ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ သတင်း





ဆရာတော် ဦးသဇ္ဇနာ လင်္ကာရ (Satipatthana Meditation Centre) ရေးသားစီရင်ပုံနှိပ်သော ပါဠိသဒ္ဒါသင်ယူမှု အထောက်အကူပြု ကျမ်းစာအုပ်နှစ်အုပ်ကို သာသနဝေပုလ္လ ဖောင်ဒေးရှင်း(ဂျပန်) မှ ၂၀၁၄-ခု နှစ် ဗုဒ္ဓစာပေဆု ပထမဆု နှင့် ဒုတိယဆု ချီးမြှင့်လိုက်ကြောင်း သိရှိုရပါသည်။

(၁) သုခါဝဗောဓနီ အလွယ်သင် မစိုးရိမ်ပါဠိသဒ္ဒါ (A Comprehensive Manual of Pāli Grammar)၊ ၂၀၁၁-ခုနှစ်၊
(၂) နာမာ-ချာတဂဏသမ္ဗောဓနီ (Noun Declension,Verb Conjugation Handbook and Basic Pāli Reader) အမည်ရှိ ပါဠိသဒ္ဒါနှင့် တွဲဖက်သင် ကျမ်းစာ၊ ၂၀၁၂-ခုနှစ်၊

ပေးပို့သူ - မလတ် (အဘိဓမ္မာ အမှတ်စဉ် ၂ - ၃)


Source: http://www.dhammadownload.com/dhammadownload-news-SayadawUThitzana.htm 

ဘာသာစကားမှာ လော့ဂျစ် မရှိ


ဥပမာ ရက်လည်၊ လလည်၊ နှစ်လည်။
လလည်က တစ်လပြည့်တဲ့နေ့၊ နှစ်လည်က တစ်နှစ်ပြည့်တဲ့နေ့။
ရက်လည်က တစ်ရက်ပြည့်တဲ့နေ့ မဟုတ်ဘူး၊ ၇ ရက်ပြည့်တဲ့နေ့။
ဘာသာစကားကို လော့ဂျစ်နဲ့ ကိုက်ချင်တော့ ၇ ရက်ပြည့်တဲ့နေ့ကိုပဲ (၇)ကို ချန်ထားပြီး (၇ ရက်လည်အစား) ရက်လည်လို့ ခေါ်ဝေါ်ကြောင်း ရှင်းပြလာ ကြပြန်တယ်။
ဒါပေမဲ့ ဒီသီအိုရီက လလည်၊ နှစ်လည်ကို ရှင်းပြလို့ မရဘူး။ ရက်သုံးဆယ်လည်လို့ မခေါ်၊ လလည်ပဲခေါ်။ ၁၂လလည်မခေါ်၊ နှစ်လည်ပဲခေါ်)

နောက်ပြီး ၇ ရက်ကို တစ်ပတ်ခေါ်တဲ့အတွက် လော့ဂျစ်အလိုဆိုရင် ရက်လည်မခေါ်ဘဲ ပတ်လည်လို့ခေါ်ရမယ့်သဘောပဲ။
ဒီ ဝေါဟာရကို ဘာသာစကားက လက်မခံပြန်ဘူး။
ဒါက မြန်မာစကား အချင်းချင်းပဲရှိသေးတာပါ။ အခြားဘာသာစကားကနေ မြန်မာဘာသာကိုပြန်ရင် ဒီထက် ရှုပ်ထွေး ပါတယ်။
တကယ်က ဘာသာစကားဟာ လော့ဂျစ်ထက် နားလည်သဘောပေါက်မှုကို ပိုပြီး အလေးထားဟန်ရှိပါတယ်။

ဆိုလာစစ်စတန် သီအိုရီ


ငါ့လ
ငါ့ကမ္ဘာမှာတော့
ငါဟာ နေတစ်စင်းပါ။

သူ့လ
သူ့ကမ္ဘာမှာတော့
ငါက အသေးမွှားဆုံး
ကြယ်တစ်လုံးမျှသာပါပဲ။

လူဆိုတာ
ဝန်းကျင် ကျဉ်းလေလေ
အကောင် ကြီးလေလေ။

 

Saving mode


I'm not lazy.
I'm just on my enerygy saving mode.

မနေ့က ပြောမိသည့် စကား


သစ္စာစောင့်သိမှု သုံးမျိုးရှိတယ်။
၁။ နယ်ပယ်ကျဉ်း (လူမျိုး၊ လူမျိုးစု၊ ဒေသစွဲစသည်)အပေါ် သစ္စာစောင့်သိမှု (Narrower Royalties) ။ ပြည်တွင်းရေး ပဋိပက္ခတွေကို ဖြစ်စေတယ်။
၂။ အမျိုးသားနိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု(Royalty to Nation State)။ ပြည်တွင်းရေး ပဋိပက္ခတွေနည်းသွားပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပဋိပက္ခကျန်နေတတ်။
၃။ နိုင်ငံရေးအပေါ် သစ္စာစောင့်သိမှု(Political Royalty)။ သူက အကျယ်ပြန့်ဆုံးဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ပဋိပက္ခကို အများကြီး လျှော့ ချနိုင်တယ်။
(ဦးဝင်းတင်ဟာ ၃ အထိ ရှိမယ်လို့ ခန့်မှန်းမိတယ်။)
(Ref: The Clash of Civilization)

**ပန်းတွေမပွင့်သေးဘူး ဗျာ**


ဘာသာရေးပွဲအခန်းအနားပြီးတော့ ကဗျာတွေ ရွတ်ကြတယ်။ ဘုန်းကြီးတွေရော၊ လူတွေရောပဲ။ ဇင်ဝေသော်တို့လည်း ရှောင်မရတော့ ဖုတ်ပူမီးတိုက် စိတ်ကြိုက်တောင်မရောက်လိုက်ဘဲ ရွတ်ခဲ့ရတယ်

**ပန်းတွေမပွင့်သေးဘူး ဗျာ**

ဟုတ်သလား
ပန်းတွေတော့ မပွင့်သေးဘူး ဗျာ
(May be but there are not flowers yet.)

တကယ်တော့ သူဟာ အဖြူရောင်
အံစာတုံးတစ်တုံးပါ
သူနဲ့ သူတို့ကို လက်မနဲ့တောက်
အပေါ် မြှောက်
ဒေါက်ကနဲ အောက်အကျ
ခွက်ငယ်နဲ့ အုပ်ထားလိုက်ကြတယ်။
သူနဲ့ သူတို့ဟာ
လှောင်.....
မှောင်........
ဟောင်........
ခွက်ငယ်အောက်မှာတောင်
ဒိုင်မင်းရှင်းတွေ မပြောင်းခဲ့ကြဘူး
အဲ သူကတော့ အရောင်ပြောင်းသွားတယ်
အပြာရင့်ရင့် အံစာတုံးတစ်တုံး ဖြစ်သွားရော။

ဆင်ကွ ကျားကွ
အော်ကြ လောင်းကြ
လျော်ကြ စားကြ
ကလော်ကြ ဖားကြ
တိမ်ရေးသဖွယ် လောင်းကစားဝိုင်းထဲမှာ
သူ့ ဒိုင်မင်းရှင့်နဲ့ သူ
အပြာရောင်စစ်စစ် ပွင့်ပစ်ခဲ့တယ်။

သူယုံကြည်တာက လစ်ဘရယ်
လစ်ဘရယ်မှ အပ်ဘဆိုလိုတစ် လစ်ဘရယ်။

ကဲ အခုကြည့်
လျော်ကြ စားကြ
ကလော်ကြ ဖားကြ
တိမ်ရေးသဖွယ် လောင်းကစားဝိုင်းထဲကနေ
အံစာတုံး ပီပီပဲ
ဘာမှမယူ
ဘာမှမရ
ထွက်သွားခဲ့ပြန်ရော။

ဒီမိုကရေစီ ဆောင်းဦးပေါက်အထိ
ပန်းပွင့်တွေ မပွင့်သေးလို့ဆိုပြီး
သူ့ကိုယ်သူ မီးရှို့
အပြာရောင် ပြာမှုန့်တွေနဲ့
ပန်းပင်တွေကို မြေဩဇာကျွေးသွားခဲ့တယ်။

အပြရောင်ဟာ ငြိမ်းချမ်းခြင်း
အပြရောင်ဟာ တော်လှန်ခြင်း
အပြရောင်ဟာ
ဦး
ဝင်း
တင်

ဇင်ဝေသော်
(၂၇၊ ၄၊ ၁၄)

ရွှေတိဂုံကိတ်မုန့်(စားကြမလာ၊ ဘုရား ဘုရား)


ဘမရာပိ တုံးတို့သည်၊ ပက္ခရန္တိ ပျံကြကုန်၏။
ဒကာ။ ။ တုံးတွေကတော့ ပျံမယ်မထင်ပါဘူး ကိုယ်တော်။
ကိုယ်တော်။ ။ ဒကာကြီးက ဘာသိလို့လဲ၊ ဒါ ဘုရားလက်ထက်က။ တုံးတွေလည်း ပျံချင်ပျံမှာပေါ့။

ရွှေတိဂုံပိ ရွှေတိဂုံဘုရားကိုလည်း၊ ကိတ်မုန့်ကရိတွာ ကိတ်မုန့်အသွင်ပြု၍
ကတ္တန္တိ (Cut) ဥရောပ မြန်မာ တိုက်ရိုက် လေကြောင်းဖွင့်ပွဲ၌ လှီး ဖြတ်ကြလေ ကုန်၏။ တတ္ထ ထိုနေရာ၌၊ မြန်မာအမ်ဘာဇဒမ်ပိ ဂျာမဏီ တာဝန်ကျ မြန်မာသံအမတ်ကိုလည်း၊ ပဿီယတိ အူကြောင်ကြောင်နဲ့ ရပ်ကြည့်နေသည်ကို တွေ့မြင်အပ်၏။
ဒကာ။ ။ ရွှေတိဂုံဘုရားကတော့ ကိတ်မုန့်မဖြစ်လောက်ဘူးထင်ပါတယ် ကိုယ်တော်။
ကိုယ်တော်။ ။ဒကာကြီးက ဘာသိလို့လဲ၊ ဒါပြုပြင်ပြောင်းလဲရေး ခေတ်။ ရွှေတိဂုံဘုရားလည်း၊ ကိတ်မုန့်ဖြစ်ချင် ဖြစ်သွားမှာပေါ့။

သီဟနာဒ

အဆိုအမိန့်များနှင့်ဗဟုသုတဆိုင်ရာစာပေများ မှ ဖိုတိုဖြစ်ပါသည်။
ဆရာသစ္စာနီ ပေ့ဂ်ျမှ တဆင့်ကူးယူထားခြင်းပါ။

ကျနော်နဲ့ လက်ပရိုစီ


ကျနော့်ဘဝ၏ အရေးအကြီးဆုံးလူသားများကို စဉ်းစာကြည့်ရာ မိဘနှစ်ပါးပြီး လျင် ဆရာဘုန်းကြီးနှင့် ဦးကြီး(အဖေရဲ့အကို)ဖြစ်နေတာကို နားလည်လိုက် ရပါသည်။ တိုက်ဆိုင်နေသည်က ဆရာဘုန်းကြီးရော ဦးကြီးပါ အနာကြီးေ ရာဂါများ ရှိနေကြခြင်းဖြစ်ပါသည်။ သူတို့သည် အလွန်ဉာဏ်ကောင်းသူ များဖြစ် သည်ဟု ငယ်စဉ်ကထင်မှတ်ထားခဲ့သလို ယနေ့လည်း ယုံကြည် ဆဲဖြစ်ပါသည်။
ဆရာဘုန်းကြီးက ကျနော့်ကို သင်္ချာသင်ပေးပြီး ဦးကြီးက လေးပစ်နည်း သင်ပေးပါသည်။
ဦးကြီး၏နည်းက ပစ်မှတ်ကို ချိန်ရွယ်သည့်နည်းဖြစ်ပြီး ဆရာဘုန်းကြီးနည်း
ကပစ်မှတ်ကို ရွေးချယ်နည်းဟု နှစ်ပေါင်း ၃၀ကျော်သည့်အခါ သဘောပေါက် ခဲ့ပါသည်။
ထူးခြားသည်က အခြားကျောင်းသားများ၊ အခြားတူ၊ တူမများက ဆရာဘုန်း ကြီးနှင့် ဦးကြီးတို့လက်ဖြင့်ပေးသော အစားအစာများကိုစားဖို့ တွန့် ဆုတ်နေ စဉ် သူတို့ခံစားမှုမျိုး ကျနော့်ဆီမှာ မရှိခဲ့ခြင်းဖြစ်ပါသည်။ အချို့က ဒီလိုရောဂါ က ကူးစက်တတ်တယ်ဟုဆိုသော်လည်း မယုံကြည်ခဲ့ပါ။ ယနေ့ အနေ အထားအရ သူတို့အကြောက်လွန်ပြောသည့်စကားများ လုံးဝ လွဲမှားေ နကြောင်း သိရပါသည်။ သူတို့ရောဂါများ ကူးစက်သည်ဆိုစေဦးတော့ စေတ နာဖြင့်ကြွေးသည့် သဘောင်္သီး၊ သရက်သီးတို့ကို ငြင်းပယ်မိမည် မထင်ပါ။

ယနေ့ ကျနော်၏ မဆိုစလောက်အောင်မြင်မှုတွင် ဦးကြီး၏ပစ်မှတ်ကို တိတိ ကျကျ ချိန်ရွယ်သည့်နည်းနှင့် ဆရာဘုန်းကြီး၏ ပစ်မှတ်ရွေးချယ်နည်းတို့က များစွာအကူအညီပေးနေသည်ဟု ယုံကြည်မိပါသည်။ အခြားပုဂ္ဂိုလ်များနှင့်နှုင်းယှဉ်လျင် ကျနော်ကံကောင်းပါသည်။ အနာကြီးရောဂါ ကူးစက်ခြင်း မခံရသည့်အပြင် အနာကြီးရောဂါသည်တို့၏ အမွေအနှစ်တွေ ကိုပါ ရခဲ့ပါသည်။
ကျနော်ချိန်ရွယ်သည့်ပစ်မှတ် ထိ၊ မထိ။ ကျနော်ရွေးချယ်သည့် ပစ်မှတ် မှန်၊ မမှန်သည် ဆရာဘုန်းကြီးနှင်မဆိုင်သလို ဦးကြီးနဲ့လည်း မဆိုင်ပါ။ ကျနော်၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။ ကံအကောင်းဆုံးရလာဒ်ကတော့ သွေးစက်စက်လက်ဖျားယိုနေသည့် ရောဂါသည်များကိုပင် မရွံရှာမိခြင်းဟု ဆိုရမည်ထင်ပါသည်။ Beauty is a skin deep ဟုဆိုလျင် Leprosy is also a skin deep ဟု ဆိုမှသာ မျှတမည်ဟု ထင်ပါ သည်။

