ဒေါ်စုက အစိုးရနဲ့တပ်မတော် သွေးမခွဲပါ။
၁) ဒေါ်စုက အစိုးရနဲ့တပ်မတော် သွေးမခွဲပါ။
လက်ရှိအခြေအနေအားလုံး ခေါင်းခံတယ်၊ တာဝန်ယူတယ်၊ မွတ်စလင်ကမ္ဘာရဲ့ အဆဲအဆို၊ အကြိမ်းအမောင်းကို ခံယူတယ်။ အနောက်ကမ္ဘာရဲ့ ဝေဖန်သံတွေ အားလုံးကို တုန့်ပြန်တယ်။
လက်ရှိ တရုတ်ကြီးရဲ့ထောက်ခံမှု အတိအလင်းရတယ်။ အိန္ဒိယနဲ့ ရုရှားရဲ့ ထောက်ခံမှုလည်း ရနိုင်တယ်လို့ ကြိုတင်မှန်းဆကြည့်နိုင်ပါတယ်။ အနောက်က အတိအလင်း ထောက်ခံလို့ မရဘူး။ 
မွတ်စလင်ကမ္ဘာနဲ့ လူ့အခွင့်အရေး အုပ်စုကတော့ သိကြတဲ့အတိုင်းပဲ နေပါလိမ့်မယ်။
ဒါပေမဲ့ မွတ်စလင်ကမ္ဘာက ခေါင်းဖြတ်ဖို့ ကြုံးဝါးနေသူတွေ၊ လူ့အခွင့်အရေးသမားတွေက ခေါင်းအဖြတ်ခံရရင် ဝမ်းနည်းပါတယ်၊ ဒါကို ရှုံ့ချပါတယ်ဆိုတဲ့ ရုံးစာမျိုး ထုတ်ပြန်ပေးမယ့်သူတွေ။
အဆိုးထဲက အကောင်း။ အယ်လ်ခိုက်ဒါရဲ့ ခြိမ်းခြောက်သံကြောင့် အမေရိကန်နဲ့ အနောက်ကမ္ဘာရဲ့ နောက်ကွယ်က ထောက်ခံမှုတွေတောင် ရလာနိုင်ခြေ ပိုများလာပါတယ်။
သူမရဲ့ ၁၉ ရက်နေ့မိန့်ခွန်းဟာ မြန်မာပြည်သူတွေကို ပြောတယ်ဆိုတာထက် ကမ္ဘာကိုပြောပြနေတဲ့ မိန့်ခွန်းမျိုး ပိုဖြစ်နိုင်ပါလိမ့်မယ်။ မလွတ်တမ်း နားထောင်၊ လိုက်နာသင့်တဲ့ မိန့်ခွန်းဖြစ်နေပါလိမ့်မယ်။
သွေးကြောင်တာလည်း မကောင်းပါဘူး
သွေးအေးလွန်းရင်လည်း မကောင်းဘူး
အလားတူပဲ သွေးဆူလွန်ရင်လည်း မကောင်းပါဘူး။
၂) စင်္ကာပူရဲ့ နိုင်ငံရေးနောက်ခံ၊ လက်ရှိအခြေအနေကို မသိဘဲ အမျိုးသမီး မလေးလူမျိုးသမ္မတနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေဟာ လမ်းဘေးစကားမျှသာပါ။
သမ္မတဖြစ်ပြီးတဲ့နောက် သမ္မတအိမ်ကို ပြောင်းမနေဘဲ သူမရဲ့ မူလ တန်ဖိုးနည်းအိမ်လေးမှာပဲ ဆက်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ (အထူးသဖြင့်) အမျိုးသမီးထုရဲ့ နှလုံးသားတွေကို ညွတ်နူးစေပါလိမ့်မယ်။ Politically corrected အရွှေ့လေးပါပဲ။ တစ်ချိန်ထဲမှာ မိခင်စိတ်ကိုလည်း လှစ်ပြလိုက်သလိုပဲ။ လူမျိုးတွေ၊ ဘာသာရေးတွေကို ဖယ်ကြည့်လိုက်ရင် သိပ်လှတယ်၊ လေးစားစရာလည်း ကောင်းတယ်။
ဇင်ဝေသော်
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ လှည့်ကွက်ကို ဖေ့စ်ဘုတ်ဆယ်လီက မလိုက်နိုင်ဘူး
ဒါကတော့ သဘာဝပါပဲ။
၁) လက်ရှိအခြေအနေမှာ အစိုးရက စစ်တပ်အပေါ် ရာနှုန်းပြည့် မထိန်းချုပ်နိုင်ဘူး ဆိုတဲ့အမြင်ဟာ နိုင်ငံတော်အတွက် သိပ်ကောင်းတယ်။ အမှိုက်ရှင်းနေရတဲ့အချိန်မို့။ အဲ့ဒီအမြင်က ဒေါ်စုနဲ့ လက်ရှိအစိုးရအပေါ် ဖိအားတွေ မသိမသာ လျော့ကျစေတယ်။
မယုံရင် အင်္ဂလိပ်မီဒီယာပေါ်က အသံတချို့ကို နားထောင်ကြည်နိုင်ပါတယ်။ 
ဒီကိစ္စလည်း လူတတ်လုပ်ပြီး အကျယ်မရေးသင့်ဘူး။
ဆိုလိုတာက ဒေါ်စုအပေါ်တင်မယ့် အပြစ်တချို့ ကာချုပ်နဲ့ စစ်တပ်ဆီရောက်သွားတယ်။
၂) သမိုင်းမှာ အရှေ့အလယ်ပိုင်း အစွန်းရောက်မွတ်စလင်တွေက အိန္ဒိယအစိုးရကို ဂျီဟပ်လုပ်ဖို့ပြောတော့ အိန္ဒိယမွတ်စလင်တွေက အရေးမစိုက်ဘူး၊ သူတို့နဲ့ အိန္ဒိယလူထု၊ အစိုးရတို့ သဟဇာတဖြစ်ဖို့ပဲ ကြိုးစားနေထိုင်ကြတယ်။ ဒါဟာ ဖြစ်သင့်၊ ဖြစ်ရမယ့် သဘောတရားပါပဲ။ 
အိန္ဒိယရဲ့စစ်အင်အားက တောင့်တင်းလို့လား၊ အိန္ဒိယမွတ်စလင်တွေကိုယ်တိုင်က အလယ်အလတ်ကျလို့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာ နှစ်ဖက်အကျိုးရှိတယ်။ 
မြန်မာပြည်တွင်းက မွတ်စလင်တွေ လိုက်ရမယ့်လမ်းကလည်း ဒီလမ်းပဲ ဖြစ်နေသင့်တယ်။
၃) မွတ်စလင်မြင်တိုင်း မုန်းနေတာက သဘာဝမကျသလို လက်ရှိအစိုးရကို ထောက်ခံချင်ရုံနဲ့ မွတ်စလင် အဖွဲ့အစည်းတွေက ပေးလာနိုင်တဲ့အန္တရာယ်ကို မသိချင်ယောင်ဆောင်တာလည်း သဘာဝမကျဘူး။ လူမိုက်စကားနဲ့ဆိုရင် ဓားသွေးတာက အပြစ်မရှိဘူး၊ သံသယနဲ့ ဝင်ခုတ်တာကတော့ အပြစ်ဖြစ်တယ်။ 
မွတ်စလင်အဝတ်အစားနဲ့ဆိုရင် သံသယနဲ့ကြည့်တာ၊ အရာရှိက သူတို့ကို ပိုပြီးစစ်ဆေးတာက အမေရိကနဲ့ ဥရောပ အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာကိစ္စ။ ဒါကို မွတ်စလင်တွေကလည်း လက်ခံရလိမ့်မယ်။ ဒါက အရှိအမှန်တရားပဲ။
၎) Politically Correct ဆိုတာ အမှန်တရားကို ပါးပါးနပ်နပ် ရှောင်ပြီးစကားလှသုံးတာမျိုးပါ။ ဒီနေ့ကိစ္စဟာ ဘာသာရေး၊ လူမျိုးရေးအခြေခံ ပြသနာဆိုတာ လူတိုင်းသိတယ်။ နိုင်ငံရေးခေါင်းဆောင်မဟုတ်ရင် ဒါကို အတိအလင်း ပြောခွင့်ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်က မပြောရပါဘူး။ 
ဒီအတွက် အားမလိုအားမရ ဖြစ်ပြီး ဆဲဆိုကြိမ်းမောင်းနေတာတွေက မှားပါတယ်။ အကင်းမပါးရာ ရောက်ပါတယ်။
၅) မိုးထဲရေထဲ ပါတီကွဲနေသူဟာ နိုင်ငံတော်ကို ချစ်တာလား၊ နှစ်တာလား။
မေးခွန်းများစွာ။ ။
ဇင်ဝေသော်
ရခိုင်ပြည်နယ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လက်တွေ့သိပ်မကျတဲ့ ပညာတတ် အယူအဆတစ်ခုရှိတယ်
ဒါတွေဟာ အဓိကအားဖြင်း
၁) ဆင်းရဲမွဲတေမှု
၂) ပညာမတတ်မှုကြောင့် ဖြစ်ရတာ ဆိုတာပါပဲ။ 
ဒါပေမဲ့ ဒီအယူအဆက အောက်မှာမေးမယ့် မေးခွန်းကို မဖြေနိုင်ဘူး။
ဟုတ်ပါပြီ။ ဒါကို အကြောင်းတစ်ရပ်အနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့
ဆင်းရဲမွဲတွေတာ၊ ပညာမတတ်တာနဲ့ပဲ တာဝန်ကျ စခန်းမှူးကို ခေါင်းဖြတ်သတ်ရတော့မှာလား။ ?????
