မျှော်လင့်ချက်


ထိုင်း ၂၃ နှစ်အောက် လက်ရွေးစင်နဲ့ မြန်မာ ၁၉ နှစ်အောက် လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲကစားမယ်ဆိုတာ တော်တော်အားရစရာကောင်းတဲ့ သတင်း ပဲ။ ဂျာမဏီဘောလုံး ရွှေခေတ်ဖြစ်နေချိန် ဂျာမန်နည်းပြရထားတာလည်း အားသာ ချက်ပါပဲ။ ၁၂နှစ် ၁၃နှစ်က မစရဘဲ ၁၉နှစ်ကစပြီး အစွမ်းပြနေရင် စောင့်စရာ သိပ် မလိုတာပေါ့။ နောက်ပြီး ဒီဂျင်နရေးရှင်းကို ဘက်စုံပြုစုပေးနိုင်ရင် အခြား ကဏ္ဍတွေမှာပါ မျှော်လင့်ချက်ရှိနိုင်တယ်၊ ကလေးတွေက စိတ်ဓာတ်လည်း ကောင်းတယ်ဆိုလို့ပါ။
ဒါဆို ၅ နှစ်၊ ၁၀ နှစ် စီမံကိန်းတွေ အလုပ်ဖြစ်လာနိုင်တယ်။

img source

လူဖြစ်ခွင့် နောက်တစ်ကြိမ်


ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ အပင်လေးတွေ သီးလာတဲ့ အခါ၊ ကိုယ်တိုင်လည်း စားသုံး၊
သူတစ်ပါး(ငှက်ကလေးတွေ အပါအဝင်)စားသုံးတာကိုလည်း ကြည်နူးမိတဲ့အခါ
လူဖြစ်ခွင့် နောက်တစ်ကြိမ် ကောက်ရပါတယ်။

သူများစိုက်ပျိုးထားတာတွေကို မတရား ရိတ်သိမ်းနေလိုသေးသမျှ
ခင်ဗျားတို့ (ကျွန်တော်တို့) လူဖြစ်ခွင့်နဲ့ လွဲချော်နေပါသေးတယ်။
အနည်းဆုံး ဗိုက်ကြီးတွေလည်းရွှဲ၊ လူမုန်းလည်းများတယ် လေ။

ဒီခေတ်ကြီးထဲမှာ ဘာမဆို ဖြစ်နိုင်တာပ


မန်ယူနဲ့တွေ့တော့ ဘန်လေက ဘာစီလိုနာလိုလို။
မန်ယူနဲ့တွေ့ရင် သုံးမှတ်(သို့) တစ်မှတ်တော့သေချာတယ်။
မန်ယူနဲ့တွေ့မှ ဘန်လေအမှတ် ဈေးဦးပေါက်တယ်။
ဘန်လေ ၀ မန်ယူ ၀။
(Aug 30, 9:41pm)

ဒီခေတ်ကြီးထဲမှာ ဘာမဆို ဖြစ်နိုင်တာပဲ။
မန်စီးတီးလည်း အိမ်ကွင်းမှာ စတုတ်ကို တစ်ဂိုး ဂိုးမရနဲ့ ရှုံးသွားလေရဲ့။
သူနဲ့စာတော့ မန်ယူက ဟုတ်နေသလိုလို လေ ရွှေခြံရဲ့။

ဗြိတိန်ဝန်ကြီးချုပ် နဲ့ ဘန်ကီမွန်း


ဘန်ကီမွန်းကလည်း ဘာမှန်းမသိ
ဆီးရီးယာနဲ့အီရတ်ကြောင့် အိုဗားမား၊ ကင်မရွန်းနဲ့ တစ်ကမ္ဘာလုံး ဝိုင်းပြီးစိတ်ပူနေရချိန်
သူက မြန်မာနဲ့ သီရိလင်္ကာကို လှမ်းပြီးစိတ်ပူနေတယ်၊ အချိန်မဟုတ် အခါမဟုတ်။
ထူးခြားတယ်၊ ဒါ့ကြောင့် ကုထွေချုပ်ဖြစ်နေတာ။

ဗြိတိန်ဝန်ကြီးချုပ်ကတော့ အစ္စလာမ်မစ်အကြမ်းဖက်မှုရဲ့ အန္တရာယ်အကြောင်းကို အသေအလဲ ပြောနေပြီ။
ဗြိတိန်ကို တိုက်ခိုက်လာနိုင်ခြေတောင် Highly likelyတဲ့။

မြန်မာနဲ့ နိုင်ငံခြားသား


နိုင်ငံခြားသားတစ်ယောက်ကို ခရီးထွက်မယ်လို့ပြောရင် သူ(မ)က
"Oh I see. When, how long will you be there?" လို့ မေးတယ်။
မြန်မာတစ်ယောက်ကို ခရီးထွက်မယ်လို့ပြောရင် သူ(မ)က
"ဟုတ်လားဘုရား၊ ဘယ်နေ့လဲ၊ ဘာတွေလိုအပ်သေးလဲ အမိန့်ရှိပါဘုရား၊ တပည်တော်(မ)တို့ စီမံလိုက်ပါမယ်ဘုရား" လို့ ပြောကြတယ်။

မတူကြဘူး။ အာ့ လာလျှောက်တာပါ ဘုရား။

ဆူဇန်၊ ပပ၊ သီဟနာဒနဲ့ လီကွမ်းယု


ဆူဇန်ဆိုတာက အသက် ၃၀ ကျော်အရွယ်ရှိ ခပ်ချောချော အမျိုးသမီး တစ်ယောက်။ အပျိုကြီး၊ အောင်မြင်ဟန်တူတဲ့ စီးပွားရေး ရှိသူ၊ အနက်ရောင် BMW ကိုမောင်းတယ်။ ဗုဒ္ဓဘာသာဝင်၊ ကျောင်းကို မကြာမကြာလာတတ်တယ်။ သွက်တယ်၊ မျက်နှာချိုတယ်၊ မာနကြီးဟန်တော့ရှိတယ်။

ပပဆိုတာက ဧရာဝတီတိုင်းသူ၊ အသက်ပြည့်ဟန်မတူသေးဘဲ အိမ်ဖော်လာ လုပ်နေတဲ့ ဖြူဖြူညှပ်ညှပ် မိန်းကလေးတစ်ယောက်။ သူ့အသက်မေးရင် ၂၂ နှစ်လို့ပြောတတ်ပြီး ငါ့ကို လာမလိမ်နဲ့ဆိုတော့မှ အမှန်ကိုပြောတတ်သူ။

အခြားအိမ်ဖော်မလေး တစ်ယောက်လည်းရှိသေးတယ်။ စိုးစိုးဆိုပါတော့။ သူမကတော့ ကံထူးသူ၊ ဗုဒ္ဓဘာသာ အပျိုကြီးကျောင်းဆရာမကြီးက သမီးလို၊ သူငယ်ချင်းလိုဆက်ဆံတယ်။ သေရင် အမွေတွေများ ရနေမလားလို့တောင် အချင်းချင်း စမိသေးတယ်။

ထားတော့။ သူမကို လီကွမ်းယုစာအုပ်ပေးပြီး ဖတ်လို့ပြောတယ်။ အပျိုကြီးကျောင်းဆရာမကြီးကလည်းဖတ်ဖို့ တိုက်တွန်းပေးတယ်။ ဖတ်ဟန်တူပါတယ်။ အချက်တချို့ သူပြောပြနိုင်တယ်။
သူ့ပေးပြီး တစ်လလောက်အကြာမှာ ပပကိုလည်း ပေးဦးမှ၊ သူတို့ချင်း စကားစပ်မိ လို့ သိသွားရင် မကောင်းဘူး။ ပေးမယ်ဆိုတော့မှ အောက်မှာ စာအုပ်က ပြတ်နေ တယ်။
"နောက်တစ်ပတ်မှ ယူဟာ အောက်မှာ စာအုပ်မရှိဘူး၊ အပေါ်တက်ယူနေ ရမှာ"ဆိုတော့
"ဘုန်းဘုန်းကလည်း သမီးက သူခေါ်မှ လိုက်ရတာ၊ နောက်တစ်ပတ် သူက ခေါ်ချင်မှ ခေါ်မှာ၊ အခုပေးပါ" ဆိုလို့ ဟုတ်သားပဲလေဆိုပြီး တက်ယူပေး လိုက်တယ်။ သူမအနေနဲ့ စာအုပ်ထဲက အကြောင်းအရာတွေအားလုံးကို နားမလည်နိုင်လောက်ဘူးဆိုတာတော့ သိတာပေါ့။

နောက်တစ်ပတ်ရောက်တော့ ပပပြောသလိုပဲ၊ ပပ ပါမလာဘူး။ ဆူဇန်က
"ဘန္တေကသာ စာအုပ်ပေးတာ၊ ပပက မျက်နှာဖုံးကပုံတောင် ဘယ်သူ့ပုံမှန်း မသိဘူး" ပြောတယ်။
"မသိပဲဖတ်တော့ လောင်းရိပ်ကင်းပြီး ပိုတောင်ကောင်းသေးတယ်၊ ဖတ်နေ တာ တွေ့သလား၊ တစ်နေ့ တစ်နေ့ နာရီဝက်လောက် အချိန် ပေးပေး ပါ" ပြောတော့ ပေးပါမယ်လို့ ကတိပေးတယ်၊ သူလာရင် ဖတ်မဖတ် စစ်ဆေးကြည့်ပါလို့လည်းပြောတယ်။

ဒီတော့မှ
"ဆူဇန်ရယ်၊ လီကွမ်းယုလိုလူတစ်ယောက်ပြောထားတာတွေကို အိမ်ဖော် မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် လုံးစေ့ပတ်စေ့နားလည်နိုင်ပါ့မလဲ၊ ငါလည်း မမျှော်လင့်ပါဘူး။ ငါက စာရေးသူ၊ ဖတ် မဖတ် မသချာရင် ဘယ်လောက် ရင်းရင်း မပေးတတ်သူပါ၊ ဒါပေမဲ့ သူ့တို့ကိုကျ တစ်မျိုးဆက်ဆံရတယ်။ သူတို့ကို လည်း တူတူတန်တန်ဆက်ဆံတယ်ဆိုတာ ပြရတယ်၊ စိတ်ဓာတ်အားပေးရတယ်။ အနည်းဆုံး ဒီနယ်နမိတ်ထဲဝင်လာရင် သူ့ အနေနဲ့ ရဲတင်းနေရမယ်၊ ယုံကြည်မှု ရှိနေရမယ်၊ အိမ်ဖော်တစ်ယောက်ထက် ဗုဒ္ဓ ဘာသာတစ်ယောက်လို ခံစားရစေချင်တယ်၊ နောက်ပြီး ကံမလှတဲ့ ငါတို့ကလေးတွေအတွက် တတ်နိုင်သလောက် ဖေးမဖို့ ငါတို့မှာ တာဝန်ရှိနေယ်" လို့ ရှည်ရှည်ဝေးဝေး ရှင်းပြမိတယ်။ သူ နားလည်ဟန်ပါ။

နောက် ပပနဲ့တွေ့လို့ မေးကြည့်တော့ သူ့အိမ်ရှင်ရဲ့ ဆက်ဆံမှုက ပိုနွေးထွေးလာတယ်လို့ သိလိုက်ရပါတယ်။
တကယ်တော့လည်း ဒီစာအုပ်ပေးလိုက်တယ်ဆိုတာက ပပနားလည်ဖို့ထက် ဆူဇန်နားလည်ဖို့မို့ ပေးရကျိုး နပ်တယ်၊ ပစ်မှတ်ကို ထိတယ်လို့ ပြောရမှာပါ။ စာအုပ် လက်ဆောင်ပေးခဲ့သမျှတွေထဲမှာ ပပကိုပေးလိုက်ရတဲ့ ကျေနပ်ကြည်နူး မှုက တစ်သီးတစ်ခြားဆန်ဆန် နူးညံ့နေသလိုလိုပဲ။

လူ့ အခွင့်အရေး


လူ့ အခွင့်အရေးနှင့် ပတ်သက်သော အယူအဆ၁၈ ရာစုကထဲက ဥရောပ၌ စတင်အခြေပျိုးပြီး တစစတိုးတက်ခဲ့သည်။ ၁၉၄၅ ခု ရောက်မှ ကုလသမဂ္ဂကြေ ညာချက်စာတမ်း၌ တရားဝင် ထုတ်ပြန်ခဲ့သည်။ လူ့ အခွင့်အရေး ဖြစ်ပေါ်လာ ရခြင်းမှာ အဓိကအခြေခံ အကြောင်းတရား သုံးချက်ကြောင့် ဖြစ်သည်။

၁။ လူ့ဖွဲ့စည်းပုံတရားဥပဒေသည် လူကပြဋ္ဌာန်းသော ဖွဲ့စည်းပုံတရားဥပဒေဖြစ် သည်၊ တစ်ယောက်သောတန်ခိုးရှင် ဖန်ဆင်းရှင်နှင့်မဆိုင်။
၂။ လူသားတိုင်း၌ တန်းတူ အခွင့်အရေးရှိသည် ။
၃။ လူသားတိုင်း ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တည်းခွင့် ရှိသည်။

လူ့ အခွင့်အရေးက အနောက်မှာ အစပျိုးခဲ့သည်ကားမှန်၏...
သို့သော်......
ဗုဒ္ဓစာပေကို စောင်းငဲ့ကြည့်သောအခါ........
၁။ နံပါတ်တစ် အချက်ကို အဂ္ဂညသုတ်နှင့် ဇာတ်တော်အချို့တွင်တွေ့ရ၏၊
လူတန်းစား သတ်မှတ်ပြဋ္ဌာန်းခြင်းသည် မဟာဗြဟ္မာနှင့် မဆိုင်
လူ့အဖွဲ့အစည်း အဆင့်ဆင့်ပြောင်းလဲမှု၊တိုးတက်လာမှုတို့နှင့်သာဆိုင်သည်။( D.III.92)

၂။ နံပါတ်နှစ် အချက်ကို ဝါသေဋ္ဌသုတ်၌တွေ့ရသည်၊လူအချင်းချင်း အဆင့် အတန်း ခွဲခြားမူကို ယင်းသုတ်၌ ဘုရားရှင်က ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့သည်။ (Sn.594-611)

၃။ နံပါတ်သုံး အချက်ကိုမူ တိုက်ရိုက်မတွေ့ရ၊ သို့သော် ဒေသနာအားဖြင့် ထင်ရှား ၏။ လူတိုင်း၊သတ္တဝါတိုင်း မိမိအသက်ကို ချစ်မြတ်နိုး၏၊ ဟောညွှန်သည့်အတိုင်း လိုက်နာလျှင် လူတိုင်း သံသရာမှ ထွက်မြောက်နိုင်၏။(ဤအချက်ကို မဟာသတိ ပဋ္ဌာန သုတ်၌ တွေ့ရ၏။)

သို့သော်......
ဗုဒ္ဓဘာသာနိုင်ငံများ၌ လူ့အခွင့်အရေးသမိုင်းနှင့်ပတ်သက်၍သိပ်မစွံလှကြောင်း မှတ်တမ်းများအရ သိရ၏။
ဝမ်းနည်းဖွယ် ကောင်လှသည်။ ။

Ref: A-Z. Buddhism.

