လူနဲ့ ဝံပုလွေ

၁။
လူက ဝံပုလွေကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးပြီး ယုန်ကလေးနဲ့အတူ တစ်ညသိပ်ကြည့်တယ်။ မနက် မိုးလင်းတော့ ဝံပုလွေနဲ့ယုန်ကလေး အတူတူ ဆော့ကစားနေတာကို တွေ့ရတယ်။
ဝံပုလွေက လူကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးပြီး ယုန်ကလေးနဲ့အတူ တစ်ညသိပ်ကြည့်တယ်။ မနက် မိုးလင်းတော့ ယုန်ကလေးဟာ သွေးအိုင်ထဲမှာ သေဆုံးနေတာကို တွေ့ရတယ်။
( အင်္ဂလိပ် စကားပုံ )

၂ ။

" လူက တော်တော်ဆိုးတာပဲနော် "
" လူက ဝံပုလွေကို ယဉ်ပါးအောင် ထိန်းကျောင်း ပေးနိုင်ပြီး ဝံပုလွေက လူကို ယဉ်ပါးအောင် ထိန်းကျောင်း မပေးနိုင်လို့၊ ဆရာ ညံ့လို့ လို့ လူတွေက သုံးသပ်ကြပါတယ် "


ဇင်ဝေသော်

ဂျက်လီ နှင့် ဗုဒ္ဓဘာသာအကြောင်းအင်တာဗျူး

Reader's Digest ( Jan, 2003 က ဂျက်လီကို အင်တာဗျူးထားတာတွေထဲက ဘာသာရေးနဲ့ ဆက်နွှယ်နေတာလေးတွေကို ပြန်ထားတာပါ။ အနုပညာသမားတွေထဲမှာ ဟန်မဟုတ် တကယ် ဘာသာရေးကိုင်းရှိုင်းတဲ့ သူတော်ကောင်း မင်းသားလို့ လူသိများလှပါတယ်။ )

မေး ။      ။ ဘယ်တုန်းက ဗုဒ္ဓဘာသာ ဖြစ်ခဲ့တာလဲ။
ဖြေ ။      ။ ဒီဘဝမှာလား။ ဗုဒ္ဓအဆုံးအမကို အမြဲ သဘောကျခဲ့တယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်အထိတော့ တကယ့် ဗုဒ္ဓဘာသာတစ်ယောက်လို မကျင့်နိုင်ခဲ့ဘူး။

မေး ။      ။ အေးချမ်းတဲ့ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ အကြမ်းဖက် ရုပ်ရှင်ဇာတ်ကားတွေကြားမှာ ကိုယ့် ကိုယ်ကိုယ် ဘယ်လို ရပ်တည်ထားမလဲ။
ဖြေ ။      ။ သရုပ်ဆောင်က သရုပ်ဆောင်ပဲ၊ ဒါရိုက်တာတွေ အကြိုက်ကို လွန်ဆန်လို့ မရဘူး၊ ငယ်ငယ်တုန်းက အကြမ်းဖက်ဆိုတာ ကောင်းသလား ဆိုးသလားဆိုတာတောင် မသိခဲ့ဘူး။ အက်ရှင်ပဲသိတယ်။ လူကောင်းက လူဆိုးတွေကို ဖိုက်တယ်၊ ဒါပဲ။ နည်းနည်းကြီးလာတော့မှ လူငယ်တွေအတွက် ငါ ဘာပေးနိုင်မလဲ ဆိုတာကို စဉ်းစားမိတာ။ ဒါကြောင့် ပြဿနာကို တိုက်ခိုက်တဲ့နည်း တစ်ခုတည်းနဲ့သာ ဖြေရှင်းလို့ရတာ မဟုတ်ဘူးလို့ စ တွေးတတ်လာပြီး ပုံစံပြောင်းပြီး ကြိုးစားကြည့်ကြတာ။ ဟီရိုးလို ဇာတ်ကားမျိုးပေါ့။ ဒါပေမယ့် ကျနော်တို့ သိထားတာက ဟီရိုးက ထိုက်ခိုက်ပြီး လူဆိုးတွေကို အနိုင်ယူ ချေမှုန်းတာလေ။ ဒီ အမြင်က ချက်ချင်းပြောင်းလဲလို့ မရဘူး။

မေး ။      ။ မနက်ဖြန် သေရတော့မယ်လို့သိရင် ဒီနေ့ ဝမ်းနည်းမလား။
ဖြေ ။      ။ ဝမ်းမနည်းပါဘူး။ ဗုဒ္ဓအဆုံးအမကို ကျနော် တော်တော်လေ့လာမိပြီးပြီ။ တရုတ်တွေက သေခြင်းအကြောင်း ကြားတောင် မကြားချင်ကြဘူး၊ လာဘ်တိတ်လို့ တဲ့။ ဘယ်လို သေမလဲဆိုတာ ကြိုတင်တွေထားမှ ဘဝမှာ ဘယ်လို ပျော်ပျော်နေမလဲဆိုတာလဲ သိမှာ။ လူတော်တော်များမျာ ပြောတတ်ကြတယ်။ ငါသာ အခု အသက်ထက် ၁၀ နှစ် ပိုငယ်သွားရင် ဘာတွေလုပ်မယ် ညာတွေလုပ်မယ် စသဖြင့်ပေါ့။ ဘာကြောင့်များ အခုလက်ရှိ အချိန်က စပြီး အဓိပ္ပါယ် ရှိရှိတွေ မလုပ်နိုင်ကြတာလဲ။ သိတဲ့ အချိန်ကစပြီး အဓိပ္ပါယ် ရှိတာတွေလုပ်မှ နောင်တ မရမှာ။ သေခြင်းတရား ဆိုတာခန္ဓာပြောင်း ဘဝပြောင်း၊ ဒါပါပဲ၊ ဟော်တယ် ပြောင်း တည်းသလိုပဲ။




မေး ။      ။ ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ကမ္ဘာကို ဘာပြောချင်သလဲ။
ဖြေ ။      ။ အရေးအကြီးဆုံးက ကိုယ့် ကိုယ်ကိုယ်နားလည်ဖို့ပဲ။ လွယ်လွယ်လေး၊ ဒါကို လူတွေရှုပ်နေကြတာ။ ဒုက္ခရဲ့ အကြောင်းက ဘာလဲ၊ ဒါကိုသိရင် အားလုံးဟာ ရှင်းနေတာပဲ။

မေး ။      ။ တတ်ထားတဲ့ ကိုယ်ခံပညာတွေ အပြင်လောကမှာ သုံးဖူးသလား။
ဖြေ ။      ။ တစ်ခါမှ မသုံးဖူးဘူး။ ဒီပညာတွေက ရုပ်ရှင်ထဲမှာ ဟီရိုးတွေနေရာကနေ သရုပ်ဆောင်ဖို့ပဲ။ ကျနော်ကိုယ်တိုင်ကတော့ ဟီးရိုး မဟုတ်ဘူး။

မေး ။      ။ ခင်ဗျားကလေးတွေကိုရော ဒီပညာတွေ သင်ခွင့်ပြုထားသလား။
ဖြေ ။      ။ နိုး။


ဇင်ဝေသော်

စီးပွားရေး ပဉ္စလက် ( ၅ )

ငါတို့က ဂျပန်ရဲ့မူကိုယူပြီး နိုင်ငံခြားသား အခြေချလာနေသူတွေကို ပိတ်ပင်၊ နိုင်ငံခြားသား အလုပ်သမားတွေကို လာရောက်အလုပ်လုပ်ခွင့် မပေးဆိုရင် စင်ကာပူ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။

မေး ။     ။ ဆိုလိုတာက ဂျပန်နိုင်ငံရဲ့ပုံစံလို လူတန်းစားဒီထက်ညီနိုင်မယ့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ရောက်အောင်…….။

ဖြေ ။    ။ လူတန်းစားတူ၊ လူ့အခွင့်အရေးတူဘဝကို လိုချင်တယ်ဆိုရင်တော့ ကြေးလင်ပန်းနဲ့ ထမင်းစားတဲ့ခေတ်ကိုသာ ပြန်သွားတော့ပေါ့။ လူတိုင်းအပေါ်မှာ တရားမျှတတဲ့ မူဝါဒကို ငါတို့ချမှတ်ခဲ့တယ်။ အဲဒီမူကတော့ မင်းလုပ်နိုင်ရင် မင်းရမယ်၊ ဒါပဲ။ မင်းလုပ်နိုင်တဲ့စွမ်းရည်ဆိုတာ မင်းပညာရေး၊ မင်းအရည်အချင်းနဲ့ မင်းကိုယ်ရည်ကိုယ်သွေးတွေပဲ။ လူတွေက တန်းတူမဟုတ်ဘဲနဲ့ ငါတို့က အားလုံးဟာတန်းတူပါလုပ်နေလို့ ဒီမူက ဘယ်လိုအလုပ်ဖြစ်ပါတော့မလဲ။

စောစောပိုင်းက ငါ့ရဲ့ရည်ရွယ်ချက်က CPF ရယ်၊ ကျန်းမာရေးစုငွေရယ်အတွက် လူတိုင်းဘဏ်အကောင့်ရှိနေဖို့ပဲ။ မင်းရှာထားတာ မှန်သမျှ မင်းဟာတွေချည်းပဲ။ မင်းမှာ မင်းရဲ့ကိုယ်ပိုင်အကောင့်ရှိနေပြီ၊ အဲဒီအချိန်မှာ တစ်ယောက်ယောက်က အကြံပြုလို့ ဘုံဆိုင်ထဲကို ထည့်လိုက်ပြီဆိုပါတော့ တခြားလူတစ်ယောက်က မင်းငွေတွေကို ယူထုတ်သွားရော။

အခုငါတို့စနစ်က ဒီငွေတွေဟာ မင်းငွေဆိုရင် ဒီငွေတွေကို မင်းမသုံးခဲ့ဘူး။ ဒါဆို မင်းကလေးတွေ၊ မင်းဆွေမျိုးတွေ၊ ဘယ်သူ့ကိုမဆို ပေးထားခဲ့လို့ရတယ်။ မင်းစုထားတာလေးတွေကို လူတိုင်းထုတ်ယူလို့ရတဲ့ ဘုံဆိုင်ငွေထဲ ဘယ်သူက သွားထည့်နေမှာလဲ။ ဒီပြဿနာက အနောက်တိုင်းနိုင်ငံတစ်ချို့မှာ တက်နေတာ။ အဲဒီမူလည်း အခု ပြိုကွဲသွားပြီ။

တိုနီဘလဲလည်း ဗြိတိန်မှာ ပုဂ္ဂလိကစုငွေလုပ်ဖို့ ကြိုးစားသေးတယ်။ သူဒီကိုရောက်လာပြီး တို့ဆီက လေ့လာသွားတာ။ ဒါပေမယ့် သူ့မှာ အတိုက်အခံတွေက အများကြီးဆိုတော့ သူလည်း ညှပ်ပူးညှပ်ပိတ်မိနေတော့တယ်။

မေး ။     ။ ဒီတော့ မစ္စတာလီဆိုလိုတာက ဝင်ငွေညီမျှအောင်ထိန်းဖို့အတွက် နိုင်ငံခြားသားအလုပ်သမား လျှော့ချဖို့ မလိုအပ်ဘူးလို့ ဆိုလိုတာလား။

ဖြေ ။    ။ နိုင်ငံခြားသား အလုပ်သမားတွေကို ဝင်ခွင့်ပြုပြီး အလုပ်လုပ်တာက တွက်ခြေပိုကိုက်သလို ပိုပြီးတော့လည်း ထိရောက်တယ်။ ပြီးရင် ဝင်ငွေနည်းတဲ့ လူတွေဖက်ကို ဖြည့်ဆည်းပေးရင်းနဲ့ ဝင်ငွေကွာဟမှုကို အထိုက်အလျောက် ညီအောင်လုပ်ပေးလို့ရတယ်။ တို့မှာ ဒီအခွင့်အရေးကောင်းကောင်းရှိတယ်။ အလုပ်သမားတွေက အလုပ်ငမ်းငမ်းတက် လိုချင်နေကြတာ။ ငွေအနည်းငယ်ပဲပေးပြီး အလုပ်ဖြစ်တာကို မင်းသဘောမကျဘူးလား။

ဒါဆို ဗြိတိန်ကိုကြည့်။ သူတို့စီးပွါးရေးကို ဘယ်လိုလည်ပတ်နေတယ် ထင်သလဲ။ သူတို့က နိုင်ငံခြားအလုပ်သမားတွေကို ဝင်ခွင့်ပြုတယ်။ ဒီအတွက်ရလဒ်က သူတို့နိုင်ငံဟာ အခုလူမျိုးပေါင်းစုံ အဖွဲ့အစည်းဖြစ်နေတယ်။ အရှေ့ဥရောပသားတွေရှိတယ်။ အရှေ့အာရှသားတွေ၊ မြောက်အမေရိကသားတွေ၊ တောင်ပိုင်းဆာဟာရက အာဖရိကန်တွေ၊ ကာရစ်ဘီယန်ကလူတွေ အားလုံးရှိတယ်။ အဲဒီ နိုင်ငံခြားသားတွေက သူတို့မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးနေကြတာ။

တို့ဆီမှာ အရည်အချင်းတွေ အတားအဆီးမရှိ ဝင်လာနေတယ်။ ဒီလူတွေရဲ့ အရည်အသွေးက တို့စီးပွါးရေးတိုးတက်ဖို့ အကူအညီပေးနေတယ်။ ဒါကို အသိအမှတ်မပြုလို့ မရသလို ရူးချင်ယောင်ဆောင်နေလို့လည်း မရဘူး။ စင်ကာပူလူဦးရေကို စိတ်ထဲမှာတွေးဆပြီး ဒါတွေ လုပ်နေကြတာ။ တခြားနည်းလမ်းတစ်ခုခုက ဒီထက်ပိုကောင်းပြီး အဲဒီနည်းကို တို့က မကျင့်သုံးဘူးဆိုရင်တော့ တို့က အရူးတွေပေါ့။

Work Permit အလုပ်သမားတွေကို ဝင်ခွင့်မပြုဘဲ စင်ကာပူဟာ လက်ရှိအနေအထားကို ရောက်နေလိမ့်မယ်လို့ မင်းထင်သလား။
ဆောက်လုပ်ရေးမှာ HDB တွေဆောက်ဖို့ အပြင်မှာပဲ ကြိုတင်ပုံချယူတဲ့စနစ်ကို သုံးကြည့်တယ်။ ဒါက နိုင်ငံခြားအလုပ်သမားဦးရေကို လျှော့ချနိုင်ဖို့ပဲ။ ဒါပေမယ့်ကွာ တို့လုပ်လို့ရတာက အတိုင်းအတာတစ်ခုအထိပဲ လုပ်လို့ရတာပါ။

မေး ။     ။ နိုင်ငံခြားသားအလုပ်သမားတွေ လျှော့ချခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးအမြတ်တစ်ခုက ပြည်တွင်းအလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုအား တိုးတက်လာနိုင်ခြင်းပါပဲ။ ဆောက်လုပ်ရေးမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ်ပေါ့။ စင်ကာပူနဲ့ ဂျပန်တို့ရဲ့ခြားနားချက်ကို ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ဟာ ဂျပန်မဟုတ်ဘူး။ မှန်ပါတယ်။ ဒါပေမယ့် သူတို့လုပ်သလိုလိုက်ပြီး ကြိုးစားကြည့်ပြီး လူ့အဖွဲ့အစည်းကို ပြန်စုစည်းနိုင်မယ်ဆိုရင် ဝင်ငွေနည်းတဲ့လူတွေရဲ့ ဝင်ငွေလည်း တိုးတက်လာနိုင်စရာရှိပါတယ်။

ဖြေ ။    ။ ဒါဆိုရင် စီးပွါးရေးအဆောက်အဦကြီးတစ်ခုလုံး ဘာတွေဖြစ်သွားမလဲ။ ဆိုလိုတာက နောက်ဆုံးထွက်လာမယ့်ရလာဒ်ကိုကြည့်လို့ ပြောတာပါ။ ဂျပန်ပြည် ပိုကောင်းလာသလား။ ဂျပန်လူမျိုးတွေ ပိုပြီးအဆင်ပြေလာသလား။ ရွေးကောက်ပွဲမှာ ဆိုပါတော့ကွာ၊ နိုင်ငံရေးသမားက ငါတော့ ဒီနည်းလမ်းနဲ့ ရွေးကောက်ပွဲနိုင်အောင် လုပ်လိုက်နိုင်တယ်လို့။ သူရွေးကောက်ပွဲနိုင်တာက ဂျပန်နိုင်ငံရဲ့ အနာဂတ်လား။ ရွေးကောက်ပွဲနိုင်ရုံလောက်နဲ့တော့ ဘာလုပ်မှာတုန်း။ လွှင့်သာပစ်လိုက်တော့။ ငါပြောမယ်၊ ဂျပန်တွေပြောင်းကို ပြောင်းရတော့မယ်။

ငါတို့က ဂျပန်ရဲ့မူကိုယူပြီး နိုင်ငံခြားသား အခြေချလာနေသူတွေကို ပိတ်ပင်၊ နိုင်ငံခြားသား အလုပ်သမားတွေကို လာရောက်အလုပ်လုပ်ခွင့် မပေးဆိုရင် စင်ကာပူ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။

မင်းစိတ်ထဲရှင်းသွားအောင် ငါကိုယ်တိုင် ကြုံတွေ့ရတာလေးကို ပြောပြမယ်။ ငါ့ရှူးဖိနပ်ချုပ်ပေးတဲ့ လူတစ်ယောက်ရှိတယ်။ သူက ဟားခါးတရုတ်လူမျိုး။ အခု အသက်လေးဆယ်ကျော်ပြီ၊ အဲဒီ ဖိနပ်ချုပ်တဲ့ပညာက သူ့အဖေဆီကနေ အမွေဆက်ခံခဲ့တာ။ ဟုတ်ပြီ။ အဲဒီ ဖိနပ်ချုပ်တဲ့အလုပ်က အခုခေတ်ကုန်နေပြီ။ သူဒီအလုပ်နဲ့ ပိုက်ဆံရှာလို့ မရနိုင်တော့ဘူး။ ရှူးဖိနပ်တစ်ရံအတွက် ငါက ဒေါ်လာ (၃၀၀) ပေးရတယ်။ ဒါကိုရဖို့ ငါ့ခြေထောက်ဆိုဒ်ကအစ သူတိုင်းယူရတယ်။ မကြာမကြာ ငါကသူ့ကိုပြောတယ်။ ဒီထက် သားရေသားကောင်းတဲ့ ရှူးဖိနပ်စသည်လိုချင်တယ်ပေါ့။ ဒါဆိုရင် သူက ငါ့ဆီက ပိုက်ဆံထပ်တောင်းတယ်။ ၃၅၀၊ ၄၀၀ ပေါ့ကွာ။ ပေးလိုက်တာပေါ့။ ဘာတတ်နိုင်မှာလဲ။

သူ့သားက အဲဒီအလုပ်ကို လုပ်ချင်ပါဦးမလား။
မလုပ်ချင်ဘူး။ သူ့သားက တက္ကသိုလ်တက်၊ ဘွဲ့ရပြီး အဲကွန်းခန်းရုံးထဲမှာ အလုပ်လုပ်ချင်တာ။
ဆောက်လုပ်ရေးအလုပ်ကလည်း တို့လူမျိုးတွေအတွက် ခေတ်ကုန်သွားပြီ။ ဆောက်လုပ်ရေးဆိုဒ်တွေထဲက ငြမ်းစင်ပေါ် ဘယ်သူကတက်ချင်မှာလဲ။ ဘယ်သူက သင်္ဘောကျင်းထဲမှာ အလုပ်လုပ်ချင်မှာတဲ့လဲ။ တို့လူမျိုးတွေက ဒါမျိုးအလုပ်တွေလုပ်မယ်လို့ မင်းထင်သလား။ သူတို့ကို လစာတစ်ဆတိုးပေးပြီး ခိုင်း၊ သူတို့က နိုး ပဲ ပြောမှာပဲ။

ဆောက်လုပ်နေဆဲ အဆောက်အဦတွေကို ကြည့်။ အားလုံးဆောက်လုပ်လို့ ပြီးပြီဆိုရင် စင်ကာပူးရီးယန်းတွေ ရောက်လာပြီ။ ဝါယာတွေသွယ်၊ ဒီပြင် ဘာညာဘာညာတွေ လုပ်ကြပေါ့။ အပြင်ပန်းကကြည့်ရင် သူတို့လုပ်သလိုပဲ။ အထဲကို ဝင်ကြည့်တော့မှ အိန္ဒိယန်းတွေ၊ ဘင်္ဂလားဒေ့(ရှ်) လူမျိုးတွေ၊ ပြည်မကြီးက တရုတ်တွေကို တွေ့ရတာ။

စင်ကာပူးရီးယန်းတွေကို ငါတို့ပိုပေးမယ်၊ သူတို့လုပ်မလား။ မလုပ်ဘူး။ သူတို့မှာ ဒီထက်အခွင့်အရေး ကောင်းကောင်းရှိတဲ့အလုပ်တွေ ရွေးချယ်လို့ရတယ်။

သြစတေးလျ ဆောက်လုပ်ရေးဌာနတွေကလည်း အာရှတိုက်သားတွေ ဝင်မလာစေချင်လို့ တအားကြိုးစားပြီး ပိတ်ပင်နေကြတယ်။ သူတို့ကပြောတယ်၊ ဆောက်လုပ်ရေးကုန်ကျငွေကို အများကြီးတိုးပေးမယ်တဲ့။ ကဲ အခု အာရှတိုက်သားတွေ ဝင်လာကြပြီ။ သူတို့ စစ်စတန်ကြီး ပျက်တော့မှာ။ တရုတ်ပြည်မှာတောင် ဒါမျိုးတွေဖြစ်နေပြီ။

တို့ဆီမှာလည်း အိမ်တွင်းအလုပ်သမတွေ ရှိခဲ့ဖူးတယ်။ အခုသူတို့ ပညာတတ်သွားပြီ။ သူတို့က မင်းရဲ့အိမ်စေ လာမလုပ်တော့ဘူး။ စက်ရုံတွေ၊ ဟော်တယ်တွေမှာ သွားလုပ်တော့တာ။

ကမ္ဘာဟာ လူမှုရေးအပြောင်းအလဲကို ဖြတ်ကိုဖြတ်ရမယ်။
မင်းက အင်ဒိုနီးရှန်းတစ်ယောက်၊ ဖိလစ်ပိုင်တစ်ယောက်၊ အိန္ဒိယန်းတစ်ယောက်၊ ဘင်္ဂလားဒေ့ရှ်တစ်ယောက်ဆိုရင်တော့ ရွေးစရာသိပ်မရှိဘူးပေါ့။ မင်းညီမတွေ၊ ဝမ်းကွဲညီမတွေ အိမ်ဖော်မဖြစ်တာကိုပဲ ကျေးဇူးတင်နေရဦးမယ်။ ဒါပေမယ့် စင်ကာပူလိုနေရာမျိုးမှာ စီမံခန့်ခွဲပုံလွဲသွားပြီဆိုရင်တော့ လူတော်တွေက ထွက်သွားကြမှာပဲ။ သိပ်မတော်၊ သိပ်မတတ်တဲ့လူတွေကတော့ ထွက်သွားမရတော့ ကပ်နေကြမှာပေါ့။ ဆိုလိုတာက အဲဒီ သိပ်မတော်၊ သိပ်မတတ်တာတွေကကို ဖိလစ်ပိုင်တွေ၊ ဘင်္ဂလားဒေ့ရှ်တွေ၊ အင်ဒိုနီးရှန်းတွေ အဆင့်လောက်တော့ ရှိနေတယ်၊ ဒါပဲ။