သူက ဆက်ပြောလာစရာရှိပြန်တယ်။
လူတန်းစားခွဲခြားဆက်ဆံမှု။
ဒါဆိုရင်
ဟောဗျာ အခြား မြန်မာ့ တိုင်းရင်းသားတွေထဲမှာလည်း မြန်မာက သူတို့ကို နှိမ်တယ်၊ မြန်မာက လူမျိုးကြီးဝါဒလို့ ယုံကြည်သူတွေ ရှိတယ်။ ဒါပေမဲ့ တာဝန်ကျ စခန်းမှူးကို ခေါင်းမဖြတ်ကြပါဘူး။
မြန်မာ့ကျေးလက်က ရွာတွေမှာလည်း ထင်သလောက် ပညာမတတ်ကြ၊ ထင်သလောက် မချမ်းသာကြဘူး။
နောက်ပြီး အကြမ်းဖက်မွတ်စလင်တွေထဲမှာ ပညာတတ်တွေပါတယ်။ ဒါဆို ဘယ်လို ရှင်းပြကြမလဲ။
အထက်က အကြောင်းပြချက်နှစ်ခုဟာ ဟုတ်မလိုလိုနဲ့ ဘာအဖြေမှ မပေးနိုင်တဲ့ အယူအဆသာဖြစ်ပါတယ်။
ကျနော်ကတော့ ဒီကိစ္စမှာ ပညာတတ်၊ လူမိုက်ကြီး ဟားဗတ်ပါမောက္ခ ဟန်တင်တန်ကိုပဲ ယုံကြည်တယ်။
The Clash of Civilisations.
လူ့ယဉ်ကျေးမှု ပဋိပက္ခ။
ဇင်ဝေသော်
မနေနိုင်လို့ ပြောပါရစေ
ဒေါ်စုနဲ့ ကာချုပ် တရားဝင်/မဝင် နားလည်မှုတွေ ရှိနေပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မနေနိုင်လို့ ပြောချင်ပါတယ်။ လူတတ်လုပ်ခြင်း မဟုတ်ရပါ။ မနေနိုင်လို့သာပါ။
၁) မြန်မာ့တပ်မတော်
ကျေးဇူးပြုပြီး ...
သူမနဲ့ အတူရပ်ပေးပါ
သူမနဲ့ အတူ တက်ပေးပါ
သူမနဲ့အတူ ဆုတ်ပေးပါ။
လက်ရှိအခြေအနေဟာ "စစ်ဦး ဘီလူး" ဗျူဟာပဲလို့ ယူဆပါတယ်။ အဆုတ်တွေ၊ အတက်တွေ၊ မဟာဗျူဟာအရွှေ့တွေ သေချာပေါက် ရှိနေအုံးမှာပါ။
၂) မြန့်မာ တပ်မတော် စစ်ထောက်လှမ်းရေး
ကျေးဇူးပြုပြီး...
သတင်းအတိအကျတွေ မပို၊ မလို သူမဆီ အကုန် ပို့ပေးကြပါ။
သူမဟာ ကမ္ဘာကိုပြောနိုင်တဲ့ နိုင်ငံတော်ကြီး တစ်ခုလုံးရဲ့ ပါးစပ်ပေါက် ဖြစ်နေပါတယ်။
-သတင်းတွေက ချဲ့ကားနေရင် သူမ သိက္ခာကျတယ်၊ နိုင်ငံတော် သိက္ခာကျတယ်။
-သတင်းတွေလိုနေရင် နိုင်ငံတော်အတွက် နစ်နာတယ်။
ဇင်ဝေသော်
သူမနဲ့ အတူပဲ ရှိနေမယ်
ဦးသိန်းစိန်လက်ထက်က ဦးသိန်းစိန်ဟာ အဘအဆက်ဆက်သုံးခဲ့တဲ့ အိမ်သာခွက်ကို ဝင်ဆေးနေရသူလို့ ထင်ခဲ့မိတယ်။ မှန်လည်း မှန်တယ်ထင်တယ်။ ဒါပေမဲ့
ခေတ်အဆက်ဆက်ရဲ့ အိမ်သာခွက်ကို အဆဲခံ၊ အဆိုခံ၊ အကြိမ်းမောင်း ခံ (ရင်နာစရာပဲ ပြည်တွင်းကတောင် ပါနေသေး) ပြီး ဆေးနေရသူက လက်မောင်းပိန်ပိန်၊ ခေါင်းမာမာ၊ ဉာဏ်ပညာနဲ့သတ္တိကြီးကြီး အမျိုးသမီးကြီး ဖြစ်နေတယ်။
ပြုပြင်ပြောင်းလဲရေး အစိုးရမို့လား
မဟာဗျူဟာ အလှည့်မကျသေးလို့လား
ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်တွက်ခဲ့လို့လား
ဒီကိစ္စကို ဦးသိန်းစိန် မကိုင်တွယ်ခဲ့ဘူး။
အခုရှိနေတဲ့ အမျိုးသားရေးလှိုင်းက အဲ့ဒီကတည်းက ရှိနေ၊ တောင်းဆိုနေပြီးသား။
ဘာနေနေ ရှိစေတော့။
အခု ကမ္ဘာနဲ့ ကျနော်တို့ အဖွားအိုကြီး။
အာရပ်ကမ္ဘာအသံ
ကမ္ဘာတစ်ခြမ်းအသံ
ကုလသမဂ္ဂအသံ
ဘာသံကိုမှ သူမ နားမထောင်းဘူး။
ရော့ အင့် ပြန်ယူလေ နိုဘယ်ဆု
"မင်း မရှိလည်း နေတတ်ပါတယ်"
မွတ်စလင် နိုင်ငံကြီးနဲ့ ကျောချင်းကပ်နေတဲ့ နိုင်ငံတိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာကြီး။
ကျနော်ဟာ ရီဂျင်နယ်လစ်ဇင်ပါ
လူ့ပြည်နဲ့ နတ်ပြည် တိုက်ပွဲဖြစ်ရင်
လူ့ပြည်ကနေမှာပါ။
အရှေ့နဲ့အနောက် တိုက်ပွဲဖြစ်ရင်
အရှေ့ဘက်က ဝင်တိုက်မှာပါ။
ကမ္ဘာ့နဲ့မြန်မာ ရန်ဖြစ်ရရင်
မြန်မာဘက်က ဝင်ဖြစ်မှာပါပဲ။
ဘာနေနေ မြန်မာပြည်က အဖွားအိုကြီးနဲ့အတူ အဝေးကနေ ကျနော် အတူရှိနေပါတယ်။
ဇင်ဝေသော်
ဖွင့်မပြောကြတဲ့ အချက်
မလေးရှားနဲ့ စင်္ကာပူ။ 
စင်္ကာပူရဲ့ အောင်မြင်မှုကို ပြောရာမှာ အခြားအချက်တွေကိုပဲ ထပ်တလဲလဲ ပြောနေကြပေမဲ့ မှန်ပြီး ပြောရခက်တာရှိတယ်။ 
ဒါက မလေးရှားမှာ မလေးလူမျိုးအများစု၊ စင်္ကာပူမှာ တရုတ်လူမျိုးအများစု ရှိနေတယ် ဆိုတဲ့အချက်ပဲ။ ဒါကို တရုတ်တွေက ဖွင့်ပြောရင် လူမျိုးချင်း ရန်သတ်ဖို့ပဲ ရှိတော့တယ်။
မလေးရှားမှာ ကန့်သတ်၊ ဟန့်တားမှုမရှိဘဲ အများစု မလေးတွေက လူနည်းစု တရုတ်၊ ကုလားတွေထက်သာအောင် မလုပ်နိုင်ဘူး။ လူမျိုးကြီးရဲ့ ဦးဆောင်မှုစွမ်းရည် နိမ့်ပါးတယ်။ ကျေးလက်တွေမှာ ဆာရုန်းလို့ခေါ်တဲ့ ပုဆိုးကြီးတွေနဲ့ မနက်စာရှိရင် အေးအေးဆေးဆေး အိပ်ယာဝင်သူတွေအများကြီး။ ရောင့်ရဲတာလား၊ စိတ်ကူးစိတ်သမ်း မရှိတာလားပဲ။ မချမ်းသာချင်တာတော့ မဟုတ်ဘူး။
စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ ကန့်သတ်ဟန့်တားမှုမရှိဘဲ လူနည်းစုတွေကို ဦးဆောင်မှု ပေးနိုင်တယ်။ 
မလေးရှားမှာဆို လီကွမ်းယုလည်း ဒီလို ဇာတ်လမ်းမျိုး မရေးနိုင်ဘူး။ ဒါက သေချာတယ်။
တရုတ်တွေကြားမှာလည်း သဘောတူ၊ မတူကိစ္စတွေရှိတယ်။ လေ့လာ မိသလောက်ကတော့ တရုတ်အများစုက ဘယ်တော့မှ အလုပ်ပျက်ခံပြီး ငြင်းခုံမနေကြဘူး။
နိုင်ငံတစ်နိုင်ငံမှာ အများစုရှိတဲ့လူမျိုးက ဦးဆောင်နေရာကို ရယူနိုင်ရင်၊ ဦးဆောင်စွမ်းရည်ရှိရင် တိုးတက်ဖို့ မြန်တာပါပဲ။ 
သူက အဓိက မောင်းနှင်အား၊ နေးရှင်းတစ်ခုရဲ့ ပင်မ ကာရိုက်တာ။
ဥပမာ။ အမေရိက၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ကိုရီးယား။
မလေးရှားကတော့ "ဘူမိပုတြ" ဝါဒနဲ့ မအောင်မြင်လှဘူး။
