သိုးဆောင်း ပုံပြင်အသစ်


ဟိုး ရှေးရှေးတုန်းက ခဲလေးတစ်လုံး ကန်ရေထဲကျလာရင် ကန်ရေပြင်မငြိမ်မသက်ဖြစ်မှုနဲ့ ခဲကလေးကို အပြစ်ဆိုကြတယ်။ သူတို့က လှိုင်းဂယက်လေးတွေကိုပဲ မြင်ခဲ့ကြသတဲ့။
နှောင်းခေတ် ရောက်လာတော့ တစ်ဘဝလုံး ပေးဆပ်၊ ကန်ရေပြင်ထဲ ပြေးဆင်း၊ ကန်ရေရဲ့ မိခင် ရွှံ့နွံမြေပြင်အထိ လှမ်းပြီးပွေ့ဖက်လိုက်တဲ့ ခဲ လေးတစ်လုံးရဲ့ အနစ်နာခံမှုတွေကို ရှာတွေ့သွားကြသတဲ့ဗျာ။
ဒီပုံပြင်လေးကို သိုးဆောင်းပုံပြင် စာအုပ်ထဲက ရတာပါလို့ ကျနော်ကပြောရင် ကျေးဇူးပြုပြီး ကျနော့်စကားကို မယုံလိုက်ကြပါနဲ့။

ဇင်ဝေသော်။

ကျနော်နဲ့တောင်ပေါ်သားများ


တောင်တန်းကြီးရာ ခင်ဗျားကလည်း မြင့်မောက်လိုက်တာ၊ ကျနော်သယ်လာရတဲ့ ၀န်ထုပ်ကအလေးကြီးဗျ ဟု လူငယ်က ငြီးလေသည်။
ကောင်လေးရာ အဲဒါ မင်းဘာသာသယ်တဲ့ ၀န်ထုပ်ပဲ၊ ငါက ဘာတတ်နိုင်မှာလဲ ဟု တောင်တက်လမ်းက ပြန်ပြောသည်။

ဝန်ထုပ်ကြီးရာ ခင်ဗျားကလည်း လေးလိုက်တာ၊ ကျနော်က မတ်စောက်တဲ့ တောင်တက်ခရီးကို တက်နေရတာဗျ ဟု လူငယ်က ပြောပြန်သည်။
ကောင်းလေးရာ၊ အဲဒါ မင်းရွေးတဲ့လမ်းပဲဟု သူ့ဝန်ထုပ်က သူ့ကိုပြောလေသည်။

ထို့နောက် လူငယ်သည် ဘာစကားမှ မပြောတော့ပဲ သူ့လမ်းကို သူလျှောက်နေတော့သည်။

နှစ်ကူးပုံပြင်


ရှေးသရောအခါ (အမည်မဖော်လိုသော ဘောင်းဘီဝတ်) လူတစ်စုရှိလေ သည်။ တစ်နေ့ထက်တစ်နေ့ အသက်မွေးဝမ်းကြောင်းဖို့ အခက်ပိုတွေ့တွေ့ လာရသောအခါ ဘာလုပ်ကြရင်ကောင်းမလဲဟု သူတို့ ခေါင်းချင်းဆိုင်ဆွေးနွေး ကြတော့သည်။
လူကြီးလူကောင်းများလို ခေါင်းပေါင်းစ၊ ပုဆိုး၊ တိုက်ပုံ၊ ညှပ်ဖိနပ်များ ပြောင်းလဲ ဝတ်ဆင်လိုက်လျင် လူအများက လေးစားကြည်ညိုလာလိမ့်မည်၊ ထိုအခါ အ သက်မွေးဝမ်းကြောင်းဖို့လည်း လွယ်ကူသွားနိုင်သည်၊ ထိုကြောင့် အဝတ် အစား ပြောင်းလဲဝတ်ဆင်ကြရမည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့အတွေး မှန်သွားလေသည်။ သူတို့ အဝတ်အစား ပြောင်းလဲ ဝတ်ဆင် ကြသောအခါ လူအများက လေးစားကြည်ညိုလာပြီး သူတို့အတွက် အသက်မွေးဝမ်းကြောင်းဖို့လည်း လွယ်ကူသွားတော့သည်။

ထိုအခါ ထိုလူတစ်စုခေါင်းဆောင်က
"ကိုယ်ကျင့်တရားအားဖြင့် လူကြီးလူကောင်းမဖြစ်သေးဘဲ လူကြီးလူကောင်း များလို အဝတ်အစားပြောင်းလဲဝတ်ကာမျှဖြင့်ပင် လူထုက ဤမျှ လေးစား ကြည်ညိုလာကြသည်။ ကိုယ်ကျင့်တရားအားဖြင့်ပါ လူကြီးလူကောင်းဖြစ်လာ ပါက ဆိုဖွယ်ပင် ရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် ယနေ့မှစ၍ ကိုယ်ကျင့်တရား အားဖြင့်လည်း လူကြီးလူကောင်းဖြစ်လာရန် ကြိုးစားကြရမည်"
ဟု ဆိုလေသည်။ ဆိုသည့်အတိုင်း ပြောင်းလဲပြင်ဆင်လာကြရာ နောက်ဆုံး အဝတ်အစား အားဖြင့်ရော ကိုယ်ကျင့်တရားအားဖြင့်ပါ လူကြီးလူကောင်း များ ဖြစ်သွားကြလေတော့သတည်း။

စကားချပ်။ ။ ဓမ္မပဒဝတ္ထုကို မှီငြမ်းထားသောပုံပြင်ဖြစ်သဖြင့် တကယ်ဖြစ်လာ၊ မလာကိစ္စက ပုံပြောသူနှင့် လုံးဝမသက်ဆိုင်ပါကြောင်း၊ ထို့အပြင် ယခု ပုံပြောသူသည် မဲပေးခွင့်ရှိသူလည်း မဟုတ်ပါကြောင်း။

ကြွက်လင်မယား အင်တာဗျူး


(ဇင်ဝေသော်, ခေတ်သစ်ပုံပြင် - 5/10/2013။ အမေနေ့အတွက် ပို့စ်အဟောင်းလေးပါ)
ညီမလေး…. ရေ
သတင်းမီဒီယာတွေက ကြွက်လင်မယားကို အင်တာဗျူးနေကြသတဲ့။ အထူးသဖြင့်တော့ ကြွက်မလေးကိုပေါ့ကွယ်။ ဒီဇာတ်လမ်းလေးကိုတော့ မကြာမကြာပြောနေလို့ ညီမလေး ကြားဖူးရောပေါ့။ အစာစိတ်၊ လိင်စိတ်နဲ့ သားသမီးချစ်စိတ် စမ်းသပ်တယ်ဆိုတာလေ။ သားသမီးချစ်စိတ်က အပြင်းပြဆုံးတဲ့ကွဲ့။ လျပ်စီးကြောင်းတွေကိုဖြတ်ပြီး နို့တိုက်ဖို့ ရောက်အောင်သွားနိုင်တဲ့ ကြွက်မလေး တစ်ကောင်ရဲ့ ကမ္ဘာကျော်တဲ့ သိပ္ပံ စပ်းသပ်မှုပေါ့ကွာ။



ကြွက်ဖိုလေးနဲ့ ကြွက်မလေးက လက်ခြင်းတွဲလို့တဲ့။

သူတို့လည်းထွက်လာရော ဓာတ်ပုံ၊ ဗီဒီယို၊ ကင်မရာ မီးတွေများလင်းသွားလိုက်တာ ကိန်းဓာတ်ရှင်ပွဲတော်က အော်စကာဆုချီးမြင့်မဲ့ ကော်ဇော်နီဧည့်ခံပွဲကြီး လို့တောင်ထင်မှတ်မှားရသတဲ့။

အဲဒီပွဲတော်ကို သန္တုဿိတ နတ်သားတို့၊ မာသာထရေဇာတို့လို ထိပ်ထိပ်ကြဲ ပုဂ္ဂိုလ်တွေတောင် တက်ရောက်ကြသတဲ့။ ကြွက်မလေးကတော့ ရှက်လွန်းလို့ ခေါင်းတောင် မဖော်ရဲဘူးတဲ့ကွယ်။ ဒါနဲ့ သတင်းထောက်တစ်ယောက်က

" ဒီလျပ်စီးကြောင်းတွေကို အကြိမ်ကြိမ်ဖြတ်ပြီး နို့ဆာနေတဲ့ ကြွက်ကကလေးတွေဆီ နို့တိုက်ဖို့ သွားနိုင်တာဟာ ဘယ်လို စိတ်ဓာတ်တွေနဲ့များ တွန်းကန်လိုက်လို့လည်း" လို့မေးသတဲ့။

ကြွက်မလေးက ရှက်လို့ မဖြေရဲဘူး။ ဒါနဲ့ ကြွက်ဖိုလေးက
" သူ့ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ ကလေးတွမို့ပါဗျာ " လို့ဖြေသတဲ့။

