ကမ္ဘာ့သမိုင်းအရ


၁။ ဘာသာရေး ယုံကြည်မှုခေတ်
၂။ ကျိုးကြောင်းဆင်ခြင်မှုခေတ်
၃။ အမျိုးသားရေးဝါဒခေတ်
၎။ သိပ္ပံနဲ့နည်းပညာခေတ်လို့ သတ်မှတ်ကြတယ်။

ဥရောပ အလယ်ခေတ်မှာ လူထုကို စည်းရုံး၊ မောင်းနှင်၊ ပုံသွင်းဖို့ ဘာသာရေးကို အသုံးချ။
အသိဉာဏ်ပွင့်လင်းခေတ်မှာ ဒီဗျူဟာ အလုပ်မဖြစ်တော့။ ကျိုးကြောင်းဆင်ခြင်မှုက နေရာ ဝင်ယူ။
၁၉ နဲ့ ၂၀ ရာစုမှာ လူထုကို စည်းရုံး၊ မောင်းနှင်၊ ပုံသွင်းဖို့ အမျိုးသားရေးကို အသုံးချ။
၂၀ ရာစုနှောင်းနဲ့ ၂၁ ရာစုမှာ ဒါလည်း သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ကျရှုံးစပြုနေပြီ။
ပစ္စန္တရာဇ်တွေမှာတော့ ကောက်ရိုးမျှင်နဲ့ သံရည်ကြိုဖို့ ကြိုးစားနေဆဲ။

ဇင်ဝေသော်
Ref: World Order by Henry Kissinger

ဟဲ... အားချိန်တောင် မရှိဘူး


ကစ်ဆင်းဂျားစာအုပ်ရယ်၊ လက်ရှိအမေရိကန်တွေ ဖြစ်ပျက်နေတာရယ်၊ ဟဲ... အားချိန်တောင် မရှိဘူး သက်လား။ ဆရာကစ် ပြောတာတွေ တကယ်ဖြစ်နေတာ။

"တွား ခုမ လာခေါ်မေနက်"


ပစ်ထားမိတာ ကြာသွားတော့ ကစ်ဆင်းဂျားကြီးက စိတ်ကောက်။
"တွား ခုမ လာခေါ်မေနက်" လုပ်နေတယ်။
ပေဖတ်တော့ ထိုင်ခုံပေါ် အိပ်ပျော်သွားရော။ ဟူး။

မစ္စတာ ကစ်ဆင်းဂျားရေ၊ နိုဝင်ဘာ ၁၀ ရက်နေ့ ရောက်မှပဲ ...


"ဒီစစ်ပွဲတော့ နိုင်ဖို့မလွယ်ဘူး" ပြောလိုက်မိတဲ့ ဗိုလ်ချုပ်ကြီးကို ဟစ်တလာက
"မင်းရဲ့ အတွေးအခေါ် စစ်သားတွေဆီ ရောက်သွားရင် သေချာပေါက် ရှုံးပြီ။ ဒီတော့ .....
(၁) မင်းကိုယ်တိုင် အဆုံးစီရင်မလား၊ ဒါဆို သူရဲကောင်းဗိမာန်မှာ ထားပေးမယ်။
(၂) ငါကိုယ်တိုင် စီရင်ပေးရမှာဆိုရင်တော့ မင်းက သစ္စာဖောက် စာရင်းဝင်မယ်" တဲ့။
အဲဒီ ဗိုလ်ချုပ်ကြီးက ပထမလမ်းကို ရွေးသွားပါသတဲ့။
ဟစ်တလာကို မထောက်ခံပေမဲ့ ဒီဝေါပေါ်မှာတော့ နိုဝင်ဘာ ၁၀ ရက်အထိ ဒီလမ်းစဉ်ကို လိုက်ဖို့ပါပဲ။
*******************************************************************
မစ္စတာ ကစ်ဆင်းဂျားရေ၊ နိုဝင်ဘာ ၁၀ ရက်နေ့ ရောက်မှပဲ လူကြီးမင်းရဲ့
ကမ္ဘာ့အစီအမံ (World Order) ကို ဆက်ပြီးဆွေးနွေးရအောင်။
လောလောဆယ်တော့ မြန်မာ့အစီအမံထဲက ထွက်မရဘူး ဖြစ်နေတယ်။

ဇင်ဝေသော်

ကူပြောပေးကြပါအုံး နောင်တော်၊ ညီတော်တို့


လူတိုင်း ကိုယ့်ဘာသာကိုချစ်ကြ၊ ဦးထိပ်တင်ထားလိုကြပါတယ်၊ ဒါပေမဲ့ အချစ်လွန်သွားတော့ ကိုယ့်လူကိုတောင် သစ္စာဖောက်ဆိုပြီး သတ်ပစ် လိုက်ကြရော။ အဆုံးမသတ်နိုင်တဲ့ ဦးသူကသတ် ဘာသာရေး မုန်းတီးမှု ဇာတ်လမ်းရှည်ကို အဆုံးသတ်ဖို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြတဲ့ အီဂျစ်ခေါင်းဆောင်၊ မစ္စတာ ဆာဒက်ကို သူ့ဘာသာဝင်၊ အစ္စလာမ် ဘာသာရေး အစွန်းရောက်တွေက သစ္စာဖောက်ဆိုပြီး သတ်ဖြတ် လိုက်သလို အစ္စရေးခေါင်းဆောင် ပထမဆုံးဝန်ကြီးချုပ် မစ္စတာ ရာဘင် ကို လည်း အစ္စရေး အစွန်းရောက်ကပဲ အလားတူ စွပ်စွဲချက်နဲ့ သတ်လိုက်ပြန် တယ်။

သူတို့ဟာနဲ့ သူတို့တော့ မှန်နေကြမှာပဲ။ ကိုယ့်ဘာသာတရားကို ချစ်တာ ကိုး။ ဒါပေမဲ့ ပါလက်စတိုင်း၊ အစ္စရေးကြားက စစ်ပွဲတွေ၊ လူသေမှုတွေ၊ ဒုက္ခရောက်ရမှုတွေ ပြောနေတာကတော့ အဲသလို မဟုတ်ဘူး။ အခု ဘာသာရေး အမုန်းအာဃာတကြီးတဲ့ လူငယ်မွတ်စလင်တွေဟာ ဘာသာရေး သွေးခွဲပေးတဲ့ မျိုးဆက်နှစ်ဆက်အတွင်း မွေးဖွား၊ ကြီးပြင်း လာရသူတွေ ဖြစ်ကြတယ်။