Yuz Asaf


အေဒီ လေးရာစုက Sogdian ဘာသာစကားနဲ့ရေးထားတဲ့ ရှေးဟောင်းခရစ်ဝင် ကျမ်းစာအရ Yuz Asaf ဟာ အိန္ဒိယဘုရင် Abenner ရဲ့ တစ်ဦးတည်းသော သားဖြစ်တယ်။
ပုရောဟိတ် ၅၀ က ကလေးရဲ့ အနာဂတ်ကို ဖတ်ကြ။ အထင်ရှားဆုံး ဆရာကြီး ကတော့ မင်းသားလေးဟာ ခရစ်ယန်သာသနာပြုဖြစ်မယ်လို့ ဟောကိန်းထုတ်။ ဒါကို ကာကွယ်တဲ့အနေနဲ့ ခရစ်တော်ဆိုတဲ့အသံကိုတောင် မကြားရအောင် ဘုရင်ကြီးက သားတော်ကို နန်းတွင်းထဲမှာပဲထား။ တစ်နေ့ သူ့ကို ဘာကြောင့် နန်းတွင်းထောင်ကျနေရတယ်ဆိုတာ သူ့ဆရာဆီကနေ သိခွင့်ရ။ ခမည်းတော်ဆီကနေ အပြင်ထွက်ခွင့် မရမကတောင်းပြီး အပြင်ထွက်။ ကျိုးနေသူ နဲ့ကန်းနေသူ နှစ်ယောက်ကိုမြင်၊ စိတ်ညစ်၊ ကောင်းကင်ဘုံကို ရောက်လို။
တစ်နေ့ မင်းသားလေးဟာ Barlaam ဆိုတဲ့ တရားဟေဆရာဆီကနေ ခရစ်တော်ရဲ့သေဆုံးခြင်းနဲ့ရှင်သန်ထမြောက်ခြင်းကို လေ့လာခဲ့ရ။ ဒီနောက် အိန္ဒိယ တစ်ပြည်လုံးကို ခရစ်ယန်ဘာသာတရားများ ဆက်လက်ဟောကြား။
နောက်ဆုံး Yuz Asaf ဟာ သူ့ရဲ့ အယုံကြည်ရဆုံး တပည့်နဲ့အတူ ခရီးထွက်ရင်း ကက်ရှ်မီးယားမှာ သေဆုံး။ (ဗုဒ္ဓဝင် နယူးဗားရှင်းပေါ့)

ဘက်ဂဒက်မှာရှိ၊ အေဒီ ၁၀ ရာစုက မွတ်စလင်ကျမ်းစာထဲမှာလည်း ဒီဇာတ်လမ်း ပါဝင်။ ဒါပေမဲ့ Yuz Asaf ကို မိစ္ဆာဒိဋ္ဌိအနေနဲ့ ရှုံ့ချထား။

ကျမ်းပြုသူအဆိုအရ Yuz Asaf ဟာ ပါးစပ်ရာဇဝင်နဲ့ စက္ကူပေါ်ကလွဲရင် ဘယ်တုံး ကမှ တကယ် မရှိခဲ့။ ယေရှုရဲ့ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ တမင်ဆင်ထားတဲ့ ဇာတ် ကွက်သာဖြစ် တဲ့။
ပညာရှင်တို့ သုံးသပ်ကြပါ။

Ref:The King of Jews? p 227-228
Vide: The Wisdom of Balahvar. A Christian legend of the Buddha, D,M. Lang, London, 1957.

လူထုကြားက ဓာတ်ကြီးလေးပါး


ရေ။ ယိုစီးခြင်းသဘော ( စာပေသိ )
ရေ။ ရှားပါး၊ မလုံလောက်၊ နောက်ကျိ၊ သောက်သုံးရန်မသင့်ဖြစ်လာတဲ့သဘော။ မြို့တော်မှာ တိုက်အထပ်မြင့်လေလေ ရေဘေးဒုက္ခ ပိုကြီးလေလေသဘော။ မလိုရာ ရေကြီးပြီး လိုရာ ရေမရှိသောသဘော။ (လက်တွေ့သိ)

မြေ။ ခက်မာခြင်းသဘော။( စာပေသိ )
မြေ။ အသိမ်းခံရခြင်း၊ လျော်ကြေး ဟုတ်တိပတ်တိပြန်မရခြင်းသဘော၊ ပိုင်ဆိုင်ဖို့ ခက်ခဲလာခြင်းသဘော၊ ရန်ကုန်မြေဈေးကနယူးယောက် မြေေ ဈးကို စိန်ခေါ်နေ တဲ့သဘော။ ကုန်းမြေအကျယ်ပြန့်ဆုံး အရှေ့တောင်အာရှနိုင်ငံသားတွေ သမ္မာအာဇီဝနဲ့ မြေမဝယ်နိုင်တဲ့သဘော။(လက်တွေ့သိ)

လေ။ ရွေ့လျားခြင်းသဘော ( စာပေသိ )
လေ။ မသန့်ရှင်းသော ပတ်ဝန်းကျင်ကြောင့် ပို၍ပို၍ နံစော်လာခြင်း၊ အဆင့်မ မီသော အဆောက်အအုံတို့ကြောင့် တစ်ခုခုဆို ပို၍ပို၍ ပျက်စီးစေသော သဘော။ တောင်ပြောမြောက်ပြော ဝါယောဓာတ်တွေ ဈေးကောင်းတဲ့ သဘော။ (လက်တွေ့သိ)



မီး။ လောင်ကြွမ်း ရင့်ကျက်စေသောသဘော( စာပေသိ )
မီး။ ပုံမှန်ပျက်တတ်သေးသော၊ သူမရှိရင် ဘာမှဆက်လုပ်လို့ မရတတ်သော သဘော။ အချိန်ပြည့်မရသဖြင့် လူထုကို ဒုက္ခ အကြီးအကျယ်ပေးနေသော သဘော။ ( ဂက်စ်များ မြေကြီးထဲမှာ ရှိနေပါလျက် ) ထင်း၊ မီးသွေးတို့ကို အစားမထိုးနိုင်သဖြင့် နွေရောက်တိုင်း ကျီးလန့် စာစား နေကြရသည့် သဘော။(လက်တွေ့သိ)

ဘယ်သူတွေ ဘာတွေပြောပြော အဲ့ဒါ လူထုကြားက တကယ် ဓာတ်ကြီးလေးပါး အစစ်။

Learn very fast


နုပျိုတဲ့နိုင်ငံဆီ နုပျိုတဲ့လူတွေ သွားကြတယ်။
ရင့်ရော်တဲ့ နိုင်ငံဆီ ရင့်ရော်တဲ့လူတွေသွားကြတယ်။
ကိုရီးယားဗီဇာယူနေသူတွေနဲ့အိန္ဒိယဗီဇာယူနေသူတွေရဲ့ အသက်ဟာ ခေါက်ချိုးလောက်ကွာမယ်။
မြန်မာတွေက" Learn very fast. At least, they are willing to learn." ဆိုတဲ့ ကွန်မင့်ကြားခဲ့ရလို့ ဘာဖြစ်ဖြစ် ကျေနပ်တဲ့အပြုံး (အကြီးစားကြီး) ပြုံးခဲ့ရပါတယ်။ ဟုတ်ပါစေ။

ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ နွားချေး (Bull s..t)

နာရီပေါင်းများစွာ လေယာဉ်စီးရမှာဆိုတော့ မျက်မှန်ပါဝါထူထူနဲ့ အန်ကယ် ကြီး တစ်ယောက်က စာအုပ်ထူထူကို ဖွင့်ဖတ်ပြီး ခရီးဆက်နေလိုက်သတဲ့။ သူ့ထိုင်ခုံဘေးက လူကတော့ နည်းနည်းပါးပါး ဆွေးနွေး ဝေဖန်ရတာကို သဘောတွေ့ဟန် တူပါတယ်။ ဒါနဲ့ မရ အရ မိတ်ဆက်စကားဆိုရင်း အကြောင်းအရာ တစ်ခုခုအကြောင်း ဆွေးနွေးရအောင်လို့ သူကပဲ စပြီး အကြံပြုတယ်။
ဒါကို အန်ကယ်ကြီးက (အင်တင်တင်နဲ့) သဘောတူပါတယ်။ စာအုပ်ပိတ်၊ စာကြည့်မျက်မှန်ချွတ်ရင်း ဘာအကြောင်း ဆွေးနွေးကြမလဲ လို့ ပြန်မေးေ တာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်း ဆွေးနွေးရအောင်လားလို့ အဲဒီလူက အကြံထပ်ပြုတယ်။



ဒီ အကြောင်းဆိုရင်တော့ မင်းကို တစ်ခုမေးရဦးမယ်။ နွားတွေရော၊ ဆိတ်တွေရော၊ မြင်းတွေပါ အားလုံး မြက်ပဲ စားကြတယ်။ ဒါပေမဲ့ နွားချေးက ခပ်စိုစိုနဲ့ အပုံလိုက်ဖြစ်နေပြီး ဆိတ်ချေးက ခပ်မာမာနဲ့ အတုံး အလုံးလေးေ တွ ဖြစ်နေတယ်၊ မြင်းချေးကျတော့ စားထားတဲ့အတိုင်း ဘာမှ သိပ်မပြောင်း လဲဘဲ မျက်ခြောက်တွေအတိုင်းပဲ ဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လို့ မင်း ထင်သလဲ လို့မေးတော့....
ဟာဗျာ.... ဒါတော့ ကျနော်လည်း မသိဘူးလို့ ပြန်ဖြေရတော့တာပေါ့။

ဒီတော့ အန်ကယ်ကြီးက မင်းနှယ်ကွာ နွားချေး (Bull s..t) အကြောင်းတောင် မသိသေးဘဲနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်း ဆွေးနွေးချင်ရတယ်လို့ဆိုပြီး စာကြည့်မျက်မှန် ပြန်တတ်ပြီး သူ့စာအုပ်သူ ဆက်ဖတ်နေတော့သတဲ့။

ဒီ ပုံပြင်ရဲ့ မော်ရယ်က ဘာလဲဆိုတာ ကျနော်တော့ ဉာဏ် မမီ။

20/06/2013

နွေရာသီ အပန်းဖြေခရီးတဲ့လား


ဒီနေ့ စထရိတ်တိုင်းမ်းပါ ဆောင်းပါပါ။
*အနောက် လူငယ်ဂျီဟတ်တွေက လက်ပ်တော့တွေ၊ အွန်လိုင်းတွေနဲ့ ငြီးငွေ့လာလို့ အီရတ်နဲ့ဆီးရီးယားဆီ နွေရာသီ အပန်းဖြေခရီး ထွက်လာတာတဲ့။ အောက်မှာ အချုပ်တင်ပြထားပါတယ်။

*ဗြိတိသျှလူသတ်သမားကို အနှေးနဲ့အမြန်သိလာမှာပဲ။
*အမေရိကန်ထောက်လှမ်းရေးအရ အနောက်နိုင်ငံပေါင်း ၅၀ က အကြမ်းဖက်သမားပေါင်း တစ်သောင်းနှစ်ထောင်ခန့်ပါဝင်။
*အနောက်ကိုရောက်လာတဲ့ မွတ်စလင်တွေက အာရပ်ကမ္ဘာကမဟုတ်။ တောင်အာဖရိက၊ အိန္ဒိယနဲ့တူရကီကဖြစ်။

*အခု လူငယ်တွေက အစ္စလာမ်လိုကျင့်တာလည်းမဟုတ်၊ အာရပ်လိုလည်းမတတ်။
*ဘာသာရေးခေါင်းဆောင်တွေစည်းရုံးမှူကြောင့်ထက် လက်သိပ်ထိုးဝေတဲ့ စာအုပ်တွေကြောင့်။
*အစ္စလာမ်ပညာရှင်တွေက ကမ္ဘာနဲ့အဝှမ်း မွတ်စလင်တွေကို နှိမ့်ချဆက်ဆံလို့ လူငယ်တွေ မခံချင်စိတ်ဖြစ်တာလို့ဆိုကြ။
*ဒါပေမဲ့ ဒီလူငယ်တွေဟာ အိမ်မှာလည်း မိဘစကားနားထောင်သူတွေ မဟုတ်ကြ။
*အနောက်ကျင့်သုံးတဲ့ ယဉ်ကျေးမှုပေါင်းစုံစနစ်ဟာ မွတ်စလင်တွေသာမက အခြားလူမျိုးတွေကိုလည်း အိုင်ဒင်တတီပြသနာ ရှိနေတာပဲ။

*အနောက်က အစ္စလာမ်ကို အကာအကွယ် မပေးလို့ လို့လည်း အစ္စလာမ်ပညာရှင်တွေကဆိုကြ။
*ဒါပေမဲ့ အမေရိကန် မကာကွယ်ရင် ဘော့စနီးယားနဲ့ကိုဆိုဘို နှစ်နိုင်ငံလုံး လူမျိုးတုံးသတ်ဖြတ်ခံလိုက်ရပြီး ဖြစ်နေမယ်။
*အီရတ်ကိစ္စမှာ အမေရိကန်နဲ့မဟာမိတ်တပ်ဖွဲ့ ဝင်လို့ အာရပ်ကမ္ဘာ မငြိမ်းချမ်းတာလို့ ဆိုကြပြန်။
ဆီရီးယားမှာ အမေရိကန်မဝင်ဘဲ အချင်းချင်းသတ်နေကြတာ တစ်သိန်းရှစ်သောင်းကျော်နေပြီ။
*အခု အမေရိကန် ကြားမဝင်လို့ အကြမ်းဖက်မှုတွေဆက်ဖြစ်တာလို့ ဆိုကြပြန်။
အနောက်အတွက် ခေါင်းခြောက်စရာ။




(အနောက်မှမဟုတ်ပါ။ တရုတ်ကြီးလည်း ခေါင်းခြောက်နေလို့ အကြမ်းဖက်သမား ရှစ်ယောက် ကွပ်မျက်လိုက်ရကြောင်း ဒီနေ့သတင်းစာမှာပဲ ဖတ်လိုက်ရပါတယ်။ လူတွေလား၊ ဘာသာရေးအဆုံးအမလား။ မွတ်လင်အစိုးရတွေရဲ့ တာဝန်မယူမှုကြောင့်လား။ မွတ်စလင်တွေဟာ ကမ္ဘာ့ ပြသနာ၊ ကမ္ဘာ့ ချဉ်ဖတ်ဖြစ်နေတာကတော့ အမှန်ပဲ။)

ဦးရာကြီး ကိုမေးပါ



မွတ်စလင်ဟောင်းမိသားစု လှူခဲ့တဲ့ကျောင်း

နောက်ဆက်တွဲများ


"ငါသိသလောက် ဗုဒ္ဓဘာသာတွေလှူထားတာပါ ငါ့မိတ်ဆွေ ဘိုးဘွားတွေလှူထားတာပါ"

နှစ်ပေါင်းတစ်ရာက မကြာလှသေးပါ။ ကြားဖူးတယ်ဆိုရုံနဲ့ မရပါ။ အသေးစိတ်သိချင်ရင် မန္တလေးသားတွေအတွက် မခက်လှပါဘူး။
မိုးကောင်းတိုက်၊ ညောင်ရမ်းအုပ်စုဆိုတာ
ဆဋ္ဌသင်္ဂါယနာ ဥက္ကဋ္ဌဆရာတော်(ပထမညောင်ရမ်းဆရာတော် ဦးရေဝတ)
တိပိဋကဓရ ရွေးချယ်ရေးဥက္ကဋ္ဌဆရာတော် (ဒေးဝန်းဆရာတော် ဦးဇောတိကာဘိဝံသ) တို့ကို မွေးထုတ်လိုက်တဲ့နေရာပါ။
ဒီဆရာတော်ကြီးတွေရဲ့ နှုတ်မြွက်ရှိတယ်၊ အထောက်အထားရှိတယ်၊ သမိုင်းခိုင်တယ်၊ သိက္ခာရှိတယ်။

---------------------------------------

ဦးရာကြီးက "မန္တလေးမြို့ မိုးကောင်းတိုက် အလည်တိုက်ကြီး" ရဲ့ သတင်းအသေး စိတ်သိလိုသူများကို ကမ်းလှမ်းထားပါတယ်။ ဖုန်းဆက်မေးနိုင်ပါတယ် (09256159324) တဲ့။ ဒီနေ့ ပြိတ္တာနဲ့အမျှပေးဝေမှုကတော့ ပြီးသွားပါပြီ။
၁။ ဒေါ်မိန်းကလေးက "ဗုဒ္ဓဘာသာ" ဖြစ်လျက်နဲ့ "တပည့်ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ အကြံပေးမှု" ကို စောင့်နေရတာက ရေစက်ချ အစဉ်အလာကို မသိလို့လား။
၂။ မသိရအောင်ကလည်း "ရွှေကျင်တတိယသာသနာပိုင် ဒီပဲယင်းဆရာတော် ဘုရားကြီးနှင့် မောင်နှမ တစ်ဝမ်းကွဲ" ဖြစ်နေပြန်တယ်။
၃။ သိလျက်နဲ့ ဦးယွန်းကို မပြောရဲရှာလို့လား။
မေးခွန်းသုံးခုတော့ ထွက်လာပါတယ်။ ဘာပဲဆိုဆို မူရင်းကြောရိုး ပိုခိုင်သွား ပါတယ်။

