ကျောင်းတွင်းမှတ်စု


ဒီနေ့ ကျောင်းကထိန်ပြီးသွားပြီ။ မနှစ်က ကထိန်အရံသင်္ကန်း ၉၀၀ က ဒီနှစ် ၁၀၀၀ ပြည့်သွားတယ်ဆိုတော့ တက်လာတယ်။ စင်္ကာပူ အနေအထားအရ မသေးလှဘူးပေါ့။
တစ်နိုင်လုံးရဲ့ ဗုဒ္ဓဘာသာအခြေအနေ ဘယ်လိုရှိသလဲဆိုတာ မသိပေမဲ့ ကိုယ်နဲ့ ဆက်စပ်နေတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေမှာတော့ တက်ရိပ်ပြနေတာ တွေ့ ရပါတယ်။
စင်္ကာပူ အမျိုးသားတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့ဆိုရင် ၂၀၀၅ ခုနှစ်က ဥက္ကဋ္ဌ တစ်ယောက်ပဲ စလုံးကျောင်းသားပါပြီး ကျန်တဲ့အပိုင်းကို မလေး၊ အင်ဒို တရုတ်တွေနဲ့ ကျားကန်ထားရတာ။
ဒီနှစ်ဆိုရင် အားလုံးနီးပါးက စလုံးကျောင်းသားတွေပဲဆိုတော့ ပြည်တွင်းအား တက်လာတယ်လို့ဆိုရမယ်။
မလေး၊ အင်ဒို၊ ထိုင်း၊ မြန်မာကျောင်းသားတွေ အဖွဲ့ထဲများနေရင် ပြည်တွင်း ဗုဒ္ဓဘာသာ အားနည်းတဲ့သဘောကိုပြတာပဲ။ သူတို့နိုင်ငံထဲ သူတို့ကိုယ်တိုင်တိုးမှ ပိုပေါက်တယ်။
စင်္ကာပူထဲ ထိုင်း၊ မြန်မာတွေအလာများလို့ ဗုဒ္ဓဘာသာ အားကောင်းလာတယ် ဆိုတာက ဝမ်းသာစရာ မဟုတ်လှဘူး။ သူတို့က ရှိပြီးသားအရင်းတွေ၊ အသား တင် အမြတ်မဟုတ်ဘူး။
ဒီ နှစ်ခုကိုကြည့်ရင် စလုံးထဲ ဗုဒ္ဓဘာသာ အားကောင်းလာနေတယ်ဆိုတာ တွေ့ ရတယ်။ ဒါက ယုံကြည်မှုမဟုတ်ဘူး။ အချက်အလက်။

Post a Comment