ကမ်းကြည့်ငှက်တစ်ကောင်၏ နိုင်ငံရေး ဝိပသနာ


ကျနော် နိုင်ငံရေးကမ်းကြည့်ငှက်တစ်ကောင် (တိရသကုဏ ဒသီ) ဖြစ်နေခဲ့ သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။ ထိုငှက်က သူအမှန်ရှုမှတ်ရမည့် သင်္ခါရရုပ်ပုံလွှာအစား အကြမ်းစား နိုင်ငံရေးအထည်ကို ဝိပသနာတင်ရင်း ရှု မှတ်နေခြင်းအပေါ် နောင်တရဟန်လည်းမတူပါ။ သို့သော် နိုင်ငံရေး အဖြစ် အပျက် ဝိပသနာကို လေးနှစ်နီးပါး ပွားမြားပြီးသည့်နောက်မှာတော့ သူ ရှုမှတ်နေသည့်သင်္ခါရအကြမ်းထည်၏ သဘာဝကို ပို၍ ပျက်ပျက်ထင်ထင်မြင် လာသည်။

ယမန်နေ့ကတော့ သူ၏ဉာဏ်စဉ်များလည်း တဟုန်ထိုး တိုးတက်လာလေေ တာ့သည်။ အဖြစ်၊ အပျက်၊ အတက်၊ အကျကို (ဥဒယ၊ ဝယ) စဉ်ဆက်မပြတ် ရှုမှတ်နေရင်း မနေ့ကတော့ အဖြစ်ထက် အပျက်သဘောတရားက သူ့ဉာဏ် မှာ တမွမွ၊ တဖွဖွရိုက်ခတ်ပေါ်လာလေတော့သည့်။
ဤကိုပင် ဘင်္ဂဉာဏ်ကွန့်မြူးခြင်းဟု ခေါ်လေသလား မသိပါ။

အပျက်သိ ဉာဏ်စဉ်အတန်းသည် စဉ်ဆက်မပြတ် ရိုက်ခတ်လာတတ်သည်ဟု မိန့်မှာတော်မူ၏။ မှန်ပေသည်။ ဘင်္ဂဉာဏ်အစွန်းအစလေးကို ဆွဲယူလိုက်မိ သည်နှင့် တပြိုင်နက် အန္တရာယ်အချက်ပေးသံသဖွယ် ဘယဉာဏ် (ဘေး၊ အန္တ ရာယ်ဟု သဘောခိုက်သောဉာဏ်) က ထပ်ချပ်မကွာ ဘင်ခရာသံဖြင့် လိုက်ပါ လာလေသည်။
"အန္တရာယ်ရှိပြီ၊ အန္တရာယ်ရှိပြီ။"
ထိုမှနောက် "ထွီ" ကနဲ ထွေးထုတ်ချင်လောက်အောင် အာဒီနဝ (ကောင်းကွက် မရှိလေစွတကား၊ မွေ့နူးသာယာဖွယ် မဲ့လေစွတကား) အသိဦီးက သူ့ကို တဘုန်းဘုန်းရိုက်နှက်၍ နေပါတော့သည့်။


ထိုမှနောက်တော့ သဘာဝဖြစ်စဉ်မှန်အောက်မှာ (The way it is, the way they are) ရိုးတရိပ်ခိုလှုံခွင့် ရသလိုဖြစ်သွားသည်။
မုဉ္စိတုကာမော
လွတ်မှရမယ်
မြောက်မှရမယ်
လွတ်မြောက်မှရမယ်။
သို့ဖြင့်ပင် ပယ်မရ၊ စွန့်မရ။
ခေါ်သွားလို့မရ၊ ချန်ထားလို့မရ။
ချစ်လို့မရ၊ မုန်းလို့မရ။
ချော့လိုမရ၊ ခြောက်လို့မရ
သင်္ခါရဖြစ်စဉ်အပေါ် တနုံ့နုံ့၊ တနဲ့နဲ့ ရှုမှတ်ပြီး ဥပေက္ခာရွက်နုဝေချိန်ကိုစောင့်စားရင်း (သင်္ခါရုပေက္ခာ) သူ့ မြေယာလေးကို မြေနှုတ်ပေါင်းသင် ပေးနေမိတော့သည်။

အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
ကျနော်သိသည့် ကမ်းကြည့်ငှက်ကြီးများ ဒီနေရာမှာ ရှိနေကြောင်း အခုမှ ကျနော်သိခွင့်ရခဲ့သည်။ ထို ကမ်းကြည့်ငှက်ကြီးများက ကျနော့်ကို ပြုံးကြည့် ကြ၏။
" ဟေ့ကောင်၊ လာလေကွာ" ဟု ခေါ်ကြ၏။


image source

အမှန်မူ ထိုငှက်သည် နယ်စည်းဖြတ်၊ မဖြတ်(ဂေါတြဘူ)ကို ဆုံးဖြတ်ရန် ချီတုံ ချတုံ ဖြစ်နေဟန်တူပါသည်။
ရှုမှတ်ပုံ မတူညီသည့်တိုင်
ကျနော်
ကမ်းကြည့်ငှက်တစ်ကောင်ဖြစ်ကြောင်းကတော့ သေချာပါသည်။

ဇင်ဝေသော်

"ဟလို ကိုရင်ဥာဏ"


"ကိုရင်ပဏ္ဍိ။ အခြေအနေ ဘယ်လိုရှိလဲဘုရား"
"၂၉/၈၃လမ်းတေထောင့်မှာ ၀က်သားလောင်းနေတယ်။ ခါတိုင်း ဟင်းကောင်းောင်းနေကျနေရာက ဒီနေ့ မရှိဘူ။ အဲဒီဖက်ကို မသွားနဲ့။ စိတ်ဝင်စားရင် သကျသီဟဖက်ကို ဆက်သွား။ ပဲပြုတ်နဲ့ငါးပိကြော်ရမယ်"
"အိုကေ။ ကျေးဇူးပဲ ကိုရင်ဥာဏ"
၂၁ ရာစု တယ်လီကွန်မြူနီကေးရှင်းကြောင့် ဘယ်လမ်းမှာ ဘာလောင်းနေတယ်ဆိုတာကို တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်စရာမလိုဘဲ အလွယ်တကူ သိလာနိုင်ပြီ။ ဒီအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကိုရင်ဥာဏ ကျေးဇူးတင်နေမိတယ်။

ငါ့ရှင်တို့နဲ့ စကားပြောကြည့်ခြင်း


လက်ရှိမြန်မာပြည်ရနေတဲ့ ဒီမိုကရေစီ အရိုးအရင်းလေးတွေနဲ့ ပတ်သက်လို့ အပြင်မှာ
၁။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ဆုပေးဒဏ်ပေးပေါ်လစီကြာင့်
၂။ တရုတ်ဦးဆောင်တဲ့အာစီယံအုပ်စုရဲ့ သာပေါင်း(သူများပြည်တွင်းရေးကို မဖက်စွက်မှု)ပေါ်လစီကြာင့်လို့ပြောကြတယ်။
နှစ်ခုစလုံးဖြစ်နိုင်ပါတယ်။ ခြေထောက်နဲ့ကျမ်းပြင် မထိတထိမြင့်တဲ့ ခုံပေါ်မှာထိုင်း ရင်း စင်္ကာပူဝန်ကြီးချုပ်ကို မျက်နှာငယ်စွာ ဦးသိန်းစိန်တစ်ယောက်တည်း စောင့် ခဲ့ရဖူးသလို အိမ်ဖြူတော်က အလည်ဖိတ်တော့လည်း တန်ကနဲပြေးခဲ့တာပါပဲ။

ပြည်တွင်းထဲ အနေအထားမှာလည်း
၁။ အစစအောက်ဆုံးရောက်နေတာကို ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် သိသွားလို့၊ နာဂစ်ဟာ နောက်ဆုံး Wake up call၊
၂။ ဒေါ်စုနဲ့အဖွဲ့ချုပ်ကြောင့်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ကျောင်းသားခေါင်းေ ဆာင်တွေနဲ့ကျောင်းသားတွေကြောင့်(စသည်)လို့ ပြောတတ်ကြပြန်ပါတယ်။
နှစ်ခုစလုံးဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အုပ်စုဖွဲ့တိုက်ခိုက်နေတာက ဒေါ်စုကိုပဲ ဖြစ်နေတယ်။ နိုင်ငံရေးအရကြည့် ရင် ဒေါ်စုက အန္တရာယ်ပိုရှိနေလို့နေမှာပေါ့။ ဒါပဲလေ။

ငါ့ရှင်တို့
ငါ့ရှင်တို့ လက်ရှိမြန်မာပြည်ရနေတဲ့ ဒီမိုကရေစီအရိုးအရင်းလေးတွေရဖို့
(ငါ့ရှင် တို့ခေါ်တဲ့ မွတ်ဒေါင်းခေါင်းဆောင်အဖွားကြီး)
ရင်းနှီးခဲ့ရတာတွေကို တစ်ချက်လောက် စောင်းငဲ့ကြည့်ပေးပါ။
စာပေစီစစ်ရေး အကန့်အသတ်တွေ ဖွင့်ပေးလိုက်သလိုမျိုး(စသည်) ဦးသိန်းစိန်ရဲ့ ကနဦးခြေလှမ်းတွေကိုလည်း မမေ့အပ်ပါဘူး။

အစ္စလမ်အကြမ်းဖက်မှု နောက်ခံ


၁။ ယူနီဗာဆယ်လစ်ဇင်နဲ့ အစစသာလွန်နေတဲ့ ခရစ်ယန်နယ်ချဲ့မှုကြောင့် မွတ်စလင်ဘာသာရေးအဖွဲ့တွေ စုစည်း၊ အားကောင်းလာ။
၂။ အင်္ဂလိပ်တတ် ပြည်ပမွတ်စလင်ပညာရှင်တွေက ပြည်တွင်းမွတ်စလင်ပညာ ရှင်တွေကို အစွန်းရောက်နေပြီလို့ပြော။
၃။ ပြည်တွင်းမွတ်စလင်ပညာရှင်တွေက အင်္ဂလိပ်တတ် ပြည်ပ မွတ်စလင်ပညာ ရှင်တွေကို လူဖြူရဲ့ ကပ္ပလီလို့ခေါ်။
၎။ ကိုရန်ကျမ်းတတ်တွေက ဦးဆောင်တော့ လူငယ်ထုကြီး အုံနဲ့ကျင်းနဲ့ပါလာ။
၅။ သေရတာက လူငယ်တွေ၊ ခေါင်းဆောင်စည်းရုံးသူ ပညာတတ်တွေက အသေ မခံ၊ (အမေရိကန်တွေ ရှာသတ်မှသေ)
၆။ အစတော့ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ဖို့၊ တဖြည်းဖြည်းနဲ့ သူများ ယဉ်ကျေးမှုကို တိုက်ခိုက်ချေမှုန်းဖို့။
၇။ နောက်ဆုံး ဘာသာရေးအတွက် အသက်ပေးရတာကို ဂုဏ်ယူပြီး အသေခံ အကြမ်းဖက်သမားတွေဖြစ်။
၈။ သူတို့ကို မထောက်ခံတဲ့ ကျန်တဲ့မွတ်စလင်တွေကိုပဲ သူတို့က ရန်သူသတ်မှတ်။

မြန်မာပြည်ရော ဘယ်လိုလဲ။ ၁ ကနေ ၈ အထိ ဘယ်လောက် ကွဲနေမလဲ။
နံပါတ် ၈ က ကြောက်စရာအကောင်းဆုံး၊ ညီညွတ်ရေးကို အန္တရာယ်ပေးတယ်။

ကျွန်တော့်ဆရာတွေထဲက တစ်ပါးနဲ့တစ်ယောက်


သူတို့က ဆရာဘုန်းကြီး ဦးပညောဘာသနဲ့ ဖိုးချောပါ။

ဖိုးချောကိုအကြမ်းပုံဖော်ရရင် ဉာဏ်သာမန်သာရှိသူ၊ သူ့ကိုယ်သူသိသူ၊ မိဘမဲ့ မနှစ်မြို့ဖွယ်ဘဝမှာကြီးပြင်းခဲ့ရသူ၊ ဗလကောင်းသူ၊ တစ်ခါတစ်ခါ ကျောင်းသား ငယ်များကို အနိုင်ကျင့်တတ်သူ၊ အများအားဖြင့် မဟုတ်မခံစိတ်ရှိသူ၊ ပြောရဲဆိုရဲ ရှိသူ၊ ကျောင်းသားအကြီးဆုံး၊ ကျောင်းအပြန်လမ်း အတန်းမပျက်အောင် ကွပ်ကဲ ရသူ၊ အိမ်ရောက်ရောက်ချင်း ကျောင်းသားတွေက မိဘကို ကန်တော့၊ မကန်တော့လေ့လာပြီး ဆရာဘုန်းကြီးကို တရားဝင်ပြန်လျှောက်ရသူလို့ ဆိုရမယ်ထင်ပါတယ်။
(မှတ်မှတ်ရရ အဲဒီတုန်းက ကျောင်းကနေအိမ်မပြန်ခင်"ဘုရားတပည့်တော် ဇင်ဝေသော်၊ ဆရာ့ထံမှ မိဘထံ ပြန်ပါရစေဘုရား" လို့ သုံးကြိမ်လျှောက်ပြီးမှ အိမ်ပြန်ခွင့် ရှိပါတယ်)
ဒါတွေထဲမှာ ကျနော်ပြောပြလိုတာက ဖိုးချောရဲ့ သူ့ကိုယ်သူသိသူနဲ့ ပြောရဲ ဆိုရဲ ရှိသူဆိုတဲ့အချက် နှစ်ချက်ဖြစ်ပါတယ်။
ထိုစဉ် ကျနော်က ၉ နှစ်သားဖြစ်ပြီး ဖိုးချောက ၁၃နှစ်သားလောက်လို့ ထင်ပါ တယ်။ ဆရာဘုန်းကြီး ဦးပညောဘာသက ကျနော်နဲ့ဖိုးချောကို မနက်ပိုင်း လော ကနီတိသင်ပေးပြီး နေ့ပိုင်းမှာ လေးတန်းသင်္ချာတွေသင်ပေးပါတယ်။ ဘာဖြစ် လို့ နှစ်ယောက်ထဲလည်းဆိုရင် ဦးပညောဘာသက လူတိုင်းကို မသင်လို့ပါ။ ဘာလို့ မသင်တာလဲ၊ သူ့မှာ အနာကြီးရောဂါ (ဆိုးဆိုးဝါးဝါး) ရှိပါတယ်။ ဒါဆိုရင် စာဖတ်သူများ အဖြေရနိုင်ပါပြီ။