ဒီတော့မှ ကြွက်မလေးက အရှက်ပြေသွားပြီး
" ဟင့်အင်း၊ ဟင့်အင်း။ ဟုတ်ဘူး၊ ဟုတ်ဘူး သသာဝတရားကြီးက ကိုကို ဝမ်းနဲ့လွယ်ဖို့ မှာထားမယ်ဆိုရင် ကိုကိုလည်းဝမ်းနဲ့လွယ်ဖို့ ငြင်းခဲ့မှာမဟုတ်ပါဘူး။ ဒီလိုမပြောပါနဲ့" လို့ အကြောက်အကန် ငြင်းသတဲ့ကွယ်။

ဒီတော့ ကြွက်ဖိုလေးက ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင်ကျလာပြီး သူ့ဇနီးကြွက်မလေးကို မွှေးမွှေးပေးလိုက်သတဲ့။ ကြွက်မလေးပါးမှာလည်း မျက်ရည်အနည်းငယ်တော့ စိုသွားတာပေါ့ကွယ်။ ဒါပေမယ့် လှနေဆဲပါဘဲ။

ဒီတော့မှ ဂေါတမဗုဒ္ဓတို့ ဂျီးဇက်ခရိုက်တို့ မဟတ္တမဂန္ဓီတို့က
သာဓုသာဓုလို့ခေါ်ကြသတဲ့။

အဲ.. ဂျီးဇက်ခရိုက်ကတော့ Well-done, well-done ပေါ့ကွယ်။

ဒါပါဘဲ ညီမလေးရယ်


မိဘဆိုတာ လိင်ကွဲလို ဝတ္တရားတွေမတူကြပေမယ့် သားသမီးကို ချစ်တဲ့နေရာမှာတော့ သူသာကိုယ်သာ မရှိကြပါဘူး။ အတူတူပါဘဲ

ချစ်လို့ ပြောတာမှတ်ထားနော်ညီမလေး။ ဟုတ်ဟုတ် မဟုတ်ဟုတ်။  

ဇင်ဝေသော်










Copyright © 2011 ကမ်းလက်. All rights reserved.

လူနဲ့ထာဝရဘုရားသခင်

ကမ္ဘာမြေကို ဖန်ဆင်းပြီး ပထမနေ့မှာ ဂေါ့ဒ်က နွားကို ဖန်ဆင်းလိုက်တယ်။
"မင်းတာဝန်က လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ပေးဖို့၊ စားနပ်ရိက္ခာ နဲ့ နွားနို့ ဖြည့်ဆည်းပေးဖို့ပဲ၊ မင်းအတွက် သက်တန်း ၆၀ ပေးထားမယ်" လို့ ပြောတော့
"ဟာဗျာ၊ လုပ်ရမယ့်အလုပ်ကလည်း ပျင်းစရာကြီး၊ အသက် ၆၀ ထိ မနေချင်ပါဘူး၊ ၂၀ ဆိုတော်ပြီ၊ ၄၀ ပြန်ပေးမယ်" လို့ နွားက ပြန်ပြောတယ်။
ဂေါ့ဒ်က ဒါဆိုလဲ မင်းသဘောပဲတဲ့။

ဒုတိယနေ့မှာ ခွေးကို ဆက်ပြီး ဖန်ဆင်းတယ်။ ပြီးတော့ ဂေါ့ဒ်က
"မင်း လုပ်ရမယ့်အလုပ်က အိမ်ပေါက်မှာ ငုတ်တုတ်ထိုင်ပြီး အိမ်ကို စောင့်ေ ရှာက်ဖို့ပဲ၊ အိမ်ထဲဝင်လာသူ၊ လမ်းသွားလမ်းလာ မြင်မြင်သမျှကို ဟောင်နေ ရမယ်၊ မင်းအတွက်တော့ သက်တန်း ၂၀ ပေးထားမယ်"
ခွေးက သဘောမတူဘူး
"ဟာဗျာ၊ တစ်နေ့လုံး ဟောင်နေရမယ့်အလုပ်နဲ့ အနှစ် ၂၀ မနေချင်ပါဘူး၊ ၁၀ ဆိုတော်ပြီ၊ ၁၀နှစ် ပြန်ပေးမယ်" တဲ့။
ဂေါ့ဒ်ကတော့ အိုကေပါပဲ။

တတိယနေ့မှာ မျောက်ကို ဖန်ဆင်းလိုက်တယ်။
"မင်းတာဝန်က လူတွေကို ပျော်ရွှင်အောင် အသုံးတော်ခံဖို့ပဲ၊ မန်းကီး ထရစ်တွေသုံးပေါ့၊ အငြိမ်မနေရဘူး။ မင်းကိုလည်း သက်တန်း ၂၀ ပေး ထားမယ်"
" ၂၀ က အကြာကြီးပဲ၊ မရဘူး၊ မျက်နှာမလိုက်နဲ့ ခွေးလိုပဲ ၁၀နှစ် ပြန်ပေးပြီး ၁၀နှစ်ပဲနေမယ်"
ဂေါ့ဒ်က အေးလေ မင်းသဘောပဲ တဲ့။

စတုတ္ထနေ့ရောက်မှ လူသားကို ဖန်ဆင်းလိုက်တယ်။
"မင်းကိုတော့ သက်တန်း ၂၀ ပေးမယ်၊ ဘာမှထွေထွေထူးထူးလုပ်စရာ မရှိ ပါဘူး၊ စားလိုက် အိပ်လိုက် ပျော်ပါးလိုက်သာ နေပါ" ဂေါ့ဒ်က ပြောတော့
"ဟင် အနှစ် ၂၀ ဆိုတာ တိုတိုလေး၊ မကြိုက်ပါဘူး၊ ဒီမယ်၊ ကျနော်ပြောမယ်၊ ကျနော်ရတဲ့ အနှစ် ၂၀လည်းယူမယ်၊ နွားက ပြန်ပေးတဲ့ အနှစ် ၄၀၊ ခွေး နဲ့ မျောက်တို့က ပြန်ပေးတဲ့ ၁၀ နှစ်စီကိုလည်း ကျနော် ယူလိုက်မယ်၊ ဘယ်လိုလဲ"
လူက ထာဝရဘုရား ရှင်ကို ဈေးဆစ်တယ်။ ဂေါ့ဒ်က နည်းနည်းတောင် အံ့ဩ သွားတယ်၊ ဒီသတ္တဝါက တစ်မျိုးပါလား ပေါ့၊ ဒါပေမဲ့ နိုး မပြောပါဘူး။ အေးေ လ မင်း သဘောတူလို့ ယူချင်ရင် ယူပေါ့ တဲ့။ ဒီလိုနဲ့ လူသားဟာ အသက် ၈၀ နေခွင့်ရသွားတယ်။

ဒါနဲ့ပဲ လူသားဟာ ပထမ အနှစ် ၂၀ မှာ လူသားတစ်ယောက်လို စားလိုက် အိပ်လိုက်နဲ့ ဘာမှ မယ်မယ်ရရမလုပ်ဘဲ နေခွင့်ရသွားတယ်။

အသက် ၂၀ ကနေ ၆၀ အထိ အနှစ် ၄၀ ကတော့ နွားဆီကရထားတဲ့ အနှစ် ၄၀ နဲ့ ရှင်နေရတော့ နွားလိုပဲ ကျွန်ခံနေကြရတယ်။

အသက် ၆၀ ကနေ ၇၀အထိ ၁၀ နှစ်ကတော့ မျောက်ဆီက ယူထားတာ မို့ မျောက်လိုပဲ အငြိမ်မနေရရှာဘူး၊ မြေးတွေကို အသုံးတော် ခံနေရရှာတယ်။

အသက် ၇၀ ကနေ ၈၀ အထိ ၁၀ နှစ်ကတော့ သိကြတဲ့အတိုင်း ခွေးဆီက ယူခဲ့တာမို့ တံခါးပေါက်မှာ ကုလားထိုင်တစ်လုံးနဲ့ အိမ်စောင့်ရင်း မြင်မြင် သမျှ လူတွေကို မာန်လိုက် မဲလိုက်နဲ့ အချိန်ကုန်နေရရှာတော့သတဲ့။

ဘာတတ်နိုင်မှာလဲ၊ သူ့တောင်းဆုနဲ့ သူပဲဥစ္စာ။
(ဖတ်မိသမျှထဲက ပေါ့ပေါ့ပါးပါးလေး တစ်ခုပါ။)
04/06/2013

၂၁ ရာစုပုံပြင်


ရှေးသရောအခါ ၂၁ ရာစုခန့်က လူတစ်ယောက်မှာ တစ်နေ့လျင် ရွှေဥတစ်လုံး ဥပေးသော ဘဲငန်းကြီးတစ်ကောင် ရှိလေသည်။ တစ်နေ့လျင် ရွှေဥတစ်လုံးသာ ဥနေခြင်း အပေါ် အားမလိုအားမရဖြစ်ခြင်း၊ ဝမ်းဗိုက်ထဲမှာ ရွှေဥများစွာရှိနေမည် ထင်ခြင်းကြောင့် ထိုဘဲငန်းကြီးကိုသတ်၊ ရင်ဘတ်မှ ခွဲချလိုက်ရာ ဘာရွှေဥမှ မတွေ့ဘဲ ဘဲချေးတွေသာတွေ့ရလေ၏။ထိုအခါ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသော ၎င်းပညာရှိကြီးက
"ကံကောင်းလေစွ၊ မစူးစမ်းဘဲ ဘဲငန်းကြီးကိုအသက်ရှင်လျက်ဆက်ထားလျင် အစာကုန်တာပဲ ရှိချေမည်၊ သူ့ ဝမ်းဗိုက်ထဲမှာ နောက်ထပ်ဥစရာ ဘာရွှေဥမှ မရှိတော့"
ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းဆိုလေ၏။

