မင်းတို့ကြီးလာရင် ဘယ်လိုမိန်းမမျိုးကို ယူမှာလဲ


မန်ချက်စတာ ရှုံးတဲ့နေ့၊ နေအလွန်ပူတဲ့နေ့တွေမှာ ကျနော်တို့ဆရာသမား အိပ် မပျော်တတ်ဘူး။ အဲသလိုနေ့တွေမှာ လူပျိုကြီးဆရာက ကျောင်းသားတွေကို ဟိုမေး ဒီမေး မေးတတ်တယ်။
"မင်းတို့ကြီးလာရင် ဘယ်လိုမိန်းမမျိုးကို ယူမှာလဲ"
အများစုက လျောက်ပြောကြတာ၊ အရပ်ရှည်ရမယ်၊ အသားဖြူရမယ်၊ ပညာ တတ်ရမယ်၊ စုံလို့ စုံလို့ပဲ။
အဲ......တစ်ယောက်က လွဲရင်ပေါ့။
"ကျနော်ကြိုက်တ်တဲ့မိန်းမ ကျနော်ယူမှာ"
"ဟေ"
************************************************************************
စကားတစ်ခွန်းထဲနဲ့ ကျနော်ဆရာ့ဖြစ်သွားတဲ့ သူငယ်ချင်း
ရွာပြန်ရောက်လို့ သူဘယ်မှာရှိနေသလဲလို့မေးတော့ အမတွေက.....
"သူ....ဘုန်းကြီးဝတ်သွားပြီ" တဲ့။
ကဲ ကြည့်၊ ဒီကောင်က လုပ်ချသွားပြန်ပြီ။ သူ့စကားနဲ့သူကတော့ ဟုတ်လို့။
"ကျနော်ကြိုက်တ်တဲ့မိန်းမ ကျနော်ယူမှာ" တဲ့လေ။

(စောနေလတ်၊ လူလားမမြောက်သေးသော အတွေးများ)

လူလားမမြောက်သေးသော အတွေးများ


ရွှေမြန်မာမဂ္ဂဇင်း အတွေးအမြင်စာစုများ စုစည်းမှု


လူလားမမြောက်သေးတဲ့ အတွေးများ ၂၃ (အဆက်)


(စောနေလတ်)...

(၂)
ဟုတ်တယ်။ ကလေးတစ်ယောက်ဟာ သဲသောင်ခုံကို သူ့လက်ကလေးနဲ့ ယက်လိုက် ခဏနေငိုလိုက်၊ ငိုလို့ မောလို့ယက်လိုက်၊ ယက်လို့ ခဏနေတော့ နားပြီးငိုလိုက် ဖြစ်နေသတဲ့…။
ကလေးရဲ့ လက်ဖျားလေးတွေက သွေးစို့နေပြီး သူ့နှုတ်ခမ်းလေးတွေက လည်း ပြာနှမ်းနေသတဲ့။ ပြီးတော့ ငိုသာငိုနေတာ မျက်ရည်က မထွက်တော့ ဘူ။ သူ့ကို စောင့်ကြည့်နေသူ နောက်တစ်ယောက်ရှိသေးတယ်။ သူက မိုး နတ်မင်းကြီး။
ကြာတော့ မိုးနတ်မင်းကြီး မနေနိုင်တော့ဘူး။ မျက်စိတွေပြာဝေသွားလောက် တဲ့ အလင်းတန်းကြီးနဲ့အတူ ကလေးရဲ့ ရှေ့မှောက်ကို “၀ုန်း” ကနဲ သူ ထိုး ဆင်းလိုက်တယ်။
ချက်ချင်း ကလေးလေးက လန့်သွားတယ်။ ပြီးတော့ အားကိုးတကြီးနဲ့ မော့ ကြည့်ရှာတယ်။ မပီမသ တိုးတိုးလေး လည်း ရွတ်လိုက်သတဲ့။
“ Water, Water”
“ဟဲ့ ကလေး၊ မင်းဘာလုပ်နေတာလဲ”
“လက်ယက်တွင်းတူးပြီး ရေရှာနေတာပါ”
“မင်း--ရေတွေ့ပြီလား”
“ကျနော့်နှုတ်ခမ်းတွေသာ ကြည့်ပါဗျာ”
မိုးနတ်မင်းကြီးက သူ့အိတ်ကပ်ထဲမှာပါလာတဲ့ နတ်သုဒ္ဓါတွေ ကလေးကိုပေး သတဲ့။ ကလေးကယူတော့ ယူတယ်။ ဒါပေမယ့် သူလိုချင်တာ ဒါမဟုတ် ဘူး။ ခြောက်သွေ့သွေ့ သူ့လျှာလေးနဲ့ အက်ကွဲနေတဲ့ သူ့နှုတ်ခမ်းကိုယက်ပြီး နတ်မင်းကြီးကို မော့ကြည့်လို့သာ နေလိုက်သတဲ့။
“ကဲ….မင်းရဲ့ ရေမထွက်တဲ့ လက်ယက်တွင်းကိုလည်း ဆက်မတူးနဲ့တော့။ ငိုလည်းငိုမနေနဲ့တော့။ မင်းလိုနေတဲ့ ရေရအောင် ငါလုပ်ပေးမယ်” လို့ ပြောပြီး အလင်းတန်းကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်။