စာမရရင် ထိုင်ထလုပ်ရပါတယ်။ ဒါပေမဲ့ ထိုင်ထလုပ်ရတိုင်း ဖိုးချောဖြစ်နေတာ များပါတယ်။ ကျနော်က တော်လို့မဟုတ်ပါ။ ကျနော့်မှာ လေးတန်းအောင်ပြီး သားအမ ၆ ယောက်ရှိနေလို့ပါ။ တစ်နေ့မှာတော့ ပေးတဲ့စာက များနေတော့ ဖိုးချောက ဦးပညောကိုလျှောက်ပါတယ်
"တပည့်တော် မနက်ဖြန်အတွက်ကြိုပြီး ထိုင်ထလုပ်လို့ ရပါသလား ဘုရား"
"ဘာဖြစ်လို့ မင်းက မနက်ဖြန်အတွက်ကြိုပြီး ထိုင်ထလုပ်ချင်ရတာလဲ"
"ဒီလောက်များတဲ့စာ မနက်ဖြန်လည်း တပည့်တော်မရနိုင်တာ သေချာလို့ပါ ဘုရား"
ဆရာသမားက ရယ်ပါတယ်။ စာကိုလည်း လျှော့ပေးလိုက်ပါတယ်။
ဒါ့ကြောင့် ငယ်ငယ်က ဖိုးချောကို ကျနော် ချစ်သွားပါတယ်၊ စာကျက်ရတာ လျော့ သွားလို့ပါ။ အခု လေးစားပါတယ်၊ မှန်တယ်ထင်လို့ပါ။

ဆရာဘုန်းကြီး ဦးပညောဘာသ
နောက်မှ အဖေရှင်းပြလို့သိရတာက ဆရာဘုန်းကြီး ဦးပညောဘာသအနေနဲ့ ဒီစာတွေသင်နေတာက အဓိပ္ပါယ်အများကြီးရှိပါတယ်(ရည်ရွယ်ချက် အလွန် ကြီးပါတယ်)။ စာသင်ကျောင်း မတက်ပေမဲ့ ၉ နှစ်သားတစ်ယောက်ဟာ လေး တန်းပညာရပ်တွေကို တတ်နေသင့်တယ်။ ဘုန်းကြီးကျောင်းလိုက်လို့ လောကီ ပညာနောက်ကျနေခဲ့တာမျိုး မဖြစ်သင့်ဘူး။ ဘုန်းကြီးကျောင်းသားက မြန်မာစာ မညံ့နိုင်ဘူး၊ သင်္ချာပဲညံ့မယ်ဆိုပြီး လေးတန်းသင်္ချာတွေ အတင်း သင်ပေးနေခြင်းဖြစ်ပါတယ်။ မှန်ပါတယ်။ ဆရာဘုန်းကြီးရဲ့ သင်္ချာမညံ့ဘူးဆိုတာ အတန်းကျောင်း ပြောင်းတက်တော့ သိရပါတယ်။ ကျန်တဲ့ကျောင်းသားတွေက မူလတန်း၊ တစ်တန်း၊ နှစ်တန်းစသည် အဆင့်ဆင့်တက်ခဲ့ကြပေမဲ့ ကျနော်က ဘုန်းကြီးကျောင်းကလာပြီး လေတန်းကို ခုန်တက်ခဲ့တာပါ။ ကျောင်းအုပ်ဆရာကြီး ဦးမြအောင်ကလည်း လက်ခံပါတယ်။ ဆရာဘုန်းကြီးကလည်း လေးတန်းမထားရင် မတက်နဲ့၊ ငါ့ကျောင်းပြန်ခဲ့လို့ မှာလိုက်ပါတယ်။

လေးတန်းအောင်တော့ ဆရာဘုန်းကြီးက ငါးတန်းသင်္ချာတွေ ဆက်သင်ပေးပြန် ပါတယ်။ ကံမကောင်းတာက အဲဒီနှစ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာဘုန်းကြီး ပျံတော်မူသွားခဲ့ခြင်းဖြစ်ပါတယ်။
အခု ဖိုးချောလည်း မရှိရှာတော့ပါ။

သို့သော် ဆရာဘုန်းကြီး ဦးပညောဆီက(ဆရာ့မှာ လက်ချောင်းလေးတွေ မရှိရှာ ဘူး) အညံ့မခံစိတ်နဲ့ ဖိုးချောဆီက ကိုယ့်ကိုယ်ကိုသိမှု၊ ပြောစရာရှိရင် ရဲရဲတင်း တင်းပြောမှုကတော့ ကိုယ်ညံ့လို့ အပြည့်အဝမရလိုက်တာကလွဲရင် ယူရမယ့် သင်္ခန်းစာတွေဆိုတာကိုတော့ လုံးဝ ယုံကြည်မိတယ်။
ကျနော်မသေသေးသရွေ့ သူတို့လည်း ကျနော့်ဘဝထဲမှာတော့ မသေနိုင်တော့ပါဘူး။

မောင်သစ်ဝေ(ဦးဝိသုဒ္ဓ၊ ထနောင်းတိုင်) စတဲ့ ဘ/ကဆရာတော်များ၊ သူငယ်ချင်း များကို ဦးကျို့ ဂုဏ်ပြုလျက်

ကျေးဇူးတင်ပါတယ် စနေသား ဦးတင်မောင်ဝင်း ခင်ဗျား


(လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ)

"နေစမ်းပါအုံး၊ အရှင်ဘုရားက ဘာရည်ရွယ်ချက်နဲ့များ ရီးဒါးဒိုင်ဂျက်ထဲက ဟာသတွေ ရေးတင်နေတာလဲ၊ မလုပ်စမ်းပါနဲ့၊ အရှင်ဘုရားဆီက လီကွမ်းယု စာအုပ် တပည့်တော်ငှားဖတ်တာ အခု ပြီးသွာပြီ။ အဲဒါ ဇာဂနာတို့ ထောင်ထဲမှာ ခိုးဖတ်ခဲ့ရတယ်ဆိုတဲ့စာအုပ်။ တော်တော်ကောင်းတယ်။ ကိုယ့်မှာ မြန်မာရော အင်္ဂလိပ်ရောရှိနေတာပဲ။ အဲဒါမျိုး ဘာသာပြန်လိုက်စမ်းပါ"

မိုက်တိမိုက်ကန်းစိတ်က
"ငါ့ဘာသာ ငါရေးချင်ရာရေး တင်မှာပေါ့၊ သူနဲ့ ဘာဆိုင်လို့လဲ၊ လာပြီး ဆရာကြီးလုပ်နေသေးတယ်" လို့ ပြောတယ်။
သုံးသပ်ဆင်ခြင်တဲ့စိတ်က
" ဒီ လူ့ဂွစာကြီးနဲ့ ပေါင်းလာတာကြာပြီ၊ စေတနာမပါရင် စကားတစ်ခွန်းမှ မပြောတဲ့လူ၊ သူပြောတာကို စဉ်းစား" လို့ ပြောတယ်။

အဲသလိုနဲ့ တစ်နှစ်ပြည့်လို့ ရေးမိတာတွေပြန်စုလိုက်တော့ ဒီနေ့ ဒီ စာအုပ်တွေ ဖြစ်လာတယ်လေ...ဗျာ။
ဦးတင်မောင်ဝင်း ရေ၊ ခင်ဗျား သဘောမတူရင်တောင် လှည့်ကြည့်မိတိုင်းတွေ့ ရမယ့် ခင်ဗျားရဲ့ စကားတစ်ခွန်းကို ကျေးဇူးတရားတွေနဲ့ ထုတ်ပိုးထားမိပါတယ်။





အမှာ။ ။ ဦးတင်မောင်ဝင်းဆိုတာ ကမ်းလက်ထဲ ကွန်မင့်တွေ အီးလို ဝင်ဝင်ရေး တတ်သူပါ။ အီးလိုထောင့်နေတယ်လို့ မထင်ပါနဲ့၊ မြန်မာလိုပြောရင် ဒီထက်ထောင့်ပါတယ်။ အသည်းငယ်ရင် နားထောင်လို့မရဘူး။ ၁၆ နှစ်အောက်ဆိုရင် သူ့စကားနားထောင်ဖို့ မိဘရဲ့ ဂိုက်ဒင့်စ် လိုမယ်။ ဒါပေမဲ့ ရဲဘော်စိတ်အပြည့်ရှိ၊ ရင်ဘတ်နဲ့ စကားပြောတတ်လို့ ရွာ့အပြင် ရောက်နေသူ ထဲက တစ်ယောက်ပေါ့။

(သီဟနာဒ၊ ဇင်ဝေသော်)

ဦးဂရုနဲ့လန်းဂွေ့မာစတာ(လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ)


ဆရာနဲ့အနီးကပ်သင်ခဲ့ရတာမျိး မဟုတ်လေတော့ အင်္ဂလိပ်စာနဲ့ပတ်သက် လို့ ကျေးဇူးအတင်ရဆုံးက အဆောင်ဖော် ဦးဂရုနဲ့ သူ့ရဲ့လန်းဂွေ့မာစတာ ပဲဖြစ်ပါတယ်။ သာသနာ့တက္ကသိုလ် (မန်း) အတူနေရဟန်းတစ်ပါးက မိမိနဲ့ ပတ်သက်ပြီး
"သူတို့ အင်္ဂလိပ်က ကောင်းပြီပေါ့ကွာ၊ တက္ကသိုလ်သက်တန်းတစ်လျှောက်လုံး အင်္ဂလိပ်ပဲ ထိုင်လုပ်သွားတာ၊ အင်္ဂလိပ်အဘိဓာန်တောင် ထောင်ကျက်သွားတဲ့ လူတွေ" လို့ ဆိုတဲ့ မုဒိတာစကား တစ်ဆင့်ကြားရပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် အဘိဓာန်ကို ထောင်ကျက်တာတော့ မဟုတ်ပါဘူး။ ဒါက ဒီလိုပါ။

ဦးဂရုမှာ အမေရိကန်ရောက် သူ့ ဘကြီးဘုန်းကြီးက လှမ်းပေးထားတဲ့ အသံထွက် အင်္ဂလိပ်အဘိဓာန် (လန်းဂွေ့မာစတာ) ရှိပါတယ်။ တစ်ချိန်ချိန်မှာ အမေရိကကို လှမ်းခေါ်ဖို့ သူ့ အတွက် သူ့ ဘကြီးဘုန်းကြီးရဲ့ ပြင်ဆင်ပေးမှုပါ။ ဦးဂရုက အခြား ဘာသာရပ်တွေကိုလည်း လုပ်နေရတော့ အင်္ဂလိပ်စာကို ဇောက်ချမလုပ်နိုင်ဘူး။ ဒါနဲ့ ဦးဇင်း သုံးချင်ရင်သုံးဆိုပြီး သူ့ လန်းဂွေ့မာစတာကို ငှားထားပါတယ်။ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိပါဘူး။ ကြားပဲကြားဖူးတဲ့ အဲဒီခေတ်
က ခြောက်သောင်းကျော်တန် ပစ္စည်းကြီး။ ဝယ်ဖို့ ပိုက်ဆံလည်း မရှိ၊ ပိုက်ဆံရှိ လည်း မြန်မာပြည်မှာ ဝယ်လို့မရ။

သူ့ရဲ့ လန်းဂွေ့မာစတာရလိုက်တဲ့နေ့ကစပြီး ကိုယ့်ရဲ့ ကို့ယို့ကားယား အသံထွက်တွေကို ထိုင်ပြင်နေမိ၊ စကားလုံးအသစ်တွေကို အတုခိုးရင်း လိုက်ပြောနေမိတယ်။ လူနဲ့သူ့အဘိဓာန်ကြီးက ခွဲလို့မရလောက်အောင်ဖြစ်သွား တယ်။ သုံးလလောက်သုံးပြီးတော့ အားနာတာနဲ့ "လိုမှ ငှားတော့မယ်" ဆိုပြီး သူ့ပြန်ပေးလိုက်တယ်။ ဒါတောင် တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက်တော့ သုံးဖြစ်ပါတယ်။ တိုးတက်စပြုလာတဲ့ မိမိအင်္ဂလိပ်ဟာ အဲဒီ အဘိဓာန်ရဲ့ ကောင်းမှုကြောင့်လို့ ဒီနေ့အထိ ယုကြည်နေမိသလို ဦးဂရုနဲ့ သူ့ ဘကြီးဘုန်းကြီးရဲ့ ကျေးဇူးကိုလည်း တိုက်ဆိုင်တိုင်း အောက်မေ့လျက်ပါ။

အခု သူဘယ်မှာရှိပြီး ဘာတွေလုပ်နေမှန်းမသိတာက မိမိရဲ့ အထင်ကရအရှိဆုံး ဆက်ဆံရေး အားနည်းချက်ကြီးပါ။ ရင်ထဲမှာပဲ ရှိနေတယ်။ အဲဒီအချိန်ကစလို့ ပိုက်ဆံရှိရင် အဝယ်ချင်ဆုံးပစ္စည်းက အသံထွက် အင်္ဂလိပ်အဘိဓာန်ဖြစ်နေခဲ့ တယ်။ သိပ်မလိုတော့တာတောင် ငယ်ရွယ်စဉ်ကအိပ်မက်မို့ ဝယ်လည်း ဝယ်ဖြစ် ခဲ့တယ်။ စင်္ကာပူကိုထွက်လာမှ အရှင်စက္ကပါလကို(ထင်တာပဲ) ပေးထားခဲ့တယ်။

နောက်ပြီး အင်္ဂလိပ်အသံထွက်နဲ့ပတ်သက်လို့ အလေးထားမှု မြန်မာတွေမှာ အားနည်းတတ်တယ်(လို့ ထင်တယ်)။ နှုတ်ခမ်းတွေ၊ လျှာတွေ၊ ပါးစပ်ပေါက်အနေ အထားတွေကအစ လေ့လာသူတွေကို သရော်တော်တော်လည်း လုပ်တတ်ကြ တယ်(ဗိုလ်ချုပ်တောင် သရော်ခံ မလွတ်ခဲ့ဘူး)။ မလုပ်အပ်ဘူး ထင်ပါတယ်။ ပေါ့တော့တော့နဲ့ သူ့အသံကို အလွယ်မရနိုင်ဘူး။ တကယ်က ပုဒ်စစ်ကျမ်းဆိုတာ ပါဠိအသံထွက်ဖို့ အာ၊ လျှာ၊ သွား၊ နှုတ်ခမ်း အနေအထားတွေ ကို ဖွင့်ဆိုပြတဲ့ ဖိုနစ်တစ်ကျမ်းတစ်ကျမ်းဆိုတာ မမေ့အပ်ဘူး။

အင်္ဂလိပ်ပဲ ပြောလို့တော့ ရတာပေါ့။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း ပုံစံအမျိုးမျိုးနဲ့ ပြောနေ ကြတာပဲ။ ဒါပေမဲ့ ဘယ်လိုအင်္ဂလိပ်လဲဆိုတဲ့ ကွဲပြားမှုကလည်း နိုင်ငံတိုင်း၊ လူမျိုး တိုင်းမှာရှိတယ်။
ကိုယ့်အင်္ဂလိပ်က "စံ" မဝင်ရင် ထမင်းဝင်စား၊ ဈေးဝင်ဝယ်လို့ရပေမဲ့ ပညာရှင် ကြား ထဲတော့ မရောက်နိုင်ဘူး။
ဘာရယ်မဟုတ်ပါဘူး။ လက်ရှိနေရာမှာ ခဏရပ်၊ နောက်ကိုလှည့်ကြည့်မိတော့ အသားဖြူဖြူနဲ့ ဦးဂရုရဲ့ပုံရိပ် ရင်မှာထင်လာလို့ ........