မှော်ဆရာရဲ့ ကြက်တူရွေး (ညီမလေးကို ပြောမိတဲ့ ပုံပြင်)


ညီမလေးကို ပုံပြောပြရမယ်။ ဒါပေမဲ့ ဒါက ဟယ်ရီပေါ်တာဇာတ်လမ်း အသစ် မဟုတ်ဘူးနော်၊ မြို့ပေါ်က ဇာတ်တွေ၊ ဆိုင်းတွေထဲမှာ လူရွှင်တော်လိုက်လုပ်တဲ့ တို့ရွာဦးလေးကြီးတစ်ယောက်ပြောပြတဲ့ပုံပြင်ပါ။ ဒီလိုတဲ့ ၊ ရှေးရှေးတုန်းက သာသာ ယာယာရှိနေခဲ့တဲ့ ရွာလေးတစ်ရွာဆီ မှော်ဆရာကြီးတစ်ယောက်ရောက် လာခဲ့ တယ်။ ရွာသားတွေဆိုတော့ အစပိုင်း သူ့ကိုကြောက်နေကြတာပေါ့။ အဆက် အဆံလည်း မလုပ်ကြဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ မှော်ဆရာကြီးရဲ့စကားကို ယုံကြည်လာကြပြီး မှော်ဆရာကြီးကိုလည်း ဆရာတစ်ဆူလိုတင်ပြီး ကိုးကွယ် လာကြတော့တယ်။
မှော်ဆရာကြီး သူ တို့ကိုပြောပြတတ်တာက ရွာလေးမှာ အန္တရာယ်ဆိုးတွေ ကျရောက်လာစရာရှိတယ်၊ ဒီအန္တရာယ်တွေကနေ အကာအကွယ်ပေးဖို့ သူရောက်လာတယ်ပေါ့။ သူက မှော်ဆရာကြီးဆိုတော့ ဘယ်နေ့မှာ၊ ဘယ်နေရာ မှာ ဘာဖြစ်မယ်ဆိုတာအထိ ပြောပြနိုင်တယ်။ (သူက မှော်ဆရာကြီးဆိုတော့) သူပြောတဲ့အတိုင်းလည်း ဖြစ်ဖြစ်လာတယ်။ (သူက မှော်ဆရာကြီးဆိုတော့) အန္တရာယ်ဖြစ်ပြီဆိုရင်လည်း သူရောက်ရောက်လာတယ်၊ (သူက မှော်ဆရာကြီး ဆိုတော့) အန္တရာယ်နဲ့ရင်ဆိုင်ရတိုင်းလည်း သူကပဲ နိုင်တာပေါ့ ညီမလေးရယ်။

နှစ်တွေအတော်ကြာလာတော့(နှစ်ပေါင်း ၆၀ ကျော်ဆိုလား၊ ဒါကိုတော့ တိတိ ကျကျမမှတ်မိဘူး) စဉ်းစားတတ်တဲ့လူတွေက စဉ်းစားလာတယ်(အဲ မစဉ်းစား တတ်တဲ့လူတွေကတော့ မစဉ်းစားတတ်ဘူးပေါ့ကွာ)။ မှော်ဆရာကြီးက ရွာကို ကယ်တင်တယ်ဆိုပေမဲ့ ဒီအန္တရာယ်တွေက မှော်ဆရာကြီးရောက်လာမှ ကြုံတွေ့ လာရတာလေ။ အရင်က ဒါမျိုးမရှိခဲ့ဘူး။

ဘယ်လိုအန္တရာယ်တွေလဲ ဟုတ်လား??
ဝက်ပြောက် နွားပြောက်တို့၊ မိစ္ဆာကောင်တွေရောက်တို့ပေါ့၊ ဒါကတော့ ဟယ်ရီပေါ်တာနဲ့ဆင်တယ်။ အဲသလို စဉ်းစားတတ်တဲ့လူတွေများလာတော့ လူတွေက မှော်ဆရာကြီးမယုံကြည်ကြတော့ဘူး။ မစဉ်းစားတတ်တဲ့လူတွေကတော့ ယုံကြတာပေါ့ညီမလေးရယ်။ မှော်ဆရာကြီး ကို မရိုမသေလုပ်ရင် အသေဆိုးနဲ့သေရမယ်၊ ခင်ပွန်းကြီး ၁၀ ပါး၊ ၁၁ ပါး မပြစ် မှားကောင်းဘူစသဖြင့်ပေါ့။ ဒါနဲ့ ရွာလေးလည်း နှစ်ခြမ်းကွဲတော့တာပေါ့ ညီမလေးရယ်။ ဝမ်းနည်းစရာ။

ဒါနဲ့ မှော်ဆရာကြီးကို မယုံကြည်တဲ့ရွာသားတွေက မှော်ဆရာကြီးကို တော် လှန်ရေးစလုပ်ကြတယ်။ ပိုပြီးဝမ်းနည်းစရာကောင်းတာက တော်လှန်ရေး က မှော်ဆရာကြီးကိုမထိဘဲ ရွာသားအချင်းချင်းပဲထိနေတာလေ။ မှော်ဆရာကြီး ကို မယုံကြည်တဲ့ အုပ်စုနဲ့ ယုံကြည်တဲ့အုပ်စု အပြန်အလှန်သတ်ဖြတ်နေကြတာ တဲ့။

တိုတိုပြောရရင် တဖြည်းဖြည်းနဲ့ မယုံကြည်တဲ့အုပ်စုမှာ လူတွေများလာတယ်။ ဒီတော့ တော်လှန်ရေးလည်း အားကောင်းလာတယ်ပေါ့ကွယ်။ နောက်ဆုံး မှော် ဆရာကြီးကို သူတို့အနိုင်ရပြီး သူ့ကိုလည်း သတ်ပစ်လိုက်ကြတယ်။ ခက်တာက မှော်ဆရာကြီးက မသေဘူး။ ပြန်ပြန်ရှင်လာတာ။
ဒီမှာလည်း စဉ်းစားတတ်တဲ့လူတွေက စဉ်းစားလာတယ်(အဲ မစဉ်းစားတတ်တဲ့ လူတွေကတော့ မစဉ်းစားတတ်ဘူးပေါ့ကွာ)။ မှော်ဆရာကြီးအသက်က သူ့ခန္ဓာ ကိုယ်ထဲမှာ မရှိလို့ဖြစ်ရမယ်။ မှော်ဆရာကြီးကိုသတ်လိုက်တိုင်း သူအနားက ကြက်တူရွေးလေးပဲသေသွားတယ်။ ဒါဆို မှော်ဆရာကြီးက သူ့အသက်ကို ကြက်တူရွေးလေးရဲ့ ခန္ဓာကိုယ်ထဲမှာထားတာဖြစ်ရမယ်လို့ တွေးတောကြည့်ကြတယ်။ ဒါကြောင့် ဒီတစ်ခါ မှော်ဆရာကြီးကိုမသတ်ဘဲ ကြက်တူရွေးလေးကိုရအောင်ဖမ်းပြီး လည်လိမ်သတ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
သူတို့တွက်ကိန်းမှန်သွားတယ်။ ကြက်တူရွေးလေးကိုရအောင်ဖမ်းနေတဲ့ရွာသားတွေကို မှော်ဆရာကြီးကအသေအလဲတိုက်ခိုက်တာ တဲ့။ အဲ နောက်ဆုံး ကြက်တူရွေးလေးကိုဖမ်းပြီး လည်လိမ် သတ်လိုက်တော့ မှော်ဆရာကြီးလည်း "ဂစ်" ဆို လည်ပင်းကြီးခွေခေါက်ပြီးသေ သွားတော့သတဲ့။ အဲ ခဏနေတော့ ကြက်တူရွေးလေးက ထပျံပြေးသွားသတဲ့ ညီမလေးရဲ့။

ရေးထားတဲ့စာနဲ့ ဓာတ်ပုံက ဘာမှမဆိုင်ဘူး ဟုတ်လား???
ဆိုင်တော့ ဆိုင်မှာပါညီမလေးရာ။ မဆိုင်ဘူးဆိုလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ပုံပြင်လေးကိုမှတ်ထား။ နော် ညီမလေး။ ။

