ပဟေဠိဆန်ဆန် (land of mystery)' နိုင်ငံပါပဲ


နှစ်ပေါင်းနှစ်ဆယ်လောက် တရုတ်နဲ့အမေရိကန် ဆက်ဆံရေးပြတ်တောက် နေခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည် စတင်ဖို့ ၁၉၇၁- ခုနှစ်က တရုတ်ပြည် ကို ပထမဆုံးအခေါက် ကျွန်တော်ရောက်စဉ်မှာ "အမေရိကန်ကိုယ်စားလှယ် အဖွဲ့အတွက်တော့ တရုတ်ပြည်ဟာ နားလည်ရ ခက်တဲ့ 'ပဟေဠိဆန်ဆန် (land of mystery)' နိုင်ငံပါပဲ" လို့ပြောတော့ ပရီးမီးယာ ကျောက်အိမ်လိုင်က ”တရုတ်ပြည်နဲ့ ပိုပြီး ရင်းနှီး ကျွမ်းဝင်သွားရင် အရင်ကလောက် နားလည်ရခက်မှာ မဟုတ်တော့ပါဘူး” လို့ ပြန်ပြောခဲ့ပါတယ်။
တရုတ်ပြည်ထဲမှာ လူဦးရေ သန်းကိုးရာရှိနေပေမဲ့ သူတို့အတွက်တော့ အရာခပ်သိမ်းဟာ ပုံမှန်ပါပဲလို့ သူက မှတ်ချက်ထပ်ပေးပါတယ်။

(ကစ်ဆင်းဂျား)

Post a Comment