ဒါတွေကို ကူပြောပေးကြပါအုံး နောင်တော်၊ ညီတော်တို့။



မြန်မာပြည်ရဲ့ လက်ရှိအနေအထားတွေကြောင့် ကစ်ဆင်းဂျားစာအုပ်က ပိုရုပ်လုံးကြွလာတယ်


အာရပ်နွေဦးအပြီး ညီညွတ်မှုအားကောင်းဖို့ဆိုပြီး အမျိုးသားရေးဝါဒနဲ့ အစ္စလာမ် စာအုပ်ကြီးဝါဒကို ရှေ့တန်းတင်ပစ်လိုက်တော့ အာရပ်နွေဦးရဲ့ ဒီမိုကရေစီဆိုတဲ့ မူလရည်ရွယ်ချက် ပျောက်သွားပြီး မွတ်စလင် ညီအကိုများ အဖွဲ့ ခေါင်းဆောင် မိုဟာမက် မော်စီက ၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတဖြစ် သွားရော၊ သူ့ကိုထောက်ခံတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက မွတ်စလင် ညီအကိုများအဖွဲ့ထက်တောင် ပိုပြီး အစွန်းရောက်ကြတယ်။

အဏာတည်မြဲရေးအတွက် အစိုးရက နည်းလမ်းရှာနေချိန် အထက်ပါ အဖွဲ့ အစည်းတွေက အမျိုးသမီး အခွင့်အရေး၊ လူနည်းစုတိုင်းရင်းသားအရေးတွေ ကို အစ္စလာမ်ဘာသာတရားနဲ့ ဆုံးဖြတ်ဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတော့ နိုင်ငံမငြိမ်မသက်ဖြစ်လာပြီး စစ်တပ်က အာဏာသိမ်းတဲ့ အဆင့် ရောက်သွားရော။ လက်ရှိအခြေအနေက ဆိုးလွန်း၊ ဘာသာရေး အစွန်းရောက်လွန်းတော့ စစ်တပ်က အာဏာသိမ်းတာကို ဒီမိုကရေစီကို တကယ်လိုလားတဲ့ လူအချို့ကတောင် သဘောတူလာရတယ်။

ဒီမှာ အမေရိကန်တွေဖက်က စဉ်းစားစရာတွေ....
အမေရိကန်အစိုးရက အဏာရှင်ကို တော်လှန်တိုင်း အားပေးနေရမှာလား?
တော်လှန်သူတွေကရော ဒီမိုကရေစီကို ဘယ်လောက် လေးစား လိုက်နာ သလဲ?
အမေရိကန်ရဲ့ အစဉ်အလာ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဒီ နှစ်ခုကို မျက်ကွယ်ပြုတဲ့ အမေရိကန်သမ္မတဟာလည်း လူထုရဲ့ ထောက် ခံမှု မရနိုင်ဘူး။

ဒါနဲ့ အယောင်ဆောင် ပြောင်းလဲရေးကနေ အမေရိကန်က နောက်ဆုတ်။ အီဂျစ်လည်း လက်ရှိအနေအထား ရောက်သွားတော့တာပဲ။


ကစ်ဆင်းဂျား ပြောတာနော်၊ စာစစ်ရင်း တွေ့မိလို့ တင်လိုက်တာ။


တော်လှန်ရေးပြီးစကာလက အုပ်ချုပ်သူတွေဟာ တော်လှန်ရေး အကွဲအပြဲ ကြားကနေ ပေါ်ထွက်လာတဲ့ လူတွေသာ ဖြစ်နေပြီး နိုင်ငံရေး သဘော တရားတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှု မရှိကြဘူး။ သူတို့ကပဲ လူကြိုက်များ တဲ့ အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ကြွးကြော်လာကြလို့ ဒီမိုကရေစီ မကျတဲ့ အမျိုးသားရေးဝါဒတွေ အရှေ့အလယ်ပိုင်းမှာ အမြစ်တွယ်လာခဲ့တယ်.....................။

နောက်ခံသမိုင်းအားဖြင့် သူတို့နဲ့တူညီတဲ့ အီရတ်ရဲ့ ဆက်ဒန်ဟူစိန်ကတော့ ပိုပြီး အစွန်းရောက်တဲ့ ဘာသာရေး ဘက်မလိုက် စစ်အုပ်ချုပ်မှုနဲ့ အုပ်ချုပ်နေ ခဲ့ပြီး သူအုပ်ချုပ်စဉ် ၁၉၇၀ နဲ့ ၁၉၇၉ ကာလအတွင်းမှာ ခြိမ်းခြောက်မှုတွေေ ရာ၊ ရက်စက်မှုတွေပါ ပါဝင်ခဲ့တယ်။ (အစတော့ အမှန်တကယ် အမျိုးသားခေါင်းဆောင်ပါ၊ နောက်တော့ သူက သမ္မတဖြစ်သွားတယ်)

(World Order)


ကစ်ဆင်းဂျားကတော့ လုပ်ပြန်ပြီ....


အဲဒီအချိန်က အရှေ့အလယ်ပိုင်းရှိ စစ်အစိုးရတွေ၊ ဘုရင်တွေနဲ့ အာဏာရှင် အစိုးရတွေဟာ သဘောထားကွဲလွဲမှုကိုပဲ သူတို့ကို အကြည်ညိုပျက်အောင် လုပ်မှုလို့ ယူဆထားကြတော့ ဖွံ့ဖြိုးတိုးတက်တဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ (သို့) ဗဟုဝါဒ ယဉ်ကျေးမှုထွန်းကာဖို့ အခွင့်မသာခဲ့ဘူး ဖြစ်သွားပြီး အဲဒီ အကျိုးဆက်တွေက (၂၁) ရာစုရောက်ချိန်အထိ အမျှင်မပြတ်နိုင် ဖြစ်သွားခဲ့ရပါတယ်။

အနာဂတ်အမြင် ၂ (ကစ်ဆင်းဂျား၊ World Order)


ဒီအမြင်နှစ်ခုကြားမှာ သမားရိုးကျ အလျှော့အတင်းမရှိနိုင်ပါဘူး။ ဒီ သဘော ထား ကွဲလွဲမှုကနေတဆင့် စစ်ပွဲအသွင် ဆောင်မသွားဖို့ဟာ နှစ်နိုင် ငံ ခေါင်းဆောင်တွေအတွက် အထူးအလေးထား ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။