အရှင်သိရီဓမ္မ၊(ဓမ္မဥယျာဉ်) ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ


လပတ်လည် (လှည့်ကြည့်မိသည့် ထောင့်ချိုးများ)

လပတ်မလည်မိတာ လေးလရှိပြီ။ ယနေ့တော့ မမေ့လျော့သော၊ မေ့လျော့နေ မိသော ကျေးဇူးတရားတို့အကြောင်း ရေးချင်နေမိသည်။
ကိုယ်ပိုင်အိပ်မက်များနဲ့ လူငယ်၊ ရဟန်းငယ်တိုင်း လုံးခြာလည်နေသည့် ဘဝငယ် ငယ်လေးများကို သတိတရဖြစ်မိသည်။ သူရည်သွေး၊ ကိုယ်ရည်သွေးလိုချင်း မဟုတ်ဘဲ ကျေးဇူးအောက်မေ့မှုများဟုသာ မှတ်ယူစေချင်ပါ၏။

အရှင်သိရီဓမ္မ(ယခု နယူးဇီလန်ရောက်နေ)နဲ့ သီဟနာဒ
********************************************************
မိမိက စာရေးဝါသနာပါသဖြင့် စာရေးနေချိန်။ ဘာသာသွေမဂ္ဂဇင်းက လစဉ်ဖော်ပြပေးနေချိန်၊ အခြားမဂ္ဂဇင်းနှစ်စောင်င်နဲ့ ဂျာနယ်တစ်စောင်က မကြာ မကြာ ထည့်ပေးချိန်။ နွမ်းပါးသည့် စာသင်သားဘဝမှာ ကုသိုလ်လည်းရ ဝမ်းလည်း ဝဟု ယုံကြည်မိ၏။
ဘာသာသွေမဂ္ဂဇင်းမှာ အတန်ငယ်ရေးမိတော့ ထုတ်ဝေသူ ပေါ်လာသည်။ ဗုဒ္ဓဘာသာအမြင် သစ်သည်၊ ထုတ်မည်။ သို့သော် ရဟန်းကလောင်အမည် ကို ပြောင်းပေးရမည်၊ သို့မှ စာဖတ်သူက စိတ်ဝင်စားမည်ဟု သူကဆိုလာသည်။ မလေးငြိမ်စကားဖြင့် သာဓုခေါ်၏၊ မခေါ်၏။ သူ့ အဆိုမှန်ကန်ကြောင်း လက်ခံပါ ၏၊ သို့သော် မိမိက ဤကိစ္စကို လုံးဝလက်မခံ။ ကလောင်အမည် မပြောင်းနိုင် ဟုပြောရာ သူနဲ့လည်း အပေးအယူ မတည့်ကြတော့။

ထိုစဉ် အရှင်သိရီဓမ္မက
"ဒီလောက်ကြီးရေးလာပြီးမှတော့ ငါထုတ်ပေးမယ်။ နှစ်သိန်းဆိုရင်လောက်တယ် မဟုတ်လား။ မလောက်ရင် ငါထပ်ပေးမယ်" ဟုဆိုပါသည်။ ပေးဟူသည် ပေးခြင်းဖြစ်သည်။ အကြွေးပေးခြင်းမဟုတ်။
သို့ဖြင့် ထုတ်လိုက်ကြသည်။ တာရာမင်းဝေသုံးသလိုဆိုရင်"အနုပညာအရအာင်မြင်တယ်" ဖြစ်ပြီး ငွေကြေးအရ မအောင်မြင်ပါ။ စာအုပ်က အထိုက်အလျောက်ရောင်းရသည်(ဘယ်လောက် ရိုက်သည် မသိ၊ ရိုက်သလောက်တော့ ကုန်သွားသည်)၊ ငွေကတော့ ပြန်ဝင် မလာပါ။ ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် ဤလောကနဲ့ အတန်ငယ် ကင်းသွားခဲ့ သည်။
မိမိထက်အသက်ရှူ ပိုချောင်သော်လည်း အရှင်သိရီဓမ္မသည် တောသား၊ လယ် သမားသားသာဖြစ်ပါသည်။ ထိုခေတ်က ငွေနှစ်သိန်း။ မိမိဆီလည်း တစ်ပြားမှပြန် မဝင်၊ သူ့ကိုလည်း တစ်ပြားမှပြန်မပေးနိုင်။
သူ သီရိလင်္ကာကိုသွားတော့ မရှိမဲ့ ရှိမဲ့ အမေရိကန်ဒေါ်လာလေး ၂၀၀ စုပေး လိုက်သည်။ အခြားသူငယ်ချင်းများနဲ့တွေ့တော့
"ဒီကောင်ကြီးက ငါ့ကိုချစ်တယ်၊ ဒေါ်လာ ၂၀၀ တောင် ပေးလိုက်တယ်" ဟု ပြောတတ်လေသည်။
အမှတ်မရှိသည့် ထိုအရှင်က အခု
"ဟေ့ကောင် စာပေကိစ္စတွေလုပ်မှာဆို ငါ့ပြောအုံး၊ ငါ ပိုက်ဆံပေးမယ်"
ဟု ဆိုနေဆဲ။
(သူနှင့် သီဟနာဒကြားမှာ ငါးနှစ်အတွင်း အီးမေးမပို့၊ ဖုန်းမဆက်ကြဟုဆိုလျင် အတန်ငယ်ထူးဆန်းနေပါလိမ့်မည်။ ဒါက အမှန်ဖြစ်ပါသည်။ ဒါတွေလိုသည်ဟု ကျွန်ုပ်တို့နှစ်ယောက်စလုံးက မထင်ကြပါ(သို့)မရှိလည်း ဖြစ်ပါသည်။ သူလိုလျင် သီဟနာဒရှိသမျှ သူ ယူခွင့်ရှိပြီး သီဟနာဒလိုလျင်လည်း သူ့ရှိသမျှ ယူခွင့်ရှိနေ ဆဲပင်)





ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ
*************************************
ဤကိစ္စက ပို၍ပင်ကြေကွဲဖွယ်ကောင်းသေးသည်။ အကယ်၍ အရှင်ဣန္ဒကသာ အရှင်ဣန္ဒကမဟုတ်ခဲ့လျင် သူ့အိပ်မက်တွေ ကပေါက်ကချာဖြစ်သွားနိုင်သည့် ကိစ္စပင်ဖြစ်သည်။
သာသနာ့တက္ကသိုလ်(မန္တလေးမှာ) ရှိနေကြဆဲ။ မယ်တော်ကြီး ကျန်းမာရေးကြောင့် ရွာပြန်စဉ် ဣန္ဒကဆီက နဝကမ္မတစ်ချို့ ချေးယူသွားခဲ့သည် (ဘယ်လောက်လဲ မမှတ်မိ)။ ထို စေ့စေ့ကုတ်ကုတ်လေးများကို မိခင်၏ ကျန်းမာရေးကြောင့်ဟုသာ ယူခဲ့ရသည်၊ ထို စေ့စေ့ကုတ်ကုတ်လေးများသည် သူ သီရိလင်္ကာကို ပညာသင်သွားဖို့ဆိုပြီး စုထားသော ကျေးလက်က သမ္မာ အာဇီဝ ချွေးပေါက်များဖြစ်ကြလေ၏။ မယ်တော်ကြီးကျန်းမာရေး၊ တက္ကသိုလ်လွန် နာဂတောင်တန်း၊ နာဂတောင်တန်းလက်ဆောင် ငှက်ဖျားဇီဝ၊ အကြောင်းစုံစွာရောက်လာပြီး အရှင်ဣန္ဒက၏ သမ္မာအာဇီဝ ချွေးပေါက်များကို လုံးဝ မေ့လျော့နေမိတော့၏။
မည်သို့ဆိုစေ ဤအမှားမျိုးသည် ကိုယ်တိုင်ပင် ခွင့်လွှတ်ရခက်သည့် အမှားပင်။ တစ်လောက အတူနေ ရဟန်းက စကားစပ်မိရင်းပြောမှ ယင်း သမ္မာအာဇီဝ ချွေးပေါက်များကို သတိရတော့သည်။ မိမိက ဝေရဉ္ဇာပုဏ္ဏား လက်သစ်တည်း။




အခုတော့ သူ့အိပ်မက်လည်း အတောင်စုံပြီ၊ သူယုံကြည်ရာတွေကိုလည်း ပါရမီဝေစုအလိုက် လုပ်ခွင့်ရပြီ။
ကြံဖန်ပြီး သူ့အတွက် ဝမ်းသာမိပါသည်။
ဘာပဲဖြစ်ဖြစ် ယုံကြည်ရာ လုပ်တတ်သူ။
ဘာတွေပဲ ကြုံကြုံ ခြေကုန်ထုတ် ရောက်အောင် သွားတတ်သူ။
ဒီတစ်ခေါက် ရန်ကုန်ပြန်မှ သူ့ကိုတွေ့ပြီး မိမိရဲ့ ဧရာမအမှား၊ ဧရာမအမေ့၊ ဧရာမ အလွဲအတွက် ညွတ်ညွတ်နူးနူးတောင်းပန်ရပါဦးမည်။
ထို့အတူ ပေးဆပ်ရန်ရှိသည့် ကတညုတ ကတဝေဒီများကလည်း အပျိုရည်မပျက်၊ နဂိုရည်မပျက် အုပ်စုဖွဲ့ ရှိနေဆဲ။

ခက်ရချည်ရဲ့ သမိုင်းရေ.............


နတ်ရှင်နောင်ကိုကြည့် ..
"နိုင်ငံတော် ခေတ်မှီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး" ဆိုတဲ့ အရေးနဲ့ကြည့်ရင် သမိုင်းမှာ ကျရှုံးခဲ့သူပဲ။
"အမျိုးသားအမွေအနှစ်များ မပြောက်ပျက်အောင်ထိမ်းသိမ်းစောင့်ရှောက်ရေး " ကျပြန်တော့ သူက အောင်မြင်သူဖြစ်နေပြန်တယ်။

သမိုင်းဆိုတာ နောက်ပြန် လှည့်လှည့်ကြည့်ရလွန်းလို့ အလွန် ဇက်ညောင်းတဲ့ ဘာသာရပ်ပါ ဆရာကြီး ဟန်တင်တန်ရယ်။ ။

Safety first ပေါ်လစီများ (စင်္ကာပူ ၊ ဒေါ်စု ၊ မြန်မာကလပ်ဗ် )

Safety first ပေါ်လစီများ

၁။ စင်္ကာပူရဲ့ Safety first ပေါ်လစီ
၂။ မြန်မာကလပ်ဗ်ရဲ့ Safety first ပေါ်လစီ

ဒေါ်စု စင်္ကာပူကိုလာမယ်ဆိုတာနဲ့ ပတ်သက်လို့ Safety first ပေါ်လစီတွေ ခေါင်းထဲ အစီအရီ ရောက်လာတယ်။ ဒေါ်စုရဲ့ ထိုင်း၊ ဥရောပ၊ တောင် ကိုရီး ယား၊ ဂျပန်၊ အမေရိက ခရီးစဉ်တွေအပြီး စင်္ကာပူကို ဒေါ်စု ခြေမချသေးတာနဲ ပတ်သက်လို့ စလုံးမီဒီယာနဲ့ အသိုင်းအဝိုင်းတချို့မှာ တစ်ခုခု နောက်ကျ ကျန်နေရသလို ခံစားရကောင်း ခံစားရနိုင်ပါတယ်။ တက္ကသိုလ်ရဲ့ဒိန်း၊ ကုလ သမဂ္ဂ အရာရှိ မစ္စတာ မာဘုဘာနီ ကိုယ်တိုင်ကတောင် အောင်ဆန်း စုကြည် ဟာ ဥရောပထက် အာရှကို အာရုံစိုက်သင့်တယ်လို့ ခပ်ရှည်ရှည်ဆောင်းပါး ကြီးတစ်ပုဒ် ရေးဖူးသေးတာပဲ။ ထားပါတော့။ ကျနော့်ဆောင်းပါးက Safety first ပေါ်လစီများဖြစ်နေလို့ ဒီအကြောင်းကိုပဲ အလေးပေးပါမယ်။

၁။ စင်္ကာပူရဲ့ Safety first

စင်္ကာပူရဲ့ Safety first အကြောင်းကို ၂၀၀၇ ခု ရွှေဝါရောင် လှုပ်ရှားမှုက စလိုက်ချင်ပါတယ်။ အဲဒီ အချိန်တုန်းက ဒီ လှုပ်ရှားမှုအောင်မြင်မယ်လို့ အစိုး ရပိုင်းကရော မီဒီယာကပါ ယုံကြည်ခဲ့ကြဟန်တူပါတယ်။ စထရိတ်တိုင်းမ် အယ်ဒီတာ့ အာဘော်မှာကိုပဲ စစ်အစိုးရ လွန်လွန်းပြီ၊ ကျရှုံးတော့မယ် စ တဲ့ လေသံတွေ ခပ်တင်းတင်းပစ်ခဲ့တယ်၊ အဲသလိုပဲ စင်္ကာပူက မြန်မာတွေ ရဲ့ လှုပ်ရှားမှုတွေကိုလည်း မသိမသာ လွှတ်ပေးခဲ့တယ်။ မြန်မာလူထုရဲ့ ခံ စားမှုကို နားလည်ပေးတယ်လို့ ဆိုရင်လည်း ရကောင်းရနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ စစ်အစိုးရ က ဒီ လှုပ်ရှားမှုကို ထိမ်းလိုက်နိုင်တာနဲ့ တပြိုင်နက် သူတို့ပေါ်လစီလည်း ပြောင်းသွားတယ်။ ဒီက လူငယ်တချို့ ထိကုန်တယ်။ ဒါကိုပဲ အီမိုးရှင်းဆန်ဆန် လှုပ်ရှားမှုတွေကို ခွင့်မပြုနိုင်တော့လို့ လို့ ဘာ သာပြန်ရင်လည်း ရကောင်းရနိုင်ပြန်ပါတယ်။ ဘယ်လိုပဲဆိုဆို တက်လာမယ့် အစိုးရ မငြိုငြင်စေချင်တဲ့ စင်္ကာပူရဲ့ Safety first ပေါ်လစီကတော့ ထင် သာမြင်သာ ရှိပါတယ်။
နောက်ပြီး မြန်မာတွေ (အများစု) ဝက်ဝက်ကွဲ ကြေကွဲခဲ့ရတာက စင်္ကာပူ ဝန် ကြီးချုပ်ဧည့်ခန်းမထဲက အထီးကျန် မြန်မာသမ္မတရဲ့ ဓာတ်ပုံပါပဲ။ နောက်ဖေးပေါက်ကဝင်၊ နောက်ဖေးပေါက်ကထွက်။ အင်တာနေရှင်နယ်က အသိ အမှတ်မပြုသေးတဲ့ အသွင်ပြောင်းအစိုးရရဲ့ မြန်မာသမ္မတကို အဲသလိုလေး ဆက်ဆံပေးလိုက်ပါတယ်။ ဒီတစ်ခါ ဦးသိန်းစိန်လာရင် နောက်ဖေးပေါက်က ဝင်စရာမလိုတော့ပါဘူး။ ဦးသိန်းစိန်ရဲ့ ဓာတ်ပုံ လီရှန်လွန်းနဲ့ တွဲတက်လာလို့ အင်တာနေရှင်နယ်က ဝေဖန်သံ မခံရနိုင်တော့ဘူး။ အိုဗားမားနဲ့တောင် တွဲခဲ့ပြီးပြီမဟုတ်လား။ ဒါကိုပဲ မြန်မာသမ္မတရဲ့ခရီးစဉ်က အော်ဖစ်ရှယ်မဟုတ်လို့ ဧည့်ခန်းမထဲမှာ အထီးကျန်စွာ ထားခဲ့ရတာပါလို့ ဘာသာပြန်ရင်လည်း ရကောင်းရနိုင်ပြန် ပါတယ်။ ဘယ်လိုပဲဆိုဆို ဒါလည်း စင်္ကာပူရဲ့ Safety first ပေါ်လစီပါ။

