မင်းတို့ကြီးလာရင် ဘယ်လိုမိန်းမမျိုးကို ယူမှာလဲ


မန်ချက်စတာ ရှုံးတဲ့နေ့၊ နေအလွန်ပူတဲ့နေ့တွေမှာ ကျနော်တို့ဆရာသမား အိပ် မပျော်တတ်ဘူး။ အဲသလိုနေ့တွေမှာ လူပျိုကြီးဆရာက ကျောင်းသားတွေကို ဟိုမေး ဒီမေး မေးတတ်တယ်။
"မင်းတို့ကြီးလာရင် ဘယ်လိုမိန်းမမျိုးကို ယူမှာလဲ"
အများစုက လျောက်ပြောကြတာ၊ အရပ်ရှည်ရမယ်၊ အသားဖြူရမယ်၊ ပညာ တတ်ရမယ်၊ စုံလို့ စုံလို့ပဲ။
အဲ......တစ်ယောက်က လွဲရင်ပေါ့။
"ကျနော်ကြိုက်တ်တဲ့မိန်းမ ကျနော်ယူမှာ"
"ဟေ"
************************************************************************
စကားတစ်ခွန်းထဲနဲ့ ကျနော်ဆရာ့ဖြစ်သွားတဲ့ သူငယ်ချင်း
ရွာပြန်ရောက်လို့ သူဘယ်မှာရှိနေသလဲလို့မေးတော့ အမတွေက.....
"သူ....ဘုန်းကြီးဝတ်သွားပြီ" တဲ့။
ကဲ ကြည့်၊ ဒီကောင်က လုပ်ချသွားပြန်ပြီ။ သူ့စကားနဲ့သူကတော့ ဟုတ်လို့။
"ကျနော်ကြိုက်တ်တဲ့မိန်းမ ကျနော်ယူမှာ" တဲ့လေ။

(စောနေလတ်၊ လူလားမမြောက်သေးသော အတွေးများ)

Post a Comment