အဲ…. ပြောဖို့မေ့နေခဲ့တယ်။ သူမပြန်ခင်မှာ ခြောက်သွေ့နေတဲ့ ကိုင်းပင်တွေ ရယ်၊ ပတ်ကြားအက်တွေနဲ့ ကမ္ဘာမြေရယ်ကို ကြည့်ပြီး ရွာမယ့်သာရွာရမှာ ကလေးရမှာက ပတ်ကြားအက်တစ်ခုထဲ ၀င်မယ့်ရေလောက်တောင် ရှိမှာ မဟုတ်ဘူးလို့လည်း တွေးရင်း သက်ပြင်းချသတဲ့။ မတတ်နိုင်ပါဘူးလေ။ ရွာတော့ရွာရမှာပဲလို့လည်း ထပ်တွေးပြန် သတဲ့။

(၃)

ဟုတ်တယ်။ စက္ကန့်အတွင်းလေးမှာကိုပဲ မိုးသားတွေ အလိပ်လိပ် တက်လာ တဲ့ပြီး မိုးတွေရွာချလိုက်တာ ပက်ကြားအက်တွေက မဆန့်တော့လို့ ပတ်ဝန်း ကျင် တစ်ခုလုံး ရေတွေ ဖွေးသွားတော့တာပဲ။
ကလေးလေးလည်း ပျော်ရွှင်လို့ပေါ့။ အခုမှပဲ သူရေ၀အောင် သောက်ရတော့ တယ်။ ရေသောက်ရုံတင် ဘယ်ဟုတ်ပါ့မလဲ။ ဘောင်းဘီတိုအစုတ်ကလေးနဲ့ မိုးရေတွေထဲမှာ ပြေးလွှားဆော့ကစားနေလိုက်တာ ဒီအပျော်တွေဟာ မိုးနတ် မင်းကြီးဆီကိုတောင်မှကူးစက်သွားပြီး အဲဒီကလေးနဲ့ မိုးရေချိုးရင်း ကစားချင် စိတ်တွေပေါက်ပေါက်လာလို့ မကောင်းပါဘူးလေ ဆိုပြီး သူ့ကိုယ်သူ ထိမ်းထားရသတဲ့။
ဒါပေမဲ့ မကြာပါဘူး။
ကိုင်းပင်တွေက စိမ်းစို၊ ပက်ကြားအက်တွေလည်း လျော့လျော့သွားပေမယ့်လို့ ရက်အနည်းငယ်ကြာတဲ့အခါမှာ ကလေးကတော့ ရေငတ်မြဲ ငတ်နေတော့ တာပဲတဲ့။
ဒီတော့ မိုးနတ်မင်းကြီးက စဉ်းစားတယ်။
ငါကလည်း မိုးနတ်မင်းဆိုတော့ မိုးရွာဖို့ပဲ လုပ်တတ်တယ်။ ငါရွာချလိုက်တဲ့ မိုးရေတွေကလည်း ကလေးလေး သောက်ရတာကလည်း နည်းနည်း၊ ကိုင်းပင်တွေနဲ့ ပါးစပ်ဟောင်းလောင်းပွင့်နေတဲ့ ကမ္ဘာမြေက သောက်သွား တာက များများ။ သူတို့သောက်လို့ ၀ပြီဆိုပြန်တော့လည်း အဲဒီရေတွေကို စည်းမရှိ၊ ကမ်းမရှိ မြစ်ထဲသွန်ချပစ်လိုက်ကြပြန်ရော။
တကယ်တမ်းရှိသင့်နေတာက ကလေးလေးသောက်ရေရဖို့ ရေကန်လေး တစ်ခု ကမ္ဘာမြေက ဆယ်တားပေးဖို့ ကောင်းတယ်။
ငါကိုယ်တိုင်ကလည်း မိုးနတ်မင်းဆိုတဲ့အတိုင်း မိုးသာရွာပေးတတ်တာ။ ရေ ကန်တူးတဲ့ နတ်မင်းမဟုတ်တော့ ရေကန်တူးမပေးနိုင်ဘူးဆိုပြီး ကလေးလေး ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေရှာသတဲ့။ စိတ်မကောင်းတာပဲ ရှိတယ်။ သူလည်း ဘာမှ လုပ်မပေးနိုင်တော့ဘူး။
ဒါနဲ့ပဲ…. စိတ်လေးလေးနဲ့ ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုပြီး ဥပေက္ခာပြုလို့ပဲ နေ လိုက်တော့သတဲ့။

