အီရန်သာ အနုမြူဗုံး ရသွားရင်


မေး။ ။ နျူးကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး အီရန်က အင်တာနေရှင်နယ် အဖွဲ့ အစည်းတွေနဲ့ အတူတကွလက်တွဲ အလုပ်လုပ်ဖို့ ငြင်းဆန်ရင် အမေရိကန် က အီရန်ကိုလည်း စစ်ရေးနဲ့ဝင်ရောက်ဖက်စွက် လာနိုင်တယ်လို့ ပြောနေကြ ပါတယ်။ ဒါကရော ဖြစ်နိုင်ပါသလား။

ဖြေ။ ။အီရန်သာ အနုမြူဗုံး ရသွားရင်တော့ အရှေ့အလယ်ပိုင်းတစ်ပိုင်းလုံး အကြီးအကျယ်ပြဿနာတက်ပြီ။ ဆော်ဒီကလည်း ပါကစ္စတန်တွေဆီက ဗုံးဝယ် မယ်။ အီဂျစ်ကလည်း တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပဲ။ အဲဒီ ဗုံးတွေနဲ့ အပြန်အလှန် သေကြေပျက်စီး ကုန်ကြမယ်ဆိုတာလည်း မြေကြီးလက်ခတ် မလွဲဘဲ၊ ဒီဗုံး တွေက အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တဲ့ လူတွေ ရဲ့လက်ထဲမှာရှိနေမှ အလုပ်ဖြစ်တာ။ အရှေ့ အလယ်ပိုင်းက လူတွေဟာ အဲသလောက် စဉ်းစားတတ်တယ်လို့ ငါတော့ မထင်ဘူး။ တစ်ခုခုကစပြီး မှားပြီဆိုရင် တစ်တိုက်လုံး အနုမြူနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ အမေရိကန်က အီရန်ကို ၀င်တိုက် မယ်လို့တော့ မထင်ပါဘူး။ အီရန်ရဲ့ အနုမြူကိစ္စကို ပိုပြီး စိုးရိမ်တကြီး ဖြစ်နေတာက အစ္စရေး တွေပဲ။ အီရန်က အစ္စရေးကို ပညာလှလှပေးမယ်လို့ မကြာမကြာ ပြောနေတော့ ပထမဆုံး ခြိမ်းခြောက်မှု ခံရမှာကလည်း အစ္စရေးပါပဲ။ အမေရိကန်တွေက အီရန်ကို တကယ် တိုက်ချင်တယ်ဆိုရင်တောင် အစ္စရေးကို လက်နက်ထုတ်ပေးပြီး အတိုက်ခိုင်းမှာပါ၊ သူတို့ကိုယ်တိုင် မတိုက်လောက်ပါဘူး။

Post a Comment