ဒေါ်စု ကံကောင်းပါတယ်။

၂။ မြန်မာကလပ်ဗ်ရဲ့ Safety first ပေါ်လစီ

မြန်မာတွေ ဒေါ်စုနဲ့ တွေ့ဆုံနိုင်ဖို့ မြန်မာကလပ်ဗ်ကို တာဝန်ပေးထားတယ် လို့ ဆိုတော့မှ (ကောလဟလလည်း ဖြစ်နိုင်ပြန်ရော။ ဆေးအညွှန်း စာ၊ ဗေ ဒင်တွက်ကိန်းတွေက အစ ဒီခေတ်မှာ အားလုံးကို ယုံနေကြရတယ်) မြန်မာေ တွကြားမှာ (အများစု)
မြန်မာကလပ်ဗ်က ဘာလဲ၊
ဘယ်သူတွေလဲ
မေးခွန်းတွေ မေးလာကြတယ်။ မြန်မာကလပ်ဗ်ဆိုတာ ထောက်လှမ်းရေး
ထွက် မြန်မာသံအမတ်ဟောင်းကြီးတစ်ယောက် ဦးစီးဖွဲ့ပေးထားတဲ့ အော် ဖစ်ရှယ် မြန်မာ အသိ၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးသမားတွေရဲ့ အဖွဲ့ လို့ပြောရင် ရပါလိမ့်မယ်။ ဒီအဖွဲ့က စစ်အစိုးရလက်ထက်ကတည်းက ဖွဲ့ခဲ့တာ ဆိုတော့ အသိ၊ အတတ်ပညာရှင်တွေ အားလုံး ပါဝင်တယ်လို့ ပြောဖို့တော့ ခက်ပါလိမ့်မယ်။ ဘေးထွက်နေတဲ့ ပညာရှင်တွေ အများအပြားရှိနိုင် တာပေါ့။
မြန်မာကလပ်ဗ်ထဲက မိတ်ဆွေတစ်ယောက်ရဲ့ အရင်နှစ်တွေက (ဒီနှစ် မ ဟုတ်ဘူးလို့ ဆိုလိုပါတယ်) စကားအရဆိုရင်တော့ သံအမတ်ကြီးက ခင်ဗျား တို့ အက်တီဗီတီတွေက ဘာလဲလို့ မေးတိုင်း ဖြေရခက်လိုက်တာဗျာ တဲ့။

မြန်မာကလပ်ဗ်ရဲ့ မစ်ရှင်နဲ့ ဗစ်ရှင်ကို ကျနော်မသိပါဘူး။ ဖြစ်နိုင်တာ ကတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် တရားဝင် အထိုက်အလျောက် လှုပ်ရှား ခွင့် ၊ ပြောရေးဆိုခွင့် ရှိတဲ့ အဖွဲ့လို့ (အမေရိကန် ကလပ်ဗ်တို့၊ ဘာတို့ လိုလေ၊ စဉ်းစားကြည့်တာပါ၊ မှားရင် တောင်းပန်ပါတယ်) ပြောရပါလိမ့်မယ်။ ဒါပေမဲ့ စင်္ကာပူအစိုးရ အသိအမှတ်ပြုအဖွဲ့ဆိုတော့ သူတို့မှာလည်း စင်္ကာပူမူအတိုင်း Safety first ပေါ်လစီရှိနိုင်ပါတယ်။
ဘာကြောင့် ဒီလိုပြောနိုင်ရသလဲဆိုရင် မြန်မာအိမ်ဖော်လေးတွေ၊ အလုပ် ကြမ်းသမားလေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို အခြား အဖွဲ့ တစ်ဖွဲ့ က ဝင် ဝင်ပြောနေတာ တွေ့နေရလို့ပါ။ ဒါပေမဲ့ တွေ့ချင်တဲ့ မြန်မာတွေ ဒေါ်စုနဲ့ တွေ့ဆုံနိုင်ဖို့ အားထုတ်ပေးတာဟာ (ဒီ သတင်းမှန်ခဲ့ရင်) ဝမ်းသာစရာ၊ ဂုဏ်ယူစရာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာကလပ်ဗ်ဟာ ဟို အစိုးရလည်း မငြိုငြင်၊ ဒီ အစိုးရလည်း မငြိုငြင်၊ မီးစဉ်ကြည့်ကနေရတဲ့ အဖွဲ့လို့ မြင်ရင် မမှားနိုင်ပါဘူး။

(လူများများဆန့်မယ့် အခန်းငှားနိုင်ရန်အတွက် ကုန်ကျမှုနဲ့ ပတ်သက်လို့ အိုးဝေ (စင်္ကာပူမှာ တရားမဝင်၊ အစ်လီဂယ်) အဖွဲ့က ဒေါ်လာ ၇သောင်းခွဲ အထိ စိုက်မယ် လို့ မြန်မာကလပ်ဗ်ကို ကြေးပစ်ထားကြောင်း၊ နောက်ပြီး ရန်ကုန် NLD အဖွဲ့ချုပ်ကလည်း ဒေါ်စုရဲ့ စင်္ကာပူ ခရီးစဉ်နဲ့ ပတ်သက်လို့ အိုးဝေ အဖွဲ့ဝင် ငါးယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း (တိတိကျကျ) သိရပါတယ်။

ဆက်ရန်

***ရုစဗဲ့ ပြောခဲ့တဲ့ မဟာဗျူဟာ သုံးခု***

၁။ အညံ့ဆုံး လူတန်းစားကို စည်းရုံးဖို့ ဖိနှိပ်ချုပ်ချယ်တဲ့ နည်းကိုသုံးပါ။
၂။ ဒုတိယတန်းစားကို စည်းရုံးဖို့ မြှောက်ပင့်တဲ့ နည်းကိုသုံးပါ။
၃။ အဆင့်မြင့် လူတန်းစားကို စည်းရုံးဖို့ အကြံဉာဏ်တောင်းပါ (မိတ်ဆွေ ဖွဲ့ပါ) တဲ့။


သူကိုယ်တိုင်ပြောခဲ့ပေမဲ့ ရုစဗဲ့ကိုယ်တိုင်ကတော့ ပထမ မဟာဗျူဟာကို မ သုံးစွဲခဲ့ဘူးလို့ ထင်ပါတယ်။ သူတို့တတွေ ဒုတိယကမ္ဘာစစ်ထဲကနေ ဒုတိယနဲ့ တတိယမဟာဗျူဟာတွေသုံးပြီး ထွက်လာခဲ့ကြတာပါ။
ရာဇဝင်အဆိုး အကောင်းတွေကို အလီလီဖြတ် သူ့သတ် ကိုယ့်သတ် ဇာတ် လမ်းတွေနဲ့ လက်ပွန်းတတီးရှိလှတဲ့ ၂၁ ရာစု လူ့အဖွဲ့အစည်း (အများစု) ဟာ ပထမ မဟာဗျူဟာကို စက်ဆုပ်ကြလှပါပြီ။ တော်ကြပါတော့။
ဒီ ပထမ မဟာဗျူဟာကို ကျင့်သုံးဖို့ တစ်ဖက်သားကို တိရစ္ဆာန်အရာထားပြီး ကိုယ်တိုင်ကလည်း တိရစ္ဆာန်တစ်ကောင်လောက် မိုက်မဲမှ ရနိုင်ပါတယ်။
ကံဆိုးစွာပဲလို့ ဆိုရပါလိမ့်မယ်။ အဖွဲ့အစည်း တချို့ဟာ ပထမ မဟာဗျူဟာ ကို တောင်းဆိုနေဆဲဖြစ်သလို အာဏာ၊ ပါဝါ၊ လူသတ်လက်နက်ပိုင်ဆိုင်သူ တချို့ကလည်း ဒါတွေကို အသုံးပြုဖို့ လက်ရဲဇက်ရဲ ရှိနေကြဆဲပါပဲ။

ဒုတိယ မဟာဗျူဟာ
ဒုတိယ မဟာဗျူဟာကလည်း ဟုတ်တော့မလိုလိုနဲ့ နားထင်သွေးရောက်ေ စတဲ့ မဟာဗျူဟာမို့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် မစွံ လှသေးပါဘူး။ နိုင်ငံရဲ့ မဆလသက်တမ်းတစ်လျှောက်လုံးမှာ သာကီဝင်တွေ၊ မျိုးချစ်စိတ်တွေ၊ သဟဇာတ၊ အညမည၊ အနု၊ပဋိလောမ သဘောတရား စတဲ့ စကားလုံးထွားထွားကြီးတွေနဲ့ မြှောက်ပင့်လာလိုက်တာ ကမ္ဘာမှ ကိုယ် ဘယ်နေရာမှာရှိမှန်းတောင် မသိနိုင်တော့ဘူး။
"စင်္ကာပူလာသင့် မလာသင့်" ဆောင်းပါးမှာ "ငါတို့က လဲတွေ၊ လားတွေနဲ့ အင်္ဂလိပ်စကား ပြောတတ်တဲ့ စလုံးတွေလောက်တောင် အင်္ဂလိပ်စာ မတော် ဘူးဆိုပါလား၊ လေပါ့ကွာ" လို့ လူငယ်တစ်ယောက်က ကွန်မင့်ရေးတော့ သူ တင်မကဘူး၊ ကျနော်ပါ လေ သွားခဲ့ရဖူးပါတယ်။

စိတ်မကောင်းဘူး။ ကျနော်တို့ကိုယ်တိုင်တွေလည်း ထင် ကြီးတစ်လုံး ကိုင်စောင်ခဲ့ကြတဲ့ မျိုးဆက်တွေပဲလေ။ ထိုင်းလည်း ကိုယ့်လောက် မစွံ၊ မလေး လည်းကိုယ့်လောက် မစွံ၊ စလုံးလည်း ကိုယ့်လောက် မစွံ။ လာအိုတွေ က ပါ ကျော်တက်သွားတော့မှ အောက်ဆုံးက ထိုင်နေရတဲ့ ဘဝအမှန်ကို သိ ခဲ့တော့တာပဲ။
ဒုတိယ မဟာဗျူဟာကို ကျင့်သုံးဖို့ဆိုရင်လည်း တစ်ဖက်သားကို အရူး အနှမ်း သဘောထားမှ ရတတ်ပြန်တယ်။ ကျနော်တို့ နိုင်ငံဟာ မဟာဗျူဟာ တစ် နဲ့ နှစ် ကြားမှာ အနုလုံ၊ ပဋိလုံ လည်ပတ်နေခဲ့ရတယ်။

ကျနော်ကတော့ ရိုးရိုးလေးပဲ ကြည့်မိတယ်။
(အိန္ဒိယနဲ့ တရုတ်ကိုထိန်းဖို့ မြန်မာပြည်ဟာ အမေရိကန်တွေအတွက် အ ချက်အချာကျတယ်)။ ပစိဖိတ်ကို ပိုင်မှ အာရှကို စိုးမိုးနိုင်ပါလိမ့်မယ်၊ ဟုတ်တယ်၊ ပြောသလောက်ကြီးတော့ မဟုတ်ဘူး။

သယံဇာတတွေ ပေါတယ်။ (ဘရူနိုင်းကို မမီဘူး)

(လူတွေက မညံ့ဘူး)။ ဂျပန်တွေ ကိုရီးယားတွေလောက် (အများစုက) တော် လည်းမတော် ကြိုးလည်း မကြိုးစားဘူး။ ပိုက်ဆံနဲ့ အချိန်ရှိရင် ကိုရီးယား ဇာတ်ကားတွေလောက်တော့ မြန်မာ ဒါရိုက်တာတိုင်း ရိုက်နိုင်တယ် ဆိုတဲ့ ဒါရိုက်တာကို အတော်ဆုံး လူရွှင်တော်ဆု ပေးလိုက်ချင်ပါတယ်။

အမှာ။ ကွင်းစ ကွင်းပိတ်ထဲက စာတွေက ကြားဖူး နားဝ စကားတွေပါ။

ကျနော်တို့ လူငယ်တွေကို အမှန်တွေပဲ ပြောသင့်ပြီ။
သယံဇာတနဲ့ ပါးပါးနပ်နပ်လေး မျှားခေါ်ပြီး လူသားအရင်းအမြစ်ကို စိုက်ပျိုး သင့်ပြီ။

အသုံးအစွဲမတတ်ရင် ဘာသာရေးက နိုင်ငံရေးကို ရန်မူတယ်။
နိုင်ငံရေးကလည်း အကိုင်အတွယ်မတတ်ရင် ဘာသာရေးကို မျက်စောင်း တခဲခဲပဲ။

ကျနော်တို့ အရူးပျေက်ချိန် တန်ပါပြီ။ တက်လာမယ့် လူငယ်တွေကိုလည်း အရူးလုပ်ဖို့ မသင့်တော့ဘူး။ ရုစဗဲ့ရဲ့ ဒုတိယ မဟာဗျူဟာကို ကျနော် ငြင်း ဆန်လိုက်မိပါတယ်။

နောက်မှပဲ တတိယ မဟာဗျူဟာကို ဆက်ပါဦးမယ်။ ဒီအကြောင်းကို အခြား ကလောင်နဲ့ ဆောင်းပါးအရှည် ရေးဖူးကြောင်း ဖတ်ဖူးသူများကို အသိပေး ချင်ပါတယ်။ လွတ်လွတ်လပ်လပ်လည်း ပြောရင်ရနေလို့ အခု အတို ချုပ် ပြန်ခေါ်လိုက်တာပါ။

ပါးစပ်တွေသာလှုပ်နေသည်

ဇင်ရဟန်းတော်လေးပါး ဆိတ်ငြိရာမှာ တရားရှုမှတ်နေကြသည်။ ထိုစဉ် လေတိုက်ခတ်လာလာသဖြင့် ကျောင်းအမိုးပေါ်မှာ စိုက်ထားသည့် အလံ တလူလူလွင့်နေသည်။ ဒါကို မြင်လိုက်သည့် ပထမ ရဟန်းငယ်က
"အလံ လှုပ်နေတယ်" ဟုဆိုလိုက်သည်။
ဒုတိယ ရဟန်းငယ်က ဤအဆိုကိုသဘောမတူ
"အလံမလှုပ်၊ လေကသာလှုပ်နေတာ" ဆိုလိုက်ပြန်သည်။
ဒါကို တတိယရဟန်းငယ်က သဘောမတူနိုင်ပြန်
"အလံမလှုပ်၊ လေလည်းမလှုပ်၊ ငါ့ရှင်တို့ စိတ်ကသာလှုပ်နေတာ" ပြန်ပြော လိုက်ပြန်သည်။
သူတို့ညင်းခုံနေသည်ကို သဘောတွေ့ဟန်မတူသည့် အကြီးဆုံး စတုတ္တ ရဟန်းတော်က
"ဘာမှမလှုပ်၊ ငါ့ရှင်တို့ ပါးစပ်တွေသာလှုပ်နေတာ"
ပြောလိုက်မှ ရဟန်းငယ်သုံးပါးစလုံး ငြိမ်ကျသွားလေတော့သည်။

