သမ္မတကြီး ဖတ်မိစေချင်သည်


ဂျပန် မေဂျိပြုပြင်ပြောင်းလဲရေးကာလ အမျိုးသား အဓိဋ္ဌာန် ၆ ချက်

ကျွန်ုပ်တို့ တစ်မျိုးသားလုံး သစ္စာအဓိဋ္ဌာန်ပြုကြပါသည်...
၁။ ကျယ်ပြန့်သော အခြေခံလိုအပ်ချက်၊ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုကိုရရှိအောင် တည်ဆောက်သွားကြပါမည်။

၂။ အမျှော်အမြင်ရှိ တွေ့ဆုံဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပြု လုပ်ပြီး ဖြစ်ပေါ် လာသမျှ အရေးကိစ္စတိုင်းကို ပွင့်လင်းမြင်သာစွာဆွေးနွေးဆုံးဖြတ်သွားကြပါမည်။

၃။ ဆင်းရဲ ချမ်းသာ လူတန်းစားအားလုံး နိုင်ငံတော်၏ ဦးဆောင်မှုအောက်၌ တညီတညွတ်တည်း ရှိနေကြပါမည်။

၎။ ပြည်သူ့ဝန်ထမ်း၊ စစ်မှုထမ်းများပါမကျန် သာမန်လူတန်းစားအားလုံး မိမိတို့ ယုံကြည်ရာအိပ်မက်အမှန်တကယ်ဖြစ်လာရန် အကောင်အထည်ဖော်ခွင့် ရှိနေရမည်။

၅။ အတိတ်က အကျင့်ဆိုးများကို ခဝါချပြီး အရာခပ်သိမ်း လောကနိယာမနှင့်အညီ ကျင့်သုံးသွားကြပါမည်။

၆။ အင်ပါယာ၏ အခြေခံဥပဒေတော်များ ပျံ့နှံ့အားကောင်းလာစေရေးအတွက် ကမ္ဘာအရပ်ရပ်က ပညာရပ်များကို အပတ်တကုတ် လေ့လာဆည်းပူးသွားကြ ပါမည်။

(Henry Kissinger. World Order. P 186-187)

နံပါတ် ၅ နဲ့ ၆ ဟာ မြန်မာပြည်အတွက် သိပ်အရေးကြီးနေတယ်။
စာအုပ်အသစ်ထွက်ရင် ဂျပန်က ဘာသာပြန်ပြီးသား။ အင်္ဂလိပ်ဝေါဟာရအသစ်ထွက်ရင် ဂျပန်လို မွေးစားပြီးသား။
ကဲ နံပါတ် ၅ ကရော ဘယ်လိုလဲ။ အားမရလှဘူး။

Post a Comment