မေး ။     ။ ဒါပေမယ့်လို့ ဒီအချက်က နိုင်ငံရေးအရှုံးထွက်မှုကို မကာကွယ်နိုင်ဘူး။ အောက်ခြေလူတန်းစားတွေက ဒီစစ်စတန်ဟာ သူတို့အတွက် လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ခံစားနေကြရတယ်။ နိုင်ငံတိုးတက်လာတယ်ဆိုပေမယ့် အဲဒီဝေစုအများစုကို ထိပ်တန်းက လူတွေကပဲ ရသွားကြတယ်- တဲ။ အောက်ခြေလူတန်းစားထဲမှာ အဲဒီဝေဖန်သံက ပိုပြီးဆူညံနေတယ်။ ဒါကို မစ္စတာလီ လက်ခံပါသလား။

ဖြေ ။    ။ လူတွေရဲ့ ဣဿာမစ္ဆရိယဖိအားကတော့ ရှောင်လို့မရနိုင်ဘူးကွာ။ တခြားဖြစ်နိုင်ခြေတစ်ခုကို ကြည့်။ စီးပွါးရေးတိုးတက်မှု နှေးကွေးတယ်ဆိုရင်တောင် ဒီဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ လစာအနည်းအများကိစ္စက ရှိနေမှာပဲ။ ဆင်းဆင်းရဲရဲနဲ့ လစားခြားနားမှုရှိနေမှာပဲ မဟုတ်လား။ နိုင်ငံခြားက ဦးနှောက်တွေ၊ အလုပ်သမားတွေကိုရအောင် မယူနိုင်တော့ တို့အားလုံးဒီထက်ဆင်းရဲနေကြမှာပဲ။ ငါတို့ ဂျီဒီပီလည်း ၂- ရာခိုင်နှုံးကနေ ၂.၅- ရာခိုင်နှုံးလောက်အထိ ထိုးကျသွားမယ်။ အလုပ်သမားတွေနဲ့ သူတို့ကြောင့် ရလာတဲ့ဝင်ငွေကို တွက်ကြည့်လို့ရနေတာပဲ။

စင်ကာပူကုမ္ပဏီတစ်ခုက အောင်မြင်သွားလို့ ကာတာကိုပြောင်းမယ်။ အဲဒီကို ခေါ်သွားမယ့်လူတွေကို ငါတို့ကုမ္ပဏီက သူတို့ပတ်ဝန်းကျင်အနေအထားနဲ့ညီအောင် လစာပေးထားရမယ်။ သူ့ကို အနည်းဆုံးဒီကလစာရဲ့ ၁၅၀- ပါဆင့် ပေးထားရမယ်။ သူ့အိမ်၊ သူ့လူနေမှုစရိတ်၊ သူ့ကလေးတွေရဲ့ ပညာရေး၊ စတာတွေအတွက် အကုန်ပေးရတယ်။ တရုတ်၊ ဗီယက်နမ်တို့ကို သွားမယ်ဆိုရင်လည်း ဒီအတိုင်းပဲ။

ဆိုပါတော့၊ ငါက သာမန်အလုပ်သမား။ ငါ့ရဲ့ စူပါဗိုက်ဆာကတော့ နိုင်ငံခြားဌာနကလိုလို့ သွားရတော့မယ်။ ငါ့ကိုတော့ မခေါ်ဘူး။ ဟိုမှာ ငါလိုအလုပ်သမားမျိုးတွေ ရှိနေပြီးသားမို့။ ဒီတော့ ငါစိတ်နာတယ်။ ဒါကတော့ လုံးဝမတရားဘူးလို့ ငါပြောမယ်။ ဘာတတ်နိုင်မှာတုန်း၊ လောကကြီးကကို တရားမှ မတရားတာ။

မနာလိုတိုရှည်တွေက ဘယ်လိုပဲမဆို ရှိနေမှာဆိုတော့ ဒီတိုးတက်မှုနှုန်းထားကို ရပ်ပစ်ဖို့အကြောင်းတော့ ငါမမြင်မိဘူး။ ဒါအစား တိုးတက်လာတဲ့အထဲက အဆီအနှစ်တွေကိုယူပြီး အောက်ခြေလူတန်းစားကို ဖြည့်ဆည်းပေးဖို့ပဲ လုပ်တော့မယ်။ စိတ်အားထက်သန်မှုကို ဖယ်မပစ်ဘဲနဲ့ သူတို့ကို အဲသလိုနည်းနဲ့ အကူအညီပေးထားနိုင်တယ်။


ဇင်ဝေသော်
Zin Wai Thaw

ကမ်းလက် တစ်နှစ်ပြည့် အမှတ်တရ

အသက် တစ်နှစ်ကို စိတ်လည်ပြန် ကြည့်မိတော့
မျက်မှောက်ပြုနိုင်ခဲ့တဲ့ လောကီသစ္စာ တချို့ တွေ့ရတယ်
မျက်မှောက်ပြုခဲ့ရတဲ့ လောကဓံ တချို့ တွေ့ရတယ်
တမြုံ့မြုံ့ ဝါးရင်း ကျေနပ်ရတဲ့ လောကဓံက
စက်တင်ဘာ နဲ့ အောက်တိုဘာ အထိ ခပ်စိမ်းစိမ်းပါပဲ။

နာဝင်မချိုတဲ့ အမှန်တရားတွေ လူငယ်တွေနားမှာ ချိုခဲ့လို့  ကျေနပ်ရတုန်း
စင်္ကာပူ လာသင့် မသင့်က ဘဝတချို့ကို ပြောင်းစေသလို " ကမ်းလက် " လည်း ဘဝ ပြောင်းခဲ့တယ်။
သိပ်ကြိုက်တဲ့ စာကို ဘာသာပြန်ဖို့ လက်မတွန့်ပေမယ့်
ဖြစ်နိုင်ရင်တော့ ကိုယ်တိုင်ပဲ ချရေးလိုက်ချင်တယ် လေ။

စင်္ကာပူ လာသင့် မသင့်မှာ မုဒိတာတွေ အသွား အပြန် ညီခဲ့တယ်
ပြည်တွင်းက ညီ ညီမတို့က ပွင့်လင်းရာသီအတွက် မုဒိတာ  စကားထားခဲ့ချိန်
စင်္ကာပူက အကို အမ တို့က ခံစားချက်တူတော့ မုဒိတာ လက်ခုပ် တီးကြတယ်
ကမ်းလက်က ( အတ္တကြီးတယ်ပြောပြော ) ပင်ကိုယ်ရေးတဲ့ စာမို့ ပို ကျေနပ်နေမိတယ်။

အမှတ်တရ တင်ဖို့ကိုတော့
ဟိုး   ၂၀၀၇ ဆီ စိတ်လွင့်သွားတယ်။

ရွှေဝါရောင် လှိုင်းကြီးတွေ တရိပ်ရိပ် တက်လာတော့
ရွှေဝါရောင် လှိုင်းကြီးတွေ စင်္ကာပူကို ရိုက်ခတ်လာတော့
( စင်္ကာပူရဲ့ ချိုသာတဲ့ အရပ်သား ဆူးတွေကြောင့် )
မိတ်ဆွေတချို့ အနောက်ရွာထဲ ရောက်သွားခဲ့တယ်
မိတ်ဆွေတချို့  အိမ်ပြန်ရောက်သွားခဲ့တယ်
မိတ်ဆွေတချို့  ခေါင်းဖော် ကူးခတ်နေကြတယ်။

အားလုံးအတွက် အမှတ်တရ ၂၀၀၇ ရဲ့ ရင်ခုန်သံကို ပြန်ငှားလိုက်ပါတယ်။

" ကျနော်တို့ အမျိုးသာရေး လုပ်တယ် "
ကိုယ့်ထမင်းဖိုးထဲက ငွေကိုထုတ်
ငုတ်တုတ်အိပ်နေသူ တွေကို လိုက် နှိုး
လူအမျိုးမျိုး စိတ်အထွေထွေ
သူခိုး ယိုးခံရတဲ့ အခါတွေတောင်ရှိတယ်
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

ရမ်ဘိုကို ဂုဏ်ပြုဖို့
လွတ်လပ်ရေး သူရဲကောင်းတွေကိုဂုဏ်ပြုဖို့
ရုပ်ရှင်ရုံကို လေလံဆွဲ
ပင်နီဆူလာထဲ လက်မှတ်ရောင်းတော့
မင်းတို့ဟာက ဈေးရင်းအတိုင်း ဟုတ်လို့လားတဲ့..
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

သံဃာတွေ ခွေးဆွဲတော့
ကပ်ပေါက်ထဲက ကြောက်ကြောက်နဲ့ချောင်းကြည့်
ကဲကြည့်….. ဒီဘုန်းကြီး နဲ့ ဒီလူတွေ
ကိုယ့်ထမင်းကို အေးအေးစားနေတာ မဟုတ်ဘူးတဲ့
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

မိန်းမက ပီအာ
ယောက်ျားက စီတီဇင်
ဒီမိုကရေစီရရင် ရွှာပြန်ချင်သတဲ့
အိပ်မွှေ့ချခံထားရတဲ့ မင်းလောင်းကို အိပ်ရင်းနဲ့ထိုင်စောင့်ကြ
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

မဖမ်းမိသေးတော့ တောလား ၊ လျှိုလား
ဖမ်းမိတော့ အင်းစိန်လား ၊ အိုးဘိုလား
သေသွားမလား ၊ မသေမရှင်လား
တို့သေသွားရင်တောင်
တို့မသာကိုလိုက်မပို့ရဲတဲ့
တို့ ချစ်သူကြီးတွေရှိတယ်
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ်

လွတ်လပ်ရေးဟာ တန်ဖိုးကြီးတယ်
ကိုယ့်နံရိုးကို ဆွဲထုတ်
ပုလွေလိုလည်း မှုတ်ရဲမှ
ဘီလူးစောင့်တဲ့ ညောင်ပင်
ဓားထမ်းပြီးလည်း ၀င်ရဲမှ


ငါတို့လက်ဖျံရိုးတွေ ကိုစီး
ငါတို့ အကြောတွေနဲ့သီပြီး
ပြည်တော်ဝင်သီချင်းတီးခတ်နိုင်ဖို့
ကျနော်တို့ အမျိုးသားရေးဆက်လုပ်မယ် ။


ဇင်ဝေသော် (AOAB) Association Of All Buddhists



ရွာအနောက်ခြမ်းက အသံများ(၃)

The Life of the Buddha

ယခု သကျမုနိ ဘုရားရှင်အကြောင်း ဆွေးနွေးချင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဝင်ဆန်ဆန် အသေးစိတ်တော့ မပြောလိုပါဘူး။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ဗုဒ္ဓဝင်ကတော့ ရှေးကရော အခုရော ရေးခဲ့ဖူးကြလှပါပြီ။ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကို အခြေခံပြီး ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ဖော်ပြနိုင်မယ့် အချက်တစ်ချို့ကိုသာ ဆွဲထုတ်ဆွေးနွေးသွားမှာပါ။

ရှေ့ကအခန်းနှစ်ခန်းမှာ အိန္ဒိယရှေးဟောင်းကိုးကွယ်မှု၊ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုနဲ့ အားရီးယန်းတွေအကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။ မြောက်ပိုင်းဂင်္ဂါလွင်ပြင်နဲ့ နီပေါတာရိုင်း (Tarai) တို့ဟာ အဲဒီခေတ်က အိန္ဒိယရဲ့ အသက်သွေးကြောသဖွယ် ဖြစ်ခဲ့တဲ့ မဓယဒေသဟာ ဒီယဉ်ကျေးမှုနှစ်ခုအားပြိုင်ရာ၊ ပေါင်းစည်းရာဖြစ်လာခဲ့တယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။ အာရီးယန်းတွေ ဖြစ်တဲ့ ရသေ့၊ ရဟန်းတွေက သူတို့ အားရီးယန်းအကျင့်တွေကို သင်ကြားပို့ချကြဖို့ အာရီးယန်းတွေနဲ့အတူ အရှေ့ဘက်ကို ခြေဦးလှည့်ကြတယ်။

ဒီလို အင်အားကြီးယဉ်ကျေးမှုနှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့ကြုံမှုဟာ ဘာသာယဉ်ကျေးမှုအသစ်တစ်ခု ပေါ်ပေါက်လာဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတော့တယ်။ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်နဲ့ အဆုံးအမတစ်ချို့ကို ဒီလိုသမိုင်းအထောက်အထား ရှုထောင့်တွေကနေ ကြည့်နိုင်ပါတယ်။ ရှေ့မှာပြောခဲ့သလိုပါပဲ လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ဘီစီခြောက်ရာစုလူတွေကို တိတိကျကျသက်ရောက်စေခဲ့ပြီး ဘာသာရေးယုံကြည်မှု အမြင့်ဆုံးကို ရောက်ရှိစေခဲ့တယ်။

ဒီလိုအပြောင်းအလဲတွေကို သင်ခန်းစာယူကြပြီး သူတို့ရဲ့ဘေးကင်းလုံခြုံမှုတို့နဲ့ ပတ်သက်လို့ မရေမရာမှုတွေ ခံစားလာကြရတယ်။ ဒီနောက် ဘာသာရေးဘက်ကို ခြေဦးပြန်လှည့်လာကြတယ်။ ဘာသာရေးယုံကြည်မှုက တည်ငြိမ်မှု ကိုဖြစ်စေပြီး စိုးရိမ်ကြောင့်ကြရမှုတွေကို အထိုက်အလျှောက်ငြိမ်းအေးစေနိုင်ပါတယ်။ ဒီလိုခေတ်အခြေအနေ မျိုးတွေဟာ ဘာသာရေးပြောင်းလဲမှု၊ ဘာသာရေးအားပြိုင်မှုတွေ အမြဲတမ်းဖန်တည်းပေးတတ်ပါတယ်။

ဘီစီခြောက်ရာစုက အိန္ဒိယမှာ ဘာသာတရားပေါ်ပေါက်ခဲ့သလို၊ တရုတ်ပြည်မှာလည်း ပေါ်ပေါက်ခဲ့တာပါပဲ။

ဘုရားဗုဒ္ဓဝင်ကနေအခြေခံပြီး အရေးအကြီးဆုံး ဘာသာရေးတန်ဖိုးသုံးခု ပေါ်ထွက်လာခဲ့တယ်။
၁။ ကာမဂုဏ်ကိုခွါပြီး တောရိပ်ခိုလှုံခြင်း
၂။ မေတ္တာနဲ့ ကရုဏာ
၃။ ပညာတို့ ဖြစ်ကြပါတယ်။

ဒီအချက်သုံးချက်ကို နေရာတိုင်းမှာတွေ့ရပြီး နိဗ္ဗာန်ရောက်ရေးမှာလည်း ဒါတွေဟာ အရေးအကြီးဆုံးအချက်တွေ ဖြစ်နေခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အဓိက အကုသိုလ်မူလတွေက လောဘ၊ ဒေါသ၊ မောဟတို့ဖြစ်ပြီး လောဘကို ကာမဂုဏ်မှစွန့်ခွါခြင်း၊ ဒေါသကို မေတ္တာနှင့် ကရုဏာ၊ မောဟကို တရားထိုင်ရှုမှတ်ခြင်းဖြင့် လွန်မြောက်နိုင်တယ်လို့ တွဲစပ်ပြထားပါတယ်။

သိဒ္ဓတ္ထမင်းသားဟာ (၇) နှစ်သားအရွယ်ကတည်းကကိုပဲ လယ်ထွန်မင်္ဂလာပွဲကို တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ လယ်ထွန်မင်္ဂလာပွဲကိုကြည့်ရင်း သိန်းငှက်ရဲ့အစာဖြစ်ရရှာမယ့် တီကောင်ကိုတွေ့ခဲ့တယ်။ အဲဒီကတည်းက သတ္တဝါတွေဟာ ကိုယ့်ရှင်သန်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်စားသောက်နေကြရတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ အလောင်းတော်ဟာ နုစဉ်ဘဝကတည်းကပဲ ဒီလို ဒုက္ခသုက္ခတွေကို ရှုမြင်လာခဲ့ရတော့ ဘုရားဖြစ်လို့ ဒေသနာတွေကို ဟောရာမှာလည်း ဒုက္ခသစ္စာကို ဦးတည်ထားပါတော့တယ်။

နိမိတ်ကြီးလေးပါးကို မြင်ပြန်တော့ ရှောင်လွှဲမရတဲ့ အိုမှု၊ နာမှု၊ သေမှုတွေကို တွေခဲ့ရတယ်။ ဒါတွေနဲ့ ကင်းကွာဖို့ဆိုရင် ပရမတ္တသစ္စာကို ဆိုက်မှရမယ်။ ဒီအခါမှာ တောထွက်ခြင်းကိစ္စ ပေါ်ပေါက်လာခဲ့တော့တယ်။

ဒီလို နုနယ်တဲ့အရွယ်မှာ တောထွက်ခြင်းဟာ အဆင်မပြေတဲ့ဘဝကို စိတ်ဓာတ်တွေကျပြီး တောထွက်(ဖြစ်လေ့ဖြစ်ထ ရှိတဲ့) မှုမျိုး မဟုတ်ဘူးဆိုတာတော့ သတိရနေဖို့ အရေးကြီးပါတယ်။ အကောင်းဆုံး ကာမဂုဏ်တွေကို ခံစားနေရင်းနဲ့ အတွင်းက ပုန်းလျှိုးကွယ်လျှိုး ဒုက္ခအစစ်တွေကို ကျော်မြင်တော်မူခဲ့တယ်။ ဒီအမြင်ကပဲ သိဒ္ဓတ္ထမင်းသားကို တောထွက်ဖို့ တွန်းအား ပေးလိုက်တာပါ။

မေတ္တာနဲ့ ကရုဏာကို ကြည့်ကြပါစို့။ စိတ်ဝင်စားစရာအကောင်းဆုံး အဖြစ်အပျက်ကတော့ ဒဏ်ရာရနေတဲ့ ငန်းတစ်ကောင်အကြောင်းပါ။ ဘုရားဖြစ်တော်စဉ်အရ သိဒ္ဓတ္ထမင်းသားနဲ့ ဒေဝဒတ္တတို့ ဥယျာဉ်ထဲလမ်းလျှောက်နေကြတယ်။ ဒေဝဒတ်က ငန်းကို လေးနဲ့ပစ်တယ်။ သူတို့နှစ်ယောက်လုံး ငန်းဆီကိုပြေးသွားကြတယ်။ အပြေးပိုမြန်တဲ့ သိဒ္ဓတ္ထမင်းသားက ငန်းကိုရသွားခဲ့တယ်။

သိဒ္ဓတ္ထမင်းသားက ဒဏ်ရာရနေရှာတဲ့ ငန်းကိုပွေ့ယူပြီး အနာသက်သာအောင် ပြုစုပေးတယ်။ ဒေဝဒတ္တက သူပစ်လိုက်တဲ့ငန်းမို့ သူသာပိုင်ကြောင်း အခိုင်အမာပြောတယ်။ သူတို့နှစ်ယောက်ဟာ အဲဒီငန်းကိုယူ၊ တရားသူကြီးဆီ သွားရောက်ပြီး ဆုံးဖြစ်ချက်ကို ခံယူကြတယ်။ တရားသူကြီးက သိဒ္ဓတ္ထမင်းသားပိုင်စေလို့ ဆုံးဖြတ်တယ်။ အကြောင်းကတော့ ပြုစုစောင့်ရှောက်သူသာ ငန်းကိုပိုင်သင့်ပြီး ညှင်းပန်းနှိပ်စက်သူ မပိုင်သင့်ဆိုတာပါပဲ။

ဒီဇာတ်လမ်းလေးက နုနယ်တဲ့မင်းသားရဲ့ မေတ္တာနဲ့ ကရုဏာကို လှလှပပ ပုံဖော်ပေးပါတယ်။ ဘုရားဖြစ်ပြီးတဲ့ နောက်မှာလည်း မေတ္တာ၊ ကရုဏာရဲ့ ပုံရိပ်တွေက အများကြီးပါ။ အခါတစ်ပါးမှာ တိဿဆိုတဲ့ ဂိလာနရဟန်းကို ဘုရားရှင်ကိုယ်တိုင် ပြုစုပေးခဲ့ပါတယ်။ တိဿရဲ့ရောဂါက ရွံရှာစရာ ပြည်ပုပ်တွေနဲ့ရောဂါပါ။ ဒါကို ဘုရားရှင်က စံပြအနေနဲ့ သန့်ရှင်းပေးခဲ့ပါတယ်။

အခု အရေးအပါဆုံးဖြစ်တဲ့ ပညာကိစ္စကို ကြည့်ကြပါစို့။
လွတ်လပ်ရေးတံခါးတွေကို ဖွင့်ပေးတာ ပညာ၊ ဒုက္ခအားလုံးရဲ့ အဓိကတရားခံ မောဟကို ပယ်သတ်တာ ပညာပါ။

သစ်တစ်ပင်ရဲ့ အကိုင်းအခက်တွေ၊ ပင်စည်တွေကို ဖြတ်တောက်လိုက်ပေမယ့် အမြစ်က ကျန်နေသေးတော့ ဒီသစ်ပင်က ပြန်လည်စည်ပင်လာသလို ကာမဂုဏ်ခွါ တောထွက်ခြင်းနဲ့ လောဘကို နှိမ်နင်းနိုင်တယ်။ မေတ္တာ၊ ကရုဏာနဲ့ ဒေါသကိုနှိမ်နင်းနိုင်တယ်ဆိုပေမယ့် မောဟဆိုတဲ့ အမြစ်ကတွယ်နေသေးတော့ တဏှာနဲ့ ဒေါသက တဖန်ပြန်ပြီး စည်ပင်လာပြန်တယ်လို့ ရှင်းလင်းစွာ ပြသခဲ့တယ်။

အဓိကအကျဆုံးပညာကို ဘာဝနာနဲ့ပဲရနိုင်တယ်လို့ မှတ်သားရင် မှန်နိုင်ပါတယ်။ သကျမုနိအရှင်ရဲ့ ဗုဒ္ဓဝင်အရ စွန်နဲ့ တီကောင်ကိုကြည့်ရင်းနဲ့ သံဝေဂရပြီး ဝင်သက်ထွက်သက်ကို တရားမှတ်လိုက်တာ ပထမဈာန်အထိပင် ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါက ဘုရားရှင်ရဲ့ဘဝမှာ ပထမဆုံးတရားရှုမှတ်တဲ့ သာဓကတစ်ခုပါပဲ။

နောက်တော့ အလောင်းတော်ဟာ တောထွက်ပြီး ပရမတ္တသစ္စာကို ရှာခဲ့တယ်။ ရှေးဦးပိုင်းမှာ အာဠာရ ကာလာမနဲ့ ဥဒကရာမပုတ္တဆိုတဲ့ ဆရာတွေရှိခဲ့တယ်။ ဒီဆရာကြီးနှစ်ပါးဟာ အိန္ဒုယဉ်ကျေးမှုရွှေခေတ်လို့ခေါ်ရင်ရတဲ့ ဘီစီ(၆)ရာစုမတိုင်ခင်ကာလရဲ့ တရားရှုမှတ်ခြင်း၊ စိတ်ကိုထိန်းသိမ်းခြင်းတို့ရဲ့ သာဓကတွေလို့ ပြောရင်ရပါတယ်။

