ရွာကိုမရောက်ဖြစ်ခဲ့ပေမဲ့ တစ်အိမ်လုံးစာ ကြက်သားကာလသားဟင်း ချက်ထားဖို့ မှာခဲ့သည်။
ရွာမရောက်ဘဲ ရန်ကုန်ပြန်ရောက်လာခဲ့သည်။
နောက်နေ့မနက် အသိတစ်ယောက်က ဘာစားချင်သလဲ မေးလို့ အလွမ်းပြေ ဒါပဲစားမယ် ဖြေခဲ့မိ၏။ သူမက ကိုယ်တိုင်မလာ၊ ကလေးတွေကို အပို့ခိုင်းလိုက်သည်။ ဘာဖြစ်ဖြစ် ထိုဟင်း ရောက်လာသည်ပေါ့။ စားကောင်းပါသည်။ ထိုဟင်းကိုစားပြီး ဘာမှ မစားဖြစ်တော့။
တစ်ယောက်ကလည်း ကိတ်မုန့် စီစဉ်ထားသည်၊ လက်ရှိ ကျန်းမာရေးနဲ့အညီ ဖြစ်ပါလိမ့်မည်။ သို့သော် မစားဖြစ်။
မိတ်ဆွေတွေ ရောက်လာတိုင်း ထိုကိတ်မုန့်ကို ချကျွေးမိသည်။ အများအားဖြင့် မစားကြ။လူမမာစာဟု ထင်သောကြောင့်လား၊ သူတို့ကိုယ်တိုင် မကြိုက်သောကြောင့်လားတော့ မသိပါ။
မနေ့က ပထမဆုံး ဆရာ သစ္စ္စာနီနဲ့ ကိုကျော်သာလာသည်၊ ထို့နောက် ဆရာ မောင်စိမ်းနီလာသည်။ ပြသနာက မောင်စိမ်းနီနှင့် ရိုက်လိုက်သောပုံမှာ ထိုကိတ်မုန့်ပွဲပါသွားသည်။
ထိုစဉ် မိန်းကလေးတစ်ယောက်က တို့ကို ချကျွေးတဲ့ ကိတ်မုန့်က ပန်းကန်းကအစ အတူတူပဲ ပြောရင်း ဖုန်းဆက်သည့်အခါ စဉ်းစားရင်း ရယ်မောလိုက်ရသည့်အဖြစ်က ဗိုက်ကြောတွေ နာသည်အထိပင်။ ဒီနေ့ လာချင်လို့ လိပ်စာတောင်းသူများ ထိုကိတ်မုန့်ကို အရင် သတိရစေချင်ပါသည်။ ထိုကိတ်မုန့် မကုန်သေးပါ။ ရေခဲသေတ္တာထဲမှာ ရှိသေးသည်။
Post a Comment