ညီမလေးကိုပြောမိတဲ့ ထမင်းခြောက်ကြော် ပုံပြင်


တစ်ခါတုံးကတဲ့ ညီမလေး ရေ.......
"ကျမတို့ဘဝက ကြမ်းပါတယ်ရှင်၊ အစကတည်းက ရွှံ့ထဲရေထဲကို ပစ်ချခြင်း ခံခဲ့ရပြီး အဲဒီဘဝထဲကနေလွတ်အောင် မနည်း ရုန်းကန်ခဲ့ရတာပါ။ ဒီနောက်တော့ အရွယ်ရောက်၊ ဖွံ့ကြ၊ ဖြိုးကြ၊ ပြီးတော့ သဘာဝအတိုင်းပဲ သီးကြပွင့်ကြပေါ့ရှင်။ ပိုဆိုးတာက အခက်အလက်လည်းစုံရော လှီးတာ ဖြတ်တာတွေကို ပုံစံမျိုးစုံ ခံစား ကြရပါတယ်။ ပြီးတော့ အရေခွံတွေကို ခွာသလို ခွာကြပြန်ရော၊ ဘယ်လောက် နာကျင်မလဲ၊ စဉ်းစားသာကြည့်ပေါ့။ ဒါနဲ့ ပြီးပြီလို့ ထင်နေမိတာ၊ ဘယ်ဟုတ်ရပါ့မ လဲ၊ အားလုံးကို အမှောင်ထဲထည့်ပြီး ထွက်ခွင့်လှုပ်ရှားခွင့်မရအောင် ပိတ်ဆို့ခြင်းခံ လိုက်ရပြန်ပါတယ်။
နေသာခိုက်ဘဝလေးရယ်လို့ လွတ်လွတ်လပ်လပ်ရေချိုးခွင့်၊ ရေကူးခွင့် ရလိုက်ခြင်းပါ၊ ရှင်တို့ကတော့ ဒါကိုပဲ ဓားသွားထက်က ပျားရည်စက်ခေါ် မလားပေါ့။ ဘာပဲဖြစ်ဖြစ် ဒါလည်း ဘဝအစိတ်အပိုင်းပဲမဟုတ်လား။

ဘယ်ဟုတ်မလဲ၊ ဒီနောက်တော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြုတ်တာ ခံလိုက်ရပြန်ပါတယ်။ အခု လက်ရှိအနေအထားကိုရောက်ဖို့ အဲသလို ဘဝမျိုးစုံ ရင်ဆိုင်ခဲ့ရတာပါ ရှင်" လို့ သူဌေးမလေးရဲ့ ထမင်းပုဂံထဲရှိ ထမင်းစေ့လေး က ပြောပြနေသတဲ့။

သူမပြောသမျှကို ခံစားချက်အပြည့်၊ နားလည်မှုအပြည့်နဲ့ ငြိမ်ငြိမ်လေး နားထောင်ပေးနေသူကတော့ ဘုန်းကြီးကျောင်းသားလေးလက်ထဲက ထမင်းခြောက်ကြော်လေးတဲ့ကွယ်။
သူက ဘာမှဝင်မပြောဘူး၊ နားပဲ ထောင်နေတာ၊ တချို့ကိစ္စတွေက မပြောလည်း အချိန်တန်ရင်သိတာမျိုးမဟုတ်လား။ ပြောနေလည်း အချိန်မတန်သေးရင် နားပူတာပဲရှိမယ်လေ။
နောက်ပြီး ငါ့ဘဝက မင်းထက်ဆိုးပါတယ်ကွာလို့ ပြောလိုက်ရင် ဟိုပြောနေ တဲ့ကောင်မလေး အရှိန်ပျက်သွားမှာပေါ့။




ဟင်း ဟင်း ဟင်း "ဘဝအကြောင်းကို မင်း ဆက်လေ့လာပါဦး" ပြောလိုက်မိလို့
"ဆရာလာမလုပ်နဲ့ တောက်ချလိုက်မယ်" လို့ ပြန်ပြောမှာကို ကြောက်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွယ်။
ပျင်းလို့ပြောတဲ့ပုံပြင်မို့ ဘာမော်ရယ်၊ ညာမော်ရယ်တွေ ဒီအထဲမှာ မပါပါဘူး၊ အပျင်းပြေပဲပေါ့ နော် ညီမလေး။ ။

ဆရာထက် တပည့် လက်စောင်းထက်

 
တစ်ခါက စာချကိုယ်တော်လေးတစ်ပါးဟာ သူ့တပည့်ကိုရင်လေးတွေကို အဘိဓမ္မာသရုပ်ခွဲ တွေကို သင်နေသတဲ့။ တစ်ခါတစ်ခါ ကိုရင်လေးတွေက ဆရာ့အာဘော်ကို မမှီဘူးဖြစ်တာပေါ့။ ဒါ့ကြောင့် အားမလိုအားမရဖြစ်နေရင်းနဲ့-


          “ကိုရင်တို့၊ မင်းတို့က ဆရာပြောရင် ပြောတာလေးပဲ မှတ်ထားကြတာကိုး။ တပည့်ဆိုတာ တစ်ခါတစ်ခါ ဆရာပြောတာထက် ကျော်မြင်နေရတယ်။ တစ်ချို့တော်တဲ့ တပည့်တွေ ဆိုတစ်ထွာ လောက်ပြလိုက်တာနဲ့ တစ်လံကို မြင်တာ

          “ မှန်ပါဘုရား”
          “ ဟဲ့ ကိုရင်တိက္ခ၊ လောကီစိတ် ဘယ်နှစ်ပါးရှိသလဲ”
          “ လောကီစိတ် (၈၂) ပါးပါဘုရား”
          “ တယ် ဒီကိုရင်လေ၊ ကိုရင်ဉာဏ ဖြေစမ်း”

          ကိုရင်ဉာဏက စဉ်းစားတာပေါ့။ ကိုရင်တိက္ခက ဆရာသင်တာထက် ကျော်မြင်ပေမယ့် နည်းနည်းပဲကျော်မြင်နိုင်တယ်။ သူက ကိုရင်တိက္ခထက် ပိုကျော်မြင်လိုက်မယ်လို့ စဉ်းစားပြီး-

          “လောကီစိတ် (၈၃) ပါးပါဘုရား” လို့ ဖြေလိုက်ချိန်မှာတော့ စာချဆရာတော်လေး တော်တော်စိတ်ပျက်သွားသတဲ့။ ပြီးတော့မှ သူပြောမိတဲ့ စကားကို သတိရပြီး စိတ်ပြေသွားလို့-

          “ကိုရင်ဉာဏ၊ မင်းတို့ကို သဒ္ဒါသင်ပေးနေတဲ့ဆရာတော် ဘယ်ကြွသွားသလဲ” လို့ မေးလိုက်ချိန်မှာတော့-

          “ ဆရာတော် ရေနီမြောင်းထဲ ကြွသွားပါတယ်ဘုရား” တဲ့။

          (မန္တလေးနဲ့ ဝေးတဲ့လူတွေက သိမှာမဟုတ်ဘူး။ မန္တလေး တက္ကသိုလ်ကိုကျော်ရင် ရေနီမြောင်းကို ရောက်တယ်လေ။ ဆရာပြောတဲ့စကားကို ကျော်မြင်ရမယ်ဆိုလို့ ကိုရင်ဉာဏက ကျော်မြင်လိုက်တာပါ။ တကယ်တော့ သဒ္ဒါသင်ပေးတဲ့ဆရာတော်က မန္တလေးတက္ကသိုလ်ထဲကို ဆွမ်းစားကြွသွားတာ။

          အဲလောကီစိတ်ဆိုတာကလည်း (၈၁) ပါးပဲရှိတာပါ။ ဆရာပြောတာကို ကိုရင်တိက္ခက တစ်ပါးကျော်မြင်ပြီး၊ ကိုရင်ဉာဏက နှစ်ပါးကျော်မြင်ပစ်လိုက်တာပါ။)

          ဆရာတော်လေးလည်း ရယ်ချင်တာနဲ့ စာဆက်မချတော့ပဲ-
          “ ကိုရင်တို့ သွားကြတော့၊ နောက်မှ ဆက်တော့မယ်” လို့ မိန့်လိုက်ရသတဲ့။
          “ မှန်ပါဘုရား”

          ဒါတောင် ကိုရင်ဉာဏက ကျော်မြင်လိုက်သေးတယ်။ငါ့ဆရာလည်း ကွမ်းဝါးတော့မယ်” လို့တဲ့။ ကိုရင်ဉာဏတို့ကတော့ တကယ့်ကိုမလွယ်။


                                                                                 

ဦးကိုမောင်

(posted on 1/08/2012)













Copyright © 2011 ကမ်းလက်. All rights reserved.