ဆရာနှစ်ဆူဆီကရခဲ့တဲ့တရားက အခိုက်အတန့် အေးငြိမ်းစေနိုင်ပေမယ့် ဒုက္ခကို အမြစ်ဖြတ်မပြစ်နိုင်ဘူးဆိုတာ ဂေါတမအလောင်း သိခဲ့တယ်။ ဒါဟာ အရေးကြီးပါတယ်။ အိန္ဒုယဉ်ကျေးမှုက ပေါက်ပွါးပေးလိုက်တဲ့ ဘာဝနာအမှုဟာ အဆုံးကိုမရောက်လေတော့ ဘုရားရှင်က ဘာဝနာနဲ့ပတ်သက်လို့ ရှေ့အကျင့်ဟောင်းကိုမှီပြီး နယူးဒိုင်မင်းရှင်း ထပ်ဖြည့်ခဲ့ရပါတယ်။ အဲဒီ အမြင်သစ်ဟာ ဗုဒ္ဓဘာသာကို အခြားအခြားသော အိန္ဒိယဂိုဏ်းတွေထဲကနေ ကွဲသွားအောင် ခွဲထုတ်ပေးလိုက်တာပါ။

အကျဉ်းချုပ်ပြောရရင် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူစတဲ့ အိန္ဒိယဘာသာတွေကြားက ခြားနားမှုဟာ ဗုဒ္ဓဘာသာကဆိုလိုက်တဲ့ ဘာဝနာဟာ သူတစ်ခုတည်း အလုပ်မဖြစ်ဆိုတဲ့အချက်ပါ။

ဗုဒ္ဓဘာသာရှုထောင့်အရ တရားထိုင်ခြင်းဟာ ခဲတံချွန်ခြင်းနဲ့တူတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုပါတော့ ခဲတံက ဘာအတွက် ချွန်သလဲ။ စာရေးဖို့ပါ။ ဒီလိုပါပဲ၊ တရားရှုမှတ်ခြင်းမှာလည်း ဦးတည်ချက်ရှိကို ရှိရပါမယ်။ အဲဒါ ပညာပါ။

တရားထိုင်ခြင်းနဲ့ ပညာကို မီးတုတ်အကူအညီနဲ့ ပန်းချီကားကိုကြည့်ခြင်း ဥပမာတင်စားလို့ရပါတယ်။ မှောင်ထဲက ပန်းချီကားကိုကြည့်ဖို့ မီးတုတ်လိုပါတယ်။ မီးတုတ်အလင်းက မကောင်းရင်၊ မီးတုတ်မီးက လေကြောင့် မငြိမ်သက်ရင်၊ မီးတုတ်ကိုင်ထားတဲ့လက်က မငြိမ်ရင် ပန်းချီကားကို ရှင်းရှင်းလင်းလင်း မတွေ့ရဘူး။

ဒီလိုပါပဲ၊ အမှန်တကယ်ဖြစ်နေတဲ့ အဝိဇ္ဖာအမှောင်ကို ဖောက်ခွင်းဖို့အတွက် စိတ်ဓာတ်မခိုင်ရင်၊ စိတ်ပြန့်လွှင့်ရင်၊ သာယာမူးယစ်ခြင်းအနှောက်အယှက်၊ ခံစားမှုပြင်းပြခြင်း အနှောက်ယှက်၊အပေါ်ယံ ပညာရပ်ဆိုင်ရာ အနှောက်အယှက်တွေ ရှိနေရင် မဖြစ်နိုင်တော့ပါဘူး။

ပညာနဲ့ပတ်သက်လို့ နောက်တွေ့ရတဲ့ ဒိုင်မင်းရှင်းတစ်ခုကတော့ အလယ်လမ်းစဉ်ကို တွေ့ရှိခဲ့ခြင်းပါ။ အလယ်လမ်းစဉ်ဆိုတာ ဗုဒ္ဓဘာသာရဲ့နှလုံးသည်းပွတ်ပါ။ အဓိပ္ပါယ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာဆွေးနွေးလို့ မလုံလောက်နိုင်ပါဘူး။

မှန်တာပေါ့၊ ဗုဒ္ဓဝင်ထဲမှာ အခြားတန်ဖိုးရှိတဲ့ အချက်အလက်တွေ အများကြီးရှိမယ်။ ဒါပေမယ့် ကျွန်တော် ဆွေးနွေးလိုတာက ဝိဇ္ဖာ၊ စရဏနဲ့ ပတ်သက်တဲ့ သင်ခန်းစာယူမိဖို့ပါ။ နာမည်တွေ၊ မြို့ပြတွေနဲ့ပြည့်နေတဲ့ ဗုဒ္ဓဝင် မဟုတ်စေချင်ပါဘူး။ ဒါမှ ဘုရားရှင်ကို စံပြထားပြီး အတူလိုက် ကျင့်နိုင်ကြမှာပါ။ ဒီလို သဘောပေါက်မှလည်း ဘုရားရှင်ကို ပိုပြီးသဘောပေါက်စွာ နားလည်ကြည်ညိုနိုင်မှာပါ။ တကယ်တော့ ဗုဒ္ဓဝင်ဟာ ကာမဂုဏ်ခွါ၊ မေတ္တာ၊ ကရုဏာနဲ့ ပညာ ဒီသုံးမျိုးပါ။

Peter Della Santina-



ဆုထားမျက်ချယ်

မြန်မာ နှင့် ဘားမား

မြန်မာ နှင့် ဘားမားကလည်း လိပ်ခဲ တည်းလည်း ရှိနေဆဲဖြစ်ဟန်တူသည်။ ကမ်းလက်ပေါ် တက်လာသည့် ဖေစ့်ဘွတ် လိပ်စာ များတွင်ကား မြန်မာဟု သိပ်မတွေ့ရ ဘားမားဟုသာ တွေ့နေရသည်။ ထိုအချက်ကို ထောက်ဆပြီးလူငယ်များကြားတွင် အဖွဲ့ချုပ်က သိသိသာသာ အသာစီး ရနေသည်ဟု သွယ်ဝိုက်၍ ကောက်ချက် ချနိုင်သည်။ ထို့ကြောင့် လက်လှမ်းမှီသမျှ မြန်မာ ဘားမား  နှင့် ပတ်သက်ပြီး သဲလွန်စ ရှာကြည့်မိသည်။

ဆဋ္ဌသင်္ဂါယနာ ပါဠိတော်စာအုပ်ကြီးများ နိဒါန်း၌ကား မရမ္မ ရဋ္ဌ ဟုတွေ့ရသည်။ ဦးနု၏ အစိုးရ လက်ထက်က ပေးသော နာမည် ဖြစ်ဟန်တူသည်။ မှားက ပညာရှင်တို့ ထောက်ပြကြပါစေ။

သို့သော်ရှေးကျသောတွေ့ရှိမှု အထာက်အထားများ အရ
 ဗြဟ္မဒေသ (Brahma Desh ) ဗမာနိုင်ငံ
 ဗြဟ္မ= မြင့်မြတ်သော။ ဒေသ= နေရာ၊ တိုင်း၊ နိုင်ငံ။  ဗြဟ္မဒေသ ကို  ဗြဟ္မာ့ပြည် ဟုတော့ မပြန်ဆိုသင့်။

ဤစကားကို အရမ်းကာရော ပြောသည်ဟု မမှတ်ထင်စေလိုပါ။ အိန္ဒိယန်းများ ရေးသားထားသည့် ကျမ်းစာအချို့၌ ဗမာ နိုင်ငံကို ဖော်ပြရာ( ဗြဟ္မဒေသ ) ဟု ကွင်းစ ကွင်းပိတ်များဖြင့် ပြတတ်သည်။ အဓိပ္ပါယ် ထိမိလှသလို ဖြစ်နိုင်ခြေလည်း ရှိသည်ဟု ယုံကြည်မိသည်။ မြန်မာ နိုင်ငံသည် အိန္ဒိယ တရုတ်  နိုင်ငံကြီး နှစ်ခု ကြား၌ တည်ရှိသည် မှန်သော်လည်း ပုဂံခေတ်မှ စ၍  မြန်မာတို့ ယဉ်ကျေးမှု၊ ဘာသာစကား နှင့် ဘာသာတရား အပေါ် အိန္ဒိယ လွှမ်းမိုးမှုက များခဲ့သည်။ ပါဠိ ဘာသာစကား လွှမ်းမိုးမှုက များခဲ့သည်။ ဗူးသီးပေါင်းကြော် လွှမ်းမိုးမှု မရှိ။

မြို့ ရွာ အမည်များကို မှည့်ခေါ်ရာတွင် သထုံခေတ်၌ သုဝဏ္ဏ ဘုမ္မိ၊ ပုဂံခေတ်ဦး၌ အရိမဒ္ဒန၊ တမ္ပဒီပ စသော ပါဠိ ဝေါဟာရများ ကို တွင်တွင်သုံးစွဲခဲ့သည်။ ထိုယဉ်ကျေးမှုက ကုန်းဘောင်ခေတ် အထိ ရှိနေဆဲဖြစ်သည်။ ရတနာပူရ ( ရတနာပုံ၊ ရွှေမန္တလေး ) ၊ အမရပူရ ( အမရပုံ ) ဟု မခေါ်ကြ၊ တောင်မြို့ ဟု ခေါ်ကြသည်။ ((( ဘာမှန်း မသိ၊ မစဉ်းစားတတ်။ ရတနာပူရ ကို  ရတနာပုံဟု ခေါ်လျှင် အမရပူရကိုလည်း  အမရပုံဟု ခေါ်သင့်သည်။ )))

ယင်းတို့ကို ထောက်ဆလျှင် ယခု ဗမာ ဟူသော ဝေါဟာရသည် လူမျိုးကို ခေါ်ဝေါ်သော အမည်ထက် ဒေသကို  ခေါ်ဝေါ်သောအမည် ဖြစ်ကြောင်း ယူဆနိုင်သည်။
Asoka, The Great  ဟူသော စာအုပ်၌ ဗမာနိုင်ငံကို  Brahma Desh (  ဗြဟ္မဒေသ ) ဟု အတိအလင်း သုံးစွဲထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဗမာ၏ ဝေါဟာရကို ခြေရာခံကြည့်ရာ Brahma Desh  (  ဗြဟ္မဒေသ ) ကသာ သဘာဝကျပြီး ဤအမည်သည် ဗြိတိရှတို့က မြန်မာကို အသံမထွက်တတ်သောကြောင့် Burma ဟု အသံထွက်ခဲ့သည်ဟူသော ပါးစပ် ရာဇဝင်စကားကို ပြန်လည် သုံးသပ် သင့်ကြပေပြီ။

Brahma မှ Burma ဖြစ်လာသည်။ ဤ အထောက်အထားတို့ အရ Burma က လှသည်။ ခန့်သည်။ မဟာဆန်သည်။ မြန်မာကြီးက ဘာတွေက မြန်ပြီး ဘာကြီးက မာနေသည် မသိ။ အနည်းငယ် ( များများလည်း ဖြစ်ဖွယ်ရှိ ) မော်ဒန်နိုက်ဇ် ဖြစ်လွန်း၏။


သီဟနာဒ

No Entry ၊ No Exit

(No Entry @ No Exit)
ပထမလူ ။        ။ တော်တော်ဆိုးတဲ့ လူတွေဗျာ။ တံခါးတွေအားလုံး ပိတ်ထားကြတယ်။ ဝင်ခွင့်မရှိ၊ နိုး အင်ထရီတဲ့။
ဒုတိယလူ ။        ။ သူတို့ကို ကျေးဇူးတင်လိုက်ပါဗျာ။
ပထမလူ ။        ။ ဘာ့ကြောင့် ကျေးဇူးတင်ရမှာလဲဗျ။
ဒုတိယလူ ။        ။ တချို့လူတွေက အားလုံးကို အထဲထဲ ထည့်ပြီး သော့ပိတ်ထားကြတာဗျာ။ 
                         ထွက်ခွင့် မရှိ။ No Exit တဲ့။ အဲ့ဒါကမှ ပိုဆိုးတာ။


ဇင်ဝေသော်

စီးပွားရေး ပဉ္စလက် ( ၄ )

စီးပွားရေးကို မြန်နိုင်သမျှ မြန်အောင်လုပ်၊ ပြီးတော့ ရအောင်ထိန်းပေါ့။ တိုးတက်အောင် လုပ်လို့ ရပါလျက်နဲ့ မလုပ်ခဲ့ဘူးဆိုရင်တော့ ငါတို့က အရူးတွေပေါ့။ စင်္ကာပူလူမျိုးတချို့က စီးပွားရေး နှေးကွေးတာရဲ့ အပြစ်ကို မသိကြဘူး။ စီးပွားရေးနှေးကွေးနေရင် အလုပ်တွေလျော့၊ လစာတွေလည်း လျော့သွားတယ်။ အကုန်လျော့သွားတာ။

မေး ။     ။ လူတွေ ပြောနေကြတာက စီးပွားရေး အတက်အကျ ဟန်ချက်ပျက်နေတဲ့ အကြောင်းပါ။ အနောက်က သုညအဆင့်လောက်အထိ ကျဆင်းသွားပြီး အရှေ့က နိုင်ငံတချို့က မှတ်တမ်းတင်ရလောက်အောင် ထိုးပြီးတက်နေတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ မစ္စတာလီရဲ့အမြင်က ဘယ်လိုပါလဲ။ စီးပွားရေးကဏ္ဍကြီး ဖရိုဖရဲ ဖြစ်သွားနိုင်မလား။ ကမ္ဘာတစ်ဝှမ်းလုံး ဒေသဆိုင်ရာ နိုင်ငံရေးပါဝါတွေ အကြီးအကျယ် ပြဿနာတက်သွားလောက်သလား။

ဖြေ ။    ။ အနောက်နိုင်ငံတွေရဲ့စီးပွားရေး သုညလောက်အထိ ထိုးကျသွားတယ်လို့တော့ ငါ မထင်ဘူး။ ဂျာမဏီဆိုရင် ၃/၄ ရာခိုင်နှုန်းလောက်အထိ ပုံမှန်ပဲ တက်နေတာပဲ။ ၂၀၁၀ - ခု၊ စက်တင်ဘာလတုန်းက အမျိုးသားနည်းစနစ်နဲ့ စီးပွားရေးလေ့လာမှုအဖွဲ့ ခန့်မှန်းချက်အရ ၂၀၁၀ - မှာ ပြင်သစ်ရဲ့ စီးပွားရေး ၁.၆ ရာခိုင်နှုန်း တက်လာမယ်လို့ ဆိုကြတယ်။ ဖွံ့ဖြိုးစ စီးပွားရေးတွေ ချက်ချင်းကြီး တိုးတက်လာတယ်ဆိုတာက သူတို့က ကုန်ထုတ်မှု ကုန်ကျစရိတ်နည်းတာ၊ လူဦးရေများတာ၊ ငတ်မွတ်နေတဲ့ ဒေသတွင်း ဈေးကွက်ထဲကို ရုတ်တရက် ဝင်လိုက်တာမို့ပါ။ ဒီတော့ စီးပွားရေး အတက်အကျ ဟန်ချက်ပျက်နေတာက ရာစုအထိ မကြာဘူးဆိုရင်တောင်မှ ဆယ်စုနှစ် တော်တော်များများတော့ ကြာမယ့် သဘောပါပဲ။
ဒါတွေကြောင့် ဘာဖြစ်လို့ ကမ္ဘာ့ဂျီအိုပေါ်လစ်တစ်က အခက်တွေ့နေရမှာတုန်း။

မေး ။     ။ ငွေကြေးစစ်ပွဲ (Currency War) နဲ့ ပတ်သက်ပြီး မစ္စတာလီရဲ့ မှတ်ချက်ကို သိပါရစေ။

ဖြေ ။    ။ ငွေကြေးစစ်ပွဲအကြောင်းက အနောက်တိုင်း မီဒီယာတွေ ဖွထားတာပါ။ အဓိကပြဿနာက တရုတ်ပြည်ရဲ့ ငွေလဲလှယ်နှုန်းက အရင်အတိုင်းပဲ ရှိနေတော့ အမေရိကန်ဒေါ်လာဈေး ကျသွားတယ်။ တရုတ်ငွေက ဒီ့ထက်နည်းနည်းမှ နှုန်းထားမတိုးလာဘူးဆိုရင် တရုတ်အစိုးရနဲ့ အမေရိကန်အစိုးရကြားမှာ ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်။

မေး ။     ။ ဒီ ဈေးကွက်ဟန်ချက်ပျက်နေမှုကို အခြေခံပြီး တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေး ဘယ်လို ရှိလာနိုင်မလဲ။

ဖြေ ။    ။ အမေရိကန်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ တရုတ်မှာ အမြဲတမ်း ပြဿနာ ရှိနေလိမ့်မယ်။ အမေရိကန်တွေက တရုတ်ဟာ လာမယ့် နှစ် (၂၀) အတွင်း ပြည်တွင်းထုတ်လုပ်မှုကဏ္ဍမှာ သူတို့ကို ကျော်တက်လာနိုင်တယ်လို့ မြင်ထားကြတယ်။ အင်တာနေရှင်နယ်အရေးမှာ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြားမှာ အမေရိကန်တို့အသံတွေ ပိုကျယ်လာလိမ့်မယ်။

မေး ။     ။ စင်္ကာပူရဲ့ စီးပွားရေးအကျပ်အတည်းက ထွက်လာနိုင်တာနဲ့ ပတ်သက်လို့ အံ့ဩတကြီး ဖြစ်မိပါသလား။ ဒီအတွက် စီးပွားရေးပေါ်လစီ ချမှတ်သူတွေကို ဘယ်လောက် ဂုဏ်ပြုသင့်ပါသလဲ။ ပြီးတော့ ကမ္ဘာ့စီးပွားရေးကပ်ကနေ ထွက်လာနိုင်တဲ့ တက်သစ်စ စီးပွားရေးတွေကို ဘယ်လို ချီးကျူးသင့်ပါသလဲ။ အထူးသဖြင့်တော့ အာရှနိုင်ငံတွေပေါ့။

ဖြေ ။    ။ စင်္ကာပူ စီးပွားရေးကပ်က ထွက်လာနိုင်ခဲ့တဲ့ အမြန်နှုန်းက ငါ ခန့်မှန်းထားတာထက် နည်းနည်းပဲ ပိုသာတယ်။ စင်္ကာပူရဲ့ဘဏ်တွေ၊ အခြေခံအဆောက်အဦးတွေက ဘာမှ မဖြစ်ဘူး။ အာရှရဲ့စီးပွားရေးလှေတွေကို ဆယ်ယူနိုင်တဲ့ တက်သစ်စဆိုတာနဲ့ ပတ်သက်လို့တော့ ငါမသိဘူး။ တရုတ်နဲ့ အိန္ဒိယက သူတို့အိမ်နီးချင်းတချို့ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်။ အားလုံးကိုတော့ မဟုတ်ဘူး။

မေး ။     ။ စီးပွားရေးခန့်မှန်းမှုကော်မတီတွေက ရဲရဲတင်းတင်း ထုတ်ပြန်ထားတဲ့ ခန့်မှန်းခြေတွေ ရှိပါတယ်။ အဲ့ဒီအထဲမှာ တစ်ခုကတော့ လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဒေါ်လာသန်းတစ်ရာအထက် ပိုပြီး လည်ပတ်လာမယ့် SME တွေ တစ်ထောင်ကျော်အထိ တိုးပွားလာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီအချက်ကို အခြေခံပြီး စင်္ကာပူရဲ့ စီးပွားရေးမောင်းနှင်အားတွေ ဖြစ်ကြတဲ့ MNC တွေကို မစ္စတာလီရဲ့ အမြင်တွေ ပြောပြလိုက်ရင် မကောင်းဘူးလား။

ဖြေ ။    ။ ငါတို့ SME တွေ တိုးတက်လာဖို့ တို့ ကြိုးစားသင့်တာပေါ့။ တဖြည်းဖြည်းနဲ့ သူတို့ထဲက တချို့ဟာ ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ပြိုင်နိုင်ပြီး စင်္ကာပူပိုင် MNC တွေ ရလာနိုင်တာပေါ့။

မေး ။     ။ စီးပွားရေးကပ်ဆိုက်၊ ပြီးတော့ ပြန်ကောင်းလာ။ ဒါပေမယ့် လူတွေက ဒီသင်္ခန်းစာကို အလွယ်တကူပဲ မေ့ပစ်လိုက်ကြတယ်လို့ ပြောနေကြတယ်။ ဒီစီးပွားရေးကပ်ကနေ စင်္ကာပူလေ့လာသင့်တဲ့ သင်္ခန်းစာတွေက ဘာတွေပါလဲ။ ပြီးတော့ ဘယ်ဟာကဖြင့် မဖြစ်မနေ ပြောင်းလဲရမယ့် အချက်လို့ ထင်ပါသလဲ။

ဖြေ ။    ။ ဒီစီးပွားရေးကပ်ဆိုက်မှုကနေပြီး စင်္ကာပူ ယူနိုင်တဲ့သင်္ခန်းစာ တစ်ခုမှ မရှိဘူး။ စီးပွားရေးကပ်တိုင်းမှာ မတူညီတဲ့ အကြောင်းတရားတွေကို အခြေခံနေတာချည်းပဲ။ ပုံသေကားချ တွက်ဖို့ လုံးဝ မလွယ်ဘူး။

မေး ။     ။ Integrated resorts က မစ္စတာလီ မျှော်လင့်ထားတာထက် ပိုပြီးများ အကျိုးသက်ရောက်မှု ရှိပါသလား။ ဒါ့ကြောင့် ဖြစ်လာမယ့် အပြစ်တွေအတွက်ရော မစိုးရိမ်မိဘူးလား။ ပြီးတော့ စင်္ကာပူရဲ့ စီးပွားရေးအတွက် ဒီလို စီမံကိန်းကြီးမျိုး ရှိပါသေးသလား။ ရှိရင် ဘယ်လို စီမံကိန်းမျိုးပါလဲ။

ဖြေ ။    ။ Integrated resorts ဆီက မျှော်လင့်တာက နိုင်ငံခြားသား များများလာဖို့နဲ့ ကာစီနိုနဲ့ နှစ်ခုကနေ ဝင်ငွေ တိုးလာဖို့ပဲ။ ဒါ့ကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေအတွက်တော့ အတက်နိုင်ဆုံး ကာကွယ်ပေးထားတာပဲ။ စင်္ကာပူလူမျိုးနဲ့ စင်္ကာပူ အမြဲနေထိုင်ခွင့်ရသူတိုင်းအတွက် ဝင်ကြေး ဒေါ်လာတစ်ရာ တောင်းထားတယ်။ လောင်းကစားနဲ့ ပတ်သက်ပြီး အကျင့်ပျက်ရှိတဲ့ လူတစ်ယောက်ကို ဘယ်သူ့မိသားစုဝင် တစ်ယောက်ယောက်နဲ့မှ အတူမလာဖို့ တားမြစ်ထားတယ်။ ဒါပေမယ့်ကွာ ခန့်မှန်းမထားတာလေးတွေလည်း ဖြစ်လာနိုင်တာပေါ့။

စင်္ကာပူစီးပွားရေးအတွက် စီမံချက်ကြီးတွေကတော့ ရှိနေမှာပေါ့။ အချိန်သာ အတိအကျ ပြောလို့မရတာ။