လတ်တလော ပိုပြီးပူပန်စရာဖြစ်လာတာက မြောက်ကိုရီးယား ကိစ္စဖြစ်နေ ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ တော့ (၁၉) ရာစုက ဘစ်(စ်)မာ့(ခ) (Bismarck) ရဲ့
“ကျွန်တော်တို့ဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ခေတ်ကြီးထဲမှာ လူဖြစ်နေကြရတာပါ။ သိက္ခာစောင့်စည်းရမှုတွေကြောင့် အားကြီးတဲ့ နိုင် ငံတွေက အားနည်းလာနေပြီး အားနည်းတဲ့နိုင်ငံတွေက ဘာမှမစဉ်းစားဘဲ လုပ်စရာရှိတာ တွေကို လက်ရဲဇက်ရဲ လုပ်ချလိုက်လို့ အားကောင်း လာနေ ပါတယ်” ဆိုတဲ့ ဆိုရိုး စကားနဲ့ တစ်ထပ်တည်းကျနေပါတယ်။

မြောက်ကိုရီးယား အုပ်ချုပ်နေပုံဟာ ဘယ် ဥပဒေနဲ့မှ မညီညွတ်ပါ ဘူး။ နောက်ဆုံး သူတို့ကြွေးကြော်နေတဲ့ ကွန်မြူနစ် ဥပဒေနဲ့တောင် မညီ ညွတ်ပါဘူး။ သူတို့အဓိကရည်ရွယ်ချက်က အနုမြူ လက်နက်အနည်းငယ် ပိုင်ဆိုင်ထားဖို့မျှသာဖြစ်ပြီး အမေရိကန်နဲ့ စစ်ဖြစ်ရလောက် အောင်လည်း စစ် အင်အားမရှိဘူး။ ဒါပေမဲ့ အနုမြူလက်နက် ပိုင်ဆိုင်ထားမယ်ဆိုရင် လက်ရှိ စစ်တပ်အင်အားထက်တော့ သာသွားပါလိမ့်မယ်။ နောက် ပြီး မြောက် ကိုရီးယားက ဂျပန်နဲ့တောင်ကိုရီးယားတို့ အနုမြူပိုင်ဆိုင် ချင်လာအောင် လှုံ့ဆော် နေသလိုလည်း ဖြစ်နေပြန်ပါတယ်။ မြောက် ကိုရီးယားဟာ မနိုင်ဝန်ကို ၀င်ထမ်းရင်း ဒုတိယအကြိမ် မြောက်ကိုရီးယား ကျွန်းဆွယ်စစ်ပွဲဖြစ်ပွားဖို့ ဖန်တီးနေသလို ဖြစ်နေပါတယ်။

တရုတ်ပြည်ကလည်း မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ရှိ နေနိုင်ပါတယ်။ ကိုရီးယားစစ်ပွဲဟာ တရုတ်ပြည်အတွက် “ရာစုတစ်ခုကြာ အရှက်ခွဲ ခံနေရခြင်း” ကနေ ထွက်မြောက်နိုင်ပြီး ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ် “တရုတ်တက်လာပြီ” ဆိုတာကို ပြသခွင့်ရနိုင်လိမ့်မယ်လို့ တရုတ်လူမျိုး အများစုက ရှုမြင်ထားကြသလို စစ်ပွဲထဲဝင်လိုက်မိလို့ တရုတ်အနေနဲ့ ထိန်း မနိုင် သိမ်းမရဖြစ်မှာ၊ စစ်ပွဲကနေ မမျှော်လင့်တဲ့ ရေရှည်အကျိုးဆက်တွေ ရနိုင်မှာကို လည်း စိုးရိမ် နေကြပါတယ်။ ဒါ့ကြောင့် တရုတ်နဲ့ အမေရိကန် အစိုးရတွေက မြောက်ကိုရီးယား အနေနဲ့ အနုမြူလက်နက် လျှော့ချခြင်းသာ မက လုံးဝ စွန့်လွှတ် ရမယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အသံတူ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပြုံယမ်းအစိုးရအနေနဲ့ကြည့်ပြန်တော့ အနုမြူလက်နက် အစီအစဉ်ကို စွန့် လွှတ်လိုက်မယ်ဆိုရင် နိုင်ငံရေး ပြိုကွဲမှုဖြစ်သွားနိုင်ပြီး တစ်ဖက်ကလည်း အနုမြူလက်နက် အစီအစဉ်ကို စွန့်လွှတ်ဖို့အတွက် အမေရိကန်ကရော တရုတ်ကပါ လူသိရှင်ကြား တောင်းဆိုနေတယ်။ သူတို့တောင်းဆိုမှု တကယ်ပြည့်ဝဖို့ နှစ်နိုင်ငံ စလုံး တက်ညီ လက်ညီ ပါဝင်ကြမှရပါလိမ့်မယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ပန်းတိုင်ဆီ သူတို့ တကယ်ရော ရောက်နိုင် ကြပါ့မလား။
တရုတ်နဲ့အမေရိကန်တို့က လက်တွဲညီညီနဲ့ အနုမြူလက်နက်တွေ ဖျက်သိမ်း၊ အားလုံးအတွက် ပိုပြီး လုံခြုံအေးချမ်း သွားအောင် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းပေးနိုင်ကြပါ့မလား။