ကိုးလကြာ သင်္ခန်းစာ


သူဟာ နေ့တိုင်းအလုပ်သွားနေရတာကို ငြီးငွေ့စ ပြုလာသလို ဘာအလုပ်မှ မသွားရဘဲ အိမ်မှာ နေ့တိုင်းနေ နေရတဲ့ သူ့ဇနီးကို ကြည့်ပြီးတော့ လည်းေ လာကကြီးဟာ မတရားသလိုလို ထင်စပြုလာတယ်။
ဒါနဲ့ ညပိုင်းရောက်တော့ ထာဝရ ဘုရားရှင်ဆီမှာ သူ ဆုတောင်းတယ်
"အဘ ဘုရားရှင်၊ ကျနော်မျိုးဟာ နေ့တိုင်းအလုပ်သွားနေရတယ်၊ ကျနော့် ဇနီးကျတော့ ဘာအလုပ်မှ မသွားရဘဲ အိမ်မှာ အခန့်သားပဲ။ ဒါသာဖြစ် တယ်၊ သူမက ဒီ တန်ဖိုးကို နားလည်ဟန်တော့ မတူပါဘူး။ ကျနော်မျိုး ရင် ဆိုင်နေရတာတွေကို သူမ သိစေချင်ပါတယ်၊ ဒါမှလည်း ကျနော်မျိုးကို သူ အပြည့်အဝနားလည်နိုင်မှာပါ။ ဒါ့ကြောင့် သူမကို သင်္ခန်းစာပေးဖို့ တစ်ရက်လောက် နေရာချင်း လဲလှယ်ပေးပါ"



ထာဝရ ဘုရားရှင်ပဲလေ။ မဖြစ်နိုင်ဘူး ဘယ်ပြောပါ့မလဲ။
"ငါ့သား ဆန္ဒအတိုင်းပြည့်စေ"

နောက်နေ့ မနက်ရောက်တော့ သူဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ တယ်။
မနက် စောစောထ၊ အာလုံးအတွက် မနက်စာပြင်၊ ကလေးတွေ နဲ့ ခင်ပွန်းကို မနက်စာကျွေး၊ ကလေးတွေအတွက် နေ့လည်စာပါထုပ်ပေးပြီး ကျောင်းကို လိုက်ပို့တယ်။
အိမ်ကို အမြန်ပြန်လာ၊ စားပြီး သောက်ပြီးသား စားပွဲရှင်း၊ ပုဂံခွက်ယောက်ေ တွ ဆေးကြော၊ ပြီးတော့ ဈေးသွား၊ ညနေစာအတွက် ဝယ်ခြမ်းပေါ့။ ဈေး က ပြန်ရောက်တော့ နေ့ တစ်နာရီ ထိုးနေပြီ။
ဒါနဲ့ ကလေးအဝတ်အစားတွေ၊ အိပ်ယာခင်းတွေ လျှော်၊ သန့်ရှင်းရေး လုပ်၊ မီးဖိုချောင် ကြမ်းပြင်ကို ရေပတ်တိုက်။
ပြီးတော့ ကလေးတွေ ကျောင်းကြိုဖို့ ပြန်သွား။ အိမ်မှာ ရှိတာ မစားချင်ဘူး ဆိုလို့ ကလေးတွေနဲ့ လမ်းမှာ စကားများ။ သူတို့ကို ရေမိုး အချိုးခိုင်းပြီး ဘီစကွတ်လေး ဘာလေးကျွေး၊ သူတို့ အိမ်စာလုပ်ဖို့ ပြင်ဆင်ပေးလိုက်တယ်။
သူတို့ အိမ်စာလုပ်နေတုံး လျှော်ထားတဲ့ အဝတ်တွေ မီးပူတိုက်ရင်း တီဗွီ ခဏကြည့်။ သူတို့ အိမ်စာလုပ် မလုပ် အကဲခတ်နေရတာနဲ့ တီဗွီ ထဲလည်း စိတ်မရောက်နိုင်ပါဘူး။ ဘာလိုလိုနဲ့ ညနေ လေး နာရီ ခွဲသွားပြီ။

ဒီတော့ မီးဖိုထဲ ပြန်ဝင်၊ အာလူး၊ ကြက်သွန် နွှာ၊ လှီး၊ ညစာ ချက်ဖို့ ပြင်ဆင်။ ကျက်တော့ ရုံးကပြန်လာတဲ့ ယောက်ျား၊ ကလေးတွေနဲ့ ညနေစာစား။ ပြီးတော့ ပုဂံခွက်ယောက်တွေ ဆေးကြော၊ မီးဖိုသန့်ရှင်း။ မနက် ကျောင်းသွားရမှာဆိုတော့ ကလေးတွေကို ချော့မော့ အိပ်ယာ အဝင် ခိုင်း။ မအိပ်ချင်သေးဘူး၊ တီဗွီကြည့်အုံးမယ်၊ ဂိမ်းကစားအုံးမယ် လုပ်နေလို့ ဆူရငေါက်ရ။ သူတို့ အိပ်ပျော်သွားလို့ နာရီကြည့်တော့ ည ကိုးနာရီ ခွဲ။
ဒါနဲ့ မောမောနဲ့ အိပ်ယာဝင်။

သူ သဘောပေါက်သွားတယ်။
မနက် လင်းအားကြီး အချိန်ရောက်တော့
"အဘ ဘုရားရှင်၊ ကျနော်မျိုးကို ယောက်ျား ဘဝသာ ပြန်ပေးပါတော့"

ထာဝရ ဘုရားရှင်ပဲလေ။ မဖြစ်နိုင်ဘူး ဘယ်ပြောပါ့မလဲ။
" ပြန်ပေးရမှာပေါ့ သားရယ်၊ ဒါပေမဲ့ ကိုးလလောက်တော့ စောင့်ပါအုံး။ ညက မင်း ကိုယ်ဝန်ရသွားတယ်။ အဲဒီကလေး မွေးပြီးမှပဲ......... "

လူ့သင်္ခန်းစာထက် ထာဝရဘုရားရှင်ပေးတဲ့ သင်္ခန်းစာက ရက်ပိုရှည်တယ် တဲ့။ ခရစ်ယန်ဘာသာဝင်တို့ ပြောစမှတ်။

ဇင်ဝေသော်
(The World Joke Book)

13/08/2013

ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ နွားချေး (Bull s..t)

နာရီပေါင်းများစွာ လေယာဉ်စီးရမှာဆိုတော့ မျက်မှန်ပါဝါထူထူနဲ့ အန်ကယ် ကြီး တစ်ယောက်က စာအုပ်ထူထူကို ဖွင့်ဖတ်ပြီး ခရီးဆက်နေလိုက်သတဲ့။ သူ့ထိုင်ခုံဘေးက လူကတော့ နည်းနည်းပါးပါး ဆွေးနွေး ဝေဖန်ရတာကို သဘောတွေ့ဟန် တူပါတယ်။ ဒါနဲ့ မရ အရ မိတ်ဆက်စကားဆိုရင်း အကြောင်းအရာ တစ်ခုခုအကြောင်း ဆွေးနွေးရအောင်လို့ သူကပဲ စပြီး အကြံပြုတယ်။
ဒါကို အန်ကယ်ကြီးက (အင်တင်တင်နဲ့) သဘောတူပါတယ်။ စာအုပ်ပိတ်၊ စာကြည့်မျက်မှန်ချွတ်ရင်း ဘာအကြောင်း ဆွေးနွေးကြမလဲ လို့ ပြန်မေးေ တာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်း ဆွေးနွေးရအောင်လားလို့ အဲဒီလူက အကြံထပ်ပြုတယ်။



ဒီ အကြောင်းဆိုရင်တော့ မင်းကို တစ်ခုမေးရဦးမယ်။ နွားတွေရော၊ ဆိတ်တွေရော၊ မြင်းတွေပါ အားလုံး မြက်ပဲ စားကြတယ်။ ဒါပေမဲ့ နွားချေးက ခပ်စိုစိုနဲ့ အပုံလိုက်ဖြစ်နေပြီး ဆိတ်ချေးက ခပ်မာမာနဲ့ အတုံး အလုံးလေးေ တွ ဖြစ်နေတယ်၊ မြင်းချေးကျတော့ စားထားတဲ့အတိုင်း ဘာမှ သိပ်မပြောင်း လဲဘဲ မျက်ခြောက်တွေအတိုင်းပဲ ဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လို့ မင်း ထင်သလဲ လို့မေးတော့....
ဟာဗျာ.... ဒါတော့ ကျနော်လည်း မသိဘူးလို့ ပြန်ဖြေရတော့တာပေါ့။

ဒီတော့ အန်ကယ်ကြီးက မင်းနှယ်ကွာ နွားချေး (Bull s..t) အကြောင်းတောင် မသိသေးဘဲနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်း ဆွေးနွေးချင်ရတယ်လို့ဆိုပြီး စာကြည့်မျက်မှန် ပြန်တတ်ပြီး သူ့စာအုပ်သူ ဆက်ဖတ်နေတော့သတဲ့။

ဒီ ပုံပြင်ရဲ့ မော်ရယ်က ဘာလဲဆိုတာ ကျနော်တော့ ဉာဏ် မမီ။

20/06/2013

**High Post**

ကျီးကန်းတစ်ကောင်က သစ်ကိုင်းပေါ်မှာ တစ်နေ့လုံးနားနေတယ်၊ မယ်မယ် ရရ ဘာအလုပ်မှလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယုန်ကလေးတော့ အား ကျနေတာပေါ။
"ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တစ်နေ့လုံး ထိုင်နေချင် လိုက်တာ" ယုန်ကလေးက ပြောတော့
"လာလေ၊ မင်းလည်း သစ်ပင်အောက်လာထိုင်နေပေါ့" လို့ကျီးကန်း က ပြန်ပြော တယ်။
ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်းနားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။
ဘာမှမကြာဘူး၊ မြေခွေးတစ်ကောင်ရောက်လာပြီး ယုန်ကလေးကို ဖမ်း စား သွားလေရော တဲ့။



Management lesson: To be sitting and doing nothing, you must be sitting very very high up.
သင်္ခန်းစာ။ ။ ဘာမှမလုပ်ဘဲ တစ်နေ့လုံး ထိုင်နေဖို့ဆိုရင် အလွန့် အလွန်မြင့်တဲ နေရာမှာ နေမှ ရမယ်။

Ref: Management lessons.