မေး ။     ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီအသံတွေ မကြားခဲ့ရဘူး။ အခုပြောနေကြ၊ ဝေဖန်နေကြတာက စင်္ကာပူရဲ့ စီးပွားရေးတက်နှုန်းက သိပ်မြန်လွန်းနေတယ်။ ဒီအတွက် ပြန်ပေးရတဲ့ လျော်ကြေးက နိုင်ငံခြားသား အလုပ်သမားတွေ၊ နိုင်ငံခြားသားပညာရှင်တွေ အများကြီး ခေါ်ယူထားရတယ်။ သူတို့နဲ့ ပတ်သက်ပြီး လူမှုရေးပြဿနာတချို့ ရှိလာတယ်။

အစိုးရရဲ့ ချမှတ်တဲ့မူလို့ ထင်ရတဲ့ ဒီ "စီးပွားရေးတိုးတက်မှု မြန်နိုင်သမျှမြန်" ဝါဒဟာ ရေရှည်မှာရော ထိန်းထားနိုင်ပါ့မလား။

ဖြေ ။    ။ စီးပွားရေးကို မြန်နိုင်သမျှ မြန်အောင်လုပ်၊ ပြီးတော့ ရအောင်ထိန်းပေါ့။ တိုးတက်အောင် လုပ်လို့ ရပါလျက်နဲ့ မလုပ်ခဲ့ဘူးဆိုရင်တော့ ငါတို့က အရူးတွေပေါ့။ စင်္ကာပူလူမျိုးတချို့က စီးပွားရေး နှေးကွေးတာရဲ့ အပြစ်ကို မသိကြဘူး။ စီးပွားရေးနှေးကွေးနေရင် အလုပ်တွေလျော့၊ လစာတွေလည်း လျော့သွားတယ်။ အကုန်လျော့သွားတာ။

စီးပွားရေး သက်သက်နှေးအောင်လုပ်ပြီး မင်းလစာ အဖြတ်ခံမလား။ ဒါဆို မင်းအရူးပေါ့။ မဟုတ်ဘူးလား။ တိုးတက်အောင်လုပ်လို့ ရတယ်။ မင်းက မလုပ်ဘူး။ ဒါဆို တစ်ခုခု မှားနေပြီပေါ့။

မေး ။     ။ တချို့ စင်္ကာပူးရီးယန်းတွေက နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး လူမှုရေး၊ စီးပွားရေးတွေ တက်ရတာတွေကို သိပ် သဘောမကျကြဘူး။ ဒီလိုဆိုရင်တော့ စီးပွားရေးနှေးကွေးနေတာကမှ တော်သေးတယ်လို့တောင် ပြောနေကြတယ်။

ဖြေ ။    ။ ကောင်းပြီ။ ဒါဆို တို့လူမျိုးတွေက ဘာ့ကြောင့် မကျေမနပ် ဖြစ်နေရတာလဲ။ MRT တွေ၊ ဘက်(စ်)ကားတွေပေါ်မှာ နိုင်ငံခြားသားတွေနဲ့ ပြည့်နေလို့။ ဒီလိုနဲ့ တို့လူမျိုးတွေက နိုင်ငံခြားသားတွေဟာ သူတို့နေရာကို ဝင်လုနေကြတယ်လို့ထင်ပြီး မကျေမနပ် ဖြစ်နေကြတာ။ စင်္ကာပူလူမျိုးတွေ ဆေးဆိုင်သွားမယ်၊ ကော်ဖီဆိုင် သွားမယ်။ အဲ့ဒီမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမားက အင်္ဂလိပ်စကား မပြောတတ်ရင် မကြိုက်ကြဘူး။ ဆိုပါတော့ အဲ့ဒီဆိုင်တွေမှာ နိုင်ငံခြားသားတွေ မရှိဘူး။ ဒါဆို သူတို့စားစရာတွေ ဘယ်သူ လာချပေးမှာလဲ။ သူတို့စားထားတဲ့စားပွဲကို ဘယ်သူ သန့်ရှင်းရေး လုပ်မှာလဲ။ ကော်ဖီဆိုင်တွေကော ဆက်ဖွင့်နိုင်ဦးမလား။

အမှန်တော့ ငါတို့လူမျိုးတွေက စီတီဇင်အသစ်တွေကို ကြည့်ပြီး "သူတို့ကလေးတွေက ငါတို့ကလေးတွေရဲ့ ကျောင်းတွေ၊ စကောလားရှစ်တွေ၊ အလုပ်တွေကို လုယူကြတော့မှာ" လို့ ပြောနေကြတာ။ စီတီဇင်အသစ်တွေရဲ့ ကလေးတွေက တအားကြိုးစားကြတာ။ သူတို့ စင်္ကာပူရောက်စက အင်္ဂလိပ်လို သိပ်မတတ်ကြဘူး။ လေးငါးနှစ်လည်း ကြာရော အဲ့ဒီကလေးတွေက အတန်းထဲမှာ ထိပ်ရောက်သွားကြတယ်။

ဒီ့အပြင် နိုင်ငံခြားသား အလုပ်သမား အများစုဟာ ဝါ့(ခ်)ပါမစ်သမားတွေ၊ အလုပ်ကြမ်း လုပ်ကြရတယ်။ ပြီးတော့ သူတို့က PR ဖြစ်ဖို့၊ စီတီဇင်ဖြစ်ဖို့ အဆင့် မမီဘူး။ ဒီတော့ သူတို့ တွေးပူတာက ဒီ အလုပ်ကြမ်းသမားတွေကြောင့် လုံခြုံရေးနဲ့ လူမှုရေးပြဿနာတွေ ဖြစ်မှာကိုပဲ။ သူတို့က သူတို့ကို မှီခိုမယ့်သူတွေကိုလည်း ခေါ်ခွင့်မရှိဘူး။

တို့လူမျိုးတွေ အမှန်တကယ် မပျော်မရွှင် ဖြစ်နေတာက စီတီဇင်အသစ်တွေရဲ့ ကလေးတွေနဲ့ သူတို့ကလေးတွေကြားက အားပြိုင်မှုပဲ။

မေး ။     ။ နိုင်ငံခြားသားတွေက အလုပ်တွေ၊ ကျောင်းနေရာတွေ ဝင်ယူတဲ့ကိစ္စကို အသာထားပြီး နောက်ပြဿနာတစ်ခုက ဈေးနှုန်းချိုတဲ့ နိုင်ငံခြားသား လုပ်သားတွေက ဝင်ငွေနည်းသူတွေကို သွားပြီး ထိခိုက်စေတယ်။ ဒီလိုနဲ့ လူချမ်းသာ၊ လူဆင်းရဲ ကွာဟမှုက ပိုပြီး ကျယ်ပြန့်လာတယ်။

ဖြေ ။    ။ ဒါက တစ်ကမ္ဘာလုံး ဖြစ်နေတဲ့ကိစ္စပဲ။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ပထမအဆင့်မှာ သန်းပေါင်းများစွာရှိတဲ့ အလုပ်သမားတွေကို ဈေးချိုချိုနဲ့ ခိုင်းလို့ရတယ်။ ဒါက ဒီအတိုင်းပဲ အမြဲ ဖြစ်နေမလား။ နောက် အနှစ် (၃၀) ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေဟာ ပိုပြီး ပညာတတ်၊ ပိုပြီး လစာကောင်းလာတော့မယ်။ တရုတ်ပြည်ရဲ့ ပညာရေးစစ်တမ်းမှာ ပညာမတတ်သူဦးရေ တစ်နှစ်ထက်တစ်နှစ် လျော့လျော့လာနေတယ်။ သူတို့အဆင့်အတန်းကို သူတို့ မြှင့်လာကြပြီ။ ပြီးတော့ သူတို့နဲ့တန်တဲ့အဆင့်ကို ရောက်သွားကြလိမ့်မယ်။ ငါ ဆိုလိုတာက ဒီနေ့တရုတ်ပြည်နဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က တရုတ်ပြည်ကို နှိုင်းယှည်ကြည့်။ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင် အရေအတွက်ကိုကြည့်။ တက္ကသိုလ်ရောက်တဲ့ အရေအတွက်ကိုကြည့်။ ကြာလာရင် ဝင်ငွေခြားနားမှုက တစ်သက်လုံး ကွာဟနေမှာ မဟုတ်ဘူး။

ဝင်ငွေများသူနဲ့ နည်းသူတွေကြားမှာ သူတို့လက်ခံနိုင်လောက်တဲ့ အနေအထားမျိုး ရောက်အောင် ဟန်ချက်ထိမ်းထားရတယ်။ ဝင်ငွေ သိပ်ကောင်းတဲ့လူဆီက အခွန်တွေ နင်းကန်ယူနေရင် သူက ထွက်သွားမှာ။ ဘာလို့ နေမှာတုန်း။ နိုင်ငံခြားသားတွေဆိုရင် သေချာပေါက် လစ်မှာပဲ။ အခွန်တွေ တိုးတောင်း၊ ဒီလူတွေက ဟောင်ကောင်စတဲ့ အခြားတစ်နေရာရာကို သွားနေ၊ ပြီးရင် မကောင်းပြောနေကြမှာပေါ့။

ငါတို့လူမျိုးတချို့တောင် ဒီလောက် အခွန်မပေးရတဲ့နိုင်ငံကို သွားမယ်ဆိုတာမျိုးတွေ ပြောနေကြပြီ။ ဒီတော့ ဒီဟန်ချက်ကို ညီအောင်ထိမ်းထားမှ ရမယ်။ စင်္ကာပူတိုးတက်ဖို့ သူတို့လိုတယ်။ သူတို့ကိုလည်း ခံစားခွင့်ပေးထားမှ သူတို့က ကျေကျေနပ်နပ်နဲ့ အလုပ်လုပ်ကြမှာပေါ့။

ပြီးတော့ အရေးကြီးတဲ့ကဏ္ဍတွေမှာ သုံးစွဲနိုင်ဖို့ ဘက်ဂျက်ညီအောင် ညှိရတာတွေလည်း ရှိလာပြန်တယ်။ ရေခွန်၊ မီးခွန်တွေ၊ ဝန်ဆောင်မှုအခွန်တွေ၊ ပညာရေး၊ ကျန်းမာရေး၊ အိမ် - စတာတွေ အများကြီးပေါ့။ ဒီထက်ပိုပြီး အရေးကြီးတာက လာမယ့်မျိုးဆက်တွေအတွက် ပိုပြီး ညီညီမျှမျှ ဖြစ်နိုင်ဖို့ လုပ်ပေးရတယ်။

ဘယ်သူ၊ ဘယ်ကျောင်းသားမှ နောက်ကျ ကျန်နေခဲ့တာ မဖြစ်စေရဘူး။ မင်းမိသားစုက ဘာပဲဖြစ်နေနေ တစ်ယောက်ယောက်၊ အဖွဲ့အစည်းတစ်ခုခုက မင်း ရသင့်ရထိုက်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ အပြည့်အဝရဖို့ ကူညီနေကြမှာပဲ။ ဒီကြားထဲ မင်း ကိုယ်တိုင်ကျောင်းထွက်တာ၊ ကျောင်းက အထုတ်ခံရတာတွေ ဖြစ်လာရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့။ သိပ်တော့ မရှိတော့ပါဘူး။ မိဘတွေကလည်း သဘောပေါက်လာကြပြီ။ သူတို့အိမ်နီးချင်းကလေးတွေက ပညာတွေတတ်လို့ လစာတွေကောင်း၊ အိမ်ကောင်းကောင်းတွေမှာ ရွေ့ပြီနေ - စတာတွေ တွေ့နေကြရပြီလေ။

ပြီးရင် အိမ်ဈေးတွေ တက်လာလိမ့်မယ်လို့ ငါတို့က တွက်ဆထားတော့ သူတို့ အနားမယူခင် အိမ်ဝယ်နိုင်အောင် ထိုက်သင့်တဲ့ငွေပမာဏကိုလည်း ထုတ်ချေးပေးရတယ်။ သူတို့ဝယ်စဉ်က ဒေါ်လာ နှစ်သိန်းလောက် ကျမယ်ဆိုရင် သူတို့လည်း အနားယူရော အဲ့ဒီအိမ်က ဒီထက် အများကြီး ပိုတန်သွားပြီ။ အိမ်မြေဈေးတွေက တန်းဖိုး တက်ကိုတက်နေရမယ်။ ဘာ့ကြောင့်လည်းဆိုရင် စီးပွားရေးကလည်း တက်နေတယ်။ အစိုးရကလည်း အခြေခံအဆောက်အအုံတွေနဲ့ လူ့ပတ်ဝန်းကျင်ကို ပိုကောင်းအောင် ပုံမှန် လုပ်ဆောင်ပေးနေလို့။

တို့မှာ မြေပေါ်မြေအောက် ရထားတွေ ပိုပို များလာလိမ့်မယ်။ လှပတဲ့ ဥယျာဉ်ပန်းခြံတွေ၊ ရေမြောင်းတွေ များလာမယ်။ ဒါက တိုးတက်လာတဲ့ နိုင်ငံတော်ဆီက လူတိုင်းလူတိုင်း ခံစားရအောင်လို့ တမင် ရွေးချယ်ချမှတ်ထားတဲ့ အစိုးရရဲ့ ပေါ်လစီပဲ။

မေး ။     ။ လူတန်းစား၊ အရည်အချင်းကွာခြားမှုက တခြားနိုင်ငံတွေနဲ့စာရင် စင်္ကာပူမှာက ပိုများနေတယ်။ ဥပမာ ... ဂျပန်။ သူတို့က နိုင်ငံခြားသားတွေ အများကြီး ဝင်ခွင့်ပြုတဲ့ တံခါးဖွင့်ဝါဒကို မကျင့်သုံးကြဘူး။

ဖြေ ။    ။ မှားနေပြီ။ ဂျပန်က ငါတို့ယူတဲ့ မော်ဒယ် မဟုတ်ဘူး။ ဂျပန်မှာ အခက်အခဲတွေ ဖြတ်စရာ ရှိတယ်။ ကလေးမွေးဖွားနှုန်း လျော့ကျမှု၊ သက်ကြီးရွယ်အိုတွေ ပိုများလာမှုတွေ ရှိတယ်။ သူတို့က နိုင်ငံခြားသား လက်မခံချင်ဘူး။ ရှင်နိုဖိုဘစ်ရှိတယ်။ သူတို့ ဒုက္ခ အကြီးအကျယ် တွေ့ဦးမယ်လို့ ငါ ထင်တယ်။

ဘာ့ကြောင့်များ မင်းက ဂျပန်နဲ့ သွားနှိုင်းရတာလဲ။ လူ့အဖွဲ့အစည်း၊ လူ့ယဉ်ကျေးမှု တခြားစီ၊ ငါတို့နဲ့တူတာ ဘာမှ မရှိဘူး။ နှိုင်းခြင်းနှိုင်းရင် စင်္ကာပူကို ဟောင်ကောင်၊ ကွာလာလမ်ပူ၊ မနီလာ၊ ဂျကာတာတို့နဲ့ နှိုင်းသင့်တယ်။ ဒါမှ ငါတို့ ပတ်ဝန်းကျင်ရယ်။


ဇင်ဝေသော်
Zin Wai Thaw

ခြားနားချက်


မေး ။   ။ နေဝင်း၊ သန်းရွှေ အစိုးရနဲ့ ဓားပြ ဘာကွာပါသလဲ။
ဖြေ ။   ။ အင်း ၊ တစ်ခုတော့ ရှိတယ် ဓားပြက wanted လေ။ 


ကမ်းလက်

Hard talk ( to keep Burma going )

ကျန်တာတွေတော့ မသိဘူး၊ သမ္မတကြီးကတော့ ဘီဘီစီ နဲ့ Hard talk အင်တာဗျူး ပြီးကတည်းက မီဒီယာ မကြောက်တော့ဘူးလို့ ဆိုပါတယ်။
" I now encourage them not to be afraid of media as I'm not afraid." တဲ့။
ရိုဟိန်ဂျကိစ္စကိုလည်း ဆုံးဖြတ်သင့်တာကို ဆုံးဖြတ်ရတဲ့အကြောင်း Hard talk လုပ်သွားတယ်။
ရုံးဖွင့်ခွင်ကိုတော့ ပိတ်၊ အထောက် အပံ့ကို လက်ခံ။ သူတို့ ကျွေးမွေးစားရိတ်က တစ်နေ့ကို ( မြန်မာကျပ်ငွေနဲ့တောင် မပြောတော့ဘူး အဆင့် မြင့်သွားချက်က ) အမေရိကန် ဒေါ်လာ တစ်သောင်း ကုန်တယ် တဲ့။
ထားပါ။ အခုတလော သတင်းထူးတွေ ကြား ကြားနေရတယ်။

၁ ။ နိုင်ငံ ခေါင်းဆောင် အသံတိတ် ရုပ်ရှင်ကား မဟုတ်တော့။
၂ ။ သတင်းစာကလည်း အဖြူ အမည်း ရုပ်ရှင်ခေတ် ကုန်ပြီ။
၃ ။ လီကွမ်းယု Hard truths လောက်တော့ ပျင်းတောင် ပျင်းသေး၊ Hard talk တွေ လာပြီ။  ။


ဝါရှင်တန်လေး သိန်းစိန်လေး
ကလေးရဲ့ မွေးနေ့မှာ အဖေဖြစ်သူက ပုဆိန် လက်ဆောင်ပေးတယ်။ ကလေးက  မွေးနေ့ လက်ဆောင် ပုဆိန်နဲ့ သူ့ အဖေစိုက်ထားတဲ့ သစ်ပင်လေးကို ခုတ်ဖြတ်ချလိုက်တယ်။ ဒါကိုတွေ့ရတော့ ဒေါသတကြီးနဲ့ အဖေက သားကိုမေးတယ်။
" ဒါ ဘယ်သူ လုပ်တာလဲ " 
မျက်နှာငယ်လေးနဲ့ သားက " ကျနော် ပါ " တဲ့။
ဒီတော့ သူ့ အဖေ အပူလုံးကြီး ကျသွားတယ်။
" သစ်ပင်က ပြန်စိုက်လို့ရတယ်၊ ဝမ်းသာစရာက ကြောက်နေတာတောင် ငါ့သားက လိမ်မပြောဘူး " ဆိုပြီး အဖေက သားကို ဂုဏ်ပြုတဲ့ အနမ်း တစ်ခု ပေးလိုက်တယ်။
ကလေး ကြီးလာတော့ အမေရိကန် သမ္မတကြီး ဂျော့ (ဂ်ျ ) ဝါရှင်တန် ဖြစ်လာတယ် တဲ့။


ဝါရှင်တန် လာတော့ ရပ်ကွက် ငြိမ်တယ်
ဂျော့ (ဂ်ျ ) ဝါရှင်တန် အမည်ရတဲ့ အမေရိကန် ရေတပ်သင်္ဘောကြီး တရုတ်နဲ့ ဂျပန် လုနေတဲ့ အရုပ်ဆိုးဆိုး ပင်လယ်ထဲက ကျောက်တုန်းကြီးနား ကင်းလှည့်တော့ အရှေ့ပိုင်းက ချိန တို့ ဆူနေတာ ငြိမ်သွားတယ်။
ပင်လယ်ပြင်မှာ ဘယ်သူ ဘော့စ်လည်း ဆိုတာကို ဝါရှင်တန်က ကြွက်သားတွေ ညှစ်ပြသွားတယ်။ ဗီယက်နမ် နဲ့ ဖီလစ်ပိုင်တို့ကလည်း ဝါရှင်တန် ကိုယ်တိုင်လာတော့ ချိန် ကို မမှု သလိုလိုပဲ။
ဂျပန်ကတော့ လက်ခုပ် တီးနေမှပေါ့။ အိမ်ထဲက ရိုဟိန်ဂျာ ပရွက်ဆိတ်တွေ ထမင်းပန်းကန်ထဲ ရောက်ရောက်လာလို့ ခေါင်းရှူပ်နေတဲ့အထဲ ရပ်ကွက်ဆူတာ မမိုက်ဘူး။
ကောင်းတယ်။ ဝါရှင်တန် လာတော့ ရပ်ကွက် ငြိမ်တယ်။


ဇင်ဝေသော်

စီးပွားရေး ပဉ္စလက် (၃)

ငါတို့ ကြိုးစားခဲ့ကြဖူးတယ်။ ဒါပေမယ့် ဒီလို ကုမ္ပဏီကြီးတွေကို လည်ပတ်နိုင်တဲ့ ခေါင်းကောင်းကောင်းတွေ မရှိဘဲ ဘာမှလုပ်လို့ မရဘူး။ အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေကို လိုက်ကြည့်။ အဓိကအကြောင်းအရင်းကဘာလဲ။ ဦးနှောက်ပဲကွ။ သူတို့မှာ စဉ်းစားတတ်တဲ့ ပညာရှင်ကောင်းတွေ၊ စီမံခန့်ခွဲတတ်တဲ့ လူတော်တွေ၊ တီထွင်ဖန်တီးနိုင်တဲ့ ပညာရှင်တွေ ရှိကြတယ်။

မေး ။     ။ စကောလားဆုပေးထားတဲ့ ကျောင်းသားတွေ ဒီမှာ အခြေကျရေးကို အသာဘေးမှာထားပြီး အတွေ့အကြုံ၊ အသိပညာ လက်ဆင့်ကမ်းရေးမှာ သူများဆီကနေ ယိုစိမ့်ထွက်လာတဲ့ ပညာရှင်တွေကို ဖမ်းစားနိုင်ဖို့ စင်္ကာပူရဲ့ လက်ရှိကုမ္ပဏီတွေကို အားပေးထားရင် ပိုမကောင်းလောက်ဘူးလား။

ဖြေ ။    ။ သူများဆီက ယိုစိမ့်လာတဲ့ ဦးနှောက်တွေကို ဖမ်းယူနိုင်ဖို့ဆိုတာ ဦးနှောက်ရှိတဲ့သူတွေ လိုလာပြန်တယ်။ ဖီးလစ်ယိုးက SME ဆက်တာတွေ ပြင်ဆင်ရေးဆွဲဖို့ Spring Singapore ကို ညွှန်ကြားတယ်။ သူ အရင်ဆုံး လုပ်ရမယ့်အလုပ်က သူတို့ကို စီမံကွပ်ကဲရေးနဲ့ စီးပွားရေးတစ်ခု စနစ်တကျ လည်ပတ်ရေးစတဲ့ စီးပွားရေး ကကြီးကခွေးတွေ သူတို့ကို သင်ပေးရတဲ့ အလုပ်ဖြစ်နေတယ်။

စင်္ကာပူလူမျိုးတွေ စီးပွားရေးလုပ်တယ်ဆိုတာ ဘာကို ခေါ်တာလဲ သိလား။
သူတို့က ဆိုင်ဖွင့်တယ်။ ဒါပဲ။ ဆိုင်ဖွင့်တာကို စီးပွားရေးလုပ်တာလို့ ထင်နေကြတာ။ ဆိုင်ဖွင့်မယ်၊ စားသောက်ဆိုင်ဖွင့်မယ်၊ ဝယ်မယ်၊ ရောင်းမယ်။ ဒီပြင် သူတို့ ဘာလုပ်တတ်သေးတုန်း။ သမိုင်းကို ပြန်ကြည့်။ ငါတို့လူမျိုးတွေက ဘာတွေ လုပ်ခဲ့ဖူးတုန်း။

