သူမနဲ့ အတူပဲ ရှိနေမယ်


ဦးသိန်းစိန်လက်ထက်က ဦးသိန်းစိန်ဟာ အဘအဆက်ဆက်သုံးခဲ့တဲ့ အိမ်သာခွက်ကို ဝင်ဆေးနေရသူလို့ ထင်ခဲ့မိတယ်။ မှန်လည်း မှန်တယ်ထင်တယ်။ ဒါပေမဲ့
ခေတ်အဆက်ဆက်ရဲ့ အိမ်သာခွက်ကို အဆဲခံ၊ အဆိုခံ၊ အကြိမ်းမောင်း ခံ (ရင်နာစရာပဲ ပြည်တွင်းကတောင် ပါနေသေး) ပြီး ဆေးနေရသူက လက်မောင်းပိန်ပိန်၊ ခေါင်းမာမာ၊ ဉာဏ်ပညာနဲ့သတ္တိကြီးကြီး အမျိုးသမီးကြီး ဖြစ်နေတယ်။



ပြုပြင်ပြောင်းလဲရေး အစိုးရမို့လား
မဟာဗျူဟာ အလှည့်မကျသေးလို့လား
ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်တွက်ခဲ့လို့လား
ဒီကိစ္စကို ဦးသိန်းစိန် မကိုင်တွယ်ခဲ့ဘူး။
အခုရှိနေတဲ့ အမျိုးသားရေးလှိုင်းက အဲ့ဒီကတည်းက ရှိနေ၊ တောင်းဆိုနေပြီးသား။
ဘာနေနေ ရှိစေတော့။
အခု ကမ္ဘာနဲ့ ကျနော်တို့ အဖွားအိုကြီး။

အာရပ်ကမ္ဘာအသံ
ကမ္ဘာတစ်ခြမ်းအသံ
ကုလသမဂ္ဂအသံ
ဘာသံကိုမှ သူမ နားမထောင်းဘူး။
ရော့ အင့် ပြန်ယူလေ နိုဘယ်ဆု
"မင်း မရှိလည်း နေတတ်ပါတယ်"


မွတ်စလင် နိုင်ငံကြီးနဲ့ ကျောချင်းကပ်နေတဲ့ နိုင်ငံတိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာကြီး။

ကျနော်ဟာ ရီဂျင်နယ်လစ်ဇင်ပါ
လူ့ပြည်နဲ့ နတ်ပြည် တိုက်ပွဲဖြစ်ရင်
လူ့ပြည်ကနေမှာပါ။
အရှေ့နဲ့အနောက် တိုက်ပွဲဖြစ်ရင်
အရှေ့ဘက်က ဝင်တိုက်မှာပါ။
ကမ္ဘာ့နဲ့မြန်မာ ရန်ဖြစ်ရရင်
မြန်မာဘက်က ဝင်ဖြစ်မှာပါပဲ။


ဘာနေနေ မြန်မာပြည်က အဖွားအိုကြီးနဲ့အတူ အဝေးကနေ ကျနော် အတူရှိနေပါတယ်။

ဇင်ဝေသော်

Post a Comment