(၄)

အဲဒီအချိန်ကစပြီး ကမ္ဘာမြေဟာ တစစပူလောင်လာလိုက်တာ ရေခဲတောင်ေ တွတောင် အရည်ပျော်ကျလာတဲ့ အထိပါပဲ။ နှောင်းပိုင်းသိပ္ပံပညာရှင်တွေ က တောတောင်ပြုန်းတီးမှု၊ အိုဇုန်းလွှာပေါက်ကွဲမှု စတဲ့ အကြောင်းတရားေ တွနဲ့ ဆွေးနွေးလို့နေကြသတဲ့။

(၅)

ဥပေက္ခာပြုတယ်ဆိုပေမယ့် စိတ်ကောင်းရှိတဲ့ မိုးနတ်မင်းကြီးကတော့ ကလေးလေးက ရေဆာလိုက်၊ မိုးတွေရွာချပေးလိုက်ပါပဲ။ ရွာချလိုက်တဲ့ရေတွေကိုလည်း ကလေးလေး သောက်ရတာနည်းနည်း ကိုင်း ပင်တွေနဲ့ ပါးစပ်ဟောင်းလောင်း ကမ္ဘာမြေက သောက်သွားတာများများပဲတဲ့။

ဒီလို ဒီလိုနဲ့ မိုးရွာချပေးလိုက်တာ အကြိမ်ရေ ဘယ်နည်းတော့မလဲ။ လူသားရယ်လို့ ပေါ်ပေါက်လာကတည်းက မဟုတ်လား။
ဒီတစ်ကြိမ်မှာလည်း ကလေးအတွက် မိုးရွာပေးဖို့လုပ်တယ်။ ခက်တာက မိုးနတ်မင်းကြီးဆီမှာ မိုးရေတွေ မရှိတော့ဘူးဆိုတော့ မိုးရွာချပေးရတာ ကလည်း အရင်လို့ မလွယ်ကူလှတော့ဘူး။
မိုးနတ်မင်းကြီးဖြစ်ပြီး မိုးရွာမပေးနိုင်ဘူးဆိုတာကိုလည်း တွေးရင်း ရှက်ချင် ရှက်နေမှာပေါ့လေ။ ဒါနဲ့ ဖြစ်ညှစ်ပြီး မိုးရွာချဖို့လုပ်တယ်။
“ဖလပ်. . ဖလပ်၊ ရွှမ်း. .ရွှမ်း”
“၀ုန်း. .ဒိုင်း. .ဒင်း ဒင်း”
ကံမကောင်း အကြောင်းမလှစွာပဲ။ ကြိုးစားပြီး မိုးရွာချပေမယ့် မိုးရေတွေ လက် ကျန်မရှိတော့တဲ့အတွက် မိုးရေတွေတော့ ကျမလာပါဘူး။ မိုးရေတွေ အစား စူးရှတဲ့ လျှပ်စီးကြောင်းကြီးတွေနဲ့ မိုးကြိုးသွားတွေသာ ကောင်းကင်ပေါ် က ကျလာတော့သတဲ့။