ဖြစ်ပျက်သမျှတွေ အဆုံးသတ်သွားသည်မဟုတ်သော်လည်း အတန်ငယ်ေ တာ့ ငြိမ်သက်စ ပြုလာသလိုလိုရှိလာသည်။ ထိုအခိုက် ယခုလတွေမှာ သတင်းစာထဲ မကြာမကြာ ဖတ်နေရသည့် ဘုရားမွေးဖွားရာဒေသ အိန္ဒိယ သားတို့က အနောက်တိုင်းသူ ခရီးသွားအမျိုးသမီးများကို အုပ်စုလိုက် အဓမ္မ ကျင့်တတ်သည့် သတင်းများဆီ စိတ်မကောင်းစွာ စိတ်ရောက်သွားမိသည်။ တကြိမ်မှာ အမျိုးသားကို ကြိုးနဲ့တုတ်နှောင်ပြီး သူ့မျက်စိ့ရှေ့မှာပင် သူ့ဇနီးကို အုပ်စုလိုက် အဓမ္မကျင့်ခဲ့ကြသည်။ မည်သည့်နည်းဖြင့်မှ ခွင့်လွှတ်ချင်စရာ မကောင်းသော ဒုစရိုက်အမှုဖြစ်လေသည်။

ပို၍စိတ်ဝင်စားစရာကောင်းသည်က ထို အဓမ္မကျင့်မှုတို့၏ နောက်ဆက်တွဲ သတင်းအနေအထားသာဖြစ်သည်။ ရာဇဝတ်မှုအပြီး ရဲကိုအကြောင်းကြား၊ အမှုဖွင့်၊ နှစ်ဖက်သံရုံးတို့ကို အသိပေး၊ တရားခံ ပေါ်အောင်ဖော်၊ အပြစ်ပေး၊ ဤမျှသာဖြစ်ပြီး ဘယ်လို အကြမ်းဖက်မှုမျိုးမှ ဖြစ်မလာခဲ့ပါ။ ဤသည်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ တရားဥပဒေနှင့်အညီ တုန့်ပြန်မှုဟု ဆိုရ မည်ဖြစ်ပေသည်။

အမေရိကန်တို့လည်း အမွှာမျှော်စဉ်ကြီးများနှင် အခြား အရေးကြီး အဆောက်အဦများ ဖြိုချခံလိုက်ရခြင်းဖြင့် လူမျိုးရေးသိက္ခာကို ကျကျနန အရှက်ခွဲခံလိုက်ရသည်။ အသက်များစွာ ပေးလိုက်ရ၏။ ထိုစဉ် ကျန်ရစ်သူ မိသားစုများ၊ အမေရိကန်များနှင့် ကမ္ဘာတစ်ဝှမ်းလုံးက လူထုကြီး တောင်းဆို သည်က တရားခံကို ရအောင်ရှာဖွေပြီး တရားဥပဒေနဲ့အညီ အပြစ်ပေးရေး သာဖြစ်သည်။
အစွန်းရောက် မွတ်စလင်များလက်ချက်ဟုသိကြသော်လည်း အစွန်းမရောက် သည့် မွတ်စလင်များပိုင်ဆိုင်သည့် အိမ်၊ဆိုင်၊ ကျောင်း စသည်တို့ကို အမေရိ ကန်မြေပေါ်မှ လှန်ပစ်ရမည်ဟု တောင်းဆိုခြင်းမျိုး မရှိခဲ့ပါ။ ဖြစ်လည်း မဖြစ်နိုင်ပါ။ ယနေ့ ကမ္ဘာမှာ မွတ်စလင်မရှိသောနိုင်ငံ၊ တရုတ်မရှိသောနိုင်ငံ ရှိလေဦးမလားပင် မသိတော့။

မြန်မာပြည်မှာ ဖြစ်ပွားခဲ့သည့် ရခိုင်မိန်းကလေးကို အဓမ္မကျင့်ခြင်းမှ စတင် လိုက်သည့် အကျိုးဆက်က ဝမ်းနည်းစရာအပေါ် ဝမ်းနည်းစရာဆင့် ဖြစ် သွားတော့သည်။
ဘာသာရေး သဘောတရားဖြင့်ကြည့်လျှင် မြန်မာဗုဒ္ဓဘာသာတို့က ခရစ်ယန် ဆွစ်ဇာလန်၊ အောစတေးလျ၊ ကမ္ဘာ့ပုလိပ် အမေရိကန်တို့လောက် လောကဓံ ကို မထိန်းမတ်နိုင်ဘူးလားဟု မေးစရာ ရှိနေသည်။ သူတို့အမျိုးသမီးတွေလည်း မတန်မရာ အဓမ္မကျင့်ခြင်းခံရသည်၊ လူမျိုး တစ် မျိုးလုံး သိက္ခာကို စော်ကားတာခံလိုက်ရသည်။ သူတို့လည်း မကျေနပ်ကြပါ ။ သေချာပါသည်။ သို့သော် သူတို့တုန့်ပြန်မှုက ညင်သာသည်။ တရား ဥပဒေဘောင်ကို ကျော်မသွား။
အမှန်က အဓမ္မကျင့်သူကို တရားဥပဒေနဲ့အညီ အပြစ်ပေးရေးသာ ဖြစ်သည်။
သို့မှ မကျေနပ်လျှင်တော့ "ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေး" ဟူသည်က လည်း အစိုးရကြောင့်သာမဟုတ်တော့ဘဲ လူထုကြောင့်ပါ ကွာဝေးနေဆဲဟု ဆိုရပါလိမ့်မည်။

သဘောမတူသူများကို တောင်းပန်စကား ဆိုထားခဲ့ချင်ပါ၏။

စပ်ဆိုမိတဲ့ ပီယာနိုတစ်ပုဒ် (ကဗျာမဟုတ်)

သူမ အကျဉ်းကျစဉ် ဒမ်မီယံ ရိုက်စ်က ပီယာနိုတစ်ခု လက်ဆောင်နဲ့
Unplayed Piano ဆိုတဲ့ သီချင်းတစ်ပုဒ် စပ်ဆို ဂုဏ်ပြုခဲ့တယ်။
တိတ်ဆိတ် ပီယာနိုလို့ပဲ ခေါ်ရမလား။
အဲဒီအချိန်တုံးက ပီယာနိုကို တိတ်ဆိတ်စေခဲ့တာက စစ်အစိုးရ။
အခု ဒီ..ပီယာနို တိတ်ဆိတ်နေရပြန်ပြီ။

သူမရင်ဘတ်ထဲက ဘာသံစဉ်မျိုးကိုမှ
တီးခတ် မရဲလောက်အောင်ပဲ တိတ်ဆိတ်နေရရှာတယ်။
သူမသံစဉ်နဲ့ လူထုရဲ့ စည်းဝါးက သိပ် 'ဟ' နေတာလား။
လူထုလား၊ လူတစ်စုလား။
သူမလည်း ရသလောက် လျှော့ညှိနေတာပါပဲ။

မြန်မာ့ရာဇဝင်မှာတော့
ထောင်ထဲက ထမ်းထုတ်ပြီး ကယ်တင်ဖို့ ကြိုးစားမိတာတောင်
"ငါ့ကို လာခိုးပြီ" လို့ ဟိုလူက အော်လို့
ကယ်တင်ရှင်က စိတ်ပျက်ပြီး
"ခွေးသေဝက်သေ သေရစ်ပေတော့" ရင်နာနာနဲ့ ပစ်ချထားခဲ့လေရော တဲ့။


ကိုယ့်လူတို့
ကမ္ဘာကို လက်ညှိုးထိုးပြစရာ တူတူတန်တန်ဆိုလို့
တို့မှာ ဒီ..ပီယာနိုလေး တစ်လုံးပဲ ရှိတာ နော။
ကမ္ဘာက နားယဉ်တဲ့ ဒီ..ပီယာနို အသံတိတ်နေလို့ မဖြစ်ဘူး။
သူမ တီးခတ်နေပါစေ။

ရွှေပြည်တော် မျှော်လေတိုင်းဝေး


( ပုံပြင် တစ် )

ကျွန်တော်တို့ဝင်းထဲမှာ ညနေပိုင်း သန့်ရှင်းရေးလာလုပ်တဲ့ အိန္ဒိယန်း တစ်ယောက် ရှိတယ်။ သူ့နာမည်ကိုတော့ အဲလက်(စ်)လို့ အလွယ်တကူ မှတ်ထားလိုက်ရတယ်။ သန့်ရှင်းရေးလုပ်၊ ပန်းပင်တွေကို ရေလောင်း၊ အလုပ်ချိန် တစ်နာရီလောက်တော့ ကြာပါလိမ့်မယ်။ သူ့ကို ပေးတဲ့လစာက တစ်လကို စင်္ကာပူဒေါ်လာ (၅၀၀) ပါ။

သူ့အကြောင်းကို စိတ်ဝင်စားလို့ နည်းနည်းပါးပါး မေးကြည့်တော့ သူ့မှာ တစ်ခြား အချိန်ပိုင်း အလုပ်နှစ်ခု ရှိတယ်။ ဒေါ်လာ (၈၀၀) နဲ့ (၅၀၀) စီ ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူ့လစာဟာ (၁၈၀၀) ဖြစ်သွားတယ်။ သူပြောတဲ့စကားအရ သူ့မှာ အိမ်ထောင်ရှိတယ်။ သမီးတစ်ယောက်ရှိတယ်။ သူ စင်္ကာပူကို လာပြီး အလုပ်လုပ်တဲ့ ရည်ရွယ်ချက်က ဒေါ်လာ (၂၀၀၀၀) စုမိဖို့ပါတဲ့။

ဒေါ်လာနှစ်သောင်းရှိရင် ဘာလုပ်မှာလဲဆိုတော့ အိန္ဒိယကို ပြန်မယ်၊ ကိုယ်ပိုင် ဈေးဆိုင်ဖွင့်မယ်။ အဲ့ဒါဆို အိန္ဒိယမှာ ငါကိုယ်တိုင် ဘော့စ် တစ်ယောက် ဖြစ်သွားပြီလို့ သူ့စိတ်ကူးကို ပြောပြပါတယ်။ တရုတ်လိုရှာ၊ ကုလားလိုစုဆိုတဲ့ မြန်မာစကားက တော်တော်မှန်တယ်။ သူသိပ်ကြိုက်တဲ့ ကြက်သားဒန်ပေါက် ထမင်းကိုတောင် တစ်လကို တစ်ကြိမ်ပဲ စားတယ်။ စားတဲ့နေ့က သူလစာ ထုတ်တဲ့နေ့ပါ။ ကြက်သား ဒန်ပေါက်တစ်ပွဲကို ငါးဒေါ်လာပေးရပါတယ်။

ဒီမှာ သူအလုပ်လုပ်တာ သုံးနှစ်လောက်တော့ ရှိပြီ ထင်တာပဲ။ ပြီးခဲ့တဲ့ လ ကတော့ သူရောက်လာပြီး သူ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ သူ့နာမည်က ရာဇူးတဲ့။ သူလုပ်နေတဲ့ အလုပ်တွေကို ရာဇူးက ဆက်ပြီး လုပ်တော့မယ်။ သူကတော့ အိန္ဒိယကို အပြီး ပြန်တော့မှာ ဆိုပြီး နှုတ်ဆက် သွားပါတယ်။ မင်း ဒေါ်လာနှစ်သောင်း ရပြီလားဆိုတော့ သူက လက်မထောင်ပြတယ်။ သူ့အတွက် ဝမ်းသာရပါတယ်။ သူ့နိုင်ငံ၊ သူ့ဇနီးနဲ့ သူ့သမီးလေးဆီ သူ ပြန်လို့ ရသွားပြီ။ သူ စိတ်ကူးသလို ဖြစ်ခဲ့ရင် သူကိုယ် တိုင် ဘော့စ်တစ်ယောက် ဖြစ်သွားပြီ။ ပြောဖို့ ကျန်နေတာက သူက ဗာရာဏ သီကပါ။ ဆင်းရဲတဲ့ဒေသတစ်ခုပေါ့။ ဒါ့ကြောင့် ဒေါ်လာနှစ်သောင်းနဲ့ ရင်းနှီး စားသောက်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

ကျွန်တော် စိတ်ဝင်စားမိတာက သူ ဘယ်လိုစုစောင်းသွားသလဲဆိုတာ ပါဝင်သလို ဈေးကြီးလှပါတယ်ဆိုတဲ့ စင်္ကာပူရဲ့ အခြေခံစားဝတ်နေရေး စရိတ်တွေလည်း ပါပါတယ်။ တကယ်တမ်း တွက်ကြည့်ရင် နေစရာ အိမ်ခန်း ကလွဲရင် စင်္ကာပူရဲ့ အခြေခံ စရိတ်ဟာ မဖြုန်းတဲ့သူအဖို့ ဈေးမကြီးလှပါဘူး။ ဝင်ငွေနဲ့ တိုင်းတာကြည့်ရင် ဈေးချိုတယ်လို့တောင် ပြောလို့ ရပါတယ်။

တစ်လကို ဒေါ်လာ (၁၈၀၀) ရတဲ့ အဲလက်(စ်)ရဲ့ တစ်နေ့ဝင်ငွေဟာ ဒေါ်လာ (၆၀) ပါပဲ။ စားစရိတ်အတွက် ညမနက် ကြက်သားဒန်ပေါက် စားမယ်ဆို ရင်တောင် (၁၀) ဒေါ်လာပဲ ကုန်သေးတယ်။ ဝတ်ဖို့ဆိုတာကလည်း မော်ဒယ် ကျသွားတဲ့ ဂျော်ဒါနိုးတို့ ဘာတို့ကို ဝယ်ဝတ်ရင် (၅) ဒေါ်လာ၊ ဂျင်းဘောင်းဘီ ဆိုရင်လည်း ဒေါ်လာ (၂၀)၊ (၃၀)လောက်နဲ့ ရနိုင်တယ်။ နေရေး အတွက်တော့ စဉ်းစားရပါလိမ့်မယ်။ ငှါးထားတဲ့အိမ်ခန်းမှာ မိတ်ဆွေတွေ နဲ့ ပေါင်းပြီးနေမယ်ဆိုရင်တောင် တစ်လကို (၃၀၀) နဲ့ (၅၀၀) ကြားထဲမှာ ရှိပါလိမ့်မယ်။ ဆိုပါတော့ တစ်ရက်ကို နေခအတွက် (၁၅) ဒေါ်လာ။ မဖြစ်မနေ ကုန်နိုင်သေးတာက ဖုန်းခ၊ တစ်လကို အိန္ဒိယန်းတစ်ယောက် က ဒေါ်လာ (၂၀) ထက်ပိုပြီး အကုန်ခံမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ခရီးသွားလာစရိတ်က သူ့နေရာနဲ့ သိပ်မဝေးလှတော့ MRT စီးရင် အသွားအပြန် (၁) ဒေါ်လာစီ၊ (၂) ဒေါ်လာလောက်နဲ့ အဆင်ပြေနိုင်တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးကောင်းတယ်ဆိုရင် တစ်နေ့တာ သူ့ ကုန် ကျငွေဟာ ဒေါ်လာအစိတ် ကျော်ကျော်လေးပဲ ရှိသေးတယ်။ ဒီတော့ တစ်နေ့ ကို ဒေါ်လာ (၃၀)နဲ့ (၄၀) ဝန်းကျင် စုလို့ ရနိုင်တယ်။ ဒါဆိုရင် တစ်လကို ဒေါ် လာ (၁၀၀၀) လောက် သူ စုလို့ ရနိုင်တယ်လို့ တွက်လို့ ရတယ်။ ဒါ့ကြောင်းလည်း သူမှန်းထားတဲ့ ဒေါ်လာ (၂၀၀၀၀) ပြည့်သွားတာပေါ့။

