Power
Power does not corrupt. Fear corrupts, perhaps the fear of a loss of power.
( John Steinbeck)
When power corrupts, poetry cleanses.
(John F. Kennedy)
ပါဝါက ကိုယ်ကျင့်ကို မပျက်စေဘူး။ ကြောက်ရွံ့မှုကသာ ပျက်စေတယ်၊ ဖြစ်နိုင်တာကတော့ ရှိနေတဲ့ ပါဝါ ဆုံးရှုံးမှာ ကြောက်ရွံ့မှုမျိုးပေါ့။
ပါဝါကြောင့် ကိုယ်ကျင့်ပျက်ရင် ကဗျာက သန့်စင်ပေးတယ်။
My lecture note
(က) ဇာတိ၊ ဇရာ၊ မရဏ (Birth, aging/sickness and death)
(ဂ) သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ (The five aggregates of grasping)
****************************************************************************
အလားတူ
*****************************************************************************************
My lecture note
ဓမ္မစက္ကပဝတ္တနသုတ်လာ ဒုက္ခသစ္စာကို ပညာရှင်တွေနဲ့ကျမ်းစာက ဒီလိုခွဲပါတယ်။
(က) ဇာတိ၊ ဇရာ၊ မရဏ (Aging, sickness and death)
(ခ) ပိယေဟိ ဝိပ္ပယောဂ ( Separation from who/ what one loves)၊ အပ္ပိယေဟိ သမ္ပယောဂ (Association with who/ what one dislikes)၊
ယမ္ပစ္ဆံ နလဘတိ (Not getting what one wants or dreams do not come truth)။
(ဂ) သံခိတ္တေန ပဥ္စုပါဒါနက္ခန္ဓာ (The five aggregates of grasping)
****************************************************************************
(က) ကို ရုပ်ပိုင်းဆိုင်ရာဒုက္ခ (Physiological suffering)
(ခ) ကို နာမ်ပိုင်းဆိုင်ရာဒုက္ခ (Psychological suffering)
(ဂ) ကို ကျမ်းစာအလာ ဒုက္ခ (Doctrinal suffering)
(က) ကိုပဲ သဘာဝ ဒုက္ခ (Natural suffering)
(ခ) ကို စိတ်ကြောင့်ဖြစ်ရတဲ့ ဒုက္ခ (Mind-made suffering)
အလားတူ
(က) ကို ရှောင်လွှဲမရ ဒုက္ခ (Unavoidable suffering)
(ခ) ကို ရှောင်လွှဲလို့ရ ဒုက္ခ (Avoidable suffering)လို့ ကျမ်းစာက ဆိုပါတယ်။
555 people reached
ဆုတောင်းလေ ဆုတောင်း
၅ နှစ်အတွင်း စင်္ကာပူကို အမှီလိုက်မယ်ဆိုတဲ့ ဆရာတပည့်ကိုပြောပါတယ်။
စင်္ကာပူရဲတွေရဲ့ ယူနီဖောင်းမှာ ကင်မရာမှာ ပါတော့မှာတဲ့၊ အသံကိုလည်း သွင်းထားမှာတဲ့။
လိင်ကိစ္စနဲ့ဆိုင်တဲ့ အမှုအခင်းဆိုရင် ကင်မရာကို ရပ်ထားလို့ရတယ် တဲ့။
ရဲတစ်ယောက် တာဝန် စဝင်ပြီဆိုတာနဲ့ ကင်မရာလည်း စပြီးအလုပ်လုပ်မှာတဲ့။
လိုက်လို့မှီနိုင်တယ်၊ ဟဲ ဟဲ။
ခေါင်းဆောင်တက်လုပ်ပြီး ခေါင်းကုတ်ငြီးငြူနေလို့ရတာမျိုးမဟုတ်ဘူး၊ ဒါက ခေါင်းဆောင်တစ်ယောက် လုပ်ကိုလုပ်ရမယ့်အလုပ်။
ဇင်ဝေသော်
****************************************************************************
လူစွမ်းကောင်းဝါဒနဲ့ ဒီမိုကရေစီ
မြန်မာ့လူစွမ်းကောင်း (ကိုးကွယ်မှု) ဝါဒ တဲ့။ အောင်ဆန်းမိသားစုနဲ့ ပတ်သက်ပြီး ထွက်ထွက်လာတတ်တဲ့ ဝေဖန်သံပါ။
အတိတ်ကတော့ မှန်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီစကားအတွက် တန်ပြန်မေးခွန်းနှစ်ခုက
"ဒေါ်စုအပေါ် လူထုရဲ့ထောက်ခံမှု အမြဲ မြင့်မားနေခဲ့သလား"
"ဦးသိန်းစိန်အပေါ် လူထုရဲ့ထောက်ခံမှု အမြဲ နိမ့်ပါးနေခဲ့သလား"
နှစ်ခုစလုံးရဲ့အဖြေက "နိုး" ပါ။ တက်လိုက်၊ ကျလိုက်ပါပဲ။ လူထုအသံကို သေသေချာချာ နားထောင်ကြည့်ပါ။
ဒါဟာ ဒီမိုကရေစီရဲ့ လက္ခဏာ တစ်ရပ်ပါ။
နောက်ထပ် ဒီမိုကရေစီရဲ့ အရေးပါတဲ့အချက်က အာဏာကို ကန့်သတ်ခြင်း၊ အကြွင်းမဲ့ အာဏာပိုင်ဆိုင်ရေးဝါဒ (ဒါက အာဏာရှင်စနစ်နဲ့ မတူလှဘူး) ကို တော်လှန်ခြင်းပါ။ ဒီ သီအိုရီက အမြဲမှန်ပါတယ်။
စစ်တပ်ရဲ့ အာဏာပိုင်ဆိုင်ထားမှု၊ ချုပ်ကိုင်ထားမှုက သိပ်များလွန်းနေသေးတယ်။ ဒါဆို ဆက်လက်ကန့်သတ်ဖို့ လိုတယ်။
စစ်တပ်ရဲ့ အာဏာပိုင်ဆိုင်ထားမှုကို ကန့်သတ်ဖို့ အဓိက အတိုက်အခံလုပ်နိုင်တာ ဘယ်သူလဲ၊ သူ့ကို ရှေ့တင်ပြီး ရည်ရွယ်ချက်အထမြောက်အောင် လုပ်ရပါတယ်။
လတ်တလောမှာ သူဟာ ဒေါ်စုဖြစ်နေတယ်။ ဒီတော့ ဒေါ်စုကို ဝန်းရံပေးကြတယ်။ ဒါဟာ ဟီရိုးအစ်ဇင် (လူစွမ်းကောင်း (ကိုးကွယ်မှု) ဝါဒ) မဟုတ်ပါဘူး။ ဒီမိုကရေစီကို ပုံဖော်တာပါ။
ဟုတ်ပြီ၊ ဒေါ်စု အာဏာရသွားပြီ၊ သူရထားတဲ့အာဏာကလည်း များနေတယ်ဆိုရင် ဒီလိုပဲ ကန့်သတ်ရမှာပါပဲ။ (ဟုတ်၊ မဟုတ် စောင့်ကြည့်ရမှာပဲ ဆိုတဲ့ ကွန်မင့်မျိုး တက်လာနိုင်။ စောင့်မကြည့်ပါနဲ့၊ နောက်လှည့်ကြည့်ပါ၊ ဝေဖန်သံတွေ ကြားရပါမယ်)။
ပေါ်လစီကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်း။ ဒါကလည်း သံတူကြောင်းကွဲ ဒီမိုကရေစီရဲ့ အရေးပါတဲ့အချက်ပါပဲ။ အခု ဒေါ်စုနောက်ကလူတွေဟာ ဒေါ်စုကို ရာနှုန်းပြည့်ထောက်ခံသလား။
တချို့က ဟုတ်မယ်၊ တချို့က မဟုတ်ဘူး။ ဒါပေမဲ့ ဘုံအကျိုးစီးပွား (အာဏာပိုင်ဆိုင်ထားမှုကို ကန့်သတ်ဖို့) အတွက် ဒေါ်စုနဲ့ ပေါင်းမယ်(သို့)ထောက်ခံမယ်။ ကင်းပေါက်နိုင်ခြေရှိတဲ့ ပွန်းကို ဝန်းရံပေးတာမျိုးပါ။
ဘုံအကျိုးစီးပွားရပြီဆိုတဲ့နောက် ဒီဝိုင်းဝန်းမှုတွေဆက်ရနေဖို့ဆိုရင် ဒေါ်စုကိုယ်တိုင် ပေါ်လစီကို ပြန်လည်သုံးသပ်ရဦးမယ်။ မလွယ်လှဘူး။
ဒီမိုကရေစီက ဘာ့ကြောင့်တန်ဖိုးကြီးနေတာလဲ။
ဘယ့်သူ့ အခန်းကဏ္ဍမှ မလွယ်လို့။ အာဏာရသွားတာနဲ့ သူ့အာဏာကို ကန့်သတ်ဖို့ လုပ်လာကြမှာ။
ခေါင်းဆောင်တက်လုပ်ပြီး ခေါင်းကုတ်ညီးညူနေလို့ရတာမျိုးမဟုတ်ဘူး၊ ဒါက ခေါင်းဆောင်တစ်ယောက် လုပ်ကိုလုပ်ရမယ့်အလုပ်။
ငှက်ပြောသီး အခွံနွှာဖို့တော့ ကျနော်တို့ ခေါင်းဆောင်မတင်ကြဘူး။
ဇင်ဝေသော်
ပြန်ရမယ့် ကွန်မင့်များ
U Aung Myint ကျနော်ဥာဏ်မီသလောက်ဆွေးနွေးပါရစေ။ ကျနော်သည်ဘယ် ပါတီဝင်မှမဟုတ်ပါ။ စစ်အုပ်ချုပ်ရေးကိုလဲကြိုက်သူမဟုတ်ပါ့။
တကယ်တော့စစ်အစိုးရက ဗိုလ်ချုပ်ကိုမလေးစားလို့မဟုတ်ဘူးဗျ၊ ဒေါ်စုရဲ့ ပုံရိပ်မြင့်မားလာမှာကို မလိုလားလို့အဲဒီလိုလုပ်ထားတာဘဲ။ ဗိုလ်ချုပ်ဂုဏ်ကိုဖေါ်လိုက်တိုင်းဒေါ်စုက အလိုလိုဂုဏ်တက်နေတာမျိုးဖြစ်မှာစိုးလို့
ပါဘဲ။ သမီးကြောင့် ဗိုလ်ချုပ်က ပုံရိပ်သေးငယ်အောင်အလုပ်ခံရတဲ့သဘော ပါဘဲ။ ရှင်းရှင်းပြောရရင် တပ်က ဒေါ်စုကိုမယုံဘူးဗျ။
သူ့ထဲမှာလဲ တပ်အပေါ်အာဃာတကြီးတဲ့တပ်ပြုတ်ကြီးတွေပါနေတယ်လေ၊ တပ်ကိုဖြိုခွဲခံရမှာကြောက်နေကြတာ။ ဒါကျနော်အမြင်ဘဲ၊ ခင်ဗျားတိုနဲ့ အမြင် တူချင်မှတူမယ်လေ။
***************************************************************************
ဖြစ်နိုင်ခြေရှိတဲ့အဖြေပါ။ ဒါပေမဲ့ ဒေါ်စု ဝင်မလာခင်၊ ၈၈ မတိုင်မီ သမိုင်းကို ဒီအဖြေနဲ့ ရှင်းမပြနိုင်ပါဘူး။
ပြန်ရမယ့် ကွန်မင့် (၂)
Maung Thant ကျွန်တော်မှီလိုက် သလောက်တော့ (၁) ဆိုရှယ်ခေတ် မြန်မာ့ သမိုင်းပြဌာန်း စာအုပ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်း သည် အမျိုးသားခေါင်းဆောင်၊ ရုံးတိုင်းမှာ ဗိုလ်ချုပ်ဓာတ်ပုံ ချိတ်ထားတယ်၊ အာဇာနည်နေ့တိုင်း ကျောင်းတွေမှာ အာဇာနည်တွေ အကြောင်း ဟောပြောပွဲတွေလုပ်တယ်၊ (၂) ကျွန်တော့်လို ဆိုရှယ်လစ် ခေတ်မှာ ကြီးခဲ့တဲ့ သူတွေ ဗိုလ်ချုပ်ကို လေးစားတာ အဲဒါတွေကြောင့်လို့ ထင်တာပဲ။ ဦးနေဝင်းက ဗိုလ်ချုပ်ပုံရိပ် သေးသိမ်အောင် ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ ဥာဏ်မမီလို့ နဲနဲ ရှင်းပြပေးစေချင်ပါတယ်။
ဇင်ဝေသော်
**************************************************************************
ပြန်ရမယ့် ကွန်မင့် (၂)
Maung Thant ကျွန်တေ်ာမှီလိုက် သလောက်တော့ (၁) ဆိုရှယ်ခေတ် မြန်မာ့ သမိုင်းပြဌာန်း စာအုပ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်း သည် အမျိုးသားခေါင်းဆောင်၊ ရုံးတိုင်းမှာ ဗို်လ်ချုပ်ဓာတ်ပုံ ချိတ်ထားတယ်၊ အာဇာနည်နေ့တိုင်း ကျောင်းတွေမှာ အာဇာနည်တွေ အကြောင်း ဟောပြောပွဲတွေလုပ်တယ်၊ (၂) ကျွန်တော့်လို ဆိုရှယ်လစ် ခေတ်မှာ ကြီးခဲ့တဲ့ သူတွေ ဗိုလ်ချုပ်ကို လေးစားတာ အဲဒါတွေကြောင့်လို့ ထင်တာပဲ။ ဦးနေဝင်းက ဗိုလ်ချုပ်ပုံရိပ် သေးသိမ်အောင် ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ ဉာဏ်မမီလို့ နဲနဲ ရှင်းပြပေးစေချင်ပါတယ်။
မောင်သန့်ရဲ့ကွန်မင့်က စကားလုံးလှလှတွေနဲ့ ဝေ့လည်ကြောင်ပတ်လုပ်လာတဲ့ မဆလခေတ်ကို မေးထားတော့ အဖြေကလည်း ဝေ့လည်ကြောင်ပတ်များ ဖြစ်သွားမလားပဲ။
၁။(က) "အာဇာနည်နေ့တိုင်း ကျောင်းတွေမှာ အာဇာနည်တွေ အကြောင်း ဟောပြောပွဲတွေလုပ်တယ်" ဆိုပေမဲ့ ဦးနေဝင်းကိုယ်တိုင်ကတော့ အာဇာနည်နေ့ အခန်းအနားတွေတက်ပြီး အာဇာနည်ကြီးတွေကို အလေးပြုတာမျိုး မရှိခဲ့ဖူးပါဘူး။ (ရှိရင် ကျနော်တို့ ဗဟုသုတရဖို့ နှစ်နဲ့တကွ ဖော်ပြပေးပါရန်)
(ခ) အာဏာရှင်ဆန်ဆန်ပဲ ဗိုလ်ချုပ်တို့ မျိုးဆက်၊ ဒုတိယမျိုးဆက်တွေကို နေရာပေးမှု မရှိခဲ့ပါဘူး၊ ဗိုလ်ချုပ်ရဲ့လွှမ်းမိုးမှု ဝေးသွားတဲ့ တတိယမျိုးဆက်တွေကိုပဲ လှိုင်လှိုင်ကြီး လက်သပ်မွေးခဲ့ပါတယ်။ ဘာကြောင့်လဲ။
(ဂ) (ဂ) နဲ့ပတ်သက်လို့ အကျယ်မချဲ့ချင်ပါ။ ဗိုလ်ချုပ်မိသားစု၊ ဗိုလ်ချုပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို ဘယ်လို ဆက်ဆံခဲ့သလဲ။ ဒါက လူမှုရေးထက်ပိုတဲ့ နိုင်ငံရေး သဘောတရားတွေပါပါတယ်။ (အဖြေအမျိုးမျိုး ရှိပါတယ်)
