မနေနိုင်လို့ ပြောပါရစေ


ဒေါ်စုနဲ့ ကာချုပ် တရားဝင်/မဝင် နားလည်မှုတွေ ရှိနေပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မနေနိုင်လို့ ပြောချင်ပါတယ်။ လူတတ်လုပ်ခြင်း မဟုတ်ရပါ။ မနေနိုင်လို့သာပါ။

၁) မြန်မာ့တပ်မတော်
ကျေးဇူးပြုပြီး ...
သူမနဲ့ အတူရပ်ပေးပါ
သူမနဲ့ အတူ တက်ပေးပါ
သူမနဲ့အတူ ဆုတ်ပေးပါ။
လက်ရှိအခြေအနေဟာ "စစ်ဦး ဘီလူး" ဗျူဟာပဲလို့ ယူဆပါတယ်။ အဆုတ်တွေ၊ အတက်တွေ၊ မဟာဗျူဟာအရွှေ့တွေ သေချာပေါက် ရှိနေအုံးမှာပါ။

၂) မြန့်မာ တပ်မတော် စစ်ထောက်လှမ်းရေး
ကျေးဇူးပြုပြီး...
သတင်းအတိအကျတွေ မပို၊ မလို သူမဆီ အကုန် ပို့ပေးကြပါ။
သူမဟာ ကမ္ဘာကိုပြောနိုင်တဲ့ နိုင်ငံတော်ကြီး တစ်ခုလုံးရဲ့ ပါးစပ်ပေါက် ဖြစ်နေပါတယ်။
-သတင်းတွေက ချဲ့ကားနေရင် သူမ သိက္ခာကျတယ်၊ နိုင်ငံတော် သိက္ခာကျတယ်။
-သတင်းတွေလိုနေရင် နိုင်ငံတော်အတွက် နစ်နာတယ်။

ဇင်ဝေသော်

Post a Comment