ပညာရှိနှစ်ယောက်နဲ့ ကြံရည်ရောင်းသူ


ပညာရှိ တစ်။ ။ ကြံဆိုတာ အဖျားကစပြီးစုပ်ရတယ်ဗျ၊ ဒါမှ တဖြည်းဖြည်း အရသာပိုပိုရှိလာတာ။
ပညာရှိ နှစ်။ ။ ဟာဗျာ၊ အရင်းပိုင်းမစုပ်ရခင် သေသွားရင် အကောင်းဆုံး အပိုင်းကို အရသာ မခံလိုက်ရဘဲနေဦးမယ်။

ကြံရည်ရောင်းသူ။ ။ ခင်ဗျားတို့ပြောနေတာတွေကို ကျနော်တော့် နားမ လည်တော့ဘူးဗျာ။ ကျနော်ကတော့ တစ်ချောင်းလုံး ပြိုင်တူစက်ထဲထည့်ကြိတ် လိုက်တာပဲ။
ပထမခွက်က အဖျားက စပြီးကြိတ်ထားတာ၊
ဒုတိယခွက်က အရင်းက စပြီးကြိတ်ထားတာ။ ခွက်ချင်းလဲပြီးလည်း သောက်ကြည့်ကြဗျာ၊ အရသာကွာရင် ကျနော့်ကို ပြောပြပေးပါဦး။ ကျနော်က ကြံရည်အကောင်းဆုံး ရောင်းချင်လို့ပါ။

ပညာရှိ တစ်နဲ့ ပညာရှိ နှစ် ခွက်ချင်းလဲသောက်ကြတယ်။ သူတို့ မျက်နှာပေါ် မှာ မရေရာမှုတွေနဲ့။
ဆက်ရန်

ကျားမြီးဆွဲအမှာ


The Clash of Civilizations ကိုဘာသာပြန်မိခြင်းဟာ ကျားမြီးဆွဲလိုက်မိ သလိုပါပဲ။ အခန်းနှစ် ဘာသာပြန် ပြီးချိန်အထိ ဟားဘတ်တက္ကသိုလ် ပါမောက္ခဟာ စိမ်းစိမ်းကားကားကြီး ရှိနေ ဆဲပါ။ ဒါနဲ့ သူ့ဝိဉာဉ်ကို အထိုက် အလျောက်ပူးဝင်နိုင်ဖို့ သူ့အကြောင်းကိုလည်းရသလောက် ဂူဂဲလ် လိုက်ရ ပါတော့တယ်။


အဲ အခန်းသုံးကို စတင်ကိုင်ချိန်မှာတော့ သူ့ဆီက ပါမောက္ခမျက်နှာထား ထက် ကျောင်းဆရာဆန်ဆန် နွေးထွေးတဲ့အပြုံးကို ရခဲ့တယ်။ ကျနော့်ရဲ့ ဘာသာပြန်မှုလည်းအတန်ငယ် ချောမွေ့လာတယ်။ အခန်းလေးရောက်တဲ့အခါမှာတော့ ကျနော်တို့ ရင်းနှီးမှုပိုရလာသလို သူ့ကို ခပ်တင်းတင်းလက်ဆွဲနှုတ်ဆက်လိုက်မိတယ်လို့လည်း ခံစားရပါတယ်။ အခန်းလေးဟာ"ငါ လုပ်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှုကို ပေးခဲ့ပါတယ်။

သူ့ရဲ့အထင်ကရစာအုပ်တွေဖြစ်တဲ့ (Third Wave) တတိယလှိုင်းနဲ့ (The Clash)ပဋိပက္ခကိုနှိုင်းယှဉ်ကြည့်တော့ သူဦးတည်တဲ့စာဖတ် ပရိသတ်ကို အခြေခံပြီး ဝါကျတည်ဆောက်ပုံတွေပါ အနည်းငယ်ကွဲနေတာ တွေ့ရပါတယ်။ တတိယလှိုင်းဟာ အင်္ဂလိပ်အဆင့်အရ ပဋိပက္ခထက် အနည်းငယ်ပိုလွယ် ပါတယ်။ ဒါပေမဲ့ ဟန်တင်တန်ကို ကမ္ဘာ့နိုင်ငံရေး ဂုရုကြီးအနေနဲ့ ကမ္ဘာက မဖြစ်မနေအသိအမှတ်ရတာက လှိုင်းကြောင့်မဟုတ်၊ ပဋိပက္ခကြောင့် သာဖြစ်ပါတယ်။
ပဋိပက္ခကိုပဲ ဆိုလိုရင်းအချုပ်ကိုယူ၊ ခြုံ့ပြီးဘာသာပြန်မယ်ဆိုရင်လည်း ဒီထက်အများကြီးလွယ်ကူမှာပါ။ ဒါပေမဲ့ သူ့ဆန္ဒဖြစ်တဲ့ "meaningful to scholars and useful to policymakers" (သူ့စေတနာနဲ့ဆန္ဒကို လေးစား လို့) ဆိုတာကို တတ်နိုင်သလောက် ပြည့်စုံသွားစေချင်ပါတယ်။ ဒါနဲ့ပဲ ကျားမြီးကို ဆွဲလိုက်ရခြင်းပါ။
ကိုယ့်ကိုယ်ကိုပြောနေမိတာကတော့ "လီကွမ်းယုရဲ့ နားဝင်မချိုထက် ငါးဆ ပိုအလုပ်လုပ်နေရတယ်" ဆိုတာပါပဲ။ လီကွမ်းယုက အာရှသားဖြစ်လို့ ရင်းနှီး မှု၊ ပူးဝင်မှုလွယ်ကူတာလည်း ပါကောင်းပါပါလိမ့်မယ်။ ဒီကြားထဲမှာ မူရင်း နဲ့တိုက်ပြီး ပရုဖတ်၊ ထောက်ပြဝေဖန်ပေးတဲ့ စေတနာရှင်လေးဦးကို အထူးကျေးဇူးတင်ရပါတယ်။

မထွက်သေးဘူးလားဆိုသူတွေအတွက်တော့ အမှားတတ်နိုင်သရွေ့နည်းစေ ဖို့နဲ့ မူရင်းဆီက ရနိုင်သရွေ့ ရစေဖို့ ဝါဆိုမတိုင်မီကြိုးစားပါမယ် ဆိုတာေ လာက်သာပြောနိုင်ပါတယ်။
သို့သော် အခန်းတိုင်းရဲ့ အနှစ်ချုပ်လေးတွေကို ခရီးသွားဟန်လွဲဖတ်ဖို့ အဆင်ပြေသလိုတင်ပေးသွားပါမယ်။


လူ့ ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း

အခန်း(၁) မိတ်ဆက်

ရုရှားရဲ့ အလံဇောက်ထိုးကိစ္စကို သရော်သံစွက်စွက်နဲ့  စတင်ခဲ့ပြီး ဒီနေ့  ကမ္ဘာမှာ အလံတွေ၊ ကြက်ခြေခတ်တွေ၊ လခြမ်းတွေ၊ ခေါင်းမြီးခြုံတွေ အရေး ပါနေပုံကို မိတ်ဆက်သွားပါတယ်။ ဒါဟာသူဆွေးနွေးမယ့် စီဗီလိုက်ဇေးရှင်း ပါရာဒိုင်းကို နိဒါန်းပျိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ နောက်ပြီး အခန်းတစ် ထဲမှာပဲ သူခွဲခြမ်းလေ့လာမယ့် အခန်းကြီးငါးခန်း အကြောင်းကို ခြေဆင်းပေး ခဲ့တယ်။

"အခန်း (၁)

လက်ရှိ ကမ္ဘာ့နိုင်ငံရေးဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအနေနဲ့ ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်း ဖြစ်လာနေပါတယ်။ ခေတ်သစ်ဆန်ခြင်းနဲ့(Modernization)အနောက်တိုင်းဆန်ခြင်း(Westernization)ဟာ မတူညီဘူး။ ခေတ်သစ် ဆန်ခြင်းက တစ်ကမ္ဘာလုံးဆိုင်ရာ စီဗီလိုက်ဇေးရှင်းကိမွေးထုပ်ပေးလိုက်တာ မဟုတ်သလိုအနောက်မဟုတ်တဲ့လူ့အဖွဲ့အစည်းတွေ ကြားက အနောက် ယဉ်ကျေးမှုလည်းမဟုတပါဘူး။

အခန်း(၂)

စီဗီလိုက်ဇေးရှင်းတွေကြားက ပါဝါချိန်ခွင်လျာဟာ ရွေ့လျောလာနေတယ်။ အနောက်တိုင်းလွမ်းမိုးမှု ကျဆင်းလာနေတယ်။ အာရှ စီဗီလိုက်ဇေး ရှင်းတွေ ဟာ သူတို့ စီးပွားရေး၊ စစ်အင်အား၊ နိုင်ငံရေးအင်အားတွေ တိုးချဲ့ လာနေ ပါတယ်။ အစ္စလာမ်ဆိုရင် များပြားလွန်းတဲ့ လူဦးရေ မွေးဖွားနှုန်းနဲ့ သူတို့ အိမ် နီးချင်း နိုင်ငံတွေကို မငြိမ်မသက် ဖြစ်အောင်လှုံ့ ဆော်နေပါတယ်။
နောက်ပြီး အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်းတိုင်းဟာ(non-western civilization)သူတို့ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတန်ဖိုးတွေကိုပြန်လည် အသက် သွင်းလာနေကြတယ်။

အခန်း(၃)

စီဗီလိုက်ဇေးရှင်းကို အခြေခံတဲ့ ကမ္ဘာ့ နိုင်ငံရေးအခင်း အကျင်း ပေါ်ထွက် လာနေတယ်။ လူအဖွဲ့အစည်းတွေဟာ သူတို့နဲ့ ယဉ်ကျေးမှု တူညီတဲ့ အခြား အဖွဲ့ အစည်းတွေနဲ့ ပေါင်းသင်းလာကြတယ်။ လူအဖွဲ့အစည်း ကြီးတစ်ခုလုံး ကို စီဗီလိုက် ဇေးရှင်း တစ်ခုကနေ နောက်တစ်ခုဆီ ပြောင်းလဲဖို့ အား ထုတ်ခြင်းဟာ မအောင်မြင်ဘူး။ နိုင်ငံတွေဟာ သူတို့ချင်း အုပ်စု တူရာတွေဖွဲ့စည်းပြီးခေါင်းဆောင်(သို့)ပဓာနနိုင်ငံကိုဝန်းရံလာနေကြတယ်။

အခန်း (၄)

အနောက်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုဝါ ဒီတွေရဲ့ ဟန်ဆောင်လေ လုံးထွားခြင်းကလည်း အခြား စီဗီလိုက်ဇေးရှင်း တွေကြား မှာ ပြဿနာတွေ ကိုပဲ မွေးထုပ်ပေးနေပါတယ်။ အထူးသဖြင့် အစ္စလမ်နဲ့ တရုတ် စီဗီလိုက်ဇေး ရှင်းတွေ ကြားမှာပါ။ ပြည်တွင်းစစ်တွေ၊ အများအားဖြင့် မွတ်စလင် တွေ အချင်းချင်းနဲ့ မွတ်စလင်မဟုတ်သူတွေကြားက စစ်ပွဲတွေဟာ နယ်ခြား စည်းတွေကိုပါ ခြိမ်းခြောက်လာနေတော့ နီးစပ်ရာ နိုင်ငံတွေခြင်း ပေါင်းစုပြီး ဒါတွေကို ဟန့်တားနိုင် ဖို့ပြင်ဆင်နေကြရပါတယ်။

အခန်း(၅)
အနောက်ယဉ်ကျေးမှုဆက်လက်ရှင်သန်နေရေးဟာ အမေရိကန်တွေရဲ့ သူတို့အနောက်တိုင်း အိုင်ဒင်တတီကို ပြန်လည် တည်ဆောက်မှု အပေါ်မှာ မူတည်နေပါတယ်။ သူ တို့ရဲ့စီဗီလိုက်ဇေးရှင်းဟာ တစ်မူထူးခြားနေလို့ တစ်ကမ္ဘာလုံးဆိုင်ရာ စီဗီလိုက်ဇေးရှင်း လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ သဘောေ ပါက်လက်ခံမှုမျိုး အမေရိကန်တွေမှာရှိနေရပါမယ်။။ ဒီလို သဘောပေါက် လက်ခံမှုမျိုးထားရှိပြီး အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေ(non- Western societies)ဆီက ရောက်ရှိလာမယ့် စိန်ခေါ် မှုတွေကို ရင် ဆိုင်နိုင်အောင် ပြန်လည်ပြင်ဆင် အင်အားဖြည့်ထား ကြရပါလိမ့်မယ်။ စီဗီလိုက်ဇေးရှင်းကို အခြေခံတဲ့ စစ်ပွဲကြီးတွေကို ရှောင်ကြဉ်နိုင်ဖို့ဟာ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေအနေနဲ့ ကမ္ဘာ့နိုင်ငံရေးရဲ့ ဗဟုစီဗီလိုက်ဇေး ရှင်းအခြေခံ သဘာဝကိုလက်ခံပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း အပေါ်မှာ ပူတည်နေပါတယ်။"

