ အိမ်ခန်း ငှားထားတဲ့ စာရင်းတွေအထိ လိုက်ဖို့ဆိုတာကျတော့ မလွယ်လှတော့ ဘူးလေ။ တချို့က တစ်အိမ်လုံး ငှားတယ်။ တချို့က အခန်းပဲ ငှားတယ်။ ဒါတွေကို ဘယ်လိုသွား ထိန်းချုပ်မလဲ။ သူတို့ အိမ်ဝယ်စဉ်မှာပဲ ငါတို့က … သူက စင်ကာပူးရီးယန်း အဟောင်း၊ သူက အသစ်၊ သူက ပါမင့်နင့်(န်) ရက် ဆီးဒင့် (အမြဲနေထိုင်ခွင့်ရသူ)၊ သူကတော့ ခဏလာနေသူ စသဖြင့် ခွဲပြီး ထိန်းပေးထားလို့ရတာ။ ဝယ်ပြီး သူတို့က ပြန်ငှားတာကျတော့ တို့ဘာမှ လုပ်လို့မရဘူး။ ဒီက အရောင်းအဝယ် သဘောတရားလည်း ပါကောင်းပါနိုင် ပါတယ်။ တကယ်နေတော့မယ်ဆိုရင် လက်ရှိအိမ်ကို ရောင်းပြီး၊ ဈေးကျနေ တုန်း အိမ်အသစ်ကို ပြန်ဝယ် လုပ်နေကြပုံရပါတယ်။

ဒါဆို ရွေးစရာလမ်းက ဘာဖြစ်မလဲ။ နိုင်ငံရဲ့ စီးပွားရေးကျသွားပြီဆိုရင် နံပါတ်တစ် ပြန်လုပ်ရတဲ့ကိစ္စက စီးပွားရေး ပြန်ကောင်းလာဖို့ပဲ မဟုတ်လား။ တိုးတက်မလာဘူးဆိုရင် မင်းနိုင်ငံရဲ့ စီးပွားရေးက သေနေမှာပေါ့။

အသစ်ရောက်လာတဲ့ နိုင်ငံသားတွေ ဒီမှာ အခြေကျနေစေချင်တယ်ဆိုရင် သူတို့အတွက် အခွင့်အလမ်းတွေကိုလည်း ဖန်တည်းပေးထားမှ ရတယ်။ မင်း … ကြည့်၊ ၁၉၉၀ ခုက ဟောင်ကောင် တရုတ်ပြည်ထဲ ပြန်ရောက်တော့မယ် ဆိုတော့ ကနေဒါကို ရွေ့ပြောင်းသွားတဲ့ ဟောင်ကောင်လူမျိုးတွေ နည်းတာ မှတ်လို့။ ဟိုမှာ အခွင့်အလမ်း သိပ်မရှိတော့ အဲဒီလူတွေ ဟောင်ကောင် ကို ပြန်ရောက်လာကြတယ်။ သူတို့ မိသားစုတွေကိုတော့ ကနေဒါက Toranto၊ Vancouver တို့မှာ ထားခဲ့ကြတာပေါ့။ ဟောင်ကောင်ကမှ ပိုက်ဆံ ဝင်တဲ့နေရာကိုး။ သူတို့ကိုတော့ “astronauts” တွေလို့ ခေါ်ကြတယ်။

မေး ။ ။ စီးပွားရေးတိုးတက်မှု၊ လူဦးရေ တိုးပွားနှုန်းနည်းမှုကို အခြေခံ ပြီး နိုင်ငံခြားသားတွေ အများကြီး အချိန်တိုအတွင်းမှာ ခေါ်ယူခဲ့တယ်။ ပြီးရင် လူမှုရေး သဟဇာတမကျဖြစ်နေတဲ့ ဟန်ချက်ကို ဘယ်လိုများ ထိန်းသွားလို့ ရနိုင်ပါ့မလဲ။

ဖြေ ။ ။ အေးလေ … မသက်မသာ ခံစားနေရတာကတော့ ရှိနေမှာပဲ။ မန်ဒရင်းစကားကိုပဲ လေယူလေသိမ်းတစ်မျိုးနဲ့ ပြောသံကြားလိုက်ရင်၊ ဒီက အိန္ဒိယန်းတွေရဲ့ တမီး(လ်) စကား၊ ဟိန္ဒီစကားတွေကို ကြားလိုက်ရင် တစ်မျိုးတော့ ဖြစ်သွားကြမှာပေါ့ကွာ။ ဒါကတော့ ရှောင်လွှဲလို့ မရဘူးလေ။