ဇင်ဝေသော်
(Aug 30, 2016)
ဒီပုံကိုတွေ့ရင် ဒေါ်တင်တင်အောင် ဘာများ ထပ်ပြောလေမလဲ
"တပည့်တော်မ သံရုံးသွားတာ သုံးခေါက်ရှိပြီ။ အခုအထိ မဲပေးခွင့် မရသေးဘူး။ မလျှော့ဘူး၊ ရေကုန်ရေခမ်း လုပ်သွားမှာ။ တပည့်တော်မတို့ ပင်ပမ်းတယ်ဆိုတာက အဲယာကွန်းဘတ်စ်နဲ့၊ နိုင်လွန် ကတ္တရာလမ်းနဲ့။ ကိုယ့်ထက် နှစ်နှစ်ကြီးတဲ အမကြီးခမျာ နေပူမရှောင် မိုးရွာမရှောင် မညီညာတဲ့ လမ်းတွေပေါ် နိုင်ငံတော်အတွက် ခရီးသွားနေရရှာတာ။"
(ဒါနဲ့ စကားမစပ် ဒေါ်တင်တင်အောင်က ရခိုင်တိုင်းရင်းသူကြီးနော်၊ ဆျာတို့ မှတ်ထားကြအုံး)
ဒေါ်စု၊ မစ္စတာဖော့ဒ်၊ အပ်ဘဆိုလုတစ်ဇင်နဲ့ ဇင်ဝေသော်
နိုင်ငံရေးစာပေလိုင်းထဲကို မရောက်ခင်က ကိုယ်အထင်ကြီး လေးစားတဲ့ ကမ္ဘာကျော်ကြီးတွေအကြောင်း တော်တော်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဂျင်နရယ် ဖော့ဒ်ကားကုမ္ပဏီကြီးကို တည်ထောင်သွားတဲ့ မစ္စတာဖော့ဒ်လည်း ပါဝင်ပါတယ်။
သူပြောတဲ့ စကားတိုတိုလေး သုံးခွန်းက... ခေါင်းဆောင်လုပ်မယ်ဆိုရင်....
(1) Make sure that you present.
(2) Make sure that you care about them
(3) Make sure they know that you care about them.
သင့်လူတွေ ရှိတဲ့နေရာကို သင် ရောက်နေမိပါစေ (အဝေးကချည်း လမ်းမညွှန်ပါနဲ့)။
သူတို့အပေါ် ဂရုတစိုက်၊ အလေးတယူလည်း ရှိပါ။
သင်က သူတို့ကို ဂရုတစိုက်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း သူတို့ သိနေပါစေ တဲ့။
လေယာဉ်ပေါ်မှာ အိပ်ပျော်နေရှာတဲ့ အသက် ၇၀ အရွယ် အဖွားအိုကြီးဟာ သူ့လူတွေရှေ့မှာ ဘာမှမဖြစ်သလို ဟန်တင်းနိုင်ပေမဲ့ လူကွယ်ရာမှာတော့ ဇရာက ဇရာကပါပဲဗျာ။ မစ္စတာဖော့ဒ်ရေ လူကြီးမင်းရဲ့ ဩဝါဒတွေ သူမဆီမှာ ကျနော်တွေ့နေရပါတယ်။
*******************************************************************
အကြွင်းမဲ့အာဏာပိုင်ဆိုင်မှု (အပ်ဘဆိုလုတစ်ဇင်) ဝါဒ အကြောင်းကို ပြောကြ ရင် လူ့သဘာဝကိုပါ ပူးတွဲသုံးသပ်ပါမှ တရားမျှတတဲ့အဖြေ ထွက်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
ကျနော်တို့ တွေ့ရတဲ့ ကမ္ဘာ့ အာဏာရှင်တွေဟာ လူလတ်ပိုင်းတွေပါ။ အသက်အရွယ် ကြီးပြင်းလာပြီဆိုရင် အဲဒီ အာဏာရှင်တွေကိုယ်တိုင်တောင် သဘောထားတွေ မသိမသာ ပျော့ပြောင်းလာတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကကတော့ ကဒါဖီပါပဲ။
အာဏာရယ်မှ မဟုတ်ပါဘူး။ ဘယ်အရာမှာမဆို အသက်လေးဆယ်ကျော် လူတစ်ယောက် ရှုမြင်ပုံနဲ့ အသက် ၇၀ ကျော် လူတစ်ယောက် ရှုမြင်ပုံဟာ တူမနေနိုင်ပါဘူး။
ဒါ့ကြောင့် အသက် ၇၀ အရွယ် အဖွားအိုကြီးဟာ သူမရဲ့ "အကြွင်းမဲ့အာဏာပိုင်ဆိုင်ရေး" အတွက် အသည်းအသန် လုပ်ယူနေတယ် ဆိုတဲ့ အယူအဆကို တစ်ယောက်ထဲဖြစ်ပါစေ ကျနော် ထိုင်ပြီးငြင်းဆန်နေ ပါရစေ။
အသက်က ၇၀၊ အဏာ ရခဲ့ရင်တောင် အချိန် ဘယ်လောက် ကျန်တော့မလဲ။ အနာဂတ် မျိုးဆက်အတွက် ပန်းပျိုးပေးထားခဲ့ချင်တဲ့ စေတနာလို့ပဲ အကြွင်းမဲ့ နားလည်၊ လက်ခံမိပါတယ်။
သဘောမတူသူများ ကျနော့်အကောင်းလေးကို ဝိုင်းဝန်းတိုက်ခိုက်နိုင်ပါပြီ။
ကျေဇူးတင်ပါတယ်။
ဇင်ဝေသော်
တိုင်းရင်းသား အကိုအမတို့ ရေ
၁။ နာဂတောင်ပေါ်မှာ အတူတူ အလုပ်လုပ်ခဲ့ဖူး တဲ့ နာဂကြီး ဦးအနုစီး သူ့ရွာကို အပြီးပြန်သွားပြီဆိုလို့ "ဘာကြောင့်လဲ" မေးတော့ သူတို့ နာဂ ဘာသာစကား ကွယ်ပြောက်သွားမှာစိုးလို့ လူငယ်တွေကို ဘာသာစကား ပြန်သင်ပေးဖို့တဲ့။
သူတို့ နာဂ ဘာသာစကားက သူတို့ တစ်ရွာပဲ ပြောတယ်၊ သူတို့ရွာက အိမ်ခြေ သုံးဆယ်လောက်ပဲ ရှိသတဲ့။ ပျက်ရယ် မပြုကြပါနဲ့၊ လူမျိုးစု ခေါင်းဆောင်တစ်ယောက်ဟာ သူ့စီဗီလိုက်ဇေးရှင်းကို ထိန်းကိုထိန်သိမ်းရပါမယ်။
၂။ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးဆိုတာ အားကြီးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုက အားသေးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုကို ဝါမြိုခြင်း မဟုတ်တော့ဘူး။ အားကောင်းလာအောင် အပြန်အလှန် နားလည် ဖေးမ၊ ကူညီခြင်းပါ။
၃။ ဒါပေမဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ကူးပြောင်းစမှာတော့ အားသေးတဲ့ စီဗီလိုက်ဇေးရှင်းတွေဟာ တွန့်ကနဲ ခံစားကြရတတ်ပါတယ်။ သို့သော် အဲဒီ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်သွားရင် လက်ရှိ အာနည်းသွားတဲ့ စီဗီလိုက်ဇေးရှင်းဟာ နှစ်ဆ အားကောင်းလာပါတယ်။
၎။ တောင်ကိုရီးယားရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပြောင်းတော့ လက်ရှိ ဗုဒ္ဓဘာသာနဲ့ ကွန်ဖျူးရှပ်ဝါဒဟာ တွန့်ကနဲ ဖြစ်သွားပြီး ခရစ်ယန်ဘာသာထဲ ဝင်သူ အရေအတွက်က ကမ္ဘာ့သမိုင်းမှာတောင် သမိုင်းဝင်သွားတယ်။ ဒါပေမဲ့ တောင်ကိုရီးယားရဲ့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်သွားချိန်မှာတော့ မူရင်း ဗုဒ္ဓဘာသာနဲ့ ကွန်ဖျူးရှပ်ဝါဒက နှစ်ဆ အားပြန်ကောင်းလာတယ်။