23/06/2013

ဆရာလည်း လူပါပဲလေ


ဂျပန်မှာ ငလျင်ကြီးတွေ လှုပ်တုန်းကပေါ့။ ကိုရင်တွေ ဦးပဉ္ဇင်းငယ်တွေ ယောက်ယက်ခပ်ပြီး ဘာလုပ်ရမှန်းမသိ၊ ဘယ်သွားရမှန်းမသိဖြစ်နေတယ်တဲ့။ ဒီအချိန်မှာ ဇင်ဂျပန်ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ လျှို့ဝှက်လှိုဏ်တွေထဲဝင်ပြီး ဘေးလွတ်ရာကို ရောက်အောင် လမ်းပြပေးနိုင်ခဲ့လို့ ဒဏ်ရာအနာတ ရဖြစ်သူ ရယ်လို့တောင် မရှိခဲ့ပါဘူး။ တပည့်တွေအားလုံး ဘေးကင်းလုံခြုံပြီ ဆိုတော့မှ ဆရာတော်က အနီးမှာ ရှိတဲ့ရေကရားအိုးထဲက ရေတွေအားလုံးကို မော့သောက်ချလိုက်သတဲ့။

ပြီးတော့ ဆရာတော်က သဘာဝဘေးအန္တရာယ် နဲ့ကြုံလာရင် စိတ်တည်တည်ငြိမ်ငြိမ် ထားဖို့၊ ခေါင်းအေးအေးနဲ့ လွတ်လမ်းကို ရှာတတ်ဖို့ အရေးကြီးကြောင်း သြဝါဒပေးတယ်။ 


နောက်ဆုံး “စိတ်တည်တည်ငြိမ်ငြိမ် ရှိထားရမယ်လို့သာ ပြောရတယ် မင်းတို့ ဘေးအန္တရယ်က လွတ်ပြီဆိုတာလည်းသိရော ရေကရားထဲကရေတွေကို စိတ်လှုပ်လှုပ်ရှားရှားနဲ့ မော့သောက်လိုက်တာ ကုန်သွားရော “ လို့မိန့်တယ်။

ဒီတော့ ကိုရင်ငယ်လေးကပြုံးသတဲ့။
ဒါကိုမြင်လိုက်တဲ့ ဆရာတော်က “ကိုရင် ဘာကိုပြုံးတာလဲကွ ဆိုတော့

ခွင့်လွှတ်တော်မူပါ ဆရာတော် ဘုရား ။ ဆရာတော် သောက်ချလိုက်တာ ရေတွေမဟုတ်ပါဘုရား။ တပည့်တော်ဟင်းချက်မလို့ ပြင်ထားတဲ့ ငံပြာရည်တွေပါဘုရားတဲ့။
ဆရာတော်က “ ဟေ ! ငါမသိလိုက်ဘူးကွာ “ တဲ့။

(ဇင်ပုံပြင်များမှ ကူးယူပါသည်)
 
(18/11/2011)
ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.                                                                          

ပညာရှိနှစ်ယောက်နဲ့ ကြံရည်ရောင်းသူ


ပညာရှိ တစ်။ ။ ကြံဆိုတာ အဖျားကစပြီးစုပ်ရတယ်ဗျ၊ ဒါမှ တဖြည်းဖြည်း အရသာပိုပိုရှိလာတာ။
ပညာရှိ နှစ်။ ။ ဟာဗျာ၊ အရင်းပိုင်းမစုပ်ရခင် သေသွားရင် အကောင်းဆုံး အပိုင်းကို အရသာ မခံလိုက်ရဘဲနေဦးမယ်။

ကြံရည်ရောင်းသူ။ ။ ခင်ဗျားတို့ပြောနေတာတွေကို ကျနော်တော့် နားမ လည်တော့ဘူးဗျာ။ ကျနော်ကတော့ တစ်ချောင်းလုံး ပြိုင်တူစက်ထဲထည့်ကြိတ် လိုက်တာပဲ။
ပထမခွက်က အဖျားက စပြီးကြိတ်ထားတာ၊
ဒုတိယခွက်က အရင်းက စပြီးကြိတ်ထားတာ။ ခွက်ချင်းလဲပြီးလည်း သောက်ကြည့်ကြဗျာ၊ အရသာကွာရင် ကျနော့်ကို ပြောပြပေးပါဦး။ ကျနော်က ကြံရည်အကောင်းဆုံး ရောင်းချင်လို့ပါ။

ပညာရှိ တစ်နဲ့ ပညာရှိ နှစ် ခွက်ချင်းလဲသောက်ကြတယ်။ သူတို့ မျက်နှာပေါ် မှာ မရေရာမှုတွေနဲ့။
ဆက်ရန်

တောအုပ်သမ္မတကြီး ဒုက္ခရောက်နေပြီ


တောအုပ်သမ္မတကြီးဆိုတာ ခြင်္သေ့မင်းပါ။ ပြောတဲ့စကားတွေကလည်း ပုံပြင်ဟောင်းထဲကအတိုင်းပါပဲ။ ဒါပေမဲ့ မီဒီယာနဲ့ အခွင့်အရေးခေတ်ကြီး ထဲမှာ ဒါမျိုးသွားပြောလို့မရဘူးဆိုတာ သတိမထားလိုက်မိလို့ ဖြစ်ပွားခဲ့တာ
ပါ။ ဒါကလည်း အွန်လိုင်းမီဒီယာပေါ် ချက်ချင်းရောက်သွားတော့ ပွဲဆူသွား တာပေါ့။ ဟိုကောင်တွေက တိုက်ရိုက်ကို တယ်လီကတ်စ်တ် လုပ်ချလိုက် တာ။(ပုံကို ရှု)


အဓိက မှားသွားတဲ့ စကားသုံးခွန်းက
၁။ ကြွက်ကိုစားမယ်လို့ပြောတာ
၂။ အခုအချိန်ဆိုရင် မျှစ်စို့ပေါက်တောင် ရှောင်နိုင်မယ်မဟုတ်ဘူးဆိုတာနဲ့
၃။ မင်းလို ကြွက်ငယ်လေးက ငါ့လိုတောအုပ်သမ္မတကြီးကို ကူနိုင်မယ်တဲ့ လား၊ ဝါးဟားဟား ဆိုတဲ့ စကားတွေပါ။

ပထမဆုံးစကားက တိရစ္ဆာန်လောကကြီးတစ်ခုလုံးကို ဂယက်ရိုက်သွားခဲ့ပါ တယ်။ ကြီးနိုင် ငယ်ညှင်း တိရစ္ဆာန်တန်းစားခွဲခြားတယ်။ Discrimination လုပ်တယ်၊ ဘူလီကျတယ်ဆိုပြီး ဆန္ဒပြနေကြပါတယ်။

ဒုတိယစကားကတော့ ခြင်္သေ့လောကကိုပဲ ထိရိုက်သွားတာပါ။ ခြင်္သေ့ဆို တာ မြက်တင်မကဘူး၊ ကြွက်ကိုလည်းမစားဘူး။ အခုဟာက မျှစ်စို့ပေါက် ကိုတောင်စားဦးမယ်ဆိုတော့ ခြင်္သေ့သိက္ခာချတယ်၊ Disgraceful ဖြစ်တယ် ဆိုပြီး ခြင်္သေ့တွေကလည်း မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ သူတို့ကလည်း Disgraceful သမ္မတ Out, out တဲ့။

တတိယစကားကလည်း တိရစ္ဆာန်လောကကြီးတစ်ခုလုံးကို နာကျည်း ခံ ခက်ဖြစ်စေခဲ့တာပါပဲ။ သမ္မတကြီးလုပ်နေပြီး သူများကို ဘာလို့အထင်သေးတဲ့ စကားပြောရတာလဲ၊ အိုဗားမားတို့ကိုကြည့်၊ ကလေးကိုလည်း တလေးတစား ဆက်ဆံတယ်။
ဒီကြားထဲ ဝါးဟားဟား ဆိုတဲ့ သရော်သံကြီးပါ ပါသွားတော့ ပိုဆိုးသွားရော။ Discrimination တွေရော၊ Disgraceful ဘီဟေးဗီးယားတွေရော၊ disrespectful မဲင်းနားတွေရော စုံလို့ စွပ်စွဲနေကြပါသတဲ့။

