အမြှောက်မခံတဲ့ ဦးသိန်းစိန်အစိုးရ


အရင်လကပဲ အိမ်ဖော်တွေရပ်ထားတယ်၊ ရသင့်တဲ့ အခွင့်ရေးတွေ ရမှသဘော တူမယ် ဆိုလို့ တို့အစိုးရ လူရည်လည်လာပြီဆိုပြီး အားရဝမ်းသာ ဆောင်းပါးကောက်ရေးမိပါတယ်၊ သူတို့ယုံမိလို့ ကိုယ့်ဖေ့စ် ဘုတ်တောင် နာမည်ပျက်သေးတယ်။ အဲဒီကတည်းက တွေးတွေးဆဆကွန်မင့်တချို့က "ဟုတ်ကြပါ့မလား ကွယ်တို့၊ ကလေးတွေ ပိုပြီး ဒုက္ခရောက်ကုန်ပါ့မယ်" လို့ ဆိုခဲ့ကြတယ်။ သူတို့သံသယက အမှန်ပဲ။ နောက်ပိုင်း သတင်းတွေအရ အူကြောင်ကြောင် မြန်မာအစိုးရ ဘာဥပဒေတွေထုတ်ထုတ် အိမ်ဖော်တွေက စင်္ကာပူထဲ ဝင်လာမစဲ ပဲလို့ သိရပြန်တယ်။ ဒါက သတင်း၊ ကိုယ်တွေ့မဟုတ်သေးဘူး။

ဒီနေ့မနက် ဖုန်းဝင်လာတယ်။ မြန်မာနဲ့ဆိုင်တယ်ဆိုပြီး အတွင်းရေးမှူးကပေး လို့ ဖြေလိုက်ရတယ်။ စလုံးအမျိုးသမီးကဆက်တာ။ သူမအိမ်ဖော် အသစ်က မြန်မာ၊ ဗုဒ္ဓဘာသာ၊ ဒီနေ့ နေ့ထူးနေ့မြတ်မို့ (သတင်းကျွတ်အပြီး ပထမဆုံး တနင်္ဂနွေပေါ့) ပရေးယားလုပ်ချင်တယ်ဆိုလို့ သူမအနေနဲ့ ဘာ လုပ်ပေးသင့်သလဲ လှမ်းမေးတာ။

သူမဆန္ဒကို ဖြည့်ဆည်းပေးလိုရင် (If you are kind enough) မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်းကျောင်းကို လိုက်ပို့ပေးလိုက်ပါ လို့ အကြံပြုလိုက်ရတယ်။
ဥပဒေလျှောက်ထုတ်ပြီး တည်အောင်မကိုင်တွယ်နိုင်တဲ့အစိုးရကို ဘယ်သူက လေးစားမှာလဲ။
တကယ့်ကို ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ပဲ။ လူရယ်စရာကြီး။ အတော်အသုံးမကျတဲ့ အစိုးရ။
ကိုဝန်းသိုရေ ကျုပ်မှားပါတယ် လို့ပဲ ပြောရတော့မှာပဲ။

Post a Comment