ဒီအစဉ်အစဉ်ဟာ “အင်အားကြီး ဆက်ဆက်ရေး ပုံစံအသစ်” ဖြစ်နေလို့ အလှမ်း ကွာလွန်းလှပါသေးတယ်။ ဒီကိစ္စမျိုးဟာ အပြော လွယ်သလောက် တကယ် အကောင်အထည်ပေါ်ဖို့ကျတော့ အချိန်အကြာကြီး လို နေတတ်ပါ တယ်။
သူတို့ရဲ့ လက်ရှိအစီအစဉ်နဲ့ ပတ်သက်လို့ တရုတ်လူထုကြီးက ဘယ်လို တုန့်ပြန်လာနိုင်တယ်ဆိုတာ မသိနိုင်ကြောင်း လက်ရှိ တရုတ်ခေါင်းေ ဆာင်တွေက သဘောပေါက်ထားကြတော့ သူတို့အတွင်းရေးထဲကို နိုင်ငံခြားသား ၀င်လာ မှာကိုကို လက်မခံနိုင်ဘူး။ ဒါ့အပြင် ဒီကိစ္စဟာ သူတို့ရဲ့ အဓိက ရပ်တည်ချက်လို့ သတ်မှတ်ထား တဲ့အတွက် တိုင်းတစ်ပါးကြားဝင်မှုကို ရှေးရှေးက တရုတ် ခေါင်းဆောင်ေ တွထက်တောင် ပိုပြီး ကာကွယ်ထားကြပါလိမ့်မယ်။ အမေရိကန် တရုတ် ပါဝင်တဲ့ ဘယ်နိုင်ငံရေး အစီအမံမျိုးကိုမဆို အင်အားချိန်ခွင်လျှာ ညှိဖို့တော့ လိုအပ်နေပါလိမ့်မယ်။ ဒါပေမဲ့ ပါဝါညှိခြင်းအစီအမံ အလုပ်ဖြစ်စေဖို့ သတ်မှတ်ချက် စံညွှန်းတွေကို သဘောတူညီမှုနဲ့ လျော့ပေါ့ စဉ်းစားပေးတာ၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် သဘောတူညီမှုကို အားသစ်လောင်း ပေးတာတွေ လိုအပ်နေပါတယ်။

သူတို့ရဲ့ နှစ်ဖက် သဘောတူရည်ရွယ်ချက်ဟာ အပြုသဘောဆောင်တဲ့ ရလဒ် ကောင်းတွေ ရရှိလာဖို့သာဖြစ်တယ်ဆိုတာကို တရုတ်အမေရိ ကန် ခေါင်းဆောင် တွေက လူသိရှင်ကြား ၀န်ခံထားကြပါတယ်။ ပစိဖိတ် သမုဒ္ဒရာတွင်းမှာ စစ်အင် အားတွေလျှော့ချရင်း ဒေသတွင်းဟန်ချက်ကို ထိန်းထားနိုင်ရေးအတွက် မဟာဗျူဟာ ကျ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ တရုတ်သမ္မတနှစ်ယောက်နဲ့ (ရှီကျင့်ဖျင်နဲ့ ဟူကျင်ထောင်) အမေရိကန် သမ္မတတို့ သဘောတူထားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ကြွေးကြော်ထားတဲ့ အတိုင်း ဘာမှတော့ ထိထိ ရောက်ရောက် မလုပ်နိုင်ကြ သေးပါဘူး။

ကြော်ငြာချက်ထုတ် ပြန် ရုံနဲတော့ ပူးပေါင်းမှုက အထမမြောက်နိုင်သေး ပါဘူး။ ဘယ်သဘောတူညီမှုကမှ အမေရိကန်ရဲ့ နိုင်ငံတကာဆိုင်ရာ ပါဝင် ပတ်သက်မှု အဆင့်ကို အာမံချက် မပေးနိုင်ပါဘူး။ တကယ်လို့ အမေရိ ကန်နိုင်ငံက ပါဝါကျဆင်းစနိုင်ငံအနေနဲ့ ပါဝင်လာမယ်ဆိုရင် (တကယ်မဟုတ်၊ လုပ်သင့်လို့ ရွေးချယ်လိုက်တာမျိုး) ဒုတိယကမ္ဘာစစ်အပြီး မှာ အမေရိကန်က ကမ္ဘာကို ဦးဆောင်ခဲ့သလို တရုတ်ကလည်း အခြားနိုင် ငံတွေကို ဦးဆောင်ပြီး အမေရိကန်ရဲ့ ယခင် အခန်းကဏ္ဍမျိုးကို ဝင်ယူပါလိမ့် မယ်။

အမေရိကန်ဟာ စူပါပါဝါအဆင့်ကနေ လျှောကျလာနေပြီလို့ တရုတ် လူမျိုး အများစုက ထင်နေကြပေမဲ့ တရုတ်ခေါင်းဆောင်တွေ အကြားမှာတော့ လှမ်းမျှော် ကြည့်လို့ရတဲ့ အနာဂတ်အထိ အမေရိကန်ဟာ သူ့ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍ ကနေ လျှောကျမသွားအောင် ထိန်း ထားနိုင်လိမ့်မယ်လို့ သဘောပေါက် ထားကြပြန် ပါတယ်။ လက်ရှိ အပြု သဘောဆောင်တဲ့ ကမ္ဘာ့အစီအမံကို တရုတ်ရော အမေရိ ကန်ပါ ဘယ်နိုင်ငံကမှ တစ်နိုင်ငံတည်းနဲ့ မစွမ်းဆောင်နိုင်ပါဘူး။ စစ်အေးကာလ အပြီး အရုပ်ဝတ္ထုအားဖြင့်ရော စိတ်ဓာတ်အားဖြင့်ပါ အမြင့်မားဆုံး ရှိနေခဲ့တဲ့ အမေရိကန်ရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်မျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

ဆက်ရန်
ဇင်ဝေသော်

အမေရိကန်နဲ့ တရုတ်တို့ကြားက အခြေခံ ကွဲလွဲမှုများ


(ကစ်ဆင်းဂျား၊ World Order)

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်ပြည်ဟာ လက်ရှိကမ္ဘာ့အစီအမံထဲမှာ မရှိမဖြစ် မဏ္ဍိုင်ကြီးနှစ်ခု ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးက သူတို့ အပြုအမူကို သူတို့သတ်မှတ်ချက်ပေတံနဲ့ တိုင်းတာ သတ်မှတ်ရင်း အပြည်ပြည်ဆိုင်ရာ စနစ်ကို လက်ခံသည်မဟုတ်၊ လက်မခံသည်လည်း မဟုတ် သဘောထား ရှိကြပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့တန်းတူ ပါဝင်ရမယ့် အခန်းကဏ္ဍမျိုးကို တရုတ် အနေနဲ့ ဘယ်တုန်းကမှ မရရှိခဲ့ဘူးသလို အမေရိကန်တွေအနေနဲ့လည်း ဒီလောက် နိုင်ငံပမာဏကြီးမား၊ စီးပွားရေးအင်အား တောင့်တင်းပြီး ဖွဲ့စည်းပုံ မတူတဲ့ နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် အတွေ့အကြုံမျိုး မရှိခဲ့ဖူးပါဘူး။