ရှေးမှာရှိခဲ့ တဲ့ ကမ္ဘာကြည့်မြေပုံ လေးခုစလုံးကို ဟားဘတ်ပါမောက္ခက တစ်ခုချင်းပယ်ချသွားခဲ့တယ်။ ပထမဆုံးအပယ်ခံလိုက်ရတာကတော့ သူလေးစားတဲ့ ဖရန်စစ်ဖူကူယားမား ဦးဆောင်တဲ့ “တစ်ခုတည်းသောကမ္ဘာ” ဆိုတဲ့ပါရာဒိုင်းပါ။ “The end of story” အနောက်ရဲ့ လစ်ဘရယ် ဒီမိုကရေစီ သာ နိုင်ငံတိုင်းရဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာတော့မယ်ဆိုတဲ့ အဆိုပါ။ ယူနီဗာ ဆယ်လစ်ဇင်ဟာ အသစ်အဆန်းမဟုတ်သလို အဓိပ္ပါယ်လည်း မရှိတော့ဘူး ဆိုပြီး ပယ်ချသွားခဲ့ပါတယ်။

သူ ဒုတိယပယ်တဲ့ ပါရာဒိုင်းက “နှစ်ခြမ်းသော ကမ္ဘာ” “ ကျွန်တော်တို့ နဲ့  သူတို့ ” “ ဆင်းရဲသားနဲ့ လူချမ်းသာ” “ တောင်နဲ့ မြောက်”
“ အရှေ့ နဲ့ အနောက်” ဆိုတဲ့ နှစ်ခြမ်းခွဲအယူအဆပါပဲ။ ဒီပါရာဒိုင်းက အမှန်တရားနဲ့ နီးစပ်ပေမယ့် စစ်အေးလွန်ကမ္ဘာရဲ့  ကမ္ဘာနိုင်ငံရေး ဇာတ်ကြောင်းကို ဒီလောက်ခွဲခြားကြည့်ရုံနဲ့ ထင်ထင်ရှားရှားမမြင်နိုင်ဘူး။ ဆင်းရဲတဲ့ နိုင်ငံတွေက ချမ်းသာလာနေတော့ ဆင်းရဲ့ ချမ်းသာ ကွာဟမှုက မရှိတော့။ ဆင်းရဲ့တဲ့ နိုင်ငံနဲ့ ချမ်းသာတဲ့ နိုင်ငံ စစ်ဖြစ်ဖို့ က ပိုလို့ အလှမ်းဝေး၊ ဆင်းရဲ့ သားက ချမ်းသာတဲ့ နိုင်ငံကို မယှဉ်နိုင်။ ဒါကြောင့် တောင်နဲ့ မြောက် စီးပွါးရေးအရ နှစ်ခြမ်းခွဲကြည့်ခြင်းဟာ တကယ့်အဖြစ်မှန်နဲ့  ဝေးကွာနေတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပယ်ချခဲ့တယ်။

ယဉ်ကျေးမှုအရ အရှေ့ နဲ့ အနောက်ခွဲခြားဝေဖန်ခြင်းကလည်း အလုပ်မဖြစ်၊ အရှေ့ နဲ့ အနောက်ယဉ်ကျေးမှု မတူတာ မှန်ပေမယ့် အရှေ့ နိုင်ငံတွေကရော သူတို့ ချင်းယဉ်ကျေးမှု တူညီနေလို့ လားဆိုပြီး မွတ်ဆလင်နိုင်ငံတွေနဲ့  တရုတ်၊ ဂျပန်၊ အိန္ဒိယတို့ ကို စံထိုးပြပါတယ်။ ဒါကြောင့် West and East အစား West and the rest ဆိုတာကမှ အဓိပ္ပါယ် ပိုရှိနိုင်သေးတယ်ဆိုပြီး ယဉ်ကျေးမှုအရ အနောက်နဲ့ အရှေ့ ခွဲခြမ်းဝေဖန်တဲ့  “ နှစ်ခြမ်းသော ကမ္ဘာ” ပါရာဒိုင်းကိုဆက်ပြီး ပယ်ချခဲ့တယ်။

ဒီပါရာဒိုင်းနှစ်ခုကို “Parsimony” သရုပ်ကျဉ်းဝါဒ (သရုပ်ချန်ဝါဒလို့  ဘာသာပြန်ခဲ့ပါတယ်။) လို့ နောက်ပိုင်းမှာ သူက ဆက်ရှင်းပါတယ်။

တတိယသူပယ်ချခဲ့တဲ့ ပါရာဒိုင်းကတော့ “ နိုင်ငံတော်များ ပါရာဒိုင်း” ပါ။ နိုင်ငံတွေက ကမ္ဘာရေးရာ ဇာတ်ခုံမှာ ဇာတ်လိုက်တွေဖြစ်နေပေမယ့် နိုင်ငံတော်တွေ ကိုယ်တိုင် အချုပ်အခြာ အာဏာတွေ ဆုံးရှုံးနေပုံ၊ ငွေကြေး နည်းပညာ၊ လူတွေကို ထိန်းချုပ်မထားနိုင်ပုံ၊ သူတို့ လုပ်ပိုင်ခွင့် တွေကို ဥရောပသမဂ္ဂကို နိုင်ငံတကာ အဖွဲ့ အစည်းတွေက ကန့် သတ်ထား လို့ သူတို့ ကိုယ်တိုင်လည်း အဓိကဇာတ်ဆောင် မဟုတ်တော့ဘူးဆိုပြီး ပယ်ချခဲ့ပြန်ပါတယ်။ နောက်ပြီး ဒီနိုင်ငံထဲရှိလူတွေက သူတို့ နဲ့  စီဗီလိုက်ေ ဇးရှင်းအရ တူညီတဲ့ အခြားနိုင်ငံကို အားပေးထောက်ခံနေကြပုံ (တရုတ်ပြည်ထဲက မွတ်ဆလင်တွေ၊ ရုရှားထဲက မွတ်ဆလင်တွေ၊ သီရိလင်္ကာထဲ တမီး(လ်)တွေ စသည်) ကိုထောက်ပြရင်း နိုင်ငံတွေကို အခြေခံပြီးဆွဲတဲ့ ကောက်ချက်ကလည်း မလုံလောက်ပြန်ဘူးဆိုပြီး ပယ်ချခဲ့ပြန်ပါတယ်။

နောက်ဆုံးသူပယ်ချခဲ့တဲ့ ပါရာဒိုင်းကတော့ “ ပြဿနာ ပေါင်း သောင်းခြောက်ေ ထာင်ကမ္ဘာ” ဆိုတဲ့ပါရာဒိုင်းပါ။ လူတွေ၊ လူမျိုးစုတွေ၊ လူမျိုးစုအဖွဲ့ တွေ၊ နိုင်ငံတွေ၊ နိုင်ငံအဖွဲ့ တွေရဲ့ ထင်ရာစိုင်း ဥပဒေမဲ့စရိုက်တွေကို ထောက်ပြရင်း ပြဿနာ ပေါင်း သောင်းခြောက်ထောင်ကမ္ဘာ ပါရာဒိုင်းဟာ လက်ရှိ ကမ္ဘာနိုင် ငံရေးနဲ့ အထိုက်အလျောက်အံဝင်ခွင်ကျရှိတယ်လို့  ထောက်ခံသလိုလို လေချိုသွေးရင်း ဥပဒေမဲ့စရိုက်တွေ တွေ့ မြင်နေရပေမယ့် ဖြစ်ချင်သလိုဖြစ် ဥပဒေ မဲ့ ခြင်း မဟုတ်ဘူး။ သူတို့ ကို စုစည်းပေး ခွဲခြားပေးတဲ့ အရာ ရှိနေတယ်။ ဒါက စီဗီလိုက်ဇေးရှင်းပဲ။ စီဗီလိုက်ဇေးရှင်းတူရင် ကူမယ်ထောက်ပံ့မယ်။ ၀င်ကူတိုက်မယ်။ မတူရင် မကူညီ မထောက်ပံ့ကြဘူး။ ဒီတော့ခေတ်သစ် ကမ္ဘာနိုင်ငံရေးရဲ့တွဲရေး ၊ခွဲရေး လက်သည်ဟာ စီဗီလိုက်ဇေးရှင်း တူခြင်း မတူခြင်းသာ ဖြစ်တယ်ဆိုပြီး သူ့ ရဲ့ဂန္ထ၀င်မြောက် “The Clash of Civilizations” ကို အတင်းထိုးမိတ်ဆက်သွားခဲ့ပါတယ်။
( ဒီနှစ်ဝါဒကို Realism-သရုပ်မှန်ဝါဒလို့ အမည်ပေးထားပါတယ်။)

သဘောမတူရင်တောင် ငြင်းပယ်ရခက်ခက်ဖြစ်သွားစေတာက သူထုတ်ပြ ခဲ့တဲ့ စီဗီလိုက်ဇေးရှင်းဆိုင်ရာ ပဋိပက္ခတွေပါပဲ။ သူ့ အဆိုကို ခိုင်မာစေဖို့  ကမ္ဘာနိုင်ငံရေး ဂုရု၊ ကမ္ဘာနိုင်ငံရေးအပေါ် (၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုဦးပိုင်း) သြဇာလွှမ်းမိုးမှု အရှိဆုံးဆိုတဲ့ ဟားဘတ်ပါမောက္ခက (၆)လ အတွင်းဖြစ်ပွါးခဲ့တဲ့ ယဉ်ကျေးမှု ပဋိပက္ခတွေကို စာရင်းချပြသွားခဲ့ပါတယ်။

ငြင်းချင်ရင် ငြင်းနိုင်တယ်။ ကမ္ဘာနိုင်ငံရေးဇာတ်ခုံပေါ်မှာ ဇာတ်လိုက်ဖြစ်နေ တာကတော့ “စီဗီလိုက်ဇေးရှင်း” ပဲဆိုတဲ့  စီဗီလိုက်ဇေးရှင်းပါရာဒိုင်း အသစ်ကို နိုင်ငံရေးစာအုပ်စင်ပေါ် တင်ပေးသွားခဲ့ပါတယ်။ အချုပ်ဆိုရရင် အခန်းတစ်ဟာ ပဋိပက္ခအစပျိုးပေးတဲ့ နိဒါန်းမျှသာပါ။

May be- but there are no flowers yet.


"May be- but there are no flowers yet."
မြန်မာ့နိုင်ငံရေးရဲ့ ပွင့်လင်းရာသီဦးအပေါ် ဦးဝင်းတင်ရဲ့ သဘောထား။

စိတ်မဝင်စားလှတဲ့ နိုင်ငံရေးသဘောတရားတွေကို ဘေးဖယ်ထားတာတောင်
ပညာရှင်တစ်ယောက်၊ ယုံကြည်ရာအတွက် ပေးဆပ်ရဲသူတစ်ယောက် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းမိပါတယ်။

image credit to creator

ကျနော် မရယ်မိတဲ့ ဟာသတစ်ပုဒ်


အဖေ။ ။ သား၊ ပထမဆုံးနေ့ ကျောင်းရဲ့အတွေ့အကြုံကို ပြောပြပါဦး သားရဲ့။
သား။ ။ ကျနော့်ဖေ့စ်ဘုတ်ပေ့ဂ်ျ မှာ အသေးစိတ်တင်ထားတယ်လေ၊ ဝင်ဖတ် ကြည့်ပေါ့။ နောက်နေ့တွေပါသိချင်ရင် ကျနော့်ပေ့ဂ်ျကို လိုက်ခ်လုပ်ထားပြီး ဖတ်နေရင် သိနိုင်တာပဲ ဖေဖေ။
အဖေမေးတာကို မဖြေဘဲ ဖေ့စ်ဘုတ်လိုက်ခ်လုပ်ဖို့ပြောရင်ရင်း သားက အခန်းထဲဝင်သွားတော့တယ်။
မြန်မာပြည်မှာ ဒီလောက်မဖြစ်သေးပေမဲ့
ဒီလိုလည်း မဖြစ်လောက်သေးဘူး။ စင်္ကာပူမှာဖြစ်နေပြီ။

သား ။ ။ ကျနော် ထမင်းစားမယ် မေမေ။
အမေ။ ။ သားဘာသာ ခူးစားလိုက်လေ။ အားလုံးအဆင်သင့်ပဲ။
သား ။ ။ မေမေက အိမ်ရှင်မဆိုပြီး ဒါလေးလောက်မှ လုပ်မပေးနိုင် ရင် မေမေ့အလုပ်က ဘာလဲ။
သားကို တိုးတက်ခေတ်မှီစေချင်တဲ့ အင်ဂျင်နီယာဘွဲ့ရအမေဟာ ပြန်ပေး လိုက်ရတဲ့ လျော်ကြေးတွေနဲ့ ခေတ်မှီသွားတဲ့သားအတွက် ဝမ်သာရမှာလား၊ ဝမ်းနည်းလိုက်ရမှာလားဆိုတာကို မရေမရာဖြစ်သွားရှာပုံပါပဲ။
ခေတ်မှီတယ်ဆိုတာကရော ဘာပါလိမ့်။

ဖုဋ္ဌသ လောကဓမ္မေဟိ


(သ "ကြီး" ကို မရိုက်တတ်သဖြင့် သ "လေး" ဖြင့်သာ စပယ်လင်လုပ်ခဲ့ ရသည်၊ စပယ်လင်ပညာရှင်တို့ ခွင့်လွှတ်ကြပါကုန်)

ကျွန်ုပ်တို့အားလုံးသည် လောကဓမ်ရှစ်ပါး နှစ်ဖက်ခွဲကန်သည့် ဘောလုံးပွဲမှာ ဘောလုံးအဖြစ်ပါဝင်ခွင့် ရထားကြသူများဖြစ်ကြပါသည်။ တော်တော်အကန် ခံကြရ၏။
လောကဓမ်ရှစ်ပါးက လူများမဟုတ်၊ သဘာဝတရားများသာဖြစ်သည်။ သို့သော် ယင်း သဘာဝတရားများသည် ကျွန်ုပ်တို့ကိုယ်တိုင် ဝန်းကျင်နှင့် ပူးပေါင်းပုံဖော်ထားသည့် ကျွန်ုပ်တို့ ကိုယ်ပွားများလည်း ဖြစ်ကြသည်။
လောကဓမ်တရားတို့က ကျွန်ုပ်တို့ကို ပယ်ပယ်နယ်နယ်ကန်နေကြသော် လည်း ကျွန်ုပ်တို့နာကျင်စေရန်(သို့)မြောက်ကားကားကြီးဖြစ်စေရန် စေ တနာဆိုး၊ စေတနာကောင်းများ ရှိဟန်တော့မတူပါ။ သူတို့ချင်း အနိုင်ရ ရှိရေးအတွက်သာ ပြင်းပြင်တစ်ခါ သာသာတဖုံ နည်းမျိုးစုံကန်နေခြင်းဟု ယုံကြည်မိပါ၏။