ဦးရာကြီး။ ။ "မန္တလေးမြို့ မိုးကောင်းတိုက် အလည်တိုက်ကြီး ကျောင်းအလှူရှင်တွေဟာ ကျောင်းဒကာကြီး ဦးယွန်းနှင် မိသားစုဝင်အားလုံးက မွတ်စလင်ဘာသာဝင်တွေဖြစ်ကြပါတယ်။ ကျောင်းအမကြီး ဒေါ်မိန်းကလေးက ဗုဒ္ဓဘာသာဝင်ပါ။ ရွှေကျင်တတိယသာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးနှင့် မောင်နှမ တစ်ဝမ်းကွဲတော်စပ်ပါတယ်။ အင်းဝမြို့မှာ နေစဉ်ကပင် ဆရာတော် ဦးသီရိကို အမြဲကိုယ်းကွယ်ပါတယ်။ ဆရာတော် ဦးသီရိကိုအကြောင်းပြုပြီး မိသားစုလိုက် မန္တလေးမြို့ ပြောင်းလာကြတယ်။ ပြောင်းပြီး နှစ်များစွာမကြာမီ အဖေအချစ်ဆုံးသမီး ဆုံးပါး ပြိတ္တာဘဝရောက် အိပ်မက်တွေဆက်တိုက်ပေး ပရလောကမှ အသံအနံ့စသည်တို့ဖြင့် ဖခင်ထံဆက်သွယ် စားရမဲ့ ဝတ်ရမဲ့ နေရာမဲ့ဘဝ အစ္စလ္လာမ်ရဲ့ ဘာသာရေးထုံးတမ်းစဉ်လာတွေ လုပ်ပေမဲ့ အကျိုးသက်ရောက်မှူမရှိခဲ့ တပည့်ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အကြံပေးမှုနဲ့ ပထမရက် သံဃာ ၁၅ ပါးဆွမ်းကပ် အမျှဝေ လိုက်မှညအခါ အစားရတဲ့အကြောင်း ဖခင်ထံဆက်သွယ် နောက်တစ်ရက်အကျော်မှာ ဒီ သံဃာ ၁၅ ပါးပင့်ဆောင်ပီး ဆွမ်းကပ် သင်္ကန်းအတွက်ပိတ်အုပ်လှူ ကျောင်း.ဇရပ်အတွက် ရွှေငွေလှူ အမျှဝေလိုက်မှ ညအခါ ဖခင်ကို ကိုယ်ထင်ရှားပြ ဒီနောက် မိသားစုလိုက် ဗုဒ္ဓဘာသာပြောင်း ကျောင်းတော်ကြီများ ဇရပ်စသည်များ ဆောက်လုပ်လှူဒါန်း အကျယ်သိလိုလျင် 09256159324 သို့ဆက်သွယ်ပါ"

Myo Kyawzwer Bo အကျယ်ရေးပေးပါအုံး လိပ်ပတ်လယ်အောင် နားမလည်လို့ပါ။


ပြောချင်နေတဲ့စကားပါ။ အရှင် အရိယဝံသရဲ့ အမေးအဖြေကိုအခြေခံပြီး ယေရှုဟာ ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်တယ်ဆိုတဲ့ အဆိုကို သံသယတစ်ဝက်နဲ့ စိတ်ဝင်စားမိရာကနေ အခုတလော ဒီနောက်ကို ခြေရာခံလိုက်နေမိပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဘီဘီစီရဲ့ အထောက် အထားတွေကလည်း တိုနံ့နံ့ပါပဲ။ ဒါနဲ့လိုက်ရင်း လိုက်ရင်း ဒီ စာအုပ်ကိုတွေ့မိ တယ်။ ဒီအထဲမှာ ဒီပြသနာအပြင် အိန္ဒိယ၊ မြေထဲပင်လယ်ရပ်ဝန်းရဲ့ ရှေးဟောင်း ဘာသာရေး ရောထွေးရှက်တင်ဖြစ်နေပုံတွေကို ထပ်တွေ့ရပါတယ်။ (အခြား စာအုပ်တွေကိုလည်း လက်လှမ်းမှီသလောက် လိုက်နေပါတယ်) ဆောင်းပါး တိုနံ့နံ့နဲလည်း ကိုမျိုးကျော်စွာဘိုရဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်မှာ သေချာပါ တယ်။

ယေရှုဟာ ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်တယ်ဆိုတဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ လက်ခံသူလည်း ရှိတယ်၊ လက်မခံသူလည်း ရှိတယ်။ စိတ်ဝင်စားစရာက လက်ခံသူတွေဟာ လစ်ဘရယ်ဆန်တဲ့ သိပ္ပံနဲ့သမိုင်းပညာရှင်တွေ အများစုဖြစ်နေခြင်းပါ။
ပုဂ္ဂလိက ရည်မှန်းချက်အရ နိုင်ငံရေးလေးအုပ် (လီကွမ်းယု နားဝင်မချိုနဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ ဟန်တင်တန်ရဲ့ လူ့ယဉ်ကျေးမှု နှစ်တွဲ) ပြီးရင် မူရင်းတာဝန်ဖြစ်တဲ့ ဘာသာရေးဘက်စီ လှည့်ဖို့ပါပဲ။ သမိုင်း၊ မနုသဗေဒ၊ သိပ္ပံနဲ့နှီးနွယ်တဲ့ ဘာသာရေးမျိုးပါ၊ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ပါဘူး။ စိတ်ဝင်စားကြတဲ့ ညီငယ်ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာတွေအတွက် ဒီ(အရိယဝံသရဲ့ အမေးအဖြေ)ထက် ရှည်လျား၊ အသေးစိတ်ကျမယ့် စာအုပ်တစ်အုပ်ဖြစ်စေဖို့ ရည်စူးပါတယ်။ လီကွမ်းယုရဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ပဲ" လက်စသတ်ဖို့ ကျန်တော့တာမို့ စနိုင်တော့မှာပါ။
အဲဒီအချိန်ရောက်မှပဲ ကိုမျိုးကျော်စွာဘိုနဲ့စိတ်ဝင်စားသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ စိတ်ဝင်စားမှုအတွက် ကျေးဇူးစကား ထားခဲ့ပါရစေ။

မန်ယူက သောင်တူးစက်ပိနေလို့


စပါးက လေးဂိုးပြတ်နဲ့ ကျူပီအာကိုနိုင်၊ ဟူးလ်နဲ့ စတုတ်က တစ်ဂိုးစီ သရေ။
မန်ယူက သောင်တူးစက်ပိနေလို့ ဖယ်ပေးပါညော်။
အာ့ လာပြောတာ ဘိုင့်ဘိုင်။

သင် သိပါသလား


နန်းရင်ပြင်က မင်းသားတစ်ပါးနဲ့
သူအို၊ သူနာ၊ သူသေ၊ ရဟန်း
သိတာပေါ့
ဒါ ဂေါတမဗုဒ္ဓရဲ့ ဗုဒ္ဓဝင်။
ဒါပေမဲ့
အဲသလို အဖြစ်အပျက်တွေနဲ့ သီကုံးထားတဲ့
ခရစ်ဝင် ဂေါ့စပယ်တွေ
မွတ်စလင် သူတော်စဉ်များအကြောင်းတွေ
မီးရှို့ခံလိုက်ရတဲ့ ရှေးဟောင်းကျမ်းစာတွေထဲမှာ ရှိနေတယ်။
နူးညံ့တဲ့ ပညာရှင်တွေက ဗုဒ္ဓဘာသာရဲ့ လွှမ်းမိုးမှု
ပိုတိကျချင်တဲ့ပညာရှင်တွေကတော့ ခိုးယူ ဇာတ်လမ်းထွင်မှု တဲ့။
၁၅ ရာစုက ခရစ်ဝင်ကျမ်းမှာ
ရဟန်တစ်ပါးရဲ့ပုံ တွေ့ရပေမဲ့
နောက်ပိုင်းမှာတော့ ဘာမှမဆိုင်သလိုပဲ။


Ref: The king of Jews?

အမျိုးသားရေးလက္ခဏာ၊(ပြန်ချင်တဲ့ ကွန်မင့်များ)


Sid Khin Zaw "ဦးတင်မောင်ဝင်းကလဲ မြန်မာလိုရေးထားတဲ့ post အောက်မှာ အီးလိုလာမှုတ်နေတယ်။ ကျွန်တော်တို့က အီးလိုနားမလည်ဘူးဗျ၊
လေတာပေါ့။ သူ့ဝေါပေါ်မှာကျ မြန်မာလိုတွေရေးထားပြီးးး"

နိုင်င်ငံခြားမွေးတဲ့ မြန်မာကလေးတွေ မြန်မာစာ စကားမပြောတတ်လို့ဆိုပြီး
ကျယ်ကျယ်လောင်လောင်အော်နေတဲ့ ပါးစပ်ကြီးနဲ့..
ကွန်ပျူတာရှေ့လည်း ထိုင်လိုက်ရော..
သူ့နာမည်သူ မြန်မာလို စာလုံးမပေါင်းတတ်တော့ဘူး။


အမှာ။ ။ ဆရာ ဦးတင်မောင်ဝင်းကို ဘလိုင်းကြီး ဝင်ဆော်တာမဟုတ်ဘူးနော်။ ဒီကွန်မင့်ကြောင့် သတိရသွားလို့ လေးကြိမ်မြောက် ပြန်တင်တာ။ တိုက်ဆိုင်မှုအတွက် ဆောရီး။

2/25/2012

စာဖတ်သူသို့ ပြန်ကြားချက်


ကမ်းလက်ရဲ့ ရပ်တည်ချက်ဟာ မိမိတင်ထားတဲ့ပို့စ်ကို မိမိတာဝန်ယူရမယ် ဆိုတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ပို့စ်ကို တင်ပြီးရင် ကွန့်မင့် ဘာညာကိုလည်း အချိန်ရတာနဲ့ စစ်ဆေးတတ်ပါတယ်။
တကယ်လို့ ကွန်မင့်က ပို့စ်ရဲ ဦးတည်ချက်ကို လမ်းလွဲစေမယ်ဆိုရင် ချက်ချင်း တုန့်ပြန်ပါတယ်။
အမှားကို စနစ်တကျထောက်ပြနိုင်ရင်လည်း တောင်းပန်ပါ တယ်( တောင်းပန် ခဲ့ဖူးပါတယ်)။
ဒါဟာ ကမ်းလက်နဲ့ သူရဲ့ လက်တစ်ဆုပ်စာ လူနည်းစုစာဖတ်ပရိသတ်ကြား ယုံကြည်မှုတည်ဆောက်ခြင်းလို့ ခံယူပါတယ်။

မွတ်စလင်ဟောင်းမိသားစု လှူခဲ့တဲ့ကျောင်း


မနက်ဖြန် လပတ်လယ်(ပြိတ္တာနဲ့ ရေစက်ချခြင်း အစဉ်အလာ)ဖိုရမ်မှာ ပြောမယ့် အကြောင်း တစ်ရပ်ပါ။
မန္တလေးမြို့၊ မိုးကောင်းတိုက်၊ အလယ်တိုက်ကြီးကျောင်းအလှူရှင်တွေဟာ မွတ်စလင်တွေဖြစ်ကြပါတယ်။
သမီးအငယ်ဆုံးလေး ဆုံးပါး။ ပြိတ္တာဘဝရောက်၊ အိပ်မက်တွေ ဆက်တိုက်ပေး။ စားရာမဲ့၊ ဝတ်ရာမဲ့ ဘဝ။
အစ္စလာမ်ရဲ့ ဘာသာရေးထုံးတမ်းစဉ်လာတွေလုပ်ပေမဲ့ အကျိုးသက်ရောက်မှု မရှိခဲ့။ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အကြံပေးမှုနဲ့ ဘုန်းကြီးငါးပါး ဆွမ်းကပ်၊ သင်္ကန်းကပ်လိုက်မှ စားစရာ ရ၊ ဝတ်စရာ ရ လို့ အိပ်မက်ထပ်ပေး။
ဒီနောက် မိသားစုလိုက် ဗုဒ္ဓဘာသာပြောင်း။ ဧရာမကျောင်းတော်ကြီး ဆောက်လှူ။ သမီးငယ်အတွက် နေစရာ ရစေဖို့။
ကျောက်စာထဲမှာတော့ နောက်ခံဇာတ်လမ်းထည့်မထားပါ။
ဒါပေမဲ့ အမရပူရမြို့နေ ဦးယွန်း၊ ဒေါ်မိန်းကလေးတို့မိသားစု မွတ်စလင်တွေ ဖြစ် ကြတယ်၊ နောက် ဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ်သွားတယ်ဆိုတာ အဲဒီခေတ် က လူတိုင်းလိုလို သိကြပါတယ်။ သူတို့က နာမည်ကြီးသူဌေးတွေပါ။



ဒီနေ့ ရောက်ဖြစ်တဲ့ ဖဘနှစ်ခု


၁။ ဆရာသစ္စာနီ က
"အီဘိုလာ, ဟိုဗိုလ်သွား,တဲ့
အတိတ်တို့ တဘောင်တို့ ဘာတို့ပေါ့လေ" လို့ဆိုပြီး
**************************************************
၂။ ဘိက္ခု ကြီးဉာဏိန္ဒ ဟော၊ ရှယ် ကွမ်းတရားက
"ထုတ်ပိုးမှု သေချာတယ်။ ၂၀၁၄ နောက်ဆုံးပေါ် နည်းပညာနဲ့ တွက်ချက်ထား တယ်။
သိပ္ပံနည်းကျ စစ်ဆေးထားတယ်။ ဆိုက်အဖက်... ဘေးထွက်ဆိုးကျိုး မဖြစ်စေဘူး။
၂၀၁၅ ရွေးကောက်မှာ ပါဝင်ယှဉ်ပြိုင်တဲ့ သမ္မတလောင်းကို လက်ဆောင်ပေးမယ်။
လွှတ်တော်က ထောက်ခံထားတဲ့ဟာ... ။ စိတ်ချစွာ စားသုံးပါ။ ငွေတစ်ရာ ပေးရင်
လေးယာ ပြန်ပေးမယ်။ ခေတ်မီ ကွမ်းယာ..."

ပြန်ချင်တဲ့ ကွန်မင့်များ


အီရတ်နဲ့ ကူဝိတ်ဖြစ်တယ်၊ မိသားစုစစ်ပွဲ။ အာရပ်တွေက ဟူစိန်ကို ဝိုင်းရှုံ့ချတယ်။
စစ်ရေးအရ ဘာမှလက်တုန့်မပြန်ဘူး။
အမေရိကန် ဝင်တယ်။ ဥရောပ ပါလာတယ်။ အနောက်။ အာရပ်ကမ္ဘာက အီရတ်ဘက်က ဖြစ်သွားတယ်။
ဒီတော့ အနောက်နဲ့ အာရပ်စစ်ပွဲဖြစ်သွားတယ်။
အခု အနေအထားမှာ စွာကျယ်စွာကျယ် ပြင်သစ်တောင် ငြိမ်နေတော့ သူတို့ချင်းဖြစ်နေသရွေ့ ပြစ်ထားလိုက်သဘောမျိုး။
ကိုယ့်ပြည်တွင်း လုံခြုံရေးကိုပဲ အားခဲနေကြတာတွေ့ရတယ်။
ဂါဇာကို ကျော်ပြီး အစ္စရေးထဲသွားကြည့် ဟာမက်ကို အနောက်က ကြည့်နေမလား။
အနောက်စည်း၊ တရုတ်စည်းကိုမထိသေးရင် မွတ်စလင်ကမ္ဘာအနေနဲ့ ကိုယ့်ပြသနာကိုယ်ရှင်း။
သိမ်းချင်တဲ့အဖွဲ့က သိမ်းချင်တဲ့ နိုင်ငံဝင်သိမ်း။
ဒါပေမဲ့ အနောက်က အလွန်အမင်းစိုးရိမ်မိကြောင်း ပြောမယ်။ ဘယ်သူမှတော့ လူမိုက်လုပ်ပြီး စစ်သင်္ဘောတွေ မလွှတ်တော့ဘူး။
တရုတ်က ပြသနာအဖြေရှာကြဖို့ တိုက်တွန်း ဒါလောက်ပဲနေမယ်။
ဘယ်ဘာသာမှ အကြမ်းဖက်ဖို့ မသင်ကြားဘူးဆိုတဲ့ သီအိုရီက မှန်ပေမဲ့ လက်တွေ့မှာ အလုပ်ဖြစ်ဟန်မတူတော့ဘူး။
အခု မွတ်စလင်အစိုးရတွေ လက်ပိုက်နေကြဆဲ။ ကမ္ဘာ ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့် ကိုးကွယ်မှုဘာသာ၊ ယဉ်ကျေးတဲ့ဘာသာကြီးဆိုရင် ဒီကိစ္စ ဒီလောက်အထိ ခွင့်မပြုသင့်ဘူး။

စာတတ်လာတဲ့ အနောက်နဲ့ ကမောက်ကမ မွတ်စလင်ကမ္ဘာ


ကစ်ဆင်းဂျားက သူ့ရာထူးမှာ သူရှိနေဆဲဆိုရင်၊ ဟန်တင်တန်က လုံခြုံရေး မဟာဗျူဟာမှာ ကြိုးကိုင်ဆဲဆိုရင် ဘယ်လိုလဲ။
"ဘုရှ်ရော ကလင်တန်ကပါ မွတ်စလင်အစွန်းရောက်တွေနဲ့သာ ပြသနာရှိပြီး မွတ်စလင်လူထုနဲ့ ပြသနာမရှိဘူးလို့ ကြွေးကြော်တတ်ကြတယ်။ ဒါပေမဲ့ ရှေးဟောင်းသမိုင်းနဲ့လက်ရှိအဖြစ်အပျက်တွေက သူတို့ကို ထောက်ခံ မနေဘူး" လို့ အမာစား ဟန်တင်တန်ကတော့ ခပ်ထန်ထန်သုံးသပ်ပြခဲ့တယ်။