သူတို့နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး နောက်ခံဘက်ကဒေါင်းကလည်း သိသိသာကြီး ကွဲပြားနေပါတယ်။ အမေရိကန်က ပေါ်လစီတစ်ခုကို ချဉ်း ကပ်ရာမှာ လက်တွေ့သဘောတရားဆန်ပြီး တရုတ်က သဘောတရားရေး ဆန်တယ်။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံ အမေရိ ကန်မှာ ဘယ်တုန်းက မရှိခဲ့ဖူးဘူးပေမဲ့ တရုတ်ကတော့ ခြိမ်းခြောက်ခြင်း မခံရတဲ့ အချိန်ရယ်လို့ကို မရှိခဲ့ပါဘူး။ အမေရိကန်က ပြဿနာတိုင်းမှာ အဖြေ ရှိတယ်လို့ ခံယူပြီး တရုတ်က တော့ လက်ရှိပြဿနာရဲ့ အဖြေဟာ နောက်ပြဿနာအသစ်ကို အစပျိုးလိုက်ခြင်း သာဖြစ်တယ်လို့ ခံယူပါတယ်။ အမေရိကန်က လတ်တလော ကိစ္စရပ်တစ်ခုကို ချက်ချင်း တုန့်ပြန် အဖြေရှာတတ်ပေမဲ့ တရုတ်ကတော့ တစ်ဆင့်ခြင်း ပြောင်းလဲ အဖြေရှာယူတတ်ပါတယ်။ အမေရိကန်တွေက လုပ်ဆောင်စရာတွေထဲက တကယ် အလုပ်ဖြစ်နိုင်မယ့် အချက်တွေကို ဦးစားပေး လုပ်ဆောင်တတ်ပြီး တရုတ်ကတော့ ဒီသဘောတရားတွေနဲ့အညီလုပ်ရင် ဘယ်မှာ အဆုံးသတ် သွားလေမလဲဆိုတာကို ဝေဖန်သုံးသပ်တတ်ပါတယ်။ တရုတ်တွေရဲ့ တွေးတောစဉ်းစားပုံကို ကွန်မြူနစ်ဝါဒနဲ့ တရုတ်ရိုးရာ ယဉ်ကျေးမှုက ပုံသွင်း ပေးလိုက်တာဖြစ်ပြီး အဲဒီ အချက် နှစ်ချက်စလုံးကလည်း အမေရိကန်တွေနဲ့ အကျွမ်းတ၀င် မရှိပြန်ပါဘူး။

ကမ္ဘာ့နိုင်ငံရေးအစီအမံထဲမှာ တရုတ်နဲ့ အမေရိကန်တို့ဟာ အခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံနေကြရ တာဖြစ်ပါတယ်။ တရုတ်ကလည်း သူတို့ပေါ်လစီ ဟာ သူများနဲ့မတူ၊ အများအားဖြင့် သူတို့ကိုယ်ပိုင်ဟန်ပေါ်မှာ အခြေခံတယ် လို့ ယုံကြည်ပြီး အမေရိကန်တွေကလည်း သူတို့ပေါ်လစီဟာ သူများနဲ့ မတူ၊ သူများထက် သာတယ်။ သူတို့တန်ဖိုးတွေကို ကမ္ဘာ့နိုင်ငံတိုင်းက ကျင့်သုံးလာအောင် ထောက်ပံ့ ကူညီပေးဖို့လည်း သူတို့မှာ တာဝန်ရှိနေ တယ်လို့ ယုံကြည်ထားကြ ပါတယ်။
မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ အမြင်တွေနဲ့ အင်အားကြီး လူ့အဖွဲ့ အစည်းကြီးနှစ်ခုဟာ သူတို့ပြည်တွင်းရေး သတ်မှတ်ချက်တွေနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ထိပ်တိုက်တွေ့ဆုံနေကြပါပြီ။

သူတို့အချင်းချင်း ပြိုင်ဖက်တွေအနေနဲ့ ရှုမြင်ကြလေမလား။ မိတ်ဆွေတွေ အနေနဲ့ ဆက်ဆံလာကြ မလား။ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအစီအမံ ဘယ်လိုဖြစ်လာလေမလဲ ဆိုတဲ့အချက်ဟာ သူတို့ ဘယ်လိုတုန့်ပြန်လာမလဲ ဆိုတာအပေါ်မှာ မူတည်နေပါတော့တယ်။

တောမီးလောင် တောကြောင်လက်ခမောင်း ခတ်


၁၉၅၇ ခု၊ မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ကွန်မြူနစ် ပါတီခေါင်းဆောင်များ အစည်းအဝေးမှာ အနုမြူစစ်ပွဲဖြစ်ခဲ့ရင်တောင် များပြားတဲ့ လူဦးရေ၊ ခိုင်မာတဲ့ ယဉ်ကျေးမှုကြောင့် တရုတ်က သေချာပေါက် အောင်နိုင်သူ ဖြစ်နေမယ်၊ ဒီစစ်ပွဲကြောင့် လူပေါင်း သန်းရာချီပြီး သေဆုံးမယ်ဆိုရင်တောင် တရုတ်ပြည်ဟာ သူ့ရဲ့ တော်လှန်ရေးလမ်းစဉ်ကနေ သွေဖီသွားမှာ မဟုတ်ဘူး ပြောခဲ့လို့ အားလုံး အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။.........
၁၉၇၁ ခုမှာ လျှို့ဝှက်ခရီးစဉ် အဖြစ် ဘေဂျင်းမြို့ကို ကျွန်တော် သွားတော့ ကျောက်အိန်လိုင်က သူ့ ခေါင်းဆောင်ရဲ့ သဘောထားကို “တောမီးလောင် တောကြောင်လက်ခမောင်း ခတ်” လို့ ဟာသသံစွက်ပြီး ပြောပြခဲ့ပါသေးတယ်။......
“ရှေ့သို့” ဆိုတဲ့ ကြွေးကြော်သံနဲ့ ၁၉၅၈ ခုမှာ အန္တရာယ်ကြီးလှတဲ့ စက်မှုတော်လှန်ရေးကြီး ပြုလုပ်ခဲ့ပြီး ၁၉၆၆ ခုမှာ ယဉ်ကျေးမှု တော်လှန်ရေးကြီး ဆက်လက်ဆင်နွှဲခဲ့ပါတယ်။ ဒီစီမံကိန်းကြောင့် ပညာတတ် လူငယ်မျိုးဆက် တစ်ဆက်လုံး နယ်စပ် ကို ရောက်သွားကြရပြီး မော်ရဲ့ ပန်းတိုင် အတွက် လူသန်းပေါင်းများစွာ လည်း အသက်တွေ စတွေးခဲ့ကြရပါတယ်။
တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်း မုန်းခြင်းအလျဉ်းမရှိဘဲ သတ်ဖြတ် လိုက် ရတာတွေကို မလွှဲသာမရှောင်သာတဲ့ သမိုင်း အလှည့်အပြောင်း တစ်ခုလို့ တရုတ် ခေါင်းဆောင်တွေက ယူဆခဲ့ကြပါ တယ်။