ထိုင်ဝမ်လူမျိုးတွေ ကြိုးစားခဲ့ကြဖူးတယ်။ ပြီးတော့ လက်မြှောက်လိုက်ကြတယ်။ ကိုရီးယားတွေ ကြိုးစားနေကြတယ်။ သူတို့မှာ လူဦးရေ သန်း (၅၀) လောက်ရှိတယ်။ ပြီးတော့ ဒီလူတွေက အရူးတွေ မဟုတ်ဘူး (ပြီးတော့ ဒီလူတွေက ခေသူတွေ မဟုတ်ဘူး)။ သူတို့က အလုပ်မရှိ ဖြစ်နေတဲ့ ဂျပန်ပညာရှင်တွေ၊ တက္ကသိုလ်မှာ အတူတက်ခဲ့တဲ့ ဂျပန်သူငယ်ချင်းတွေကို ကိုရီးယားထဲရောက်အောင် ခေါ်သွင်းတယ်။ အခု သူတို့ ခရီးပေါက်နေပြီ။ သူတို့ ကားတွေ ထုတ်လာတယ်။ ဖလက်တီဗွီတွေ ထုတ်လာတယ်။ ဆဲ(လ်)ဖုန်းတွေ ထုတ်လာတယ်။

Chaebol ကုမ္ပဏီက အကြီးအကဲတွေနဲ့ တွေ့လို့ ဒါတွေအစပျိုးဖို့ ဘယ်လိုလုပ်ခဲ့ကြတာလဲလို့ ငါက မေးတော့ သူတို့က ဂျပန်ပညာရှင်တွေကို ဂျပန်တွေက ပေးတာထက် လစာပိုပေးပြီး သူတို့ဆီက ပညာရပ်တွေ ရအောင်ယူတာတဲ့။

ငါတို့ ဒီလို လုပ်နိုင်သလား။ ငါတို့ SME တွေ ဒီလို လုပ်နိုင်သလား။
မင်းက လက်ပြောင်းလက်လွှဲလို့ ပြောတယ်။ ဘယ်သူ့ကို လက်ပြောင်းလက်လွှဲလုပ်မှာလဲ။ စွမ်းနိုင်တဲ့ သူတွေကိုမှ လက်ပြောင်းလက်လွှဲလုပ်လို့ရတယ်။ ပို့ဆောင်ရေးဝန်ကြီး ရေမွန်လင်းကလည်း SIA (Singapore International Airways) ကို ပုဂ္ဂလိကပိုင် လွှဲပေးဖို့ ပြောတယ်။ ငါ သဘောတူပါတယ်။ ဒါပေမယ့် SIA ကို ဘယ်သူ့ သွားရောင်းမှာတုန်း။ စီးပွားရေး အမြတ်အစွန်းများပြီး လက်ရှိ SIA ရဲ့ အနေအထားနဲ့ ခေါင်းဆောင်မှုကို ထိမ်းထားနိုင်မယ့်သူက ဘယ်သူလဲ။ Far East Holdings လား။ သူတို့ အတွေ့အကြုံ မရှိဘူး။ Hotel Properties က အောင်ကိန်စိန်လား။ လုံးဝပဲ။ ဘဏ်တွေကိုလား။ မရပြန်ဘူး။ ကဲ ... ဘယ်သူ့ကို မင်း သွားရောင်းမလဲ။

ငါတို့ ကြိုးစားခဲ့ကြဖူးတယ်။ ဒါပေမယ့် ဒီလို ကုမ္ပဏီကြီးတွေကို လည်ပတ်နိုင်တဲ့ ခေါင်းကောင်းကောင်းတွေ မရှိဘဲ ဘာမှလုပ်လို့ မရဘူး။ အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေကို လိုက်ကြည့်။ အဓိကအကြောင်းအရင်းကဘာလဲ။ ဦးနှောက်ပဲကွ။ သူတို့မှာ စဉ်းစားတတ်တဲ့ ပညာရှင်ကောင်းတွေ၊ စီမံခန့်ခွဲတတ်တဲ့ လူတော်တွေ၊ တီထွင်ဖန်တီးနိုင်တဲ့ ပညာရှင်တွေ ရှိကြတယ်။

မေး ။     ။ ဒီနေ့ ကျွန်တော်တို့မှာ ရှိနေတဲ့ MNC ပုံစံနဲ့ ပတ်သက်လို့ နောက်ဆုံးမေးခွန်း မေးပါရစေ။ ဒီ MNC တွေရဲ့ ရှေ့ခရီးမှာ မစ္စတာလီ စိုးရိမ်ပူပန်မိတဲ့ အားနည်းချက်တွေ ရှိသလား။ ရှိရင် ဘာတွေလဲ။

ဖြေ ။    ။ အင်း ... အားနည်းချက်က ထိပ်သီး MNC တွေက ဒီကို မလာကြဘူး။ တို့ဆီကို ရောက်လာတာက ဗီယက်နမ်လို နိုင်ငံမှာ ထိပ်သီး MNC တွေကို မယှဉ်နိုင်တဲ့ ဒုတိယနဲ့ တတိယတန်းစား MNC တွေပဲ။ ဗီယက်နမ်မှာ လုပ်အားခ ဈေးချိုတယ်။ လူတွေကလည်း ပိုတော်တယ်။ ဒီတော့ စင်္ကာပူမှာ ထုတ်မယ့်ပစ္စည်းက ဗီယက်နမ်မှာ ထုတ်တဲ့ပစ္စည်းကို မယှဉ်နိုင်တော့ဘူး။

ဒီတော့ တို့က သူတို့အတွက် ဘာလုပ်ပေးနိုင်တုန်း။ လုပ်အားခ ဈေးမချိုဘူး။ မြေဈေးကြီးတယ်။ ဒါပေမယ့် ပေးရမယ့်ဈေးနဲ့တန်တဲ့ အကောင်းစား အခြေခံအဆောက်အဦးတွေကို ပေးရမှာပေါ့။

ဗီယက်နမ်တွေက လူတော်တွေ။ သူတို့ကျောင်းသားတွေကို ပညာသင်ဆု ပေးကတည်းက ငါတို့ သိခဲ့တာ။ အခု သူတို့ လိုက်လာပြီ။ တို့လစာ သုံးပုံတစ်ပုံ၊ တို့မြေဈေးရဲ့ လေးပုံတစ်ပုံကို ရောက်နေပြီ။ ဒီတော့ သူတို့ လုပ်မပေးနိုင်တာတွေကို တို့က လုပ်ပေးနိုင်မှ တို့ဆီကို လာကြမှာ။ ဒါတွေက တည်ငြိမ်မှု၊ လုံခြုံမှု၊ ဆက်သွယ်ရေးကောင်းမွန်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သူတို့ကလေးတွေ ပညာရေးအတွက် ကျောင်းကောင်းကောင်းတွေရှိမှုတွေပဲ။ လူတော်တွေတိုင်း သူတို့ကလေးတွေကို ကျောင်းကောင်းကောင်းမှာ ထားချင်ကြတယ်။

အခု ငါတို့ တိုးတက်မှုတစ်ခုက စင်္ကာပူအမေရိကန်ကျောင်း (SAS) ဖွင့်လှစ်နိုင်ခဲ့တယ်။ အရှေ့တောင်အာရှမှာတော့ အကောင်းဆုံးကျောင်းပဲ။

မေး ။     ။ ဒီ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ ဘာတွေ လုပ်သင့်လဲ။

ဖြေ ။    ။ ထိပ်သီး MNC တွေကို ဆွဲဆောင်နိုင်ဖို့ သူများထက် ရှေ့ရောက်နေဖို့ လိုတယ်။ အခု အိန္ဒိယကုမ္ပဏီ လေးထောင်လောက်နဲ့ တရုတ်ကုမ္ပဏီ လေးထောင့်ငါးရာလောက် စင်္ကာပူထဲမှာ ရှိတယ်။ စင်္ကာပူကတဆင့် ဒေသတွင်းကို ဖြန့်ကြလိမ့်မယ်။ စင်္ကာပူကို ဌာနချုပ်ယူပြီး စင်္ကာပူတွေကိုလည်း သူတို့နဲ့အတူ ခေါ်သွားလိမ့်မယ်။ ဘာလို့လဲဆိုရင် ဒေသအကြောင်းကို သူတို့က တို့လောက် မသိလို့။ တို့လူတွေက ဒေသအကြောင်း သိတယ်။ ဘာသာစကား တော်တော်များများ ပြောနိုင်တယ်။ သူတို့ ခရီးတစ်ခုရောက်ဖို့ တို့ ကူညီနိုင်တာက ဒါပဲ။ တို့အလုပ်က ကြားဝင်စေ့စပ်ပေးသူ။

ရေရှည်မှာ ငါတို့က ဟောင်ကောင်ထက် သာမယ်။ ဘာလို့လဲဆိုရင် တို့အိမ်နီးချင်း နိုင်ငံတွေရဲ့ လက်ရှိပညာရေး၊ လုပ်အားနဲ့ အခြေခံ အဆောက်အဦးတွေမှာ တို့ကို ကျော်တက်နိုင်မယ့်နိုင်ငံ လက်တလော မရှိသေးဘူး။ ရှန်ဟိုင်းဆိုရင် အခြေခံ အဆောင်အဦး သဘောအရ ထိုင်ဝမ်နဲ့ တန်းတူရည်တူ ဖြစ်နေပြီ။ သူတို့ မရှိတာက အင်္ဂလိပ်စကားနဲ့ အကူအညီအဖွဲ့။ နောက် ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်ဆိုရင် သူတို့ ဒါတွေ ရှိလာလိမ့်မယ်။ Shenzhen မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။

ဟောင်ကောင် အလုပ်သမားဝန်ကြီးဌာနက အတွင်းရေးမှူးတစ်ယောက်က ငါနဲ့တွေ့တော့ မေးတယ် "ဘာ့ကြောင့် ကုန်ထုတ်လုပ်မှုကို ဆက်လုပ်နေတာလဲ" တဲ့။ ငါက ပြောတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းကမှ လူတွေကို အလုပ်ပေးထားနိုင်တာ။ ခင်ဗျားတို့နိုင်ငံက ခင်ဗျားတို့ထက် ပစ္စည်းပိုကောင်းအောင် ထုတ်လုပ်ဖို့ အမြဲကြိုးစားနေတဲ့ နိုင်ငံတွေနဲ့ ဝိုင်းနေတာ။ ဒီမှာက စင်္ကာပူလူမျိုးတွေရဲ့ အရည်အချင်း၊ ပညာရေးနဲ့ လုပ်အားတွေမှာ ယှဉ်နိုင်တဲ့နိုင်ငံ သိပ်မရှိသေးဘူးလို့။

မေး ။     ။ နောက်ထပ်ဝေဖန်သံတစ်ခုကတော့ စင်္ကာပူရယ် မဟုတ်ပါဘူး။ အာရှတစ်တိုက်လုံးရဲ့ ထုတ်ကုန်တွေဟာ အနောက်နိုင်ငံက ဝယ်ယူသုံးစွဲစားသုံးသူတွေအပေါ် အလွန်အမင်း မှီခိုနေရခြင်းပါ။ အခု စီးပွားရေး အကျပ်အတည်းကာလမှာ အမေရိကန်တွေက အရင်လို ဝယ်ယူစားသုံး၊ သုံးစွဲမှုတွေ မလုပ်နိုင်ကြတော့ စင်္ကာပူရဲ့ စီးပွားရေးကို လာမထိဘူးလား။

ဖြေ ။    ။ ဒါဆိုရင် အခြေခံ သဘောတရားတွေဆီ ပြန်လှည့်ရအောင်။ ကမ္ဘာတစ်ခုလုံးဟာ စီးပွားရေးကယ်ဆယ်မှုတွေနဲ့ တော်တော်ကြီး အရုပ်ဆိုးအကျည်းတန်နေတယ်လို့ မင်းထင်သလား။ ထင်တဲ့အတိုင်းဆိုရင်တော့ ငါတို့လည်း ကိစ္စချောပြီ။ အမေရိကန်တွေက အဲ့သလို အဖြစ်မခံဘူး။ ဘာ့ကြောင့်လဲ သိလား။ သူတို့ကုမ္ပဏီ အကြီးစားကြီးတွေရဲ့ ရောင်းအားက ကမ္ဘာပေါ်မှာ (၅၀) ရာခိုင်နှုန်းကျော်ကျော် ရှိတယ်။

ငါက အဆိုးမြင်သမား မဟုတ်ဘူး။ ဒီပြဿနာ ဘယ်လောက်ဆက်ကြာနေဦးမလဲဆိုတာတော့ ငါ မသိဘူး။ တကယ်လို့ အမေရိကန် Federal Reserve က အကြီးအကဲ Ben Bernake သာ တွက်ကိန်း မှန်သွားမယ်ဆိုရင်၊ သူတို့ဘဏ်စာရင်းတွေလည်း ရှင်းပေးနိုင်မယ်ဆိုရင် ၂၀၁၀ - ခုလောက်ဆိုရင်တော့ အမေရိကန်ရဲ့ စီးပွားရေးနာလံထူနေလောက်ပြီ။ သူ့တွက်ကိန်း လွဲသွားမယ်ဆိုရင်တော့ ၂၀၁၂ - ၂၀၁၃ လောက်အထိ ကြာနေဦးမယ်။ အခု သူတို့အလုပ်သမားတွေရဲ့ အလုပ်တွေကို အကာအကွယ် ပေးနေကြတယ်။ ဂျပန်တွေလည်း အတူတူပဲ။

ဒါဆိုရင် အမေရိကန်တွေက စီးပွားရေးပုံစံပြောင်းပြီး ပြည်တွင်းက ကုန်ပစ္စည်းတွေပဲသုံး၊ ပြည်တွင်းမှာပဲ ဖြန့်ချိ လုပ်လာလိမ့်မယ် ထင်သလား။

မလုပ်ဘူး။ သူတို့ တွေ့ထားတဲ့နည်းပညာတွေက ကမ္ဘာကို ပြန့်နေပြီ။ တွေ့ထားတဲ့ နည်းပညာတွေကို ဖရီးထရိတ်သုံးပြီး ကမ္ဘာကို မဖြန့်နိုင်ဘူးဆိုရင်တော့ ပြိုင်ဘက်တွေက အခွင့်ကောင်းယူသွားမှာပေါ့။ သူတို့ အရှုံးနဲ့ ရင်ဆိုင်သွားရလိမ့်မယ်။

မေး ။     ။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စီးပွားရေးအကျပ်ရိုက်နေတော့ အာရှထဲမှာထုတ်၊ အာရှထဲမှာ ဖြန့်ရောင်းတဲ့ Intra-Asian စီးပွားရေးက ပို အလုပ်ဖြစ်နိုင်တယ်လို့ လူတော်တော်များများ ပြောနေကြတယ်။ အင်ထရာ-အေးရှား စီးပွားရေးနဲ့ ပတ်သက်လို့ မစ္စတာလီ ဘယ်လို မြင်ပါသလဲ။ ဒီစနစ်က စိတ်လှုပ်ရှားစရာလို့ မထင်ဘူးလား။

ဖြေ ။    ။ အင်း ... ဒါက ငါတို့အတွက် အပိုဆုပေါ့။ ဒါပေမယ့် ငါတို့ အာရှတိုက်ရဲ့ ယေဘုယျ ဝယ်ယူစားသုံးသူတွေက သိပ် မချမ်းသာသလို လက်လည်း မဖွာကြဘူး။ တရုတ်လူမျိုးတွေဆို တို့ထက်ပိုပြီး ငွေစုသေးတယ်။ တို့က ဝင်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို စုလာတာ ဆယ်စုနှစ် အတော်များနေပြီ။ ဒါ့ကြောင့် ဒီနေ့ တို့မှာ ငွေပိုရှိနေတာ။ တရုတ်တွေကျတော့ ပိုစုရတယ်။ သူတို့က စစ်ဖြစ်တာ၊ ရေကြီးတာ၊ အက်ဆီးဒင့် ဖြစ်တာ၊ ငလျင်လှုပ်တာ၊ အစာရေစာ ရှားပါးတာစတဲ့ ပြဿနာတွေကို သူတို့ကိုယ်တိုင် ရှင်းယူရတာ။

သူတို့ စိတ်နေစရိုတ်ကို သိရအောင် မင်းကို ပုံတစ်ခု ပြောပြမယ်။ ဂေါက်ရိုက်ရင်းနဲ့ ငါ့ရဲ့ ဘယ်ဘက်ပခုံးက သိပ်မကောင်းဘူးဖြစ်နေတုန်း ဝန်ကြီးတစ်ယောက်နဲ့ တရုတ်ပြည်ထဲ ငါ လျှောက်သွားနေမိတယ်။ ငါ ဂေါက်ရိုက်တာ ရပ်ထားကြောင်းပြောတော့ သူက ငါ့ပခုံးအနာပျောက်အောင် ဆရာတစ်ယောက် လွှတ်ပေးမယ်လို့ ပြောတယ်။

ဒါနဲ့ ငါက "နေပါစေ။ ကိစ္စ မရှိပါဘူး။ ဆရာဝန်က ပြောတယ်။ ဒီရောဂါက ပျောက်အောင် ကုသလို့ မရဘူး" လို့။ သူက ငါနဲ့အတူ လိုက်လာပြီး တရုတ်ဆရာတစ်ယောက် ငါ့ဆီ လွှတ်ပေးတယ်။ (အခု သူ မရှိတော့ ရှာဘူး) ဒါနဲ့ ငါ့ရုံးခန်းထဲက ထိုင်ခုံပေါ်မှာ နေ့တိုင်း (၄၅) မိနစ်ကြာအောင် အနှိပ်ခံတယ်။ ခြောက်ပတ်လောက်ကြာတော့ ငါ့ပခုံးက ကောင်းသွားတယ်ဗျာ။ ကဲ ... ဘာတတ်နိုင်သေးတုန်း။

ငါ ရောက်တုန်းက ရှန်ဟိုင်းမှာ ရေတွေ ကြီးနေတယ်။ ဒါနဲ့ ငါက "ဟိုက် ... ဒုက္ခအကြီးအကျယ်ပဲ။ အပြင်က အကူအညီတွေ ယူမှရမယ်" လို့ ပြောတော့ သူက ဆက်ပြောတယ်။ "အပြင်က အကူအညီ ... ဟုတ်လား။ သူတို့ ဘယ်တော့ ရောက်လာမှာလဲ။ ရောက်ရင်တောင် ရှန်ဟိုင်းမြို့ပေါ်ပဲ ရောက်မယ်။ ကျေးရွာတွေအထိ ရောက်အောင် ဘယ်လိုလုပ်မတုန်း" တဲ့။

သူပြောတာက တရုတ်ပြည်ထဲမှာ မြို့တိုင်းရွာတိုင်းမှာ အခြေခံ လိုအပ်တာတွေ သိမ်းဆည်းထားဖို့ ဂိုဒေါင်တွေ ရှိတယ်တဲ့။ ဆန်၊ ဆီ၊ ဆား၊ စောင်စတာတွေပေါ့ကွာ။ သဘာဝဘေးအန္တရာယ် ကြုံလာရင် သူတို့ဘာသာသူတို့ အထိုက်အလျောက် ဖြေရှင်းနိုင်ကြတယ်။ ပြီးတော့ သူက "သဘာဝဘေးအန္တရာယ်ကြုံတွေ့ရရင် အစိုးရဆီက အကူအညီက တချို့နေရာတွေအထိ ရောက်အောင် မပို့နိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ရှင်သန်ရေးအတွက် ကျွန်တော်တို့ဘာသာ ကြိုးစားပြင်ဆင်ထားရတာ" တဲ့။

တရုတ်တွေ ပိုက်ဆံရှိရင် ဘာလုပ်တယ် ထင်လဲ။ သူတို့က စုတာ။ စုလို့ မျိုးဆက်နှစ်ဆက်၊ သုံးဆက်အတွက် လုံလောက်ပြီဆိုရင်တော့ နောက်လူတွေက ဒီထက်ပိုပြီး သုံးချင်သုံးလာကြမှာပေါ့။ ဒါပေမယ့် လာမယ့် နှစ်သုံးဆယ်၊ နှစ်လေးဆယ်အတွင်း တရုတ်တွေဟာ အမေရိကန်တွေလို အသုံးစွဲ ကြီးလာလိမ့်မယ်လို့ မထင်မိဘူး။ သူတို့က စုမယ်။ အိမ်တွေ ဆောက်မယ်။ ကြာရင် မြတ်နိုးတဲ့ပစ္စည်းတွေ ဝယ်ထားမယ်။ သူတို့က သုံးတော့ သုံးမယ်။ ဒါပေမယ့် တကယ် လိုအပ်မှ သုံးမှာ။ ဒီတော့ တရုတ်ပြည်နဲ့ အိန္ဒိယဈေးကွက်ဆိုတာက တို့အတွက် အကန့်အသတ်နဲ့ပဲ ရှိတယ်။ အာဆီယံနိုင်ငံတွေမှာရှိတဲ့ တရုတ်လူမျိုးမဟုတ်တဲ့ လူမျိုးတွေက နည်းနည်း ပိုသုံးတယ်

မလေးရှားနဲ့ အင်ဒိုနီးရှားမှာရှိတဲ့ တရုတ်လူမျိုးတွေကို ကြည့်။ သူတို့က စုပဲစုနေတာ။ ဘာ့ကြောင့် စုနေကြတာလဲ။ သူတို့သမိုင်းကို သူတို့ သိကြလို့။ ဘေးအန္တရာယ်ကြုံလာပြီဆိုရင် သူတို့ အစိုးရတွေက ဘာမှ လုပ်မပေးဘူးလေ။ ဒါ့ကြောင့်ပဲ။


ဇင်ဝေသော်
Zin Wai Thaw

ဝါရှင်တန်ပို့(စ်)နှင့် ထေရဝါဒပို့(စ်)

ဤသုတေသနစာတမ်း ထွက်လာပြီးနောက် “သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟူသော နိမိတ်မရှိ၊ နမာမရှိ ဝေါဟာရကို သုံးစွဲရန် အလွန်ခံတွင်းတွေ့သော ပုဂ္ဂိုလ်တို့က ရှေးနည်းအတိုင်းပင် “ဒီနေ့ခေတ် ရဟန်းတော်တွေ အပ်၊ အပ်ချည်၊ ရေစစ်တွေ မဆောင်တော့ဘူး။ သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟု ပြောဆိုနေကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် အောက်ပါလင့်ကို နှိပ်ပါ ။
Read more
သို့သော် ဖေ့(စ်) ဘွတ် အွန်လိုင်း သုံးသူတို့သည် အလွန် အလုပ်များလျက်ရှိသောကြောင့် လင့်ကိုနှိပ်၍ ဖွင့်ကြည့်ရန် အချိန်မရနိုင်ပါက....