ဒီနေ့တော့ အနောက်က စာတတ်လာသလိုပါပဲ။ သူတို့ အကျိုးစီးပွားထိလာမှာ ကို လေကြောင်းကနေ ကာကွယ်တာကလွဲရင် လူမိုက်ဝင်မလုပ်တော့ဘဲ မွတ်စလင်ချင်းသတ်ဖြတ်နေတာကို ခပ်အေးအေးပဲထိုင်ကြည့်နေကြတယ်။ လင်မယားကြား မဝင်နဲ့ဆိုသလို မွတ်စလင်ကြား မဝင်နဲ့ပါပဲ။

အင်ဒိုသမ္မတက စပြီး အကြမ်းဖက်မှုတွေဟာ အစ္စလာမ်ကို အရှက်ခွဲတယ်ဆိုပြီး ရှုံ့ချ၊လက်တုန့်ပြန်ဖို့ လှူံ့ဆော်လာတာကိုတွေ့ရတယ်။ ဒါဆို မွတ်စလင်ဦးရေ အများဆုံးရှိ၊ စစ်အင်အားလည်းရှိတဲ့ အင်ဒိုက မဟာမိတ်ဦးစီးဖွဲ့ပြီး တိုက်ပေါ့။ ဘယ် မွတ်စလင်နိုင်ငံက စစ်သားတွေလွှတ်ပေးမလဲ။ သိချင်တယ်။ သူ့မဟာမိတ် အော်ဇီက ပါလာမလား။ အမေရိကန်နဲ့ အနောက်ကတော့ အင်ဒိုရဲ့နောက် ဒုတိယဇာတ်လိုက်နေရာကနေ လိုက်ကနေကြမှ မဟုတ်ဘူး။
စိတ်ကူးနဲ့ မြင်ကြည့်။ အင်ဒိုကသာ ဦးဆောင်ပြီး စစ်ရေးအရပါဝင်ပြီဆိုရင်... အကြမ်းဖက်မှုတွေကို သဘောတော့မတူဘူး၊ (ဒါပေမဲ့) ငြိမ်နေတဲ့ အင်ဒို မွတ်စ လင်လူထုက လမ်းပေါ်တက်ဆန္ဒတွေပြကြလိမ့်မယ်။
"အကြမ်းဖက်မှုတွေကိုတော့ သဘောမတူဘူး၊ အချင်းချင်း ဒီလိုတိုက်ခိုက် တာတော့ မှားတယ်" လို့ ပြောကြလိမ့်မယ်။ ဟူစိန်တုန်းကလည်း ဒီအတိုင်းပဲ။
လက်တစ်ဆုပ်စာလူထုရဲ့ အကြမ်းဖက်မှု ဒီလောက်ခရီးပေါက်နေတာက မွတ်စလင်အစိုးရတွေကိုယ်တိုင်က လက်ပိုက်ကြည့်နေလို့ပါ။
ဒီတစ်ခါတော့ အမေရိကန်လည်း စာတတ်သွားပြီထင်ပါတယ်။

မွတ်စလင်တွေနဲ့ ပတ်သက်ရင်တော့ ရှေးရိုးစွဲဆိုပေမဲ့ ကစ်ဆင်းဂျား၊ ဟန်တင် တန်၊ လီကွမ်းယုတို့ပေါ်လစီက မှန်နေဆဲပါ။ အနောက်လစ်ဘရယ်တွေ ခံနေရ တယ်။ မွတ်စလင်ကမ္ဘာနဲ့ ပတ်သက်လို့ ဆယ်စုနှစ်များများ လစ်ဘရယ် ကြည့် ကြပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ ပညာတတ်ရင် ယဉ်ကျေးသွားမှာပဲလို့ ယူဆကြပေမဲ့ မယဉ်ကျေးတဲ့အပြင် လူသတ်သမားကို ပညာသင်ပေးလိုက်သလို ဖြစ်သွားတယ်။ မယုံရင် ဖလွိုက်ရဲ့ ဝိဥာင်ကို မေးကြည့်ပေါ့။





ဗုဒ္ဓဘာသာဘုရားတွေပေါ်နဲ့ ခရစ်ယန်ချာ့ခ်ျကျောင်းတွေထဲက ထွက်လာတဲ့ အသံတွေဟာ နူးညံ့သိမ်မွေ့နေသလောက် ဗလီထဲက ထွက်လာတဲ့ အသံတွေ ကတော့ အာခေါင်ခြစ်အော်ရင်း သွေးတောင်းနေတယ်။ ဒါက ပညာသင်ပေးလို့ ရမယ်မဟုတ်ဘူး။ မွတ်စလင်ကမ္ဘာထဲကနေ အပြင်ထွက်မလာသေးသရွေ့ ကမ္မသကာ ထားလိုက်တာက ပိုအေးချမ်းသလိုလိုပါပဲ။
ကျနော်ကတော့ ကစ်ဆင်းဂျား၊ ဟန်တင်တန်၊ လီကွမ်းယုတို့ကို ထောက်ခံတယ်။

အလှူ


စာဖတ်ပရိသတ်များ
ကမ်းလက်ကို စာစီစာရိုက်
နည်းပညာလုပ်အားပေးသူများ သို့
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သာယာကုန်းကျေးရွာကို
နားရေးအသင်း လုပ်အားပေမှုနဲ့ ၅ သိန်းဖိုး သွားရောက် လှူဒါန်းနိုင်
ခဲ့ပါတယ်။ အိမ်ခြေ ၃၅၀ ရှိပြီး တစ်အိမ်ကို ဆန်နှစ်ပြည်နှုန်း မျှဝေနိုင်ပါတယ်။
ကဝသူ သန့်လဲ့ရေ။



ပြန်ချင်တဲ့ ကွန်မင့်များ


၁။ "In politics, future prediction r normally not likely to happen as politics involve human factor. For. Example, no one predicted that 88 movement would have occurred." ဒါနဲ့ စကားမစပ် မနှစ်က ဂျက်ကီချန်းကြီးကို တရုတ်ပြည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သံတမန် ခန့်ခဲ့တာ တဲ့။ အခု သူ့သားက မူးယစ်ဆေးဝါးမှုနဲ့ တရုတ်ပြည်ထဲ ရွာလည်နေတယ်။ သူ့သားကိုယ်တိုင်လည်း ဆေးသုံးကြောင်း ဝန်ခံဆိုပဲ။ ကဲ ဘယ်သူ ဘာပြောမလဲ။ အနာဂတ်ကို ဘယ်သူကြိုပြောနိုင်တာမှတ်လို့။ ဆရာ ဦးတင်မောင်ဝင်းပြောတဲ့ လူ့ဖက်တာ (human factor)။

၂။ "ကမ်းလက်က နည်းနည်း ဘက်လိုက်တယ်" ကွင်းစကွင်းပိတ်တွေက ဘက်မလိုက်ပါဘူးကွာ။ ညီလေး ပြန်ဖတ်ကြည့်ပါ။

၃။ "စကားမစပ် နှပ်ကြောင်းပေးချင်ရင်လည်း ၃ချက်မှာ ၂ချက်က လွဲနေတဲ့ ဆောင်းပါးမျိုးကို မသုံးသင့်ပါဘူးလို့ အကြံတခါတည်း ပြုချင်ပါတယ်" စောင့်ဖတ်နေတာပဲ ကိုအဲဘတ်ရယ်။ ဒီနေ့မှ စထရိတ်တိုင်းမ်က ပုံနဲ့ဘာနဲ့ တခန်းတနားပါလာတော့ ကိုယ့်နိုင်ငံအကြောင်းဟေ့ ဆိုပြီး ကောက်တင်လိုက်တာလေ။ "နှပ်ကြောင်း" စိတ်မဝင်စားပါကြောင်း ဆိုပါရစေဗျာ။ အတွေး၊ ခံစားချက်ပါတဲ့ ကွန်မင့်တွေမို့ လက်ပိုက်ကြည့်ရုံမက လက်ခုပ်တီးနေခြင်းပါ။

၎။ စာမေးပွဲမှာဆိုရင်တော့ မသန္တာညိုညိုက အမှတ်ပိုရမယ်။ သူက ဆောင်းပါးရဲ့ အားနည်းချက်ကိုရအောင် ကွက်လပ်ဖြည့်နိုင်တယ်။
ဘာဖြစ်ဖြစ် လူတစ်ထောင်လောက် ဖတ်ရတာပေါ့ဗျာ။

Fcaebook ကွန့်မန့်များ

ဒေါ်စုသမ္မတဖြစ်နိုင်ခြေ (Strait Times ဆောင်းပါး)


ဒေါ်စုသမ္မတဖြစ်နိုင်ခြေ မရှိဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးလာတဲ့ဆောင်းပါး ပါလာပါ တယ်။ ပုံမှန်အတိုင်းပါပဲ သူ့သုံးသပ်ချက်က ရိုးစင်းလွန်းပြီး မြန်မာတိုင်း သိတဲ့
အချက်တွေဖြစ်နေတယ်။
၁။ ပါလီမန်မှာ စစ်တပ်က လေးပုံ သုံးပုံ ရှိနေတယ်။
၂။ တစ်ဦးချင်းလူကြိုက်များမှုမှာ ဦးသိန်းစိန်ကတောင် နှာတစ်ဖျား (ခေါင်းပေါင်းစ တစ်ဖျားဆို ပိုယဉ်ကျေးမယ်)သာနေတယ်။
၃။ စစ်တပ်က disciplined democracy ဆိုထားလို့(အဲဒီ အင်္ဂလိပ်စကားကို ဘာသာပြန်ဖို့ကလည်း အတော်ခက်တာပဲ) ခြေဥ ပြောင်းမယ့်သဘော မရှိ။
အကျဉ်းချုပ်ကတော့ ဒါပါပဲ။

သူ့အထဲကို နှစ်ချက်လောက် ထပ်ဖြည့်ချင်တယ်
၎။ ပြည်ပမှာ မွတ်စလင်အကြမ်းဖက်မှုတွေ များလေလေ ပြည်တွင်းမှာ ဒေါ်စု လူကြိုက် နည်းလေလေ။(ဆိုင် မဆိုင်မသိပါ။ တချို့ပညာရှင်တွေက ဆိုင်တယ်၊ တချို့ပညာရှင်တွေက မဆိုင်ဘူးလို့ဆိုကြပါတယ်။)
၅။ ရွေးကောက်ပွဲရက် တိတိကျကျ မသိရခြင်း(ရက် ထုတ်ပြန်ပြီးသား၊ စာရေးသူ က မသိလိုက်တာဆို ဒီအချက်ကို ဖယ်လိုက်ပါ(သို့)ယဉ်ယဉ်ကျေးကျေးထောက်ပြ ပါ။ ကွန်မင့်နဲ့ လူကို မဆီမဆိုင် ဝင်မငေါက်ပါနဲ့)
နံပါတ် ၅ က အရေးအကြီးဆုံး။ အဖွဲ့ချုပ်နာမည်အသည်းအသန်ပျက်နေချိန် ရွေးကောက်ပွဲရက် ကပ်ကြေငြာ လိုက်၊ နိုင်ငံခေါင်းဆောင်တိုင်း လူကြိုက်များမှု အတက်အကျရှိတယ်။
(ဥပမာ အသင်းကြီးတွေနဲ့ ဆက်တိုက်ကန်ပြီး ပွဲပမ်းနေတဲ့ မက်ဒရက်၊ ဘာစီ လိုနာ(သို့)ဘိုင်ယန်ကို အင်္ဂါနေ့ညပွဲ ကိုယ့်အသင်းနဲ့ ချပေးလိုက်။ ကိုယ်နိုင်ဖို့ ရာနှုန်းများတာပေါ့)
disciplined democracy ဆိုတဲ့စကားအောက်မှာ ဘယ်လိုဆုံးဖြတ်ချက်မဆို ချခွင့် ရှိနေတာပဲ။
ခင်ဗျားတို့ ဖြည့်ချင်ရင် ဆက်ဖြည့်ကြပေါ့။
6
7
8

ဒီခေတ်ကြီးထဲမှာ မပျင်းရအောင်


ဒီခေတ်ကြီးထဲမှာ မပျင်းရအောင်ကို
ဝန်ကြီးတွေက တောင်ပြောမြောက်ပြော ပြောလိုက်
မီဒီယာက တောင်ပြောမြောက်ပြော ပြောလိုက်
( မြစ်ဆုံနေရာ သဲသောင်ပေါက်၊ ပေါက်သည့်သောင်ပေါ် တဲတွေဆောက်၊ မုဆိုးမတဲအောက် ခေါင်းလောင်းရောက်၊ တူမောရိုးဂျာနယ်တဲ့ ကွယ်တို့)
ဘုန်းကြီးလူထွက်က တောင်ပြောမြောက်ပြော ပြောလိုက်
ဘုန်းကြီးလူထွက်ကလည်း တိုက်ပွဲရှုံးသွားတာတောင် "စည်တော်ယွမ်းပြီး ပြည်ဝင်ချင်တုံး"
ကိလေသာသတ်ပွဲ အရှုံးအနိုင်က ရှိမှာဘဲ။ ပါရဂူတို့လူထွက်သွားတာ အေးအေးလေး။ သူ့ကျမှ ရှုပ်လို့။

ဦးကိုမောင်
ဖီးလင်း အမြူးဇင်း

သမ္မတအိပ်မက် ကတောက်ကတက်

သမ္မတကြီးက အခု ဥရောပတောင် ခြေဆန့်နေပြီဆိုတော့နည်းနည်းေ တာ့ နောက်ကျသွားတယ်။ မတတ်နိုင်ဘူး၊ ဒါပေမဲ့ ရေးတော့ရေးရမှာပဲ။
ဦးသိန်းစိန် အမေရိကရောက်ချိန် သူ့စိတ်ထဲမှာ အမေရိကကို တည်ထောင် သွားတဲ့ သမ္မတကြီးတွေအကြောင်းပဲ စိုးမိုးလို့နေတယ်။ သူလည်းပဲ မြန်မာ့ အနာဂတ်ကို ဖန်တီးခွင့်ရနေသူဆိုတော့ သူတို့ခြေရာကို လိုက်နင်းနိုင်းဖို့ ဆန္ဒတွေပြင်းပြနေတာပေါ့။ ဒါနဲ့ အမေရိကန်သမ္မတကြီးတွေအကြောင်း စဉ်း စားရင်း အိပ်ပျော်သွားလိုက်တာ ဂျော့ဂ်ျ ဝါရှင်တန်က သူ့အိပ်မက်ထဲအထိ ပါလာခဲ့တယ်။

ဂျော့ဂ်ျ ဝါရှင်တန်ကို တွေ့တယ်ဆိုရင်ပဲ ဦးသိန်းစိန်က
"သမ္မတကြီး မစ္စတာ ဝါရှင်တန်ခင်ဗျား၊ ကျနော်ဟာ မြန်မာနိုင်ငံက ရီဖောင်းမစ်တ် ချန်ပီယံဘွဲ့ရ သမ္မတသိန်းစိန်ပါ။ ကျနော့်နိုင်ငံကို လူကြီးမင်း တို့နိုင်ငံလို ဖြစ်လာဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကြုံတုံး ကျနော့် ကို အဒဗိုက်ဇ် ပေးခဲ့ပါအုံး"
ဆိုတော့ သမ္မတကြီး ဂျော့ဂ်ျ ဝါရှင်တန်က
"Son, set an honest and honorable example as I did." လို့ ပြန်ပြောခဲ့တယ်။
စားချင်တဲ့မုန့်ရသွားတဲ့ ကလေးလေးလိုပဲ သမ္မတကြီးဦးသိန်းစိန်ဟာ ကျေေ ကျနပ်နပ်နဲ့ပဲ အိပ်မောကျသွားတယ်။