၅။ ဒီ သီအိုရီတွေဟာ ပါမောက္ခကြီး ဆမ် ဟန်တင်တန်ရဲ့ "The Clash of Civilizations" ပါ။ ဇင်ဝေသော် ရင်ဘတ်ကြီးနဲ့ အရဲစွန့် (ဖတ်မယ့်လူမှ ရှိပါ့မလား) ဘာသာပြန်ခဲ့ရတဲ့ လူ့ယဉ်ကျေးမှု ပဋိပက္ခပါပဲ။ ကြောက်မက်ဖွယ် သူ့ သီအိုရီကြီးကလည်း ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးမှာ မှန်ဆဲ၊ တိကျဆဲ၊ ငြင်းလို့မရ ဖြစ်နေဆဲပါ။ သူ့ရဲ့ "၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးဆိုတာ အားကြီးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုက အားသေးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုကို ဝါမြိုခြင်း မဟုတ်။ အားကောင်းလာအောင် အပြန်အလှန် နားလည် ဖေးမ၊ ကူညီခြင်း" သီအိုရီကို အစွန်းရောက် မွတ်စလင်တွေကလွဲရင် ပညာရှင်တိုင်း လက်ခံကြရတယ်။
၆။ ဒါပေမဲ့ နိုင်ငံ တစ် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ရာမှာတော့ လူတွေသာမက စီဗီလိုက်ဇေးရှင်းကြီးတွေကိုယ်တိုင်လည်း ခဏတော့ အနစ်နာခံရပါသတဲ့ အကို အမတို့ရေ။
၇။ ဒီ သီအိုရီလောက်တော့ ဒေါ်စုက ကြေပြီးသားပါ။ အကို၊ အမတို့ရဲ့ စီဗီလိုက်ဇေးရှင်းကို သူမက ကြိမ်စာ မတိုက်ပါဘူး။
၈။ ကဲ ယုံကြည်ထားတဲ့ တိုင်းရင်းသားအရေးကို အထောက်အထားနဲ့တကွ ရေးလိုက်ပြီ။ လူဘယ်လောက်ဆီ ရောက်သွားမလဲ ဆိုတာကတော့ တစ်ယောက်ထဲ လုပ်လို့မရတော့ဘူး ပရိသတ်တို့ရေ၊ ကူကြပါအုံး။
ဇင်ဝေသော်
ဒါက တို့ အနာဂတ်လေ
မဘသကို ထောက်ခံပေမဲ့ စာလည်းဖတ်၊ အစွန်းလည်းမရောက်၊ သိမ်မွေ့စွာ ကွဲလွဲတတ်တဲ့ ညီငယ်ရဟန်းတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....
ရိုးသား၊ ကြိုးစား၊ မသိတာရှိရင် ရဲရဲဝန့်ဝန့်မေး၊ အကြံတောင်း၊ သူတို့ သဘော မတူတဲ့ စတေးတပ်တင်ရင် ငြိမ်ငြိမ်လေး ရှောင်သွားတတ်တဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေရဲ့ သားသမီးတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....ကို ဝမ်းသာမိတယ်။
အထူးသဖြင့် နိုင်ငံတော်အတွက် ပိုဝမ်းသာတယ်။ ဒါက တို့ အနာဂတ်လေ။
ဒီမိုကရေစီ ဝိရောဓိ
"ကျနော်တို့ ပထမလုပ်ရမှာက အိမ်နီးချင်း နိုင်ငံတွေရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲနိုင်ငံအဖြစ်က လွတ်ဖို့ပဲ"
ဒေါ်စု၊ လယ်ဘရယ်ဒီမိုကရေစီ၊ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့နိုင်ငံရေး
********************************************************
ဒီစတေးတပ်က ဒေါ်စုရဲ့ လယ်ဘရယ် ဒီမိုကရေစီဝါဒနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြ၊ စွပ်စွဲနေကြတဲ့ အခြေအနေအပေါ် ကြည့်လိုက်မိတဲ့အမြင်ပါ။
အနောက်တိုင်း လယ်ဘရယ် ဒီမိုကရေစီ ဝင်လာရင် မိမိတို့ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရားတန်ဖိုးတွေ ဆုံရှုံးကုန်တော့မှာပဲဆိုတဲ့ အတွေးဟာ အခြား နိုင်ငံသားတွေဆီမှာလည်း ရှိနေခဲ့တာပါပဲ။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး သမိုင်းအရတော့ အဲသလိုကြီး အိတ်သွန်ဖာမှောက် ပြောင်းလဲတဲ့နိုင်ငံ ရယ် လို့ ကမ္ဘာမှာ တူရကီ တစ်နိုင်ငံထဲပဲ ရှိပါတယ်။ ဒါကလည်း ဒီမိုကရေစီ အကူးအပြောင်းရဲ့ ပထမလှိုင်း ကာလထဲမှာပါ။
ဒါနဲ့ပတ်သက်လို့ ဟန်တင်တန်အပါအဝင် ကမ္ဘာ့ စူပါ့စူပါ ပညာရှင်တွေ လက်ခံတဲ့ အယူအဆက "ဒီမိုကရေစီ ဝိရောဓိ" တဲ့။
ဒီမိုကရေစီ ထွန်းကားသွားရင် အနောက်နဲ့ ပိုနီးသွားသလိုလိုရှိပေမဲ့ တကယ်တော့ ဒီမိုကရေစီ ထွန်းကားလေလေ၊ အနောက်နဲ့ ဝေးလေလေ၊ အမျိုးသားရေးဝါဒ အားကောင်းလေလေ တဲ့။ ဒါကို "ဒီမိုကရေစီ ဝိရောဓိ" လို့ ခေါ်ပါတယ်။
အနောက်ရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲ အာရှနိုင်ငံတွေ ဟာ ဒီမိုကရေစီ အမြစ်တွယ်၊ စီးပွားရေးအားကောင်းလာတာနဲ့ ..
"ငါတို့လည်း မင်းတို့လို လုပ်နိုင်ပါတယ်" ဆိုတဲ့ ယုံကြည်ချက် ရသွားပြီး သူတို့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဖက်ဆီကို ခြေဦးပြန်လှည့် သွားကြတယ်။
ကျနော်တို့ ပထမလုပ်ရမှာက အိမ်နီးချင်း နိုင်ငံတွေရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲနိုင်ငံအဖြစ်က လွတ်ဖို့ပဲ။
မယုံဘူးလား။ ဂျပန်နဲ့ အိန္ဒိယက အခု ရွေးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို ကြည့်ပါ။ သူတို့ဟာ အမျိုးသားရေး ဝါဒီတွေပါ။
ဒါဆို ဒေါ်စုက ကျနော်တို့ အမျိုးသားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကျိန်စာတိုက် ဖျက်ဆီးပစ်မှာတဲ့လား (သူမ ဝတ်စားနေထိုင်ပုံနဲ့ မြန်မာ စကား ပြောဆိုပုံတွေကို ကျေးဇူးပြု ကြည့်ပေးပါ)။ ကျနော်ကတော့ လုံးဝ မထင်ဘူး။ ထင်တဲ့ တစ်နေ့ သူ့ကိုလည်း ကျနော်တို့ တော်လှန်ကြရမှာပဲ မဟုတ်လား။
တီးတေတူးလို ခြေထောက်ထောင်ပြီး မအိပ်ပါရစေနဲ့။
သံသယနဲ့လည်း တစ်ဖက်သားကို မစွပ်စွဲပါရစေနဲ့။
ကုန်ကုန်ပြောတော့........