(ဃ) မဆလ တစ်ခေတ်လုံးကိုကြည့်ရင် အစပိုင်းမှာ ဗိုလ်ချုပ်ကို ရိုးလ်တင်ပြီး ဦးနေဝင်းတက်လာတယ်၊ နောက် ရိုးလ်းညှိတယ်၊ နောက်ဆုံး တပ်မတော်ရဲ့အခန်းကဏ္ဍမှာ သူ့ရိုးလ်ကို ပိုပို မြှင့်လာတယ်။ ဒါကိုတော့ မဆလခေတ် သတင်းနဲ့မီဒီယာက ပြောနိုင်ပါတယ်။ သူ့ပေါ်လစီက ပါးနပ်တော့ စစ်အစိုးရခေတ်လောက်တော့ မသိသာပါဘူး။ ဒါပေမဲ့ နောက်ဆုံး သူရှုံးသွားတယ်။
(၂) "ကျွန်တော့်လို ဆိုရှယ်လစ် ခေတ်မှာ ကြီးခဲ့တဲ့ သူတွေ ဗိုလ်ချုပ်ကို လေးစားတာ အဲဒါတွေကြောင့်လို့ ထင်တာပဲ"။ ဒါကိုတော့ ငြင်းချင်ပါတယ်။ ဒီလိုမဟုတ်ရင် အခု ဗိုလ်ချုပ်ကိုလေးစားနေတဲ့ လူငယ်တွေကို အားနာစရာပါ။ မဆလခေတ်ကို မမီပေမဲ့ သူတို့လေးတွေလည်း ဗိုလ်ချုပ်ကို လေးစားနေကြတာပါပဲ။ ဗိုလ်ချုပ်ကိုလေးစားဖို့ မဆလခေတ်မှာ ကြီးလာစရာမလိုပါ။ (ဆက်ရေးရင် ပါတီယိုင်သွားမယ်၊ မရေးတော့ဘူး)
ဇင်ဝေသော်
(ဇင်ဝေသော်)
ဝမ်းနည်းပါတယ်။
ဇင်ဝေသော်
*************************************************************************
ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်က ဘာကြောင့် ဒီလောက်ကြီးနေတာလဲ
ဦးသန်းရွှေဆိုတာ လူတစ်စုလေးရဲ့ အဘ
ဗိုလ်ချုပ်က တစ်နိုင်ငံလုံးရဲ့ ဖခင်
ဦးသန်းရွှေဘွဲ့တွေကို နားဆင်ဖို့ ကျနော်တို့မှာ နားအပိုမရှိဘူး။ (ဇင်ဝေသော်)
ဒီဆောင်းပါးဟာ မနေ့က "ဦးသိန်းစိန် ဖြေရတော့မယ့် စာမေးပွဲကြီးနှစ်ခု" ရဲ့ အဆက်လို့ပြောရင်ရပါလိမ့်မယ်။ တိုက်ရိုက်ကြီးတော့ မဆိုင်ပါဘူး။
ဒီမေးခွန်းကိုဖြေဖို့ အဓိက (လို့ ထင်တဲ့) အချက်လေးချက်ကို ဆွဲထုတ်ကြည့်မိပါတယ်။ သမိုင်းနဲ့စိတ်ပညာရှုထောင့်က ကြည့်ခြင်းပါ။
၁။ ဗိုလ်ချုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေး (လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင်ဆိုတာတွေအပြင် သူ့ရဲ့ ရိုသားမှု၊ အာဏာမမက်မောမှုစတာတွေ ပါဝင်ပါတယ်)
၂။ လူထုရဲ့ ခံစားမှု (ငယ်ငယ်ရွယ်ရွယ်နဲ့ သူတပါးသတ်လို့ သေဆုံးရခြင်း၊ တော်လှန်ရေးကာလနဲ့တည်ဆောက်ရေးကာလကြားမှာ သေဆုံးရခြင်း)
၃။ နောက်ထပ်တက်လာတဲ့ ဗိုလ်ချုပ်ကြီးများ၊ နိုင်ငံခေါင်းဆောင်များ ညံ့ဖျင်းမှု။
၄။ လူထုရင်ထဲကဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သေးငယ်အောင် အာဏာရှင်အဆက်ဆက်က ကြိုးစားလုပ်ဆောင်မှု။
ဒီအထဲက ၁ နဲ့ ၂ ကို ကျနော် မတို့မထိပါ။ တို့ထိစရာလည်း မလိုပါ။ တို့ထိရအောင်လည်း ဉာဏ်မမီပါ။ အခု ဆွေးနွေးမှာက ၃ နဲ့ ၄ ပဲ ဖြစ်ပါတယ်။
၃ ကိုဖြေဖို့ အမေရိကန်၊ တရုတ်၊ စင်္ကာပူ သုံးနိုင်ငံရဲ့ခေါင်းဆောင်တွေကို ကြည့်နိုင်ပါတယ်။ အမေရိကန်သမ္မတတွေဖြစ်တဲ့ ဂျော့ဂျ် ဝါရှင်တန်၊ အေဗရာဟင် လင်ကွန်း၊ သောမတ် ဂျက်ဖာဆင် စသူတို့ကို့ကြည့်ရင်် အားလုံးဟာ မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေ၊ လုပ်ဆောင်မှုတွေနဲ့ တစ်မျိုးစီ လူထုရင်ထဲကိုရောက်သွားကြတယ်။ ဘယ်သမ္မတကို သဘောအကျဆုံးလဲလို့မေးရင် အမေရိကန်တွေအတွက် ဖြေရခက်တဲ့မေးခွန်းဖြစ်သွားတယ်၊ အဖြေတွေကလည်း မတူဘူး။ တရုတ်လည်း ဒီအတိုင်းပါ၊ တိန့်ရှောင်ဖိန်၊ ကျန်ဇီမင်း၊ ဝမ်ကျားပေါင်နဲ့ နောက်ဆုံး ရှီအထိိ ပုံစံတစ်မျိုးစီကွဲနေတယ်။ စင်္ကာပူမှာ လီကွမ်းယုက အစားထိုးလို့မရဘူးဆိုပေမဲ့ ဂိုချောက်ထောင်နဲ ဂျူနီယာလီကလည်း သူတို့ကျရာအခန်းမှာ တူတူတန်တန် သရုပ်ဆောင်နိုင်ကြပါတယ်။ ကြာလာသည်နှင့်အမျှ အမှတ်ရစရာတွေရှိပေမဲ့ အခြားခေါင်းဆောင်တွေကို အမှတ်ပေးစရာတွေရှိနေတော့ လီကွမ်းယုဟာ ထီးထီးကြီး ဖြစ်နေမှာ မဟုတ်တော့ဘူး။
မြန်မာပြည်အတွက် ဝမ်းနည်းစရာကောင်းတာက ဒီအချက်ပါ။ ဦးနုကို ဘာသာရေးသမားတွေက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာသတ်မှတ်ပေးမှု၊ ဆဋ္ဌသင်္ဂါယနာတင်မှုတို့အတွက် အမှတ်ရစရာတွေရှိပေမဲ့ သူ့နောက် တက်လာတာတွေက မီးကျိုးမောင်းပျက်ချည်းပဲ ဖြစ်နေတယ်။ သူတို့မည်းလေလေ ဗိုလ်ချုပ်က ဖြူလေလေဆိုတော့ လူထုရင်ထဲကဗိုလ်ချုပ်ရဲ့ ပုံရိပ်က ကြီးသထက်ကြီးလာတယ်။ ဗိုလ်ချုပ်အတွက် ဂုဏ်ယူစရာပေမဲ့ နိုင်ငံအတွက် ရင်ကျိုးကြရတယ်။ (ဦးသိန်းစိန် အတက်၊ စာပေစိစစ်ရေးတွေ ချေဖျက်၊ သူ့ရဲ့ပထမလှိုင်းကာလမှာ အများကြီး မျှော်လင့်ခဲ့ကြောင်း ဝန်ခံပါတယ်၊ မနေ့က စကားအနည်းငယ် (အိုဗားမားတို့လို) ကိုယ်တိုင်ပြောရင် တော်တော်လှမှာ)။ လက်ရှိဗိုလ်ချုပ်ကြီးတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ညံ့လေလေ ဗိုလ်ချုပ်ကို လွမ်းလေလေ၊ ဗိုလ်ချုပ်ကို လွမ်းလေလေ လူထုရင်ထဲရှိဗိုလ်ချုပ်ရဲ့ ပုံရိပ်က ကြီးလေလေပဲ ဖြစ်နေလိမ့်မယ်။
၄။ ဦးနေဝင်းက အစ ဦးသန်းရွှေအဆုံး ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သေးငယ်အောင်လုပ်ဆောင်မှုဟာ ကိုယ့်သေတွင်းကို တူးတာပါပဲ (ဦးသိန်းစိန်က သူ့အင်တာဗျူးမှာ ဗိုလ်ချုပ်ကို လေးစားကြောင်းထည့်ပြောဖော်ရတယ်)
ငွေစက္ကူပေါ်က ဗိုလ်ချုပ်ကို ဖယ်ထုတ်၊ ဗိုလ်ချုပ်သမိုင်းကို သေးအောင်လုပ်။ ယတြာဆရာတွေ ရှိပေမဲ့ စိတ်ပညာအကြံပေး ရှိပုံမရဘူး။ တန်ပြန်အကျိုးသက်ရောက်မှုက ဗိုလ်ချုပ်သမိုင်းကို သူတို့က သေးအောင်လုပ်လေလေ ဗိုလ်ချုပ်သမိုင်းက လူထုရင်ထဲမှာ ကြီးလေလေ။ လာတော့မယ် နှစ်တစ်ရာပြည့်။ မြန်မာရှိတဲ့ ကမ္ဘာအရပ်ရပ်နိုင်ငံတိုင်းမှာ ဒီပွဲရှိလိမ့်မယ်။ မနာလိုတတ်ရင် သေဖို့ပဲရှိမယ်။
ဒီသမိုင်းဆိုးကို ရပ်၊ ဗိုလ်ချုပ်ရဲ့ စတေးတပ်ကို နေရာမှန်ပြန်ထားရေးဟာ ဦးသိန်းစိန်တာဝန်ပဲ။ ဒီစာမေးပွဲ သူဖြေနိုင်လေမလား။ ဦးသန်းရွှေလောင်းရိပ်က ထွက်လာနိုင်မလား။
တကယ်က ဦးသန်းရွှေဆိုတာ လူတစ်စုလေးရဲ့ အဘ။
ဗိုလ်ချုပ်က တနိုင်ငံလုံးရဲ့ ဖခင်။ ဦးသန်းရွှေဘွဲ့တွေကို နားဆင်ဖို့ ကျနော်တို့မှာ နားအပိုမရှိဘူး။ ဝမ်းနည်းပါတယ်။
ဇင်ဝေသော်
ပြန်ချင်တဲ့ ကွန်မင့်
***************************************************************************
ဇင်ဝေသော်
***************************************************************************
ပြန်ချင်တဲ့ ကွန်မင့်
(ဘီဘီစီစတဲ့ ကမ္ဘာ့မီဒီယာကြီးတွေတင်တဲ့ သံဆူးကြိုးတွေ၊ အချုပ်ကားတွေမတွေ့ရရင် ဒီ ပို့စ်မျိုး ကမ်းလက်က တက်လာစရာ မရှိပါ။
ဖြေရာမှာ ရှင်းလင်းစေဖို့ ဂဏန်းစဉ် တပ်ပေးထားပါတယ်)
Kyaw Zay Ya " ၁။ ကျောင်းသားလေးတွေဆိုတော့ ဥပဒေချိုးဖောက်လည်းအပြစ်မမြင်၊ ၂။ ဥပဒေနားလည်တဲ့ပဂ္ဂိုလိတွေအများအပြားရှိသော်ငြား၊ လွှတ်တော်ကနေ လိုလားချက်တွေတင်ပြီးဘောင်တွင်းကလုပ်နိုင်တဲ့လမ်းကြောင်းများရှိသော်ငြား၊ စတင်တဲ့အကြောင်းပြချက်ကပညာရေးဥပဒေပြင်ဖို့၊ တဖြေးဖြေးနဲ့နိုင်ငံရေးတောင်းဆိုချက်တွေပါလာပြီး ၃။ ကျောင်းသားနဲ့မဆိုင်တာတွေတောင်းဆိုလာတာကို လမ်းကြောင်းမှန်ညွှန်ပြဖို့ထက် ၄။ ဘာဖြစ်ဖြစ်အစိုးရကိုသာအပြစ်တင်စောကြတော့လဲ ဒီမိုကရေစီဟာဘယ်လိုလူတွေနဲ့များမှတန်မှာပါလိမ့်...။
Unlike · Reply · 1 · 19 minutes ago
၁။ နိုင်ငံတော်အလံနဲ့ ကျောင်းသားသမဂ္ဂအလံ လဲလှယ်မှုဟာ မှားပါတယ်၊ သူများမှားလို့ ငါတို့လည်း မှားရင်ရတယ်ဆိုတဲ့အတွေးကကို မှားပါတယ်။ ဒါပေမဲ့ လက်ရှိသေရေးရှင်ရေးမှာ ဒါကို ခဏမေ့ထားပြီး အရေးကြီးတာကို ဆက်လုပ်ရပါတယ်။ ထမင်းအိုးငှဲ့ချိန်နဲ့ အဝတ်လှမ်းချိန် တိုက်နေရင် ထမင်းအိုးကို အရင်ငှဲ့ရပါမယ်။ လင်ကွန်းကတော့ မြစ်ကူးစဉ် မြင်းချင်းမလဲနဲ့တဲ့။ အားလုံးပြီးရင် အဲဒီအမှုကို စီရင်နိုင်ပါတယ်။ ဝေဖန်နိုင်ပါတယ်။
၂။ တတ်သိနားလည်ဆိုရာမှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းလို "ကျနော်က ကြောက်တတ်တယ်၊ ဘာမှ မပြောရဲဘူး" ဆိုသူတွေ မပါနိုင်ဘူးလား။ ဒါဆိုရင်တော့ သေပြီ။
၃။ ဒီဗွီဒီ ဆွေးနွေးပွဲနဲ့ မင်းကိုနိုင်အင်တာဗျူးအရ ဒီသဘောတွေ မပါဝင်ပါဘူး။ ဒီပွဲမှာ ဒေါ်ရင်ရင်နွယ်ကိုယ်တိုင် ပါဝင်ပါတယ်။
၄။ လက်နက်နဲ့ ခြိမ်းခြောက်တာမျိုးကို ဝေဖန်ရပါမယ်၊ မှားပါတယ်။ ဆွေးနွေးမှုကို ကြိုဆိုပါတယ်၊ ဆွေးနွေးမယ်ဆိုတဲ့သတင်း တက်တက်ခြင်း ရှယ်ပါတယ်။ တကယ်တမ်း ဆွေးနွေးပွဲအောင်မြင်ရင် ဦးသိန်းစိန်အစိုးရက ကျောင်းသားကို အရှုံးပေးလိုက်ရတာမဟုတ်ဘဲ ကျောင်းသားအပေါ် အနိုင်ရလိုက်တာပါ။
မနက်က "ဦးသိန်းစိန် ဖြေရတော့မယ့် စာမေးပွဲကြီးနှစ်ခု" ပို့စ်ပါ ဖတ်ပေးပါ။ ဆွေးနွေးမှုကို ကြိုဆိုတယ်၊ လက်နက်အားကိုး ဖြေရှင်းမှုကို ရှုံ့ချပါတယ်။
ဘီဘီစီစတဲ့ ကမ္ဘာ့မီဒီယာကြီးတွေတင်တဲ့ သံဆူးကြိုးတွေ၊ အချုပ်ကားတွေမတွေ့ရရင် ဒီ ပို့စ်မျိုး ကမ်းလက်က တက်လာစရာ မရှိပါ။
ဇင်ဝေသော်
စိတ်ပျက်တယ်။ ထူးမခြားနားဇာတ်လမ်း။ ကလေးနဲ့ရန်ဖြစ်။
ခေတ်အဆက်ဆက် ကလေးတွေနဲ့ ရန်ဖြစ်လာတဲ့ အစိုးရ
မှူးဇော်က ကျောင်းသားတွေအတွက် ဒူး ဒုန့်တွေရေးလို့၊
အစိုးရဖက်မှာရော ဒူး ဒုန့်တွေ မရှိတော့ဘူးလား။
မနေ့က ဒေါက်တာဟိန်းကပြောတယ် ဒီခေတ်မှာ အစွန်းရောက် အစ္စလာမ်နဲ့ကလွဲရင် အားလုံးနဲ့ ညှိလို့ရနေပြီ၊ စစ်တိုက်စရာ မလိုတော့ဘူး တဲ့။
စိတ်ပျက်တယ်။ ထူးမခြားနားဇာတ်လမ်း။ ကလေးနဲ့ရန်ဖြစ်။
ဒါတဲ့လား ဒီမိုကရေစီ အစိုးရ
အနိုင်နိုင် လမ်းလျှောက်လာရတဲ့ ကလေးတွေကို တင့်ကားကြီးတွေနဲ့ ကြိုလို့။ ဘယ်တုံးကမှ မနိုင်ခဲ့တဲ့ မဟာဗျူဟာ၊ ဘာလို့ ထပ်ကျင့်သုံးတာလဲ။ ဆွေးနွေးပါတော့လား။
နုနုနယ်နယ် ဒီမိုကရေစီကို သတ်သတ်ပြစ်၊ ဘယ်လိုလုပ် ဒါလေး ကြီးထွားလာမှာလဲ။
ယူနီကုတ်