အစွဲကြောင့် ထင်ပါရဲ့ သန်းခေါင်ကျော်လောက်ရောက်တော့ ဦးသိန်းစိန်ရဲ့ အိပ်မက်ထဲ သောမတ် ဂျက်ဖာဆင် ရောက်လာပြန်တယ်။ အရင်အတိုင်းပါပဲ။ သမ္မတကြီးကတော့ သူ့ကိုသူ ရီဖောင်းမစ်တ် ချန်ပီယံကနေ တစ်ပြားသားမှ မလျှော့ပါဘူး။
"သမ္မတကြီး မစ္စတာ သောမတ် ဂျက်ဖာဆင်ခင်ဗျား၊ ကျနော်ဟာ မြန်မာနိုင် ငံက ရီဖောင်းမစ်တ် ချန်ပီယံဘွဲ့ရ သမ္မတသိန်းစိန်ပါ။ ကျနော့်နိုင်ငံကို လူကြီး မင်းတို့နိုင်ငံလို ဖြစ်လာဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကြုံတုံး ကျနော့်ကို အဒဗိုက်ဇ် ပေးခဲ့ပါအုံး"
ဆိုတော့ သမ္မတကြီး သောမတ် ဂျက်ဖာဆင်က
"Preserve the land for future generations and stay out of foreign affairs."
အရင်အတိုင်းပါပဲ သမ္မတကြီးဦးသိန်းစိန်ဟာ ကျေကျေနပ်နပ်နဲ့ပဲ အိပ်မော ကျသွားတယ်။

လင်းအားကြီးရောက်တော့ ဦးသိန်းစိန်ရဲ့ အိပ်မက်ထဲ အေဗရာဟင် လင် ကွန်းရောက်လာပြန်တယ်။
ဟဲဟဲ။ သမ္မတကြီးကတော့ သိကြတဲ့အတိုင်း ရီဖောင်းမစ်တ် ချန်ပီယံပေါ့။

"သမ္မတကြီး မစ္စတာ အေဗရာဟင် လင်ကွန်းခင်ဗျား၊ ကျနော်ဟာ မြန်မာနိုင် ငံက ရီဖောင်းမစ်တ် ချန်ပီယံဘွဲ့ရ သမ္မတသိန်းစိန်ပါ။ ကျနော့်နိုင်ငံကို လူကြီး မင်းတို့နိုင်ငံလို ဖြစ်လာဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကြုံတုံး ကျနော့်ကို အဒဗိုက်ဇ် ပေးခဲ့ပါအုံး"
ဆိုတော့ သမ္မတကြီး အေဗရာဟင် လင်ကွန်းက အိပ်ရေးမဝသေးလို့လားေ တာ့ မသိဘူးပေါ့
"ရုပ်ရှင်ရုံ မကြာမကြာသွား" တဲ့။

ဒီတော့မှ ကျနော်တို့သမ္မတကြီး ဇောချွေးတွေပြန်ပြီး လန့်နိုးလာသတဲ့။ လင်း အားကြီးအိပ်မက်ကတော့ ကတောက်ကတက်ပေါ့လေ လို့လည်း တွေးနေမိ ရှာသတဲ့။
ဥရောပမှာ ဘယ်လိုအိပ်မက်တွေ မက်နေရလဲတော့ မသိရသေး။ သိရင် ရေး လိုက်မယ်လေ။ 

15/07/2013

ဂျီဟတ် ?


ထိန်းသိမ်း(ဖမ်းချုပ်)ခြင်း ခံထားရတဲ့ ကျေးလက်သူ အီရတ်တွေ (တစ်ထောင်ကျော်)အတွက် ဂျီဟတ်ကို လက်ထပ်ရင် လက်ထပ်၊ လက်မထပ် ရင် ထောင်ဒဏ် တစ်သက်။
ထောင်ဒဏ် တစ်သက်ဆိုတာ အများအားဖြင့် တန်းစီပြီး ပစ်သတ်တာမျိုးကို ခေါ် တာပါ။
ဒါတွေဟာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်သာဖြစ်တယ်။ မွတ်စလင် လူထုကြီးနဲ့မဆိုင်ဘူး။ ဒီလိုလား

ကဲ ဟုတ်ပြီ၊ ဒါဆို ဒီလုပ်ရပ်တွေအတွက် ဘယ်မွတ်စလင်အစိုးရက ရှေ့ဆောင် ပြီး ကန့်ကွက်၊ စုစည်း၊ တော်လှန်သလဲ။ (မွတ်စလင်ကမ္ဘာနဲ့ စာရင် လက်ရှိ ဂျီဟတ်က နည်းနည်းလေးပါ)
ဘယ်မွတ်စလင်နိုင်ငံလူထုက ဒီလုပ်ရပ်တွေကို ရှုံ့ချရင်း လမ်းပေါ်တက် ဆန္ဒပြနေကြသလဲ။
မွတ်စလင်မှန်ရင် အကြမ်းဖက်နေသူနဲ့ အကြမ်းဖက်သူကို ကြိတ်ပြီးထောက်ခံသူ ပဲရှိတယ်ဆိုတဲ့ ကမ္ဘာ့အမြင်ကို မွတ်စလင်တွေ ဘယ်လို ချေဖျက်ကြမလဲ။





(အန်အော်ဖစ်ရှယ်)သမ္မတအကြံပေး ဦးကိုမောင်


တရုတ်သမ္မတကြီးက မိုက်တယ်နော် သမ္မတကြီး (ဦးသိန်းစိန်).....
ဒီလူကြီးသုံးယောက်က ကျန်ဇီမင်းရဲ့ ငယ်မွေးခြံပေါက်တွေတဲ့။ ဘယ်သူမှ မထိရဲတဲ့ လူကြီးတွေတဲ့ဗျာ။
၁။ Mr Zhou (တစ်နိုင်ငံလုံးရဲ့ တရားရေး၊ ပြည်ထဲရေးကို ထိမ်းထားသူ)
၂။ Xu Caihou (ဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေး)
၃။ Bo Xilai (အတိုက်အခံခေါင်းဆောင်၊ ပါတီတွင်းနေမှာပေါ့ဗျာ၊ တရုတ်ကိုး။)
သူ့ ပြောင်းလဲရေးမှာ အံမဝင်လို့ (သို့) လောင်းရိပ်ကြီးနေလို့ (သို့) ထပ်ပြီး ချမ်းသာ စရာ မလိုတော့လို့ (သို့) သူ့အတွက် အန္တရာယ်ရှိနေလို့ တစ်ယောက်ချင်း ဖဲ့ထုတ် လိုက်တာတဲ့ဗျာ။ အတော်ရဲတဲ့ လုပ်ရပ်တဲ့။




source


သမ္မတကြီးရော အဲသလို အစီအစဉ်တွေမရှိဘူးလား။ အကြီးဆုံးသုံးယောက်လောက် ကိုင်လိုက်ပါလား။ ပြည်ထောင်စုဆရာကြီး ပါပါစေပေါ့။ တော်တော်ကြောင်တဲ့ လူကြီးဗျာ။
သုံးယောက်နဲ့ မရရင် ခြောက်ယောက်။ ခြောက်ယောက်နဲ့ မရရင် ၁၂ ယောက်၊ ၁၂ ယောက်နဲ့ မရရင် နှစ်ဒါဇင်ပေါ့ဗျာ။ ဘယ်တတ်နိုင်ပါ့။

အမျိုးတွေ ကျိကျိတက်ချမ်းသာပေမဲ့ သမ္မတကြီးမိသားစုကတော့ သာမန်ပဲဆိုလား လို့ပါ။
ဒါဆို တရုတ်သမ္မတအတိုင်းပဲ။
သူ့ကိုမှီပြီး လုပ်စားသွားတဲ့ အမျိုးတွေက ကျိကျိတက်ချမ်းသာပေမဲ့ သူ့မိသားစု ကတော့ ပုံမှန်လေးပဲတဲ့။
သူ့ချမ်းသာနည်းက သမ္မတကြီးလိုပဲ အနုပညာပါတယ်။ ဟဲ ဟဲ။

Back pain


ဘာသာပြန်အကြောင်း


ဘာသာပြန်အကြောင်း နည်းနည်းပါးပါးဆွေးနွေးကြပြီးတဲ့နောက် မိတ်ဆွေ တစ်ယောက်က သူ့မှတ်စုထဲက ဆရာကြီးတွေရဲ့ အဆိုအမိန့်တွေကို ဗိုက်ဘာက တဆင့် ပို့ပေးလို့ ကျေးဇူးတင်စွာ တစ်စုတစ်စည်းထဲ ရလိုက်ပါတယ်။ မောင်သော် က စကားက ပိုပြီးအသေးစိတ်ကျတယ်။
တစ်ခါတစ်ခါ ဆရာကြီးတွေအချင်းချင်း အယူအဆမတူတာတွေလည်း ရှိနေနိုင် ပါတယ်။ ဒါဆိုရင် နှစ်ယောက်စလုံးကိုနားထောင်လို့မဖြစ်နိုင်တော့ဘူး။ တစ်ယောက်ကိုပဲ နားထောင်ရတော့မယ်။ တစ်ခါတစ်ခါ ဘယ်သူ့ကိုမှ နားမထောင်ဘဲ ကိုယ့်ဟန်ကို ဖမ်းယူရမယ့်ကိန်းလည်း ဆိုက်နေနိုင်ပြန်တယ်။

တိုက်တိုက်ဆိုင်ဆိုင် သစ္စာရှိမှုနဲ့ပတ်သက်လို့ သောကြာနေ့က စထရိတ်တိုင်းမှာ တရုတ်စကားလုံးတစ်လုံးအကြောင်း ပါလာတယ်။ ကျနော် တရုတ်စာ မတတ်ပါ ဘူး။ ဆောင်းပါးရှင်အဆိုအရ အက္ခရာလေးလုံးရှိတဲ့ တရုတ်သမ္မတရဲ့ ပေါ်လစီ အကြောင်း စကားလုံးကို ဘာသာပြန်ဆိုဟန် ကွဲနေပုံပါ။
၁။ သေရေးရှင်ရေးပြသနာကို ကိုင်တွယ်ဖြေရှင်းခြင်းလို့ မူရင်းအဓိပ္ပါယ်ရှိပါသတဲ့။
၂။ ဒါကို အင်္ဂလိပ်လိုပြန်တော့ "Do or die" ဖြစ်သွားတယ်။
၃။ ဒါပေမဲ့ တရုတ်သမ္မတကျင့်သုံးနေပုံက "I live, you die" ဖြစ်နေတယ်တဲ့။

ဒီတော့ သစ္စာရှိမှုအောက်မှာတင်ပဲ
၁။ စကားလုံးအပေါ် သစ္စာရှိမှုလား (၏ သည်မလွဲ ပြန်ဆို)
၂။ စာရေးသူရဲ့ ခံစားချက်အပေါ်သစ္စာရှိမှုလား
၃။ အနေအထားအားလုံးကို ခြုံကြည့်လို့ ရလိုက်တဲ့ အဓိပ္ပါယ်အပေါ်သစ္စာရှိမှုလား စသည် ကွဲနေပြန်ပါတယ်။
ဒီဟန်ချက်တွေကို ညှိယူရာမှာ ဆရာကြီးတွေလည်း တစ်ဦးနဲ့တစ်ဦး တူညီနေကြ မှာ မဟုတ်တော့ဘူးလို့ စဉ်းစားမိနေမိပါတယ်။

၂၀၁၄၊ ၂၀၁၅ ဟောစာတမ်း


အေသွေး၊ ဘီသွေး၊ စီသွေး၊ ဒီသွေး၊ အီးသွေး ဇက်သွေး ဘယ်သွေးပိုင်ရှင်မဆို ဆိုင်၏
ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေသဖြင့်
မန်ယူပရိသတ်နှင့်ဦးသိန်းစိန်ပရိသတ်များ ဤရာသီအတွင်း မျက်နှာငယ်လတံ့။
ဟုတ်နိုးနိုးမျှော်လင့်ချက်များအတွက် စိတ်ပူရလတံ့။ နောက်ဆုံး စိတ်ပျက်စရာ ကြုံရလတံ့။
အောင်ပြီ အောင်ပြီ ဟု ဖင်တုန်အောင်အော်ပြီး ယတြာချေသော်လည်း မထူးခြားနိုင်၊
အကြောင်းကား ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေခြင်းကြောင့်ဖြစ်သည်။

ယတြာ။ အချိန်မနှောင်းမှီ အသင်းပြောင်း အားပေးပါ။

တိုလီမိုလီမှတ်စု(၂)


ဆွမ်းခံအိမ်ကောင်းကောင်းမရှိတဲ့ ကိုယ်တော်တွေနဲ့ ဘူမိဗေဒကျောင်းဆင်း အမျိုးသားတွေ တူတယ်(လို့ ထင်တယ်)။
သူတို့အများစုက ဟင်းချက်ကောင်းတတ်ကြပါတယ်။ ဝက်သား၊ ပဲကြီးနှုပ်၊ မန်ကျည်းရွက်စပ်ချဉ် ဘာချက်ချက် အရသာရှိပါယ်။

ဘူမိဗေဒကျောင်းမှာ အမျိုးသားတွေများခြင်း၊ ကွင်းဆင်းရာကအစ ကိုယ်တိုင် ချက်ပြုတ်စားရခြင်းတို့ကြောင့်် ဟင်းချက်ကောင်းလာရခြင်း ဖြစ်ဟန်တူပါတယ်။
သုတေသနမို ပြောရပေမဲ့ စိတ်မကောင်းပါ။ ဘူမိဗေဒကျောင်းဆင်း အမျိုး သမီးတွေကတော့ သိပ်မစွံကြပါ။ အခြားမေဂျာတွေနဲ့မတူ အမျိုးသားများ တဲ့ ကျောင်းဖြစ်နေတဲ့အတွက် မရှိမဲ့ရှိမဲ့ (သိပ် မချော၊ မလှစေဦးတော့) အမျိုးသမီးတွေက ဦးစားပေးခံရပြီး ဘာမှချက်စရာမလို၊ ဆရာများ၊ အမျိုးသားဘော်ဒါများ ချက်ကျွေးသည်ကို လက်လျှို တီးလာခဲ့ခြင်းကြောင့် ဟင်းချက် ညံ့သွားဟန် တူပါတယ်။
(စင်္ကာပူရောက် ဂျော်ဆရာ၊ ဆရာမတွေကိုသာ သုတေသနပြုထားတာဖြစ်လို့ ရာနှုန်းပြည့်မှန်တယ်လို့ မဆိုရဲပါ။ ဂျော်ဆရာမများ သဘောမတူရင် လက်တွေ့ ချက်ကျွေးပြနိုင်ပါတယ်)





img from ဆြာ တွတ် FB

ဆွမ်းခံအိမ်ကောင်းကောင်းမရှိတဲ့ ကိုယ်တော်တွေကတော့ ဆွမ်းခံထွက်နေ လည်း ဟုတ်တိပတ်တိ မရတဲ့အတွက် မိုးလေး တစ်ပေါက်နှစ်ပေါက် ကျတာနဲ့ ကျောင်းမှာ ချက်စားဖို့ပဲ ပြင်ကြပါတယ်။
ဆွမ်းခံအိမ်ကောင်းကောင်းရှိတဲ့ ကိုယ်တော်တွေက "မရွာပါဘူးကွာ၊ ကောင်းကင်ကြည့်၊ ကြည်နေတာပဲ၊ လာ ဆွမ်းခံပဲထွက်မယ်" လို့ဆိုတတ်ပေမဲ့
"စစ်အစိုရးရနဲ့မိုး အစိုးမရ" ဆိုပြီး ချက်ဖို့ပဲ တကဲကဲလုပ်ရာက ၎င်း အရှင်ဘုရားတွေလည်း အိမ်ရှင်မတွေ လက်ဖျားခါလောက်တဲ့ ဟင်းချက် စပယ်ရှယ်လစ်တွေ ဖြစ်လာတတ်ကြပါတယ်။
(မန္တလေး၊ ဘုန်းကြီးကျောင်းလောကကိုသာ သုတေသနပြုထားတာဖြစ်လို့ ရာနှုန်းပြည့်မှန်တယ်လို့ မဆိုရဲပါ။)

အရှေ့ အနောက်၊ အနောက် အရှေ့



လူကြီးမင်းတို့အနေနဲ့ ဒီလူကြီးလေးယောက်ကို သိမှာပါနော်၊ လေးယောက်စလုံး ကို မသိရင်တောင် နှစ်ယောက်၊ နှစ်ယောက်မဟုတ်တောင် အရင်ဆုံး လူကြီး ကိုတော့ သိမှာပါ။
သိက္ခာရှိရှိ၊ ကိုယ့်ဒူးကိုယ်ချွန် ကျိကျိတက်ချမ်းသာလာကြတွေပေါ့။ လူကြီးမင်းတို့ကိုပြောချင်တာက သူတို့ဘယ်လောက်ချမ်းသာသလဲဆိုတာ မဟုတ် ပါဘူး။ ငါတို့အမှီလိုက်မယ် လုပ်မနေကြပါနဲ့။ မြန်မာ့မြေပုံက ဒဏ်ရာတွေ၊ အလယ်ခေါင်က ချုပ်ရိုးကြောင်းကြီးတွေနဲ့ ရစရာ မရှိတော့ပါဘူး။
စိတ်ဝင်စားစရာက သူတို့ချမ်းသာလို့ သူတို့ကလေးတွေ ဖိုးလပြည့်တွေဖြစ်မသွား ဘူး။ ဖျက်ဆီးခြင်း မခံလိုက်ရဘူးပေါ့ဗျာ။
သား သမီး မြေးတွေကို ငါသေရင် အားလုံး နင်တို့အတွက်ဆိုပြီး ကလေးတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးမပစ်ကြဘူး။ သူတို့ကလေးတွေဟာ သူတို့လောက် မစွမ်း ရင်သာရှိမယ်၊ ဖိုးလပြည့်လေးတွေတော့ ဖြစ်မသွားဘူး။