ဝါရှင်တန်ပို့စ်
ဝါရှင်တန် ပို့စ်က နောက်တောက်တောက် ဆောင်းပါးတစ်ပုဒ် ပါလာပါတယ်။
ဒိုင်နိုဆော၊ မျိုးတုန်း ပျောက်ကွယ်။ The Dinosaur. Extinct
မမ်မို့သ်၊ မျိုးတုန်း ပျောက်ကွယ်။ The Mammoth.Extinct
ဒိုဒို ၊ မျိုးတုန်း ပျောက်ကွယ်။ The Dodo. Extinct
မောက်စ်။ မျိုးတုန်း ပျောက်ကွယ်ရန် အကြီး အကျယ် အန္တရာယ် ရှိ။ The mouse. Endangered.
အိုင်ပက် ယဉ်ကျေးမှု ပညာရေးလောကမှာ ထွန်းကားလာတဲ့နောက် ၁၂ အောက် အမေရိက ကလေးတွေဟာ မောက်စ်ကို မသုံးကြရုံသာမက ဒါက ဘာလဲ လို့တောင် မေးကြပါသတဲ့။

ထေရဝါဒပို့(စ်)
ပရိက္ခရာ (၈) ပါး
၁။ သင်းပိုင် (အောက်ခံသင်္ကန်း) = အခြေအနေ ကောင်းဆဲ။
၂။ ဧကသီ (အပေါ်ရုံသင်္ကန်းကြီး) = အခြေအနေ ကောင်းဆဲ။
၃။ နှစ်ထပ်သင်္ကန်းကြီး = Endangered.
၎။ သပိတ် = Endangered (except in Burma and Thailand)
၅။ သင်တုန်းဓား = Extinct
၆။ ခါးပန်းကြိုး = Endangered
၇။ အပ်၊ အပ်ချည် = Extinct
၈။ ရေစစ် = Extinct
image source

၃။ နှစ်ထပ်သင်္ကန်းကြီး
နှစ်ထပ်သင်္ကန်းကြီးကား ပျောက်ကွယ်ရန် အလွန်နီးစပ်နေပြီဟု ပညာရှင်တို့ သုံးသပ်ကြသည်။ အဓိက အကြောင်းရင်းမှာ နှစ်ထပ်သင်္ကန်းကြီးကို ချမ်းအေးသော နေရာဒေသ၊ ရာသီဥတုတို့၌ လွှမ်းခြုံနိုင်ရန် ဘုရားရှင်က မဟာကရုဏာတော်ဖြင့် ဘော့နပ်(ခ်) ပေးတော်မူခဲ့သော ထူထဲသင်္ကန်းကြီး ဖြစ်ပြီး ယခု ဂလိုဘယ်က ဝမ်းမားသသထက် ဝမ်းမားလာနေရာ သိပ်မလိုအပ်တော့သည့် သဘောများ ရှိလာခြင်းကြောင့် ဖြစ်သည်။

ထိုနှစ်ထပ်သင်္ကန်းကြီးကို အစားထိုးဖို့ တာဆူနေကြသော ပရိက္ခရာများမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၌ ကျည်ကာအတွင်းခံ (အံသကိုဋ်သဖွယ်) အင်္ကျီများနှင့် ရာသီဥတု အေးချမ်းသော နိုင်ငံများ၌ ပို၍ ကပ်ကပ်ရပ်ရပ် (ချပ်ချပ်ရပ်ရပ်) ရှိသော အနွေးထည်၊ ဆွယ်တာလက်ရှည်တို့ ဖြစ်ကြလေသည်။

မြန်မာပြည် ရဟန်းတော်များကမူ ပို၍ပို၍ ပူလာသော ရာသီဥတုကြောင့် နှစ်ထပ်သင်္ကန်းကြီးအစား “NO OIC” အမှတ်အသားပါသော ယပ်တောင်များကို အသုံးပြုရန် အကြိတ်အနယ် ညှိနှိုင်းနေကြသည်ဟု သိရသည်။

၎။ သပိတ်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လွဲလျှင် သပိတ်သည်လည်း ပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သီရိလင်္ကာရဟန်းတော်များကဆိုလျှင် သပိတ်အစားထိုး လွယ်အိတ်ကြီးများ သုံးစွဲလာကြသည်မှာ ကာလအတန်ကြာပေပြီ။ ထိုလွယ်အိတ်ကြီးများက ကြီးလည်းကြီး၊ ဆန့်လည်း အလွန်ဆန့်သည်ဟု သိရသည်။ ကမ္ဘာသည် ရွာဖြစ်လာခဲ့ပြီး ထိုလွယ်အိတ် ယဉ်ကျေးမှုက မြန်မာရဟန်းတော်များ ကြားမှာလည်း ရေပန်းစားလျက် ရှိသည်။

မြန်မာပြည်မှာပင်လျှင် စာသင်တိုက်ကြီးများ မရှိလျှင် သပိတ်ပျောက်ကွယ်ခြင်း အန္တရာယ်က အလွန်နီးကပ်လျက် ရှိသည်ဟု သုတေသီတို့ မှတ်ချက်ပြုကြသည်။ မည်သို့ဖြစ်စေ (၂၁) ရာစု၌ ရှားပါး ပရိက္ခာရာ ဖြစ်လာသော “သပိတ်” ကို မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် တွေ့မြင်ရနိုင်ပါသေးသည်။

၅။ သင်တုန်းဓား
မင်းတုန်းမင်း နတ်ရွာစံပြီး နှစ်ပေါင်းတစ်ရာခန့်တွင် သင်တုန်းဓားများလည်း ပျောက်ကွယ်ခဲ့ရသည်ဟု သမိုင်းသုတေသီတို့က ဆိုသည်။ ယနေ့ခေတ် သာမဏေများက သင်တုန်းဓားကို မသုံးကြရုံသာမက သင်တုန်းဓားဖြင့် ခေါင်းရိတ်ပေးမည်ဆိုလျှင် ထွက်ပြေးကြသည်ဟု ဆို၏။ ဤမှာ “ကျန်ကျောင်း” တရုတ် ဇာတ်မျောများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်တန်ရာသည်ဟု ကောက်ချက်ချကြသည်။

သင်တုန်းဓား တုန်းသွားသော်လည်း ခေါင်းကို မတုန်း၍ကား မရ။ ထို့ကြောင့် ယနေ့ခေတ်၌ ဂျီလက်၊ တာဘိုစသော ပရိက္ခရာများကို သင်တုန်းဓားအစားထိုး သယ်ဆောင်လာကြရလေသည်။

၆။ ခါးပန်းကြိုး
ငယ်စဉ်ကတည်းက ဝတ်ခဲ့ကြသော ငယ်ဖြူရဟန်းတော်များကြားတွင် ခါးပန်းကြိုး သုံးစွဲသူ ရဟန်းတော် အလွန်နည်းပါးလာပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ခါးပန်းကြိုး ပရိက္ခရာ ကွယ်ပျောက်ရန် အချက်ပေးသံကို ကြားရသည်။ သင်းပိုင်ကို ကျွမ်းကျင်စွာ ဝတ်တတ်သော ငယ်ဖြူရဟန်းတော်တို့က ပွဲလမ်းသဘင်များမှလွဲ၍ ဤပရိက္ခရာကို သိပ် မသုံးစွဲကြတော့။ အကြောင်းကား သင်းပိုင်ဝတ်ခြင်း၌ အိတ်စပတ်များ ဖြစ်နေကြသောကြောင့် ဖြစ်သည်။

ပျောက်ကွယ်ရန် အန္တရာယ်ရှိနေပြီဟု ဆိုနိုင်သော်လည်း စိုးရိမ်စရာ အနေအထားတော့ မဟုတ်သေးဟု သိရသညည်။

၇။ အပ်နှင့် အပ်ချည်
ဤပရိက္ခရာကား လုံးဝ ပျောက်ကွယ်ခဲ့ပြီး ဖြစ်သည်။ အပ်ကို အပ်နှင့်တူသော (အပ်ထက် အရွယ်ပမာဏကြီးသော) အီလက်ထရောနစ် ဘောပင်လေးက နေရာယူထားပြီး အပ်ချည်နေရာကို တတ်ချင်းစခရိန်း (Touching screen) က နေရာယူနေပြီ ဖြစ်သည်။

ချုပ်ရိုးခိုင်မာသော သင်္ကန်းများ ပေါ်လာသည့်နောက် အပ်နှင့်  အပ်ချည်ကို သယ်ယူနေစရာ မလိုတော့သောကြောင့် အပ်နှင့် အပ်ချည်ပရိက္ခရာအစား အိုင်းပတ်များကိုသာ အစားထိုး သယ်ဆောင်ကြတော့သည်။ ထိုပစ္စည်းများ ပါခြင်းဖြင့် မိမိဘယ်မှာ ရောက်နေသည်၊ ရောက်ဖူးသည်၊ ရောက်ခဲ့သည်၊ သာသနာရေးကိစ္စ ဘာတွေ လုပ်နေသည်စသော အင်ဖိုတို့ကို မိနစ်နှင့်အမျှ ဒကာ၊ ဒကာမတို့ကို အသိပေးနိုင်ကြသည်။ သာဓုခေါ်နိုင်ကြသည်။

၈။ ရေစစ်
ဤပရိက္ခရာလည်း ကွယ်ပျောက်ခဲ့ပြီး ဖြစ်သည်။ ရေသန့်ဗူးများ ပေါ်ပေါက်လာသည့်နောက် ထိုဗူးများထဲတွင် ပါဝင်သော ရေက သန့်သည်ဖြစ်စေ၊ မသန့်သည်ဖြစ်စေ ရေစစ်ဖြင့်စစ်ပြီး သုံးဆောင်ရန် မလိုအပ်တော့ပေ။

မလိုအပ်သော ရေစစ်ကို သယ်မည့်အစား လိုအပ်သော နိမ်းကတ်များကိုသာ သယ်ဆောင် တတ်ကြတော့သည်။

စာကြွင်း (၁)
ဤမှတ်တမ်းကို “ပရိက္ခရာရှစ်ပါး စောင့်ရှောက်သယ်ဆောင်ရေးအဖွဲ့” ထံမှ ရယူခဲ့ပါသည်။ ထိုအဖွဲ့၌ အမှန်တကယ် သာသနာ့တာဝန် ထမ်းဆောင်နေကြသော ပြည်တွင်း၊ ပြည်ပ ရဟန်းတော်တစ်ပါးမှ မပါ၊ပရိက္ခရာရှစ်ပါးတွင် ရေစစ်ဟုခေါ်သော်လည်း ရေစစ်မရသော ဒန်ခွက်၊ ပလပ်စတစ် ခေါင်းရိတ်ဓား ( ဆံပင်မဆိုထားနှင့် ကြက်ဥပြုတ်ကိုပင် ခွဲ၍မရသော ) တို့ကို ရောင်းချတတ်သော သင်္ကန်းဆိုင် အချို့နှင့် လူပုဂ္ဂိုလ်များ စုပေါင်းထားသော အဖွဲ့ဖြစ်သည် ဟု  သိရသည်။ ထိုအဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်သည် …
၁။ ဂလိုဘယ်လ်ဒေသန္တရဗဟုသုတမရှိသေးသူ ဖြစ်ရမည်
၂။ လူပုဂ္ဂိုလ်ပင်ဖြစ်စေ ရဟန်းဝိနည်းကို တတ်ယောင်ကား လုပ်တတ်ရမည် … တို့ ဖြစ်လေသည်။

စာကြွင်း (၂)
ဤသုတေသနစာတမ်း ထွက်လာပြီးနောက် “သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟူသော နိမိတ်မရှိ၊ နမမရှိ ဝေါဟာရကို သုံးစွဲရန် အလွန်ခံတွင်းတွေ့သော ပုဂ္ဂိုလ်တို့က ရှေးနည်းအတိုင်းပင် “ဒီနေ့ခေတ် ရဟန်းတော်တွေ အပ်၊ အပ်ချည်၊ ရေစစ်တွေ မဆောင်တော့ဘူး။ သာသနာတော်ကြီးတော့ ကွယ်တော့မှာပဲ” ဟု ပြောဆိုနေကြကြောင်း သိရသည်။

တချိန်တည်းမှာပင် ပြည်တွင်း၊ ပြည်ပ သာသနာပြုနေကြသော ရဟန်းတော်များကလည်း " နိမိတ်မရှိသော စကားကို အလွန်ပြောတတ်သော ပါးစပ်တို့ ဖြစ်ကြသည်။  ရေစစ်မဆောင်သဖြင့် ရေစစ်သာ ကွယ်မည်၊ ဘယ်ကလာ သာသနာကွယ်ရမည်နည်း။ သာသနာမဆောင်မှ သာသနာကွယ်မည်။ သာသနာဆောင်နေသရွေ့ အပ်နှင့် အပ်ချည်မဆောင်လည်း သာသနာ မကွယ်နိုင်” သဘာဝကျသော စကားတို့ဖြင့် တရားချပြတတ်ကြသည်ဟု သိရသည်။

မည်သို့ဆိုစေ “သာသနာ ကွယ်လိမ့်မည်” ဟု ပြောရန် အလွန်စိတ်အား ထက်သန်ကြသော လူပုဂ္ဂိုလ်တချို့ကမူ တစ်သက်လုံးက ပြောလာတာ၊ အခုမှတော့ မရပ်နိုင်၊ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ပြောတော့ ပြောရပေမည်ဟု ချေပကြသည်။

စာကြွင်း (၃)
သီရိလင်္ကာ၌ သပိတ်များ မသုံးကြတော့သဖြင့် အစိုးရကို မကျေနပ်က သပိတ်မှောက်စရာ မရှိတော့။ မှောက်မယ်မှောက် လွယ်အိပ်ကိုသာ မှောက်ရမည်။ လွယ်အိပ်ကလည်း မှောက်ရန်ရသော ပစ္စည်းမဟုတ်၊ ထို့ကြောင့် သပိတ်ကို မသုံးရင်သာနေ၊ ကျောင်းမှာတော့ ဆောင်ထားသင့်သည်ဟု အဆိုပြုသူ ရဟန်းတော်များ ရှိကြသည်။

ထိုင်း၊ အထူးသဖြင့် မြန်မာရဟန်းတော်များကမူ သပိတ်များ ရှိသဖြင့် အစိုးရက သာသနာနှင့် မလျော်သော ဥပဒေများ ကျင့်သုံးလျှင် သပိတ်မှောက်ရန် အခက်အခဲ မရှိကြပေ။ မှောက်လည်း မှောက်တော် မူကြ၏။ ထိုသပိတ်မှောက်မှု့ကြောင့် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံတော်မူကြသော ဆရာတော်အချို့ပင် ထောင်သွင်း၊ အကျဉ်းချခြင်း ခံတော်မူကြရသည်ဟု ဝမ်းနည်းဖွယ် သတင်းကြားသိရသည်။

သပိတ်မှောက်ခြင်းကို ပါဠိလို ပတ္တနိက္ကုဇ္ဇနဟု ခေါ်ကြောင်း သိရသည်။
(ထေရဝါဒပို့ (စ်)၊  ၁၃၇၄ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၅ ရက်၊ စနေနေ့)


သီဟနာဒ

အလွမ်းပြေ

ရိုးသားမှု
မေး ။  ။ ရိုးသားမှုကို ငွေပေးဝယ်လို့ မရဘူး ဆိုတာကို လက်ခံပါသလား။
ဖြေ ။  ။ လက်ခံပါတယ်။
မေး ။  ။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။  ။ ရောင်းတဲ့လူ မရှိလို့ပါ။
မေး ။  ။ ဘာလို့  ရောင်းတဲ့လူ မရှိတာလို့ ထင်ပါသလဲ။
ဖြေ ။  ။ ရိုးသားမှုကို ရောင်းရင် ပုံမှန်ဝင်ငွေလည်း မရှိနိုင်လောက်ဘူး လေ။

အနားသတ် မျဉ်း
" အုတ် က မာတယ် "
" ကျောက်က  မာတယ် "
လူ နှစ်ယောက် ငြင်းခုံနေကြတာ။ သူတို့  ငြင်းခုံနေစဉ် နောက်ထပ် လူ နှစ်ယောက် ရောက်လာပြန်တယ်။
" ဘာတွေ  ငြင်းခုံနေကြတာလဲ ဗျ "
" အုတ် နဲ့  ကျောက် ဘယ်ဟာကပိုမာသလဲ  ငြင်းခုံနေကြတာပါ "
နောက်ထပ် ရောက်လာတဲ့ လူ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။
ပြီးတော့ သူတို့ ခေါင်းမှာရှိတဲ့ " ဖု " တွေကို ကိုယ်စီ စမ်းကြည့်ရင်း
" အုတ် ရယ် ကျောက်ရယ် မဟုတ်ပါဘူးဗျာ။ ကိုယ့်ခေါင်းပေါ် ကျလာတဲ့ အရာတိုင်း မာကျောတာချည်းပါပဲ " တဲ့။
ပြိုင်တူဖြေချလိုက်ကြတယ်။


ကျနော်ချစ်ခင်လေးစားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာတွေကို လွမ်းလို့
အလွမ်းပြေ ဝတ္ထုတိုလေးတွေ ( သူ့စကားအတိုင်း ) ရေးကြည့်တာပါ။
ကျနော်လည်း လေးကြောင်း၊ ခြောက်ကြောင်းပါ ဒိုင်ယာလော့ တွေကို ဝတ္ထုတို လို့ ခေါ်ချင်ပါတယ်။
စာဖတ်သူ အလွမ်းပြေ မပြေက ကျနော့် ညံ့ဖျင်းမှု အားနဲ့ပဲ ဆိုင်ပါတယ်။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၄ )

" ယန္တယား တခုလုံးကို စီးပွားေ၇း တွက် တွက် ထားတဲ့ စင်ကာပူ... "

ဒီကွန်မင့်လေးကိုကြည်ပြီး ပြုံးမိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ( ဦး ) သီဟနာဒ မိန့်တာလေးကို ပြန်ဝေလိုက်ပါတယ်။

" ငါ ရောက်တော့ ဒီကျောင်းရဲ့ အရောင်က အစိမ်းရာင်ကြီးကွ၊ ဒါနဲ့ ငါက စပြီးဝေဖန်တာ၊ အရှေ့အလယ်ပိုင်း ရောက်နေရသလို ပဲ လို့။
ကျောင်းရဲ့ နှစ် ၅၀ ပြည့်ပွဲလုပ်တော့မယ်ဆိုတော့ ကျောင်းကို ဘာအရောင်သုတ်ရင် ကောင်းမလဲ လို့ အရင် စဉ်းစားရတာပေါ့။ ဒီဇိုင်နာ သုံးယောက်နဲ့ တွေ့ပြီးလည်း ဆွေးနွေးကြည့်တယ်။ နောက်ဆုံး ဘာသာရေးနဲ့ လိုက်ဖက်တဲ့ အခုရှိတဲ့ အရောင်ပဲ သုတ်မယ်ဆိုပြီး ကျောင်း ဥက္ကဋ္ဌ နဲ့ တိုင်ပင်ကြည့်လိုက်တယ်။

ဒီလူက ဘန္တေ၊ ကောင်းတယ်။ အရင် အရောင်ပဲ ထပ်သုတ်ရင်တော့ ငွေလှူထားတဲ့ လူတွေက ဘာမှလည်း မထူးဘူးလို့ ပြောကြလိမ့်မယ် တဲ့။

ငါ့မှာ ပရော်ဖက်ရှင်တွေနဲ့ အမြင်တွေ၊ လိုက်ဖက်မယ့် အရောင်တွေ စဉ်းစားလိုက်ရတာ၊ သူကတော့ လွယ်လွယ်လေး၊ အရင် အရောင် မဟုတ်ရင် အလှူရှင် ကွန်ပလိန်း မတက်တော့ဘူး တဲ့။
အဲဒါ စလုံး အများစုရဲ့ သဘောထားပဲ "

" ယန္တယား တခုလုံးကို စီးပွားရေး တွက် တွက် ထားတဲ့ စင်ကာပူ... "
အဲသလိုတော့ မပြောချင်ပါဘူး။ ဒါပေမယ့် တော်တော် များများ ကြုံရတာကတော့ အဲသလိုလို ပဲ။


လေးစားလျက်
ဇင်ဝေသော်

စီးပွါးရေး ပဉ္စလက် ( ၂ )

မေး ။     ။ SME တွေဖက်ကထွက်လာတဲ့ ဝေဖန်သံက အခွင့်အရေးအညီအမျှပေးမှုနဲ့ ပတ်သက်ပါတယ်။ အစိုးရရဲ့သဘောက MNC တွေကို ရေရှည်အတွက် ရည်ရွယ်ပြီး ပိုအခွင့်အရေးပေးနေတယ်။ သူတို့ကိုလည်း အဲသလို အခွင့်အရေးပေးရင် သူတို့လည်း ဝင်ပြိုင်နိုင်တယ်။ အနည်းဆုံး ပိုတော့အားကောင်းလာနိုင်တယ် ဆိုတာမျိုးပါ။ သူတို့အနေနဲ့ ကိုကာကိုလာတို့၊ ဆမ်ဆောင်းတို့ကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် ဒီလောက်မကြီးတဲ့ ကုမ္ပဏီတွေအနေနဲ့ အာရှထဲမှာတော့ဝင်ပြီး ဈေးကစားနိုင်တယ်ဆိုတာမျိုးတွေ ပြောဆိုနေကြပါတယ်။

ဖြေ ။    ။။ SME တွေဟာ အများအားဖြင့် MNC တွေကို ဖြည့်ဆည်းပေးရတဲ့ နေရာကရှိတာပါ။ ဒီတော့ MNC တွေ နိုင်ငံခြားကို ထွက်သွားပြီဆိုရင် သူတို့လည်း လိုက်သွားကြတယ်။ SME တွေက MNC တွေ မထုတ်လုပ်ချင်တဲ့ ပစ္စည်းတွေကိုပဲ ထုတ်လုပ်ကြရတယ်။ အဲဒီ MNC တွေက ငါတို့ SME တွေရဲ့ ကုန်ထုတ်မှုအားကို အရေးထားစဉ်းစားတယ်။

မယုံရင် ကြည့်။ အစပိုင်းတို့က ကုန်ထုတ်လုပ်မှု လုံးဝမရှိဘူး။ ဘယ်ကုန်သည်ပွဲစားကမှ ထုတ်လုပ်ရေးကို စိတ်မဝင်စားဘူး။ ဒါကြောင့် DBS ဘဏ်ကို ထောင်ခဲ့ရတာ(Development Bank of Singapore) ။ ဒီဘဏ်က ကုန်သည်တွေကို ငွေထုတ်မချေးချင်ဘူး။ ဘာကြောင့်လဲ၊ ကုန်သည်တွေက ကုန်ထုတ်လုပ်မှုအကြောင်းမသိလို့။

ဒီစနစ် အလုပ်ဖြစ်ခဲ့သလား။ ဟုတ်ပြီ၊ တို့မှာ NatSteel ရှိလာတယ်။ ကဲ ဒါနဲ့ ဘယ်လိုစခန်းဆက်သွားမလဲ။ ကုန်ကြမ်းတွေဝယ်ပြီး ပစ္စည်းအချောလုပ်။ ဟုတ်ပြီ။ ပစ္စည်းတွေက ဘာအတွက်ရည်စူးပြီးထုတ်မှာလဲ။ ဆောက်လုပ်ရေးအတွက်။ ပြီးတော့ ဘာရှိသေးသလဲ။

တို့ထုတ်လုပ်မှုက ကိုရီးယားနဲ့ဂျပန်က သံနဲ့ စတီး(လ်) ထုတ်လုပ်နေမှုကို ယှဉ်ပြိုင်နိုင်ကြပါ့မလား။ တရုတ်ဆိုရင်အခု သံထည်၊ စတီး(လ်) ထည်နဲ့ပတ်သက်လို့ အများဆုံးထုတ်လုပ်နေတဲ့နိုင်ငံပဲ။

ဂျပန်မှာဆိုရင်လည်း အဆင့်မြင့်နည်းပညာနဲ့ စတီး(လ်) စက်ရုံကြီးတွေ အများကြီးရှိတယ်။ လေထုညစ်ညမ်းမှုကလည်း အတော်ဆိုးမယ့် ပြဿနာပဲ။

ပါ့(သ်) (Perth) မှာရှိတဲ့ သံတူးဖော်ရေးမိုင်းတွင်းတွေဆီ ငါရောက်ဖူးတယ်။ အဲဒီမှာ သြစတေးလျလူမျိုး သံမိုင်းတွင်းပိုင်ရှင်က Ubin (သို့) Tekong မှာ စတေရှင်တစ်ခု ဆောက်ချင်တယ်။ ပစ္စည်းသယ်ယူပို့ဆောင်ဖို့ စရိတ်သက်သာအောင်လို့။ တစ်ချက်ပဲ ငါကြည့်လိုက်ရတယ်။ မဖြစ်ဘူး၊ ဒီအတိုင်းသာဆိုရင်တော့ ငါတို့ချန်ဂီ(လေဆိပ်) တစ်ခုလုံး မီးခိုးတွေဖုံးနေတာနဲ့ ဘာမှမြင်ရမှာ မဟုတ်တော့ဘူးလို့ စဉ်းစားမိတယ်။