လက်ဖွာတဲ့ လူချမ်းသာတွေအတွက် ပစ္စည်းတွေက ဈေးကြီးပေမယ့် အခြေခံ လူတန်းစားတွေအတွက် ဈေးချိုချိုနဲ့ ရနိုင်တဲ့ အခြေခံစားသောက်ကုန်တွေ လည်း ရှိတယ်။ ဆိုပါတော့၊ ဒေါ်လာသောင်းချီကုန်မယ့် ဘူဖေးဒင်းနား ကြီးတွေ ရှိသလို သုံးဒေါ်လာနဲ့ ကိစ္စပြီးလို့ ရတဲ့ ကြာဇံကြော်လည်း ရှိတယ် ။ ထောင်ချီပေးရတဲ့ အိုင်ဖုန်းရှိသလို ဖုန်းလိုင်းယူရင် အလကားရတဲ့ ဟန်း ဆက်တွေ လည်း ရှိတယ်။ မီလျံဝက်လောက် ပေးရတဲ့ ကားတွေ ရှိသလို တစ်ဒေါ်လာနဲ့ လိုရာကို ရောက်နိုင်တဲ့ MRT တွေ၊ ဘက်(စ်)ကားတွေလည်း ရှိတယ်။ အားလုံးဟာ အဲယားကွန်းတွေနဲ့ အေးစိမ့်နေတာပါပဲ။

 
 
( ပုံပြင် နှစ် )

ရန်ကုန်ပြန်ရောက်တော့ အထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ကောင်းမလေးနဲ့ စကားပြောကြည့်မိတယ်။ သူမ ရတဲ့လစာက ခြောက်သောင်းလို့ ဆိုပါတယ်။ ဘက်(စ်)ကားခက အသွား ငါးရာ၊ အပြန် ငါးရာတဲ့။ ဘက်(စ်)ကားခနဲ့တင်ပဲ သူမရဲ့လစာထဲက နှစ်သောင်းခွဲသုံးသောင်း ကုန်သွားပြီ။ ဒီကောင်မလေး ဘာနဲ့များ စားမှာပါလိမ့်။ ခရီးသွားရင်း ထမင်းအဝစား တစ်ပွဲကို တစ်ထောင့် ငါးရာက တစ်နေရာ၊ နှစ်ထောင်က တစ်နေရာ ရှင်းခဲ့ရတာကို သတိရမိတယ်။
နိုင်ငံတစ်ခုချင်းစီရဲ့ ခြားနားချက်က အဲ့ဒါပါပဲ။

တစ်နေ့ကို ဒေါ်လာငါးဆယ်ဝင်တဲ့ အလုပ်သမားတစ်ယောက်ရဲ့ စားစရိတ်က ရှစ်ဒေါ်လာနဲ့ ဆယ်ဒေါ်လာကြားမှာ ရှိတယ်။ တစ်နေ့ကို မြန်မာငွေ နှစ်ထောင်ရတဲ့ စက်ချုပ်သမတစ်ယောက်ရဲ့ စားစရိတ် က ဝယ်စားရင် နှစ်ထောင်။ (ချက်စားရင်တော့ သက်သာကောင်းပါရဲ့)
စင်္ကာပူက အလုပ်သမားတစ်ယောက်ရဲ့ ခရီးစရိတ်က (သိပ်မဝေးလှဘူးဆို ရင်) နှစ်ဒေါ်လာနဲ့ သုံးဒေါ်လာ။ မြန်မာပြည်က စက်ချုပ်သမလေးရဲ့ ခရီး စရိတ်က တစ်ထောင်။

ထားပါတော့…
ကျွန်တော် ဆက်ကြည့်မိတဲ့ ကိစ္စက ဒေါ်လာနှစ်သောင်းနဲ့ အိမ်ပြန်သွားတဲ့ အဲလက်(စ်)ရဲ့ အကြောင်းပါ။
မြန်မာပြည်ကနေ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ရှိတယ်။ စာရင်းစစ်၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာပညာရှင်တွေ များပါတယ်။ လုပ်သက် သိပ် မရှိကြသေးဘူးဆိုရင် သူတို့ ဝင်ငွေက ဒေါ်လာ (၁၈၀၀) နဲ့ (၂၅၀၀) ကြားလောက်မှာ ရှိနိုင်ပါတယ်။ အရည်အချင်း သိပ်ရှိပြီး ထက်မြတ်တဲ့ လူငယ်အချို့နဲ့ စင်္ကာပူမှာ ကျောင်းပြီးသူ အချို့ကတော့ ဒီထက် ပိုရစရာ ရှိပါတယ်။

ထားပါတော့။ သူတို့ကိုလည်း စိတ်ကူးထဲမှာ အဲလက်(စ်)လို ပြည်တော်ပြ န်နိုင်ဖို့ ငွေစုခိုင်းလိုက်ပါတယ်။ ဥပမာ ဒေါ်လာ (၂၅၀၀) ရတဲ့ လူငယ် တစ်ယောက် ဆိုပါတော့။ ဒေါ်လာ (၈၀၀) လောက် သုံးခိုင်းပြီး ဒေါ်လာ (၁၇၀၀) လောက် အစုခိုင်းလိုက်တယ်။ မြန်မာပြည်မှာ ကျန်ရစ်တဲ့ မိသားစု အတွက်၊ မြန်မာပြည်ကနေ ထွက်မလာခင် ချေးငှါးခဲ့ရတဲ့ ကျန်ကျမှုတွေ အ တွက် တစ်လကို ဒေါ်လာ (၅၀၀) ကနေ (၉၀၀) ပြန်ပို့ရမယ်။ ဒါဆိုရင် ဒေါ်လာ တစ်ထောင်ဝန်းကျင်လောက်တော့ စုထားလို့ ရနိုင်တယ်။

ကျန်းမားရေးပြဿနာ ကြီးကြီးမားမား မဖြစ်ဘူးဆိုရင် တစ်နှစ်ကို တစ်သောင်းကျော်ကျော်တော့ စုမိပါလိမ့်မယ်။ ဆိုပါတော့၊ သုံးနှစ်ကနေ ငါးနှစ်အထိ အလုပ်လုပ်ရင်း ပိုက်ဆံရှာမယ်။ ဒေါ်လာငါးသောင်းလောက် စုမိပြီ၊ ရန်ကုန်ပြန်မယ်။ သူတို့ ဘာလုပ်စားကြမှာပါလိမ့်။

အဲလက်(စ်)ကတော့ မိဘလက်ငုတ် မပါဘဲ သူကိုယ်တိုင် ဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး သူ့မိသားစုကို ဦးဆောင်တော့မတဲ့။ အဲလက်(စ်)ကို သတိရလို့ ရာဇူးကို မေးကြည့်တော့ သူတော်တော်လေး အဆင်ပြေနေတယ်လို့ ကြား ရတော့ ဝမ်းသာမိပါသေးတယ်။

တောင်ဒဂုံမှာ ရှိတဲ့ လယ်ကွက်သာသာ အိမ်မြေက သိန်းထောင်ချီနေသတဲ့။
ငါးနှစ်လောက် ပိုက်ဆံစုပြီး မြန်မာပြည်ကို အပြီးပြန်မယ်လို့ ကြုံးဝါးသွားတဲ့ မိတ်ဆွေတစ်ချို့ စင်္ကာပူကို ပြန်ရောက်လာတယ်။ ဟိုပြန်ရောက်တော့ ရိုးရိုး သားသားနဲ့ လုပ်စားဖို့ ခက်လို့တဲ့။ ငွေအရင်းအနှီး ရှိဖို့ထက် အကပ်ကောင်းဖို့ က ပိုအရေးကြီးနေလို့တဲ့။ အကပ် မရှိလို့ကတော့ သိန်းထောင်ချီ ပါသွား လည်း လုပ်စားဖို့ ခက်နေတုန်းပဲတဲ့။

သမ္မတကြီးကတော့ ပြန်လာဖို့ ဖိတ်ပါရဲ့။
မဆီမဆိုင်တဲ့ဟာတွေအတွက် စားပွဲအောက်ကနေ ငွေထိုးပေးနေရတာတွေ များတော့ ပြန်သွားသူ တစ်ချို့ ပြန်ရောက်လာတာကိုလည်း တွေ့ ရတယ် ။ တောင်ဒဂုံက လယ်ကွက်က သိန်းတစ်ထောင်ဆိုတော့ သူတို့ စုထား တဲ့ ဒေါ်လာနဲ့ မလောက်တာလည်း ပါမှာပေါ့။

အခြေခံပြဿနာတွေ မပြေလည်သေးရင် ပြည်ပမှာ အနေကြာတဲ့ မြန်မာေ တွ ပြန်လာဖို့ ဆိုတာကလည်း …..

ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။

( မနှစ်က မေလမှာရေးထားတဲ့ ဆောင်းပါးမို့ သတင်းအချက်အလက်နဲ့ ကုန်ဈေးနှုံးတချို့ ကွဲလွဲနိုင်ပါတယ် )


 ဇင်ဝေသော်

နို့ရည်များဖြင့် ပန်းစိုက်သူ


အမေနေ့မို့ ၂၀၀၇ ခုနှစ်က ရေးခဲ့တဲ့ " နို့ရည်များဖြင့် ပန်းစိုက်သူ " ဆောင်းပါးကို " လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ " အနေနဲ့ နည်းနည်း ပါးပါး ပြင်ပြီး တင်ပေးလိုက်ပါတယ်။

" နို့ရည်များဖြင့် ပန်းစိုက်သူ "

ဟောဒီမှာ ဟေ့...
ရာဇ၀င် လူ့သမိုင်း အဆက်ဆက်
နို့ရေစက်တွေနဲ့ ခဲ... ပျစ်...။
ထုဆစ်ခဲ့တဲ့ ငွေစင်ရောင် ရုပ်ထု
အမေများကို ဂုဏ်ပြု မလို့ပါ။



လူပြောများသလောက် သိက္ခာရှိတဲ့အလှ။ ဘယ်တော့မှ ခံတွင်း မပျက် တဲ့ မေတ္တာတရား။ လူသားအားလုံးရဲ့ နိုဘယ်ဆုရှင်။ ဒီနေ့ သူတို့ကို ငွေစင် ရုပ်တု ချီးမြှင့်လိုက်ပါတယ်။ အမေ... အမေတို့...။

ဒီနေ့ “အမေ့” အကြောင်းနဲ့ ပတ်သက်လို့ ဖတ်ဖူးသူတွေကို တောင်းပန် ပါတယ်။ ဒါပေမယ့် ပြောတော့ ပြောကို ပြောပြရပါဦးမယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်တွေဟာ မိခင် ရဲ့ မေတ္တာစိတ်ကို လက်တွေ့ကျကျ သုတေသနပြု ကြည့်ခဲ့ကြတယ်။ သုတေ သနပြုနည်းကတော့ အစာ၊ လိင်ကိစ္စ၊ သားဇော၊ ဘယ်စိတ်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ရင်ကို အပူလောင်စေဆုံးလဲ ဆိုတာပါပဲ။

သူတို့ရွေးခြယ်လိုက်တဲ့ ဇာတ်ကောင်ကတော့ ကြွက်မလေးပါ။ ပထမဆုံး အစာ။ ကြွက်မကို အစာမကျွေးပဲ ရက်ပေါင်း အတော်ကြာ ထားခဲ့ကြ တယ်။ ကြွက်မလေး တော်တော်ဆာနေပြီ ဆိုတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ အစာကို ချထားလိုက်တယ်။ ဒါပေမယ့် သူမနဲ့ အစာကြားထဲမှာက လျှပ်စစ် စီးကြောင်းကြီး ဆီးတား ထားကြတယ်။ ငတ်မွတ်နေတဲ့ ကြွက်မလေးက ကြိုးစားတယ်။ ပူလွန်းလို့ ပြန်ပြေးလာတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် နောက်ဆုံးတော့ စိတ်ပျက်ပျက်နဲ့ အိပ်နေလိုက်တော့သတဲ့။

ဒုတိယ ဖိုမ ကိစ္စ။ ကြွက်မလေးကို သူမရဲ့ ဘွိုင်းဖရင့်နဲ့ အကြာကြီး ခွဲထား ကြတယ်။ ပြီးတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ နှုတ်ခမ်းမွေးရေးရေးနဲ့ သူမရဲ့ ဘွိုင်းဖရင့်ကို ကြိုးချည်ပြီး ထားလိုက်တယ်။ ကိန္နရီ ချောင်းခြား အားပါး မလွယ် လျှပ်စစ်စီးကြောင်းက တားလို့ ဘာရမလဲ.. သူနဲ့ဝေးလို့ ခံစားရတဲ့ ဒုက္ခ၊ ကြွက်မထက် ဘယ်သူပိုသိမလဲ။ သူမ ရအောင်သွားခဲ့တယ်။
အဖြေတစ်ခု ရလိုက်တဲ့ သိပ္ပံပညာရှင်တွေက လျှပ်စစ်ဗို့အားကို ထပ်တိုးပြီး ဆီးတားကြပြန်တယ်။ ဒီတော့ သူမ ကြိုးစားတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်," ဆောရီးပဲ ကိုကိုရယ် " ဆိုပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ လှမ်းလို့သာ ကြည့်နေလိုက်တော့ သတဲ့။

နောက်ဆုံး “မိခင်စိတ်”။ နို့တိုက်ရမဲ့ မိခင်က တစ်ဖက်၊ နို့ဆာနေတဲ့ ကြွက် ကလေးတွေက တစ်ဖက်၊ ကြားထဲမှာက ဗို့အား တိုးထားတဲ့ လျှပ်စစ် စီးကြောင်း။ သားဇောနဲ့ ပူလောင်နေတဲ့ ရင်ဘတ်တစ်ခုလုံးကို လျှပ်စစ်စီးကြောင်းတွေက ထပ်ပြီး အပူမပေးနိုင်ကြဘူး။ ကြွက်မလေးက လျှပ်စီးကြောင်းကို ဖြတ်ပြီး နို့တိုက်ဖို့သွားခဲ့တယ်။

သိပ္ပံပညာရှင်တွေက ဗို့အားတွေထပ်တိုးပြီး စိန်ခေါ်တယ်။ သားသမီးကို ချစ်တဲ့ စိတ်နဲ့ စိန်ခေါ်မှုတိုင်းကို ကလေးအမေ ကြွက်မလေးက တုန့်ပြန်တယ်။

သိပ္ပံပညာရှင်တွေက ဗို့အားတွေတိုးလေလေ၊ ကလေးအမေ ကြွက်မလေးရဲ့ သားသမီးဇောတွေကလည်း တိုးလေလေ။ နောက်ဆုံး သိပ္ပံပညာရှင် လူသား ကြီးတွေ ကြွက်မလေးရဲ့ မေတ္တာလက်နက်နဲ့ အလံဖြူအောက်မှာ မရှုမလှ အရှုံးပေးလိုက်ရတယ်။ သူတို့ ရှုံးတော့မှ တစ်ညီတစ်ညွတ်ထဲ အသံပြုလိုက် ကြတယ်။

