"အိမ်"


၁။ ငါပွင့်လိုက်တဲ့မနက်ခင်းမှာ မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ်နဲ့ ပန်းလေးတစ်ပွင့်ဟာ ပွင့်ဖို့ကြောက်အားပို ခြေလှမ်း ရွံ့နေ ခဲ့ပါသလား။
၂။ ဒါဆို ငါဆောက်လိုက်တဲ့အိမ်ကလေးအပြီးမှာ ငါ့အိမ်ကလေးရဲ့အမိုးတွေကို ခိုးယူသွားမယ့် မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ် နဲ့ကော အိမ်ဆောက်ဖို့ စို့ရွံ့နေသင့်ပါသလား။
၃။ ရောက်တဲ့ကမ်းတိုင်းကို စွန့်ခွာရမှာပဲဆိုတဲ့အသိနဲ့ မြစ်တစ်စင်းဟာ ကမ်း အသစ်ဆီဆိုက်ရမှာကို စိုးရွံ့နေတတ်ပါသလား။
၎။ ဒါဆို" ကွေကွင်းနောက်ဆုံးရှိခြေပြီ" ဆိုပြီး ဘာကိုမှ မချစ်ဘဲနေသွားသင့်ပါ သလား။

လောကဓမ္မကိုသင်ကြားခြင်းသည် အရှိတရားကို လက်ခံ၊ ခွင့်လွှတ်၊ နားလည်ခြင်းသာဖြစ်ပြီး ကြောက်ရွံ့နေဖို့မဟုတ်ဟုထင်ပါသည်။
အနားမှာ ဘာမှ၊ ဘယ်သူမှ မရှိဘူးဆိုစေ(သို့) အရာခပ်သိမ်းမှ ထွက်ပြေးသည် ဆိုစေ ကျွန်တော်တို့ကိုယ်တိုင်ဆောက်ခဲ့တဲ့ ခန္ဓာအိမ်တော့ရှိနေပါလိမ့်မည်။
ထိုအိမ်ကလေး အမိုးမကွာဖို့ တတ်နိုင်သရွေ့ စောင့်ရှောက်ထားရပါဦးမည်။
စောင့်ရှောက်နေသည့်ကြားမှလည်း အမိုးကွာကောင်း ကွာသွားနိုင်ပါသေးသည်။
ထိုကာလအတွင်း ချစ်စရာ လူ၊ အရာဝတ္ထုတို့ကိုလည်း ရိုးရိုးသားသား ချစ်သွား ကြရပါလိမ့်ဦးမည်။






မရေးဖြစ်တာကြာပြီဖြစ်တဲ့ ရသကဲဆောင်းပါးလေးတစ်ပုဒ်ကို "အိမ်" နဲ့ ပတ်သက် တဲ့ ဂျာနယ်တစ်ဆောင်အတွက် ရေးဖြစ်ပါသည်။ အပြည့်အစုံကိုတော့ သူတိုဖော်ပြပေးပြီးမှပဲ တင်သင့်သည်ဟု ယူဆပါသည်။

Post a Comment