ပရိသတ်တောင်းဆိုမှုနဲ့ လိုအပ်ချက်အရ ဒီနေ့ကစပြီး ယူနီကုတ်ဖောင့်ကိုပါ တွဲတင်ပေးလိုက်ပါတယ်။ အဆင်မပြေရင် မက်ဆေ့ ပို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
တတိယနိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ လူငယ်နဲ့ လွတ်လပ်ခွင့်ဟာ မတန်သေးဘူး ဆိုတဲ့စကားကို အပြီးအပိုင် ငြင်းဆိုဖို့ရောက်ပါပြီ။
၁။ အကြမ်းဖက် ဖြေရှင်း(သေကုန် အေးတာပဲ)
၂။ အပေးအယူညှိနှိုင်းပြီး ဖြေရှင်း(ခေါင်းချင်း၊ ဦးနှောက်ချင်း အဖြေရှာ)
တာဝန်ယူရတော့မယ်။
ဆက်ရန်
ဇင်ဝေသော်
ဦးသိန်းစိန် ဖြေရတော့မယ့် စာမေးပွဲကြီးနှစ်ခု
၁။ လတ်တလော ကျောင်းသားလှုပ်ရှားမှု
၂။ ရှေ့လမှာ ရောက်လာမယ့် ဗိုလ်ချုပ် နှစ် ၁၀၀
"အမှောင်ထုလွှမ်းလာရင် လူစွမ်းကောင်း ပေါ်စမြဲ(When darkness comes, the hero arises)" တဲ့။ မြန်မာ့သမိုင်းမှာ လူစွမ်းကောင်း မဆိတ်သုန်းခဲ့ဖူးဘူး။ ကျည်မကြောက်တဲ့ ရင်ဘတ်တွေ မိုးမခေါင်ဖူးဘူး။
တတိယနိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ လူငယ်နဲ့ လွတ်လတ်ခွင့်ဟာ မတန်သေးဘူး ဆိုတဲ့စကားကို အပြီးအပိုင် ငြင်းဆိုဖို့ရောက်ပါပြီ။
တချို့က ဆိုကြမယ်၊ ထစ်ကနဲရှိ ဆန္ဒပြနေကြတာလို့။ ဒါပေမဲ့ ဒါကသည်ပင် ဒီမို ကရေစီရဲ့ သရုပ်သကန်တစ်ခု မဟုတ်ပါလား။ ဒီမိုကရေစီရဲ့ တန်ဖိုးက ဆန္ဒပြခြင်း၊ မပြခြင်းမဟုတ်ဘူး၊ အဲဒီ ဆန္ဒပြခြင်းကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာသာဖြစ်ပါတယ်။ မယုံရင် မဝေးလှတဲ့ အချိန်က ဟောင်ကောင် ကျောင်း သား လှုပ်ရှားမှုကို ကြည့်ပါ။
ဒီနေ့ ကျောင်းသားလေးတွေရဲ့ ခြေလှမ်းတွေ တောင်သာဆီ ဦးတည်လိမ့်မယ်။ သူတို့ဟာ ကချင်သူပုန် မဟုတ်ဘူး၊ လူသေစေတဲ့ လက်နက်တွေ မပါဘူး။ အဲ ဥဒေါင်းဆီတွေတော့ ပါလာတယ်။ ဦးသိန်းစိန် ဘာလုပ်မလဲ။ ဒီမှာ ကမ္ဘာဦး ကတည်းက ရှိနေခဲ့တဲ့ ဖြေရှင်းနည်း နှစ်မျိုး။
၁။ အကြမ််းဖက် ဖြေရှင်း(သေကုန် အေးတာပဲ)
၂။ အပေးအယူညှိနှိုင်းပြီး ဖြေရှင်း(ခေါင်းချင်း၊ ဦးနှောက်ခြင်း အဖြေရှာ)
ပထမနည်းက လူ့တိရစ္ဆာန်အစိုးရတွေ ကျင့်သုံးတာ၊ ဒုတိယနည်းက မိဘဆန်တဲ့ အစိုးရတွေ ကျင့်သုံးတာ။
တာဝန်ယူရတော့မယ်။
ဒီပညာရေး ဥပဒေကို ဘယ်သူအတည်ပြုပေးတာလဲ။ ပြင်သင့်ရင် ပြင်ရဲရမယ်။ လူကိုသတ်လို့ လူပဲသေတယ်၊ ပြသနာ မသေဘူး။
ပြသနာကိုသတ်မှ ပြသနာ သေတယ်။
DVD ကို နားထောင်ကြည့်တော့ လူငယ်တွေ တောင်းဆိုတာ မများဘူး။ "သူတို့အသံကိုလည်း နားထောင်ပါ" ဒါပဲ။ အဓိက မတိုက်ဆိုင်မှုက
၁။ ကူးပြောင်းဆဲကာလ (ဒေါ်ရင်ရင်နွယ်ကတော့ ထရန်ဇစ်ရှင်းလို့ပဲ ထပ်တလဲလဲ သုံးသွားတယ်) လိုတယ်။ (လူကြီးအသံ)
၂။ မှန်တယ်၊ ကူးပြောင်းဆဲကာလမှာလည်း ကျောင်းသား၊ ဆရာတွေရဲ့ သဘောထားတွေ ပါဝင်နေရမယ်။ (လူငယ်အသံ)
ဒီမှာ အဖြေတစ်ခု ရှိနေတယ်။
အင်္ဂလိပ်စာ လေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက် အင်္ဂလိပ်စကားတောင် ဒီလူတွေချည်းပဲပြောရင် ဝေါဟာရအသစ် မထွက်ဘူး၊ ပြောဟန်၊ ပြောသံ တိုး တက်မလာဘူး။ လူပေါင်းစုံမှ စကားလုံး စုံလာတယ်။ ပညာရေး ဥပဒေကလည်း ဒီလူတွေနဲ့ပဲဆွေးနွေးနေရင် (၉၉ ကြိမ်ဆိုလား) ဒီအဖြေပဲ ထွက်မယ်။ သူတို့ဘာသာ သူတို့တော့ အသင့်တော်ဆုံးပေါ့လေ။
ဒီအထဲမှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းစကားကို နားထောင်တော့ ဒါက ပိုသေချာသွားရော။ သူက ကြောက်တတ်တယ်၊ ဘာမှ မပြောရဲဘူး တဲ့။ ရှင်းကရော။ ကျောင်းသားတွေ သေသာသေကြတော့။ ဘာ့ကြောင့် ဒီပညာရေး ညံ့ပါလိမ့်၊ ပညာတတ်ရင် မကြောက်ဘူးဆို၊ ဒါဆို သူသင်ထားတဲ့ပညာက ဘာပညာပါလိမ့်။
ဒီမှာ အဖြေတစ်ခု ရှိနေပြန်တယ်။
ကံကောင်းတယ်၊ သူ့တက္ကသိုလ် မတက်ခဲ့ရဘူး။
ဆက်ရန်
ဇင်ဝေသော်
Victor Hugo က ပြောတယ်
"ကျောင်းတံခါးဖွင့်သူဟာ ထောင်တံခါးကို ပိတ်သူ (He who opens a school door, closes a prison.)" တဲ့
၆၂ လွန် မြန်မာ့သမိုင်းကလည်း ပြောတယ်
"ကျောင်းတံခါးပိတ်သူဟာ ထောင်တံခါး ဖွင့်သူ(He who closes a school door, opens a prison.)" တဲ့။
(The multi-faceted French author Victor Hugo was a poet, playwright, novelist, statesman, and human rights activist, all rolled into one.)
စာနာခြင်း
ဒီနေ့ ဆေးသွားစစ်တော့ အလုပ်ရှုပ်နေတဲ့ ဆရာဝန် ကပ်ပေးလိုက်တဲ့ ပလာစတာက လမ်းရောက်တော့ ကွာကျရော။
ဒီတော့မှ စဉ်းစားမိတာ။ ငါ ချည်ပေးလိုက်တဲ့ ပရိတ်ကြိုးတွေရော ဘယ်လောက်ကြာကြာ ခံလေမလဲ။
ကျရှုံးမယ့် နိုင်ငံ
"ပထမဆုံး ကျရှုံးမယ့် နိုင်ငံဆိုတာ ဗိုလ်ချုပ်ကြီးတွေက ဝေစုအများဆုံးယူ ပြီး ပြည်သူကို အနည်းဆုံး ဖြန့်ဝေပေးတဲ့ နိုင်ငံပဲ"
(ထရူးမင်း)
ဗိုလ်ချုပ်အောင်ဆန်းသာ ဖြေရမယ်ဆိုရင်
စင်္ကာပူဝန်ကြီးချုပ်ကတော့ ဖေ့စ်ဘုတ်အမေးအဖြေကဏ္ဍနဲ့ သူဟာ လူထုနဲ့ တစ် သားထဲရှိတယ်ဆိုတာသာမက သူ့နိုင်ငံအကြောင်း ဘယ်လောက် သိထားတယ် ဆိုတာကိုပါ ပြသွားတယ်။ မြန့်မာ့ခေါင်းဆောင်တွေထဲမှာ အဲသလိုလုပ်နိုင်သူ လိုက်ရှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ တွေ့ရတယ်။ ဒါနဲ့ သူ့ကိုပဲ အဖြေခိုင်း လိုက်ရတယ်၊ သူတို့ မေးခွန်းတွေကို ပြောင်းမထားပါဘူး။ (ညနေမှပဲ ဦးရဲထွဋ်ကို အဖြေခိုင်းတော့မယ်၊ ဟုတ်ဟုတ် မဟုတ်ဟုတ်။ သမ္မတက ခေါင်းပဲ ကုတ်နေမှာ ဆိုတော့လေ။)
မေး။ ။ ဗိုလ်ချုပ်က ဘာဖြစ်လို့ ပန်းရောင်ကိုပဲ ဝတ်တာလဲ။
ဖြေ။ ။ ပန်းရောင်ကိုပဲ ဝတ်တာမဟုတ်ပါဘူး၊ ကျနော့်မှာ ပန်းရောင်တစ်ထည် ပဲ ကောင်းကောင်းကန်းကန်းရှိလို့ပါ။
မေး။ ။ အနှစ်သက်ဆုံး အစားအစာက ဘာပါလဲ။
မေး။ ။ ပဲနံပြားပါ။
မေး။ ။ ပြည်တွင်းဖြစ်ကော်ဖီနဲ့နိုင်ငံခြားဖြစ်ကော်ဖီ ဘယ်ဟာကို ပို သဘောကျ သလဲ။
ဖြေ။ ။ ကျနော့်စားပွဲပေါ် အရင်ရောက်လာတဲ့ကော်ဖီကို ပိုသဘောကျပါတယ်။
မေး။ ။ သမီးတို့အိမ်မှာ ခွေးမွေးလို့ ရပါသလား။
ဖြေ။ ။ ရပါတယ်သမီး။ မိကျောင်းတောင် မွေးလို့ရတယ်။ အချောင်သမား၊ အကျင့် ပျက်လူတွေကိုသာ မွေးမထားပါနဲ့။ သူတို့ကို တွေ့ရင် ခဲနဲ့ထု သမီး၊ ကြားလား။
မေး။ ။ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်ဖြစ်မလာရင် ဘာဖြစ်ချင်ပါသလဲ။
ဖြေ။ ။ စာရေးဆရာဖြစ်ချင်ပါတယ်။
မေး။ ။ မကြိုက်ဆုံး အားကစားနဲ့ အကြိုက်ဆုံး အားကစားက ဘာပါလဲ။
ဖြေ။ ။ မကြိုက်ဆုံးက ခြင်းလုံးကန်တာ၊ အကြိုက်ဆုံးက ဘောလုံးကန်တာ၊ ကျည်း သားရိုက်တာပါ။ နုနုရွရွလုပ်ရတာတွေဆိုရင် ဘာမှ မကြိုက်ပါဘူး။
သူ့အရပ်နဲ့သူ့ဇာတ်
စကားစပ်မိလို့ ပြောရဦးမယ်ပေါ့နော်၊ အမေရိကန်နိုင်ငံက မြို့လေးတစ်မြို့မှာ (နာမည်တော့ မေ့နေပြီပေါ့နော်) လူဦးရေက ငါးရာလောက်ပဲ ရှိသတဲ့။ မက္ကစီကို နဲ့နီးပြီး အန္တရာယ်လည်းရှိတော့ လူတိုင်းလိုင်စင်နဲ့ကိုင်တဲ့ သေနတ်တွေရှိသတဲ့။
ပြသနာ တစ်ခုခုဖြစ်ပြီဆိုရင် အရပ်သားတွေက သေနတ်တွေဆွဲပြီး ထွက်ထွက် လာကြသတဲ့။ အဲဒီမြို့မှာ တာဝန်ကျနေတဲ့ ရဲသားနှစ်ယောက်ကတော့ အကြမ်း ဖက်မှု သမိုင်းရှိနေလို့ သေနတ်ကိုင်ခွင့် မရှိဘူးတဲ့။ ဒီတော့ တစ်မြို့လုံးမှာ သေ နတ်ကိုင်ခွင့် မရှိတာက ရဲနှစ်ယောက်ပဲရှိသတဲ့။ အရပ်သားတွေ သေနတ်တကား ကားနဲ့ ရန်ဖြစ်နေရင် အဲဒီ ရဲသားနှစ်ယောက် ရောက်လာတယ်ပေါ့နော်။
သေနတ်က မရှိတော့
"အားလုံး လက်နက်တွေချလိုက်ပါ၊ မချရင် ပစ်ခတ်ထိန်းသိမ်းရပါလိမ့်မယ်" လို့ အမိန့်ပေးလို့ မရတော့ဘူးပေါ့နော်။ ဒါ့ကြောင့် သူတို့က
"အားလုံး လက်နက်တွေချလိုက်ပါ၊ မချရင် ပျစ်ပျစ်နှစ်နှစ် ဆဲရေးတိုင်းထွာရပါ လိမ့်မယ်" လို့ စပီကာနဲ့ အော်ကြသတဲ့။
အလုပ်ဖြစ်သတဲ့။ အရပ်သားတွေက ဆဲရေးတိုင်းထွာမှာကို ကြောက်ပြီး လက် နက်တွေချ၊ လက်မြှောက်ထားကြသတဲ့။
************************************************************************
ဓာတ်ပုံနဲ့သတင်းက ကျော်စွာမြင့် ဝေါပေါ်က။
မူးယစ်ဆေးဝါး သယ်လာတဲ့ရဲကို အရပ်သားတွေက ဖမ်းပြီး ရဲစခန်းပို့ တဲ့ ပေါ့နော်။
"ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့
ရဲတပ်သားတယောက်နဲ့ အရပ်သားတယောက်ကို ရပ်ကွက်လူငယ်တွေက
ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။
နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ ဇန်န၀ါရီ ၂၃ ရက် ည ၁၀ ကျော်အချိန်က
ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရက်ကွက်လုံခြုံရေးယူနေတဲ့ လူငယ်အဖွဲ့က ဖမ်းတာလို့
ဒေသခံတဦးက ပြောပါတယ်။"
လူကြိုက်နည်းတဲ့ဒေသနာ
"ငါတို့ လက်ခံထားတဲ့အယူအဆနဲ့ (by analogies) ကိုက်ညီပြီဆိုရုံနဲ့လည်း အမှန်တရားလို့ မယူဆလိုက်ကြနဲ့ဦး"
ကာလာမသုတ်ကို ကိုးကာကြပေမဲ့ ဒီအပိုဒ်လေးက မထင်မရှားဖြစ်နေတယ်။
"So in this case, Kalamas, don't go by reports, by legends, by traditions, by scripture, by logical conjecture, by inference, by analogies, by agreement through pondering views, by probability, or by the thought, 'This contemplative is our teacher.' When you know for yourselves that, 'These qualities are unskillful; these qualities are blameworthy; these qualities are criticized by the wise; these qualities, when adopted & carried out, lead to harm & to suffering' — then you should abandon them."
