ကျေးဇူးပါပဲ ကိုကျော်ကျော်ထွန်းရေ။


"မိတ်ဆွေကောင်းရှိရင် အကျိုးတစ်ဝက်ပြီးတယ်" လျှောက်မိလို့ အရှင်အာနန္ဒာကြီး ကို
"ငါ့ညီနှယ် ညံ့ရန်ကော" ဆိုတဲ့ အကြည့်နဲ့ ဘုရားရှင်က ကြည့်ပြီး
"အာနန္ဒာ အဲသလိုမပြောနဲ့၊ မိတ်ဆွေကောင်းရှိရင် အကျိုးအားလုံးပြီးနိုင်တယ်" လို့ ထောက်ပြတော်မူခဲ့တယ်။

ခရီးစဉ်တွေနဲ့ အကြိုပြင်ဆင်မှုတွေကြောင့် အခုတလော သတင်းစာနဲ့ ခပ်ပြတ်ပြတ်ဖြစ်သွားတယ်။ ဒါကိုရိပ်မိလို့လားမသိဘူး၊ ကိုကျော်ကျော်ထွန်းက ဒီစာအုပ်မိတ်ဆက်ဆောင်းပါးကို ပို့ပေးထားတယ်။
ဆရာကြီး ကစ်ဆင်းဂျားရဲ့ အသစ်စက်စက် စာအုပ် တဲ့။




တလောလေးကပဲ ဆရာသမားတစ်ပါးရဲ့ ဩဝါဒတစ်ပုဒ် နာခဲ့ရတယ်။
ကံကောင်းနေချိန်မှာ အကျိုးလိုလားတဲ့မိတ်ဆွေတွေနဲ့ အတူနေရတတ်ပြီး သူတို့စကားကိုလည်း ကိုယ်က သံသယမဲ့ ယုံကြည်နေတတ်တယ်။ ကံဆိုးလာရင် ခြောက်စားမြှောက်စားတွေနဲ့ အတူနေရတတ်ပြီး သူတို့စကားတွေ ကိုမှ ကိုယ်က အဟုတ်ထင်နေတတ်တယ်၊ အကျိုးလိုလားသူတွေရဲ့စကားကိုကျတော့ သံသယတွေ ရှိနေတတ်ပြန်သတဲ့။ အသေအလဲ လိုက်မှတ်ထားလိုက်ရတယ်။

ကျေးဇူးပါပဲ ကိုကျော်ကျော်ထွန်းရေ။

Post a Comment