(နိဂုံး)

ဒါဟာ ကမ္ဘာမြေပေါ် သဘာဝဘေးအန္တရာယ်တွေ ဘယ်လိုစတင်ကျရောက် လာခဲ့ရသလဲ ဆိုတဲ့ အကြောင်းပါလို့ ကျနော်ကပြောရင် ခင်ဗျားတို့အနေနဲ့ ရီ(ရယ်)စရာပဲ သဘောထားစေချင်ပါတယ်။

လူလားမမြောက်သေးတဲ့ အတွေးများ ၂၃


စောနေလတ်ကလောင်နဲ့ ရွှေမြန်မာမဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့တဲ့ ဆောင်း ပါးတွေထဲက တစ်ပုဒ်ပါ။ အယ်ဒီတာနဲ့ဆရာတွေကတော့ ဒါကို ဝတ္ထုအနေနဲ့ ရှုမြင်ကြပါတယ်။ ဒီ ဝတ္ထုကို နာဂစ်အပြီးမှာရေးခဲ့တာပါလို့ စကားပုလ္လင် ခံထား ရင် ခံစားလို့ ပိုကောင်းမယ်ထင်ပါတယ်။ ဖေ့စ်ဘုတ်အတွက် ရှည်လွန်းလို့ ခွဲတင်ပါမယ်။

လူလားမမြောက်သေးတဲ့ အတွေးများ ၂၃
(စောနေလတ်)