ဂျပန်ဒီ မိုကရေစီ ဖြစ်သွားတယ်၊ စူရှီ ပျောက်မသွားဘူး။
ကိုရီးယား ဒီမိုကရေစီ ဖြစ်သွားတယ်၊ ကင်မ်ချီ ပျောက်မသွားဘူး။
ကျနော်တို့စားမယ့် ပဲပြုတ်နဲ့ ထမင်းကြော်ဟာ ဒီမိုကရေစီကြောင့်၊ ဒေါ်စုကြောင့်တော့ ဘာမု ဖြစ်မသွားပါဘူး။ အဓိကက အဲဒီ ထမင်း နပ်မှန်နေဖို့ပဲ။
(နောက်နေ့ ဘာသာရေးကိစ္စ ဆက်ပါမယ်။)
ဇင်ဝေသော်
img source
လူငယ်တွေဆီမှာ အဓိက မြန်မာ့ ကိုယ့်ကျင့်တရား တန်ဖိုးတွေ မရှိတော့ဘူးလို့ ပြောလို့ မရပါဘူး
ဂျင်းဘောင်းဘီဝတ်၊ ကိုကာကိုလာသောက်နေတိုင်း အနောက်တိုင်း ကို ထောက်ခံတယ် ပြောလို့ မရဘူး၊ အရှေ့အလယ်ပိုင်းက ဂျင်းဘောင်းဘီဝတ်၊ ကိုကာကိုလာသောက်နေတဲ့ လူတစ်စုရဲ့ ခါးမှာ အမေရိကန်လေယာဉ်ကို ဖောက်ခွဲဖို့ ဗုံးတွေ ခါးပတ်လာနိုင်တယ်။
(ဟန်တင်တန်)
ဂျင်းဘောင်းဘီဝတ်၊ ပြင်သစ်မိတ်ကပ်လူး၊ အနောက်တိုင်းတီးဝိုင်းပုံ တီရှပ်ဝတ်ထားတဲ့ လူငယ်တွေဆီမှာ အဓိက မြန်မာ့ ကိုယ့်ကျင့်တရား တန်ဖိုးတွေ မရှိတော့ဘူးလို့ ပြောလို့ မရပါဘူး။ အလောင်ဘုရား ဝတ်စုံ မဝတ်လည်း ခေတ်သစ် စစ်သားတစ်ယောက်ဟာ နိုင်ငံကို ချစ်မြတ်နိုးစွာ အသက်ပေးကာကွယ်ခွင့် ရှိနေပါတယ်။
အဲသလောက်ကြီး နောက်ကျကျန်ခဲ့တာကို စိတ်မကောင်းလို့
ထေရဝါဒချင်း တူတယ်ဆိုတာကလွဲရင် သီဟိုဠ်နဲ့ မြန်မာလူထုကြီးရဲ့ လိုက်ဖ် စတိုင်က တူတာမရှိသလောက်ပဲ။
သူတို့ ဘုရားတွေသွားရင် အဝတ်ဖြူနဲ့ အုန်းဆီ ခေါင်းလိမ်းဆီနံ့နဲ့။
မြန်မာ ဘုရားတွေပေါ်မှာဆို အဝတ်အစားက ရောင်စုံ၊ အမွှေးနံသာ၊ မိတ်ကပ် ဘာညာကလည်း အစုံပဲ။
အစားအစာလည်း အတူတူပဲ။ မြန်မာက အခုမှ စီးပွားရေး၊ နိုင်ငံရေး ဖွင့်ကာစ ရှိသေးတယ် ကမ္ဘာ့အစားအစာ အစုံနီးပါး ရနေပြီ။ လူတွေကလည်း စားကြ တယ်။
ရှေးဟောင်းအစဉ်အလာက ဒါကို အသုံးအဖြုန်းကြီးတယ်ပြောတယ်။ ခေတ် သစ် စီးပွားရေးက ဒါမှ ပြည်တွင်းစားသုံးအား ကောင်းတာ၊ စီးပွားရေး အသက် ဝင်တာ တဲ့။
ငွေကြေးကို အင်္ဂလိပ်လိုခေါ်တာကတောင် ကာရင်စီ ပဲ။ ငွေရှာပြီး ရှေးခေတ် ကလို ခေါင်းအုံးအောက် ထိုးထား၊ ဝါလုံးခေါင်းထဲ ထည့်စုထားရင်တော့ ကာရင်စီ မဟုတ်တော့ဘူး။
ဝေဖန်နေတာ မဟုတ်ဘူး၊ အဲသလောက် ပြင်ပယဉ်ကျေးမှုကို လက်ခံနိုင်တဲ့ လူမျိုးက အဲသလောက်ကြီး နောက်ကျကျန်ခဲ့တာကို စိတ်မကောင်းလို့။
နှစ်ပတ်အတွင်း စပါးပြန်မစိုက်နိုင်ရင်
နှစ်ပတ်အတွင်း စပါးပြန်မစိုက်နိုင်ရင် အစာရေစာ ဒုက္ခတွေ့နိုင်တယ်၊ လယ်သမားတွေ စပါးပြန်စိုက်နိုင်ဖို့ အကူအညီတွေ လိုတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က သတိပေးပါသတဲ့။ (ရိုက်တာ)
ဦးသိန်းစိန်ကတော့ ဘုရားဆင်းတုတွေ ပေးဝေဖို့ ကြည့်ရှုစစ်ဆေးနေဆိုလား တွေ့လိုက်ရတယ်။
နိုင်ငံခြားရောက် အလုပ်သမားတွေ နေစရာအိမ် အတည်တကျမရှိဘဲ ကံစမ်းမဲ ဘုရားဆင်းတုပေါက်သလိုတော့ ဖြစ်နေလိမ့်မယ်ထင်တယ်။
ဘုန်းကြီးတစ်ပါး ဆွမ်းကပ်ရင်တောင် (နေရာထိုင်ခင်းကအစ) လူဆယ်ယောက် ဖိတ်ကျွေးသလောက် ပြင်ဆင်ယူရတာမျိုး။ ကုသိုလ်ရေးပေမဲ့ တစ်ခါတစ်ခါ..........
အမျိုးသာရေး ဂုဏ်သိက္ခာအကြောင်း
အမျိုးသာရေး ဂုဏ်သိက္ခာအကြောင်းပြောတိုင်း ခေါင်းငုံ့၊ အံကြိတ်နေခဲ့ရတဲ့ နိုင် ငံလေ။
ကြာခဲ့ပြီကော၊ အင်း...တကယ်ဆို အသက် ၄၀ ဝန်းကျင်းတွေအထိ မမှီလိုက် ရတဲ့ ရွှေအိုရောင် ဒိုင်ယာရီတွေပါ။
တစ်ခုခု အနာတရဖြစ်တိုင်း အနော်ရထာ လှမ်းခေါ်ရ၊ အလောင်းဘုရား လှမ်းခေါ်ရ၊ ဦးသန့်ကို လှမ်းခေါ်ရ။
"ထိုင်း ဗိုလ်လုပွဲတက်လာတာနဲ့ ပတ်သက်လို့ အံဩစရာမဟုတ်ပေမဲ့ အပျင်းပြေ ဂိုးတွေသွင်းလာခဲ့တဲ့ ဗီယက်နမ်ကို ၂၊ ၁ နဲ့ အနိုင်ယူခဲ့တဲ့ မြန်မာကတော့ အံဩစရာဖြစ်ခဲ့ရ" ဆိုပဲ။
"ယူ ၂၀ နဲ့ အသင်းကြီးရဲ့ ရွေးကျတွေ ကောက်ယူခဲ့ရလို့ အတောင့်တင်းဆုံး အနေအထား မဟုတ်ဘဲ ဝင်ပြီုင်ခဲ့ရ" လို့လည်း ပြောထားတယ်။
နိုင်ငံတစ်ခုရဲ့ ဘက်စုံ ချွတ်ခြုံကျနေမှုကို အားကစားမျိုးစုံ ဆုတံဆိပ်တွေက ခပ်ဖွဖွ သရော်နေပြန်သေး။
ဖီလစ်ပိုင်ကိုတောင် ခပ်ဝေးက မျှော်ကြည့်လို့လေ။
လူကြီးမင်းတို့ ရေ။ အဲဒီနိုင်ငံဟာ စစ်မှန်တဲ့ ပြောင်းလဲမှု လိုကိုလိုနေတယ်။
သူများတွေက ပြေးနေတော့ ပြောင်းလဲမှုက သိပ်နှေးနေလို့လည်း မရဘူး။ ပညာလိုတယ်၊ စိတ်ဓာတ်လိုတယ်၊ ကိုယ်ကျိုးစွန့်မှု လိုတယ်။
သမိုင်းမလှရင် အသေဆိုးနဲ့ သေရတယ်၊
အနေဆိုးနဲ့ နေရမယ်။ ဘာမှ မလှဘူး။
လက်တစ်ဆုပ်စာ လူတစ်စု ဝိုင်းပြီး ပရိုမုတ်လုပ်ပေးနေတဲ့ ဦးသန်းရွှေရဲ့ ပရိုဖိုင်ဟာလည်း လူထုကြားထဲမှာတော့ Thump down ပဲ။
တို့နိုင်ငံရဲ့ လတ်တလော သမိုင်း
အစိုးရလုပ်သင့်တာက တွေ့ဆုံ၊ ဆွေးနွေး၊ အပေးအယူသဘောတရားတွေကို တရားဝင် ထုတ်ပြန်(တောင်တစ်မျိုး မြောက်တစ်မျိုး ကဘောက်တိ ကဘောက် ချာတော့ မလုပ်သင့်ဘူး)။
ကျောင်းသားထုတောင်းဆိုတာက များနေတာလား??????????????