တို့အားလုံးကို လေ့လာကြည့်ပြီးသား။ မော်တော်ကားထုတ်ကြမလား။ မော်တော်ကားထုတ်ဖို့ ပြင်ဆင်ကြည့်ကြတယ်။ ရေခဲသေတ္တာ၊ အဲယားကွန်းတွေ ထုတ်ဖို့စိတ်ကူးကြတယ်။ ဒါဆို ငါတို့က ဂျပန်တွေလောက် ကောင်းအောင်လုပ်နိုင်ကြပါ့မလား။ ဒီရီမုတ်ကွန်ထရိုးလေးကိုပဲကြည့်။ သူတို့ထွင်ထားတဲ့ စပိ(ဒ်) က သိပ်မြန်တယ်။ နှိပ်လိုက်၊ ချက်ချင်းပန်ကာလည်ပတ်မှုနှုန်းက တက်လိုက်ကျလိုက်ဖြစ်သွားတာ။ မင်းဒီလို လုပ်နိုင်လောက်ပါ့မလား။

မလုပ်နိုင်ဘူး။ မယုံရင် ငါတို့ Creative အခု ဒုက္ခရောက်နေတာကို ကြည့်။
Yeo Hiap Sen (အဖျော်ယမကာလုပ်ငန်း) တရုတ်ပြည်ကိုသွားတယ်။ သူတော်တော်လေး အကြပ်ရိုက်ခဲ့တယ်။ သူတို့က ပြောတယ်။ “ အော် မင်းတို့က ပန်းပေါင်းစုံ လဘက်ရည်ကို ဒီလိုထုတ်လုပ်သလား။ တို့က ဒီထက်ကောင်းအောင်လုပ်ပြမယ်လို့ ပြောတယ်။ ပြီးတော့ Yeo က ပန်းပေါင်းစုံ လဘက်ရည်ထုတ်ပြီး တရုတ်ပြည်ကိုပို့တော့ ကုန်ကျစရိတ်က အများကြီးပိုတက်သွားရော။ ကဲ ပြိုင်နိုင်သေးလား။ ဘယ်မှာလဲ ငါတို့ရဲ့ R & D။ မရဘူး။ လက်တွေ့ကျကျ မြင်ကြည့်ရအောင်ပါ။

မေး ။     ။ မစ္စတာလီပြောတာနဲ့ ကျွန်တော်တို့ စိတ်ပျက်ကုန်ပြီ။

ဖြေ ။    ။ ငါတော့ စိတ်မပျက်ဘူး။ ငါက လက်တွေ့ကျတယ်။ ငါပြောတာက ဒါတွေကတော့ ငါတို့အရည်အချင်း။ ဒါတွေက ငါတို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ။ တို့မှာရှိတဲ့စွမ်းရည်၊ စွမ်းအားတွေ အကုန်ထုတ်ပြီး အကောင်းဆုံးကြိုးစား။ တို့ဘဝတွေ ပုံပျက်ပန်းပျက်ဖြစ်မသွားနိုင်ဘူး။ လက်တွေ့ကျကျမြင်ကြည့်ပါ။

မေး ။     ။ အိုကေ၊ ကုန်ထုတ်လုပ်မှုမှာ ကမ္ဘာ့ရှေ့တန်းကိုရောက်ဖို လိုအပ်ချက်တွေ ကျွန်တော်တို့မှာ မရှိဘူး။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အားသာချက်က ဘာလဲ။ အားလုံးကိုခြုံကြည့်ရင် အခြေခံအဆောက်အဦ ခိုင်မာတယ်။ တရားဥပဒေ စိုးမိုးတယ်။ အစိုးရမှာ တိကျတဲ့မူဝါဒတွေရှိတယ်။ ဒါတွေနဲ့တင် စင်ကာပူရှေ့ခရီးအတွက် လုံလောက်ပြီလား။
ဖြေ ။    ။ ဒါတွေမှ မရှိဘူးဆိုပါတော့၊ တို့ဘာဖြစ်သွားမလဲ။

မေး ။     ။ မှန်ပါတယ်။ ဒီအရည်အသွေးသုံးခုနဲ့တင် လုံလောက်ပြီလား။

ဖြေ ။    ။ ဒီသုံးခုက ငါတို့နဲ့ ငါတို့အိမ်နီးချင်းနိုင်ငံတွေကို ခွဲခြားပေးတာပဲ။ အရင်ဆုံး စင်ကာပူအတွက် ငါစဉ်းစားခဲ့တာက- တို့စင်ကာပူဟာ သဘာဝအရင်းအမြစ်ပိုရှိ၊ လူသားအရငင်းအမြစ်ပိုရှိ၊ နိုင်ငံပိုကျယ်ဝန်းတဲ့ အိမ်နီးချင်းတွေနဲ့ ဘယ်လို အားပြိုင်ရမလဲ- ဆိုတာပဲ။ တို့က သင်္ဘောဆိပ်ကမ်းမြို့ဆိုတော့ တို့စီးပွါးရေးအတွက် သူတို့ကို မှီခိုနေရတယ်။ ဒီပြဿနာက အထပ်ထပ်စဉ်းစား၊ နောက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီး သူတို့နဲ့မတူအောင် လုပ်မှရတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်နီးချင်းတွေနဲ့ မတူအောင်လုပ်နိုင်မှကို ရမယ်။ နို့မို့တော့ ကိစ္စချောသွားမယ်။

ကဲ ဒါဆို ဘယ်လိုမတူအောင် ငါတို့လုပ်ခဲ့ကြသလဲ။
သူတို့က သိပ်ပြီးမသန့်ရှင်းဘူး။ ဒါနဲ့ တို့က သန့်ရှင်းအောင်လုပ်တယ်။ သူတို့ ဥပဒေက မတည်ငြိမ်ဘူး။ တို့က တသမတ်တည်းသွားတယ်။ တစ်ခုခုကို ငါတို့က သဘောတူဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီအတိုင်းပဲ မပြောင်းဘူး။ ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ကို ယုံကြည်စိတ်ချလာကြတယ်။ ကမ္ဘာ့အဆင့် အခြေခံ အဆောက်အဦ၊ ကမ္ဘာ့အဆင့်မီ ကူညီထောက်ပံ့တဲ့အဖွဲ့၊ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တဲ့လူထု၊ ဒါတွေပဲ ရှိတယ်။

လေကြောင်း၊ ရေကြောင်း ကေဘယ်ဆက်သွယ်ရေးတွေ ကောင်းတယ်။ အခုဆိုရင် အင်တာနက်။ ဒါတွေကြောင့် စင်ကာပူဟာ အိမ်နီးချင်းတွေနဲ့ မတူခြားနားတဲ့ နေရာလေးဖြစ်နေတယ်။

မင်း ဘန်ကောက်မှာသွားပြီး အလုပ်လုပ်မလား။ ကွာလာလမ်ပူမှာ လုပ်မလား။ ဂျကာတာ၊ မနီလာ မှာ လုပ်မှာလား။ မင်းမှာ တန်ဖိုးကြီးပစ္စည်းပါလာတယ်။ အဲဒီ ပစ္စည်း လေဆိပ်ထဲ ဘယ်သွားထားမလဲ။

ဂျူရောင်းကျွန်း (Jurong Island) ကိုကြည့်။ တို့က မြေမရှိဘူး။ ဒါနဲ့ အဲဒီကျွန်းတွေကို မြေဖို့ပြီး ဆက်ပစ်လိုက်တယ်။ အခု အဲဒီမှာ ရေနံသိုလှောင်ဖို့ လှိုဏ်တူးတော့မယ်။ ဘာကြောင့်လဲ။ တို့နိုင်ငံက လုံခြုံစိတ်ချရတဲ့ နေရာဖြစ်နေလို့။ ဒီမှာ ဥပဒေရှိတယ်။ တို့က တို့ပြောတဲ့စကားကို ဘယ်တော့မှ မသွေဖည်ဘူး။ ဒီလို တည်ငြိမ်အေးချမ်းမှုကို ဆက်ထိန်းထားမယ်။ လူတွေက ငါတို့ကိုယုံကြည် စိတ်ချနေရမယ်။

တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်မလား။ တရုတ်လူမျိုး ငါးဆယ်ရာနှုန်းပါမှ မင်းလုပ်လို့ရမယ်။ ဒီမှာ သူတို့ဘာသာ သူတို့လုပ်ခွင့်ရတယ်။ Exxon Mobil ဆိုရင် နောက်ထပ် လေးဘီလီယံ ထပ်ပြီးရင်းနှီးမြှုပ်နှံတယ်။ သူတို့ကုမ္ပဏီရဲ့ စီအီးအို Rex Tillerson က သူ့ရဲ့ ဘုတ်အဖွဲ့တစ်ဖွဲ့လုံး လေ့လာနိုင်ဖို့ ဒီိကိုခေါ်လာပြီးပြတယ်။ သူ့ဘုတ်အဖွဲ့နဲ့တွေ့ဆုံဖို့ ငါ့ကိုဖိတ်ဦးမယ်။ ဘာအတွက် သူတို့နဲ့ ငါ့ကိုတွေ့စေချင်တာလဲ။ သူ့ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ သူ့အဖွဲ့ကို သိစေချင်လို့။

ဒီလိုပုံစံမျိုး စင်ကာပူကို ထပ်လုပ်ယူဖို့ မလွယ်တော့ဘူး။ ဒီစင်ကာပူကို ဖျက်ဆီးပစ်လိုက်တဲ့နောက် ဒီပုံစံမျိုးရအောင်ထပ်ပြီး တည်ဆောက်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။

မေး ။     ။ R & D က နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ရေးမှာ အခရာကျတယ်လို့ ပြောခဲ့တယ်နော်။
ဖြေ ။    ။ ဟုတ်တယ်။

မေး ။     ။ ပြီးတော့ စင်ကာပူအတွက် အခွင့်အလမ်းရှိတဲ့ ရွေးချယ်မှုအနေနဲ့ မစ္စတာလီ ဘေးဖယ်ထားခဲ့တာက-
ဖြေ ။    ။ ကုန်ပစ္စည်းထုတ်လုပ်မှု။

မေး ။     ။ ဒီစကားနဲ့ လက်ရှိအစိုးရ ကြိုးစားလုပ်ဆောင်နေတာတွေက ဆက်စပ်လို့မရသလိုပဲ။ အစိုးရက R & D မှာ အလေးပေးပြီး လုပ်ဆောင်နေတယ်။ လတ်တလော သုတေသနတွေ့ရှိချက်အရ ဒီနယ်ပယ်မှာ စင်ကာပူက ထိပ်မှာရောက်နေတယ်။ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ ဘာ R & D ကို အလေးထားပြီး လုပ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ SME တွေလည်း ပိုအားကောင်းလာပြီး စင်ကာပူပိုင်ကုမ္ပဏီကြီးတွေလည်း ……။

ဖြေ ။    ။ သုတေသနလုပ်မယ့် ဦးနှောက်တွေ တို့ဆီဘယ်မှာရှိနေလို့လဲ။ တစ်ခါက ဒတ်(ခ်ျ) အီလက်ထရောနစ်ကုမ္ပဏီ R & D ဌာနက အကြီးအကဲ ဖီးလစ်(ပ်) နဲ့ စကားပြောခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ် (၂၀) လောက်က သူရောက်လာပြီးပြောတာ ငါတစ်သက်လုံး မေ့မှာမဟုတ်ဘူး။ သူပြောတာက သုတေသနလုပ်မယ်ဆိုရင် ကိုယ်လိုချင်တာရအောင် ဘယ်လောက်အခက်အခဲရှိရှိ ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပြည့်နဲ့ ခေါင်းတွေလိုတယ်တဲ့။

ဒီလိုလုပ်နိုင်တဲ့ စင်ကာပူရီးယန်း မင်းတွေ့ဖူးလား။ သူ့မိဘတွေ ၊ ညီအစ်ကို မောင်နှမတွေက စီးပွါးရေးလုပ်နေကြ၊ သူက သူတို့လောက် ပိုက်ဆံဝင်နိုင်မလား။ တချို့ဆရာဝန်တွေ၊ ရှေ့နေတွေက သူတို့ကလေးတွေကို ပြောကြတယ်။ “ မင်းက သုတေသနလုပ်နေတာဆို၊ ဘာအတွက် လုပ်နေတာလဲ” တဲ့။ ဒီလို စိတ်နေစိတ်ထားတွေကြားမှာ Pfizer လို၊ Merck လို၊ Glaxo Smith Kline တွေ ရှာတွေ့နိုင်မလား။ သူတို့အတွက် သုတေသနလုပ်နေကြတာတွေက ကမ္ဘာအနှံ့အပြားမှာ သောင်းပေါင်းများစွာ ရှိတယ်။

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Novartis ရဲ့ အကြီးအကဲ ဆွစ်လူမျိုးတစ်ယောက်ကိုလည်း တွေ့ဖူးတယ်။ သူက စင်ကာပူအပေါ်မှာ သိပ်ယုံကြည်မှုရှိတယ်။ ငါက သူ့ကို “ ကျွန်တော်တို့ အခု R & D လုပ်တော့မလို့” လို့ဆိုတော့ သူက “ သိပ်မလွယ်ဘူး။ အရည်အချင်းရှိတဲ့လူတွေ အများကြီးလိုတယ်။ ဆွစ်ဇာလန်၊ ဘော့စတွနှ်မှာ ကျွန်တော်တို့ R & D ဌာနရှိတယ်။ အဲဒီမှာ တက္ကသိုလ်ခြောက်ခု၊ ခုနှစ်ခုလောက်နဲ့ ပူးပေါင်းထားရတာ” တဲ့။ ဆိုလိုတာက အရည်အချင်းကိုတော့ ဘော့စတွန်ကနေတင် ယူတာမဟုတ်ဘူး။ အဲဒီ ဒေသတွင်းမှာရှိတဲ့ သုတေသနလုပ်၊ သင်ကြားရေးလုပ်နေတဲ့ ခေါင်းပေါင်းများစွာထဲကနေ ထုတ်ယူနေကြရတာ။

Life Science မှာ သုတေသနစလုပ်ကြမယ်ဆိုကြတော့ ငါ့မှာ သံသယအကြီးအကျယ်ကို ရှိခဲ့တာ။ ဒါက ဖီးလစ် ယို တင်ပြလာတာ။ ငါကမေးတယ်-
“ဦးနှောက်စွမ်းအင် ဘယ်ကရမှာလဲ” လို့။

ငါတို့လုပ်တာမှန်သမျှ တရုတ်တွေ၊ အင်ဒီးယန်းတွေ၊ ဗီယက်နမ်တွေကလည်း လိုက်လုပ်ကြမှာ။ သူတို့ကို ငါတို့က ဘယ်လိုယှဉ်ပြိုင်မှာလဲ။ ဒီတော့ ဖီးလစ် ယိုက ပြောတယ်။ နိုင်ငံခြားက အတော်ဆုံးကျောင်းသားတွေကို ပညာသင်ဆုပေးပြီး ခေါ်မယ်တဲ့။

သူတို့က ပညာသင်ပြီး ဒီမှာ ဆက်နေပါ့မလား။ အေးလေ ကြိုးစားကြည့်ကြတာပေါ့။ ထိပ်တန်းသိပ္ပံပညာရှင်တွေ မွေးထုတ်ပြီး သူတို့ နေ၊ မနေကိစ္စက ထားလိုက်ပါ။ သူတို့ သုတေသနလုပ်ဖို့ ငွေထုတ်ပေးနေသရွေ့တော့ နေကြဦးမှာပဲ။ ဒါပေမယ့် ဒီစကောလားရှစ်ရပြီး Ph. D ဘွဲ့အတွက် တို့လွှတ်ထားတဲ့ကျောင်းသားတွေက အများအားဖြင့် အာရှတိုက်သားတွေ။ သူတို့သာ သူတို့မွေးရပ်နိုင်ငံကို ပြန်သွားလို့ကတော့ စင်ကာပူ ဒုက္ခရောက်ပြီသာမှတ်ပေတော့။

ဒီတော့ သူတို့ဒီမှာ အခြေချကောင်းပါရဲ့လို့ပဲ မျှော်လင့်ရတော့တာ။ ဒီကလူတွေနဲ့ အိမ်ထောင်ကျ၊ ဒါမှမဟုတ်လည်း သူတို့လူမျိုးခြင်း အိမ်ထောင်ကျ၊ ဒီမှာပဲ ဆက်နေထိုင်။ ဒီမှာက တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယထက်တော့သာတယ်- ဆိုတာလေးတွေနဲ့ပဲ တွေးပြီးဖြေသိမ့်နေရတာ။ စင်ကာပူက သူတို့ကို လိုအပ်တယ်။

သူတို့က သုတေသနလုပ်ကြတယ်။ အကြောင်းက အဲဒါကသည်ပင် သူတို့ရွေးချယ်ရမယ့်လမ်းဖြစ်နေလို့။

စင်ကာပူးရီယန်းတွေက တခြားရွေးစရာရှိတယ်။ ရှေ့နေဖြစ်နိုင်တယ်။ ဆရာဝန်ဖြစ်နိုင်တယ်။ စာရင်းစစ်၊ ဘဏ်အရာရှိ၊ ပွဲစားကုန်သည်၊ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်နိုင်တယ်။ သူ့ကို သုတေသနအလုပ်ခိုင်းလို့ သူက ဒီလိုတောင်ပြန်ပြောဦးမယ်- “အော် ခင်ဗျားတို့က ကျွန်တော့်ကို ရောဂါပိုးမွှားတွေကို သုတေသနပြုပြီး ဆေးဝါးတွေ့အောင် လုပ်ပေးစေချင်တာပေါ့လေ။ သုတေသနတစ်သက်လုံးလုပ်ပြီး ဘာမှ မရှာပဲနေပစ်လိုက်မယ်” လို့။


ဇင်ဝေသော်
Zin Wai Thaw

ဒုက္ခ

ပြည်ကြီးတရုတ်တွေက ယဉ်ကျေးတယ်။ အသက် ၂၇ နှစ် ကျော်တဲ့အထိ အိမ်ထောင် မပြုရသေးတဲ့ ပညာတတ် အမျိုသမီးတွေကို အကျန် အကြွင်း အမျိုးသမီးများ ( left over women ) လို့ ခေါ်ကြတယ်။
ဒါကို တရုတ်အမျိုသမီး အဖွဲ့ချုပ်က ထောက်ခံတယ်။ ပညာရေးနောက် လိုက်ရင်း၊ ချေးများခြင်း စတာတွေကြောင့် ဒီလိုဖြစ်ရတာ သနားစရာ မရှိ တဲ့။ ဒုက္ခ။

လက်ရှိ စစ်လူထွက်အစိုးရ ပါတီခေါင်းဆောင်ရွေးတော့ သမ္မတကြီးပဲ ထပ်ရသတဲ့။ ဒါကို တို့မီး ရှို့မီး မီဒီယာက စစ်တပ်ထဲမှာဆို သူရ ဦးရွှေမန်းက စီနီယာပိုကျတယ်၊ ဒါ့ကြောင့် သူ ရမယ်ထင်ထားတာ တဲ့။ စစ်လူထွက်ပါဆို ဘယ်က စစ်တပ် ဝါတွေ ရေတွက်နေကြမှန်း မသိဘူး။ ဒုက္ခ။


ကမ်းလက်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၃ )

၁ ။ စလုံးမှာ ကျောင်းပြီးထားပြီး မြန်မာပြည်ပြန် အလုပ်လုပ်တယ်ဆိုတဲ့သူတွေထဲမှာ တကယ်ပြန်ချင်လွန်းလို့ ပြန်တဲ့သူလည်း ရှိပါတယ် ... သို့သော် အများစုဟာ စလုံးမှာ နေထိုင်ခွင့်မရလို့သာ ပြန်ကြရတယ်ဖြစ်ပါတယ် ... အဲဒီလို ပြန်ကြသူတွေထဲမှာ ဘယ်နှစ်ရာခိုင်နှုန်းကများ  ကျွန်တော်ကျွန်မတို့ နေထိုင်ခွင့်မရလို့ ပြန်လာကြရပါတယ်လို့ ရိုးရိုးသားသား သူတော်ကောင်းလုပ်ပြီး ၀န်ခံမယ် ထင်ပါသလဲ ...