ဘာမှ မပေးဘူးတော့ ဘယ်ဟုတ်မလဲ။ အကောင်းဆုံးပညာရေး ပေး တာ။ ခြေစောင့်လက်စောင့် ငွေပေးတာ၊ အလုပ်အတူတူလုပ်ရင်း လမ်းပြ လက်တွဲခေါ်တာတွေတော့ ရှိတာပေါ့။ ဘီလီယံနာရဲ့ သားသမီးတွေပဲ ဒီ အခွင့်အရေးလောက်တော့ ရသင့်တာပေါ့ဗျာ။ ကိုယ်မစွံရင် ဘာမှ အလကားမရဘူး

ဒါနဲ့ စကားမစပ် လူကြီးမင်းတို့ မျိုးဆက် ဘယ်နှဆက် ထိုင်စားလောက်အောင် ချမ်းသာနေပြီလဲ။
ချမ်းသာမှုတွေက အထက်က ဘီလျံနာကြီးတွေလို သိက္ခာရှိရှိလား။
လူကြီးမင်းတို့ တရားဝင်လစာ ဘယ်လောက်လဲ။ လူကြီးမင်းတို့ မသေကြတော့ ဘူးလား။

ကြည့်။
အရှေ့က လူယုတ်မာကြီးတွေက မတရား၊ နှိပ်စက် ငွေရှာ။ အရေးရယ် အကြောင်းရယ်ဆို ထွက်ပြေးဖို့ ပြည်ပမှာ ငွေစု၊ ခြေလှမ်းပြင်။ မဟုတ်တော့လည်း ပြေးပေါက်က ကြည့်ထားရတာပေါ့လေ။
အနောက်က ဘီလျံနာတွေက သူတို့ဘာသာ ရှာဖွေထားတာတောင် သူများတွေကို ပြန်ပေးပစ်တယ်။ သားသမီး မြေးတွေဖို့က ပညာရေးနဲ့အနာဂတ် အမွေ။
မော်ရယ်တန်ဖိုးက တော်တော်ကွာနေပြီ။
တကယ့် စစ်စစ်ပေါက်ပေါက် သမိုင်းနဲ့ မနုသဗေဒ ပြောနေတာက အဲဒါတွေက အရှေ့ရဲ့ အဓိက မော်ရယ်တန်ဖိုးတွေ တဲ့။
လူကြီးမင်းတို့က နိုင်ငံကို အိုးမဲသုတ်
ဗုဒ္ဓဘာသာကို အိုးမဲသုတ်
အာရှမော်ရယ်တန်ဖိုးကို အိုးမဲသုတ် တွေပဲ။
မသေခင် မင်္ဂလသုတ်နဲ့ သိင်္ဂါလောဝါဒသုတ် ဖတ်သွားကြပါအုံး။

ကမ္ဘာ့သာသနာပြုက ရှေးရိုးစွဲ စိတ်ဓာတ်ကို အရင်ပယ်နိုင်မှ


မြန်မာရဟန်းတော်တွေအကြား အိန္ဒိယနဲ့သီဟိုဠ်ကို စာသင်သွားတယ်ဆိုတာ အသက် နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်မှ။
ပညာရေးအရ တိုက်ရိုက်ဆက်သွယ်လို့ရတာကလည်း ဒီနှစ်နိုင်ငံ၊ ထိုင်းထည့်ရင် သုံးနိုင်ငံပဲရှိမယ်။
မနေ့က သီဟိုဠ် ကိုယ်တော်လေးတစ်ပါး Buddhist Collage of Singapore တက်ဖို့ ကျောင်းရောက်လာတယ်။ ၁၈ နှစ် မပြည့်သေးဘူး။ (Buddhist and Pali Collage မဟုတ်ပါ)
သူ့အသက် ၃၀ ဆယ်ဆိုရင် ပြည်ပအတွေ့အကြုံ အတော်ရပြီးနေပြီ။ ရောက်
တဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုကို အစောကြီး လေ့လာသင်ယူ ခွင့်ရှိတယ်။ သူ့မှာ ဒေသ ခံတွေနဲ့ သဟဇာတဖြစ်ခွင့် ပိုရှိတယ်။
မင်္ဂလဝိဟာရ ထောင်သွားတဲ့ ဆရာတော် မဟာဝီရက အသက် ၁၆ နှစ်မှာ မလေးရှားရောက်နေပြီ။
ကမ္ဘာ့သာသနာပြုက ရှေးရိုးစွဲ စိတ်ဓာတ်ကို အရင်ပယ်နိုင်မှထင်တယ်။ မြန်မာ ကိုရင်ကြီး၊ ရဟန်းငယ်တွေ စွမ်းရင်ကြိုးစားကြည့်နိုင်ပါတယ်။

လူသိနည်းသည့် ရဟန်းဒုက္ခ



ဒကာတစ်ယောက်နှင့် အတူတက္ကစီစီးကာ တန်တောက် စင်းဆေးရုံမှ ပြန်လာခဲ့၏။ ကျောင်း၏ ဖောင်းဒင်း မန်ဘာဒကာကြီးတစ်ယောက်အတွက် ဗောဇ္ဈင်သုတ် သွားရွတ်ရာမှ ပြန်လာခြင်းဖြစ်၏။ P.I.E လမ်းပေါ်မှာ….  

“ဒုန်း - ဒုန်း - ဒုန်း”



အသံကြီး သုံးသံဆက်တိုက်ကြားလိုက်ရပြီး တဒင်္ဂမျှ အသက်ရှုဖို့မေ့သွားခဲ့၏။ အသက်ကမူ ရှုဆဲ၊ ရှူနေသည်ကို မသိတာလည်းဖြစ်နိုင်၏။ တဒင်္ဂမျှ ကြာသောအခါ ရှေ့နောက်ဝဲယာ ကို ကြည့် လိုက်မိ၏။

ဘုရား… ဘုရား …. ။ စီးလာသော တက္ကစီ၏ အဖုံးများလွင့်ပျံထွက်သွားပါလား။ ကားသုံးစီး ဆက်တိုက် တိုက်မိခြင်းတည်း။ ကားနောက်ခန်းမှ ထိုင်နေခဲ့သော်လည်း ထိုနေ့က ကံကောင်းထောက်မ စွာ ထိုင်ခုံခါးပတ် ပတ်ထားခဲ့မိ၏။ ထို့နောက်လက်ကိုလှုပ်ကြည့်၏။ ခါးကိုဆန့်ကြည့်၏။ ခြေကိုဆန့်ကြည့်၏။ လည်ပင်းကို လှုပ်ရှားကြည့်၏။ အမှားအယွင်းမရှိ။ ဘာမှ မဖြစ်။ ကားက မူ ရုပ်ပျက်ဆင်းပျက်။

ထိုဒကာနှင့်အတူကားပေါ်မှ ဘာမှ မဖြစ်သကဲ့သို့ခပ်တည်တည် ဆင်းကာ သူ့ကိုပင် ဘာဖြစ်သေး လဲဟု မေးမိ၏။ ထိုဒကာနှင့် တက္ကစီသမားလည်း ကျန်းမာပကတိ ရှိကြ၏။ ကံကောင်းသည် ဟုဆိုရမည် မှာ နောက်မှ ရှေ့ဆင့်နောက်ဆင့် တိုက်လိုက်သော ကားနှစ်စီးတွင် တစ်စီးမှ လော်ရီကားမပါခြင်းတည်း။



ထို့နောက်တက္ကစီ နောက်တစ်စီးကိုငှားကာ ကျောင်းသို့ ပြန်လာခဲ့ကြ၏။

“ အရှင်ဘုရားရယ်…. ရင်တုန်ပန်းတုန်ရှိလိုက်တာ ဘလက်ဇင်( Blessing ) လုပ်ပေးပါဦး”  ဟု မိမိလောက် အန္တရယ်မရှိသောနေရာတွင် ထိုင်ခဲ့သော ဒကာက လျှောက်၏။ အမှန်မူ ရဟန်းလည်း လူဖြစ်၏။ ထို့ထက်ရှင်းအောင်ဆိုရလျှင် သီဟနာဒဆိုသည့် ရဟန်း၌ ဒေါသကိလေသာရှိဆဲတည်း ။ ကြောက်၏။ (ကိလေသာ ဆယ်ပါးချမ်းသာသည့် ရဟန်းဖြစ်၏။ တစ်ပါးမှ မသုံးရသေး။ မကုန်သေး ဟူလို) သို့သော် ကြောက်စိတ်မပြေရှာသေးသော ထိုဒကာကိုမူ ချွေးသိပ်ရန်တာဝန်ရှိနေ၏။ ရဟန်းပေကိုး။

ဂုဏ်တော်ကိုးပါးကို ခပ်တိုးတိုးရွတ်၏။ ယံ ဒုန္နိမိတ္တံကိုရွတ်၏။ ဘဝတု သဗ္ဗမင်္ဂလံကို ရွတ်၏။ သဗ္ဗီတိယောကို ရွတ်၏။ ပန်းခက်လေးဖြင့် ပရိတ်ရေဖြန်းပေးလိုက်၏။



“ ကျေးဇူးပါအရှင်ဘုရားရယ်။ အခုမှ နေသာထိုင်သာ ရှိသွားတော့တယ်” ဟု ထိုဒကာက လျှောက်ကာပြန်သွား၏။

“ အင်း…. ငါကရော ဘယ်သူ့ကိုသွားပြီး Blessing အလုပ်ခိုင်းရပါ့။ သေတွင်း မှ လက်နှစ်လုံးလောက်သာ လွတ်ခဲ့၏။ ရင်ခုန်၊ ရင်တုန်သံများ မငြိမ်းသေး “

ရဟန်းဖြစ်သည့်အတွက် ခပ်တည်တည်ဖြင့်ပင် ဟန်ဆောင်လိုက်ရ၏။
လိမ်လည်မှုလေလော? အပြစ်မဟုတ်ဟုတော့ထင်၏။

သီဟနာဒ



29/12/2011



Copyright © 2011 ကမ်းလက်. All rights reserved.

မီးလောင်မြေမှာ ပွင့်တဲ့ပန်း


ဟွန်ဇာ(Hunza) လို့ခေါ်တဲ့ နိုင်ငံပေါက်စလေးရှိတယ်၊ ပါကစ္စတန် အနောက် ပိုင်း၊ ဝေးကွာပြီး တောတောင်ထူထပ်တဲ့ တောင်ပေါ်ဒေသပေါ်မှာ။ အာဖဂန်နစ္စတန်၊ ယခင်ဆိုဗီယက်၊ တရုတ်၊ ကက်ရှ်မီးယားတို့နဲ့နယ်မြေချင်း ဆက်စပ်တယ်။
ပါးစပ်ရာဇဝင်အရ သူတို့တတွေဟာ ဘီစီ လေးရာစု၊ အလက်ဇန်းဒါး ဘုရင်နဲ့ အတူပါလာတဲ့ စစ်သားမျိုးဆက်တွေပါ၊ စစ်ရဲ့အနိဋ္ဌာရုံတွေကို တွေ့မြင်ခံစာရပြီး ဘယ်မှမသွားတော့ဘဲ ဟွန်ဇာမှာ အခြေချနေထိုင်လိုက်ကြတယ်။ ကြာလာတော့ ပါရှန်းအမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုကြရင်း ပေါင်းစပ်လူမျိုးစုလေး ဖြစ်လာတယ်။ သူတို့ပြောတဲ့ ဘူဘူရှက်စ်ကီ(Bubushasky) ဘာသာစကားကလည်း ဘယ် ဘာသာစကားနဲ့မှ ဆက်စပ်မနေဘူး။

အစ္စလာမ် အားကောင်းလာတော့ သူတို့လည်း ကိုရန်ကျမ်းကို မဖြစ်မနေ သင်ယူ ရတယ်။ ဒါပေမဲ့ သူတို့နှလုံးသားထဲ ကိုရန်မရောက်ဘူး။ သူတို့ဆီမှာရှိနေတာက ရှေးဟောင်း သာရ (Essence) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ အဆုံးအမတွေဖြစ်ပြီး ကက်ရှ်မီးယားမှာ ထွန်းကားခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ ဓလေ့ စရိုက်တွေအားလုံး သူတို့ဆီမှာ တွေ့မြင်ရတယ်။


img source

(ကက်ရှ်မီးယားနဲ့ အရှေ့အလယ်ပိုင်း၊ ဥရောပဆီရောက်သွားတဲ့ ဗုဒ္ဓဘာသာဂိုဏ်း ကို သာရဂိုဏ်းလို့ ခေါ်ပါတယ်။)
လူကြီးလူငယ် ယဉ်ကျေးသိမ်မွေ့ပြီး မြေပြင်မှာထိုင်၊ တရားရှုမှတ်နေတတ်ကြ တယ်။
နှလုံးရောဂါ၊ ဆီးချိုသွေးတိုး၊ ကင်ဆာ စတဲ့ရောဂါတွေ မရှိကြဘူးတဲ့။ သူတို့နိုင်ငံလေးမှာ ရဲစခန်း၊ ထောင်၊ စစ်တပ် မရှိဘူး။ နှစ်ပေါင်း ၁၅၀ အတွင်း ရာဇဝတ်မှု တစ်ကြိမ်မှ မဖြစ်ဘူးသေးဘူး။
ကိုရန်ရွတ်ရင်း ဗုဒ္ဓရဲ့ "သာရ" အကျင့်ကိုကျင့်နေဆဲ အစ္စလာမ်ကမ္ဘာထဲက တစ်မူ ထူးခြားနေတဲ့ လူနည်းစုလေးပါ။ သူတို့ဆီမှာရှိတဲ့ ရိုသားနွေးထွေးမှုမျိုး ဘယ် အစ္စလာမ်နိုင်ငံမှာမှ မတွေ့ရဘူးလို့ ကျမ်းပြုသူက ညွှန်းဆိုထားပါတယ်။

Ref: Buddhism and Islam. The King of the Jews? p374.