အစိုးရပေးတာက နည်းနေတာလား????????????????
ပြည်သူက ဆုံးဖြတ်ပါစေ။ ဒါမျိုးက ဘာမှန်းမသိ "သွေးထိုးလှုံ့ဆော်နေတဲ့ လူ အုပ်ကြီး" ဆိုတာထက် ပိုပြီးအစိုးရဆန်တယ်၊ ပိုထိရောက်တယ်၊ ပို ပညာပါ တယ်။ ဒါက ဦးသိန်းစိန် လူထုရှေ့ရွတ်ရွတ်နေတဲ့ ထရန်ဖာရင်စီ ဆိုတဲ့ အဓိပ္ဖါယ် မဟုတ်ဘူးလား။
အစိုးရအနေနဲ့ အလုပ်ရှုပ်တယ်ဆိုဦးတော့ တွေ့ဆုံဆွေးနွေးဖို့ရက် ရွှေ့ တာ၊ တွေ့ ဆုံဆွေးနွေးဖို့ ရက်အတိအကျ မသတ်မှတ်တာက အရုပ်ဆိုးတယ်။ ကလေးတွေကို ညှင်းသတ်နေသလိုပဲ။ ဒီကိစ္စကို အလေးတယူမထားတဲ့ သဘော ဆက်ဆောင်နေတယ်။ ဒါ့ကြောင့်ပဲ ဒီကိစ္စမဖြစ်ပွားမီ ကျောင်း သားတွေတောင်းဆိုချက်ကို ဘာဖြစ်ဖြစ်ဆိုတဲ့သဘောနဲ့ လျစ်လျူရှုထားခဲ့တယ် ဆိုတာလည်း ထပ်ပြီး သိသာသွားပြန်ရော။
တစ်နိုင်ငံလုံး ဆူပူမှုဖြစ်လောက်တဲ့ ဒီကိစ္စထက် အရေးပိုကြီးတာက ဘာပါ လိမ့်။ အဲဒါ စစ်အစိုးရအဆက်ဆက် ရွတ်ကောင်းကောင်းနဲ့ ရွတ် လာခဲ့ တဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးဆိုတာ မဟုတ်ဘူးလား။ ဘာလို့ လွှတ် ထားတာလဲ။ အစိုးရဆန်ဆန်၊ လူဆန်ဆန် အမြန်အဖြေမရှာသင့်ဘူးလား။ ကလေးတွေစာမေးပွဲနီးလို့ စိုးရိမ်လှချည် ဆို။ အစိုးရက လူထုကို အားမပေး ဖို့ပြောတိုင်း လူထုက ဆတိုး တိုးလာတယ်။
လင်ကွန်းက ပြောသတဲ့။ ပြည်တွင်းစစ်ကို မြန်မြန်လက်စသိမ်း။ ကြာရင် တိုင်းပြည်မောတယ် တဲ့။ အခု အလဟသ ခွန်အားတွေ ဖြုန်းနေကြရတာ။
ကျောင်းသားတွေက ဆိုင်းဘုတ်တွေကို အင်္ဂလိပ်လိုပါ ရေးပြီးကိုင်ဆောင်သင့် တယ်။ ဒါမှ ကမ္ဘာ့မီဒီယာက ပိုသိလွယ်မယ်။ လိုချင်တာ၊ လိုအပ်တယ်လို့ ယုံ ကြည်တာတွေကို တောင်းခွင့်ရှိတာပဲ။
ဘယ်လောက်ရမလဲ၊ ဘယ်လောက် ပေးနိုင်မလဲ ညှိနှိုင်းဖို့က အစိုးရမှာ လုံးဝ တာဝန်ရှိတယ်။
ဒီကြားထဲ ကလေးတွေကိုနှိမ်နှင်းဖို့လေလား။ တရုတ်အစိုးရက ခါတော်မှီ မိစ္ဆာယာဉ်တွေ လှုဒါန်းလို့။
အဲဒါ တို့နိုင်ငံရဲ့ လတ်တလော သမိုင်းပဲ။
ဇင်ဝေသော်
ဝှိုက်ကပ်ကိစ္စရဲ့ သဲလွန်စလို့ ယူဆရင်
ဒါကတော့ ဒီနေ့ စထရိတ်တိုင်းမ်းဆောင်းပါးပါ။ ရိုဟိန်ဂျာပြသနာကို အခြေခံေ ရးသားပြီး ဘယ်နိုင်ငံက(မြန်မာ၊ ဘင်္ဂလားဒေ့ရှ်) မှ အလိုမရှိတဲ့ အတွက် သူတို့ ရဲ့ ထွက်ပေါက်က အခြားနိုင်ငံကို ထွက်ပြေးခြင်းလို့အဆုံးသတ် ထားတယ်။
အံ့ဩစရာက နောက်ဆုံးအပိုင်းမှာ မြန်မာအထက်တန်းအရာရှိ ပြောထားတဲ့စကားပါ။ ပုံ ၂ ကို ဖတ်ကြည့်ပါ။ သူတို့သဘောအရ တိုင်းရင်းသား အိုင်ဒင်တတီတွေကို ပယ်ပြီး (ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ ရိုဟိန်ဂျာ စသည်) မြန် မာ ဆိုတဲ့အမည်တစ်ခုအောက်မှာပဲ ရှိနေဖို့ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတဲ့ စကားပါပဲ။ ဘယ်လောက် မောက်မာလိုက်သလဲ၊ ဘယ်လောက် ကမ္ဘာ့ ဗဟုသုတ ခေါင်းပါးသလဲဆိုတာ သိသာလှပါတယ်။
ရုပ်ပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အဖွံ့ဖြိုးဆုံးပါဆိုတဲ့ အမေရိကန်ပြည်ထောင်စု မှာတောင် ဂျူး အမေရိကန်၊ အာဖရိကန် အမေရိကန်၊ အာရှ အမေရိကန် စတဲ့ ကိုယ်ပိုင်အိုင်ဒင်တတီတွေနဲ့ တွဲနေတာကို သတိထားမိပုံ မရဘူး။
တိုင်းရင်းသားတွေကို စည်းရုံးနိုင်မှာက နိုင်ငံသားစိတ်ပဲ။ မြန်မာနိုင်ငံသားဖြစ် ရတာကို ဂုဏ်ယူလိုစိတ်ပဲ။ သူတို့ရဲ့ ရှိရင်းစွဲ ကိုယ်ပိုင်အိုင်ဒင်တတီတွေကို သတ်ပစ်လို့မရသလို ရခဲ့ရင်လည်း မလုပ်အပ်ပါဘူး။
ရှမ်းမြန်မာ၊ ရခိုင်မြန်မာ၊ ချင်းမြန်မာ စသည် ရှိနေနိုင်တယ်။ သူဟာ ရှမ်းက ရှမ်း၊ ရခိုင်ကရခိုင်ပဲ ရှိနေရမယ်။ သူ့ကို ရှမ်းမဟုတ်၊ ရခိုင်မဟုတ် လုပ်လို့ မရဘူး။ မလုပ်အပ်ဘူး။ တိုင်းရင်းသားအမည်တွေထဲ မသိမသာ ရိုဟိန်ဂျာ ပါထည့်လိုက်တဲ့စကားက အခု ဝှိုက်ကပ်ကိစ္စရဲ့ သဲလွန်စလို့ ယူဆရင် ရသွားတယ်။
အင်္ဂလိပ်လိုက မပြောနိုင်၊ သူကပဲ လွဲနေတာလား၊ ဘာသာပြန်က လွဲပြန်တာ လား။ ဘာဖြစ်ဖြစ် ကမောက်ကမတော့ အတော်နိုင်တဲ့ အစိုးရပါပဲ။
ခေါင်းဆောင်တက်လုပ်ပြီး ခေါင်းကုတ်ငြီးငြူနေလို့ရတာမျိုးမဟုတ်ဘူး၊ ဒါက ခေါင်းဆောင်တစ်ယောက် လုပ်ကိုလုပ်ရမယ့်အလုပ်။
ဇင်ဝေသော်
****************************************************************************
လူစွမ်းကောင်းဝါဒနဲ့ ဒီမိုကရေစီ
မြန်မာ့လူစွမ်းကောင်း (ကိုးကွယ်မှု) ဝါဒ တဲ့။ အောင်ဆန်းမိသားစုနဲ့ ပတ်သက်ပြီး ထွက်ထွက်လာတတ်တဲ့ ဝေဖန်သံပါ။