(၁)
အနီရောင်လှိုင်းထပြီး မတ်တပ်သေနေတဲ့ ကိုင်းပင်ခြောက်တွေက မကျေ မနပ် နဲ့ ကမ္ဘာမြေကို ကျိန်စာတိုက် နေကြတယ်။ သူတို့ရဲ့ စိမ်းစိုလှပတဲ့ ဘ၀တွေကို အတိတ်မှာ နေရစ်ခဲ့တာ ကြာလှပြီကော။
သူတို့အောက်က ကမ္ဘာမြေကတော့ ပါးစပ်ကြီးတွေဟောင်းလောင်းပွင့်လို့။ ပါးစပ်ထဲကလည်း တံလျှပ်ရောင်ထနေ တဲ့ မီးခိုးငွေ့တွေတောင် အူနေလိုက်ေ သး။ ပေါက်ကွဲခွင့်မရတဲ့ ဗုံးတစ်လုံးလို အတွင်းလှိုက် လောင်ကျွမ်းနေပုံရပါရဲ့။
သူတို့ဘေးမှာ သေနေတဲ့ မြစ်တစ်စင်းရှိတယ်။ ပြီး ရေဆာလို့ ငိုနေတဲ့ ကလေးတစ်ယောက်ရှိတယ်။
ကိုင်းပင်တွေနဲ့ ကမ္ဘာမြေဟာ အပေးအယူ မတည့်ကြဘူး ဖြစ်နေဟန်တူရဲ့။
“ ဟေ့ကောင်တွေ၊ ဘာကို မကျေနပ်လို့ မင်းတို့က ပူညံပူညံ လုပ်နေကြတာလဲ ’’
“ ခင်များကြီး မသိချင်ယောင်ဆောင်ပြီး မေးမနေနဲ့၊ ကျနော်တို့ကို မွေးထားပြီး အစာဝအောင်မကျွေးဘူး။ အခုဆို ကျနော်တို့ ကိုင်းပင်တွေအားလုံး အစာ ငတ်ပြတ် မှုနဲ့ ဒုက္ခရောက်ကြရတော့မယ်။ တစ်ချို့ဆို သေတောင်သေဆုံးနေ ကြပြီ။ ဒါတွေအားလုံး တရားခံဟာ ခင်များကြီးပဲ”
“ မင်းတို့ဘာသာမင်းတို့ ရှာမစားနိုင်လို့ ငတ်ပြီးသေတာ ငါနဲ့ ဘာဆိုင်လို့တုန်း၊ ကိုယ်ရှင်သန်ဖို့ ကိုယ်တိုင် ကြိုးစားကြပေါ့”
“ ခင်ဗျားကြီး အဲသလို တာဝန်မဲ့စကားမပြောနဲ့၊ ကျနော်တို့ ဒီမှာ ရှင်သန်နေကြ တာဟာ ခင်ဗျားကြောင့်၊ ကျနော်တို့ ဒုက္ခရောက်နေတဲ့အခါမှာ ခင်ဗျားကြီးမှာ လုံးဝ တာဝန်ရှိတယ်”
“ မဆိုင်လိုက်တာကွာ”
“ အခုတော့ ခင်ဗျားကြီးက ပြောအားရှိပြီပေါ့လေ။ တစ်ချိန်က ခင်ဗျားကြီး ပြော ဖူးတဲ့စကားကို မေ့နေပြီ မဟုတ်လား”
“ ဘာလဲ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားကို ပြောတာလား”
“ ဟုတ်တယ်လေ။ မြစ်ရေတွေ လှိုင်လှိုင်ကြီးစီးဆင်းနေတုန်းကတော့ လေ သံက တစ်မျိုး၊ အခု…မြစ်ရေတွေ ခမ်းခြောက်တော့ လေသံကတစ်မျိုး။ ဟို တုန်းကတော့ မင်းတို့နဲ့ငါနဲ့ ညီညီညွတ်ညွတ် လက်တွဲထားကြမှ ငါတို့ ရပ်တည်လို့ ရမယ်။ ဒါမှ ဒီမြစ်ရေရဲ့ နယ်ချဲ့မှုဒဏ်ကို ငါတို့ခံနိုင်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ရောငါရော ကမ္ဘာမြေကနေ ပျောက်ကွယ်သွားလိမ့် မယ်… ဘာညာတွေနဲ့ စည်းလုံးရေးတရားတွေ ခင်ဗျားဟောခဲ့တာလေ။ ဒါတင် မပြီးသေးဘူး။ ကျနော်တို့ နားမလည်၊ လူတွေကလည်း နားမလည်၊ ခင်ဗျား ကိုယ်တိုင်ကလည်း နားလည်ဟန်မတူတဲ့ သဟဇာတတွေ၊ အညမညတွေ၊ အနုပဋိတွေ၊ မဇ္ဈိမပဋိပဒါ ဆိုတဲ့ စကားလုံးကြီးတွေနဲ့ ကျနော်တို့ကို ပစ်ပေါက်ပြီး ခေါင်းငြိမ့်ခိုင်းခဲ့တာလေ။ ခင်ဗျားကြီး မေ့နေပြီလား။ ကဲ…. ပြော၊ ဘယ်မလဲ အညမည၊ သဟဇာတ၊ မဇ္ဈိမပဋိပဒါ။ ခင်ဗျားဟာ အပြောနဲ့အလုပ် မညီတဲ့လူကြီးပဲ။”