သူ့လက်မှတ်နဲ့စာ
၁။ ဂျာနယ်ရဲ့သတင်းဖော်ပြပုံက မြန်မာတွေ မူးပြီးရမ်းတတ်လို့ မြန်မာတွေ အ တွက်ပဲ စင်္ကာပူရှိ မြန်မာသံရုံးက ဥပဒေထုတ်ထားသလိုလိုပဲ။ (Cho Cherry Myint က ဒီအာဘော်အတိုင်းပဲ ရေးထားပါတယ်)
၂။ သံရုံးက တရားဝင်ထုတ်ပြန်ထားတဲ့စာကျပြန်တော့ မြန်မာစာ အရေးအသား က ညံ့လွန်းတယ်။
"စင်ကာပူနိုင်ငံ၌ အရက်သေစာ (သောက်သုံးခြင်းအား) အများပြည်သူ သက်ဆိုင် ရာ နေရာများ၌ (သောက်သုံးခြင်းကို) ည ၁၀၃၀ နာရီမှ နံနက်၀၇၀၀ နာရီအထိ (ပိတ်ပင်ကန့်သတ်) ထားမည်ဖြစ်ကြောင်း သိရှိရပါ သဖြင့်" တဲ့။
အမြန်ရေး၊ အမြန်တင် ဖေ့စ်ဘုတ်စတေးတပ်ဆို ပြောစရာမလိုပေမဲ့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်စာမို့ ပြောရဦးမယ်။ ဝါကျတိုတိုလေးထဲမှာ သောက်သုံးခြင်းနှစ်ခါထပ်ရေးပြီး ရှုပ်နေတယ်။ " ည ၁၀၃၀ နာရီမှ နံနက်၀၇၀၀ နာရီအတွင်း စင်ကာပူနိုင်ငံ အများပြည်သူ သက်ဆိုင်ရာ နေ ရာများ၌ အရက်သေစာ သောက်သုံးခြင်းကို" ဆိုရင် ပိုရှင်းမယ်။
နောက်ပြီး "ပိတ်ပင်ကန့်သတ်" တဲ့။ ပိတ်ပင်ပြီးမှတော့ ကန့်သတ်ဖို့ လိုသေးသ လား။ ဖြစ်သင့်တာက "ကန့်သတ်ပိတ်ပင်" ပါ။ လုံးဝပိတ်ပင်တာမျိုး မဟုတ်၊ အကန့်အသတ်နဲ့ပိတ်ပင်လိုက်တဲ့သဘော။
(ဓာတ်ပုံတွေက Ashin Ponnyavamsa နဲ့ Cho Cherry Myint ဝေါပေါ်က ယူထားတာပါ။)
*************************************************************************
ဒါနဲ့ စကားမစပ် ကော်မတီအစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်း အလုပ်ပြီးရင် ဒီနေ့ ဘယ်နေရာတွေမှာ သန့်ရှင်းရေးလုပ်ဖြစ်တယ်ဆိုတာကို အမှန်ခြစ်ပေးပြီး လက်မှတ်ပါထိုးခဲ့ဖို့ ဂါးဒင်းနားကိုပြောတော့ လက်မှတ်ထိုးဆို သူ ထိုးပေးမယ်၊ သူစာမဖတ်တတ်လို့ ဘာမှတော့ မသိဘူးလို့ ပြောရှာတယ်။ သူက စလုံး စီတီဇင် ပဲ။ စိတ်မကောင်းတောင် ဖြစ်ရတယ်။
ဘာမှန်းမသိဘဲ လက်မှတ်အထိုးခိုင်းရတာကလည်း အူကြောင်ကြောင်မို့လား။ ဒါဆိုလည်း လက်မှတ်ထိုးမနေပါနဲ့လို့ပဲ ပြောလိုက်ရတယ်။ သူ့လက်မှတ်နဲ့စာ သူတော့နားလည်မှပေါ့။
ဖြေရမယ့် ကွန်မင့်များ
Ko Wun Tho "ဦးဇင်း ရှင်းဦး၊ ဘုရားရှင်တောင် (ကြမ်းထမ်းတဲ့စကား) လိုအပ် ရင် ပြောလေ့ရှိတယ် ဆိုတာ.ဟုတ်/မဟုတ်"
စကားကြီးခြောက်ခွန်းကို ရည်ညွှန်းဟန်တူပါတယ်။ ကိုယ်လိုရာဆွဲ စကားပါ။
ပထမတန်းစား စကားက True, Profitable, Pleasant, (မှန်၊ အကျိုးရှိ၊ နားဝင်ချို တဲ့)
ဒုတိယတန်းစား စကားက True, Profitable,Unpleasant (မှန်၊ အကျိုးရှိ၊ နားဝင်မချို တဲ့)
Untrue, unprofitable (မမှန်၊ အကျိုးမရှိ) စကားမျိုးတွေကို ဘုရား ဘယ်တော့မှ မပြောပေမဲ့ အခြေအနေအရ Unpleasant(နားဝင်မချို) စကားပြောတယ်လို့ ဆို လိုပါတယ် ကိုဝန်းသို။ ဒါပေမဲ့ မူရင်းဗုဒ္ဓဘာသာစာပေထဲမှာ ဘုရားသုံးစွဲတဲ့ Unpleasant (နားဝင်မချို) ဆိုတာက မောဃပုရိသ=အသုံးမကျ၊ အဖြစ်မရှိတဲ့ ရဟန်း ဆိုတာလောက်ပါ။ ခန္ဓာကိုယ်၊ မဇ္ဈိမရပ်ဝန်းကို ရည်ညွှန်းတာတွေ မရှိ ပါဘူး။ အရင်နေ့က ပို့စ်ကို တွဲဖတ်ပါ။
"ပိဋကတ်စာပေမှာ အကြမ်းတမ်းဆုံးအနေနဲ့ တွေ့ရတဲ့ဝေါဟာရက မောဃပုရိသ ဆိုတာပါပဲတဲ့။ ပညာရှင်တွေ သုတေသန လုပ်ထားတာပါ။ ဆိုလိုတာက မဂ်ဖိုလ်မမှီး အချည်းနှီး ပါပဲ။ ခေတ်စကားနဲ့ အသုံးမကျတဲ့ ရဟန်း၊ useless, good for nothing လို့ ဆိုလိုပါတယ်။ ဒီထက်ပိုတာ မရှိဘူး တဲ့။"
ဒီနေ့ ပြန်ချင်တဲ့ ကွန်မင့် (၂)
Myo Gyi ဆဲတာကလည်း လွန်တယ်။ ဟို အပြင်ကလာလာနေတဲ့ ပုဂ္ဂိုလ်များက လည်း သောက်ဂရုမစိုက်တဲ့ပုံမျိုးဆိုတော့.ဆိုတော့...။ ရိုဟင်ဂျာမရှိဘူးလို့ တကမ္ဘာလုံးပြောထားတာကို ဘန်ကီမွန်းက ရောက်လာတော့ (ရှိတယ်လို့) ထပ်ပြောတယ်။ တော်တော်ဂွကျတာပဲ။
ဒါက နိုင်ငံရေးသဘောပါ။ နိုင်ငံ့သမ္မတတစ်ယောက်နဲ့ ကုလထွေချုပ်တစ်ယောက် ရဲ့တာဝန် မတူသလို ပြောရမယ့်စကားလည်း မတူတော့ဘူး။ ရိုဟင်ဂျာနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာလည်း အဖြေမရှိဘူး။ ရှိတဲ့အဖြေက မြန် မာအစိုးရက ရိုဟင်ဂျာကို လက်ခံအတည်ပြုပေးဖို့ ဖိအားပေးခြင်းပဲ။ ဒါကို လက်ခံ မလား၊ ပါးနပ်စွာ ဘယ်လိုရှောင်မလဲက မြန်မာအစိုးရ ဆုံးဖြတ်ရမှာ။ မြန်မာ အစိုး ရက ဆုံးဖြတ်ချက်ချရာမှာ ပြည်တွင်းရေးကလည်း အခရာ ကျနေပြန်ရော။ ဆိုလို တာက ဦးဝိရသူရဲ့ လှုပ်ရှားမှုမျိုးတွေဟာ ညင်းဆိုချင်တဲ့အစိုးရအတွက် အဓိက အထောက်အပံ့တွေ ဖြစ်နေပါလိမ့်မယ်။ ဆောင်းပါးအရှည်ရေးသင့်တာပါ။ ကမ္ဘာမှာလည်း အလားတူ ပုစံဆင်တွေရှိတယ်။
ဒါမျိုး
ပြင်ပကမ္ဘာရဲ့ ဖိအား>>>>>နိုင်ငံတော် အစိုးရ>>>>>>>ပြင်ပကမ္ဘာ။
ပြည်တွင်းဖိအား>>>>>> >နိုင်ငံတော် အစိုးရ>>>>>>>ပြည်တွင်းလှုပ်ရှားမှု။
နိုင်ငံတော် အစိုးရအပေါ်မှာ ပြင်ပကမ္ဘာရဲ့ ဖိအားရော ပြည်တွင်းလှုပ်ရှားမှုဖိအား ပါ ရှိနေတယ်။ ဒါတွေကို အစိုးရက မဖြစ်မနေတုန့်ပြန်ရမှာပါ။
စကားကြမ်းသွားတာကလွဲရင် ရိုဟင်ဂျာကို လက်မခံနိုင်တဲ့ အစိုးရအတွက် ဦးဝီရသူတွေ လိုနေလိမ့်မယ်။ အခုအစိုးရ ဒုက္ခရောက်သွားမယ်။
ဒါက နိုင်ငံရေးအရှုပ်တော်ပုံမို့ ဒီလောက်နဲ့ မပြည့်စုံဘူး။ စိတ်ကူးပေါက်မှ ရေးတော့မယ်။
ဒီနေ့ ပြန်ချင်တဲ့ ကွန်မင့် (၃)
"ဝိနည်းတော်မှာ သိခရဏီ ဘာညာ ဆိုလား ကြားဖူးထားတယ်ဘုရား။ ရှင်းပေး ပါလား ဘုရား"
ကိုယ့်ဝေါပေါ်မှာမဟုတ်လို့ အမည်ပေးမထားတော့ပါဘူး။
ဝိနည်းသိက္ခာပုဒ်ပညတ်ရာ၊ အမှုဆုံးဖြတ်ရာမှာ သုံးစွဲရတဲ့စကားတွေကို ဆဲဆိုမှု ထဲ ထည့်မရသလို စကားကြမ်းတယ်လို့လည်း ဆိုလို့မရပါဘူး။ ဒီခေတ် ဇီဝဗေဒ သင်တဲ့ဆရာတွေ၊ ဆရာဝန်တွေရဲ့ လက်ချာတွေမှာလည်း မဖြစ်မနေမို့ တိတိ ကျ ကျ သုံးရတဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေရှိပါတယ်။ "သိခရဏီ" ဟာ ဆဲဆို ကြမ်းတမ်း (ဖရုသဝါစာ) မဟုတ်၊ တက်ခနီကယ် တမ်း(ပညာရပ်ဆိုင်ရာ ဝေါဟာ ရ) မျှသာပါဘရား။
ဗုဒ္ဓဘာသာကလည်း စေတနာနုရင် ဖရုသဝါစာမဖြစ်လို့ ဖွင့်ထားတယ် မဟုတ် လား။
ဆဲဖော်ညှိခြင်း
အစတော့ ဗိုလ်ချုပ်
တဖြည်းဖြည်းနဲ့ ဆရာတော် ဗုဒ်
အခုတော့ အတုမရှိ မြတ်ဗုဒ်
တော်ကြပါတော့ ကွယ်တို့။ ။
"ပီအာ" ဆို ဒီဟာကြည့်ကြ
နီပေါ။ ဘုရားရှင်ရဲ့ မွေးရပ်မြေလို့ အများစုသိတဲ့နေရာ။ ဒါတင် မကသေးဘူး။
မြန်မာ အာဏာအချောင်လိုက်အုပ်စုတွေ သွားရည်ယိုနေတဲ့ ပီအာဆိုတဲ့စနစ် ကျင့်သုံးတဲ့နေရာ။
ဘယ်တုံးကမှ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အိန္ဒိယလွှမ်းမိုးမှုအောက်ကနေ မလွတ်၊ အမြဲတမ်း နောက်မြည်းဆွဲ။
အစိုးရက ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပေါင်မုန့်စက္ကူကပ်(ကပ်ပြီးရင်း ထပ်ထပ် ကပ်)၊ လူထုက မကျေနပ်။
သစ္စာနီကတော့ နီပေါဆိုတာ အနီတွေပေါတဲ့နိုင်ငံတဲ့။
နီပေါစစ်ရင် စရိုက်လေးတွေကလည်း မြန်မာဆန်ဆန်လေးတွေ။ ရိုသား(တချို့က အ,တယ်လို့ သုံးကြတယ်)၊ ဖော်ရွေ၊ ရောင့်ရဲ၊ ချစ်စရာလေးတွေ။
နိုင်ငံရေးဝံပုလွေတွေ အကြိုက်ပဲ။
တစ်ခုကျန်သေးတယ်၊ စင်္ကာပူငှားထားတဲ့ အသေခံရဲတပ်ဖွဲ့က နီပေါကဆိုပဲ။
ဒီပုံကတော့ ပါလီမံမှာ ခုန်ကန်တမ်း ကစားနေပုံပါ။
မြန်မာက ဒီကစားနည်းမကြိုက်ဘူး၊ ဘောလီဘောပုတ်တယ်။
ဇင်ဝေသော်
ရွာစကား
လက်ရှိအစိုးရ စိုးရိမ်တာက စီဗီလိုက်ဇေးရှင်းအတိုင်း နိုင်ငံတော်ကြီး အစိတ်စိတ် အမွှာမွှာ ကွဲသွားမှာကိုပါ တဲ့၊ ဒါက အတွင်းစကားပါ တဲ့ (ပြောသူနာမည် ထည့်ခွင့် မရှိ)။
စီဗီလိုက်ဇေးရှင်းအတိုင်း ကွဲမယ်ဆိုရင် ရှမ်း၊ မွန်၊ ရခိုင်တို့က ပိုပြီးစိုးရိမ်ရ သတဲ့။ သူတို့ စီဗီလိုက်ဇေးရှင်းက သက်တန်းရှည်တာကိုး၊ ကချင်မဟုတ်ဘူး တဲ့။
စီဗီလိုက်ဇေးရှင်းအကြောင်း ဘာသာပြန်ထားသူမို့ ဒီလို ပြောတာနဲ့တူပါတယ်။
စီဗီလိုက်ဇေးရှင်းအကြောင်း ပြောရင်လည်း စီဗီလိုက်ဇေးရှင်းရဲ့ အဓိကမဏ္ဍိုင်ကို ကြည့်မှပေါ့။ စီဗီလိုက်ဇေးရှင်းရဲ့ အဓိကမဏ္ဍိုင်က ကိုးကွယ်မှုလေ။
ဒါနဲ့ ပြောလိုက်တယ်။ မြန်မာပြည် အစိတ်စိတ်အမွှာမွှာကွဲရင် စီဗီလိုက်ဇေးရှင်း အတိုင်း ကွဲစရာ မရှိဘူး။ စီမံခန့်ခွဲမှု မညီမျှခြင်းကြောင့်သာ ကွဲနိုင်တယ် လို့။
ဇင်ဝေသော်
ပြန်ချင်တဲ့ ကွန်မင့်
Tun Aung Kyaw "မြန်မာလူမျိုးတွေက စည်းလုံးညီညွတ်မှု့တော့ အတော့်ကို နည်းပါတယ် ဖျား"
အခု နှစ်ဖွဲ့ သုံးဖွဲ့ပဲ ရှိတာ၊ အင်အားကောင်းတာပါ။ ဘယ်လူမျိုးမဆို အစပိုင်းမှာ အမျိုးမျိုးကွဲတယ်(ဗဟုဝါဒ)၊ တဖြည်းဖြည်းရင့်ကျက်၊ အပေးအယူညှိပြီး အုပ်စုနှစ်စု သုံးစုပဲကျန်တယ်(တူရာ အုပ်စုဖွဲ့၊ သမဂ္ဂဝါဒ)။
နိုင်ငံဟာ ဒီအနေအထားဆီ ခြေဦးတည်နေပြီလို့ အကောင်းဖက်က ယုံကြည်မိ ပါတယ်။ ရင့်ကျက်ချိန် လိုမယ်။ စောင့်ရမယ်။ ခေါင်းဆောင်ကောင်းက အလိုအပ် ဆုံးပဲ။ နိုင်ငံရေးမှာ အဓိက နှစ်ဖွဲ့နဲ့ လူမှုရေးမှာ ကျော်သူရဲ့ ပရဟိတ လုပ်ငန်းတွေ အောင်မြင်နေတာကြည့်ရင် ဒီအမြင်က အားရစရာလည်း ကောင်းပါတယ်။ ထင်သလောက် မကွဲလှပါဘူး။