တစ်ချို့ နိုင်ငံခြားသားတွေကို
“မင်းရဲ့နောက်ဆုံး ဦးတည်ထားတဲ့နေရာက ဘယ်မှာလဲ”
လို့ မေးဖူးတယ်။ သူက ကျွန်တော်က ဗြိတိန်က လာတာပါ။ ဒါပေမဲ့ သြစေ တးလျမှာ နေမယ် လို့ ဆုံးဖြတ်ထားတယ်လို့ သူကဖြေတယ်။ ဘာဖြစ်လို့ သြစတေးလျကို သွားမှာလဲဆိုတော့ အဲဒီက ပိုကောင်းလို့တဲ့။ ပြီးတော့ ဆက်ပြောတယ်။ ဗြိတိန်ကို ပြန်သွားရင်တောင် နေရာတွေကို မမှတ်မိတော့ ဘူး။ ဟိုမှာ ပိုလန်သားတွေ၊ အာရှသားတွေ၊ အာရပ်တွေ၊ အာဖရိကန်တွေ၊ လူမျိုးတွေက အများကြီး ဖြစ်နေပြီး အိမ်ကို ပြန်သွားတာတောင်မှ တစ်စိမ်း တစ်ရံလို ခံစားရတယ်လို့ ပြောတယ်။

အခု စီးပွားရေးအကျပ်မဆိုက်ခင်အထိ ဗြိတိန်ရဲ့ စီးပွားရေးက တော်တော်ေ ကာင်းခဲ့တာ။ ဒါ့ကြောင့် တခြားဥရောပနိုင်ငံတွေက လက်မခံခဲ့တဲ့ နိုင်ငံခြား သားတွေကို သူတို့က လက်ခံလိုက်တာ။
အင်ပါယာ ပြိုကွဲသွားပြီးတဲ့နောက် ဒီအရှိန်ကို သူတို့ဘယ်လို ထိန်းထားလို့ ရမလဲ။ ကုမ္ပဏီအသစ်တွေကို လက်ခံ၊ တစ်ကမ္ဘာလုံးက ပညာရှင်တွေကို ဝင် လာခွင့်ပြု၊ အထူးသဖြင့် အမေရိကန်တွေပေါ့။ သူတို့ကို အခြေချနေထိုင် လာအောင် အကူအညီပေး။ ဒါပဲ လုပ်လို့ရတယ်။

ပြီးတော့ ယူရိုဒေါ်လာကို သူတို့ စသုံးခဲ့ကြတယ်။ ဒီတော့ အမေရိကန် ဘဏ်တွေ လန်ဒန်ကို ရောက်လာရော။ လန်ဒန်ကို စီးပွားရေးအချက် အခြာ နေရာကြီးတစ်ခု ဖြစ်အောင် သူတို့ တည်ဆောက်ယူကြတယ်။ သူတို့အားလုံးက အင်္ဂလိပ်စကားပြောတွေ၊ အင်္ဂလိပ်စကားပြောတဲ့ ရှေ့နေ၊ အင်္ဂလိပ်စကားပြောတဲ့ စာရင်းစစ်။ ဒါတွေက ဘဏ်စစ်စတန်ကြီးတစ်ခုလုံး ကို ထောက်ခံပေးထားတာပဲ။ ဒီလိုနဲ့ အမေရိကန်ရှေ့နေနဲ့ အကောင့်တင့် (န်)တွေ လန်ဒန်မှာ အခြေချ နေလိုက်ကြရော။ အခု လောလောဆယ်တော့ သိပ်မကောင်းလှဘူး။ ဒါပေမဲ့ ပြန်ကောင်းလာမှာ။

ဒါတွေကိုကြည့်ပြီး ကောက်ချက်တစ်ခု ငါချလိုက်တယ်။
ဗြိတိသျှတွေ စီးပွားရေးတက်လာတာဟာ ကမ္ဘာထဲကို တိုးဝင်လိုက်လို့။

မေး ။ ။ စင်ကာပူးရီးယန်းတွေ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စိုးရိမ် တာတစ်ခုက သူတို့က PR ကိုသာ ယူပြီး စီတီဇင်ခံယူတဲ့ ရာခိုင်နှုန်း က တော်တော် နည်းနေတဲ့ ကိစ္စပဲ။

ဖြေ ။ ။ အဲဒါ မှန်တယ်။ ငါတို့လည်း ဒီအတွက် ပူနေရတယ်။


 ဇင်ဝေသော်