“သားသမီး ချစ်စိတ်နဲ့သာ ကာကွယ်မထားရင် ဒီကြွက်မဟာ လျှပ်စီးကြောင်းပေါ်မှာ ချက်ချင်း ပြာကျသွားနိုင်တယ်” တဲ့။

ဒါဟာ ကြားကောင်းအောင်ပြောတဲ့ အိပ်ယာဝင်ပုံပြင် မဟုတ်ဘူး။ လက်တွေ့၊ သိပ္ပံနည်းကျလေ့လာ တွေ့ရှိမှု။ ကျေးဇူးပြုပြီး သံသယတွေ ဖျောက်ထားကြပါ။

ဦးဂမ္ဘီရရဲ့ အမေ။ လက်နက်မဲ့ လူသားတစ်ယောက်ကို သေနပ်ကိုင်ထားတဲ့ ငါးသိန်းကျော် လူတွေက “မုန်တိုင်း”လို့ အမည်ပေးရလောက်တဲ့ သားတစ်ယောက်ရဲ့အမေ။ အကျယ်ပြန့်ဆုံး မေတ္တာလွင်ပြင်ရှိတဲ့ ဂေါတမ ဗုဒ္ဓရဲ့ သားတစ်ယောက် မွေးထုတ်ပေးလိုက်တဲ့ အမေ။
မျက်ရည်လွယ်သူ၊ လူသနားအောင် မျက်ရည်ကျပြမှာ မဟုတ်ဘူးဆိုတဲ့ အမေ။
“မိန်းမလက်နက် မျက်ရည်စက်”ဆိုတဲ့ ခပ်ချာချာ စကားပုံကို ပြာဖြစ်အောင် မျက်စောင်းထိုး လိုက်တဲ့အမေ။
ပုထုဇဉ် ပီသစွာ အိပ်ယာထဲမှာတော့ ခိုးပြီး ငိုခဲ့ရပါတယ်, လို့ ရိုးသားစွာ ၀န်ခံခဲ့တဲ့အမေ။
လင်ဇော၊ သားဇောတွေနဲ့ ရူးသွတ်သွားခဲ့ရတဲ့ ဗုဒ္ဓစာပေထဲက ပဋာစာရီကို “ညီမလေး”လို့ ခေါ်လို့ရအောင် ရဲဝန့်ပြသွားတဲ့ အမေ။

ဒီအမေဟာ ပုံပြင်ထဲက အမေ မဟုတ်ဘူး။
လင်နဲ့သားနှစ်ယောက်က နတ်ဆိုးတွေရဲ့ အရက်စက်ဆုံး အကျဉ်းထောင် ထဲမှာ။ (ဒီဆောင်းပါးရေးစဉ် ဘယ်သူမှ လွတ်မလာသေးပါ။) နတ်ဆိုးတွေရဲ့ ဖမ်းဆီးတာကို ခံရပြီဆိုရင် ဘာမဆို ဖြစ်လာနိုင်တယ်။

ဒီအမေဟာ ဒီအခြေအနေတွေထဲကနေ မေးလာတဲ့ သတင်းဌာနတိုင်းရဲ့ သိလိုမှုတွေကို မျက်ရည်တစ်စက်နဲ့မှ လိမ်းကျံ ပေပွမှု မရှိပဲ ရဲရဲဝံ့ဝံ့ ဖြေ ဆိုပြသွားခဲ့တယ်။ ဒီအမေကို ဂုဏ်မပြုရင် ဘယ်အမေကို ဂုဏ်ပြုကြမလဲ။

ဝန်ခံပါတယ်။
အမေတွေ အများကြီးရှိတယ်။
ဆရာကြီး ဦးသုခရဲ့ အမေ၊
ဆရာ ညီပုလေးရဲ့အမေ၊
ထူးအိမ်သင်ရဲ့အမေ၊
မွန်းအောင်ရဲ့အမေ၊
ခင်ဝမ်းရဲ့ အမေ။
ဟင်္သာတ ထွန်းရင်ရဲ့ အမေ။
ချစ်စံဝင်းရဲ့အမေ၊
ကျွန်တော့်အမေ၊
ခင်ဗျားတို့အမေ။
အားလုံးရဲ့ အမေ (အမေစု)။


ဒါပေမယ့် ဒီနေ့ ဒီအခြေအနေမှာ အမေများရဲ့ ကိုယ်စား ငွေစင်ရုပ်ထု တက်ရောက်ယူဖို့အတွက်တော့ ဦးဂမ္ဘီရရဲ့အမေကလွဲ လို့ကျွန်တော့်မှာရွေး စရာမရှိခဲ့ပါဘူး ဘာလို့လဲဆိုရင်တော့ ...........
တစ်ချို့အမေတွေက သားရဲ့ဒုက္ခတွေကိုဝင်ရောက်ကိုယ်စားယူခွင့် ရခဲ့ကြပြီး ဦးဂမ္ဘီရရဲ့ အမေကတော့ ဒီအခွင့်အရေးကိုတောင် ငတ်မွတ်ခဲ့လို့ပါ။ သားရဲ့ ဒုက္ခကို မျှဝေယူခွင့် မရှိတဲ့ အမေတစ်ယောက်ရဲ့ ဒုက္ခဟာ ဘယ်ဒုက္ခထက် မဆိုကြီးတယ်။ သားနဲ့ နေရာချင်းလဲလို့ ရမယ်ဆိုရင် ဦးဂမ္ဘီရရဲ့ အမေဟာ အင်းစိန်ထောင်ထဲကို သွားနေဖို့ ခြေလှမ်းနှေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် ရွေးခြယ်မှုကို ထောက်ခံပေးကြပါ။

ဦးဂမ္ဘီရရဲ့ အမေ။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့အမေ။ အမေ...။

ဟောဒီမှာ ဟေ့...
ရာဇ၀င် လူ့သမိုင်း အဆက်ဆက်
နို့ရေစက်တွေနဲ့ ခဲ... ပျစ်...။
ထုဆစ်ခဲ့တဲ့ ငွေစင်ရောင် ရုပ်ထု
အမေများကို ဂုဏ်ပြု မလို့ပါ။
(အားလုံးရဲ့ ကိုယ်စား)
ဦးဂမ္ဘီရရဲ့ အမေကြွပါ ခင်ဗျား...။
စကြ၀ဠာမှ လက်ခုပ်သံများ စီ ညံ ဝေ စေ။


 ဇင်ဝေသော်

ငယ်လေးတို့ရွာ

နောက်လူတွေကို သနားတယ်၊ ရှေ့ကလူတွေ ခိုးသွားလို့ သူတို့ခိုးစရာ ဘာမှ မကျန်တော့ဘူး။
(ရုရှားစကားပုံ)

စင်္ကာပူဆိုတာ မြေဆင်းရဲတဲ့မြို့။ ဘာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဒီမြို့ဟာ ဘယ်တော့မှ မြေမချမ်းသာနိုင်ဘူး။ ဒီတော့ တိုက်ခန်းတွေ၊ အိမ်တွေက မြင့်ပြီးရင်း မြင့်လာမယ်။ ကျဉ်းပြီးရင်း ကျဉ်းလာမယ်။ ပြီးတော့ စင်္ကာပူဆိုတာ လူလတ်တန်းစား မြန်မာတွေရဲ့ ထွက်ပေါက်၊ လူချမ်းသာ မြန် မာတွေရဲ့ အိမ်၊ ကွန်ဒို၊ ဘန်ဂလိုတွေ ဝယ်ယူရာ မြို့တော်။ နိုင်ငံတော်ရဲ့ အခြေအနေတွေ ပြောင်းလဲသွားရင် အဲ့ဒီ လူချမ်းသာတွေရဲ့ ထွက်ပေါက် လည်း ဖြစ်နိုင်ပြန်သေးရဲ့။

စင်္ကာပူဆိုတာ အမေရိက၊ ဥရောပ၊ သြစတေးလျတို့လို ဗီဇာရဖို့လည်း သိပ် မခက်ခဲလှ၊ ငွေကုန်ကြေးကျကလည်း လူလတ်တန်းစားတို့ အတွက် ဖြစ်ညှစ် ထုတ်ရင် လက်လှမ်းမီလောက်တဲ့ အနေအထား၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာ ဘွဲ့ရ လူငယ်တွေအတွက် ကမ္ဘာ့စံချိန်မှီ ဘဝထွက်ပေါက်တစ်ခု အဖြစ် ရှိနေခဲ့ တာ ကာလအတန် ကြာခဲ့ပေါ့။

လူလတ်တန်းစား ကျောင်းသားလေးတွေကတော့ တက္ကသိုလ်တွေ ၊ ကျောင်းတွေက ပေးတဲ့ အဆောင်မှာပဲနေနေ၊ အပြင်မှာပဲ ငှါးရမ်းနေနေ ကျပ်ကျပ်ညှပ်ညှပ်ပဲ နေကြရရှာပါတယ်။ တစ်ချို့ကျောင်းသားတွေကတော့ ဘွဲ့ရပြီးလို့ လစာကောင်းကောင်းလေး ရရင် အခန်းကျယ်ကျယ်မှာ တစ်ယောက်တည်း နေလိုက်ဦးမယ်လို့ ကြုံးဝါး တတ်ကြပါတယ်။ ဘယ်လောက်ပဲ ကြုံးလို့ ဝါးဝါး တကယ် အလုပ်လုပ် ကြပြန်တော့လည်း ဒီအိပ်မက်က တကယ်ဖြစ်လာဖို့ ခက်ခက်ပါပဲ။ ဒီလိုနဲ့ တိုက်ခန်းလေးတွေငှါး၊ သဘောထားမျှတဲ့ မိတ်ဆွေတွေနဲ့ အတူ အိမ်၊ အခန်းတွေ ရှယ်ယာလုပ်ပြီး ကျပ်ကျပ်ညှပ်ညှပ်ပဲ ခရီးဆက်နေကြရရှာဆဲပါပဲ။ အဲ့ဒါ စင်္ကာပူမှာ ရှိတဲ့ လူလတ်တန်းစား မြန်မာတွေကို ကိုယ်စားပြုတဲ့ ပုံရိပ်ကလေးပါ။

ဒါပေမယ့် ကျွန်တော်တို့ သိရတဲ့ အိမ်တစ်ချို့လည်း ရှိတယ်။ ဆယ်ကျော် သက် ကျောင်းသားလေး နှစ်ယောက် ကျောင်းထားဖို့ သူတို့ရဲ့ မိဘတွေ ဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းထဲကို အကြောင်းအားလျော်စွာ ရောက်ခဲ့ရဖူး တယ်။ မိဘတွေက စင်္ကာပူနဲ့ မြန်မာ သွားချည်လာလှည့်။ လေယာဉ် စရိတ် ဆိုတာ သူတို့ရဲ့ ထမင်းစားရေသောက် မုန့်ဖိုး၊ သားတို့နေတဲ့ ကွန်ဒိုက စင်္ကာပူရဲ့ အရှေ့ပိုင်းမှာ ရှိတယ်။ စက်ရုံတွေ သိပ်မရှိ၊ လေထုညစ်ညမ်းမှု သိပ်မရှိလို့ ကွန်ဒိုဈေး ပိုကြီးတဲ့ အရပ်ပေါ့။ သူတို့အခန်းကျယ်ကြီးကနေ ငုံ့ကြည့်လိုက်တော့ ပြာလဲ့လဲ့ ရေကူးကန်က ချမ်းစိမ့်စိမ့် မနက်ခင်းမှာတောင် ဒိုင်ပင်ထိုးပြီး ဆင်းကူးချင်စရာပါပဲ။ ဒီကောင်လေးနှစ်ယောက်ဟာ ဘယ်သူရဲ့ သားတွေများ ဖြစ်နိုင်ပါသလဲ။

နာမည်တွေ မပါရင်တောင်မှ ဘယ်လိုလူတွေရဲ့ သားတွေဆိုတာ ခပ်ဝါးဝါးေ တာ့ သဘောပေါက် နိုင်မယ်လေ။ ဒါတွေကို တွေ့ရတော့ ဣဿာ မစ္ဆရိယ ပဲ ဖြစ်ရမလိုလို၊ မုဒိတာပဲ မျက်စေ့မှိတ် ပွားလိုက်ရမလိုလို။ နိုင်ငံတော် အ တွက် ရင်ထဲမှာတော့ အောင့်သက်သက် နာကျင်ဆဲပါ။

နောက်တစ်အိမ်ကတော့ တရံရောအခါက ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့သမီး။ သူမဝယ်ထားတဲ့ ဘန်ဂလိုကြီး ဟီးနေချက်က လစာဒေါ်လာ ခြောက်ေ သာင်းလောက် ရသူတွေတောင် မနာလိုစိတ်ကို ချုပ်တည်းထားနိုင်မယ် မထင်ဘူး။ ရေးကူးကန်က ပြာလဲ့လဲ့။ ဈေးလည်းချို၊ အသစ်စက်စက် လည်း ဖြစ်နေလို့ဆိုပြီး စီးသူမရှိဘဲ ဝယ်ထားတဲ့ မာစီးဒီးနဲ့ BMW ဂျာမန်ကားနှစ်စီးက ဘန်ဂလိုရဲ့ ကျက်သရေကို ပိုပြီး ခန့်ငြားစေတယ်။ အဲ့ဒီ ဘန်ဂလိုမှာ ကလေးထိမ်းတစ်ယောက်ရယ်၊ ကားဒရိုင်ဘာရယ်၊ ကံကောင်း လှတဲ့ ကောင်လေးနှစ်ယောက်တို့ နေကြပါတယ်။ မိဘတွေကတော့ ရန်ကုန်၊ စင်္ကာပူ၊ အင်္ဂလန် သွားချည်လာလှည့်ပဲပေါ့။

နိုင်ငံတော်အတွက် ရင်နာနေရတာနဲ့ ဣဿာလည်း မဝင်မိ၊ မုဒိတာလည်း မပွားမိတော့ပါဘူး။ အနောက်နိုင်ငံတွေကတော့ ဝေးလည်းဝေး၊ ဗီဇာက လည်းကျပ်၊ စီးပွားရေးပိတ်ဆို့မှုတွေကလည်း တင်းကြပ်ဆိုတော့ ပိုက်ဆံ ရှိပေမယ့် ပြဿနာကတော့ အနည်းနဲ့အများ ရှိနေဆဲပါ။

ငွေရှိရင် အဆင်ပြေတဲ့ မြို့က စင်္ကာပူပါ။ ဘိန်းကို အဝင်မခံပေမယ့် ဘိန်းကနေ ရလာတဲ့ ငွေတွေကိုတော့ စင်္ကာပူက “နိုး” မပြောဘူး။ ဒီလိုနဲ့ပဲ စင်္ကာပူဆိုတာ ဆရာ့ဆရာကြီးတို့ သားသမီးတွေ ကျောင်းတက်ရာ၊ တစ်ခုခုဆို ဆရာ့ဆရာကြီးတို့ ခိုလှုံရာ နေရာလေး ဖြစ်နေခဲ့တယ်။

ဆရာ့ဆရာကြီးတို့ရဲ့ တရားဝင် သားသမီးတွေ နေထိုင်၊ ပညာသင်ရာဖြစ်နေ လို့ စိတ်ထဲမှာ စင်္ကာပူကို “ငယ်လေးတို့ရွာ” လို့ ခေါ်နေမိတယ်။