အတိတ်ကတော့ မှန်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီစကားအတွက် တန်ပြန်မေးခွန်းနှစ်ခုက
"ဒေါ်စုအပေါ် လူထုရဲ့ထောက်ခံမှု အမြဲ မြင့်မားနေခဲ့သလား"
"ဦးသိန်းစိန်အပေါ် လူထုရဲ့ထောက်ခံမှု အမြဲ နိမ့်ပါးနေခဲ့သလား"
နှစ်ခုစလုံးရဲ့အဖြေက "နိုး" ပါ။ တက်လိုက်၊ ကျလိုက်ပါပဲ။ လူထုအသံကို သေသေချာချာ နားထောင်ကြည့်ပါ။
ဒါဟာ ဒီမိုကရေစီရဲ့ လက္ခဏာ တစ်ရပ်ပါ။
နောက်ထပ် ဒီမိုကရေစီရဲ့ အရေးပါတဲ့အချက်က အာဏာကို ကန့်သတ်ခြင်း၊ အကြွင်းမဲ့ အာဏာပိုင်ဆိုင်ရေးဝါဒ (ဒါက အာဏာရှင်စနစ်နဲ့ မတူလှဘူး) ကို တော်လှန်ခြင်းပါ။ ဒီ သီအိုရီက အမြဲမှန်ပါတယ်။
စစ်တပ်ရဲ့ အာဏာပိုင်ဆိုင်ထားမှု၊ ချုပ်ကိုင်ထားမှုက သိပ်များလွန်းနေသေးတယ်။ ဒါဆို ဆက်လက်ကန့်သတ်ဖို့ လိုတယ်။
စစ်တပ်ရဲ့ အာဏာပိုင်ဆိုင်ထားမှုကို ကန့်သတ်ဖို့ အဓိက အတိုက်အခံလုပ်နိုင်တာ ဘယ်သူလဲ၊ သူ့ကို ရှေ့တင်ပြီး ရည်ရွယ်ချက်အထမြောက်အောင် လုပ်ရပါတယ်။
လတ်တလောမှာ သူဟာ ဒေါ်စုဖြစ်နေတယ်။ ဒီတော့ ဒေါ်စုကို ဝန်းရံပေးကြတယ်။ ဒါဟာ ဟီရိုးအစ်ဇင် (လူစွမ်းကောင်း (ကိုးကွယ်မှု) ဝါဒ) မဟုတ်ပါဘူး။ ဒီမိုကရေစီကို ပုံဖော်တာပါ။
ဟုတ်ပြီ၊ ဒေါ်စု အာဏာရသွားပြီ၊ သူရထားတဲ့အာဏာကလည်း များနေတယ်ဆိုရင် ဒီလိုပဲ ကန့်သတ်ရမှာပါပဲ။ (ဟုတ်၊ မဟုတ် စောင့်ကြည့်ရမှာပဲ ဆိုတဲ့ ကွန်မင့်မျိုး တက်လာနိုင်။ စောင့်မကြည့်ပါနဲ့၊ နောက်လှည့်ကြည့်ပါ၊ ဝေဖန်သံတွေ ကြားရပါမယ်)။
ပေါ်လစီကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်း။ ဒါကလည်း သံတူကြောင်းကွဲ ဒီမိုကရေစီရဲ့ အရေးပါတဲ့အချက်ပါပဲ။ အခု ဒေါ်စုနောက်ကလူတွေဟာ ဒေါ်စုကို ရာနှုန်းပြည့်ထောက်ခံသလား။
တချို့က ဟုတ်မယ်၊ တချို့က မဟုတ်ဘူး။ ဒါပေမဲ့ ဘုံအကျိုးစီးပွား (အာဏာပိုင်ဆိုင်ထားမှုကို ကန့်သတ်ဖို့) အတွက် ဒေါ်စုနဲ့ ပေါင်းမယ်(သို့)ထောက်ခံမယ်။ ကင်းပေါက်နိုင်ခြေရှိတဲ့ ပွန်းကို ဝန်းရံပေးတာမျိုးပါ။
ဘုံအကျိုးစီးပွားရပြီဆိုတဲ့နောက် ဒီဝိုင်းဝန်းမှုတွေဆက်ရနေဖို့ဆိုရင် ဒေါ်စုကိုယ်တိုင် ပေါ်လစီကို ပြန်လည်သုံးသပ်ရဦးမယ်။ မလွယ်လှဘူး။
ဒီမိုကရေစီက ဘာ့ကြောင့်တန်ဖိုးကြီးနေတာလဲ။
ဘယ့်သူ့ အခန်းကဏ္ဍမှ မလွယ်လို့။ အာဏာရသွားတာနဲ့ သူ့အာဏာကို ကန့်သတ်ဖို့ လုပ်လာကြမှာ။
ခေါင်းဆောင်တက်လုပ်ပြီး ခေါင်းကုတ်ညီးညူနေလို့ရတာမျိုးမဟုတ်ဘူး၊ ဒါက ခေါင်းဆောင်တစ်ယောက် လုပ်ကိုလုပ်ရမယ့်အလုပ်။
ငှက်ပြောသီး အခွံနွှာဖို့တော့ ကျနော်တို့ ခေါင်းဆောင်မတင်ကြဘူး။
ဇင်ဝေသော်
(ဇင်ဝေသော်)
ဝမ်းနည်းပါတယ်။
ဇင်ဝေသော်
*************************************************************************
ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်က ဘာကြောင့် ဒီလောက်ကြီးနေတာလဲ
ဦးသန်းရွှေဆိုတာ လူတစ်စုလေးရဲ့ အဘ
ဗိုလ်ချုပ်က တစ်နိုင်ငံလုံးရဲ့ ဖခင်
ဦးသန်းရွှေဘွဲ့တွေကို နားဆင်ဖို့ ကျနော်တို့မှာ နားအပိုမရှိဘူး။ (ဇင်ဝေသော်)
ဒီဆောင်းပါးဟာ မနေ့က "ဦးသိန်းစိန် ဖြေရတော့မယ့် စာမေးပွဲကြီးနှစ်ခု" ရဲ့ အဆက်လို့ပြောရင်ရပါလိမ့်မယ်။ တိုက်ရိုက်ကြီးတော့ မဆိုင်ပါဘူး။
ဒီမေးခွန်းကိုဖြေဖို့ အဓိက (လို့ ထင်တဲ့) အချက်လေးချက်ကို ဆွဲထုတ်ကြည့်မိပါတယ်။ သမိုင်းနဲ့စိတ်ပညာရှုထောင့်က ကြည့်ခြင်းပါ။
၁။ ဗိုလ်ချုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေး (လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင်ဆိုတာတွေအပြင် သူ့ရဲ့ ရိုသားမှု၊ အာဏာမမက်မောမှုစတာတွေ ပါဝင်ပါတယ်)
၂။ လူထုရဲ့ ခံစားမှု (ငယ်ငယ်ရွယ်ရွယ်နဲ့ သူတပါးသတ်လို့ သေဆုံးရခြင်း၊ တော်လှန်ရေးကာလနဲ့တည်ဆောက်ရေးကာလကြားမှာ သေဆုံးရခြင်း)
၃။ နောက်ထပ်တက်လာတဲ့ ဗိုလ်ချုပ်ကြီးများ၊ နိုင်ငံခေါင်းဆောင်များ ညံ့ဖျင်းမှု။
၄။ လူထုရင်ထဲကဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သေးငယ်အောင် အာဏာရှင်အဆက်ဆက်က ကြိုးစားလုပ်ဆောင်မှု။
ဒီအထဲက ၁ နဲ့ ၂ ကို ကျနော် မတို့မထိပါ။ တို့ထိစရာလည်း မလိုပါ။ တို့ထိရအောင်လည်း ဉာဏ်မမီပါ။ အခု ဆွေးနွေးမှာက ၃ နဲ့ ၄ ပဲ ဖြစ်ပါတယ်။