သဲသောင်ဘောလုံးပွဲနှင့် ဆင်ဆင်တူ ၎င်းဘောလုံးသမားမျာ၏ ကာရိုက်တာ ကို ဤ၌ အသေးစိတ်မရေးနိုင်သေးပါ။
ဘေားလုံး သွက်လေလေ ကစားသမားများက သဘောကျလေလေဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် အလွန်သွက်ပြီး နီကီတို့အက်ဒီဒက်တို့ အရှုးံပေး ရလောက်သည့် ဘောလုံးများဖြစ်ကြသည်။ ထိုအထဲတွင်ပင် ပို၍သွက်သော၊ မကန်ခင်က ရွေ့နေတတ်သောဘောလုံးများလည်း တွေ့ရတတ်ပါသည်။

ကျွန်ုပ်တို့သည် ဘောလုံးအနေနဲ့ပါဝင်ရင်း ကွင်းအပြင်ရောက်သွားသည့်အခါ ဆက်ပြီးအကန်ခံရသည့် ဘောလုံးကို ဘေးကနေ အော်ဘဇာ့ဗ်(Observe) လုပ်နေရသည့်အခါလည်း ရှိတတ်ပြန်၏။ ထိုအခါ အကန်ခံနေရရှာသည့် ဘောလုံးကို ကိုယ်ချင်းစာမိ၏။ ဘောလုံးအသစ်များက (အကန်မခံရသေးသဖြင့်) "ဒါလေးများကွာ" ဟုထင်တတ်ကြသည်။ အမှန်တကယ်အကန်ခံလိုက်ရမှ ဆောက်တည်ရာမရ၊ စတေးတပ်တင်မိ သည်အထိ ဖြစ်သွားတတ်၏။ ထို ဘောလုံးမျိုးကို လောကဓမ်ကစားသမားများက အလွန်အမင်း သဘော ကျလေသည်။ သွက်သည်ကိုး။

စိတ္တံ ယသ နကမ္ပတိ

ကန်သော်လည်း မရွေ့တော့သည့် ဘောလုံးများလည်း ရှိလေသည်။ ထိုဘောလုံးများကို လောကဓမ်ဘောလုံးကစားသမားများက မကြိုက် ကြတော့။ ထိုအခါ အကန်ခံရခြင်းမှ လွတ်သွား(သို့)နည်းသွားတော့သည်။ အကြောင်းရှိက နည်းနည်းတော့ (ဝမ်းတော်လားခြင်း၊ သူခိုးအရိုက်ခံရခြင်း စသည်)အကန်ခံရသေးသည်။ သို့သော် မရွေ့။ မရွေ့သဖြင့် ဆက်မကန် ကြတော့။
ထို့ကြောင့် ဘုရား ရဟန္တာအရှင်မြတ်တို့သည်သာ ဘောလုံးဘဝမှ လွတ်မြောက်သွားသူတို့ဖြစ်ကြလေတော့သည်။ ကျမ်းဂံနှင့်အညီ ဆိုနေခြင်းဖြစ်သည်။ ရီဇွန်နေဘယ်လည်းဖြစ် ပရက်တီကယ်လည်းကျ၏။ တနည်း ကျသည်ထင်၏။

ယင်းကို မင်္ဂလသုတ်မှာ တွေ့နိုင်၏။ "စိတ္တံ ယသ နကမ္ပတိ၊ အသောကံ၊ ဝိရဇံ၊ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ" ဟု ဘုရားရှင် ကွန်ကလူးရှင်း(Conclusion)ချတော်မူ၏။

ငွေသည် အရာခပ်သိမ်းမဟုတ်


၂၀၁၄ ကတော့ ငွေနဲ့ စိတ်ဓာတ် အားပြိုင်ပွဲလို့ဆိုရမလို။
စပိန်က အက်သလက်တီကိုက ဒီလောက်အသက်ရှူ မချောင်ပေမဲ့
အင်္ဂလန်က လီဗာပူးလ်ကတော့ ရွက်လွှင့်လေညှင်းပဲ။
ရစေချင်တယ်။ သိစေဖို့
၁။ ငွေသည် အရာခပ်သိမ်းမဟုတ်။
၂။ ငွေသည် အရာခပ်သိမ်းမဟုတ်။
၃။ ငွေသည် အရာခပ်သိမ်းမဟုတ်။
အင်္ဂလန်ချန်ပီယံ လီဗာပူးလ်
စပိန်ချန်ပီယံ အက်သလက်တီကိုမက်ဒရစ်။
မမိုက်ဘူးလား၊ နှလုံးသားနဲ့ ကန်တဲ့ဘောလုံး။

အေးစက်စက် ငြိမ်းချမ်းရေး


သဲပုံစေတီတည်ကြတယ်၊ ဘေးကတိုင်လို့ အနေကဇာတင်ခွင့် မရခဲ့ကြဘူး။
တရားစခန်းဖွင့်တယ်၊ ဘေးကတိုင်လို့ ဒေါ်လာသုံးထောင်စီ ဒါဏ်အရိုက် ခံရတယ်။(တိုင်သူကို သိကြ၊ ရိပ်မိကြတယ်)
ကိုယ့်နိုင်ငံမှ မဟုတ်ဘဲလေ။
ဒါပေမဲ့ လက်ရှိအနေအထားက ကိုယ့်နိုင်ငံ ဟုတ်၊ မဟုတ်နဲ့မဆိုင်ဘူး။
နယ်စည်းဖြတ်လာတဲ့ တင်းမာမှု၊ မုန်းတီးမှုတွေ။
စင်္ကာပူက အချုပ်အခြာအာဏာကို လုံးဝကိုင်ထားနိုင်တယ်၊(အနည်းဆုံးတော့ လက်ရှိအချိန်အထိ)
ဥပဒေအောက်ကလူတွေကြားမှာ စစ်အေး(Cold War)မဟုတ်တော့တဲ့ အေး စက်စက် ငြိမ်းချမ်းရေး(Cold Peace) ရှိနေဟန်ပါပဲ။

တရုတ်တစ်ယောက်ရဲ့ ဆူဟာတိုပေါ်အမြင်


လာဘ်စားချင် စားပါစေပေါ့၊ နိုင်ငံကို အစစတိုးတက်အောင်လုပ်ပေးနေရင် ပြီးတာပဲ။
အနောက်တိုင်းသားအမြင်က
နိုင်ငံကို တိုးတက်အောင်လုပ်ပေးရမှာက ခေါင်းဆောင်ရဲ့တာဝန်၊
လာဘ်စားမှုက ကိုယ်ကျင့်တရားပျက်မှုသာဖြစ်တယ်။ မဆိုင်။

ကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့်မရှိသောလေးနိုင်ငံ
တရုတ်သတင်းစာအရ
၁။ အီရန်
၂။ ကျူးးဘား
၃။ မြောက်ကိုရီးယား
၎။ အခြားတစ်နိုင်ငံ
ကမ္ဘာ့သတင်းစာတွေအရ
၎။ အခြားတစ်နိုင်ငံဟူသည် တရုတ်။

စာအုပ်တွေဘာသာပြန်ရာမှာ ဟိုအပိုင်းဖြတ်၊ ဒီအပိုင်းဖြတ်မလုပ်ရတာအတွက်
(ကျန်တာတွေတော့ ကိုယ်လည်းသိပ်မသိ)
ဦးသိန်းစိန်ကို ကျေးဇူးတင်မိတယ်။

လွယ်လွယ်လေးပြောရင်ရတယ


အင်္ဂလိပ်စာကို အပတ်တကုတ်လေ့လာနေချိန် မန္တလေးတောင်ခြေမှာ တွေ့ သမျှ အဖြူ ရောင်လူတိုင်းကို အင်္ဂလိပ်စာသင်တန်းတစ်ခုလို့ ထင်မှတ်ထားခဲ့ မိတယ်။
ထိုစဉ် အတုမရှိကျောင်းတော်ကြီးက ပြုပြင်တည်ဆောက်ဆဲကာလထဲမှာ။
"Reconstructing" လို့ပြောမိသည်ကို အင်္ဂလိပ်တစ်ယောက်က "Renovating" လို့ပြောရင် ရတယ်လို့ ပြင်ပေးသွားတယ်။
အမေရိကန်တစ်ယောက်နဲ့တွေ့လို့"Renovating" ပြောလိုက်မိတဲ့အခါ ယင်း အမေရိကန်က"Remaking" လို့ လွယ်လွယ်လေးပြောရင်ရတယ်။
ဒါဆို လွယ်လည်းလွယ်၊ လူတိုင်းလည်း နားလည်တယ်၊ လူဖြူ တိုင်း အင်္ဂလိပ် မကောင်းဘူး။ အလွယ်ဆုံးစကားကိုသုံးတာ အကောင်းဆုံးလို့ ပညာပေးသွား ခဲ့တယ်။
အမေရိကန်က အင်္ဂလိပ်ထက်လွယ်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါသာဖြစ်တယ်၊ ဒီစကားက အင်္ဂလိပ်စကား

နှစ်ကူးဆုတောင်း


လူအမျိုးမျိုး
နတ်အမျိုးမျိုး
အလိုအမျိုးမျိုး
စကားအမျိုးမျိုး
ဓမ္မကထိကအမျိုးမျိုး
ဘုရားရိုခိုးအမျိုးမျိုး။

လူသစ်
စိတ်သစ်
အစိုးရသစ်
အနာဂတ်အသစ်
ဘုရားရှိခိုးအဟောင်း
ငါးပါးသီလအဟောင်း
မဂ္ဂင် ရှစ်ပါး အဟောင်း
ဝိစကီမကြိုက်တဲ့ပင်လယ်
ငါးပါးသီလ လုံတဲ့ ရေ၊မြေ၊လေ၊မီး
ဓာတ်ကြီးလေးပါး ဗြဟ္မစိုရ်လေးပါး ပွားစေ။

စီးပွားရေး ပိုလီယို မာရသွန်ပြိုင်စေ
(နှစ်ယူသိ၍)
တစ်ယူသန်တို့မိုးတိမ်ကင်းစင်စေ
အမြဲစိမ်းသစ်တောတို့ ကျန်းမာစေ
အမြဲစိမ်းလူတို့ နေရာမှန်ပြန်ရောက်စေ
အမြဲဝါလယ်ခင်းတို့ ကမ္ဘာ့ (နာမ်) ရိက္ခာဖြစ်စေ။

အင်ကျင်းပန်းတို့ ခါချဉ်ကင်းစေ
အနာဂတ်အသစ်
မျှော်လင့်ချက်သစ်
အစိုးရအသစ်
ချစ်သူအဟောင်း
ဇနီးမောင်နှံအဟောင်း
သား၊ သမီးအဟောင်း
ဟောင်းတိုင်း မဟောင်း
သစ်တိုင်းလည်း မသစ်
ဘယ်လောက်သစ်သစ် ဒီမျက်နှာက အဟောင်း
ဘယ်လောက်ဟောင်းဟောင်း ဒီအိပ်မက်က အသစ်။

မုန့်လုံးတို့ ရေပေါ်
လူပေါ်တို့ဘီယာဆိုင်အချိန်ဖြုန်း
ကင်းစေ၊ဝေးစေ။

ကလေးတို့ သင်တဲ့ပညာ ဂလိုဘယ်ဆန်စေ
လူကြီးတို့ရှာတဲ့ငွေ ဂလိုဘယ်ဆန်စေ
ချို့တဲ့သော ပညာရှင်များ ဗိုက်ဝစေ
ဗိုက်ရွှဲသူတို့ ပညာမချို့ပါစေနဲ့။

ဆံပင်က နီကြောင်ငြား
စိတ်မကြောင်စေ
စကတ်အလယ်က ကွဲသော်ငြား
ကိုယ်ကျင့်များလုံကြစေ။
ဂျင်းဘောင်းဘီယဉ်ကျေးမှု
ယာတောထဲ ဟစ် ဟော့ဖြစ်စေ။

ခေတ်ရေစီး ဆည်တည်ဆောက်မရ
ကမ္ဘာခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
နိုင်ငံ ခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
(ပိတ်ထားတဲ့)
ထောင်တံခါးများပွင့်စေ
(ပိတ်ထားတဲ့)
စီးပွားရေးတံခါးများပွင့်စေ
မျက်နှာကြောထက် လက်ကြောများတင်းစေ။

အမှားကို အချင်းချင်း တီးတိုးပြောစေ
ဖေ့စ်ဘုတ်မှာ စတေးတပ် မတင်ပါစေနဲ့။
ကျေးလက်သားတို့ မြို့တက်စေ
မြို့ကြီးသားတို့ ဂလိုဘယ် ဝင်ဆန့်စေ(မအူပါစေနဲ့ ဘုရား)။
နားဝင်ပီယံဖြစ်မှ "လိုက်ခ်" သူတွေ လျော့ပါးစေ
စပ်ဖျဉ်းဖျဉ်းဝေဖန်မှုကို ကြိုဆိုသူ များစေ။
အရှိကို အရှိတိုင်းမြင်ရဲသူတွေများစေ
ဂန္ထဝင်ထဲက သာကီဝင်မောက်မာမှုတွေ လျော့စေ။

တစ်နှစ်မှာ ၁၂ လ
ပဋိစ္စသမုပ္ပါဒ်မှာလည်း ၁၂ ကန့်
အဝိဇ္ဇာ လှည့်တဲ့စက်ရပ်စေ
ပညာလှည့်တဲ့စက်လည်စေ။

(ကမ်းလက်)

The Chinese


More threatening for Russia is Chinese immigration into Siberia, with illegal Chinese migrants there purportedly numbering in 1995 3 million to 5 million, compared to a Russian population in Eastern Siberia of about 7 million. "The Chinese " Russian Defend Minister Pavel Grachev warned, "are in the process of making a peaceful conquest of Russian Far East." Russia's top immigration official echoed him, saying"We must resist Chinese expansionism."

The Clash of Civilizations. P 243.