စာကြွင်း။ ။ ပုံပြင်သစ်ကိုဖတ်ဖူးတဲ့ သမ္မတတွေက စကားများများ မပြော ကြတော့ဘူး။ 

တပည့်မကောင်း ဆရာ့ခေါင်း (ပုံပြင်သစ်)


( ၁ )
လူတစ်ယောက်က မြေခွေးတစ်ကောင်ကို ယဉ်ပါးအောင်ထိန်းကျောင်းပေး တယ်။ မြေခွေးလေးယဉ်ပါးလာပြိလို့ ယုံကြည်ရတဲ့အခါမှာ လူက အဲဒြီေ မခွေးလေးကို လှောင်အိမ်ထဲမှာထည့်ပြီး ယုန်ကလေးနဲ့ အတူ တစ်ည သိပ် လိုက်တယ်။
မနက်မိုးလင်းလို့ သွားကြည့်လိုက်တော့ မြေခွေးနဲ့ ယုန်ကလေးတို့ ဆော့ ကစားနေကြတယ်။

(၂)
မြေခွေးတစ်ကောင်က လူတစ်ယောက်ကို ယဉ်ပါးအောင် ထိန်းကျောင်းပေး တယ်။… ( အတူတူပဲ၊ လူနဲ့ မြေခွေးနေရာ ခြင်းလဲလိုက်ရင်ရပါပြီ… )
မနက်မိုးလင်းလို့ သွားကြည့်လိုက်တော့..... ယုန်ကလေးဟာ သွေးအိုင်ထဲမှာ သေနေတယ်။
သွေးအိုင်ထဲမှာ သေနေတယ်။
လူ့ပါးစပ်မှာလည်း သွေးစ တွေနဲ့ ....တဲ့။

(၃)
"လူဆိုတာ မြေခွေးလောက်တောင် ညှာတာစိတ်မရှိဘူး"
တကယ်ပဲလား။

(၄)
ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ လေ့ကျင့် သင်ကြားပေးတဲ့နေရာ မှာ မြေခွေးက လူလောက် မတော်ဘူး ။ ဒါကြောင့် လူ့စိတ်က ရိုင်းစိုင်းသွား တာလို့ ထင်တယ်။
တပည့်မကောင်း ဆရာ့ခေါင်း လို့ ဆိုရိုးရှိပါတယ်။
(အဟောင်းကို နည်းနည်းပြင်တင်လိုက်လိုက်တာပါ)

နွားပြာကြီးကြောင့် ပွဲပျက်တဲ့ ပန်းချီဆုပေးပွဲ


ညီမလေး…ရေ

တစ်ခါက ပန်းချီပညာရှင်တွေ စုဝေးပြီး ပန်းချီကားဆု ပေးဖို့လုပ်ခဲ့ကြသတဲ့။ သူတို့ ပထမဆုပေးဖို့ ဆုံးဖြတ်ထားတဲ့ ပန်းချီကားက နွားနှစ်ကောင် ဝှေ့နေတဲ့ကား တဲ့ကွဲ့။ နွားတစ်ကောင်က ရှုံးလို့ ထွက်ပြေးတဲ့ပုံပါ။ ဒီတော့ ကောင်လေးက နွားပြာကြီးကို ပန်းချီဆုပေးပွဲသွားလားလို့မေးတယ်။ ပန်းချီဆိုတာ ပြောင်းဖူးပင် စိုစိုလားလို့တောင် နွားပြာကြီးက ငေါ့လိုက်သေးသတဲ့။ မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ပထမဆု ရထားတဲ့ ပန်းချီကားက နွားအကြောင်းရေးထားတာကွ။ ဒါကြောင့်မင်းများစိတ်ဝင်စားမလားလို့ မေးမိတာလို့ ပြောတော့မှ…

“ဆောရီးပဲ ချစ်ကောင်လေးရာ ။ ဒါဆိုရင်တော့ စိတ်ဝင်စားတယ်” ဆိုပြီး သူတို့ ပန်းချီဆုပေးပွဲသွားကြသတဲ့။


ကောင်လေးက နွားပြာကြီးကို စီးလို့ပေါ့။ ပုလွေတစ်ချောင်းလဲပါတယ်။ ယုံချင်ယုံ၊ မယုံချင်နေ။ ကောင်လေးက ဗွန်ဂျိုဗီရဲ့ Santa Fe သီချင်းကို ပုလွေလေးနဲ့ ညည်းလို့တဲ့။ ဇော်ဝင်းထွဋ်တောင် “ကန္တာရခရီးသည်” မပွားရသေးဘူးတဲ့။

ရောက်ပြီဆိုပါတော့ကွယ်။ ပထမဆုရထားတဲ့ ပန်းချီကားက တော်တော်ကောင်းသတဲ့။ အလင်းအမှောင် ဆေးရောင်အစပ် ဘာမှ ပြောစရာမလိုဘူးတဲ့။ ဒါပေမယ့် နွားပြာကြီးက စိတ်ပျက်ပျက်နဲ့ ခေါင်းရမ်းလိုက်သတဲ့။

“မစွံလိုက်တာ ကောင်လေးရာ..”

“ အေး၊ ငါလည်းတွေ့တယ်ကွ၊ ပြောမှတော့ရမယ်” ဆိုပြီး

“လူကြီးမင်းတို့ခင်ဗျာ၊ ဒီပန်းချီကားကြီးက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် နွားကျောင်းသား အမြင်မှာတော့ သဘာဝသိပ်မကျဘူးဗျာ။ ကျွန်တော့်နွားပြာကြီး ကလည်း အဓိပ္ပါယ်မရှိဘူး ပြောနေပါတယ်”

“ပေစုတ်စုတ်ကောင်က ဘာတွေလာပြောနေတာလည်း”

“ရှုံးလို့ ထွက်ပြေးတဲ့ နွားရဲ့ အမှီးက ထောင်နေလို့ပါဗျာ။ တကယ်ဆို အမှီးကုတ်ပြီး ထွက်ပြေးရတာပါ”

“ ဟေ့ကောင် မင်းဘာသိလို့လည်း။ ဒီမှာ ထိတ်ထိတ်ကြဲ ဆရာကြီးတွေ ပါတယ်။ အရူး”

သူချစ်တဲ့ ကောင်လေးကို “အရူး” လို့ပြောတော့ နွားပြာကြီးက စိတ်ဆိုးသွားသတဲ့။ ဒါနဲ့ အနီးမှာရှိတဲ့ နွားတစ်ကောင်ကို လိုက်ဝှေ့လိုက်တာ အဲဒီနွားလေး အမှီးကုပ်ပြီး ထွက်ပြေးတော့သတဲ့။ ဒီတော့မှ ပညာရှင်တွေက လက်ခံသွားကြသတဲ့။

တစ်ယောက်တစ်လေက လွဲရင်တော့ အဲဒီပညာရှင်တွေဟာ အမှန်တရားကို မြတ်နိုးကြပါတယ် တဲ့ကွဲ့။

“ကျွန်တော်တို့တော့ သွားပြီဗျာ ။ ဘယ်ပုံကို ဆုပေးမယ်ဆိုတာကတော့ လူကြီးမင်းတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ” ဆိုပြီး နွားပြာကြီးကို စီးပြီး ပြန်သွားသတဲ့။ သူတို့ကို ကြည့်ပြီးမနာလို ဖြစ်နေတာက “ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ” ဆိုတဲ့ စကားပုံတဲ့ကွဲ့။ သူက နေရာဝင်ယူမလို့ လုပ်နေတုန်း ကောင်လေးစီးလာတာက မြင်းလည်းမဟုတ် နွားကြီးလေ။ ပြီးတော့ ကောင်လေးက သူ့နွားကြီးကို အထီးမှန်း သိတာပေါ့။ စကားပုံနေရာမရဖြစ်သွားတာ။

ဒါပါပဲ ညီမလေးရယ်။ ဆရာကြီးလေသံနဲ့ ဒီပုံပြင်ရဲ့ မော်ရယ်က ဘာညာဆိုတာတွေ လုပ်မနေတော့ပါဘူး။ ပျင်းလို့။

ပြုံးဖို့ရေးတာ။ ချစ်လို့ ။ သိပ်စဉ်းစားမနေနဲ့။ မပြုံးလိုက်ရပဲနေဦးမယ်။

မပုကြွယ်ရဲ့ စာမျက်နှာသစ်


သူ့ဆီက လေ့လာစရာရှိလို့သာ စောင့်နေရတယ် သူလာနေတာက နှေး လွန်းတော့ မပုကြွယ်တောင် မရိုးမရွဖြစ်ရတယ်။
သူရောက်လာပြန်တော့လည်း စောင့်ကြည့်လေ့လာနေတဲ့ မပုကြွယ် ကိုေ တာင် ငဲ့စောင်းကြည့်ဖို့ စိတ်မဝင်စားပဲ ခရုက ခပ်တည်တည် ဆက်တက် သွားပြန်တယ်။
အချိန်တွေ ဘယ်လောက်ကြာသွားသလဲ၊ မသိ၊ မရှိ။ မပုကြွယ် မသိသလို သူကလည်း စိတ်ဝင်စားဟန် မရှိပါဘူး။
သေချာတာကတော့ အချိန်တွေ တော်တော်ကြီးကို ကြာသွားပြီ။