နားလည်ရခက်တဲ့ အေ ဘီ စီ လော့ဂျစ်များ
၁။ ဒေါ်စုနဲ့ ဦးဝိရသူပုံရိပ်နှစ်ခု
ထိုင်းနိုင်ငံရဲ့သင်ရိုးညွှန်းတန်းမှာ ဒေါ်စုအကြောင်းသင်မယ်ဆိုတဲ့သတင်းနဲ့အတူ ဦဝိရသူရဲ့ ဝစ်လစ်စလစ်ဒေါသ သတင်းက တပြိုင်နက်လိုလို ဟိုးလေးတကြော် တက်လာတယ်။ ဒါက သတင်းမို့ထားပါတော့။ နားလည်ရခက်တာက ဦဝိရသူ ကို ဝေဖန်သူတွေကိုပဲ နိုင်ငံရေး (အဖွဲ့ချုပ်) ပါတီကလူတွေ နိုင်ငံရေးအခွင့်ကောင်း ဝင်ယူတယ်ဆိုတဲ့ ဆောင်းပါးမျိုး ရေးရဲခြင်းပါ။ ဘာမှမဆိုင်ဘူး။ ဘယ်ပါတီမှ မဝင် သူတွေအနေနဲ့ ကမ္ဘာ့မီဒီယာမှာ ကိုယ့်နိုင်ငံနဲ့ပတ်သက်လို့ ဘယ်လို သတင်း မျိုးမြင်တွေ့ချင်မလဲ။ ကမ္ဘာ့သမိုင်း စာမျက်နှာတွေထဲကိုဝင်ကြည့်ရင် အဲသလိုမျိုး ချစ်တွေ အများအပြားတွေ့ရမှာ ဖြစ်သလို သူဟာ ထူးထူးခြားခြးကြီး ရပ်တည်နေ တာ မဟုတ်ပါဘူး။
ဒါမျိုးလှုပ်ရှားမှုကို အစပိုင်းမှာ အုံနဲ့ကျဉ်းနဲ့ ထောက်ခံတတ်ကြတယ်၊ ခဏနေတော့ မြို့ပြလူထုက နောက်ဆုတ်သွားပြီး ကျေးလက်ကပဲ ထောက်ခံတတ်တယ်။ အခု ဦဝိရသူရဲ့အနေအထားကလည်း ဒီဖြစ်စဉ်အတိုင်းပဲ ရှိနေတာတွေ့ရပါတယ်။
ဒီတော့ ဦဝိရသူကို ဝေဖန်သူတွေဟာ အဖွဲ့ချုပ် အမာခံတွေသာမက ကြားနေသူတွေလည်း ပါဝင်နေမယ်ဆိုတာ သိသာပါတယ်။ အလားတူပဲ၊ ကိုယ့် လူမျိုး သူများသမိုင်းစာအုပ်ထဲ နေရာဝင်ယူသွားလို့ ဂုဏ်ယူသူတွေထဲမှာလည်း အဖွဲ့ချုပ် အမာခံတွေချည်း မဟုတ်နိုင်ဘူးဆိုတာလောက်တော့ နိုင်ငံရေး ရေး မယ်ဆိုရင် သိထားသင့်ပါတယ်။ ဒါဟာ နိုင်ငံရေးမဟုတ်ဘူး၊ အမျိုးသားရေးပါ။
၂။ သူတို့က ငါးနှစ်ထပ်တောင်းပြီး တစ်ဖက်ကို တစ်စက္ကန့်တောင် မပေးချင်
ဒါက နောက်ထပ် အူကြောင်ကြောင် စကားတစ်ခွန်း။ နောက်ထပ်ငါးနှစ် အချိန်ပေးရင် စင်္ကာပူလို လုပ်ပြမတဲ့။ အရှက်မရှိ၊ သိက္ခာမရှိ၊ အခြေအနေမသိ။ ကဲ ဘယ်မလဲ လီကွမ်းယု
အနောက်တက္ကသိုလ်တွေမှာ တက်၊ ဘွဲ့ယူ၊ အနောက်ဥပဒေ၊ ကမ္ဘာ့သမိုင်းကို ထုံးလိုမွှေထားတဲ့ အုပ်စုက ဘယ်မှာလဲ။
မေမြို့ စစ်တက္ကသိုလ်မှတ်စုနဲ့တော့ လုံးဝ မရဘူး။ ဘယ်ဗိုလ်ချုပ်ကြီးက အင်္ဂလိပ် လို သူတင်ကိုယ်တင် ပြောနိုင်လို့လဲ။
ထားတော့ အလုပ်မဖြစ်တဲ့ မီးကျိုးမောင်းပျက် ယန္တယားအတွက် ငါးနှစ်ထပ်တောင်းနေမဲ့အစား
"ကဲ ဒီအရုပ်တော်ပုံကို ရအောင်ရှင်းပေးစမ်း" ဆိုပြီး အခြားတစ်ဖက်ကို အာဏာပေးလိုက်ဖို့ စိတ်ကူးမကြည့်သင့်ဘူးလား။ ဒါတွေရေးလို့ နွားကို ပလာတာကျွေးနေတယ်လို့တောင် အပြောခံရအုံးမယ်။ မရေးချင်ပါဘူး။
ထွက်လာတဲ့စကားတွေက ကို့ယို့ကားယားချည်းပဲ။
ဒေါ်စုက နိုင်ငံရေးအတွေ့အကြုံမရှိလို့ မယုံကြည်ဘူးဆိုတာက ပါသေးတယ်။ ဖမ်းပြီး ထောင်ချ၊ ရွေးကောက်ပွဲ ဝင်ခွင့် မရ ရအောင်တား၊ ဘယ်လိုလုပ် အုပ်ချုပ်ရေး အတွေ့အကြုံရှိမှာလဲ။
အဲ အထင်တော့ မသေးနဲ့။ စွမ်းတဲ့လူက မုဆိုးစိုင်သင် သင်ယူသွားတယ်။ လီကွမ်းယုနဲ့ ကျန်ဇီမင်း တက်လာပုံ လုံးဝ မတူဘူး။ ဒေါ်စု တစ်ခေါက်ပဲ စင်္ကာပူလာတယ်၊ သူတို့ မီဒီယာကို ပြန်ဆော်ထားခဲ့တယ်။ စင်္ကာပူလည်း မြန်မာ့ဆီက လေ့လာစရာတွေ ရှိတယ် တဲ့။ ကဲ ဘယ်သူ အဲသလို ပြောရဲသလဲ။
ဇင်ဝေသော်
ကျန်းမာရေးစောင့်ရှောက်မှု
မကောင်းတာတွေကိုရေးပြီး ကောင်းတာတွေ မရေးရင် မဟုတ်သေးဘူး။
နယ်ကလူတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အခု စိတ်ချမ်းသာနေကြတယ်။ ရွာမှာရော မြင်းမူဆေးရုံမှာပါ စောင့်ရှောက်မှုတွေ အများကြီး ပိုကောင်းလာတယ်။ မြင်းမူဆေးရုံမှာဆိုရင် အစိုးရက အခမဲ့ပေးတဲ့ဆေး၊ မပေးတဲ့ဆေးတွေကို တိတိကျကျ ရေးထားသတဲ့။ အစိုးရပေးတဲ့ဆေးဆိုရင် အလကား၊ မပေးတဲ့ဆေးဆိုရင် အပြင်က ၀ယ်ယူပေါ့။
အရင်နှစ်တွေက ဆေးဝါးလှူခဲ့တဲ့ ရွာက ကျန်းမာရေး ဆရာမနဲ့တွေ့လို့ မေးကြည့်တော့ အရင်ကထက် ဆေးဝါးတွေ အများကြီးပြည့်စုံလာတယ်လို့ ပြောတယ်။ ဘာဆေးတွေလှူရမလဲ မေးတော့ ထူးထူးခြားခြား မလိုအပ်လှပါဘူးလို့ သူကဖြေပါတယ်။ သူပြန်သွားပြီး ရွာသားတွေကို မေးကြည့်တော့လည်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်လို့ အရင်လို မဟုတ်ကြောင်း တညီတညွတ်တည်း ဖြေဆိုကြပါတယ်။ ၀မ်းသာစရာ မဟုတ်လား။
ဒါပေမဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုက ရေရှည်မှာတော့ မလွယ်ကူနိုင်ဘူး။ ပညာရေး ကျန်းမာရေးက အစိုးရက တာဝန်တချို့ယူ၊ သက်ဆိုင်သူ မိသားစုက တာဝန်တချို့ယူမှ ပိုပြီးအရှည်ခံမယ် ထင်တယ်။ နိုင်ငံ အများစုကလည်း ဒီစနစ်ပါပဲ။
ထားပါတော့။ ဒီတစ်ခေါက်ရွာအပြန် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာတာ တွေ့ရလို့ ၀မ်းသာမိပါတယ်။
ရဟန်းလောင်း ဆုံးမခန်း
၁။ လူသားစင်စစ် ဧကန်ဖြစ်ရဲ့လား ငါ့ရှင်(စာသံပေသံ)။ လူမှ ဟုတ်ရဲ့လား (အရပ်စကား)
၂။ ယောက်ျားစင်စစ် ဧကန်ဖြစ်ရဲ့လား ငါ့ရှင်(စာသံပေသံ)။ ယောက်ျားပီသရဲ့လား (အရပ်စကား)
၃။ ကျေးကျွန်အဖြစ်မှ လွတ်မြောက်သူ ဧကန်ဖြစ်ရဲ့လား ငါ့ရှင်(စာသံပေသံ)။ တစ်ယောက်ယောက်ကများ ကြိုးကိုင်ထားသလား(အရပ်စကား)
၎။ ကြွေးမည်ကော ကင်းရှင်းပါရဲ့လား ငါ့ရှင်(စာသံပေသံ)။ တစ်ယောက်ယောက်က ပေးတာကျွေးတာတွေများ ကြိုယူထားသလား (အရပ်စကား)
၅။ မင်းခစားယောက်ျား မဟုတ်တာ မှန်ပါရဲ့လား (စာသံပေသံ)။ မင်းကို ခပြီး စားနေရတဲ့ ခရိုနီမဟုတ်တာ သေချာရဲ့လား (အရပ်စကား)
၆။ အသက်နှစ်ဆယ် ပြည့်ဖြိုးကြွယ်ပြီးသည် မှန်ပါရဲ့လား ငါ့ရှင်(စာသံပေသံ)။ အသက်နှစ်ဆယ်မပြည့်သေးရင် ကလေးမို့ တောင်လုပ်မြောက်လုပ်၊ တောင်ပြောမြောက်ပြော လုပ်တတ် ပြော တတ်တယ်(အရပ်စကား)
ကျန်တာ ဆက်ကြတော့ ငါ့ရှင်တို့။
မြောက်နဲ့အုန်းသီး
ကချင်သူပုန်နဲ့စစ်တပ်ကြားမှာ ပြည်ကြီးတရုတ်တွေ ပိတ်မိနေသတဲ့။ ကျောက်ကုန် သည်၊ ကျွန်းကုန်သည်၊ သစ်ပင်မျိုးစုံကုန်သည်တွေနေမှာပေါ့။
(၁) ဒီသတင်းနဲ့ဆက်စပ်ပြီး ရွာမှာ ကြားခဲ့ရတာက.............
"မြန်မာနယ်စပ်က သစ်ပင်ကြီးတွေကို အပင်လိုက်ရွှေ့ပြီး တရုတ်ပြည်ထဲမှာ စိုက် ထားတာ၊ သူတို့နိုင်ငံထဲမှာဆို သစ်ကိုင်းတောင် မခုတ်ရဘူး။ တရုတ်ပြည် ထဲရောက်ပြီး ဒါတွေကိုမြင်ရလေလေ ကချင်သူပုန်ကို စိတ်နာလေလေ" တဲ့။ လူငယ်တစ်ယောက်ပြောတဲ့ စကားပါ။ ဒီအတွက် အပြစ်ရှိသူကိုလိုက်ရှာရင် ကချင်သူပုန်တင်တော့ မကလောက်ပါဘူး။
(၂) ထိုင်ဝမ်မှာ မြင်ခဲ့ရတာက.............
ထိုင်ဝမ် အမျိုးသားပြတိုက်မှာပြထားတဲ့ ကျောက်စိမ်းအများစုက ဖားကန့်မှာ အခြေ ခံတယ်။ တစ်နေ့တစ်နေ့ ဝင်ကြည့်သူ သိန်းချီရှိမယ် (ပြည်မကြီးလူဝင်မှုတံခါးကို ဖွင့်ပေးထားတာကိုး)။ တစ်နေ့တစ်နေ့ ဝင်ကြေးဘယ်လောက်ရမလဲဆိုတာ ခန့်မှန်းဖို့ ခက်တယ်။ မြန်မာနဲ့သယံဇာတက တကယ့်ကို မြောက်နဲ့အုန်းသီး။
သူပုန်ရွာ
ရွာမှာလည်း ရှိသေးတယ်(လက်ပန်ရွာ၊ မြင်းမူနယ်) ကိုးဆယ်ဆ ဆိုတဲ့အဖွဲ့ကြီးက သူ့အသင်းထဲ ၀င်သူတွေကို မုန့်ဖိုးတွေပေး၊ လက်ဆောင်တွေပေးပဲ။ ရွာက လူငယ်တွေ အများကြီး သူတို့ထဲ ၀င်ကြတယ်။ အိမ်ထောင်ဦးစီးတွေက မ၀င်ဘူး။
ဒါနဲ့ ဘာလို့ မ၀င်တာလဲလို့ မေးကြည့်မိတော့ ရွာမှာ အိမ်ထောင်ဦးစီးတွေကပဲ မဲပေးရတာ၊ သူတို့အထဲ ၀င်မိရင် မဲပေးတဲ့အခါ ပြသနာတက်မှာ တဲ့၊ ကလေးတွေဝင်တာက ပိုက်ဆံဝေလို့ တဲ့။
ရွာသားတွေလည်း မအတော့ဘူး။ ရွာကလည်း မြင်းမူနယ်မှာတော့ သူပုန်စာရင်းပေါက်တဲ့ရွာလေ။ ဇင်ဝေသော်တို့ရွာ။
အဆုံးအစ မရှိတဲ့လမ်း
ကျနော်တို့ မြောက်ဒဂုံမှာ သူတို့ကို မဲထည့်လို့သူတို့နိင်ရင် လမ်းခင်းပေးမယ်ဆိုပြီး လမ်းကို အလယ်ခေါင်ကနေ စခင်း၊ ဟိုထိပ် ဒီထိပ်ချန်ထားတယ်။ ရွေးကောက်ပွဲမှာ ရပ်ကွက်ထဲလူတွေက သူတို့ကို မဲမထည့်တော့ သူတို့လည်း ရှုံးသွားတယ်။ လမ်းလည်း ဆက်ခင်းမပေးတော့ဘူး။ ဒါနဲ့ ရပ်ကွက်က စုပေါင်းပြီး ဆက်ခင်းလိုက်ရတယ်။
ကားသမားဆီက ကြားခဲ့ရတာပါ။
ချင်းလီရဲ့ အစီရင်ခံစာ
အမေရိကန် စီးပွားရေးသမားတစ်ယောက်က အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး ဇနီးအပေါ် သံသယရှိနေလို့ သူခရီးမထွက်ခင် အခြေအနေတွေကို အသေးစိတ် စောင့်ကြည့်ဖို့ နံမည်ကြီး ကြေးစား တရုတ်ထောက်လှမ်းရေး ချင်းလီ ကို ငှားရမ်းခဲ့တယ်။ သူ ခရီးက ပြန်လာအပြီး ရက်ပိုင်းအတွင်းမှာပဲ ချင်းလီဆီ က အောက်ပါ အစီရင်ခံစာကို ရခဲ့တယ်။
***************************************************************************
Most honorable sir,
You leave house I watch house. He came to house. I watch.
He and she leave house. I follow.
He and she go in hotel. I climb tree.
I look in window. He kiss she. She kiss he.
He play with she. She play with he.
I play with me.
I fall off tree. I not see. No fee.
Sorry!