အမှာ။ ။ ကမ်းလက်ရဲ့စာတိုတွေဟာ သူဖတ်၊ သူလေ့လာနေတဲ့ စာအုပ်နဲ့ အကြောင်းအရာတွေကို ရောင်ပြန်ဟပ်နေနိုင်ပါတယ်။ သဘောမတွေ့ရင် သည်းခံကြပါရန်။

သီဟိုဠ်မှာ နာမည်အကြီးဆုံး စာအုပ်တစ်အုပ်


အရင်နေ့က တင်လိုက်တဲ့ ရဟန်းရဲ့ပုံဟာ ဒီ သုတေသနစာတမ်းထဲကပါ။ ဖင်လန်နိုင်ငံသား ဒေါက်တာတစ်ယောက်ရဲ့ ဒေါက်တာဘွဲ့အတွက် တင်ခဲ့တဲ့ ကျမ်းဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေက အိန္ဒိယနဲ့သီဟိုဠ်မှာ(သီဟိုဠ်မှာ နာမည်အကြီးဆုံး စာအုပ်တစ်အုပ်လို့သိရ) လူသိများပြီး မြန်မာပြည်မှာ ဟိုတစ်စ ဒီတစ်စ ပြောကြ တာလောက်ပဲရှိပါတယ်။ ဒါတောင် ဦးဥက္ကဋ္ဌတို့ဆရာတပည့်တွေရဲ့ ကျေးဇူးလို့ ဆိုရပါမယ်။ ကျမ်းစာအနေနဲ့ ထူထူထဲထဲမရှိဘူး။(ရှိခဲ့ရင် မသိခဲ့မိဘူး) ဂျီးဇက် ခရိုက်ရဲ့ သမိုင်းနဲ့ပတ်သက်လို့ အဲလစ်ဇဘက် ကလဲရာ ပရိုဖက် (Elizabeth Clare Prophet) ရဲ့ "The lost years of Jesus" (၁၉၈၄ Summit University Press U.S.A) စာအုပ်နဲ့အတူ သမိုင်းတန်ဖိုးရှိတဲ့ စာအုပ်လို့ ယူဆနိုင်ပါတယ်။
ကျမ်းပြုသူက စကားနည်းနည်းကြမ်းတယ်။ သမ္မာကျမ်းစာသစ်ဟာ ကမ္ဘာ့ အကြီးမားဆုံး လိမ်ညာမှုလို့ အထောက်အထားတွေနဲ့ စွပ်စွဲထားတယ်။ ဒီစာအုပ်ဟာ အနောက်ရဲ့ကြိုဆိုမှုကိုတော့ မရခဲ့ပါဘူး။
သမိုင်းကိုစိတ်ဝင်စားတဲ့ ဗုဒ္ဓဘာသာတွေ ပညာရှင်ရှုထောင့်ကနေ ဖတ်ကြည့်သင့် တယ်လို့ ယူဆပါတယ်။



ရေသည်ယောက်ျားရဲ့ ရေဘေးအလှူ(၁)


စင်္ကာပူမှာ စာအုပ်ဝယ်ယူအားပေးသူတွေဆီက စုစုပေါင်း ဆင်းဒေါ်လာ ၈၀၀ ကျော် (ဒီနေ့အထိ) ရရှိပါတယ်။
အဲဒီအထဲက ရေဘေးအတွက် မြန်မာငွေ ကျပ်ငါးသိန်းကို ဆရာရဟန်းတစ်ပါး ကတဆင့် ပရဟိတအဖွဲ့ကြီးတစ်ဖွဲ့ထံ လှူဒါန်းနိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။
မများလှပေမဲ့ ကာယဉာဏ ချွေးနည်းစာလေးမို့ ရေသည်ယောက်ျားရဲ့ ငွေ တစ်မတ်လို ခံစားရပါတယ်။
စာအုပ် ဝယ်ယူအားပေးခဲ့သူတွေကို မုဒိတာစကား မျှဝေလိုရုံ သက်သက်ပါ။

တိုလီမိုလီမှတ်စု


ရဟန်းငယ်တွေထဲက သာသနာ့တက္ကသိုလ်ရောက်သွားသူတွေနဲ့ လူငယ်တွေထဲ က အင်ဂျင်နီယာဖြစ်သွားသူတွေ တူတယ်(လို့ ထင်တယ်)
၁။ ပညာရေးမှာ နှစ်မျိုးလုံးက ထိပ်ဆုံးမဟုတ်ဘူး။(ရဟန်းလောကမှာ တိပိဋကနဲ့ အဘိဝံသက ထိပ်၊ လူ့လောကမှာ ဆေးကထိပ်။
၂။ သူတို့နှစ်ဖွဲ့လုံးကဉာဏ်မကောင်းကြတာမဟုတ်ကြဘူး၊ တောင်စပ်စပ် မြောက် စပ်စပ် ဝါသနာပါတာ၊ ဒီတော့ စာမေးပွဲရမှတ်မှာ ဆေးမမီ၊ အဘိဝံသ မဖြစ်ကြ ဘူး။ ဖြစ်ချင်ဟန်လည်း မတူဘူး။(ကျောင်းစာမှ ကျောင်းစာ မဟုတ်ကြဘူး)
၃။ လူကြီးဖြစ်လာတော့လည်း နယ်ပယ်စုံတယ်၊ အနုပညာက(ဂျူး၊ မင်းခိုက် စိုးစံ၊ နေမျိုးဆေးတို့အုပ်စုက ချွင်းချက်) အစ နိုင်ငံရေးအဆုံး(ဥပမာ မဇ္ဈိမလှိုင်း ဆိုရင် နိုင်ငံရေးနဲ့ အင်ဂျင်နီယာပြုတ်တွေ)။ တော်လှန်ရေးသမားတွေ လည်း ပိုများတယ်။




မန္တလေးထွက်ရဟန်းတွေက အိုးထဲက အပင်လေးတွေနဲ့ တူတယ်(လို့ ထင်တယ်)

၁။ အတွေ့အကြုံ၊ ဆက်ဆံရေး၊ ပြည်ပ ဗဟုသုတ ရန်ကုန်လောက်မရှိတော့ အကန့်အသတ်နဲ့ ရှင်သန်ကြီးထွားနေရတယ်။(ရန်ကုန်က ကိုယ်တော်တွေ အစိုးရဒေါ်လာလေးရာနဲ့ ဗုဒ္ဓဂယာကို အရှိုရှိုထွက်နေချိန် မန္တလေး ကိုယ်တော်တွေက အင်္ဂလိပ်စာတွေ နင်းကန်ကျက်နေကြတုံး စသည်)
၂။ အိုးထဲက အပင်လေးတွေက မြေကြီးပေါ်ရောက်တာနဲ့ ရုတ်တရက် ကြီးထွား လာသလို (အိုးထဲမှာ အလွန်အမင်း ကြာမနေရင်ပေါ့) အပြင်ထွက်လာတဲ့ မန္တလေးကိုယ်တော်တွေလည်း အပြင်ရောက်လာတာနဲ့ အစွမ်းပြလာကြတယ်။ ရန်ကုန်ထက် မသာရင်သာနေမယ်၊ သူ့လိုင်းနဲ့သူ မညံ့ကြဘူး။

မြန်မာ့ မြို့တော်သိန်းအောင်


ကံကောင်းတယ်လို့ပဲ မှတ်ယူပါတယ်။ ဒီနေ့ ညနေ ငါးနာရီမှာ"The Clash of Civilizations" ကို အပြီးသတ်နိုင်ခဲ့တယ်။
၆နာရီခွဲတော့ ဟဲမင်ဝေးရဲ့ ဒီ"The Sun also Rises" စာအုပ် ရရှိခဲ့တယ်။
သူကိုယ်တိုင် မသေခင်ကပြခဲ့တဲ့ မြို့တော်သိန်းအောင်ရဲ့ မေတ္တာမြေမှာ ပွင့်သောပန်း(နောက်ပိုင်းမှာ ကိုးဆယ်ဆသာလိမ့်မယ် ပြဇာတ်၊ ရုပ်ရှင်)
ကို အဖေလိုက်ပြလို့ ကျောက်တော်ကြီးဘုရားပွဲမှာ ကြည့်ရတဲ့ ကလေးဘဝက ခံစားမှုမျိုး ပြန်ရတယ်။
အနုပညာလိုင်း မတူဘူးဆိုတော့ မှားရင်မှားနိုင်ပါတယ်။ ဒါပေမဲ့ ဟဲမင်ဝေးကို မြန်မာ့ မြို့တော်သိန်းအောင်လို့ ခံစားမိတယ်။



**High Post**

ကျီးကန်းတစ်ကောင်က သစ်ကိုင်းပေါ်မှာ တစ်နေ့လုံးနားနေတယ်၊ မယ်မယ် ရရ ဘာအလုပ်မှလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယုန်ကလေးတော့ အား ကျနေတာပေါ။
"ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တစ်နေ့လုံး ထိုင်နေချင် လိုက်တာ" ယုန်ကလေးက ပြောတော့
"လာလေ၊ မင်းလည်း သစ်ပင်အောက်လာထိုင်နေပေါ့" လို့ကျီးကန်း က ပြန်ပြော တယ်။
ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်းနားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။
ဘာမှမကြာဘူး၊ မြေခွေးတစ်ကောင်ရောက်လာပြီး ယုန်ကလေးကို ဖမ်း စား သွားလေရော တဲ့။



Management lesson: To be sitting and doing nothing, you must be sitting very very high up.
သင်္ခန်းစာ။ ။ ဘာမှမလုပ်ဘဲ တစ်နေ့လုံး ထိုင်နေဖို့ဆိုရင် အလွန့် အလွန်မြင့်တဲ နေရာမှာ နေမှ ရမယ်။

Ref: Management lessons.


23/06/2013

အရွေ့နှုန်း



ဧဝံ မေ သုတံ ( မန်းကို လွမ်းလို့ တမ်းတဲ့ စာ ၃ )

သီဟနာဒကိုယ်တိုင် မန္တလေး စာသင်သွားသောနှစ်မှာမှ ၈၈ အရေးအခင်းကြီးကလည်း အုန်းကနဲ ထဖြစ်တော့၏။
နာကြည်းဖွယ်ရာတို့ကို အစ မဖော်လိုတော့၊ ပျော်စရာလေးများကိုဖြင့် မကြားဖူးသူများ ကြားဖူးရန်၊ကြားဖူးသူများ အတွက် ကြားဖူး ထပ်မံ မျှချင်သည်။

အိမ်တော်ရာ ဘုရားထဲမှ အမြောက်ကြီးများ
စစ်တပ်ကဗိုလ်ချုပ်ကြီး ( ဥပဒေမာရှယ်လော ) ထုတ်၊ ပစ်မိန့်ပေးလိုက်ရာ အိမ်တော်ရာစစ်ကြောင်းမှ
သံဃာတော်တို့လည်း အားမတန် မာန်လျှော့ ကိုယ့်ကျောင်းကို ပြန်ကြတော့၏။
သို့သော် အချို့ကား တတ်နိုင်သရွေ့တော့ တော်လှန်ရဦးအံ့ဟု အံခဲကာ မဟာဗျူဟာတစ်ခု အကောင်အထည် ဖော်ကြ၏။
ယင်းကြောင့် နန်းတွင်းစစ်တပ် ပြာယာခတ်သွားတော့သည်။
" အိမ်တော်ရာ ဘုရားထဲမှာ အမြောက်ကြီး ငါးလက် မှန်ပြောင်းဖြင့် လှမ်းမြင်နေရသည်၊ အရမ်း မတက်ကြလေနှင့် " ဟူသတတ်။
ထို့ကြောင့် ရှေ့တန်း သူပုန်စခန်းကို သိမ်းပိုက်သလို ညပိုင်း၌ လေးဖက်တွားရင်း ခဲရာခဲစစ် သိမ်းပိုက်လိုက်နိုင်၏။
ထိုအခါမှ သိရတော့သည်။ ဓာတ်တိုင် အကျိုးများကို နန်းတွင်းဖက်ဆီသို့ ချိန်ကာ အုတ်ကျိုးတို့အပေါ် ထိုးစိုက်ထောင်ထားခြင်းသာ ဖြစ်ပေသတည်း။

သူတို့က ဒို့ထက်မိုက်တယ်

ထိုအခါ မန္တလေးမြို့ ဘုန်းတော်ကြီးကျောင်းများ ဝန်းကျင်၌ တာဝန်ကျ စစ်သားတို့ကား တိုင်းရင်းသားရုပ်ပေါက်၏။ မျက်လုံးမှေး၏။ မူးနေကြဟန်လည်း တူ၏။
သံဃာကို သံဃာမှန်းလည်း မသိကြ။ သူတို့က အထူးကွန်မန်ဒိုများ ဖြစ်သဖြင့် လည်ပင်းမှာလည်း ပဝါနီ စည်းထားကြ၏။
တစ်ယောက်သော စစ်သားက သူ့ ဆရာကိုမေး၏
" ဆရာ၊ လက်နက် အပြည့် ကျည်အပြည့် ၂၄ နာရီ လုံးလုံး စောင့်နေရအောင် ဒီကောင်တွေက ဘယ်လောက် မိုက်လို့လဲ "
" ဘယ်လောက် မိုက်လဲတော့ မသိဘူး။ အထက် အမိန့်အရုလုပ်ရတာပဲ။ မိုက်မယ်လို့တော့ ထင်တယ်ကွ။ ငါတို့ အသေခံ တပ်ဖွဲ့တွေတောင် ပဝါနီကို လည်ပင်းမှာပဲ စည်းကြတယ်။ သူတို့က တစ်ကိုယ်လုံး ပဝါနီ ခြုံထားတာ "
ကား ဆရာကြီး မှတ်ချက်တည်း။

ရေးတော့ တိုတိုလေး
ထိုစဉ်က ကျောင်းအပြင်ထွက်သော သံဃာတိုင်း ဘွဲ့ကိုပြောရ၊ လက်မှတ်ထိုးရ၏။ အပြင်ထွက်သော ရဟန်းတစ်ပါး၏ ဘွဲ့ကို စစ်ဗိုလ်က မေး၏။
" အရှင်ဘုရား နာမည် ပြောပါ "
"တမောနုဒဝရသာမိ ပါ "
ထို စစ်ဗိုလ် လိုက်မရေးတတ်တော့ပေ။ ထို့ကြောင့် အရှင်ဘုရား ကိုယ်တိုင် ရေးပါ ဟု ဆိုသည်။
ထိုရဟန်းက ရေးလိုက်၏ " ဝရ "
စစ်ဗိုလ်က မကျေနပ်၊ ပြောတော့ အရှည်ကြီး ရေးတော့တိုတိုလေး ဟု စောဒကတက်၊ သံသယရှိ၏။
ထို့ကြောင့် သူ့နောက်က ရဟန်းတစ်ပါးကို ဖတ်ပြပါ ဟု ဆို၏။ အကြောင်းသိ ရဟန်းက ဖတ်ပြသည်။ "တမောနုဒဝရသာမိ "
ထို စစ်ဗိုလ်က " အော် ဘုန်းကြီးနာမည်က ပြောတော့ အရှည်ကြီး ရေးတော့တိုတိုလေး " ဟု ကောက်ချက်ချလုက်တော့သည်။
08/10/2012


သီဟနာဒ

"ဝန်ကြီးပေါက်နဲ့ နိုင်ငံဆောက်"


"အိပ်ပေါက်နဲ့ ဖားကောက်" စကားပုံက လူထုကြားမှာ မကောင်းတဲ့ အဓိပ္ပါယ်ထွက်တယ်။
အဓိပ္ပါယ် အတူတူဖြစ်ပြီး"ရေဗူးပေါက်နဲ့ ရေသယ်" ကျတော့ စစ်တပ်ထဲမှာ ကောင်းတဲ့ အဓိပ္ပါယ်ရှိနေပြန်ရော။
(ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် တဲ့)
"ဝန်ကြီးပေါက်နဲ့ နိုင်ငံဆောက်" စကားပုံ မရှိဘူးထင်တယ်၊ မကြားဘူးသေးဘူး။ ကိုယ့်က မနှံ့စပ်တာနေမှာ၊ ရှိတော့ ရှိရမယ်။

အရည်အချင်း စစ်ပွဲ (ရုရှားရောက်မှ ပြုံးရတယ်)

၁။ ပြင်သစ် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-သုံးကောင် မဟုတ်လို့ လမ်းပေါ်တက် ဆန္ဒပြတယ်။

၂။ အင်္ဂလိပ် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
- နွားမနှစ်ကောင်စလုံး နွားရူးတွေ ဖြစ်နေတယ်။

၃။ ဂျပန် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-အဲဒီ နွားမနှစ်ကောင်ကို ဒီဇိုင်းပညာနဲ့ သေးသေး၊ လှလှလေးတွေ အများ ကြီးဖြစ်အောင် တည်ထွင်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချီတယ်။

၎။ ဂျာမန် ကော်ပိုရေးရှင်း
-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-အဲဒီ နွားမနှစ်ကောင်ကို အင်ဂျင်နီယာပညာနဲ့ အသက်ရာကျော်ရှည်အောင် တည်ထွင်တယ်၊ မျိုးပွားတယ်။ ပြီးတော့ တစ်နေ့ တစ်ကောင်နှုန်း သတ် စားတယ်။

၅။ ရုရှား ကော်ပိုရေးရှင်း



-သူတို့မှာ နွားမနှစ်ကောင်ရှိတယ်။
-ရေတွက်ကြည့်တယ်၊ နှစ်ကောင်က နှစ်ကောင်ပဲ ဖြစ်နေတယ်။
-ဗော့ဒ်ကာ သောက်တယ်။
-ဘယ်လိုလဲ???။ နှစ်ကောင်က နှစ်ကောင် ဖြစ်နေဆဲပဲ ရှိနေသေးတယ်။
-ဒါနဲ့ ဗော့ဒ်ကာ ထပ် သောက်တယ်။
-ရေကြည့်တော့ နှစ်ကောင်က လေးကောင် ဖြစ်လာတယ်။
-အခြေအနေ တိုးတက်လာတယ်။
-ဒါနဲ့ ဗော့ဒ်ကာ ထပ် သောက်တယ်။
-ရေကြည့်တော့ နွားမ ရှစ်ကောင် ဖြစ်လာတယ်။
-တိုးတက်မှုက အားရစရာပဲ။
-ဒါနဲ့ ဗော့ဒ်ကာ ထပ် သောက်တယ်။
-ထပ် သောက်တယ်။
-သောက်တယ်။
-ရေကြည့်တော့ ....
-ဟိုက်.. ရှား.. ပါး နွားမ ၁၆ ကောင် ဖြစ်နေပြီ။
ရုရှား ကော်ပိုရေးရှင်းဟာ သူ့အောင်မြင်မှုကို ကြည်နူးရင်း ကောက်ရိုးပုံပေါ် အိပ်ပျော်သွားရှာတယ်။
(ရုရှားရောက်မှ ပြုံးရတယ်လို့ဆိုရင် နားလည်ပေးစေချင်ပါတယ်။)