ကစ်ဆင်းဂျား၊ World Order

တရုတ်ပြည်ရဲ့ မိုးအောက်မြေပြင် ဝါဒ


“လူရိုင်းတွေရဲ့” စစ်အင်အားအောက်မှာ နှစ်ကြိမ်တိုင်တိုင် အရှုံးပေး ရပြီးနောက် ပြည်တွင်းအုံကြွမှု အကြီးအကျယ်ဖြစ်ပွားတဲ့အခါမှာ (တိုင်ပင်၊ ပုန်ကုန်မှု-Taiping Relellion) တော့ နိုင်ငံခြားစစ်အကူအညီကို တောင်း ခံခဲ့ရပါ တော့တယ်။ တရုတ်ဘုရင်က အမေရိကန်သမ္မတ အေဗရာဟင် လင်ကွန်းထံ ရေးပို့တဲ့ စာထဲမှာ
“နတ်မင်း ကြီးများ၏ တစ်ကမ္ဘာလုံးကို အုပ်ချုပ်စီမံရန် ပေးအပ်ထားသော အမိန့်ကို လိုက်နာဆောင် ရွက်နေရသည့် ကျွန်ုပ်တို့ မဇ္ဈိမ နိုင်ငံတော် (တရုတ်ပြည်)နှင့် မဇ္ဈိမနိုင်ငံတော်အပြင်မှာ ရှိနေသည့် အခြား နိုင်ငံတော် များအားလုံးသည် ညီအကိုရင်းသဖွယ် ကမ္ဘာ့မိသားစုဝင် တွေသာဖြစ်သည် ဟု ယုံကြည်ပါသည်” လို့ အပေါ်စီး လေသံနဲ့ ရေးထားပါတယ်။

ထင်ရှားတဲ့ စကော့(တ်) လူမျိုး၊ တရုတ် အထူးကျွမ်းကျင်ပညာရှင် ဂျိမ်း(စ်) လက်ဂီ (James Legge) ၁၈၇၂-ခုနှစ်က ရေးထားတဲ့ မှတ်တမ်းထဲမှာတော့
“ဒီနှစ်တွေအတွင်းမှာတော့ ပိုပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအပေါ် တရုတ် ရဲ့သဘောထားက သိသိသာသာကြီး ပြောင်းလဲလာခဲ့ပြီး အခြားနိုင်ငံတွေနဲ့ အဆင့်တူ၊ သဘောတူစာချုပ် လက်မှတ်တွေ ထိုးလာတယ်။ ဒါပေမဲ့ တရုတ် ဝန်ကြီးတွေနဲ့ လူထုကတော့ တရုတ်ပြည် ဟာလည်း ကမ္ဘာ့ မိသားစုနိုင် ငံတွေထဲက တစ်နိုင်ငံသာ ဖြစ်တယ်ဆိုတဲ့အချက်ကို သဘောမပေါက် ကြသေးဘူးလို့ ထင်ပါတယ်။ သူတို့ရဲ့ ရှေးရှေးအင်ပါယာတွေ အုပ်ချုပ်ခဲ့တဲ့ “မိုးအောက် မြေပြင်” ဆိုတာ တစ်မိုးလုံးအောက်က မြေပြင်မဟုတ်၊ ကောင်း ကင် တစ်စိတ်တစ်ပိုင်းအောက်က မြေပြင်သာဖြစ်တယ်ဆိုတာ သဘောပေါက် ကြဖို့ လိုအပ်နေပါတယ်။”
လို့ ရေးသားခဲ့ပါတယ်။

ကစ်ဆင်းဂျား

တရုတ်က လေတော့ နည်းနည်းမှ မလျှော့ဘူး


နပိုလီယံကို တိုက်ခိုက်အောင်မြင်ပြီးတဲ့နောက် ဗြိတိသျှတို့ရဲ့ ကုန်သွယ် ရေး နယ်ချဲ့မှုကလည်း အရှိန် အဟုန်ပိုကောင်းလာပြီး နောက်ထပ်ကြိုးစားမှု အနေနဲ့ ဗြိတိသျှတို့က ဒုတိယအကြိမ်မြောက် ကိုယ်စားလှယ်အဖွဲ့ကို စေ လွှတ်ခဲ့ပြန်ပါ တယ်။ နပိုလီယံနဲ့ဖြစ်တဲ့ စစ်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ ဗြိတိ သျှ ရေတပ်စွမ်းရည်ဟာ တရုတ်နဲ့ သံတမန်ဆက်ဆံရေး ကမ်းလှမ်းမှု မှာတော့ သိပ်ပြီး အထောက်အကူ မဖြစ်လှပါဘူး။
ဗြိတိသျှ ကိုယ်စားလှယ်တော် ဝီလီယံ အမ်းဟာ့(တ်) (William Amberst) က သူ့ဝတ်စုံချုပ်လို့ မပြီးသေးလို့ ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘုရင်ရှေ့ ဒူးထောက် အခစားဝင်ဖို့ ငြင်းဆန်လိုက်တဲ့အခါ သူနဲ့ သူ့ရဲ့ ကမ်းလှမ်းချက် ကိုလည်း တရုတ်အင်ပါယာက ပယ်ချခဲ့ပြန်ပါတယ်။ တရုတ်ဘုရင် မင်းမြတ်က အင်္ဂလန်ရဲ့ အိမ်ရှေ့မင်းသား ရီဂန့် (Regent) ထံ ရေးတဲ့စာမှာ