နှစ်သစ်ကူး တရားဝင်ရုံးပိတ်ရက် တစ်ရက်


တချို့တမီးလ်တွေ၊ ထိုင်းတွေ၊ မြန်မာတွေ၊ သီဟိုဠ်တွေ(သိပ်မများ) ပေါင်းပြီး(နှစ်သစ်ကူးချိန် တူကြလို့)
တညီတညွတ်တည်း တောင်းဆိုကြရင် စင်္ကာပူမှာ နှစ်သစ်ကူး တရားဝင်ရုံးပိတ်ရက် တစ်ရက် ရနိုင်မယ်ထင်တယ်။
ဒါပေမဲ့ ဒါက အစိုးရအဆင့်။
သံအမတ်တွေပေါင်းပြီးကြိုးစားရင် အခြေအနေမဆိုးလောက်ဘူး။
စုပေါင်းလူဦးရေ အထိုက်အလျောက်များတယ်ဆိုရင် အနည်းဆုံး စဉ်းစားစရာတော့ဖြစ်မယ်။

လူတိုင်းကြိုးစားခွင့်ရှိတာပဲ


အနီတပ်ဦးတွေ တစ်တပ်ချင်းပြုတ်ကျနေပြီး
အပြာလှိုင်းတွေ တစ်ရိပ်ရိပ်တက်လာပြီထင်ခိုက်
လီဗာပူးလ်ရဲ့ ပထမပိုင်းအသုံးတော်ခံသွားမှုက ရင်သပ်ရှုမောပါပဲ။
လီဗာပူးလ် မန်စီးတီး (၂-၀)
ရင်ခုံသံမအေးသေးတဲ့ ဟန်တင်တန်စကားနဲ့ပြောရရင်
မန်စီးတီးက အစ္စလာမ်မစ် စီဗီလိုက်ဇေးရှင်း
ချယ်လ်ဆီးက အော်သိုဒေါက်စ်
အနီအုပ်စုက အနောက် စီဗီလိုက်ဇေးရှင်း
ဆက်အားပေးနေမယ့် ပူးလ်ရေ။
(Sunday, Apr 13 @ 9:37pm)

အိပ်ပျော်နေလို့ ယဉ်ကျေးမှုလှိုင်း မစီးလိုက်ရဘူး။(ကိုယ်ကပဲ မသိလိုက်သလိုလို၊ ဟဲဟဲ)
သူတစ်ထူးစကားအရ တတိယလှိုင်း မစီးလိုက်ရဘူး။(ကိုယ်ကပဲ မသိလိုက်သလိုလို၊ ဟဲဟဲ)
လီဗာပူးလ်ကတော့ ခပ်ရမ်းရမ်း သရုပ်ဖော်ပြသွားလေရဲ့။
မေနဲ့ ဇွန်မှာ ချန်ပီယံအသစ်ပါ်ဦးမယ်။ ထင်တာပဲ။

စွမ်းသူ ချန်ပီယံဖြစ်စေ။ 
ဣသာမစ္ဆရိယ မပွားကြေး၊ 
အိပ်ချင်မူးတူး ဖြစ်ကတတ်ဆန်း မပြောကြေး။
ကျန်တဲ့လေးပွဲမှာ လူတိုင်းကြိုးစားခွင့်ရှိတာပဲ။ လုပ်ကြပါ။
ကိုယ့်ကမ်းကိုဖောက်သူလို့ ယုံကြည်ရင်
ဂိုးတိုင်း အရသာရှိပါတယ် ငတူးရယ်။ လက်နဲ့သာ မပုတ်နဲ့။


image source
 

သိပ္ပံနဲ့ အဘိဓမ္မာ(မြင်သိစိတ် ဝီထိ)


မြင်သိ၊ ကြားသိစိတ်တွေနဲ့ပတ်သက်တဲ့ ဝီထိစိတ်အစဉ် (တစ်ဝက်ကို) သိပ္ပံပညာက တွေ့ပြီ။

"သင်အခု မြင်နေရတဲ့အရာဟာ လွန်ခဲ့တဲ့ ၁၅ စက္ကန့်က မြင်ခဲ့တဲ့အရာ"

ဆိုတဲ့ ဝါရှင်တန်ပို့စ်သိပ္ပံပညာဆောင်းပါးဟာ ဗုဒ္ဓဘာသာ အဘိဓမ္မာအတွက် သတင်းကောင်းပါပဲ။ စက္ခု ဝိဉာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော အထိကြည့်ရင် မြင်မှုကိစ္စပြီးဆုံးဖို့ ခဏကြီး ငါးချက်ကြာပါတယ်
(ရှေ့ပိုင်းတွေ မတွေ့သေး၊ တဒါရုံကိုလည်း တွေ့ဟန် မတူသေး။ သို့မဟုတ် သမ္ပဋိစ္ဆိုင်းက စပြီးရေတွက်ရင် တဒါရုံအထိယူနိုင် )။
ခဏကြီး တစ်ချက်မှာ ခဏငယ် သုံးချက်ဆီရှိနေတော့ စိတ်-ခဏငယ် ၁၅ ချက်ဖြစ်သွားတယ်။
ဒါကိုသိပ္ပံက ၁၀ စက္ကန့်နဲ့ ၁၅ စက္ကန့်လို့ သတ်မှတ်ပြတယ်။ အဘိဓမ္မာက မြင်ပြီး(စက္ခု ဝိဉာဏ်နောက်) စိတ်-ခဏငယ် ၁၅ ချက်ကြာမှ တဒါရုံကျတယ်လို့ဆိုတယ်။
တော်တော်သေသပ်တဲ့ သုတေသနပါ။ ချီးကျူးဖွယ်။

 
www.stasiareport.com

PDF version 

နွေရောက်မလာတဲ့ နွေဦး(၂)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်(အခန်း ၇)
အရှေ့အလယ်ပိုင်း

အမျိုးသားနဲ့ အမျိုးသမီး တက္ကသိုလ်တက်ရောက်တဲ့နှုန်း တူညီတယ်ဆိုတဲ့  နိုင် ငံတစ်ချို့ မှာတောင် စိတ်တိုင်းကျ ပညာသင်ကြားခွင့်မရအောင် နည်းပေါင်းစုံ နဲ့ ကန့် သတ်ထားတာတွေရှိနေပါတယ်။ အရေးကြီးတဲ့ ပညာရပ်တွေဖြစ် တဲ့ သိပ္ပံပညာ၊ စက်မှုလက်မှုပညာ၊ ဥပဒေရပ်ဆိုင်ရာပညာတွေကို လေ့လာ ခွင့်မရကြပါဘူး။ ယဉ်ကျေးမှုအရ အမျိုးသမီးတွေရဲ့ အလုပ်လို့ ယူဆတဲ့ “ပညာသင်ကြားရေး” နဲ့ဆိုင်တဲ့ ပညာတွေလောက်ပဲ သင်ကြားခွင့်  ရနေကြ ပါတယ်။ ပညာသင်ကြားခွင့် တန်းတူအခွင့်အရေးရပြီဆိုတဲ့ နောက်မှာတောင် ပါဝင်လာမဲ့လုပ်အားက အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံတွေေ နာက် ရောက်ရှိနေအုံးမှာပါ။ အလုပ်ထဲမှာ ခွဲခြားဆက်ဆံခြင်း ခံရတာ၊ လစာ တန်းတူမရတာ၊ ထိကပါးရိကပါး အလုပ်ခံရတာ စတာတွေကို အမျိုးသမီးတွေ အနေနဲ့ မနည်းသည်းခံနေကြရပါတယ်။ နောက်ပြီးအမျိုးသမီးတစ်ယောက် တည်း အဖော်မပါဘဲ လူထုကြား သွားလာခွင့်မရှိတာ၊ အိမ်ထောင်ရှင် အမျို သမီးတစ်ယောက်က အိမ်မှုကိစ္စတွေကို လုပ်ရမယ့်အစား အပြင်ထွက်ပြီး အလုပ်လုပ်တာကို လူများစုက လက်မခံနိုင်တာ စတဲ့နေ့ စဉ်ကြုံတွေ့ ရမယ့် အခက်အခဲတွေဟာ အများနဲ့ တန်းတူစီးပွါးရေးကဏ္ဍတွေ အားကောင်းလာဖို့  ဟန့် တားထားတဲ့ ပြသနာတွေပါ။

အမှန်တကယ် စီးပွါးရေးကောင်းမွန်လာအောင် ဆောင်ရွက် မပေးနိုင်တဲ့ ဒီမို ကရေစီအစိုးရ သက်တန်းရှည်ဖို့ ကလည်း မဖြစ်နိုင်ပါဘူး။ သူ့ မှာ ဘာခံစား ခွင့်မှ မရရှိဘူးဆိုရင် လမ်းပေါ်ကလူတစ်ယောက်အတွက် ဒီမိုကရေစီ ဆိုတာ ကရော ဘာအဓိပ္ပါယ် ရှိတော့မှာလဲ။
ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံရတဲ့ အစိုးရဆိုပေမယ့် ရွေးကောက်ပွဲ သက် တန်းတစ်ခုနှစ်ခု အတွင်းမှာ ဒီစနစ်ကို ဆက်လက်မကျင့်သုံးနိုင်တော့ဘဲ အရင်လို အာဏာရှင်စနစ်ဆီ ပုံစံတစ်မျိုးမျိုးနဲ့  ပြန်ရောက်သွားတော့တာပါပဲ။ အီဂျစ်မှာဆိုရင် မွတ်ဆလင်ညီရင်းအစ်ကို အဖွဲ က ပထမဆုံး အာဏာရရှိ လာခဲ့တယ်။ အာဏာရရှိလာပြီးနောက် သူတို့ အရေးတကြီးလုပ်ရမယ့် လုပ် ငန်းတွေကို သဘောပေါက်ကြပုံရပါတယ်။ ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတွေဆက်လုပ်ရမယ်ဆိုတာ လေ့လာဖို့ သူတို့ ကိုယ်စားလှယ်အဖွဲ့ တွေကို အခြားနိုင်ငံတွေကို စေလွှတ်ခဲ့တယ်။ ဒီကိစ္စကို သူတို့ဘယ်လောက် အလေး ထားတယ်ဆိုတာ ဒီအချက်နဲ့ ပြနေတာပါပဲ။ ဒါပေမယ့် သူတို့ အောင်မြင်နိုင် ပါ့မလား။
သူတို့ ပြောင်းလဲယူရမှာတွေက ဘာသာရေးသိပ်ဆန်လွန်းပြီး ရရှိတဲ့ အချိန်က မလုံမလောက်ဖြစ်နေပါတယ်။ နိုင်ငံရေးမူဝါဒတွေ အားလုံး ပြောင်းလဲပစ် ဖို့ ဆိုပြန်တော့ စစ်အစိုးရလက်ကျန် စစ်အရာရှိကြီးတွေကရှိနေပြန်တော့ အဟန့် အတားတွေအများကြီး ရှိနေအုံးမှာပါပဲ။ ဥပမာ.. အစိုးရ၀န်ထမ်း၊ ပြည့် သူ့ ဝန်ထမ်းတွေထဲမှာ အရင်သမ္မတ ဟောစ်နီမူဘာရတ် ( Hosni Mubarak ) ရဲ့လူတွေ အများကြီးရှိနေမှာပါ။ သူတို့ အားလုံးကိုဖြုတ်ချပြီး အစိုးရ အသစ် နဲ့ ရုတ်တရက်ကြီးလည်ပတ်နိုင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

ကမ္ဘာကြီးက ပိုပိုပြီး ဂလိုဘယ်ဆန်လာတော့ သူတို့ လည်း အချိန်နဲ့ လိုက်ေ လျာညီထွေ ကျင့်သုံးရမယ်ဆိုတာ အရှေ့ အလယ်ပိုင်း အစိုးရတွေလည်း သဘောပေါက်ကြပါတယ်။ ဒါပေမယ့် တစ်ဆင့်ချင်းပဲ လုပ်ကြလိမ့်မယ်။ တင်းကြပ်တဲ့ အစ္စလာမ်ဘာသာရေးပုံစံနဲ့ ဆိုတော့ ဆော်ဒီအာရေဗျမှာဆိုရင် အမျိုးသမီးတွေဟာ လူထုထဲသွားတိုင်း တစ်ကိုယ်လုံးအ၀တ်တွေနဲ့ လွှမ်း ထားရတယ်။ ကားမောင်းခွင့် မရှိဘူး။ သူတို့ သွားလာခွင့်မရှိတဲ့ နေရာတွေ လည်းအများကြီးပါပဲ။ ဒါပေမဲ့ ရှေးရိုးစွဲ လူ့ အဖွဲ့ အစည်းမှာတောင် ပြောင်းလဲမှု တစ်ချို့ တော့ရှိလာနေပါပြီ။ ဥပမာအားဖြင့် ဘုရင် အဗ္ဗဒူလာ ရဲ့ သိပ္ပံနဲ့  နည်း ပညာတက္ကသိုလ် ( The King Abdulla University of Science and Technology ) ( KAUST) ကို၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့ ပါ တယ်။ ရှေး ရိုးစွဲနိုင်ငံထဲမှာ လွတ်လပ်မှုရှိတဲ့ နေရာလေးတစ်ခုပေါ့။ အဲဒီတက္ကသိုလ်က စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore –NUS) ရဲ့ ဗွိုက်ချန်ဆယ်လာ ( Vice-Chancellor) ဖြစ်ခဲ့ ဖူးတဲ့ ပါမောက္ခ ရှိချွန်းဖောင် ( Shih Choon Fong) ကို ဥက္ကဌ အဖြစ်ခန့် အပ်ပါတယ်။ အဲဒီတက္ကသိုလ်ဝင်ထဲမှာဆိုရင် အမျိုးသားနဲ့  အမျိုးသမီး သာတူညီမျှ ဆက်ဆံ ခံကြရပါတယ်။ လူတွေဟာ အဲဒီအထဲမှာတော့ တကယ့် အနောက်နိုင်ငံ လူ့ အဖွဲ့ အစည်းတွေထဲက လူတွေလိုပါပဲ။