Chen Lee
မောနင်း ပို့စ် (မနေ့က ပွဲအဖြေများ)
ပုတ်ရဟန်းမင်းကြီး ၂၊ ဦးဝီရသူ ဝ
ပုတ်ရဟန်းမင်းကြီး မဖြေနိုင်ရှာတဲ့ မိန်းကလေးရဲ့ မေးခွန်းပါ။
"ထာဝရဘုရားသခင်က ကလေးငယ်ပြည့်တန်ဆာကိစ္စကို ဘာကြောင့် ခွင့်ပြုထား ရတာလဲ၊ ကလေးငယ်တွေဟာ အပြစ်မဲ့သူတွေဖြစ်ပါတယ်" တဲ့။ မျက်ရည်တွေနဲ့ မေးခွန်းထုတ်လိုက်သူက ၁၂ နှစ်အရွယ် မိဘမဲ့ ကလေးမလေး ပဲဖြစ်ပါတယ်။ ပုတ်ရဟန်းမင်းကြီးက ဒီလိုမေးခွန်းတွေရဲ့အဖြေ မရှိကြောင်းပြော ဆိုပြီး ကလေးမကို ချွေးသိပ်နှစ်သိမ့်နေပါတယ်။
ဆိုရှယ်မီဒီယာကို လျှော့ပြီး မိသားစုတန်ဖိုးကို မြှင့်တင်ပေးကြဖို့ ဖီလစ်ပိုင်ရောက် ပုတ်ရဟန်းမင်းကြီးက သူ့ဘာသာဝင်တွေကို အေးအေးချမ်းချမ်း ဆုံးမစကားပြော သွားပါတယ်။
***************************************************************************
၂။ သီရိလင်္ကာအစိုးရ ၂၊ မြန်မာအစိုးရ ဝ
သီရိလင်္ကာနိုင်ငံ အရင် အစိုးရလက်ထက်က သဘောတူခဲ့တဲ့ တရုတ်ပင်လယ် ဆိပ်ကမ်း စီမံကိန်းကို လက်ရှိအစိုးရက ပြန်လှန်သုံးသပ်မယ်လို့ ကြေငြာလိုက်ပါ တယ်။ ဒီဆိပ်ကမ်းကြောင့် အိန္ဒိယနဲ့ သီရိလင်္ကာတို့ဆက်ဆံရေးကို ထိခိုက်စေပါ တယ်။ မြို့တစ်မြို့စာလောက် ကြီးမားတဲ့ တရုတ်ပင်လယ်ဆိပ်ကမ်းကြီးကို သီရိ လင်္ကာရောက်စဉ်က တွေ့မြင်ခဲ့ရလို့ အံ့ဩတကြီးဖြစ်ရပါတယ်။ အရင်သမ္မတက ပြည်တွင်းစစ်အပြီး ဘတ်ဂျက်ပြသနာတက်နေလို့ ဆုံးဖြတ်ခဲ့ တဲ့ ရေတိုကြည့်၊ အလွယ်လိုက်ဆုံးဖြတ်ချက်လို့ မှတ်ချက်ပြုကြပါတယ်။
ဒီသတင်းနဲ့ဆက်စပ်စဉ်းစားစရာကတော့ အရင်(သမ္မတလည်း မဟုတ်၊ ဘယ်လို အမည်ပေးရမှန်းလည်း မသိ) ဦးသန်းရွှေရဲ့ ရေငုံနှုတ်ပိတ် ထင်တိုင်းကြဲ စီမံကိန်းတွေကို လက်ရှိ၊ လာမယ့်အစိုးရက ဘယ်လိုများ တုန့်ပြန်လာလေမလဲ။
လက်ရှိမှာတော့ သီရိလင်္ကာအစိုးရ ၂၊ မြန်မာအစိုးရ ၀။
ဇင်ဝေသော်
နောက်ဆုံးပို့စ်
မနက်ကစထရိတ်တိုင်းမှာ ဦးသိန်းစိန်ပြောသွားတဲ့
"ဘာသာရေးအယူသည်းမှု ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အန္တရာယ်ရှိနေ တယ်" ဆိုတာရယ်
ဦးဝီရသူ ခပ်ရိုင်းရိုင်းပြောသွားတဲ့ စကားတွေရယ်
"လက်ရှိအစိုးရက ဦးဝီရသူကို ထောက်ခံပေးထားတယ်" ဆိုတဲ့ စကားအချို့ရယ်ကို ထောက်ဆကြည့်ရင် စဉ်းစားစရာက
ကိုယ်တင်တဲ့စစ်ကဲကို ကိုယ်ပြန်မချနိုင်တာလား၊
အခြားနိုင်ငံရေး ပရိယာယ်တစ်ခုလား၊
................လား။
ဦးရဲထွဋ်တင်ထားတဲ့ "သမ္မတကြီးကို ချစ်ခင်လေးစားတဲ့ လူထုကြီး" ပို့စ်အောက်မှာ ရေးထားတဲ့ကွန်မင့်တွေကလည်း ပို့စ်နဲ့ ဆန့်ကျင်ဖက်တွေ များနေ တယ်။
ဖြစ်နိုင်ရင်တော့ တနင်္ဂနွေလိုနေ့မျိုးမှာ ဦးရဲထွဋ်တို့ ဆရာတပည့် စင်္ကာပူကို လာစေချင်တယ်။ စင်္ကာပူရောက်နေတဲ့ ဖိအားမဲ့ မြန်မာတွေက အဲသလို ကြိုဆိုကြ မယ်ဆိုရင် အဖြေပါ တစ်ခါတည်းပါပြီးသားဖြစ်သွားမယ်။ တနင်္ဂနွေဆိုတော့ မအားလို့ လာမကြိုကြတာပါလို့လည်း ပြောစရာမရှိတော့ဘူး။ အားစမ်းတဲ့သဘောပေါ့။
ဒီပွဲမျိုးနိုင်သွားရင် ဦးရဲထွဋ်တို့ ဆရာတပည့် သိက္ခာတက်သွားမယ်။ နိုင်မနိုင် ကတော့ မသေချာလှဘူးထင်တယ်။
မန်စီးတီးနဲ့အာဆင်နယ်။
နောက်တာပါ ဆရာတို့
စာအုပ်ပါးပါးလေးတွေလည်း ထုတ်ထားဦးမှ။
စာအုပ် အထူကြီးတွေပဲဆိုရင် စားရေးသူအချင်းချင်း စာအုပ် အပြန်အလှန် လက်ဆောင်ပေးရင် အတော်အရှုံးပေါ်တယ်။
နေပြည်တော်က ဒကာကြီး သို့
ဒီမနက် သမ္မတကြီးဦးသိန်းစိန်နဲ့ အင်တာဗျူးဆောင်းပါး အရှည်ကြီး စထရိတ်တိုင်းမ်းမှာ ပါလာတယ်။
အကြောင်းအရာလည်း တော်တော်စုံတယ်။ ဘာသာရေး သည်းခံစိတ်နည်းမှုကို ခပ်ဖိဖိပြောသွားတယ်။
ရွာကပြန်ရောက်စမို့ အမှတ်တရရှိနေဆဲ မိုဗိုင်းဖုန်းကိစ္စလေးကိုပဲ ဆွဲထုတ်လိုက် ပါတယ်။
သူတို့ တာဝန်ယူစဉ်က မိုဗိုင်းဖုန်းသုံးစွဲသူ သုံးရာခိုင်နှုန်း၊ အခု သုံးဆယ် ရာခိုင်နှုန်း။ နယ်စွန်နယ်ဖျား ကျေးလက်ကလူတွေအထိ အခု မိုဗိုင်းဖုန်း သုံးစွဲ လာနိုင်၊ အဲလို။
တကယ်က ဖုန်းကတ် သူများဝယ်ပေးလို့ အိုင်ပက်လေးထဲထည့်ပြီး ဖေ့စ်ဘုတ်သုံး တယ်။ သုံးရက်အကြာ ပို့စ်တိုနံ့နံ့ နည်းနည်းတင်အပြီး ငါးထောင်ဖိုးချောသွား တယ်။ အဝိုင်းလည်ခက ဈေးကြီးတာကိုး။
"နယ်စွန်နယ်ဖျား ကျေးလက်ကလူတွေအထိ အခု မိုဗိုင်းဖုန်း သုံးစွဲလာနိုင်" သုံးနိုင်တာက ဟုတ်တယ်။ ရွာမှာ ဘယ်လိုင်းမှ မတက်ဘူး။ ဖုန်းကတ်အလှူရှင်တွေက စိတ်ပူလို့။
ဒါနဲ့ ရန်ကုန်ပြန်ရောက်တော့ တစ်သောင်းဖိုး ထပ်ထည့်တယ်။ ခါးတောင်းကျိုက်ပြီးတင်တော့ ပုံတချို့လည်း တက်သွားတယ်။ ရွာမှာတက်သွားတဲ့ပို့စ်လေးတွေက တစ်သောင်းခွဲဖိုး။
စတက်တစ်စတစ်ကို ကွာလတီနဲ့ကပ်ထားမှ အဆင်ပြေမယ် ထင်တယ် နေပြည်တော်က ဒကာကြီးရယ်။
ဆားကိုင်သူများ
(တစ်) ကိုရင် ဥာဏ
၂၀၁၅ အိပ်မက်အတွက် ခရီးတစ်ခု ထပ်ထွက်ဖို့ ကိုရင်ဥာဏ ပြင်ဆင်နေမိသည်။ သူ ဘာတွေလုပ်နေတယ်ဆိုတာကို ခပ်ပါးပါးသဘောပေါက်တာကလွဲလို့ မျှော်လင့်ချက် လေးလေးလံလံ ရှိမနေဖို့လည်း သူ့ကိုယ်သူ ထိန်းကွပ်ထားလိုက်သည်။ အမှန်တော့ ၂၀၁၄ သည် သူ့အတွက် နှစ်ကောင်းနှစ်မြတ်ဖြစ်သည်။ သူ့ကျိုးစားမှုအတွက် ကျိုးစားခ ၆၃ သိန်းခန့် ရရှိသည်။ ထိုပမာဏက သူ့ဖခင် လူ့ဘ၀မှာ နေထိုင်သွားရသည့် နှစ် အရေအတွက်နဲ့ တိုက်ဆိုင်နေလေသည်။
ထို့ကြောင့် ဖခင်အတွက် ၂၀၁၄ လက်ကျန်စာရင်းရှင်းလှူဒါန်းလိုက်ပြီး ပိုင်ဆိုင်မှု သုညဖြင့် ခရီးတစ်ခု ထပ်ထွက်ဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ ကိုရင်ဥာဏ ပေါ့ပါးနေသည်။
(နှစ်) ကိုရင်ဝါသဝ
သူ့မှာ ရင်ဖွင့်ပေါင်းလို့ရသည့် ကိုရင်ဝါသ၀လည်း ရှိသည်။ ကိုရင်ဝါသ၀ မှာ ဆောက်လက်စ သုံးထပ်ကျောင်းဆောင်ရှိသည်။ ပိုက်ဆံမရှိဘဲ ဆောက်လုပ်ချင်သည့် ငါးထပ်ကျောင်းဆောင်လည်း ရှိနေဟန်တူသည်။
သို့သော် ကိုရင်ဝါသ၀ကိုယ်တိုင်ကလည်း လေးလေးလံလံကြီး မဟုတ်၊ ပေါ့ပေါ့ပါးပါးဖြင့် သူယုံကြည်ရာ သူလုပ်နေတတ်သည်။
"ဒီခေတ်မှာ လေယာဉ်စီးပြီး ခရီးသွားရတယ်ဆိုကတည်းက သေခြင်းတရားနဲ့ သူသေကိုယ်သေ တိုက်ခိုက်နေရတာ၊ တကယ်လို့များ၊ တစ်ခုခုဆိုရင်......"
သူ့ကျောင်း သူ့မြေ သူစာချုပ်တွေကို သေတန်းစာနဲ့အတူ ကျန်နေရစ်ခဲ့သူတွေထံ လွှဲပြောင်းပေးထားတတ်လေသည်။
လည်ပင်းမှာ ပိုင်ဆိုင်မှုတွေ ချိတ်ဆွဲမထားသည့်အတွက် ကိုရင်ဝါသ၀လည်း ပေါ့ပါးနေတတ်သည်။
(သုံး)
ရေပေါ်မှာ ရေဖော့ထားတတ်လျင် ရေဘယ်လောက်နစ်သလဲဆိုတာသည် အရေးမကြီးလှပါ။
လက်ညှိုးမှာ ဒဏ်ရာမရှိလျင် ဆားကိုကိုင်သော်လည်း မစပ် ဟု ဘုရားရှင် မိန့်မှာခဲ့ဖူးသည်။
၂၁ ရာစုထဲမှာ ဆားကိုင်တတ်ဖို့ ကျွနုပ်တို့ လေ့လာရပါဦးမည်။
သီဟနာဒ
သွေးသစ္စာ
သမိုင်းထဲက သစွာတရားကလည်း
လက်မောင်းသွေးတွေ ကုန်လိုက်တာ။
သပိတ်လေးတစ်လုံး
(တစ်)
"ရပ်တော်မူပါအုံးဘုရား"
လက်ထဲက သပိတ်ရဲ့ လေးလံဆကို ကိုရင်ဥာဏ ခန့်မှန်းကြည့်လိုက်သည်။ သူ့ ၀မ်းတစ်ခါးအတွက် သေချာပေါက် လုံလောက်ပြီ။ ဒါနဲ့
ထိုအသံကို ပီပီပြင်ပြင်ကြီး ကြားလိုက်ရသော်လည်း ကိုရင် ဥာဏ မရပ်ဖြစ်တော့။ ၀မ်းတစ်ခါးစာ မရသေးသည့် ညီနောင်တို့ ၀မ်းစာကို သူယူနေဖို့ မသင့်တော့။ နောက်မှ
"ဘယ်လို ကိုရင်လေးလဲ မသိဘူး၊ ရပ်တော်မူပါအုံးလျောက်တာတောင် မရပ်ဘူး"
ကိုရင်ဥာဏ လေးလေးနက်နက်လေး ပြုံးလိုက်မိသည်။
(နှစ်)
အရာရာတို့ ပြောင်းလဲ သွားကြပြီ။
နှစ်ပေါင်း ၃၀ ကျော်ကာလသည် ကိုရင်ဥာဏကို (. )ဆရာတော် ဥာဏဖြစ်စေခဲ့ပြီ။ အာဏာရှင်၊ ဓနရှင်တို့ ကိုးကွယ်သောဆရာတော်တစ်ပါး ဖြစ်နေသည့်အတွက် ကိုယ်တိုင်သီတင်းမသုံးနိုင်၊ အမြဲသီတင်းသုံးမည့် သံဃာလည်း များများစားစား မရှိ၊ ဘာသာရေး အက်တီဗီတီများ အပတ်စဉ်၊ လစဉ် မရှိနိုင်သည့်တိုင် သိန်းပေါင်း ထောင်ကြီးဂဏန်းကုန်ကျသည့် ကျောင်းတိုက်ကြီးပေါင်းများစွာ တည်ဆောက်နိုင်ခဲ့သည်။
နန်းတော်ကြီးတွေတမျှ ခန်းနားသည့် ဆရာတော် ဥာဏ၏ ကျောင်းတော်ကြီးများ။
ထိုထိုကျောင်းတော်ကြီးတွေဘေးမှ ကြယ်မြင်လမြင် ဘာသာဝင်တို့ တဲအိမ်ကလေးများ။
တစ်ခါတစ်ခါမှာ ရှိတတ်သည့် သင်တန်းကြီးတွေကို တက်ရောက်ရန် ရောက်လာတတ်သော ကားကြီးကားငယ်ထဲက လူချမ်းသာလေးတွေကို အားကျစွာ ငေးမောကြည့်နေတတ်သည့် ၀န်းကျင်ရှိ ဖိနပ်မဲ့ လူဆင်းရဲလေးများ။
(သုံး)
ဆရာတော်ဥာဏသည် ကိုရင်ဥာဏဘ၀နှင့် သူ့ဝမ်းတစ်ခါး ၀ မ၀ ဆဆကြည့်မိသည့် သပိတ်လေးတစ်လုံးကို ဒီမနက် ထူးထူးခြားခြား သတိရနေမိသည်။