“မိုးအောက်မြေပြင်တစ်ခုလုံး၏ အရှင်သခင်၊ တရုတ်အင်ပါယာသည် ကိုယ်စားလှယ်အသီးသီးထံ ကိုယ်တိုင်သွားရောက် တွေ့ဆုံမှု ပြုမနေနိုင်ပါ” “အလွန်ဝေးလံလှသည့် ပင်လယ် တစ်ဖက်ကမ်းရှိ နိုင်ငံတစ်နိုင်၏ သစ္စာစောင့်သိမှုနှင့် ယဉ် ကျေးမှု အဆင့်အတန်း မြင့်မားလိုမှုအတွက် ကမ်းလှမ်းချက်ကိုတော့ တရုတ် ဘုရင်မင်းမြတ်က အသိအမှတ်ပြု မှတ်တမ်းတင်ထားပေသည်။ သို့သော် ...”
(၁၉ ရာစု၊ အနောက်တိုင်း သာသနာပြုတွေရဲ့ မှတ်တမ်းထဲမှာတော့ ဒီလိုရေးထားပါတယ်။)

“ယနေ့မှစ၍ ဘယ်လိုသံတမန်မှ မစေလွှတ်ပါနှင့်၊ ဤကိစ္စက ခရီးပန်း၊ အချိန်ကုန်သာဖြစ်ပါသည်။ သင်တို့အနေဖြင့် စိတ်လိုလက်ရ အလုပ် အကြွေး ပြုလုပ်လိုသည်ဆိုပါက အကြောင်းတိုက်ဆိုင်လျှင် တရုတ် အင်ပါယာမှ သာသနာပြုများ စေလွှတ် ပေးနိုင်ပေသည်။ သို့မှသာ သင်တို့လည်း ယဉ်ကျေးမှု အဆင့်မြင့်မားလာသူတွေ ဖြစ်နိုင်ပေလိမ့်မည်။ ယခုထုတ်ပြန်လိုက်သော အမိန့်ကို သင်တို့အနေနှင့် ထာဝရ လိုက်နာကြရမည်။”

(ကစ်ဆင်းဂျား)

ပဟေဠိဆန်ဆန် (land of mystery)' နိုင်ငံပါပဲ


နှစ်ပေါင်းနှစ်ဆယ်လောက် တရုတ်နဲ့အမေရိကန် ဆက်ဆံရေးပြတ်တောက် နေခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည် စတင်ဖို့ ၁၉၇၁- ခုနှစ်က တရုတ်ပြည် ကို ပထမဆုံးအခေါက် ကျွန်တော်ရောက်စဉ်မှာ "အမေရိကန်ကိုယ်စားလှယ် အဖွဲ့အတွက်တော့ တရုတ်ပြည်ဟာ နားလည်ရ ခက်တဲ့ 'ပဟေဠိဆန်ဆန် (land of mystery)' နိုင်ငံပါပဲ" လို့ပြောတော့ ပရီးမီးယာ ကျောက်အိမ်လိုင်က ”တရုတ်ပြည်နဲ့ ပိုပြီး ရင်းနှီး ကျွမ်းဝင်သွားရင် အရင်ကလောက် နားလည်ရခက်မှာ မဟုတ်တော့ပါဘူး” လို့ ပြန်ပြောခဲ့ပါတယ်။
တရုတ်ပြည်ထဲမှာ လူဦးရေ သန်းကိုးရာရှိနေပေမဲ့ သူတို့အတွက်တော့ အရာခပ်သိမ်းဟာ ပုံမှန်ပါပဲလို့ သူက မှတ်ချက်ထပ်ပေးပါတယ်။

(ကစ်ဆင်းဂျား)

World Order က အယူအဆ (Concept)


သူ့ကို ဒေသတစ်ခု (သို့) စီဗီလိုက်ဇေးရှင်းတစ်ခုက တရားမျှတရေး၊ ပါဝါညီမျှရေးစတဲ့အစီအမံတွေအတွက် ကမ္ဘာကပါ ကျင့်သုံးလာနိုင်အောင် သတ်မှတ်ပေးတယ်။
International Order က ကျင့်သုံးမှု (Application)။
အထက်ပါ အယူအဆကို ပဲ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ ကျင့်သုံး၊ တစ်ကမ္ဘာလုံး အတိုင်းအတာ မဟုတ် ဒါပေမဲ့ ကမ္ဘာအပေါ်သက်ရောက်မှုရှိ။
Regional Order က အထက်ကမူဝါဒတွေကို သတ်မှတ်တဲ့ ဒေသတွင်းမှာပဲကျင့်သုံး။

Order နဲ့ Freedom
Freedom မရှိတဲ့ Order က ဘာကြီးဖြစ်နေနေ တစ်ချိန်ချိန် ပြိုလဲမယ်။
Order မပါရင်လည်း Freedom က လုံခြုံမှုမရှိဘူး။
(ဟိုတလောက ဒေါ်စု ပြောသွားတဲ့ သဘောတရား)

Ref; World Order

အရင်တရုတ်တွေက ဇာတိဂုဏ်မောက်မာ၊ ဗဟုသုတနည်း


"၁၉၈၂ က တရုတ်ခေါင်းဆောင်တွေထဲမှာ ဘွဲ့ရပညာတတ်မပါ။ ဒီနေ့ အားလုံးလိုလိုက ဘွဲ့ရ၊ အများစုက ဘွဲ့လွန်။ သူတို့ ကောလိပ်တွေရဲ့ သင်ရိုးညွှန်းတန်းတွေက အနောက်တိုင်း ဟန်။ အရင်တရုတ်တွေက ဇာတိဂုဏ်မောက်မာ၊ ဗဟုသုတနည်း၊ အမြင်ကျဉ်း။ လက်ရှိခေါင်းဆောင်အုပ်စုက အတိတ်နဲ့ လုံးဝမတူ။ လက်ရှိခေါင်းဆောင်အုပ်စုက တရုတ်သမိုင်းကို မွှတ်နေအောင်သိပေမဲ့ သမိုင်းရဲ့ ချည်နှောင်းခြင်း (သခင်မျိုးဟေ့ တို့တရုတ်နေမှာပေါ့) မခံကြရတော့ဘူး။"
သိပ်ကောင်းတဲ့ ကောက်ချက်ပါ။ (World Order နှာ ၂၂၈)