ဇီးကွက်တစ်ကောင်နေတဲ့ သစ်ခေါင်းကြီးနား သူရောက်သွားတော့ ဇီးကွက် က မျက်လုံး မှေးစင်းစင်းနဲ့ကြည့်ရင်း
"ဟေ့ကောင် ခရု၊ ဘယ်သွားမလို့လဲ"
"သစ်ပင်ထိပ်မှာ သစ်သီးလေး၊ သစ်ရွက်နုလေး ဘာလေးများ ရှိမလားလို့ တက်ကြည့်မလို့ပါ"
"ဒါဆိုရင်တော့ ပြန်ဆင်းတော့ကိုယ့်လူ၊ အခုမှ အားလုံးကိုအကုန်စားပြီး ငါတို့ဆင်းလာခဲ့တာ၊ ဘာမှ မရှိတော့ဘူး"
"ဟ...ဒီလိုပြောလို့တော့ ဘယ်ရမလဲကွ၊ ငါ အပေါ်ရောက်တဲ့အချိန်မှာ သစ်သီးတွေ၊ သစ်ရွက်နုတွေ ရှိချင် ရှိနေမှာပေါ့"
သူ့ယုံကြည်ချက်နဲ့သူပဲလေ၊ သူက သူ့ခရီးကိုဆက်သွားတယ်။
အဲ......မပုကြွယ်လေးလည်း စောင့်ကြည်ရကျိုး နပ်သွားတယ်။
အဲဒီနှစ်က မပုကြွယ်လေး စာမေးပွဲအောင်သွားတယ်..တဲ့။ သူ ဘွဲ့ရချိန်မှာ အလုပ်တွေ၊ အခွင့်အလမ်းတွေ ပေါချင်ပေါနေမှာပေါ့။
ဘယ်သူ အတတ်ပြောနိုင်တာမှတ်လို့။

မှင်စာလေးနဲ့ တတိယလူရဲ့ဆုတောင်း

အနောက်တိုင်း ဂျုတ်တွေထဲမှာ မှင်စာက နေရာတော်တော်ရတယ်။ စပ်မိလို့ တစ်ပုဒ်လောက် ပြောခွင့်ပြုပါ။ လူ သုံးယောက် ရေပတ်လည် ဝိုင်းနေတဲ့ ကျွန်းလေးပေါ်မှာ ပိတ်မိနေတယ်။ မလွတ်မလပ်၊ စားချင်ရာ မစားရ၊ သွားချင် ရာ မသွားရ၊ တွေ့ချင်သူနဲ့ မတွေ့ရပေါ့။ သိကြတဲ့ အတိုင်း ပုလင်းလေးတစ် လုံး မျောပါလာ၊ တစ်ယောက် ပွတ်လိုက်တော့ မှင်စာထွက်လာ။ လိုရာဆုေ တာင်း လို့ပြော ပေါ့။

ပထမလူက "မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် မနေရ တာကြာနေလို့ အိမ်ကိုပြန်ရောက်ပြီး ဇနီး၊ သား သမီးတွေနဲ့အတူ ဒင်းနား စားပွဲမှာ ရောက်နေရပါလို၏" တဲ့။
မှင်စာလေးက ပြည့်စေ ဆိုတော့ သူ ကျွန်းလေးထောင်ကနေ လွတ်သွား တယ်။

ဒုတိယလူက ငယ်သူငယ်ချင်းတွေကို မက်တာဆိုတော့ အိမ်ကိုပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး သောက်စားနေရပါလို၏ တဲ့။ ပြည့် စေ ဆိုတော့ သူလည်း ကျွန်းလေးထောင်ကနေ လွတ်ပြီး အိမ်ပြန်ရောက် သွားတယ်။
သူတို့ နှစ်ယောက်စလုံး လွတ်လပ်မှု အရသာကို ကျကျနနခံစားနေချိန် မှာပေါ့........

မှင်စာလေးက တတိယလူကို
"မင်းရောဘာဆုတောင်းမလဲ" ဆိုတော့
" ငါ တစ်ယောက်တည်း ကျွန်းလေးပေါ်နေရတာ ပျင်းတယ်။ အဖော်ရေ အာင် စောစောက ထွက်သွားတဲ့ လူနှစ်ယောက် ဒီကျွန်းပေါ် ပြန်ရောက်စေ" တဲ့။
မှင်စာလေးကလည်း " ပြည့်စေ" တဲ့။ သွားကရော။

ဘာမှ မကြာလိုက်ဘူး၊ တတိယ ငနဲ လက်ချက်ကြောင့် ဟိုလူနှစ်ယောက် ကျွန်းပေါ်ပြန်ရောက်လာရပြီ။

ကျနော်တို့ အခြေအနေနဲ့ တတိယ ငနဲရဲ့ ဆုတောင်း။
လူကြီးမင်းတို့ ဘယ်လို ထင်ပါသလဲ။
ဒီလိုသာဆို အားလုံး ကျွန်းလေးပေါ် ပျော်ပျော်ကြီး ပြန်သွား ကြရတော့ မလိုလို။ 

**နတ်နဲ့လူ**

ပုဆိန်လွတ်ကျပြီး ငိုနေတဲ့ သစ်ခုတ်သမား အကြောင်းကိုတော့ ကျနော် တို့ လေ့လာခဲ့ရပြီးပါပြီ။ သစ်ခုတ်သမားလည်း သူ့ရိုသားမှု၊ သစ်ပင်စောင့် နတ် ကူညီမှုကြောင့် ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန် ရခဲ့ပြီးပါပြီ။ ဒီ ပုံပြင် အသစ်ထဲမှာတော့ သစ်ခုတ်သမားရဲ့ ဇနီး မြစ်ထဲကို ကျသွားခဲ့ပါ တယ်။ ဒီ သစ်ခုတ်သမားက မြန်မာလူမျိုးတော့ မဟုတ်ပါဘူး။ ဘာလူမျိုးဆိုတာလည်း မသိပါဘူး။
ဇနီး မြစ်ထဲကျသွားခဲ့တော့ ခေတ်သစ် သစ်ခုတ်သမားလည်း ငိုတာပါပဲ။ အဲဒီအချိန် သစ်ပင်စောင့်နတ် ရောက်လာတယ်။ မင်းဇနီးကို ငါ ဆယ်ယူပေး မယ်ဆိုပြီး မြစ်ထဲကနေ အမျိုးသမီးတစ်ယောက်ကို ဆယ်ယူလာတယ်။ သူမက စကားလက် ဂျိုဟန်ဆင် (Scarlett Johansson) ဖြစ်နေပါတယ်။ ပြီးတော့ သူက စကားလက် ဂျိုဟန်ဆင်ကို ပြပြီ သူလေးက မင်းဇနီးလား လို့မေးတယ်။
သစ်ခုတ်သမားက မှန်ပါတယ်ဆိုပြီး စကားလက် ဂျိုဟန်ဆင်ကို ယူထား လိုက်တော့ နတ်က ဒေါသဖြစ်သွားတယ်။

"လူသား၊ မင်းဟာ လူလိမ်၊ လူညာ" စတဲ့ စကားတွေနဲ့လည်း စွပ်စွဲပုတ်ခတ် ပါတယ်။
ဒီတော့ လူသားက....
"ခွင့်လွှတ်ပါ နတ်မင်း။ စကားလက် ဂျိုဟန်ဆင်ဟာ ကျနော့ဇနီး မဟုတ်ပါ ဘူးလို့ငြင်းလိုက်ရင် နတ်မင်းကြီးက အခြား ချောချော အမျိုးသမီး တစ်ယောက်ကို ဆယ်ယူလာပြီး မင်းဇနီးလား လို့မေးဦးမှာပါ။ မဟုတ်ပါဘူး ဆိုတော့မှ ကျနော့် ဇနီးအစစ်ကို ဆယ်ယူလာပြီး မင်းဇနီးလား လို့မေးမှာပါ။ ဟုတ်ပါတယ်လို့ ပြောလိုက်တော့ နတ်မင်းကြီးက ကျနော့် ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ သုံးယောက်စလုံး ပေးလိုက်မှာပါ။
ဒီ ပရိုစီဂျာကို ကျနော် ကောင်းကောင်း သိထားပါတယ်။
ကျွန်တော်မျိုးက ဆင်းရဲသားပါ။ မိန်းမသုံးယောက်ကို ကျွေးမထားနိုင်ပါ၊ ဒါ့ကြောင့် စကားလက် ဂျိုဟန်ဆင်လေးကိုပဲ ရွေးလိုက်မိပါတယ်" တဲ့။

ပြီးတော့ သူက စကားလက် ဂျိုဟန်ဆင်ဖက်လှည့်ပြီး
"ချစ်လေး၊ သွားကြစို့။ ဘိုင့်ဘိုင် နတ်မင်းကြီး" ဆိုကာ စကားလက်ရဲ့ လက် ကိုဆွဲကာ ထွက်သွားတော့တယ် တဲ့။