(Ref: The World Joke Book)
06/09/2013

“အစိုးရဟူသည် (ဗုဒ္ဓဘာသာအမြင်)”

ရှင်ဘုရင်(သို့) ယနေ့အခေါ်အဝေါ် အစိုးရဟူသော သဘောနှင့်ပတ်သက်၍ ဘာသာတရားကိုယ်စီ၌ မတူညီသော ဖွင့်ဆိုချက်များ ရှိနေကြသည်။ ထိုမျှမက အစိုးရဟူသော အုပ်ချုပ်သူလူတန်းစား ပေါ်ပေါက်လာပုံ၌ပင် ချဉ်းကပ်ပုံများ မတူညီကြပေ။

ခရစ်ယာန် သမ္မာကျမ်းစာအလိုအရ ဘုရင်(သို့) အစိုးရတို့သည် ထာဝရဘုရားရှင်ထံမှ တန်ခိုးအာဏာရရှိခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် ဘုရင်(သို့) အစိုးရ၏အမိန့်ကို လိုက်နာခြင်းသည်ပင် ဘုရားရှင်၏ အမိန့်တော်ကို လိုက်နာခြင်းဖြစ်သည်ဟု Romans 1, 2 တို့၌ ဆိုထားသည်။ ဤဥပဒေသကို ဥရောပတစ်ခွင်၌ “ The Divine Rights of Kings” ဟု ဆိုစမှတ်ပြုကြသည်။ ကွန်ဖြူးရှပ်ဘာသာကလည်း ဤကိစ္စ၌ ခရစ်ယာန်နှင့် ဆင်ဆင်တူသည်။ ယင်းကို “The Mandate Of Heaven ” ဟု ဆိုသည်။ ဟိန္ဒူဘာသာအလိုအရမူ ရှင်ဘုရင်ကိုယ်တိုင်ကပင် နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။

ဘုရင်(သို့) အစိုးရ(သို့) အုပ်ချုပ်သူလူတန်းစားနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကတော့ အခြားဘာသာများနှင့်မတူ ကွဲပြားစွာဖွင့်ဆိုထားလေသည်။ အထင်ရှားဆုံးသာဓကမှာ နာမည်ကျော် အဂ္ဂညသုတ်ပင်ဖြစ်သည်။ ထိုသုတ်၌ လူတန်းစားအားလုံးကို စွမ်းအားရှိသူ လူတစ်ယောက်က ဦးဆောင်ကွပ်ကဲရန် လိုအပ်သောအခါ ထိုလူထုထဲမှပင် ဂုဏ်ရည်တို့ဖြင့် ပြည့်စုံသောလူကို ရွေးချယ်ပြီး ဘုရင်တင်မြှောက်ကြသည်ဟု ဘုရားရှင်က ဘုရင်စနစ်ကို လက်တွေ့ကျကျ ရှင်းပြတော်မူခဲ့သည်။

ဟိန္ဒူဘာသာဝင်တို့ ယုံကြည်မှု၌လည်း လူသားလောက၏ ပထမဆုံးသောမင်းသည် မဟာသမ္မတပင် ဖြစ်သည်။ ဗုဒ္ဓဘာသာက မဟာသမ္မတဟူသောအမည်ကို လက်ခံသည်။ သို့သော် ထိုနာမည်ကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ ကွဲလွဲသွားသည်။ ဘုရားရှင်က မဟာသမ္မတကို လူထုကရွေးချယ်တင်မြှောက်အပ်သောမင်း (elected by the majority) ဟု ရှင်းပြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏အမြင်အရ ဘုရင်(သို့) အစိုးရမှာရှိသော အာဏာသည် သူ့ကို(သူတို့ကို) တင်မြှောက်ထားသော လူထုထံမှ ရရှိခြင်းဖြစ်သည်။ ထို့အပြင် တရားမျှတစွာ အုပ်ချုပ်နေသမျှကာလပတ်လုံး ထိုအာဏာလည်း ဘုရင်(သို့) အစိုးရတို့နှင့်အတူ ရှိနေရသည်။

ဆိုလိုသည်မှာ ဘုရင်(သို့) အစိုးရသည် တရားနှင့်မညီညွတ်တော့ဘူးဆိုလျှင် လူထုကပြန်လည်ရယူပြီး စွမ်းနိုင်သော အခြားတစ်ယောက်(သို့) အခြားတစ်ဖွဲ့ကို တင်မြှောက်ခွင့်ရှိသည်။ ဇာတ်နိပါတ်တော်များ၌ ဤကိစ္စနှင့်စပ်လျဉ်း၍ နေရာများများ၌ တွေ့မြင်နိုင်သည်။ တရားနှင့်မညီသောမင်းကို ပြည်သူတို့က နန်းချတတ်ကြောင်း ဗုဒ္ဓစာပေ၌ တွေ့ရသည်။

ဤသည်မှာ ယုံကြည်မှုအယူအဆတို့သာဖြစ်ပြီး သမိုင်းအထောက်အထားဖြင့် ခိုင်ခိုင်မာမာ ပြောဆိုရန်ကား ခက်ခဲသည်။
သို့သော် မြတ်စွာဘုရားရှင်၏ “ဘုရင်ကောင်းတို့သည်” ဟူသော အဆုံးအမကတော့ အသောကမင်းကြီးအပေါ် များစွာလွှမ်းမိုးထားကြောင်း သမိုင်းအထောက်အထားဖြင့် ပြောပြနိုင်သည်။
“တိုင်းသူပြည်သားအားလုံးသည် ငါ၏ရင်ဝယ်သားများသာ ဖြစ်သည်။ ငါ၏ သားသမီးများကို ချစ်သလို သတ္တဝါတို့အပေါ်၌ အညီအမျှ မေတ္တာထားသည်၊ ကောင်းကျိုးလိုလားသည်၊ သူတို့အားလုံး၏ ပစ္စုပ္ပန်၊ သံသရာအကျိုးကို ငါလိုလား၏” ဟု ပြောဆိုခဲ့သည်။

ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ မင်းကျင့်တရားနှင့် မညီညွတ်သော မင်းများလည်း ပေါ်ပေါက်လာခဲ့ဟန်တူသည်။ ထို့ကြောင့် ဗုဒ္ဓစာပေ၌ပင် “ရက်စက် ကြမ်းကြုတ်သောမင်း” “အပျော်အပါး လွန်ကြူးသောမင်း” “ တိုင်းရေးပြည်ရာကို နားမလည်သောမင်း” စသော ခပ်ညံ့ညံ့မင်းများကို ညွှန်းဆိုသော ဝေါဟာရများ တွေ့ရှိလာရသည်။ ထို့ပြင် “ဘုရင့်အလိုကို အကဲခတ်ရခက်၏” “ဘုရင်သည်မီးနှင့်တူ၏- ဝေးသော်မကောင်း၊ နီးလျှင်လောင်၏” စသော ဝေါဟာရများကလည်း မတရားသော မင်းများကို ညွှန်းဆိုပြနေပြန်၏။

အချို့ဇာတ်တော်များထဲတွင် မင်းဆိုးမင်းယုတ်တို့ကို “မျက်လုံးထဲက အမှိုက်” “ထမင်းပန်းကန်ထဲက သဲ” “ဖနောင့်မှာ စူးနေတဲ့ညှောင့်” စသဖြင့် သုံးစွဲတတ်သည်ကိုလည်း တွေ့ရသည်။

မှတ်သားစရာကောင်းသော သာဓကမှာ မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့ တွေ့ဆုံခိုက် မထေရ်မိန့်ကြားသော စကားဖြစ်သည်။ မင်းကြီးက တရားဓမ္မရေးရာများ ဆွေးနွေးလိုပါသည်ဟု လျှောက်ထားသောအခါ မထေရ်က ဘုရင်တစ်ပါးအနေဖြင့် မဆွေးနွေးလို၊ ပညာရှင်တစ်ယောက် အနေဖြင့် ဆွေးနွေးလိုက ဆွေးနွေးလိုသည်ဟု မိန့်ကြား၏။

အကြောင်းကို မေးလျှောက်ရာ ပညာရှင်အချင်းချင်း ဆွေးနွေးကြရာ၌ အကျိုးအကြောင်းညီညွတ်စွာ ဆွေးနွေးနိုင်သည်။ သဘောတူ၍ရသည်။ မတူ၍ရသည်။ အမှားကိုထောက်ပြနိုင်သော် လက်ခံကြသည်။ ရှင်ဘုရင်တို့ကား ထိုသို့မဟုတ်၊ သူတို့နှင့် သဘောမတူသူတို့ကို ပစ်ဒဏ်ခတ်ကြ၏ဟု မိန့်တော်မူခဲ့သည်။

ရှင်ဘုရင်(သို့) အစိုးရများနှင့်ပတ်သက်သော ဆက်ဆံရေး၌ ဘုရားရှင်၏ သဘောထားကား ရှင်း၏။ ကောင်းသောမင်းဖြစ်စေ၊ ဆိုးသောမင်းဖြစ်စေ အာဏာရှိ၏။ ထို့ကြောင့် ဘုရင်(သို့) အစိုးရများနှင့် နိုင်ငံရေးကိစ္စများတွင် ပါဝင်မပတ်သက်မိစေရန် ရဟန်းတော်များကို သြဝါဒပေးခဲ့သည်။ သြဝါဒသာမက ကိုယ်တော်တိုင်လည်း ကျင့်သုံးခဲ့သည်။

အထင်ရှားဆုံးသာဓကမှာ မင်းမှုထမ်းယောက်ျားများ မင်းတာဝန်မကျေသေးသမျှ ရဟန်းပြုခွင့်မရှိစေရ ဟူသော ပညတ်ချက်ဖြစ်သည်။ မင်း(သို့) အစိုးရကပေးလာမည့် အန္တရာယ်ရှိလျှင် အချို့သေးမွှားသော ဥပဒေတော်တို့ကိုပင် ပြင်ဆင်နိုင်ကြောင်း မိန့်ခဲ့သည်။ ဤသည်တို့ကို ထောက်ဆ၍ အဆိုး၊ အကောင်းရှိနိုင်သောမင်း(သို့) အစိုးရတို့နှင့်မပတ်သက်စေလိုကြောင်း မှတ်ယူနိုင်သည်။

ထို့အတူ ရှုပ်ထွေးပွေလီလှသော နန်းတွင်းရေး၊ နိုင်ငံရေးတို့၌ ရဟန်းသီလရှင်များ မပါဝင်မပတ်သက်မိစေရန် အခါသင့်တိုင်း သြဝါဒပေးတော်မူသည်။

သို့သော် ဘုရားရှင်ကိုယ်တော်တိုင် မင်း(သို့) အစိုးရများနှင့် ကင်းသလားဟုမေးလျှင်ကား မကင်းဟု ဆိုရပေလိမ့်မည်။ ပိဋကတ်တော်၌ ပသေနဒီကောသလ၊ ဗိမ္ဗိသာရ၊ အဇာတသတ်၊ လိဇ္ဇဝီ စသောမင်းများအကြောင်း မကြာမကြာတွေ့ရတတ်သည်။ ထိုမင်းတို့ကို “ဓမ္မရာဇ” ဟု ဘုရားရှင်က အာလုပ်ပြုခေါ်ဝေါ်နှုတ်ဆက်တတ်သည်။

ထိုခေတ်က ရှင်ဘုရင်သည် ယနေ့ခေတ် အစိုးရဖြစ်လာ၏။
ဇာတ်နိပါတ်တော်များတွင် မင်းကောင်းမင်းဆိုးများအကြောင်း အတ္ထုပ္ပတ္တိစသည်ကို တွေ့ရသော်လည်း အစိုးရကောင်းတစ်ခုဖြစ်ရေး လမ်းညွှန်ချက်များကား ပိဋကတ်တော်၌ များများစားစား မတွေ့ရပေ။

သို့သော် “ဒဿရာဇဓမ္မ” ဆိုသော မင်းကျင့်တရား(၁၀) ပါးကတော့ ထူးထူးခြားခြား ပေါ်လွင်ထင်ရှားနေသည်။ ပေးကမ်းရက်ရောခြင်း၊ ကိုယ်ကျင့်တရားနှင့်ပြည့်စုံခြင်း၊ ဖြောင့်မတ်ခြင်း၊ သနားညှာတာခြင်း၊ ကိုယ်နှုတ်စောင့်စည်းခြင်း၊ အမျက်ဒေါသမကြီးခြင်း၊ မရက်စက်ခြင်း၊ သည်းခံခြင်း၊ တိုင်းသူပြည်သားတို့၏ဆန္ဒကို မဆန့်ကျင်ခြင်းတို့ဖြစ်သည်။

img source


ယနေ့ခေတ်မှာတော့ ထိုဒဿရာဇဓမ္မကိုပင် မြတ်စွာဘုရားရှင်၏ နိုင်ငံရေးသဘောထားဟု အဓိပ္ပါယ်ဖွင့်ဆိုလာကြသည်။

ရိုးသားစွာကြည့်မြင်မည်ဆိုလျှင် ထိုမင်းကျင့်တရား(၁၀) ပါးလုံး တစ်ချိန်တည်းပြည့်စုံနေဖို့သည် အလွန်ခက်ခဲသောကိစ္စတစ်ခုဖြစ်သည်။ တိုင်းပြည်ကို ကာကွယ်ရန် သည်းခံခြင်းတရားကို မျက်ကွယ်ပြုကောင်းပြုရမည့် သဘောမျိုးရှိနေသည်။
ဤကား သုတ္တာန်ဒေသနာမှလာသော မိန့်ဟချက်ဖြစ်သည်။

ဇာတ်နိပါတ်တော်များ၌ကား ထိုထက်ပို၍ အသေးစိတ်တွေ့ရှိရသည်။ အထင်ရှားဆုံးဇာတ်တော်မှာ တေသကုဏဇာတ်ပင်ဖြစ်သည်။

“- ဘုရင်သည် ဒေါသ၏ကျေးကျွန်မဖြစ်သင့်၊ အမျက်ဒေါသဖြစ်ခိုက် နိုင်ငံရေး ပုဂ္ဂိုလ်ရေးကိစ္စများ မဆောင်ရွက်၊ မဆုံးဖြတ်သင့်
- အမှုအခင်းဖြစ်ပွါးသော် နှစ်ဘက်စလုံးကို မျှမျှတတကြည့်ပြီးမှ တရားနှင့်အညီ ဆုံးဖြတ်သင့်သည်။
- အဂတိတရား ကင်းရှင်းသင့်သည်။
- မျက်လုံးတစ်လုံးဖြင့် နိုင်ငံရေးကိုကြည့်ပြီး အခြားမျက်လုံးတစ်လုံးဖြင့် ပြည်သူ၏ ပျော်ရွှင်မှုကို ကြည့်ရမည်။
- အိမ်နီးချင်းနိုင်ငံများနှင့် ခိုက်ရန်ဖြစ်ပွါးခြင်းထက် မဟာမိတ်ဖွဲ့ဖို့ ကြိုးစားသင့်သည်။
- စကားအများကြီး မပြောသင့်၊ အချက်ကျကျ တိုတိုထိထိသာ ပြောသင့်၏။
- အကျင့်ပျက်သူကို သားအရင်း၊ ညီအစ်ကိုအရင်းပင်ဖြစ်လင့်ကစား လူကြီးမခန့်သင့်
- အမှု၌မလိမ္မာသော၊ လောဘအတောမသတ် လာဘ်စားသော ဝန်ကြီးသည် တိုင်းပြည်ကို ဖျက်ဆီးတတ်သည်။ ဤသဘောကို ဘုရင်က သဘောပေါက်သင့်သည်။
- သတင်းအချက်အလက်ဟူသည် ဘုရင့်မျက်စိဖြင့် မြင်ကာမျှ၊ နားဖြင့် ကြားကာမျှဖြင့် မလုံလောက်တတ်၊ ထို့ကြောင့် သတင်းအချက်အလက်တို့ကို စုံစုံလင်လင်သိမြင်ပြီးမှသာ ဆုံးဖြတ်ချက်ချသင့်သည်……” တို့ လာရှိလေသည်။

ထိုအချက်တို့ကိုထောက်ဆ၍ “အစိုးရဟူသည်” ဆိုသောစကားကို ဗုဒ္ဓဘာသာအမြင်အရ “ ဗလ စက္ကံ နိဿာယ ဓမ္မ စက္ကံ ပဝတ္တတေ” ဟု ဆိုရပေလိမ့်မည်။ ဆိုလိုသည်မှာ အာဏာဟူသောစက်ကို အမှီပြုပြီး တရားမျှတမှုစက်ကို လည်ပတ်စေ- ဟူလို။ အာဏာကို တရားမျှတရေးအတွက် အသုံးပြုသောအစိုးရသည် အစိုးရကောင်းဟု ဆိုရပေတော့မည်။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Human brain is amazing!