ဒါဟာ တိုးတက်လာမှုတစ်ခုဖြစ်ပါတယ်။ ဒါဖြေပမယ့် တက္ကသိုလ်က ဘွဲ့ ရ လာမယ့် ပညာတတ်တွေလောက်နဲ့ တစ်နိုင်ငံလုံးကိုပြောင်းလဲပေးနိုင်မယ်လို့  ကျွန်တော်တော့မထင်မိပါဘူး။ ရှေးရိုးစွဲ ပဒေသရာဇ်စနစ်ကြီးတစ်ခုလုံးကို လူငယ်လူရွယ် ဘွဲ့ ရပညာတတ် အနည်းငယ်လောက်က ပြောင်းလဲမပစ်နိုင် ပါဘူး။ နောက်ပြီး သူတို့ဆက်ဆံနေရတာက မူဆလင်ဘာသာရေးခေါင်းေ ဆာင် ၀ါဟာဘီတွေ။ သူတို့ က အာရပ်ကမ္ဘာမှာ အာဏာအရှိဆုံး၊ ကွန်ဆာေ ဗးတစ်အဖြစ်ဆုံး ဘာသာရေးခေါင်းဆောင်တွေပါ။ သူတို့ ရရှိနေတဲ့ အာဏာ ကလည်း တော်ဝင်မိသားစုနဲ့ အပြန်အလှန် အသိအမှတ်ပြုထားတဲ့ အာဏာ ပါ။ တော်ဝင်မိသားစုက နိုင်ငံရဲ့ သယံဇာတတွေကို စိတ်ကြိုက်စီရင်ပိုင်ခွင့်  ရှိပြီး ဘာသာရေးခေါင်းဆောင်တွေကလည်း ဘာသာရေးကိစ္စမှာ စိတ်ကြိုက် လုပ်ကိုင်ခွင့်ရထားကြတယ်။
အဗ္ဗဒူလာဘုရင်နဲ့တွေ့လို့ စကားပြောကြည့်တော့ သူတို့ နိုင်ငံ ဒီပုံစံနဲ့ အကြာ ကြီး ခရီးဆက်မနေနိုင်ဘူးဆိုတာ သူတို့လည်းယုံကြည်ကြောင်း ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ရှောင်လွှဲလို့ မရဘူး။ ပြောင်းလဲ မှုကို တစ်ဆင့်ချင်းသူတို့ လုပ်ယူကြလိမ့်မယ်။ ဒါပေမယ့် ဘယ်လောက် အမြန်နှုန်းနဲ့ ပြောင်းလဲကြမှာလဲဆိုတာတော့ ကျွန်တော်လည်း မခန့်မှန်း တတ်ပါဘူး။ ဖြစ်နိုင်တာကတော့ KAUST တက္ကသိုလ်ရဲ့ လူမှုရေးပုံစံတွေ အစပိုင်းမှာ နီးစပ်ရာပတ်ဝန်းကျင်ကိုပြန့် ၊ တဖြည်းဖြည်းနဲ့  တစ်နိုင်ငံလုံးပြန့်  နှံ့ တဲ့ အထိ စောင့်ရမယ့်ပုံပါပဲ။
ဒါပေမဲ့ လတ်တလောမြင်တွေ့နေရတဲ့  အရှေ့အလယ်ပိုင်းရဲ့ အနာဂတ် ကတော့ အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံး ဆိုတဲ့အချက်ပါပဲ။ မဲနဲ့ ရွေးကောက်တင်မြှောက်တဲ့  အစိုးရစနစ်ကို ကျင့်သုံးနိုင်ပြီးဆိုရင်ေ တာင် ပြသနာက ရှိနေဆဲပါ။ ပြသနာက စီးပွားရေးတိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။ သန်း ၃၅၀ လူထုအတွက် အလုပ်အကိုင်ကောင်းတွေ ဘယ်လိုဖန်တီးပေးကြမလဲ။ ဒီကိစ္စက မစဉ်းစားလို့ ကိုမရပါဘူး။ အရှေ့  အ လယ်ပိုင်းဆိုတာ သယံဇာတအားဖြင့် ဘယ်ဒေသကမှ ယှဉ်လို့ မရအောင် ချမ်းသာတဲ့ ဒေသပါ။ ဒါပေမယ့် အဲဒီဒေသအတွင်းမှာပဲ ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲနေတဲ့ သူတွေ အများကြီးပါပဲ။

အဲဒီဒေသအတွင်းက နိုင်ငံတွေအတွက် စိန်ခေါ်မှုက သူတို့ သယံဇာတတွေ ကုန်ခမ်းသွားတဲ့ အခါ ကမ္ဘာနဲ့ လိုက်လျောညီထွေ ဘယ်လိုနေထိုင်သွားကြ မလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရေနံက ရတဲ့ စီးပွားရေးကနေ ရေရှည် ရပ် တည်နိုင်မယ့် စီးပွားရေးပုံစံကို သူတို့ ပြောင်းလဲယူကြရလိမ့်မယ်။ လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ ဒီပြောင်းလဲမှု ကို လုပ်ယူကြမှ အချိန်မှီလိမ့်မယ်။ စီးပွားရေးအားပြိုင်မှုထဲကို အမြန်ဆုံးဝင်ရောက်ပြီး ဘဏ်၊ လေကြောင်း၊ နိုင် ငံခြား ခရီးသွားလာရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး စတာတွေလုပ်ကြ ရမယ်။ နောက်ပြီးသူတို့ လုပ်နိုင်တာက သူတို့ ရဲ့ အတော်ဆုံး လူငယ်တွေ ကို ရွေးချယ်ပြီး အမေရိကန် ၊ ဥရောပစတဲ့  စက်မှု ထွန်းကားတဲ့ နိုင်ငံတွေဆီ လွှတ်ပေးပြီး လေ့လာခိုင်းတာ၊ နောက်ပိုင်းမှာ သူတို့ ကိုပြန်ခေါ်ပြီး နိုင်ငံပိုင် စီးပွားရေးတွေကို လည်ပတ်ခိုင်းတာမျိုးတွေပါပဲ။
ကံမကောင်း အကြောင်းမလှစွာပါပဲ။ ရေနံက ရတဲ့ ငွေတွေနဲ့ ချမ်းသာနေ ကြလေတော့ လူထုကြီးကလည်း ကမ္ဘာကပဲ သူတို့ စားဝတ်နေရေးအတွက် တာဝန်ယူထားရမလို ထင်မှတ်နေတဲ့ စိတ်ဓါတ်ရှိနေကြတယ်။ ဒီလူထုကို အလုပ်လုပ်ချင်စိတ်တွေ ပေါက်လာအောင် စည်းရုံးပေးရမယ့်တာဝန် သူတို့  အစိုးရတွေမှာ ရှိနေပါတယ်။ ရေနံကရတဲ့  ကြွယ်ဝချမ်းသာမှုဟာ ထာဝရခံမှာ မဟုတ်ဘူးဆိုတာ လူထုလက်ခံလာအောင် ပညာပေးရမယ်။ ဒါဟာ အခက်ခဲ ဆုံး တာဝန်တစ်ရပ်လို့ ကျွန်တော်ထင်ပါတယ်။


လွန်ခဲ့တဲ့နှစ်တွေအတွင်း အရှေ့ အလယ်ပိုင်းနိုင်ငံတွေက သူတို့ ကျောင်း သားတွေကို ပညာသင်ကြားဖို့ စင်ကာပူကိုလွှတ်ကြတယ်။ ဒုတိယ မျိုးဆက် က ပေါက်ဖွားလာတဲ့  လူငယ်တွေကိုပြောင်းလဲပေးရင် ရနိုင်ကောင်းရဲ့လို့  လည်းသူတို့ ယူဆထားကြတယ်။ ဒါပေမဲ့ ထင်တဲ့ အတိုင်း ဖြစ်မလာခဲ့ပါဘူး။ သူတို့ တတွေက ဒီကိုရောက်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု၊ လုပ်အား တန်းဖိုး ချစ်မြတ်နိုးစိတ်တွေကို မလေ့လာမိခဲ့ကြပါဘူး။ သူတို့ အတွက် စင်ကာပူဟာ ထူးဆန်းတဲ့ နိုင်ငံတစ်နိုင်ပဲဖြစ်နေတယ်။ သူတို့ စဉ်းစားတာက “ဟုတ်ပြီ၊ ဒီမှာနေတုန်း ပျော်ပျော်နေမယ်။ ပြီးရင်ပြန်မယ်” ဆိုတာပါ။ ခြေထောက်နှစ်ချောင်းအောက်မှာ ရေနံကရလာမယ့် အလျံပယ် ကြွယ်ဝချမ်းသာမှုတွေရှိနေတဲ့နောက် လက်နှစ်ဖက်နဲ့  ဘာကြောင့် အပင်ပန်း ခံ အလုပ်လုပ်နေတော့မလဲ။
အရှေ့ အလယ်ပိုင်းဟာ အလည်အပတ်သွားဖို့ တော်တော်ကောင်းတယ်၊ လှလည်း တော်တော်လှပတဲ့ဒေသပါ။ ယဉ်ကျေးမှုအရ ကြွယ်ဝချမ်းသာသလို ရှည်လျားတဲ့ သမိုင်းလည်း ရှိပါတယ်။ ဥရောပတောင်ပိုင်း နဲ့ ဆက်စပ်နေ တဲ့ မော်ရိုကိုတို့ တူနီးရှားတို့ ဆိုရင် ပိုပြီးခေတ်မှီသလို အရှေ့ပိုင်းယွန်း တဲ့ နိုင်ငံတွေနဲ့ စာရင် ပိုပြီးတော့လည်း ပွင့်လင်းလွပ်လပ်ပါတယ်။
သူ ဖြုတ်ချတာ မခံရခင် ရှား မိုဟာမက် ရေဇာ ပါလ၀ီ(Shah Mohammad Reza Pahlavi)ရဲ့ဖိတ်ကြားချက်နဲ့  အီရန်နိုင်ငံကို ကျွန်တော် အလည်ေ ရာက်ခဲ့ပြီး ရှားနန်းတော်ထဲမှာ တည်းခိုခဲ့ပါတယ်။ နန်းတော်ထဲ ခင်းထား တဲ့ ကော်ဇောတွေကို အခုထိ ကျနော် အမှတ်ရနေဆဲပါ။ ကော်ဇောေ တွက ကောင်းလွန်းလို့  ကျွန်တော့်ကော်ဇောတွေသာဆိုရင် ကြမ်းပြင်ပေါ် ချမခင်းပဲ အပေါ်မှာ လွှားထားမယ်လို့ တောင် စိတ်ကူးမိပါသေးတယ်။ သူတို့ နန်းတော်ထဲမှာတော့ ဒီကော်ဇောတွေပေါ်နင်းပြီး သွားနေကြတာ။ သူတို့  မှာ ကော်ဇောယက်လုပ်တဲ့သူတွေ အများကြီးရှိတယ်။ ရှားကိုယ်တိုင် စင်ကာ ပူကို အလည်လာတဲ့ အခါမှာတော့ သူက (စင်ကာပူ) သမ္မတကို ကော်ဇော ကြီးတစ်ထည် ၊ ကျွန်တော့်ကို အသေးလေးတစ်ထည် လက်ဆောင်ပေး ခဲ့ပါတယ်။ ပိုးခြည်နဲ့ လုပ်ထားတဲ့ အဆင်တူကော်ဇောနှစ်ထည်ပါ။ ကျွန်တော် ကို ပေးခဲ့တဲ့ ကော်ဇောကတော့ အခု ကျွန်တော့သားအိမ်က ကြမ်းပြင်ပေါ် ခင်းထားပါတယ်။ ဒါပေမယ့် ကြမ်းပြင်က သန့် ရှင်းသလို ဖိနပ်ကို ချွတ်ပြီးမှေ က်ာဇောပေါ် သူတို့ တက်ကြတယ်။

အရှေ့ အလယ်ပိုင်း နိုင်ငံတွေထဲမှာ ကျွန်တော်အနေနဲ့ ထဲထဲဝင်ဝင် အသိ ဆုံးကတော့ အီဂျစ် ဖြစ်ပါတယ်။ အီဂျစ်သမ္မတ ဂမ်မယ် အဗ္ဗဒယ် နက်ဆာ ဟူစိန် ( Gamal Abdel Nasser Hussein) ဖိတ်ကြားလို့ သွားရောက်ရင်း ဖာရော့(က်)ဘုရင် ( King Farouk ) ရဲ့ နန်းတော်ထဲမှာ ကျွန်တော်တည်း ခိုခဲ့ပါတယ်။ နက်ဆာဟာ ရိုးရိုးလေးနဲ့ ခေတ်မှီသူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ လူမျိုး လွတ်လပ်ရေး အတွက်တော့ သူစွမ်းဆောင် မပေးနိုင်ခဲ့ပါဘူး။ ရုရှားတွေရဲ့ အကူအညီနဲ့ အစွမ်း ( Aswan ) ရေတာတမံ သူဆောက်ခဲ့ တယ်။ အဲဒီရေတာတမံက ရေစီးအားကို ထိန်းချုပ်ပေးနိုင်သလို ရေအား လျှပ်စစ်ပါ ထုတ်ယူနိုင်လို့ တော်တော်ကောင်းပါတယ်။ အကြီးအကျယ်ေ အာင်မြင်မှု တစ်ခုလို့ ပြောရင် ရပါတယ်။ သူ့ ကိုယ်ပိုင်လေယာဉ်နဲ့  ရေတာတမံ တစ်လျှောက်မောင်းပြီး ကျွန်တော့်ကို လိုက်ပြကြတယ်။ အဲဒီမှာရက်အနည်းငယ် ကျွန်တော်နေခဲ့ ပါတယ် ။ ခြောက်သွေ့ ပြီးတိတ်ဆိတ်နေတဲ့ နေရာတစ်ခုပါ။ ဂိုဘီကန္တာရနဲ့ (Gobi desert) ဂရင်းရေတမံ(Grand Canyon)ကို ရောက်ရင် ရရှိနိုင်တဲ့ ခံစားမှုမျိုး အဲဒီမှာရရှိနိုင်ပါတယ်။ ထူးခြားတာက ဂိုဘီကန္တာရ ထဲက ထွက်လိုက်ရင် ကိုယ့်အလုပ်နဲ့ ကိုယ် သက်ဝင်လှုပ်ရှားနေတဲ့  လူတွေကိုတွေ့ ရမယ်၊ ဂရင်းရေတာတမံကထွက်လိုက်ရင် ခင်းကျင်းပြနေတဲ့ အမေရိကန်တွေရဲ့  အိပ်မက်ကို တွေ့ ရမယ်ဆိုတာလောက်ပဲ။