သူတို့ပြောတဲ့ စကားတွေကိုကြားရပြီး ခေါင်းရှုပ်သွားဟန်တူတဲ့ ကမ္ဘာမြေဟာ သူ့ပါးစပ်ဟောင်းလောင်းကြီးတွေက တဆင့် သက်ပြင်းတွေ ခိုးခိုးပြီးချနေ တယ်။ သူ့မှာ ပြောစရာစကားတွေလည်း အများကြီးရှိနေဟန်တူတယ်။ ဘယ်က စပြောရမှန်းလည်း သူစဉ်းစားလို့ရပုံ မရဘူး။
ဒါနဲ့ပဲ အနီးအနားမှာရှိတဲ့ ကိုင်းပင်ခြောက်ရဲ့ နားရင်းကို ထအုပ်ပစ်လိုက်တယ်။ အစာငတ်နေတဲ့ကိုင်းပင်တွေ ငြိမ်ကျသွားတယ်။ ဒီတော့မှ သူက စကားစတယ်။
“ ဟိုတုန်းက…. ဟိုတုန်းက အခြေအနေ အရ ‘ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ’ လို့ ပြောခဲ့ရတာကွ။ အဲဒီတုန်းက မြစ်ရေကလည်း အားကောင်းမောင်းသန်နဲ့ တိုက်စားနေတာကိုး၊ မင်းတို့လည်း ကျေကျေနပ်နပ်နဲ့ လက်ခံခဲ့ကြတာပဲ မဟုတ်လား။ အလုပ်ဖြစ်တာမဖြစ်တာကတော့ ကမ္မ၀ါဒ သဘောတရားအရပေါ့ကွာ။”
“ ဘာကမ္မ၀ါဒလဲ လာပြန်ပြီ။ နားမလည်တဲ့ စကားလုံး”
“ ဟေ့ကောင်တွေ ငြိမ်ငြိမ်နေ။ နားရင်းအုပ်ခံချင်လို့လား။ ငါ့စကား မဆုံးသေး ဘူး။ ဟိုတုန်းကတော့ မင်းတို့က လည်း ကိုင်း၊ ငါကလည်း ကျွန်းကိုးကွ။ ကိုင်း ကျွန်းမှီ၊ ကျွန်းကိုင်းမှီလို့ ပြောရမှာပေါ့။ ဒီမှာ ဟေ့ကောင်တွေ၊ ငါ့ကိုလည်း သေသေချာချာ ကြည့်ကြပါဦးကွာ၊ ပတ်ကြားအပ်တွေ အထပ်ထပ် နဲ့။ ငါကိုယ်တိုင်ကရော “ကျွန်း” ဟုတ်သေးရဲ့လားလို့”

ဒီတော့မှ အစာရေငတ်ပြတ်နေတဲ့ ကိုင်းပင်တွေက သူတို့ရဲ့အားကိုးရာ ကမ္ဘာမြေကို ငုံ့ကြည့်မိကြတယ်။ ဟုတ်ပါရဲ့။ သူ့ခမျာမှာလည်း ဟိုတုန်းက လို နု၊ အိ၊ စွတ်စိုတဲ့ ကျွန်းမြေမှ မဟုတ်တော့ဘဲ။ အထီးကျန် ခြောက်သွေ့နေတဲ့ ပတ်ကြားအပ်ကုန်းမြေတစ်ခု ဖြစ်နေရှာပါလား ဆိုတာ သူတို့ တွေ့ကြတယ်။
ဒီတော့ အယုံလွယ်တဲ့ ကိုင်းပင်တစ်ချို့ဟာ ဒေါသဖြစ်ရမယ့်အစား ကမ္ဘာမြေကိုတောင် သနားသလိုလို ဖြစ်သွားကြပြန် သတဲ့။

တချို့ကတော့ ( တချို့ဆိုတာ နည်းနည်းလေးပါ ) ဒါကို မကျေနပ်ကြသေးဘူး။
“ ခင်များကြီး သနားအောင် လာငိုပြမနေနဲ့။ ဟုတ်တယ်၊ ကျနော်တို့ ဘ၀ က လည်း ကိုင်းပင်လို့သာပြောရတယ် ကိုင်းပင်နဲ့ မတူတော့ဘူး။ ခင်ဗျားကလည်း ကျွန်းလို့သာ ပြောရတယ် ကျွန်းနဲ့တူတဲ့ ဂုဏ်ရည်ဆိုလို့ ဘာမှ မရှိတော့ဘူး။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ခင်ဗျားအသုံးမကျလို့ ဖြစ်ရတာချည်းပဲ။”
“ ဒီလို တစ်ဖက်သက်စွပ်စွဲလို့တော့ ဘယ်ရမလဲ ကွ”
“ ရတာပေါ့ဗျ။ ကျနော်တို့ အိမ်နီးချင်း ကျွန်းတွေဆိုရင် ကျွန်းကလည်း ကျွန်း ပီပီ ရေနဲ့ သဟဇာတဖြစ်အောင်၊ မိုးနဲ့ သဟဇာတဖြစ်အောင် လုပ်။ ဒီတော့ ကိုင်းပင်တွေဟာ စိမ်းစိုညို့မှိုင်းနေကြတာပဲ။ ဘယ်လောက် အားကျစရာေ ကာင်း သလဲ”

