ဒီနေ့မနက် "ငွေနဲ့ အရင်းအမြစ်" နဲ့ပတ်သက်တဲ့ မေးခွန်းတချို့ မေးကြည့်ရအောင်။


၁။ မြန်မာပြည်မှာ တာဝန်သိဂျာမန်အမျိုးသမီးကြီးလို ပုဂ္ဂိုလ်တွေ ရှိနိုင်မလား။
(ရှိမယ်၊ ရှိတယ်၊ အနည်းဆုံး အစိုးရကပညာပေးနိုင်ရင်၊ ဥပဒေကလည်း အသက်ဝင်ရင် ရှိလာနိုင်တယ်၊ ဒါက လူထုကိစ္စ)

၂။ အဲသလို ထိရောက်တဲ့စနစ်နဲ့ မှန်ကန်တဲ့အရာရှိတွေ ရှိနိုင်မလား။
(စနစ်ကတော့ စက္ကူ ပေါ်မှာသာရှိပြီး ဘာမှအလုပ်မဖြစ်သေးဘူး၊ အရာရှိက သူ့စားဝတ်နေရေး ပြေလည်မှု၊ လုထုနဲ့အစိုးရဆီကဖိအားပေးမှုတွေရှိလာရင် မှန်ကန်လာနိုင်တယ်။)

၃။ အရာရှိဒဏ်ရိုက်လိုက်တဲ့ ငွေ ၅၀ က ဘယ်ရောက်သွားမှာလဲ။
(လက်ရှိအနေအထားအရကတော့ အရာရှိအိပ်ကပ်ထဲရောက်ဖို့ပဲ များတယ်။ ဘီယာဖိုးတောင် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်၊ ဒီအဖြေအတွက် ရွှေလိုရှားတဲ့ သူတော်ကောင်းအရာရှိတွေကို တောင်းပန်ပါတယ်)

၎။ စနစ်တကျပညာပေးမှုကို ဝမ်းမြောက်ဝမ်းသာခံယူ၊ ဒဏ်ငွေကို ကျေကျေ နပ်နပ်ပေး၊ ကျေးဇူးစကားအထပ်ထပ်ဆိုတဲ့ ပြည်သူ ရှိမလား။
(ကျားကျားမီးယပ် လူဂျစ်ကပ်အနည်းစုကလွဲရင် လူထုရဲ့ လက်ရှိလေ့လာလိုမှု၊ လူကြီးလူကောင်းဆန်လိုမှုဟာ မသေးလှဘူးထင်တယ်၊ အများစုက ကမ္ဘာ့ မိသားစုထဲက ကိုယ့်နေရာကို သိကြတယ်။ ကျိုးစားပြီး လိုက်နေကြတယ်)

၅။ အရင်းအမြစ်တန်ဖိုးကို အစိုးရဆိုသူတွေက သိသလား။
(ဖြေဖို့ဝမ်းနည်းစရာအကောင်းဆုံးက ဒီမေးခွန်း၊ စားကြွင်းစားကျန်လောက်ကို အသာထား မြေ၊ ရေ၊ ဂက်စ်၊ မြစ်၊ သဘာဝ ဝန်းကျင် ဆိုတာကြီးတွေရဲ့ တန်ဖိုးကို မသိကြတာ။ တရုတ်နဲ့အပေါင်းများရင် သိလာစရာလည်း သိပ်မရှိသေးဘူး။

လက်ရှိအစိုးရထဲမှာ အရင်းအမြစ်တန်ဖိုးကို
(က) လုံးဝမသိသူ
(ခ) သိလျက်မိုက်သူ၊ အတ္တကြီးသူနဲ့
(ဂ) သိပေမဲ့ အထက်က နှစ်ယောက်ကို မလွနဆန်နိုင်လို့ ငုံ့ခံနေရသူတွေပဲ ရှိလို့
သာလွန်မင်းတြားကြီးရဲ့ စစ်ကိုင်းက မုဆိုးမထမင်းရေကလည်း ပါးစပ် အရသာခံပြောတာကလွဲလို့ ဘာမှအသုံးမကျနိုင်သေးဘူး။

Post a Comment