ဆက်ရန်

Inequalities of mankind


ကံ ကံ၏အကျိုး(ဗုဒ္ဓဘာသာ) နဲ့ လူ၊ လူ့ဝန်းကျင်(လူမှု သိပ္ပံ)
သတ္တဝါတို့ အသက်အတို အရှည် ပြသနာ။(စူဠကမ္မဝိဘင်္ဂသုတ်)
သိပ္ပံက ဗီဇနဲ့ ဝန်းကျင်။ ဗုဒ္ဓဘာသာက ပါဏာတိပါတ အကျိုးဆက်။
အသက်ရှည်ဖို့
၁။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်(ဝန်းကျင်)
၂။ ကျန်းမာရေးအသိ ရှိမှု(ဗီဇနဲ့ ဝန်းကျင်)
၃။ သိသလို စနစ်တကျ စောင့်ရှောက်မှု(ဗီဇ)

ချမ်းသာပြီး ခေတ်မှီ၊ ပညာတတ်တဲ့ လူအဖွဲ့အစည်းမှာ အထက်ပါအချက်သုံးချက် ပို့ပြည့်စုံသလို အသက်တွေလည်း ပိုရှည်လာကြ။
ဒါဆို
၁။ ချမ်းသာပြီး ခေတ်မှီ၊ ပညာတတ်တဲ့ လူအဖွဲ့အစည်းက လူတိုင်း အသက် ရှည်သလား။
၂။ ဆင်းရဲပြီး ကျန်းမာရေးအသိမရှိတဲ့ လူအဖွဲ့အစည်းက လူတိုင်း အသက်တို သလား။
၃။ ချမ်းသာပြီး ခေတ်မှီ၊ ပညာတတ်တဲ့ လူအဖွဲ့အစည်းထဲရှိ လူက အသက် တိုပြီး ဆင်းရဲပြီး ကျန်းမာရေးအသိမရှိတဲ့ လူအဖွဲ့အစည်းထဲရှိ လူက အသက် ပိုရှည်တာ မရှိနိုင်ဘူးလား။

ဒီအဖြေတွေကို "ဝန်းကျင်" မပေးနိုင်။
ဗုဒ္ဓဘာသာက "ကံ" လို့ဆိုသည်၊ အခြားဘာသာတွေက "ဖန်ဆင်းရှင်အလိုတော်ကျ"လို့ဆိုသည်။
သိပ္ပံလွန်သဘောတရားတို့အတွက် (ဘာသာရေးများက) ကံနှင့် ဖန်ဆင်းရှင် ခွဲခြားသုံးသပ်ခြင်းသာထူးသည်။
ကံဝါဒ က အတ္တကို ဗဟိုပြီး ဖန်ဆင်းရှင်ဝါဒက ပရကို ဗဟိုပြုသည်။
(ရောဂါ ထူ၊ မထူ။ ရုပ်ချော၊ မချော။ ဆင်းရဲ၊ ချမ်းသာ စသည်ကို ဤနည်း အတိုင်း သုံးသပ်ကြည့်နိုင်ပါသည်။
(အင်္ဂါနေ့က "Inequalities of mankind"လက်ချာနုတ်ကို ဘာသာပြန် လိုက်ခြင်းဖြစ်သည်။)

လေးဆယ်ကျော် အနှစ်(သို့) လေးဆယ်ကျော် အပြစ်


အသက် ၂၀ ကျော်မှာ သူများစေခိုင်းသည့်အလုပ်များဖြင့်
အလုပ်ရှုပ်လှပြီထင်နေကြသော ကျွန်ုပ်တို့သည် အသက် ၄၀ ကျော်လာပြီး
ကိုယ်လုပ်သင့်သည်ထင်တာတွေကို ဘယ်သူမှ မခိုင်းဘဲ လုပ်နေမိကြတော့မှ
ဒါတွေက ဘာမှ မဟုတ်သေးပါလားလို့ သဘောပေါက်မိကြပါသည်။
"လုပ်သင့်သည်" ဟု သတ်မှတ်ခြင်းကလည်း ကိုယ်တိုင် သတ်မှတ်မှုသာဖြစ် သဖြင့် အမှန်တကယ် လုပ်သင့် မလုပ်သင့်က ယေဘုယျအမြင်နှင့် ကိုက်ညီနေမည်ဟု (အရေးမကြီးသော်လည်း)မသေချာလှပြန်ပါ။

ကျွန်ုပ်တို့ အပါအဝင် လူ့၏အမြင်သည် ဖေ့ဘုတ် ကွန်မင့်များလို
အီမိုးရှင်နယ်ဖြစ်နိုင်သလို အင်တယ်လက်ကျူယယ်လည်းဖြစ်နိုင်ပြန်၏။
မှတ်သားစရာပါသလို ဖြစ်ကတတ်ဆန်း အိပ်ချင်မူးတူးကွန်မင့်လည်းဖြစ်နိုင်၏။
သေချာသည်မှာ..
ခိုင်းသူမရှိတော့သောအခါ ..
ကျွနိုပ်တို့မှာ အားလပ်ချိန်တွေ ပို၍ ပါးလျလာကြလည်။ ။

ပန်းသီးမဟုတ်ဘဲ သစ်ပင်တစ်ပင်လုံး နယူတန်ခေါင်းပေါ်ကျလာခဲ့ရင်
ရူပဗေဒက ဒီလောက်ခက်စရာ အကြောင်းမရှိဘူး။
ကမ္ဘာ့နိုင်ငံရေးသိပ္ပံတင် မဟုတ်ဘဲ
ပြသနာရှာ စီဗီလိုက်ဇေးရှင်းတွေက ဟန်တင်တန် ခေါင်းပေါ်တည့်တည့် ကျခဲ့ရင်
ငါလည်း ဒီလောက် အလုပ်ရှုပ်စရာမရှိဘူး။

သနားရင်


အရှင်ဘုရား
လူသားကို သနားရင်
လှိုင်းမရှိတဲ့ ပင်လယ်ပြင်ကို ပေးမသနားပါနဲ့
လှိုင်းဖြတ်နည်း ဒေသနာတစ်ပုဒ်ကိုသာ
ရှင်းရှင်းလင်းလင်းဟောကြားတော်မူပါ
ကျွန်ုပ်ကား အသိဉာဏ် နုံနည်းလှပါ၏။

After English Exam



နွေရောက်မလာတဲ့ နွေဦး(၁)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်(အခန်း ၇)
အရှေ့အလယ်ပိုင်း

အာရပ်နွေဦးလှုပ်ရှားမှု့ နဲ့ ပါတ်သတ်ပြီး စိတ်လှုပ်ရှားနေရတာလေးတွေ တစ် ခန်းရပ်သွားတဲ့ နောက်မှာတော့ အဲဒီဒေသ အစိုးရတွေနဲ့  ပါတ်သတ်လို့ ဘာ မှကြီးကြီးမားမားပြောင်းလဲနိုင်စရာမရှိဘူးဆိုတာ ကမ္ဘာက သဘောပေါက် နားလည် သွားကြလောက်ပါပြီ။ စိတ်လှုပ်ရှားစရာ အပြောင်းအလဲတွေ၊ သ တင်းသမားတွေရေးထားတာတွေကို ဖတ်ရင်တော့ အာရပ်ကမ္ဘာမှာ တကယ် ပဲ ပြောင်းလဲမှုကြီးတွေ ဖြစ်လာတော့မလိုပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်က စလို့  ဆယ်စုနှစ်ပေါင်းများစွာဆီ ကျယ်ကျယ်ပြန့် ပြန့် လှမ်းကြည့်လိုက်မယ်ဆိုရင် ဒီဒေသမှာ လူထုက ရွေးချယ်တဲ့ အစိုးရအဖွဲ့တစ်ဖွဲ့ တည်တည်တံ့တံ့ နဲ့  ရေ ရှည်တည်မြဲစွာရှိနေနိုင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ အများကြီးရှိပါတယ် ။ ဒီမိုကရေစီစနစ် စတင်နိုင်တယ်ဆိုရင်တောင် ရေရှည်ခိုင်မြဲနေမယ့်ပုံ မပေါ် ပါဘူး။ လူတစ်ယောက်မဲတစ်မဲ စနစ်ကို စတင်ကျင့် သုံးနေကြတဲ့ နိုင်ငံတွေ လည်း သိပ်မကြာမီမှာပဲ အရင်လို တစ်ဦး၊ တစ်ဖွဲ့ က အုပ်ချုပ်တဲ့ စနစ်ဆီ ပြန်ရောက်သွားကြလိမ့် မယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။ အခြားနည်း နဲ့ ပြောရရင် နွေဦးပြီးရင် နွေရောက်လာတယ်။ ပြီးတော့ မိုး.. ဆောင်း ...စသဖြင့် ပေါ့ ။

ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရာမှာ တစ်ဦးချင်းစီရဲ့ အကြံဥာဏ်ကိုယူပြီး ဆုံးဖြတ် တာမျိုး အရှေ့ အလယ်ပိုင်းမှာ မရှိခဲ့ ဖူးပါဘူး။ ရှေးဟောင်းအစ္စလာမ်မစ် အချိန် ကိုပဲကြည့်မလား။ ကိုလိုနီခေတ်ကိုပဲကြည့်မလား။ ကိုလိုနီခေတ်နောက်ပိုင်း အမျိုးသားရေးဝါဒခေတ်ကိုပဲကြည့်မလား။ ဘယ်ခေတ်ကိုပဲကြည့်ကြည့် အရှေ့ အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီယဉ်ကျေးမှု လုံးဝ မရှိဘူးဆိုတာေ တွ့ ရပါလိမ့်မယ်။ ဗြိတိသျှနဲ့ ပြင်သစ် ကိုလိုနီခေတ်မှာတော့ သူတို့ က အရှေ့ အလယ်ပိုင်းကို တစ်နိုင်ငံစီ သီးသန့် ခွဲပစ်လိုက်ကြတယ်။ ကွဲထွက်သွား တဲ့ နိုင်ငံငယ်လေးတွေကလည်း ဗြိတိသျှနဲ့ ပြင်သစ်တွေထွက်ခွာသွှား တဲ့နောက် အာဏာရှင်အစိုးရစနစ်နဲ့ လမ်းဆုံးသွားခဲ့ တယ်။ ဒါဟာ မတော်တဆတိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ အမြစ်စွဲနေတဲ့ ယဉ်ကျေးမှုနဲ့  လူမှုရေးဆိုင်ရာ အခြေခံအကြောင်းတရားတွေကြောင့်ကိုဖြစ်လာတာပါ။

ဒီမှာစောဒကတက်မယ်ဆိုရင်တော့တက်လို့ရတာပေါ့။ ဒီမိုကရေစီစနစ်ဆိုတာ လူ့ သမိုင်းမှာ အကောင်းဆုံးနိုင်ငံရေးစနစ်တစ်ခုဖြစ်နေသလို အာရှတိုက်ရှိ နိုင်ငံတွေ အပါအ၀င် နိုင်ငံတော်တော်များများမှာ ရောက်ရှိ၊ ပျံ့နှံ့ပြီံး ကျင့် လည်းကျင့်သုံးနေကြတယ်။ ဒီမိုကရေစီစနစ်အခြေမခိုင်သေးဘူးဆိုရင်တောင် စတင်ကျင့် သုံးနိုင်ဖို့ တော့ နိုင်ငံတော်တော်များများက ကြိုးစားနေကြတယ်။ အဲဒီဒေသ အသီးသီးက နိုင်ငံတွေမှာလည်း ဒီမိုကရေစီယဉ်ကျေးမှု မရှိပါဘူး။ သူတို့လည်း ရအောင်ကျင့် သုံးနေကြတာပဲ မဟုတ်ဘူးလားဆိုတဲ့စောဒက မျိုးပေါ့ ။ ဒါပေမယ့် အရှေ့ အလယ်ပိုင်းမှာက အခြေခံရှိနေရမယ့် ပြည်သူ့ ကိုယ်စားပြုနိုင်ငံရေး ပုံသဏ္ဍာန် မရှိသလို ဒီမိုကရေစီစနစ်လက်ခံ ကျင်သုံး နိုင်ဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေလည်း ရှိမနေ ပါဘူး။

ပထမဆုံးအနေနဲ့ ပြောရရင် သာတူညီမျှ နိုင်ငံသားစိတ်ပါ။ ခင်ဗျားနဲ့ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ကြွယ်ဝမှု၊ ဂုဏ်သိက္ခာ၊ အောင် မြင်မှု၊၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ခြားနားမှုတွေ ရှိနေကြပေမယ့် ကျွန်တော် တို့ နှစ်ယောက်စလုံးမှာ "နိုင်ငံသား"ဆိုတဲ့ အသိစိတ်တူညီမှု ရှိနေရပါမယ် ။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ တူညီတဲ့ အခွင့် အရေး၊ နိုင်ငံအပေါ် ထား ရှိရမယ့် တူညီတဲ့ တာဝန်နဲ့ ဝတ္တရားရှိနေရမယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ ဥပဒေအရဖြစ်စေ၊ ကိုယ်ကျင့်တရား အရဖြစ်စေ တူညီနေကြတယ်။ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးဖို့ ဆိုရင် ဒီအချက်က မဖြစ်မနေရှိနေမှ ရပါတယ်။ ဒီအချက်ကိုလည်း ပညာတတ် အသိုင်းအ၀ိုင်းနဲ့ လူကုံတန်အသိုင်းအ၀ိုင်းကတင် လက်ခံထားလို့ မရပါဘူး၊ လူ့ အဖွဲ့ အစည်းတစ်ခုလုံးက လက်ခံထားမှရပါတယ်။