၃ ကိုဖြေဖို့ အမေရိကန်၊ တရုတ်၊ စင်္ကာပူ သုံးနိုင်ငံရဲ့ခေါင်းဆောင်တွေကို ကြည့်နိုင်ပါတယ်။ အမေရိကန်သမ္မတတွေဖြစ်တဲ့ ဂျော့ဂျ် ဝါရှင်တန်၊ အေဗရာဟင် လင်ကွန်း၊ သောမတ် ဂျက်ဖာဆင် စသူတို့ကို့ကြည့်ရင်် အားလုံးဟာ မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေ၊ လုပ်ဆောင်မှုတွေနဲ့ တစ်မျိုးစီ လူထုရင်ထဲကိုရောက်သွားကြတယ်။ ဘယ်သမ္မတကို သဘောအကျဆုံးလဲလို့မေးရင် အမေရိကန်တွေအတွက် ဖြေရခက်တဲ့မေးခွန်းဖြစ်သွားတယ်၊ အဖြေတွေကလည်း မတူဘူး။ တရုတ်လည်း ဒီအတိုင်းပါ၊ တိန့်ရှောင်ဖိန်၊ ကျန်ဇီမင်း၊ ဝမ်ကျားပေါင်နဲ့ နောက်ဆုံး ရှီအထိိ ပုံစံတစ်မျိုးစီကွဲနေတယ်။ စင်္ကာပူမှာ လီကွမ်းယုက အစားထိုးလို့မရဘူးဆိုပေမဲ့ ဂိုချောက်ထောင်နဲ ဂျူနီယာလီကလည်း သူတို့ကျရာအခန်းမှာ တူတူတန်တန် သရုပ်ဆောင်နိုင်ကြပါတယ်။ ကြာလာသည်နှင့်အမျှ အမှတ်ရစရာတွေရှိပေမဲ့ အခြားခေါင်းဆောင်တွေကို အမှတ်ပေးစရာတွေရှိနေတော့ လီကွမ်းယုဟာ ထီးထီးကြီး ဖြစ်နေမှာ မဟုတ်တော့ဘူး။
မြန်မာပြည်အတွက် ဝမ်းနည်းစရာကောင်းတာက ဒီအချက်ပါ။ ဦးနုကို ဘာသာရေးသမားတွေက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာသတ်မှတ်ပေးမှု၊ ဆဋ္ဌသင်္ဂါယနာတင်မှုတို့အတွက် အမှတ်ရစရာတွေရှိပေမဲ့ သူ့နောက် တက်လာတာတွေက မီးကျိုးမောင်းပျက်ချည်းပဲ ဖြစ်နေတယ်။ သူတို့မည်းလေလေ ဗိုလ်ချုပ်က ဖြူလေလေဆိုတော့ လူထုရင်ထဲကဗိုလ်ချုပ်ရဲ့ ပုံရိပ်က ကြီးသထက်ကြီးလာတယ်။ ဗိုလ်ချုပ်အတွက် ဂုဏ်ယူစရာပေမဲ့ နိုင်ငံအတွက် ရင်ကျိုးကြရတယ်။ (ဦးသိန်းစိန် အတက်၊ စာပေစိစစ်ရေးတွေ ချေဖျက်၊ သူ့ရဲ့ပထမလှိုင်းကာလမှာ အများကြီး မျှော်လင့်ခဲ့ကြောင်း ဝန်ခံပါတယ်၊ မနေ့က စကားအနည်းငယ် (အိုဗားမားတို့လို) ကိုယ်တိုင်ပြောရင် တော်တော်လှမှာ)။ လက်ရှိဗိုလ်ချုပ်ကြီးတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ညံ့လေလေ ဗိုလ်ချုပ်ကို လွမ်းလေလေ၊ ဗိုလ်ချုပ်ကို လွမ်းလေလေ လူထုရင်ထဲရှိဗိုလ်ချုပ်ရဲ့ ပုံရိပ်က ကြီးလေလေပဲ ဖြစ်နေလိမ့်မယ်။
၄။ ဦးနေဝင်းက အစ ဦးသန်းရွှေအဆုံး ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သေးငယ်အောင်လုပ်ဆောင်မှုဟာ ကိုယ့်သေတွင်းကို တူးတာပါပဲ (ဦးသိန်းစိန်က သူ့အင်တာဗျူးမှာ ဗိုလ်ချုပ်ကို လေးစားကြောင်းထည့်ပြောဖော်ရတယ်)
ငွေစက္ကူပေါ်က ဗိုလ်ချုပ်ကို ဖယ်ထုတ်၊ ဗိုလ်ချုပ်သမိုင်းကို သေးအောင်လုပ်။ ယတြာဆရာတွေ ရှိပေမဲ့ စိတ်ပညာအကြံပေး ရှိပုံမရဘူး။ တန်ပြန်အကျိုးသက်ရောက်မှုက ဗိုလ်ချုပ်သမိုင်းကို သူတို့က သေးအောင်လုပ်လေလေ ဗိုလ်ချုပ်သမိုင်းက လူထုရင်ထဲမှာ ကြီးလေလေ။ လာတော့မယ် နှစ်တစ်ရာပြည့်။ မြန်မာရှိတဲ့ ကမ္ဘာအရပ်ရပ်နိုင်ငံတိုင်းမှာ ဒီပွဲရှိလိမ့်မယ်။ မနာလိုတတ်ရင် သေဖို့ပဲရှိမယ်။
ဒီသမိုင်းဆိုးကို ရပ်၊ ဗိုလ်ချုပ်ရဲ့ စတေးတပ်ကို နေရာမှန်ပြန်ထားရေးဟာ ဦးသိန်းစိန်တာဝန်ပဲ။ ဒီစာမေးပွဲ သူဖြေနိုင်လေမလား။ ဦးသန်းရွှေလောင်းရိပ်က ထွက်လာနိုင်မလား။
တကယ်က ဦးသန်းရွှေဆိုတာ လူတစ်စုလေးရဲ့ အဘ။
ဗိုလ်ချုပ်က တနိုင်ငံလုံးရဲ့ ဖခင်။ ဦးသန်းရွှေဘွဲ့တွေကို နားဆင်ဖို့ ကျနော်တို့မှာ နားအပိုမရှိဘူး။ ဝမ်းနည်းပါတယ်။
ဇင်ဝေသော်
ပုတၱဒါရသမဂၤလာ
ပညာရေးနဲ့စီးပွားရေးနိမ့်ကျမှုကြောင့် ပုတ္တဒါရသမင်္ဂလာက အနည်းငယ် ပုံစံပြောင်းသွားသည်။ ယင်းက မြန်မာပြည်၏ အင်အားအကြီးဆုံး လူ့အဖွဲ့ အစည်း ကြီးနှစ်ခုကို မွေးထုတ်လိုက်သည်။ လူ့အဖွဲ့အစည်းကြီးနှစ်ခုဟူသည် ရဟန်း သံဃာအဖွဲ့အစည်းနှင့် စစ်တပ်တို့ ဖြစ်လေသည်။
ရဟန်းသံဃာများပြားခြင်းက ဘာသာရေးအတွက် အားကောင်းစေပြီး စစ်တပ် အင်အားများခြင်းက ကာကွယ်ရေးအတွက် အားကောင်းစေသည်။
သို့သော် ထိုအဖွဲ့အစည်းကြီးနှစ်ခုလုံး မှန်ကန်သောလမ်းကြောင်းပေါ်မှာ ရှိနေမှ အပြုသဘောဆောင်မည်။
ယနေ့ပြဿနာသည် စစ်တပ်နှင့်ဆိုင်သည်။
အကယ်၍ နိုင်ငံ၏ ပညာရေးနဲ့စီးပွားရေးမြင့်မားလာပြီး ပုတ္တဒါရသမင်္ဂလာ ပုံစံပြောင်းသွားလျှင် ရဟန်းသံဃာအရေအတွက်ရော စစ်သားအရေအတွက် ပါ လျော့ကျသွားနိုင်ဟန် ရှိသည်။
ထိုအခါ အရေအတွက်ထက် အရည်အချင်း မြင့်လာနိုင်သည်ဟုကောက်ချက် ချလျှင် အလွန်အမင်းလွဲနိုင်ခြေ သိပ်မရှိဟုထင်ပါသည်။
ကိုရင် မဝတ်မနေရ၊ စစ်မှု မထမ်းမနေရ ဥပဒေပင် လိုကောင်းလိုလာပါလိမ့်မည်။