ပြသနာရှိရင် အဖြေရှိတယ်လို့ အမေရိကန်က ယုံကြည်


အမေရိကန် ချဉ်းကပ်ပုံက လက်တွေ့ဆန်ပြီး တရုတ်က သဘောတရားရေး ဆန်တယ်။
သူ့ကို ခြိမ်းခြောက်နေတဲ့ အိမ်နီးချင်းနိုင်ငံ အမေရိကန်မှာ မရှိဖူးဘူး။ တရုတ်က ခြိမ်းခြောက်မခံရတဲ့ အခါရယ်လို့ မရှိဖူးဘူး။
ပြသနာရှိရင် အဖြေရှိတယ်လို့ အမေရိကန်က ယုံကြည်ပြီး ပြသနာရဲ့အဖြေဟာ နောက်ပြသနာရဲ့ လမ်းစလို့ တရုတ်က ယုံကြည်တယ်။
အမေရိကန်က လတ်တလောပြသနာကို ချက်ချင်းအဖြေရှာပြီးတရုတ်က တဆင့်ချင်း အဖြေရှာတယ်။
တရုတ်က ကွန်မြူနစ်ဝါဒနဲ့ တရုတ်ယဉ်ကျေးမှုပေါင်းစပ်ပြီး သူ့နိုင်ငံကို ပုံဖော်ယူတယ်။ အဲဒီနှစ်ခုစလုံးကလည်း အမေရိကန်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း။

World Order, page 226

တရုတ်ရဲ့ ရှေးဟောင်းယုံကြည်မှု


တရုတ်ရဲ့ ရှေးဟောင်းယုံကြည်မှုအရ တရုတ်ဟာ မဇ္ဈိမနိုင်ငံတော်။
အခြားနိုင်ငံတွေက အခွန်တော်ဆက်နိုင်ငံတွေ။ ဘယ်သူမှ သူနဲ့ တန်းတူမရှိ။
၁၉ ရာစုအလယ်ပိုင်းအထိ နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုတာမရှိ။ အနောက်ဖိအားကြောင့် ရှိလာရပေမဲ့ အဲဒီဝန်ကြီးဌာနရဲ့ တာဝန်က လူအရိုင်း အစိုင်းတွေကို စီမံကွပ်ကဲခြင်း။
သူတို့ရဲ့ နိုင်ငံခြားရေးပေါ်လစီဆိုတာ ကမ္ဘာ့နိုင်ငံတိုင်းအတွက် သူတို့နဲ့
ထိုက်တန်တဲ့ နေရာ၊ အဆင့် သတ်မှတ်ပေးခြင်းသာဖြစ်။

Ref: World Order.

အိန္ဒိယရဲ့ နိုင်ငံရေးမဟာဗျူဟာကို ချမှတ်သွားသူက ဝန်ကြီးကောဋိလ တဲ့


မောရိယမင်းဆက်နဲ့ပတ်သက်လို့ အသောကအကြောင်းပဲ ပါဠိစာပေမှာတွေ့ရတယ်။ ကစ်ဆင်းဂျားစာအုပ်ထဲမှာတော့ ဝန်ကြီးကောဋိလျ (Kautilya) အကြောင်း အသေးစိတ်ရေးထားတာတွေ့ရတယ်။ မောရိယမင်းဆက်အောက်က အိန္ဒိယရဲ့ နိုင်ငံရေးမဟာဗျူဟာကို ချမှတ်သွားသူက ဝန်ကြီးကောဋိလ တဲ့။ သူ့ နိုင်ငံရေးမဟာဗျူဟာကို ဥရော ဝက်စ်ဖလီယံနဲ့တောင် ကစ်ဆင်းဂျားက နှိုင်းယှဉ်ပြသွားတယ်။

ဘီစီ လေးရာစုက ကောဋိလျရဲ့ မဟာဗျူဟာတဲ့။




ရသေ့၊ ရဟန်း၊ လှည်းကုန်သည်၊ နယ်လှည့်ဈေးသည်၊ မျက်လှည့်လက်လှည်၊ ခြေသလုံးအိမ်တိုင်၊ ဗေဒင်ဆရာတွေကနေတဆင့် နားလည်မှုတွေလွဲ၊ ရန်တွေဖြစ်ကြအောင် အိမ်နီးချင်းနိုင်ငံတွေကြား ကောလာဟလတွေ ဖြန့်ရမယ်။ သူတို့ချင်း တိုက်ခိုက်၊ မောပန်းလာမှ ဝင်တိုက်၊ အနိုင်ယူ တဲ့။

စာဖတ်သူအသံ


တချို့ဟာတွေကို လိုက်ခ်လို့သာ လိုက်ခ်ရတာ။ နားမလည်ဘူး။
မက်ဆင်းဂျားဆိုလည်း ဟုတ်သေး၊ ခုဟာက ကစ်ဆင်းဂျားရယ်လို့။ ဘယ်နှာကြီးပါလိမ့်။

"World Order"


"Order" ဆိုတဲ့စကားလုံးကလည်း ဘယ်လိုပဲဘာသာပြန်ပြန် တစ်ခုခု လိုနေ သလိုပဲ။ လက်ရှိအသုံးများနေတာတွေကတော့ အခင်းအကျဉ်း၊ အစီအမံ တို့ပေါ့။ "အစီအမံ" က ရုပ်သဘော နာမ်သဘောပါဝင်နေပေမဲ့ "အခင်းအကျဉ်း" ကတော့ ရုပ်ဖက်ကို နွှယ်လွန်းမယ်ထင်တယ်။
ဒီပြသနာက အိန္ဒိယနဲ့သီဟိုဠ်တို့မှာလည်း ရှိနေဟန်ပါ။ သူတို့က တစ်ခါတစ်ခါ "ပထ" (လမ်းစဉ်) လို့ သုံးတတ်ကြတယ်။ သူတို့ရဲ့လွှမ်းမိုးမှုလားတော့မသိဘူး၊ မြန်မာမှာလည်း "လမ်းစဉ်" ဆိုတဲ့စကား တော်တော်ခေတ်စားခဲ့တယ်။

သာမန်ဝါကျထဲက Order ကိုတော့ အဆင်ပြေသလို ဘာသာပြန်သွားလို့ ရ တာပေါ့။ ဒါပေမဲ့ စာအုပ်နာမည်ကကို "World Order" ဖြစ်နေတော့ ခက် သွားတယ်။ ဖြစ်နိုင်ရင်တော့ "လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော" လို့တောင် ခေါင်းစဉ်ပေးလိုက်ချင်ရဲ့။
အနီးစပ်ဆုံးကတော့ အစီအမံ ထင်ပါတယ်။