၂ ။ ပြောတော့ လွယ်တယ်ဗျာ....ကိုယ့်မြန်မာပြည် ကို ပြန်လာရင်လဲ ဘာအလုပ် အကိုင်မှမရှိ ဘူး..ရှိတော့ရှိပါတယ် .?တစ်နေ့လုပ်ခ ပိုက်ဆံက ၁၅၀၀ ဗျာ. ထမင်းတခါးစားရင် ၈၀၀ ဗျာ ဒါတောင်မှ အဝစားမဟုက်ဘူးနော် သတိ September 27 at 9:01pm · Unlike · 4

၃ ။ 50/50...yes and no par...I came back 1999/2000...after 2003..very bad economy..now a little of blink..and shine shine..but still money make everything in Myanmar..
September 26 at 2:25pm ·


ဒီ ကွန်မင့် သုံးခုကတော့ ဆောင်းပါးကို ကောက်ချက်ချ ပုံ နည်းနည်းလေး ချော်နေပါတယ်။ ကျနော် ဇောင်းပေးရေးတာက ဟိုက လူငယ်တွေ " လာသင့် မလာသင့် " ပါ။ ဒီမှာ အခြေကျပြီးသားလူတွေ " ပြန်သင့် မ ပြန်သင့် " မဟုတ်ပါဘူး။
ကွန်မင့်  တစ် ကို ကြည့်ရင် ဒီမှာ ဘွဲ့ရတာတောင် ဘဝဟာ မရေမရာ ပဲ ဆိုတာ ပြောနေပါတယ်။

ကွန်မင့်  နှစ် ကလည်း နိုင်ငံခြားမှာ အနေကြာပြီး ရန်ကုန်ပြန်ရောက်တော့ " တွေ " သွားတာ၊ ရန်ကုန်က ရေစီးနဲ့ အံမဝင်တတ်တာကိုပဲ ပြောနေပါတယ်။

ကွန်မင့်  သုံး ကလည်း ဒီ သဘောပါဘဲ။ အပြန်ခက်တဲ့ အကြောင်းပါ။

ကျနော် ဆွေးနွေးတဲ့ " လာသင့် မလာသင့် " က လူငယ်တွေ အဲ သလိုြံကုံရမှာကို စိုးရိမ်လို့ အရဲစွန့်ပြီး ရေးမိတာပါ။
မြို့ကနေ ရွာပြန်ရောက်တော့ မြို့ပြန်ဆိုပြီး လယ်ထဲ မဆင်း ချင်။ နိုင်ငံခြားကနေ ရန်ကုန် ပြန်ရောက်တော့ တစ်နေ့လုံး လုပ်မှ  နိုင်ငံခြား တစ်နာရီ ဝင်ငွေတောင် မရှိ ဆိုပြီး အလုပ်လုပ်ချင်စိတ် ပျောက်သွားတတ်တာ။ ဒါတွေပါ။

ဟိုမှာ အမြဲနေသူတွေမှာ ဒီလို အတွေးတွေ မရှိတော့ ရေစီးအတိုင်းပဲ ပုံမှန် စီးနေနိုင်တယ်။ ဒါက စိတ်ဓာတ်အပေါ် ထိရိုက်သွားတဲ့ နိုင်ငံခြားပြန် အကျိုးဆက်ပါ။ မမှားပေမယ့် မကောင်းတော့ဘူး။ ပရောဒတ်တစ်ဗ် မဖြစ်တော့ဘူး။

ဒီကောင့်စာ ဖတ်မိလို့ စင်္ကာပူ မသွားဖြစ်တာ၊ နို့မို့ဆို ဘာညာ စတဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း စဉ်းစားရပါတယ်။ မဖြစ်စေ၊ အကျိုးမယုတ်စေချင်ပါဘူး။ ဒါ့ကြောင့် ဖွင့်ထားတဲ အမြင်ကို ပြောတာပါ။

နောက်ပြီး အမြင်မှန်တွေရ၊  အတ္တတွေ ခဝါချပြီး အားနဲ့ မာန်နဲ့ နိုင်ငံတော်ကို တည်ဆောက်ယူနေကြရတဲ့ သမ္မကြီးတို့၊ ဒေါ်စုတို့ လက်ကြားကနေ ပညာတတ်တွေ ယိုစိမ့်ထွက်သွားမှာ စိုးရိမ်တာလည်း ပါတာပေါ့။

ကိုယ်က ဘာကောင်မှ မဟုတ်ပေမယ့် ကိုယ်ယူနိုင်တဲ့ တာဝန်လေးကို ကူထမ်းမိတာပါ လို့လည်း ဝန်ခံရမှာပါ။
ဘာမှ ကြီးကြီး ကျယ်ကျယ် မဟုတ်ပါ။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၂ )

ပညာမတတ် ဘွဲ့မရရင်လာလို့မရဘူးထင်တယ်နော်...
September 27 at 11:35pm


ပညာတတ်၊ ဘွဲ့ရ ဆိုတာကလည်း ဘယ်ဘွဲ့ရတာလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။ မြန်မာစာတို့ သမိုင်းတို့ လောတို့ဆိုရင် ပညာတတ်ထဲ မဝင်ပါဘူး။ ဝမ်းနည်းစရာပါ။

အဓိကအားဖြင့် အင်ဂျင်နီယာ၊ အကောင့် ( ACCA ပြီးမှ LCCI ) ကွန်ပျူတာတို့နဲ့ ရထားရင်တော့ မဆိုးပါဘူး။

ပညာမတတ် ဘွဲ့မရလည်း လာလို့တော့ ရပါတယ်။ အလုပ်ကြမ်းတွေ လုပ်ရမှာပေါ့။ မိန်းကလေးဆိုရင် အိမ်ဖော်တို့ နာ့စ်အကူတို့ လုပ်ရမှာ။ ယောက်ျားလေးတွေဆိုရင် ဆောက်လုပ်ရေးတို့ သင်္ဘောကျင်းတို့မှာပေါ့။ ကျနော့် မိတ်ဆွေတစ်ယောက်ဆိုရင် သူက ငွေစိုက်ပြီး သူ့ရွာသားတွေကို ခေါ်တယ်။ သင်္ဘောကျင်းမှာ လုပ်ကြရတယ်။ ပထမ တစ်လ နှစ်လ လောက်က တွေ့တုန်းမေးကြည့်တော့ အဆင်ပြေတယ်လို့ ပြောကြတယ်။ တဖြည်းဖြည်းနဲ့ ကြာတော့ သိပ်မစွံဘူးလို့ ပြောတယ်။
အဓိက က အိုဗာတိုင် မဆင်းရရင် မကိုက်တော့ဘူး။ သူ တို့ နောက်ဆုံး ရွာပြန်သွားကြတယ်။

အေးဂျင့်ကို ပေးရတာတွေ၊ ပြဿနာ ဖြစ်ရင် ဘာသာစကား မပြောတတ်တော့ သူများကိုပဲ အားကိုးနေရတာတွေ စုံလို့ပဲ။
နောက် ပြဿနာက ရွာရောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တာပဲ။ စိတ်ဓာတ်ပါ ပျက်သွားတယ်။
ကျနော်ကိုယ်တိုင်ကတော့ ခေါ်လို့ရတာတောင် အမျိုးထဲက လူငယ်တွေကို မခေါ်ဘူး၊ ကိုယ့် နိုင်ငံထဲမှာ တက်လမ်းရှာဖို့ပဲ ပြောမိတယ်။ အနာဂတ် မရှိဘူး ထင်လို့။

ကျနော်မှားချင် မှားမှာပါ၊ အခွင့်သင့်ရင် ကြိုးစား ကြည့်ပါလား။ နောက်ဆုံးတော့ ကံ ပါဗျာ။
ကျနော့် ဝန်းကျင်မှာ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးဆိုရင် အိမ်ရှင် ဆရာမဟောင်း ဗုဒ္ဓဘာသာ တရုတ်မကြီးကပဲ သူ့ စကား နားထောင် နေရသလိုလို။ သူက လက်သည်းရှည် လက်သည်းနီတွေနဲ့။

ပေါ်လစီကို ခန့်မှန်းရဲပေမယ့် " ကံ " ကတော့ ဘုရားရှင်ရဲ့ အရာ ဖြစ်နေတယ် မဟုတ်လား။


လေးစားလျက်
ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၁ )

( စင်္ကာပူကို လာသင့် မလာသင့် ထဲက ကွန်မင့်တချို့ကို သိပ်များသွားတဲ့ အတွက် မပြန်နိုင်ခဲ့ပါဘူး။ အခု ပြန်ဖတ်တော့ ပြန်သင့်တဲ့ ကွန်မင့်တချို့ တွေ့ရပါတယ်၊ အကျိုးရှိလောက်တာလေးတွေကို တတ်နိုင်သရွေ့ ရွေးပြီး ပြန်လိုက်ပါတယ်။ )

မြတ်စွာဘုရား singlish ကိုတောင် အတီးအတပြောနေရတဲ့ကောင်တွေလောက်တောင် ငတို့ဘန်းကျော်သားတွေ အီးလို မတတ်ဘူးဆိုပဲ
လေပကွာ
ဘယ်သူတွေကို ဘယ်လိုကြည့်ပြီး ပြောလေတယ်မသိဘူး
September 26 at 12:55pm ·

ပထမဆုံးပြောချင်တာက ဘွဲ့ရတွေ မဆိုထားနဲ့ အေ လယ်ဘယ်လောက် အောင်တဲ့သူတွေတောင် အင်္ဂလိပ်စာကို ကောင်းကောင်း တတ်ပါတယ်။ မတတ်နေမလား၊ အများစုက အိမ်မှာရော ကျောင်းမှာပါ အင်္ဂလိပ် ပဲ သုံးကြတာကိုး။

စကားပြောတဲ့လေသံက singlish မို့ လားတွေ၊မားတွေ ပါနေကြတာပါ။ ဒါက သူတိုချင်း နေ့စဉ်သုံး နဲ့ ဖုန်း မက်ဆေ့တွေမှာ တွေ့ရတာပါ။ စနစ်တကျ ပွဲတွေ လမ်းတွေမှာပြောရင် ပညာတတ်တွေက ( ရယ်စရာက လွဲရင် ) လား လဲ တွေ မပါကြဘူး။
အင်္ဂလိပ် လို ရှယ်ရေးနိုင်တယ်။ စတန်းဒတ် အင်္ဂလိပ်စကားကို တစ်ခေါက် နားထောင်ရုံနဲ့ ရာနှုန်းပြည့် ( နီးပါး ) နားလည်တယ်။

အထူးမှတ်သင့်တာက အင်္ဂလိပ် မီဒီယာနဲ့ ကမ္ဘာ့ တက္ကသိုလ်တွေကို တက်ဖို့ တိုဖယ်တွေ ဘာတွေ သူတို့ မဖြေရဘူး။ တတ်လို့ပေါ့ ဗျာ။ စကားပြောတဲ့လေသံကတော့ သူတို့ အသံနဲ့ သူတို့ပဲ ထွက်မှာပေါ့။ လမ်းပေါ်က လေသံကို နားထောင်ပြီး မတတ်ဘူးထင်ရင် မှားပါတယ်။ ပညာတတ်တွေက နေရာကြည့်ပြီး အင်္ဂလိပ် လိုလည်း ပြောတယ်၊ singlish လိုလည်း ပြောပါတယ်။


လေးစားလျက်
ဇင်ဝေသော်

တော်တော် ချာ တဲ့ နယ်စပ်ဝန်ကြီး

OIC နဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးသတဲ့။

၁။ သူတို့ပြောတဲ့ လူသားချင်း စာနာမှုဆိုတာကို ယုံကြည်ခြင်း ၊
၂။ ရိုဟိန်ဂျာအရေးအခင်းကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် အဖွဲ့ချုပ်ကို သူတင်ကိုယ်တင် ယှဉ်နိုင်မယ်ဆိုတာ သဘောမပေါက်ခြင်း ၊
၃။ ရေနံကို သောက်ရင် သေနိုင်သလို ရေနံကရတဲ့ ငွေတွေကလည်း အဆိပ်ဆိုတာ မသိခြင်း ၊
၎။ အင်္ဂလိပ်စာ မတတ်တော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပေါ်လစီကို မျက်ခြေပြတ်ခြင်း ၊
၅။ အသားမကျသေးတဲ့ ဒီမိုကရေစီစနစ်နဲ့ မတည်ငြိမ်သေးတဲ့ အစိုးရကို တစ်ဖက်သားက အခွင့်အရေး ယူလာနိုင်တယ်ဆိုတာ နားမလည်ခြင်း ၊
ဒါတွေကြောင့် နယ်စပ်ဝန်ကြီးဟာ ခပ်ချာချာပဲလို့ ပြောပါရစေ။


၁။ OIC ပြောတဲ့ “လူသားချင်း စာနာမှု” ဆိုတဲ့ စကားကို ဝန်ကြီးတစ်ယောက်က ယုံကြည်သတဲ့။ ဒါဆို ကျွန်တော် မေးမယ်။

သီရိလင်္ကာစတဲ့ နိုင်ငံတွေမှာ ဆူနာမီ ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်ခဲ့တယ်။ ဘယ် OIC က ဘာတွေ သွားပြီး အကူအညီ ပေးခဲ့သလဲ။ ဒီထက် စာနာစရာကောင်းတဲ့ လူသားတွေ ရှိပါဦးမလား။ ဂျပန်ဆိုရင် အခုအထိ ပုံမှန် ပြန်မရောက်သေးဘူး။

သူတို့ကို အကူအညီ ပေးနေတာ ဘယ်သူတွေလဲ။
ကိုရီးယားက ခရစ်ယန်ချပ်ကျောင်းတွေ၊ ထိုင်ဝမ်က ဗုဒ္ဓဘာသာတွေ၊ သူတို့အများဆုံး ပေးနေကြတာ။
ဘယ်မလဲ စေတနာရှင် OIC !

၂။ လွတ်လွတ်လပ်လပ်သာ မဲပေးရရင် စစ်တပ်ထဲမှာတောင် လက်ရှိအစိုးရ မဲရမလားဆိုတာ မသေချာတော့ဘူး။ ပြည်တွင်းက အွန်လိုင်းသုံးသူတွေ (၉၀) ရာခိုင်နှုန်း ကျော်ကျော်က Burma ပဲ ရှိသေးတယ်။ ဒါက အဖွဲ့ချုပ်ရဲ့ အားသာမှုကို ပြနေတာပဲ။ ဒီအချိန်မှာ ရိုဟိန်ဂျာကိစ္စ ရုတ်တရက်ကြီး “ပွ” ထွက်လာတယ်။ အဲ့ဒါ “Blessing in disguise” ပဲ။ နိုင်ငံရေးအရ ပြောရရင် ဒီကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်လိုက်ရင် ဘာသာရေးစိတ်ဝင်စားတဲ့ လူထုကြီးဆီက ထောက်ခံမှုတွေ အများကြီး ရလာစရာ ရှိတယ်။ မနပ်တာ။ ရွေးကောက်ပွဲလည်း နိုင်ချင်သေးတယ်။

ဟိုတုန်းက ဆိုရိုးတစ်ခု ဖြစ်တဲ့ “အင်္ဂလိပ်အခက်၊ မြန်မာ့အချက်” လိုပဲ။ ဒါကို အခွင့်အရေးမှန်း မသိသလို ရအောင်လည်း ယူနိုင်မယ့် သဘောမရှိဘူး။ ဒီမိုကရေစီလေး ရလာလို့ ပျော်စပြုနေတဲ့ ပြည်သူကို ရိုဟိန်ဂျာက ထမင်းထဲ သဲဖြူးလိုက်တယ်။ ဒါကို ရအောင် နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ဘူး။ ဒီလို ဝန်ကြီးတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရကို ပြည်သူက ဘယ်လို ယုံကြည်ရမှာလဲ။

“ရိုဟိန်ဂျာအခက်၊ စစ်အစိုးရအချက်” ။ ဒါကို မသိဘူး။

၃။ ရေနံကို သောက်လို့ မရဘူး။ ရေနံကရတဲ့ ငွေဟာ အဆိပ်။ ဒါကို လီကွမ်းယု ထောင်းထောင်းကြေအောင် ပြောခဲ့ပြီးပြီ။ သူတို့ ငွေတွေ ယူလိုက်ရင် သူတို့ တရားဟောဆရာတွေ ပါလာမယ်။ သူတို့ တရားဟော ဆရာတွေက မွတ်စလင်မဟုတ်တဲ့ အစိုးရတိုင်းကို ထော်လော်ကန့်လန့်လုပ်ဖို့ သင်ပေးမယ်။ ယုံကြည်မှု မတူသူကို သတ်ရင်၊ မဒိမ်းကျင့်ရင် ကုသိုလ်ရတယ်လို့ ဟောလိမ့်မယ်။

အစ္စလမ်ဘာသာ အဆုံးအမကို စွပ်စွဲနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြမ်းဖတ်မှု မှန်သမျှ ဘယ်အပေါက်ကနေ ထွက်လာတာလဲ။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေဟာ သာမန် ဆဲလ်တွေကနေပဲ ဖြစ်လာတာ။ ထိမ်းမရ၊ သိမ်းမရ ဖြစ်တာ။ ယေဘုယျ အကြမ်းဖက်သမားတွေကို ကြည့်။ ရေနံက ငွေတွေကနေ အကြမ်းဖက်သမားတွေ ဖြစ်နေတာ။ သေဖို့ အသင့်ဖြစ်နေတဲ့ (Nothing to lose) အကြမ်းဖက်သမား တစ်ယောက်ကို သေရမှာ ကြောက်နေတဲ့ လူဆယ်ယောက်က မနိုင်ဘူး။ ပိုဆိုးတာက မေတ္တာ၊ ကရုဏာတွေနဲ့ ဗုဒ္ဓဘာသာတစ်သန်းက အဲဒီလူတစ်ယောက်ကို ရှုံးလိမ့်မယ်။

လက်တစ်ဆုပ်စာ လူလေးတွေအတွက် အမေရိကန်အစိုးရ စစ်အသုံးစရိတ်တွေ သန်းပေါင်းများစွာ သုံးစွဲနေရတာ သာဓကပဲ။ လူ့အခွင့်အရေး၊ လူသားတန်ဖိုးကို မသိတဲ့ လူတစ်ယောက်ကြောင့် လူ့အခွင့်အရေးကို လေးစားတဲ့ ကမ္ဘာ့လူကြီးလူကောင်း သန်းပေါင်းများစွာ စိတ်သောက ရောက်ကြရတယ်။

ဒါနဲ့များ OIC အထောက်အပံ့ကို ယူသတဲ့။

၎။ ကမ္ဘာ့နိုင်ငံတွေရဲ့ ပေါ်လစီလားရာကိုလည်း ဘာမှ သိပုံမပေါ်ဘူး။ အီးယူနဲ့ အမေရိကတို့ကပါ ဘာသာရေးနဲ့ ပတ်သက်ပြီး ပိုတင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ဖို့ လုပ်နေကြရပြီ။ သူတို့ပြောတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လစ်ဘရယ် ဒီမိုကရေစီဆိုတာတွေကို အကြမ်းဖက်ရေနံငွေတွေက ကျကျနန အခွင့်ကောင်းယူပြီး ဆော်နေတာကို သိသွားကြပြီ။

နိုင်ငံရေးစကားဆိုတော့ အစ္စလာမ်လို့ ဘယ်ပြောနေပါ့မလဲ။ ရလေးဂျင်းလို့ပဲ အားလုံးကိုခြုံပြီး ပြောမှာပေါ့။ ဒါပေမယ့်တင်းကြပ်လာမယ့် ဥပဒေတွေဟာ တခြားဘာသာတွေနဲ့ ဘာမှ မဆိုင်ဘူး။ "အဲယားကွန်းခန်းထဲ ဆေးလိပ်မသောက်ရ" ဆိုသလိုပဲ ကျန်တဲ့သူတွေက သောက်မှ မသောက်တာ၊ ဘာထူးပြီး လိုက်နာနေစရာ လိုမှာလဲ။ သောက်တဲ့လူတွေကို သွားထိမှာပေါ့။

အာဏာရှင်ဆန်တယ်ပဲပြောပြော ၊ ဘာပဲပြောပြော မွတ်ဆလင်ကို ထိန်းတဲ့နေရာမှာ စင်္ကာပူဟာ အတော်ဆုံးပဲ။ တခြားဘာသာတွေကို ဆူညံခွင့် မပြုသလို မွတ်စလင် ဗလီကလည်း အသံချဲ့စက်နဲ့ ဘာသာရေးစာတွေ ရွတ်ဖတ်လို့ မရဘူး။ အဲသလို တင်းမထားလို့ကတော့ ကျွန်းပေါက်စ ပျောက်သွားမယ်။

ကမ္ဘာ့နိုင်ငံတွေက နိုင်ငံရေးစကား၊ နိုင်ငံရေး ဦးနှောက်တွေနဲ့ အကြမ်းဖက်ရေနံငွေတွေကို စနစ်တကျ ထိန်းသိမ်းနေရတဲ့အထဲ - OIC ရဲ့ လူသားချင်းငဲ့ညှာထောက်ထားမှုဆိုတဲ့ အကူအညီကို လက်ခံသတဲ့။ အာရပ်သဌေးတွေက ဗုဒ္ဓဘာသာရခိုင်တွေကို ဒီလောက်စေတနာရှိပါ့မလား ၀န်ကြီးရယ်။

အင်္ဂလိပ်စာကလည်း ကောင်းကောင်းမတတ်၊ မှတ်သားသင့်တဲ့ ကမ္ဘာ့စာတွေကို ဘာသာပြန်ပေးမယ့်သူလည်း မရှိဘူးထင်ပါရဲ့။

၅။ ကျနော်ထင်တာမမှားဘူးဆိုရင် ဒီမိုကရေစီ အကူးအပြောင်းကာလကို အခွင့်ကောင်းယူပြီး ရိုဟိန်ဂျာ ချာနယ်ကနေတဆင့် မွတ်ဆလင် လွှမ်းမိုးရေးကို ၀င်လာတာပါ။ စစ်အစိုးရဆိုရင်လည်း သူတို့ဘာမှ မလုပ်ရဲပါဘူး။ သူ့ကျောင်းသားပညာတတ်တွေတောင် ပစ်သတ်တဲ့ အစိုးရမျိုးကို ရိုဟိန်ဂျာလည်းကြောက်ပါတယ်။

သွေးတိုးစမ်းတာလောက်ကလွဲရင် တကယ်မလုပ်ရဲပါဘူး ။ သူတို့ကို အကူအညီပေးမယ့် အာရပ်ကမ္ဘာနဲ့ ရိုဟိန်ဂျာတွေကလည်း အဝေးကြီး မဟုတ်လား။

ဒီမိုကရေစီစနစ်အတည်တကျဖြစ်သွားပြီး ၀န်ကြီးတွေကလည်း ပညာတတ်တွေဖြစ်ကုန်ရင် ဒီလို "လူသားအချင်းချင်း စာနာ" ဆိုတာမျိုးတွေယုံကြည်ကြမှာ မဟုတ်တော့ဘူး။ ၀င်လို့ရမှာ မဟုတ်တော့ဘူး ။

ဒါကြောင့် အခွင့်ကောင်းယူပြီး စပ်ကူး မတ်ကူးကြားမှာ အချိန်ကိုက် ၀င်လာတာပါ။ သူတို့က သူတို့ အခွင့်အရေးကိုသိတယ်။ ၀န်ကြီးတို့က ၀န်ကြီးတို့ အခွင့်အရေးကို မသိဘူး။ အခွင့်အရေးရှိပါတယ်။ မတည်ငြိမ်သေးတဲ့ ဒီမိုကရေစီစနစ် ဆိုတာကို အခွင့်ကောင်းယူပြီး ခပ်တင်းတင်း ကိုင်တွယ်ထားလို့ရတယ်။ (နောက်ဆို မရတော့ဘူး)

အကြမ်းဖက်မှုပါသွားလို့ ကမ္ဘာ့ရင်းနှီးမြုပ်နှံသူတွေ လက်တွန့်မှာကို စိုးရိမ်တာလား။

ဒါဆိုရင်တော့ ဒီအစိုးရရဲ့ စီးပွားရေး အမြင်ကလည်း "ချာ" သွားပြန်ရော။

ဘူးသီးတောင်က ကိစ္စကို ဘူးသီးတောပင်မှာပဲ ရအောင်ရှင်းပါ။ ရန်ကုန်ကို မရောက်ပါစေနဲ့။ အကျိုးအမြတ်ရမယ်ဆိုရင် ဘယ်ကုမ္ပဏီမှ လက်တွန့်နေမှာ မဟုတ်ပါဘူး။ လာမှာပါပဲ။ ထိုင်းနိုင်ငံထိသွားတယ်ဆိုတာက ပြဿနာအရင်းက ဘန်ကောက်မှာ ဖြစ်သွားလို့ပါ။ မလေးနယ်စပ်မှာ ပြဿနာရှိတာနဲ့တော့ ဘန်ကောက်က စီးပွားရေးသမားက အိမ်ပြန်မသွားပါဘူး။

NGO တွေ ၊ လူ့အခွင့်အရေးသမားတွေကတော့ ပြောကြ ဝေဖန်ကြမှာပေါ့။ ဒါပေမယ့် ဗုံးကို ခါးပတ်လာတဲ့ အကြမ်းဖက်သမားကို တကယ် ကိုင်တွယ်ရတာက NGO တွေ ၊ လူ့အခွင့်အရေးသမားတွေ မဟုတ်ဘူး ၊ အစိုးရတွေ။ ဒီတော့ အစိုးရဟာ တိကျတဲ့ ပေါ်လစီကျင့်သုံးဖို့ သူတို့ကို ဂရုစိုက်စရာ သိပ်မလိုဘူး ။ အစိုးရက အစိုးရ အလုပ်ကိုပဲ လုပ်ရပ်တယ်။

အမေရိကရဲ့ တွင်းတာဝါ ပြိုကျသွားတယ်။
ဒီတော့ NGO တွေ ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက "ဒါမျိုးလုပ်ရပ်ကို ရှုံ့ချပါတယ် " တဲ့။ ဒါပဲ။ ဒီထက်မပိုဘူး။
တကယ်တမ်း ဘင်လာဒင်ကို ရှာပုံတော်ဖွင့်ရတာက ဂျော့(ရှ်)ဘု(ရှ်) အစိုးရပါ။

ချာတယ် ၀န်ကြီးရယ် ။ ချာသမှ တော်တော်ချာ။


ဇင်ဝေသော်