သီဟနာဒ
ကျေးဇူးတင်ပါတယ် ရွှေမြန်မာ
နားဝင်မချိုဟာ ထူးထူးခြားခြား ကော်ပီခိုးကူးစာအုပ်အဆင့်အထိ ရောက်သွားခဲ့တယ်။
ဘယ်လိုပဲ ကူးကူး။ ဘယ်ဈေးနဲ့ ရောင်းရောင်း
ဇင်ဝေသော်ဆိုတဲ့ ချာတိတ်လေးရဲ့ ကလောင်အမည် ချန်ထားတာကို ကျေးဇူးတင်ပါတယ်။ ပြန့်လေ ကောင်းလေပါပဲ။
ဆက်ကူးကြပါ။
နောက်တစ်အုပ်ဆိုရင် ဘီးလ်ဘုတ်ထောင်ပြီး ကြော်ငြာပေးဖို့ လုပ်နေပါတယ်။
ဆရာ သစ်စာနီဆီက ထွက်လာတဲ့ စကား
ဘုန်းကြီးဆိုရင် နိုင်ငံရေးစကား ကြည့်ပြော။
လူဆိုရင် ဘာသာရေးစကားကြည့်ပြော။ မှားသွားရင် မချောင်ဘူး။
မနေ့က ဆရာ သစ်စာနီဆီက ထွက်လာတဲ့ စကား။
မှားတော့လည်း မီဒီယာကနေ ပြင်ဆင်လို့ ရနေတာပဲ။
အနောက်က လူနောက်တွေကတော့
လူကမှား၊ သတင်းစာက တောင်းပန် တဲ့။ ။
ကမ်းလက်မှ နကမ္မ၀တ္ထု ကျပ်ငါးသိန်းလှူဒါန်းသွား
-----------xxxxxx--------------
သူငယ်ချင်းများဖြစ်ကြသော ကမ်းလက် (ဦးစိတ္တရ၊ စင်္ကာပူ) နှင့်
ဓမ္မဂင်္ဂါ (ဦးဝိစိတ္တ၊ ဓမ္မဂင်္ဂါ ပါဠိကောလိပ်ဖောင်းဒါ) တို့
Dhamma Garden Centre သို့ အလည်အပတ်လာ၊
နေ့ဆွမ်းဘုဉ်းပေးသွား။
Dhamma Garden Centre  Posted on 01/15/2015
သရဲလား၊ ကီးမားလား
အကြောင်းမသိရင် နည်းနည်းမျက်စေ့လည်တယ်။
မန်းလေးက သရဲပလာတာလို့ခေါ်ပြီး ဒါကိုပဲ ရန်ကုန်က ကီးမားပလာတာလို့ခေါ်တယ်။
ကီးမားပလာတာ မစားဖူးသေးလို့ စားကြည့်မယ်ဆို မှာလိုက်တာ၊ရောက်လာတာက သရဲပလာတာကြီး။
လမ်းတ၀က်က နေပြည်တော်မှာ ဘယ်လိုများ ခေါ်မလဲ မသိဘူး။ သရဲလား၊ ကီးမားလား၊ အခြားနာမည်တစ်မျိုးလား။
ဘယ်လိုပဲခေါ်ခေါ် ပလာတာက ပလာတာအတိုင်းပဲ ရှိနေသေးတယ်။
ဟမ်ဘာဂါ မဖြစ်သေးဘူး။
ကျနော်ရွေးမိတဲ့ စကားလုံးလေးများ (၁)
အမှန်တော့ ဘာသာပြန်ဆိုမှုနဲ့ပတ်သက်လို့ စကားကြီးစကားကျယ်ပြောရမယ့် အနေအထား ကျနော့်မှာ မရှိပါဘူး။ ပါဠိစာ နည်းနည်း အင်္ဂလိပ်စာ နည်းနည်း မြန်မာစာ အထိုက်အလျောက် ရေးတတ်ဖတ်တတ်။ ဒါလေးသုံးခု စုပေါင်းမိသွားတော့ ဘာသာပြန်ဖြစ်သွားတယ်။ ဒါပါပဲ။
ဒါပေမဲ့ ဘာသာစကားနှစ်ခု အပြန်အလှန်ဖလှယ်လိုက်ရုံနဲ့ မူရင်းကနေ ဘယ်လောက်သွေဖီသွားတယ်ဆိုတာတော့ ပြုံးချင်စရာကောင်းလောက်အောင် ကြုံတွေ့ရတတ်ပါတယ်။
၁။ ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်
ရိုးရိုးရှင်းရှင်း four lives ဆိုတာလေးကို မြန်မာ့ယဉ်ကျေးမှု၊ ကိုးကွယ်မှုတွေနဲ့ ဆက်စပ်ပြီး ကကြိုးလေးထွေ လို့ ပြန်ဆိုခဲ့တာပါ။ ဘ၀ဆိုတာ ကံ ဇာတ်ဆရာရဲ့ အလိုကျ၊ မဖြစ်မနေ ကပြနေရတတ်တယ်။ ဘ၀ဇာတ်ဆရာ ကြိုးဆွဲသလို ကပြအသုံးတော်ခံရတယ် ဆိုတဲ့သဘေမျိုးအထိပါဝင်သွားအောင် Four Lives ကို ကကြိုးလေးထွေ လို့ ပြန်ဆိုခဲ့ခြင်းဖြစ်ပါတယ်။
ပြသနာက ဒီမှာ ကြုံရတာပါ။ ကကြိုးလေးထွေရဲ့ မူရင်းဟာ Four Lives ဖြစ်တယ်ဆိုတာကို သတိမထားမိဘဲ မြန်မာဘာသာကနေ အင်္ဂလိပ်လို ဘာသာပြန်လိုက်တဲ့အခါမှာ Four different types of dance စတဲ့ ဘာသာပြန်မှုတွေ ရှိလာပါတော့တယ်။
ရိုးရိုးသားသားဝန်ခံရရင် Four Lives ဆိုတဲ့ ဝေါဟာရလေးအတွက် (မြန်မာ့ယဉ်ကျေးမှုတွေ စီးဝင်နေတဲ့) ကကြိုးလေးထွေ ဆိုတာလေး ရလိုက်တဲ့အပေါ် ကျေနပ်မိသလို တော်တော်နှစ်ခြိုက်မိတဲ့ စကားလုံးလေး တစ်လုံးလည်းဖြစ်ပါတယ်။
ညီငယ် ညီမငယ်တချို့က ဘာသာပြန်ပုံ၊ ချဉ်းကပ်ပုံကို မေးတတ်ကြလို့ အတွေ့အကြုံကို မျှဝေမှုသဘောမျှသာပါ။ ဒီခေါင်းစဉ်အောက်မှာ ရေးလာမယ့် စတေးတပ်တွေဟာ ကျနော့်ထက်အစစအရာရာ သာလွန်တဲ့ ပညာရှင်တွေအတွက် မဟုတ်ဘူး ဆိုတာလေးတော့ မလိုအပ်ပေမဲ့ ပြောခဲ့ချင်ပါတယ်။ 
ထောက်ခံလေမလား ကန့်ကွက်လေမလား
ထောက်ခံလေမလား
ကန့်ကွက်လေမလား
ဝေခွဲမရရာက အစပြုသည့် ယောင်ဝါးဝါး အစွန်းတစ်ခု။
ထောက်ခံချင်ခံ
ကန့်ကွက်ချင်ကွက်
ဘာကိုမှ ဂရုမစိုက်တော့သည့် ပေတေတေ အစွန်းတစ်ခု။
သိကြား သာသနာ နှစ်ငါးထောင်
ဖေ့စ်ဘုတ်ဖရင့် လူငါးထောင်
အင်း
ကံ ကံ၏အကျိုးတရားက
အစိုးရ မစွံလေလေ
မျက်မှောက်ပြုဖို့ လွယ်ကူလေလေ။ ။
စာမူအဟောင်းတချို့
စာမူအဟောင်းတချို့ကို Home & Services က ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။
အဲဒီစာမူခတွေကို(မများပါဘူး) ကဗျားရာသမဂ္ဂ ကို လှူဒါန်းခဲ့ပါတယ်။
ဘန့်တင်ရွာ ဘုရားပွဲမှာ
ပါချုပ်(ဟောင်း) ဆရာတော်ကိုလည်း ဖူးခဲ့ရ
ဂန်းနန်းစတိုင်လည်း မော့ကြည့်ခဲ့ရ
စာရေးတံ မဲလည်းနှိုက်ခဲ့ရ
ဘန့်တင်ရွာ ဘုရားပွဲမှာ။
တောင်ပြော မြောက်ပြော
တောင်ပြော မြောက်ပြော။ စားပွဲထိုး ရေနွေးဖြည့်ဖို့ စိတ်ကုန်သည်အထိ။
ZWT
(January 14 at 1:12pm)
 ဇင်ဝေသော်၊ဓမ္မဂင်္ဂါ၊သစ္စ္စာနီ၊ကောင်းဆက်နိုင်၊မောင်ကျော်သာ-ပဲခူး၊ ဇန်ဇန်၊ကဲဆုသာ 
 ဓမ္မ ဂင်္ဂါ (January 14 at 11:01am)
"ဟလို ကိုရင်ဥာဏ"
"ကိုရင်ပဏ္ဍိ။ အခြေအနေ ဘယ်လိုရှိလဲဘုရား"
"၂၉/၈၃လမ်းတေထောင့်မှာ ၀က်သားလောင်းနေတယ်။ ခါတိုင်း ဟင်းကောင်းောင်းနေကျနေရာက ဒီနေ့ မရှိဘူ။ အဲဒီဖက်ကို မသွားနဲ့။ စိတ်ဝင်စားရင် သကျသီဟဖက်ကို ဆက်သွား။ ပဲပြုတ်နဲ့ငါးပိကြော်ရမယ်"
"အိုကေ။ ကျေးဇူးပဲ ကိုရင်ဥာဏ"
၂၁ ရာစု တယ်လီကွန်မြူနီကေးရှင်းကြောင့် ဘယ်လမ်းမှာ ဘာလောင်းနေတယ်ဆိုတာကို တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်စရာမလိုဘဲ အလွယ်တကူ သိလာနိုင်ပြီ။ ဒီအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကိုရင်ဥာဏ ကျေးဇူးတင်နေမိတယ်။
နှင်းဆီပွင့်ဖတ်ပေါ်သွေးတဲ့ဓား (သို့) ခရီးကြမ်း နှစ် (သစ္စာနယ်အဝင် ခရီးကြမ်းများ)
ဒီလိုနဲ့
ည ဆိုတာ
တိတ်ဆိတ်စွာ ဓားသွေးဖို့
ပွင့်ပေးတဲ့ နှင်းဆီတစ်ပွင့် ဖြစ်လာခဲ့တော့တာပါဘဲ...အမေ။
ဝမ်းနဲ့လွယ်မှ သား တဲ့လား
နှလုံးသားနဲ့ လေးလေးပင်ပင်ကြီး လွယ်ခဲ့ရရင်ကော
အမေရင်း အမေဖျား
နှလုံးသားကျပ်မပြည့်တဲ့ သားအမိတွေအတွက်
အဘိဓာန်ကြည့်ဖို့ ချန်ထားစို့။
အမေ့ ဂုဏ်သိက္ခာမှာ
ရာထူးမလို
လှပ ပျိုမျစ်မှုမလို
အရင်းမလို
အဖျားမလို
ဘယ်လို ကွင်းစ ကွင်းပိတ်မှ မလို
အမေ ဆိုတဲ့ အမည်ဟာ နန်းမဆန်တာလည်းအမှန်
ဒီထက်ပြည့်ဝတာလည်း
သားရင်ထဲ မရှိဘူး အမေ။
" ကြည့်ကြစမ်း
ဒီလို လင်တစ်ယောက်ရဲ့ မယား
ဒီလို သားတစ်ယောက်ရဲ့ အမေ
ဘယ်သူ မဖြစ်ချင်ပဲ နေမလဲ
ကဲ...ပြောကြပါဦး"
သိဒ္ဓတ္တကို ကြည့်ရင်း
ပီတိအဆာသွတ် သီချင်းတစ်ပုဒ်
အမေ ဆိုခဲ့ဖူးတယ်လေ။
နှစ်ဆယ့်ကိုးနှစ် မွေးခဲ့တဲ့ သား
နှစ်ဆယ့်ကိုးနှစ် သွေးခဲ့တဲ့ ဓား လို့
ပိုးသားဆန်ဆန် အမေ့ ပါးစပ်နဲ့
ကဗျာများ စပ်နေဦးမလား...
ဟုတ်ပါတယ် အမေ
နှင်းဆီပွင့်ဖတ်တွေပေါ် အထပ်ထပ်သွေး
နီစွေးစွာ မျက်ရှလာတဲ့နောက်
ကျောက်မျက် စီခြယ်တဲ့ ဓားအိမ်ဟာ
ကိုယ့် အိမ်ယာ မဟုတ်တော့သလို
ပျင်းရိစွာ ပျော်နေရပါတယ် အမေ။
အဝိဇ္ဂာက သဘာပတိ ထိုင်ခုံပေါ်မှာ
တဏှာက လိုသလောက် ရိက္ခာရှာပေး
( မှောင်ခိုဈေးနဲ့ဖြစ်ဖြစ် )
ဒေါသ၊မာနက လက်နက် ကိုင်တပ်ရင်း
ရက်စက်စွာ သူတို့ နင်းချေပြီးတဲ့ နောက်
သစ္စာတရားတွေ မျိုးတုံးခဲ့
မဂ္ဂလမ်းစဉ်တွေ မျိုးတုံးခဲ့
နိရောဓ ငြိမ့်သက်တွေ မျိုးတုံးခဲ့
စရဏ ကိုယ်ကျင့်တွေ မျိုးတုံးခဲ့
ဖွံ့ဖြိုးမှုတွေ မျိုးတုံးခဲ့
တိရစ္ဆာန် အခွင့်အရေးတွေ မျိုးတုံးခဲ့
လူ့တန်ဖိုးတွေ မျိုးတုံးခဲ့
မျိုးတုံးခဲ့.....
မျိုးတုံးခဲ့။
ကုသလာကုသလဆိုတာ မကြားဖူးတဲ့ နာမည်ဆန်း
ပဉ္စ သီလ တို့ ပန်းနာရင်ကြပ်စွဲ
ဒီတော့ အမေရယ်...
သုဂတိ ဘဝတွေ အသေအပျောက်များ
ဒုဂ္ဂတိ ဘဝတွေ ကျန်းမာရင်း ချမ်းသာ
ကျောက်ဂူတွေသာ မိုးထောင်လာမယ်
ဂူထဲက လူတွေကတော့ လျိုးပြီးရင် လျိုး။
မြင့်ရာက နိမ့်ရာကို သိမ်းပိုက်
နိမ့်ရာက မြင့်ရာကို တော်လှန်
တိရစ္ဆာန်တွေ 'က' ရမဲ့ပြဇာတ်ကို
တကယ် ကနေကြတာက လူတွေ။
သား ရင်ဟာ
ဗလာတွေနဲ့ ပြည့်
လေချဉ်တွေနဲ့ ဖောင်းကား
တစ်ယောက် နဲ့ တစ်ယောက် အဆာပြေဖို့
တစ်ယောက့် ကို တစ်ယောက်က
ပန်းလိုချွေကြတယ်။
တောခွေးဖြစ်ဖြစ်
မြို့ခွေးဖြစ်ဖြစ်
ခွေးတစ်ကောင်ကိုထိမ်းချုပ်တဲ့ ခလုတ်က
အညှီသုပ်ထားတဲ့ အရိုးတစ်ချောင်းပဲ။
ယောကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
ဆင်းရဲသား ဖြစ်ဖြစ် ရှင်ဘုရင် ဖြစ်ဖြစ်
ဖိနှိပ်သူ ဖြစ်ဖြစ် ဖိနှိပ်ခံ ဖြစ်ဖြစ်
လူတစ်ယောက်အတွက် ရီမုတ် ကွန်ထရိုး က
အဝိဇ္ဇာ၊တဏှာ လုပ်တဲ့ ဒီဗိုက်စ်
ကဲ...
