About Us

ထွန်ယက်လို့ မညက်သေးဘူး
အမှတ်တမဲ့ စိုက်ပျိုးမိတဲ့ ဆန္ဒအရိုင်းလေး ပွင့်လာလို့
ကမ်းလက်ကို ဆန့်လိုက်ကြတာ

ရိတ်သိမ်းရဖို့ဆန္ဒ လွင်တီးခေါင်
ဘာမှမဟုတ်ဘူးရယ်... တကယ်
နှစ်ခြိုက်သူတို့ နမ်းပါစေ။ ။




ကမ်းလက်၏ ပင်တိုင်စာရေးသူများ
✍  သီဟနာဒ
3D ဘာသာရေးတာဝန်ခံ၊ မရှင်းလှသော ဒိုင်မင်းများဖြင့် ယောက်ယက်ခတ်နေသော ရဟန်းတစ်ပါး။ ကြည့်ရှောင်စေချင်။

✍  ဇင်ဝေသော်
အမှိုက်ပုံများများရင်ခုန်သံဖြင့် ရသကို ဖန်တီးသူ လူငယ်တစ်ယောက်။

✍  ဦးကိုမောင်
ပြုံးစိစိဖတ်စာ။ စိတ်ကူးပေါက်မှ ပြုံးတတ်သူ။

✍  ဆုထားမျက်ချယ်
မတောက်တခေါက် ဘာသာရေးဗဟုသုတ၊ အင်္ဂလိပ်စာ အခြေခံဖြင့် ဆရာမကြီးဟန် ဖမ်းထားသူ။


About Us ရဲ့အောက်မှာ “ကမ်းလက်” ရဲ့ကိုယ်စား စကားတစ်ခွန်း ပြောချင်ပါတယ်။
ကျနော်ခံစားလို့ရတာက Facebook တို့ Blog တို့ဆိုတာ အိမ်ရှင်နဲ့တူပါတယ်။ အိမ်ရှင်ကိုယ်တိုင်က “အေး ၊ နေကောင်းကြလား ၊ မတွေ့တာတောင်ကြာပေါ့” စတဲ့စကားလေးတွေနဲ့ ဧည့်ခံရင် ဧည့်သည်အဖို့ ပိုပြီး သက်တောင့် သက်သာရှိစေပါတယ်။

ဒါတင်မကပါဘူး ၊ ဟိုလူရေးတဲ့စာ ၊ ဒီလူရေးတဲ့စာ ၊ဓါတ်ပုံ ၊ ဗွီဒီယို စတာတွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ဧည့်ခံလိုက်ရင် အဲဒီအိမ်ကလေးဟာ ပိုပြီး လှ၊ ကြွလာပါတယ်။

ကျနော်တို့ ကမ်းလက်ဟာ ဧည့်ခံပေးမယ့် အိမ်ရှင်လည်း မရှိရှာပါဘူး။ ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေ နဲ့လည်းမြိုင်မြိုင်ဆိုင်ဆိုင် မတင်ပြနိုင်ပါဘူး။ ကျနော်တို့ရှိစုမဲ့စု မခမ်းနားလှတဲ့ “စာပေထမင်းဝိုင်း” လေးတစ်ခုကိုပဲ ရိုရိုကျိုးကျိုး တည်ခင်းထားနိုင်ပါတယ်။ ဒီအတွက် အားလုံးရဲ့ကိုယ်စား ကျနော်က တောင်းပန်စကားဆိုပါတယ်။ ကျနော်တို့ ဧည့်ဝတ်မကျေကြပါဘူး ။

မခမ်းနားလှတဲ့ ဒီထမင်းဝိုင်းလေးကိုပဲ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေအားလုံးကိုတော့ ကမ်းလက်က ကျေးဇူးတင်ပါတယ်။ တကယ်ပါ။ ကျေလည်း ကျေနပ်၊ ဝမ်းလည်း ဝမ်းသာ၊ မညာတမ်းပြောရရင် ဂုဏ်လည်းယူမိပါတယ်။

(ကမ်းလက်ရဲ့ အီးမေးလ်ကတော့ lek.camm@gmail.com ပါ။)

ရိုးသားစွာဖြင့်
ကမ်းလက်
(ဇင်ဝေသော် ၊ ရသဆင်ခြေဖုံး)



အမှတ်တရကျေးဇူးစကား ~ ကမ်းလက်အဖွဲ့ဝင်တွေရဲ့ logo အများစုကို Mouth and Foot Painting Artists မှ မေတ္တာလက်ဆောင်  ပန်းချီကားများကို သုံးထားပါတယ်။





Copyright © 2012 ကမ်းလက်. All rights reserved.

1 comments:

ရှိတာနဲ့ဧည့်ခံတာပဲကျေးဇူးတင်လှပါပြီ။

Reply

Post a Comment