နွေရောက်မလာတဲ့ နွေဦး


(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ လီကွမ်းယု)

"တရုတ်တွေက အဲဒီကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်၊ ရသမျှ သယံဇာတကို တူးယူမယ်"

မေး။ ။ အာရပ်ကမ္ဘာထဲမှာ ဘယ်လိုနိုင်ငံရေးကစားကွက်တွေ ရှိလာနိုင်မယ် လို့ ထင်ပါသလဲ။ အာရှတိုက်လိုပဲ အရှေ့ အလယ်ပိုင်းမှာ အမေရိကန်နဲ့တရုတ် အားပြိုင်မှုတွေ ရှိလာ နိုင်မလား။

ဖြေ။ ။ ဘယ်အင်အားကြီးနိုင်ငံမှ ပါဝင်ပတ်သက်လို့ မရဘူး။ အဲဒီဒေသ တွင်းမှာ စိုးမိုးထားနိုင်တဲ့ အင်အား က အီရန်မှာပဲ ရှိတယ်။ တရုတ်လည်း အရှေ့အလယ်ပိုင်းကိုမသွားနိုင်ဘူး။ သိပ်ဝေးလွန်းတယ်။ အမေရိကန်တွေ သွားရင်လည်း သူတို့ အလံတွေ မီးရှို့တာခံရမယ်။ သူတို့သံအမတ်တွေ အသတ်ခံရမယ်။ လစ်ဗျားမှာလည်း ဒီအတိုင်း ဖြစ်ခဲ့တာပဲ။

မေး။ ။ အဲဒီ ဒေသထဲမှာ အမေရိကန်လွှမ်းမိုးမှုနဲ့ အမေရိကန်တွေရဲ့ စိတ်ဝင် စားမှု ကုန်ခမ်း လာနေပြီလား။

ဖြေ။ ။ သူတို့ သယံဇာတတွေကြောင့် အမေရိကန်တွေရဲ့ စိတ်ဝင်စားမှု ကတော့ လျော့ကျသွားမှာ မဟုတ်ဘူး။ သူတို့ နိုင်ငံထဲမှာ ရှဲ(လဲ) ဂက်(စ်)(Shale gas) တစ်မျိုး တွေ့ထားပြီ လို့ အမေရိကန် တွေကပြောတယ်။ ဒါဆိုရင် စွမ်းအင်အတွက် ဘယ်သူ့ကိုမှ အားကိုးစရာ မလိုတော့ဘူး။ ဒါပေမဲ့ နိုင်ငံ အများစုမှာ ရှဲ(လ်)ဂက်(စ်)ကမရှိဘူး။ ဒီတော့ ရေနံဟာ အရေးကြီးနေဦး မှာပဲ။ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ တခြားကူးသန်းသွားလာရေး ယာဉ်တွေ အတွက် ရေနံက လိုနေဦးမှာပဲ။



မေး။ ။ တရုတ်ပြည်ကလည်း ဒီအထဲကို ၀င်ပါလာချင်နေမှာပဲ။

ဖြေ။ ။ အမှန်ပဲပေါ့။ ဒါပေမဲ့ သူတို့အတွက် ခရီးအကွာအဝေးက မနည်းလှဘူး ဆိုတော့ အင်အား ဖြည့်တင်းပေးနိုင်ဖို့မလွယ်ကူလှဘူး။ တရုတ်တွေက အဲဒီကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်၊ ရသမျှ သယံဇာတကို တူးယူမယ်။ အာဖရိကမှာလည်း ဒီအတိုင်းပဲ သူတို့လုပ်နေကြတာပဲ။ ရေနံနဲ့ အခြားအခြေခံ လိုအပ်ချက်ပစ္စည်းတွေရဖို့ ကွန်ဖရင့်ခန်းမ ကြီးတွေ ဆောက်ပေး၊ ပြည်သူ့ခန်းမတွေ ဆောက် ပေး လုပ်နေကြတာ။

ဇင်ဝေသော်

Post a Comment