ဘာထူးသေးလဲ....အမေ။
ည ည ည ည ည
မာရ ရဲ့ အောက်လမ်း ကမ္မဝါတွေ
တစ်ချပ်ပြီးတစ်ချပ်
တစ်စုံတစ်ရာက တီးတိုးကပ်ဆိုနေရဲ့
အိပ်စက်ဖို့ အချိန်တန်ပြီ
မေ့လျော့ဖို့ အချိန်တန်ပြီ တဲ့။
အလင်းနှစ်တွေ ငတ်ပြတ်တာနဲ့
မေ့လျော့စွာ အိပ်မောကျဖို့
လုံလောက်တဲ့အကြောင်း ကော ဟုတ်ရဲ့လား
အိပ်စက်မှုနဲ့ ည
မဆိုစလောက်သာ သဟဇာတ ကျခဲ့
အဆိပ်သင့် ပန်းသီးတစ်လုံးကို
အဆိပ်သင့်မှာ ကြောက်လို့ စားနေရသူလိုပါဘဲ...။
ဒီလိုနဲ့
ည ဆိုတာ
တိတ်ဆိတ်စွာ ဓားသွေးဖို့
ပွင့်ပေးတဲ့ နှင်းဆီတစ်ပွင့် ဖြစ်လာခဲ့တေ့တာပါဘဲ...အမေ။
(ဆက်ရန်)
08/07/2013
တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၅
နောက်ဆုံးမှာတော့  ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင်  ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။
(လီကွမ်းယု)
တစ်ရက်ပြီးတစ်ရက် ကျွန်တော့်ရဲ့ ရုပ်ပိုင်းခွန်အားတွေဟာ လျော့ပါးလာနေပါတယ်။ လူတွေ နဲ့တွေဆုံ လက်ဆွဲနှုတ်ဆက်၊ ကလေးတွေကိုပွေ့ဖက်ဖို့ နေ့လည်ခင်း နှစ်နာရီမှာ အပြင် ထွက်ပါဆိုရင် ကျွန်တော့်အနေနဲ့ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ -၃၀ တုန်းကဆိုရင် ဒါမျိုးတွေ လုပ်နိုင်မှာဖြစ်ပေမဲ့ ဒီနေ့ မလုပ်နိုင်တော့ပါဘူး၊ ဒီနှစ်တွေအတွင် ရုပ်ပိုင်းစွမ်းအင်တွေ ကျဆင်း လာနေတော့ ဘ၀ကို အရှိတိုင်း လက်ခံထားလိုက်ယုံပါဘဲ။ တစ်ခါတစ်ခါ ကျွန်တော့်အတွင်းရေးမှူးက အခန်းထဲမှာ ကျွန်တော်အနားယူနေတာကို မြင်ပြီး စည်းဝေးပွဲကိုပယ်ဖျက်လိုက်ရမလားလို့ မေးတတ် ပါတယ်။ ဒါဆိုရင် ကျွန်တော်က  "မဖျက်နဲ့၊ သွားရအောင်"လို့ ပြန်ပြောတတ်ပါတယ်။ ကိစ္စရပ် တစ်ခုခု အပေါ် အာရုံစိုက်နိုင်ဖို့ ၁၅ မိနစ်လောက် မျက်စိမှိုတ်ပြီး အနားယူဖို့လိုအပ်ပါတယ်။ ဒီလိုမှ မရဘူးဆိုရင်တော့ "အစည်းအဝေးကို ဖျက်လိုက်တော့၊ တစ်ရေးတစ်မော အနားယူမယ်" လို့ ပြောလိုက်ရပါတယ်။ ဒီရုပ်ခန္ဒာကြီး ဘယ်လိုရှိနေမလဲ ဆိုတာကို ကြိုတင်ခန့်မှန်းထားလို့ မရပါဘူး။ ဘယ်လောက်ပဲကြိုးစားပြီး စနစ်တကျ နေနေ အကျရွယ်ဟာ အကျရွယ်ပါပဲ။
        နောက်ဆုံးမှာတော့  ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင်  ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။ ကျွန်တော် အာဏာရယူစဉ်က ဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။ လင်ယုဟောက်(Lim yew Hock)အစိုးရဟာ အကျင့်ပျက် ချစားနေပါတယ်။ သူ့အစိုးရရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မက်ပက်ရှီး(Mak Pak Shee)
ဆိုတဲ့ နာမည်ကို လူငယ်တွေရင်းနှီးကျွမ်းဝင်မှု ရှိကြမှာမဟုတ်ပါဘူး။သူကမုတ်ဆိတ်မွေးနဲ့ အိန္ဒီးယန်း ကင်တိုနီး အစပ်(ကပြား) ဖြစ်ပြီး အခကြေးငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ကြားပွဲစားလုပ်စားနေသူပါ။  
          လက်ရှိစင်္ကာပူဟာ အကျင့်ပျက်မှုတွေ ပျံ့နှံ့နေတဲ့ဒေသတွင်းမှာ အကျင့်ပျက်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒီလမ်းစဉ်အတိုင်း သွားနိုင်ဖို့လည်း စည်းကမ်းဥပဒေတွေကို သတ်မှတ်ခဲ့ရတယ်။ အကျင့်ပျက်မှုတိုက်ဖျက်ရေး အဖွဲ့နဲ့ အတူ ထိထိရောက်ရောက် ကိုင်တွယ်ရပါတယ်။ ၀န်ထမ်းတွေဟာ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနဲ့မဆိုင်ဘဲ သူတို့ လုပ်ရည်ကိုင်ရည်နဲ့ရာထူးတွေ တက်လာကြ တယ်။ ဒီစည်းကမ်းဥပဒေတွေကို ဆက်လက်ကျင့်သုံးသွားကြမယ်ဆိုရင် ကျွန်တော်တို့လည်း တိုးတက်မြဲတိုးတက် နေမှာပါပဲ။ ဒါကသည်ပင်ကျွန်တော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်ပါတယ် ။ 
  ပြီး
၂၆၊၁၂၊၁၄
ဇင်ဝေသော်
တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၎
ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀)မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ်သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။
(လီကွမ်းယု)
လူ့အဖွဲ့အစည်းတိုင်းမှာ ဘ၀သံသရာနဲ့ပတ်သက်တဲ့  ဖွင့်ဆိုရှင်းပြမှုတွေ ရှိနေပါတယ်။ အမေရိကကိုသွားမယ်ဆိုရင်  ခရစ္စယန်ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူတွေကို တွေ့ရမယ်။ အထူး သဖြင့်တော့ တောင်ပိုင်းတစ်ပိုင်းလုံးကလူတွေဟာ သမ္မာကျမ်းစာကို အသေအလဲ ယုံကြည်ကြ ပါတယ်။ တရုတ်ပြည်မှာလဲ ဆယ်စုနှစ်များစွာ မော်စီတုန်းဝါဒ၊ မာ့က်(စ်)၀ါဒက အညွန့်ချိုးခဲ့တဲ့ ကြားက နေပဲ ဘိုးစဉ်ဘောင်ဆက်ကိုးကွယ်မှုတွေ၊ ဗုဒ္ဓဘာသာနဲ့တာအိုဘာသာရဲ့ ဘာသာရေး အလေ့အထ တွေ ရှိနေလျက်ပါ။ အိန္ဒိယမှာဆိုရင် လူဝင်စားယုံကြည်မှုက ပြန့်နှံ့လို့နေပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာသာမဲ့ (ဖန်ဆင်းရှင် မယုံကြည်)လို့ မသတ်မှတ်ပါဘူး။ ထာဝရဘုရားရှင်နဲ့ ပတ်သက်လို့ လက်ခံတာမဟုတ် ငြင်းဆန်တာမဟုတ်ပါ။ လူပြောသူပြောအရ ကမ္ဘာဆိုတာ မဟာပေါက်ကွဲမှုကြီး ကနေ စတင်ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လူသားဟာ နှစ်ပေါင်းနှစ်သောင်းကျော် အတွင်းမှာ တွေးခေါ် စဉ်းစားတတ်တဲ့ သတ္တ၀ါ၊ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်နိုင်တဲ့ သတ္တ၀ါ အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပါတယ်။ ဒါဟာအဆင့်ဆင့်ပြောင်းလဲမှု ဒါဝင်ဝါဒရဲ့  အကျိုးဆက်ပဲလား၊ ဒါမှမဟုတ် ဒါဟာ ထာဝရ ဘုရားရှင်ရဲ့ ဖန်ဆင်းမှုလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒီတော့ ထာဝရဘုရားရှင် ယုံကြည်သူတွေကို တွေ့လာရင်လည်း ပြက်ရယ်လည်းမပြုပါဘူး။ ထာဝရဘုရားရှင် ရှိတယ်ဆိုတာကို ယုံကြည်ဖို့မလိုအပ်သလို မရှိပါဘူးလို့ငြင်းဆန်နေစရာလဲ မလိုအပ်ပါဘူး။ ကျွန်တော့်မှာ အလွန်ရင်းနှီး တဲ့  ဟွန်စွီဆင် (Hon Sui Sen) ဆိုတဲ့မိတ်ဆွေရှိပါတယ်။ သူက ရိုမန်ကက်သိုလစ် ဘာသာဝင်ပါ၊ သူသေခါနီးကာလမှာ ခရစ်ယန်ဘုန်းတော်ကြီးက သူ့ဘေးမှာရှိနေပါတယ်။ အသက် (၆၈ )နှစ်မှို့ ငယ်ရွယ်သေးတယ်ဆိုပေမဲ့ သေရမှာကို သူလုံးဝကြောက်ရွံ့မနေခဲ့ပါဘူး။ ရိုမန်ကက်သိုလစ် ဘာသာ ကို ယုံကြည်သူတစ်ယောက်အနေနဲ့ နောက်ဘ၀မှာ သူ့ဇနီးနဲ့ ပြန်ဆုံရမယ်လို့ သူယုံကြည်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော် အဲသလိုဖြစ်လာမယ်လို့ မထင်မိပါဘူး။ ကျွန်တော့်ဇနီး သေဆုံးသွားသလို ကျွန်တော်လည်း သေဆုံးရတယ်၊ ဒါပါပဲ။ အဲသလိုမဟုတ်ရင် အခြား ကမ္ဘာတစ်ခုမှာလဲသတ္တ၀ါတွေနဲ့ ပြည့်သိပ်နေပါလိမ့်မယ်။ နှစ်ပေါင်း ထောင်ပေါင်းများစွာကစလို့  သေဆုံးခဲ့တဲ့ လူတွေအားလုံး နေထိုင်လောက်အောင် ကျယ်ပြန့်တဲ့ ဧရာမ ကောင်းကင်ဘုံ ဆိုတာကြီးရော ရှိသလား။ ဒီကိစ္စအတွက် မေးခွန်းအကြီးစားကြီး ကျွန်တော့်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ဆွီစင်ကတော့ ဒါကိုယုံကြည်နေတဲ့အတွက် သူ့ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းရစဉ် ခရစ္စယန်ဘုန်းကြီးဘေးမှာ တည်တည် ငြိမ်ငြိမ်ရှိနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလထဲမှာ ဆုံးသွားတဲ့ သူ့ဇနီးနဲ့ ပြန်လည်ဆုံတွေ့ရမယ်လို့ သူယုံကြည်နေပါတယ်။
         သူတို့ဘာသာထဲဝင်ဖို့ စည်းရုံးနေကြတဲ့ ကျွန်တော့်ဘေးကလူတွေလည်း မျှော်လင့်ချက် မရှိဘူး ဆိုပြီး ကျွန်တော့်ကို စည်းရုံးဖို့ လက်လျှော့သွားကြပါပြီ။ ကလေးဘ၀ကတည်းက ရင်းနှီးလာခဲ့တဲ့  အမျိုးသမီး မိတ်ဆွေတစ်ယောက် ကျွန်တော့်ဇနီးမှာလည်းရှိပါတယ်။ သူကလည်း ကျွန်တော်ဇနီးကို သူတို့ဘာသာထဲဝင်ဖို့ အမြဲနားချနေတတ်တယ်။ နောက်ဆုံးတော့ ကျွန်တော့်ဇနီးက အဲဒီ အမျိုးသမီးကို အတွေ့မခံတော့ပါဘူး။ "အတော်စိတ်ပျက်စရာကောင်းတာပဲ၊ တွေ့လိုက်တိုင်း ခရစ်ယန် ဘာသာထဲ ၀င်ဖို့ပဲပြောနေတယ်" လို့ ကျွန်တော့််ဇနီးက ပြောပါတယ်။ ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀)မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ်သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။
ဆက်ရန်
မန်းလေးက ပွင့်လင်းမြင်သာမှု မရှိဘူး
ဆောင်းတွင်းမို့ ထင်ရဲ့
မန်းလေးက ပွင့်လင်းမြင်သာမှု မရှိဘူး
ရောင်စုံပန်းကားတွေ
မေမြို့ဖက်ဆီက လိမ့်ဆင်းလာတယ်
မျက်မှန်ပါဝါ တိုးဖို့လိုနေပြီလား
ဦးဝင်းတင်ပြောတဲ့ပန်းတွေ
မတွေ့မိဘူး။
(May be but there is no flower yet)
We are heading home, my village.
image source
မန်း နပသထဲက လီကွမ်းယုနဲ့ဟန်တင်တန်
မန်းလေးလမ်းမကိုကြည့်ရင်း ကားဆရာက တက်ခေါက်တယ်။ စည်းကမ်းကိုမရှိဘူး။ ဝင်ချင်တဲ့နေရာကနေဝင် ထွက်ချင်တဲ့နေရာကနေထွက်လို့လည်း စကားဆက်တယ်။
လမ်းစည်းကမ်း မလိုက်နာလို့ ဖမ်းရရင်လည်း အချုပ်ခန်း ထောင်ခန်းတွေ ဆန့်မှာမဟုတ်ဘူးလို့ သူ့ကိုထောက်ပေးလိုက်တော့
တရားမျှတအောင်သာလုပ်ပါ။ နိုင်ငံရေး အကျဉ်းသားလောက် များများဖမ်းစရာ မလိုပါဘူး လို့ သူကပြန်ပြောတယ်။
ရိုးရိုးလေးပြောသွားတာပဲ။ ပြုံးလိုက်မိတယ်။
သူပြောတာ ဟုတ်လောက်မယ်။
01/09/2015
4:23 pm
မန်း နပသထဲက လီကွမ်းယုနဲ့ဟန်တင်တန်ကို ဘယ်လိုလက်ခံမလဲ။ သူ တို့ထိုးဖောက်အား ဘယ်လောက်ရှိမလဲတော့ မသိပါ။ လီကွမ်းယုကို ကျကျနနဖတ်ပြီး ဟန်တင်တန်ဆီကို ဖြည်းဖြည်းကူးကြည့်မယ်ဆိုရင်တော့ မဆိုးလောက်ဘူးလို့ မျှော်လင့်ရပါတယ်။
မနေ့က အသက် ၂၄ နှစ်နဲ့ကိုယ်ပိုင်စီးပွားရေးလောကထဲရောက်နေတဲ့ ညီမငယ်ညီငယ်တွေနဲ့စကားပြောမိတော့ စိတ်ထဲမှာကျေနပ်မိတယ်။ သူတို့အရွယ်တွေနဲ့ နိုင်ငံရေး အရွေ့ စီးပွားရေးအရွေ့ကို ကောက်ချက်ချက်ချနေပုံက ရဲတင်းတယ် အားပါတယ်။
တကယ်တော့ ကိုယ်က ပြောသူထက် နားထောင်သူပဲ ဖြစ်ချင်တာပါ။
ဒီကနေဆက်ပြီးတွေးမိတာက ရဟန်းနဲ့ English စာပါပဲ။ လာအိုမှာတွေ့ခဲ့ရတဲ့ နိုင်ငံခြား ခရီးလမ်းညွှန်အားလုံးလိုလိုဟာ ဆရာဘုန်းကြီးဆီက English စာ သင်ယူခဲ့ရပါတယ်လို့ ပြောကြတယ်။ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုရာမှာ အဲသလို သူတို့လိုအပ်ချက် အသက်မွေးဝမ်းကြောင်းမှုတွေနဲ့ ချိတ်ဆက်ပေးထားနိုင်ရင် ပိုခိုင်မာသလို ပိုပြီးလည်း လက်တွေ့ကျမယ်။
ဘောလုံးစကားနဲ့ပြောရင် ခံစစ်ဆိုတာ စနစ်တကျတိုက်စစ်ဆင်နေမှုပါပဲ။
ဘာမှမဟုတ်ပါဘူး။ မလွန်ခင် ရပ်လိုက်တော့မယ်။
01/09/2015
8:21 pm
အမြတ်ရသွားသည့် ဆရာမော်ဒန်
အရွယ်ကြောင့်ဖြစ်မည်ထင်ပါသည်။ (အခြားအကြောင်းလည်း ဖြစ်နေနိုင်ပါသည်) ယခု ကျနော်တို့ ပြန်တွေ့စဉ် ကိုယ်စီ သောက်စရာဆေးထုတ်များ ယူလာကြရသည်။ သူက သွေးတိုးပြီး. ကိုယ်က အစာအိမ် ကွန်ပလိန်းဖြစ်သည်။
အသက်လေးဆယ်ကျော်လာပြီး ကိုယ်လုပ်ချင်တာတွေလည်း လုပ်နေရပြီမို့ (သူလုပ်ချင်တာတွေက ဘာတွေလဲဆိုတာတော့ မသိပါ။ အခုအထိတော့ ပြောက်ဆုံးနေသည့် တ ဝဂ်ကို သူရှာရသေးဟန် မတူပါ)သေလိုက သေစေဟု သူကဆိုလာသည်။ ထို့ကြောင့် တစ်ရက်ပိုနေရရင် တစ်ရက် ဘောနပ်ပေါ့လို့ သူ့ကို ထောက်ပေးလိုက်သေးသည်။
ည. အိပ်စဉ် ဒုန်း ဆိုသည့် အသံကြီး ကြားလိုက်ရသည်။ သူကုဋင်ပေါ်က ခေါင်းအုံး ပြုတ်ကျတာတွေ့ရသည်။
မဖြစ်နိုင်။ ခေါင်းအုံးကျသံက ဒုန်း မမည်သင့်။
အသေအချာကြည့်တော့ သူ့ဖွားဖက်တော် အိုင်ပက် အဲ ဖြစ်နေသည်။
ကောက်တင်ပေးမည်ဟု စဉ်းစားမိသော်လည်း ပြန်တင်ခြင်းသည် ပြန်ကျခြင်းအကြောင်းတရားအစစ်မို့ မတင်ဖြစ်။ ဒီစက်ကို ရပ်မှရမည်။
မနက်ရောက်မှ သူ့ကိုပြောပြီး သူ့အပ်ပဲ ကွဲသွားသလား အစစ်ခိုင်းလိုက်တော့သည်။ ကွဲတော့ အရင်း. မကွဲတော့ ဘောနပ်ပေါ့။ မကွဲရှာ။
ထိုမနက်က သူ ပန်းသီးဘောနပ် ရသွားသည်။
.....။
မနေ့ကအထိ ပို့စ်တွေ တက်နေဆဲမို့ သေသေးဟန်လည်း မတူပါ။ နောက်တစ်ရက် ဘောနပ်။
ကျေးဇူး အထူးတင်ရှိပါသည်
သူ့ကား သူ့ဆီ
သူ့ဒရိုင်ဘာ သူ့အချိန်
သူ့အားစိုက်မှု သူ့မိတ်ဆွေစိတ်နဲ့
ဆရာမော်ဒန်ခေါ် Dhammaganga
................
ကိုကျော်နိုင်တို့ အားလည်းကောင်း
သူ့အချိန် သူ့အားပေးမှု
ကိုယ့်အနား ရောက်လာခဲ့ကြသော
ရန်ကုန်က စာပေနယ်
ရွာနယ် မိတ်ဆွေ နောင်ညီတို့အားလည်းကောင်း
အနှစ် နှစ်ဆယ်လောက်
ဟိုင်း ဟလို မပြောဖြစ်ခဲ့သည့်
မန်း နပသ
ရဟန်းအမ ဆွမ်းအမ
ဘိုင်အော်လော်ဂျီကယ် အမ
နည်းနည်းပိုဝလာတာကလွဲရင်
များများပိုလှလာကြသော
မိတ်ဆွေရဟန်းတို့အားလည်းကောင်း
လေရူးသုန်သုန်
သြဝါဒ အစုံအစုံ
ကြာဖြူပန်း အငုံ
မိုးရွာလိုက် နေပူလိုက်
ထိုနေ့က ညနေခင်းအစိတ်အပိုင်းအားလည်းကောင်း
ထောပတ်သီးဖျော်ရည်
နှစ်ဆယ့်တစ်မိုင်
ကိုစိုင်း
ကိ ကီ ကီး
ရည့် ရည် ရည်း
ရွှိ ရွှီ ရွှီး(ဒါက ကိုယ်ပါ)
ညနေချမ်းအားလည်းကောင်း
ကျေးဇူး အထူးတင်ရှိပါသည်။ ။
Photos credit : ဓမ္မ ဂင်္ဂါ (ဘကြီးဘုန်းကြီး)