ရန်ကုန်ကို ပြန်ရောက်လို့ သာကေတတို့၊ တောင်ဒဂုံတို့ကနေ လှမ်းကြည့်ရင် လွင်တီးခေါင်ထဲက တိုက်မြင့်မြင့်တွေ ထောင်ထွက်နေတဲ့ မြို့တော် တစ်ခု ကို တွေ့ရတယ်။ စင်္ကာပူက ဆင်ကန်းနဲ့ နည်းနည်း ဆင်ပါတယ်။ အဲ့ဒီမြို့တော်ရဲ့ နာမည်ကို မေ့နေတာနဲ့ ဦးလေးတစ်ယောက်ကို မေးမိတော့ အဲ့ဒါ ယုဇနဥယျာဉ်မြို့တော်လေ၊ ဒီနေ့ လူတွေ သိနေကြတာကတော့ “ငယ်လေးတို့ရွာ” တဲ့။

လာပြန်ပြီ ငယ်လေးတို့ရွာ။
အဲ့ဒီဦးလေး ရှင်းပြတာက ထူးဆန်းလွန်းတော့ မယုံဘူးလို့ မပြောရဲခဲ့ပေမယ့် ယုံပြစ်လိုက်ဖို့ကြပြန်တော့လည်း ဝမ်းနည်းစရာ ကောင်းလွန်းလှတယ်။ နံပါတ်မဝင်တဲ့ အငယ်လေးတွေ အဲ့ဒီမြို့မှာ အနေများတယ်တဲ့။ အဲ့ဒီအငယ်လေးတွေက အများအားဖြင့် နယ်က ဖြစ်နေပါသတဲ့။ (ကျန်သူတွေကို တောင်းပန်ခဲ့ပါရစေ)

ဒါကို ယုံပြစ်လိုက်ဖို့ အင်တင်တင် ဖြစ်နေတဲ့ ကျွန်တော့်ကို “မင်းမယုံရင် တက္ကစီတစ်စီးကို တားပြီး ငယ်လေးတို့ရွာ သွားမလို့ပါလို့ ပြောလိုက်၊ တက္ကစီ က မင်းကို ပို့ပေးလိမ့်မယ်” လို့ ပြောတယ်။

ဒါနဲ့ ကျွန်တော်လည်း သူ့ကားပေါ်က ဆင်းပြီး ရောက်လာတဲ့ တက္ကစီကိုတား၊ ငယ်လေးတို့ရွာ သွားမလို့ပါလို့လည်း ပြောလိုက်ရော တက္ကစီသမားက ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်ပြီး နှစ်ထောင်လို့ ဈေးပြောကာ အဲ့ဒီ မွဲခြောက်ခြောက် မြို့တော်လေးဆီ မောင်းထွက်ခဲ့ပါတော့တယ်။ ကျွန်တော် သဘောပေါက်ထားတာက စင်္ကာပူသာ ငယ်လေးတို့ရွာဆိုတာပါ။ အဲ့ဒီမြို့တော်ကို တက္ကစီသမားလောကက ငယ်လေးတို့ရွာလို့ ခေါ်တာ မသိ ဘူးလေ။

ခေတ်နောက်ဆွဲသမားတွေကို ချန်ထားခဲ့မယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားကြောင့် ကျန်နေရစ်ခဲ့မှာစိုးလို့ အဲ့ဒီဝေါဟာရလေးကို မရ၊ အရ နှုတ် တက် ရွတ်မိတယ်။ “ငယ်လေးတို့ရွာ” ။

ရွာနာမည်ချင်း တူပေမယ့် နေတဲ့လူတွေကတော့ မတူကြဘူး။
သူတို့ အနာဂတ်တွေရော ကွဲပြားနေမှာပဲလား၊ မဆီမဆိုင် ရုရှားစကားပုံက ကျွန်တော့်ခေါင်းထဲ ရောက်လာသေးတယ်။


 ဇင်ဝေသော်

အနောက်ကလူတွေနဲ့ တို့ အစိုးရ


အနောက်ဘောလုံးပရိသတ်က မကျေနပ်လို့ နှစ်ပဲတန် ကြေးပြားနဲ့ ဖာဒီနန် ကို ထုတယ်။
တို့ အစိုးရက မကျေနပ်လို့ မျက်ရည်ယို ဗုံးလိုလို ( စုံစမ်းဆဲ၊ တိတိကျကျ မသိရသေး ) မျက်နှာ စုတ်ပြတ်ဗုံးနဲ့ ထုတယ်။

အနောက်က နှစ်ပဲတန် ကြေးပြားနဲ့ ထုသူကို စီစီတီဗွီ ကြည့်ပြီး တရားခံကို အသည်းအသန် လိုက်ရှာတယ်။
တို့ အစိုးရက မျက်နှာ စုတ်ပြတ်ဗုံးနဲ့ ထုသူကို နေရာပြောင်းပြီး ရာထူး တိုးပေးတယ်။

လူကြောက် မန်စီးတီးက ဘယ်သူမှ ဘာမှ မပြောရသေးပဲ ဖာဒီနန်ကို ( အ လုပ်မရှိ အလုပ်ရှာ ) တောင်းပန်တယ်။
တို့ အစိုးရက ကမ္ဘာက ဝိုင်းအော်တာတောင် တောင်းပန်ရမယ့်အစား ဩဝါဒ စကား ချီးမြှင့်တယ်။

အနောက်ဘောလုံးပရိသတ်က တရားမရှိလို့ တစ်ဂိုးရှုံးတာနဲ့ ကွင်းထဲရောက် တယ်။
တရားရှိတဲ့ တို့ ပရိသတ်က ဂိုး ဒါဇင်ဝက်ရှုံးဦး ခပ်ပြုံးပြုံးနေတတ်တယ်။



ဦးကိုမောင်

စတူးဒင့်တွေ အပေါ်တူ နတီးတွေ ရတော့မယ်

ဟဲမင်ဝေး တို့ အုပ်စုက အင်္ဂလိပ်စာ၊ စကား မဟုတ် အမယ်ရကန် လင်းဂွေ့ တဲ့၊
ဟုတ်တယ်၊ ဒီကောင်တွေက " ယ " သံတွေ အကုန်ဖြုတ်တာ။

ဘယ်ကလာ စကျူးဒင့် ရမှာတုန်း။ တီယူ = တူ ပေါ့။ စတူးဒင့်၊ အပေါ်တူ နတီ။
မနက်ပိုင်း သတင်းဆို နယူးစ် ကနေ နူးစ် ပြောင်းတယ်။ နျူးကလီးယား မဟုတ် နူး ခလျား။
တစ်ခုခု မှာဖို့ ( Menu ) မင်နျူး ကြည့်စရာ မလို မဲန် နူး ဆို ရပြီ။

ဗရိတိရှ် က အသံထွက် မငြိမ်ဘူး။
Sch တွေကို စကူး လုပ်လိုလုပ်၊ ရှက်ဒျူး လို့ ထွက်လိုထွက်။ အမယ်ရကန် လင်းဂွေ့က စကူးလ်၊ စကက် ဒူးလ် တဲ့။
မယုံရင်ကြည့် school စကူးလ်၊ schedule ရှက်ဒျူး လ် တဲ့။ ဘယ်ကလာ၊ စကူးလ်၊ စကက် ဒူးလ်။
တာဝန် ရှိတယ်၊( duty )ဒူးတီ ပေါ့၊ ဘယ်လိုလုပ် ဂျူတီမှာတုန်း။ ဒီယူ ဒူ။ လူတိုင်းသိ။

ဒီကောင်တွေက အို သံတွေ တစ်ဝက် ဖျေက်တယ်။ ဟဲမင်ဝေး ပြောတယ်၊ ပျင်း လို့ တဲ့။
ဟော့ ဒေါ့တ် လား၊ ဘယ်ကလာ၊ ဟာ့ ဒါ့ဂ်။
ဆေးရုံဆိုလို့များဟော်စပီတယ် မနေနဲ့ ဟာ့ စပဒယ်။
ဟက်ဗ်တူတွေ မလိုဘူး၊ got to go ဂါ့ တာ့ ဂိုး ဆို ရနေပြီ။ အိုင် ဂါ့ဒါ့ဂါ့ ဆို နားလည်ပြီ။

ဟဲမင်ဝေး ပြောတာကို သဘောတူတယ်။
သူတို့ အသံမှာ " တ " ကနေ " ဒ " ကို ပြောင်း၊ " ဒ " ကနေ " န " ကို ပြောင်းတယ်။
ဝေါထား ( water )ကနေ ဝေါဒါး၊ ဝန့် တူ( want to )ကနေ ဝန္န ( wanna )၊ အိုင် ဝန္န ဂါ့တ် အ ခပ် ပါ့ဖ် ဝေါးဒါး။

တူရှင် ( ကျူရှင် မဟုတ် ) ဆရာတွေ ပြောသလို အော့ဖင်း ( often ) မှ မှန်တယ်ဆိုရင်တော့ သွားပြီ။
အော့ဖတင် လည်း မှန်တာ ပဲ။ ဘီဘီစီ ကို မေးကြည့်၊ ဗွိုက် စ် ဖ် မာ့ရိက ( The Vice of America ) ကို နားထောင်ကြည့်။

" ယ " သံတွေကို ဖျက်၊ " အို " သံတွေ ကို တစ်ဝက်ပေမယ့် " ရ် " သံကျတော့ သယ်လာခဲ့ကြပြန်ရော၊
မက်တာရ် ( matter ) တဲ့၊ မိုဟာမက် ဆင်း လောက်တော့ ရှည်စရာ မလိုဘူး။
မက်တာရ် တစ်လုံးထဲဆို ရ် သံက မသိမသာ၊ နောက်မှာ သရ ရှိရင် မက်တာ ရော ဖ်( matter of )၊
စတား ရောဖ် ( star of ) တွေ ဖြစ်ပြန်ရော၊အီးသား ကိုတော့ ပျင်းလို့ မပြောဒေါ့ဘူး။

ဂျဲပဲ န်တို့ ခိုရီးယားတို့ ( ခိုးရယား၊ ပိုပြန်တဲ့ အခါ) လိုပဲ
တို့ စတူးဒင့်တွေလည်း အပေါ် တူနတီတွေ ရဒေါ့မယ်။
ဆီးယား လိတ် ဒါ။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

အိုလံပစ် ခဲခြစ်

အိုလံပစ် လည်း အရှိန်ကောင်းနေပြီ။ မြန်မာတွေလည်း ဘယ်ရောက်နေတယ် မသိ။ ရှက်စရာတော့ မရှိ။ ဆု မရတဲ့ နိုင်ငံတွေက ဆုရတဲ့ နိုင်ငံတွေထက် ပိုများတယ်။ ရယ်စရာလိုပဲ၊ ရယ်တတ်တဲ့ လူတွေများပြီး ရယ်အောင် ပြောတတ်တဲ့လူက နည်းနည်းလေး။

ဆင်းရဲလို့ မစွံတာလား ဆိုတော့ အီသီယိုပီးယား မာရသွန်သမားတွေက အဓိပ္ပါယ်မရှိ (Non-sense) တဲ့။
စစ်အုပ်ချုပ်မှု အောက် နေခဲ့ရလို့လား ဆိုတော့ မြောက် ကိုရီးယားသားတွေက မဖြစ်...နိုင် (impossible! ) ဘူး တဲ့။
ဗိုက်ကြီးတွေ ရွှဲနေလို့လား ဆိုတော့ တောင်ကိုရီးယား မြား ပစ်သမားက နိုးဝေး ဆိုပြီး သူ့ ဗိုက်ကြီး ပုတ်ပုတ် ပြတယ်။
(Look at my athletic chest)
(ဟုတ်တယ်၊ နည်းတဲ့ ဗိုက်ကြီးမဟုတ်ဘူး၊ အရပ်ကပုပု၊ အသားက မည်းမည်း (ကိုရီးယား အနေနဲ့ပေါ့ )
မြားပစ်ကတော့ စပယ်ရှယ်လစ်)

ကိုရီးယား အမျိုးသမီး မြားပစ်ချန်ပီယံ နာမည်က ပါ့က် တွေ၊ လီတွေ၊ ဟျွန်တွေ မပါဘူး။ ကိုဘေ တဲ့။ ဂျပန်နာမည် လေး။
စင်ကာပူက ချိုင်းနီးစ် မလေး ကြေးတံဆိပ်ရတော့ တချို့က ပျော်ကြတယ်၊ တချို့က ဖောရိန်း တဲလင့် မို့ မပျော်ကြဘူး။
ပျော်တဲ့လူတွေက မပျော်တဲ့ လူတွေကို "ပျော်ကြ၊ အင်္ဂလန်က လှေလှော် ချန်ပီယံ ကောင်လေးက ဂျာမနီမှာ မွေးတာ" တဲ့။ သိပ် မဆိုင်သလိုဘဲ။

အင်္ဂလိပ် ဘောလုံး အသင်းက တောင်ကိုရီးယားကို (သိကြတဲ့ အတိုင်း) ပင်နယ်တီနဲ့ ရှုံးသွားပြီ။ တစ်ချိန်က မြန်မာဘောလုံး အသင်းက တောင်ကိုရီးယားနဲ့ သူတင်ကိုယ်တင်။ ဒီတော့ တောင်ကိုရီးယား အသင်း အင်္ဂလိပ် ဘောလုံး အသင်းကို နိုင်တယ်ဆိုရင် သင်္ချာသဘောအရ မြန်မာလည်း အင်္ဂလိပ်ကို နိုင် လိုက်တာပဲ မဟုတ်လား။

ဂုဏ်ယူတတ်ရင် ယူစရာတွေ အများကြီး။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

အချင်းချင်းလည်း မညှာဘူး

ဆရာဝန် နဲ့ ရှေ့နေတို့ ပါတီတစ်ခုမှာ ဆုံရင်း စကားစမြည် ပြောနေကြတယ်။
အဲဒီအချိန်မှာ လူတွေက ဆရာဝန်ဆီ လာလာပြီး ကျန်းမာရေးကိစ္စတွေ မေးကြ၊
ဆေးပညာရပ်ဆိုင်ရာ အကြံဉာဏ်တွေ လာတောင်းကြ ဆိုတော့ စကားဖြောင့်ဖြောင့် မပြောရဘူး။

ဆရာဝန် သတိထားမိတာက ရှေ့နေဆီကို ဥပဒေရပ် ဆိုင်ရာ
အကြံဉာဏ်တောင်းသူ တစ်ယောက်မှ မရှိဘူး။
ဒါနဲ့ ဆရာဝန်က
"ရုံးချိန်မဟုတ်ဘဲ ဥပဒေရပ် ဆိုင်ရာ အကြံဉာဏ်လာတောင်းရင် ခင်ဗျား ဘယ်လိုလုပ်လဲ"
"အကြံဉာဏ် ပေးလိုက်တာပေါ့။ နောက်မှ အကြံပေးခ ဘေ ( Bill ) ပို့ လိုက်တယ်"

ပါတီပြီးလို့ နှစ်ရက်မြောက်နေ့မှာ ဆရာဝန်ရဲ့ စာတိုက်ပုံးထဲ စာတစ်ဆောင် ရောက်နေတယ်။
စာက " ဒေါက်တာ၊ ပါတီမှာတွေ့စဉ် လူကြီးမင်း တောင်းဆိုခဲ့တဲ့ အကြံပေးခ" တဲ့။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.