မလေး တက္ကသိုလ်ကျောင်းသူတစ်ယောက် အကြမ်းဖက်သမားနဲ့ လက်ထပ်ဖို့ ဆီးရီးယားကို ထွက်ခွာတယ်ဆိုတဲ့ သတင်းပါလာသလို မလေးတစ်ယောက်ရေး ထားတဲ့ အကြမ်းဖက်မှု နှိမ်နှင်းရေးဆောင်းပါးကိုလည်း တွေ့ရပါတယ်။
နောက်ဆုံးဝါကျကလွဲရင် အများစုသဘောကျမယ့် ဆောင်းပါးကောင်းပါပဲ။
သူ့ဦးတည်ချက်က....
အကြမ်းဖက်မှု နှိမ်နှင်းရေးမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ အရေးပါ။
အကြမ်းဖက်မှုတွေနဲ့ ရှာရီးယားဥပဒေဆီသွားလို့မရကြောင်း ဘာသာရေးခေါင်းဆောင်တွေ သိသင့်။
မွတ်စလင်အကြမ်းဖက်မှုက ဖြေရှင်းချက်မဟုတ်သလို အနောက်ရဲ့ စစ်ရေးအရ တုန့်ပြန်မှုကလည်း ဖြေရှင်းချက်မဟုတ်။
ဂေါ့ဒ်၊ အလ္လာတို့ အဆုံးအမအတိုင်းမှ ရမယ်၊
ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍမပါဘဲ အကြမ်းဖက်မှုကို နှိမ်နှင်းလို့ မရနိုင်(မဟာသီယာရဲ့ စကားကို ကိုးကား)
ဒါပေမဲ့ အကြမ်းဖက်မှုက မဟာသီယာလက်ထက်ကတည်းက အစပျိုးနေခဲ့။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်အချို့မှာ တိုက်ရိုက် တာဝန်ရှိ။
ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုက မှားယွင်း။
အကြမ်းဖက်မှုဆိုတာ အပြစ်မဲ့သူကို သတ်ဖြတ်ခြင်း၊ အနောက်တိုင်းသား ကို ခေါင်းဖြတ်ခြင်းသာ မဟုတ်၊ သူတစ်ပါးရဲ့ အခွင့်ရေးကို တားမြစ်တာလည်း အကြမ်းဖက်မှု.......စသည် သုံးသပ်ခဲ့ပြီး.....
နောက်ဆုံးမှာ ရှာရီးယားဥပဒေ တရားဝင်ဖြစ်စေဖို့ စစ်မှန်တဲ့ ကရုဏာ၊ မေတ္တာ တရားကသာ ဆောင်ကျဉ်းပေးနိုင်မယ်လို့ အဆုံးသတ်ထားပါတယ်။
ဒီမှာ မေးစရာရှိလာတာက.....
ငြိမ်းချမ်းရေးအတွက် ရှာရီးယား ဥပဒေက မရှိမဖြစ်လား၊
ရှာရီးယားဥပဒေကို ကမ္ဘာထဲ မိတ်ဆက်နေချင်သရွေ့ ငြိမ်းချမ်းရေးဆိုတာ ရကောရနိုင်ဦးမှာလား ဆိုတာပါပဲ။
ဒီလို မျှမျှတတဆောင်းပါးရေးနိုင်သူတစ်ယောက်က ဒီမေးခွန်းမျိုးတွေ မေးမသွား ခဲ့ဘူး။
Post a Comment