ကမ္ဘာမြေက ဘာမှပြောမနေတော့ဘူး။ လျှာရှည်တဲ့ကိုင်းပင်ကို ခါးကနေ ရိုက် ချိုးချလိုက်တယ်။ ကျန်တဲ့ကိုင်းပင်တွေက စိတ်မကောင်းကြဘူး။ ဒါပေမယ့် ဘာမှလည်းဝင်မပြော၊ ၀င်မလုပ်ကြတော့ဘူး။ သူတို့စိတ်ထဲမှာ တော့ တွေးနေကြသတဲ့။ ဒီတစ်ခါ မြစ်ရေ ကြီးလာရင်ေ တာ့ မြစ်ရေနဲ့အတူ စီးမျောသွားပြီး တစ်ခြားကျွန်းမှာ အမြစ်တွယ် နေ လိုက်တော့မယ်လို့ တဲ့။
တွေးမယ်သာတွေးနေရတာပါ။ တစ်ကျွန်းလုံးက ကိုင်းပင်တွေကို ဘယ် ကျွန်းတွေက လက်ခံမှာလဲ ဆိုတဲ့ သံသယ ကလည်း သူတို့အတွေးအိမ် မှာ ပေကပ်နေလို့တဲ့လေ။
အားလုံးကြောက်ကြောက်နဲ့ ငြိမ်သွားတော့မှ ကမ္ဘာမြေက-
“ ဒီမယ် ဟေ့ကောင်တွေ ဒီတစ်ခါမိုးရွာရင် မင်းတို့လည်း မင်းတို့အစွမ်းအစနဲ့ မိုးရေကို ရသလောက်စုပ်ယူကြ၊ ကိုယ်ရှင်သန်ဖို့ ကိုယ်တိုင်ကြိုးစား။ ငါ့ကို လည်း သိပ်အားကိုးမနေနဲ့၊ ငါ့ပတ်ကြားအက်ကြီးတွေ စေ့အောင်ကို မနည်း လုပ်ယူရဦးမှာ။ ကြားတယ်မဟုတ်လား။”
“ ဟုတ်ကဲ့၊ ကြားပါတယ် ကမ္ဘာမြေကြီး”
“ ဘယ်ကောင် ဘာပြောချင်သေးလဲ”
“ ဘာမှ မပြောချင်တော့ပါဘူး။ ကမ္ဘာမြေကြီး သက်တော်ရာကျော်ရှည်ပါစေ” လို့ ခေါင်းငိုက်စိုက်နဲ့ ပြောကြသတဲ့။
“ ဟေ့ကောင်တွေ ကလေးတစ်ယောက်ငိုနေတာ တွေ့တယ်မဟုတ်လား။ ငါပြောမယ် မကြာခင် မိုးရွာတော့မယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေများများရအောင်စုပ်ယူ။ ငါ့ကိုလာပြီး ဝေဖန်မယ်တော့မကြံနဲ့၊ တွေ့တယ်မဟုတ်လား။”
“ တွေ့ပါတယ် ကမ္ဘာမြေကြီး”
ပြောရင်းဆိုရင်းနဲ့ ငိုနေတဲ့ကလေးဖက်ကို ကိုင်းပင်တွေအားလုံး မျက်နှာမူလိုက်ကြတယ်။ ပြီးတော့ ညီတူအပြုံးကိုယ်စီနဲ့ ခေါင်းငြိမ့်လိုက်ကြတယ်။ မပြီးသေးဘူး။
“ အမျှော်အမြင်ကြီးမားတဲ့ ကမ္ဘာမြေ၊ သက်တော်ရာကျော် ရှည်ပါစေ” လို့ ဆုတောင်းလိုက်ကြသေးသတဲ့။

ဆက်ရန်