အရှေ့ အလယ်ပိုင်းရှိနေရာ တော်တော်များများမှာ ကျွန်တော်တို့ တွေ့ မြင်ေ နရတာက လူမျိုးစုစိတ်ဓါတ်နဲ့  ပဒေသရာဇ် စနစ်ပါ။ ဆော်ဒီအာရေဗျ မှာဆို ရင် လူမျိုးစုခေါင်းဆောင်တွေက တစ်နှစ်မှာတစ်ကြိမ် ဘုရင်ကို လက်ဆောင် ပဏ္ဏာတွေ ဆက်သကြတယ်။ ရှေးဟောင်းတရုတ်ပြည်ကြီးလိုပါပဲ။ ဘုရင်က သူတို့ ဆက်သတာတွေထက် တန်ဖိုးပိုကြီးတဲ့ ပစ္စည်းတွေကို ဆုချတဲ့အနေနဲ့ ပြန်ပေးတယ်။
လူထုရဲ့သစ္စာစောင့်သိမှုကလည်း နိုင်ငံကိုသစ္စာစောင့်သိတာမျိုးမဟုတ်ပဲ လူ မျိုးစုအပေါ်သစ္စာစောင့်သိတာမျိုး ဖြစ်နေပါတယ်။ ဒီပုံစံနဲ့ နိုင်ငံတော်တစ်နိုင်ငံ ဖြစ်လာမှာ မဟုတ်သလို နိုင်ငံသားစိတ်ဆိုတာလည်း ရှိလာစရာ အကြောင်း မရှိပါဘူး။ လွန်ခဲ့ တဲ့ နှစ်တွေတုန်းက ဆော်ဒီမှာ တာဝန်ကျပြီး တာဝန်ပြီဆုံး လို့ ပြန်တော့မယ့် အမေရိကန်သံအမတ်နဲ့ ဒီကိစ္စကို ကျွန်တော်ဆွေးနွေးေ တာ့ ကျနော့်အယူအဆကို သူကလည်းသဘောတူတယ်။ ဆော်ဒီမှာ ပဒေသ ရာဇ်စနစ် အခိုင်အမာရှိနေတယ်လို့ သူကပြန်ပြောခဲ့ ပါတယ်။ လစ်ဗျားတွေ လည်း အလားတူပါပဲ။ ညီညွတ်တဲ့ နိုင်ငံတော်ဆိုတဲ့ အသိမရှိကြ ပါဘူး။ ဒေ သစွဲခေါင်းဆောင်တွေ လေလုံးထွားထွားကြွေးကြော်နေကြတဲ့ အတိုင်း လူမျိုး စုပေါင်းစည်းရေးအတွက်ပဲ တိုက်ပွဲတွေဝင်နေကြပါတယ်။ အဲသလို လူမျိုးစုနိုင် ငံတွေမှာ အာဏာရှင်တစ်ယောက်ယောက် ကျဆုံးသွားပြီးဆိုတိုင်း အုပ်ချုပ်ေ ရး ဥပဒေတွေနဲ့ ဆက်စပ်ပြိး နိုင်ငံရေးကို ဘယ်လို ဖွဲ့စည်းတယ်။ ဆုံးဖြတ် ချက်ချမယ့် ပုဂ္ဂိုလ်က ဘယ်သူ။ ဘယ်လိုဆုံးဖြတ်ရမယ်စတဲ့ ပြန်လည်သုံး သပ်မှုတွေ ရှိတတ်ကြပါတယ်။ ဒါလောက်နဲ့ လည်းဒီမိုကရေစီက ဖြစ်မလာ နိုင်ပါဘူး။ သူတို့ တတွေရဲ့ အခြေခံစိတ်ဓါတ် ထဲမှာကိုပဲ “နိုင်ငံသား “ ဆိုတဲ့  ခံယူချက်မရှိဘဲ “ လူမျိုးစု” ဆိုတဲ့ စိတ်ဓာတ်ပဲရှိနေကြပါတယ်။

အာရပ်နိုင်ငံတစ်ချို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေနိုင်ကြတာပဲလို့ လေ့လာ သူတွေက ထောက်ပြကောင်းထောက်ပြကြပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမဲ့ အထူးသဖြင့် ပိုခေတ်မှီတဲ့ အီဂျစ်၊ မော်ရိုကို၊ တူနီးရှားလို နိုင်ငံတွေ မှာတောင် မှ ဒုတိယအချက်ဖြစ်ပြီး အလွန်အရေးပါတဲ့  လိုအပ်ချက်ကြီးရှိနေဆဲပါ။ ရင့်ကျက်တဲ့ ဒီမိုကရေစီဖြစ်လာဖို့ နိုင်ငံသားတိုင်းက ပထမဆုံးရွေးကောက် ပွဲရလာဒ်ကို လက်ခံရုံတင် မရပါဘူး။ အဆက်ဆက်သောရွေးကောက်ပွဲတွေ ရဲ့ ရလာဒ်ကို လက်ခံထားကြမှရပါတယ်။ ဒီလိုအပ်ချက်က အလွန်အရေးပါ ပါတယ်။ ကျွန်တော်သဘောအရကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု ကို ဆောင်ကျဉ်းပေးနိုင်တဲ့  ဒီအချက်ကို “မရှိမဖြစ်လိုအပ်ချက်” လို့ ခေါ်ချင် ပါတယ်။

နောက်ပြီး အမျိုးသမီးထုကို နောက်တန်းနေရာမှာပဲ ထားဖို့  ခေါင်းမာနေ ကြတော့ လုပ်အားနဲ့ စွမ်းဆောင်ရည်ကလည်း ချို့ တဲ့ နေပြန်ပါတယ်။ အာရပ် လူ့ အဖွဲ့ အစည်းဟာ အများအားဖြင့် အမျိုးသားဦးစီးတဲ့ လူ့ အဖွဲ့ အစည်းပါ။ လူ့ အဖွဲ့ အစည်းထဲမှာ အမျိုးသမီးတွေလည်း အမျိုးသားတွေလို စွမ်းဆောင် ရည်တွေ မြင့်မားလာနိုင်ဖို့ အတွက် ပညာသင်ပေးရေးကိစ္စကို ငြင်းဆန်နေ ကြဆဲဖြစ်တယ်။ နိုင်ငံရေးတံခါးတွေပွင့်ဖိုနဲ့ ခေတ်မှီတဲ့ စီးပွါးရေးစနစ် ကျင့်သုံး နိုင်ဖို့  ဒါကအရေးကြီးလှတဲ့ အချက်ပါ။ အမျိုးသမီးထုကို ပညာသင်ပေးဖို့  အတွက် ဆင်ခြေတွေ တစ်ခုမဟုတ် တစ်ခုပေးပြီး ခေါင်းမာစွာ ငြင်းဆန်နေ ကြဆဲဖြစ်ပါတယ်။ ဒီပြသနာက မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုထိ ပါသွားတတ်ပြီး ပညာမတတ်တဲ့ မိခင်တစ်ယောက်က ပညာမတတ်တဲ့ ကေ လးကို မွေးထုတ်ပေးဖို့  အလားအလာပိုရှိပါတယ်။ မိခင်တွေက ကလေးတွေ နဲ့ အတူနေရချိန်ဖခင်တွေထက် ပိုပါတယ်။ ပညာတတ်မိခင်တွေရဲ့မျိုးဆက် မှာဆိုရင် မိခင်တွေကလည်း ပညာတတ်ကလေးတွေကို မွေးထုတ်ပေးပြီး ကလေး တွေကို ပြုစုပျိုးထောင်ပေးရာမှာလည်း အမြင်ကျယ်ကျယ်၊ လက်ရှိ အနေအထားနဲ့ မတူညီတဲ့ စိတ်နေသဘောထားတွေနဲ့  ပြုစုပျိုးထောင်ပေး ကြဖို့ ရှိပါတယ်။

ဆက်ရန်

များလွန်းတယ်


လီဗာပူးလ်က ပင်နယ်တီရတာများလွန်းတယ်။
ယူနိုက်တက်နှစ်သင်း(မန်ယူနဲ့ဝက်စ်ဟမ်း)တင် ငါးလုံး။
အားပေးပါတယ်။ နှစ်ပွဲ ငါးလုံးက များလွန်းတယ်။

ကာမဂုဏ်အပြစ်နဲ့ ပါရမီ


သရက်သီး သီးတဲ့အပင်က လူတွေချိုးဖျက်တာခံရတယ်။
မသီးတဲ့အပင်က လူတွေရဲ့ ချိုးးဖျက်တာကိုမခံရဘူး။
(ကာမဂုဏ်အပြစ်ကို ပြဆိုရာပေးတဲ့ ဥပမာ)


ပါရမီအနေနဲ့ကြည့်တော့ ချိုးဖျက်တာခံရတော့ကော အကြောင်းလား။
အမြစ်နဲ့ပင်စည်ရှိတာပဲ၊ ထပ်ဝေစည်၊ ထပ်ပွင့်၊ ထပ်သီးပေါ့။
လူတွေ သရက်သီးစားရတာပေါ့။(စွန့်ခြင်းငါးပါးအမြင်)
မသီးတဲ့သရက်ပင်က အဓိပ္ပါယ်တောင် မဲ့နေသေးတယ်။


image from http://sharp.toonpeps.com/

ဘရိတ်သရုဖ်(Break through)


အစဉ်အလာကို ထိန်းသိမ်းတာက ကောင်းပါတယ်။
ဒါပေမဲ့ ဘရိတ်သရုဖ်(Break through) ဖြစ်သွားသူတွေက အစဉ်အလာ ကို ဖောက်ဖျက်တာများတယ်။
အစပိုင်းမှာ သူတို့ယုံကြည်မှုကို ၉၀ ရာခိုင်နှုန်းက လက်မခံတတ်ဘူး။ မစောင့်စည်းနိုင်သူက ပျက်ရယ်တောင် ပြုတတ်တယ်။
(အိုင်းစတိုင်းအစ ဘီးလ်ဂိတ်အဆုံး၊ တကယ်က အိုင်းစတိုင်းလည်း အစမဟုတ်၊ ဘီးလ်ဂိတ်လည်း အဆုံးမဖြစ်နိုင်)
အင်ဒီဗီကျူယယ်လစ်ဇင်က မကွယ်နိုင်ဘူး။ မကွယ်သင့်ဘူး။
မြန်မာစကားပုံက "ခတ်ကွင်းပြင်နေတာနဲ့ ရွာသစ်ကြီးရောက်ပြီ" ပဲ။
သူ တကယ်ခတ်မှာဆိုရင် ခတ်ကွင်းပြင်ပါစေ၊ ရွာသစ်ကြီးလွန်တော့ အကြောင်းလား။
"ရွာသစ်ကြီးမရောက်ခင် ခတ်ကွင်းပြီးနေမှရမယ်" ဆိုတဲ့ ကန့်သတ်ချက်တွေ နဲ့ လူ့အဖွဲ့အစည်းဟာ ရွက်ကြမ်းရေကြိုဖြစ်ဖို့များတယ်။
ခတ်ကွင်းပြီးချိန်ကို ဂရုမစိုက်တာက R&D ပါပဲ။

Review


ပီစာ စာမေးပွဲရမှတ်


ဒီနှစ် ပီစာ စာမေးပွဲရမှတ်မှာ ကွန်ဖျူးရှပ်နိုင်ငံတွေ ထိပ်ရောက်နေတယ်။
ခေါက်ဆွဲစားတူ ဆက်ဆံရေးပဲပြောပြော
တိုက်ဂါးအမေတွေလို့ပဲဆိုဆို
အာရှက စီးပွားရေးသာမက ပညာရေးပါ ခေါင်းထောင်လာတဲ့အချက်က အထင်ကြီးစရာပါ။
ဒီအထဲမှ ပီစာနဲ့ပတ်သက်လို့ ရမှတ် အတည်ငြိမ်ဆုံးက တောင်ကိုရီးယားဖြစ်နေတယ်။
လာမယ့်ရာစုဝက်ရဲ့ နိုင်ငံကို ဒီကလေးတွေက ပုံဖော်လိမ့်မယ်။
ပညာရေးစီမံကိန်းဆွဲသူတွေဟာ အနောက်ကို တရားသေအထင်ကြီးနေလို့ မရနိုင်တော့ဘူးထင်တယ်။

ဝမ်းနည်းဖွယ် အပ်ဒိတ်များ


စိတ်ဓာတ်လူစဉ်မမီတဲ့ လူ(သို့)အဖွဲ့ရဲ့ စက္ကန့်ပိုင်း လူစဉ်မမီ မှားယွင်းမှု။
အသက် ၃၀၀ ကျော် ပေးဆပ်ပြီးနောက်
အဖြေရှာယူနေရတဲ့လူစဉ်မှီ လူပေါင်းများစွာ၊ နာရီပေါင်းများစွာ။
၂၁ရာစုရဲ့ နည်းပညာစစ်တန်း။ ဟိုက်တက်(ခ်) လုံခြုံရေး၊ ဟိုက်တက်(ခ်)အကြမ်းဖက်ရေး။
နည်းပညာမှားယွင်းမှုက အန်လိုက်ကလီ တဲ့။
၂၅ ရက်နေ့က ပို့စ်ကို(ဆော့စ် ပလိစ်) ဆိုတဲ့ ကွန်မင့်တွေကို မဖြေနိုင်ပေမဲ့
ဒီနေ့တွေ့ရှိသမျှ(ဖွင့်ပြောသမျှ) အထိ ဒီအမှန်တရားကနေ မသွေဖယ်သေးဘူး။
ဘိုးအင်းလေယဉ်ကုမ္ပဏီရယ်၊ မလေးရှားအစိုးရရယ်၊ အကြမ်းဖက်အုပ်စုရယ်။

ကလေးတစ်ယောက်ရဲ့ အဖြေလွှာ


မေး။ ။အစာကြေချက်ခြင်း စစ်စတန်ကို ရှင်းပြပါ။
ဖြေ။ ။ အရှတိုက်တွင် ညာလက်ဖြင့်စတင်ပြီး ဘယ်လက်ဖြင့် အဆုံးသတ်ပေး ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ (အခြားတိုက်တွေမှာတော့ မသိပါ)

မေး။ ။ ဒုတိယကမ္ဘာစစ်ကြီးကို ဘယ်လောက်ကြာအောင် တိုက်ခိုက်ခဲ့ကြ ပါသလဲ။
ဖြေ။ ။ တော်တော်ကြာပါသည်။ အတိအကျဆိုရလျင် စာမျက်နှာ ၂၃ တစ်ဝက် မှ ၄၆ အဆုံး အထိဖြစ်ပါသည်။

မေး။ ။ချာလီရဲ့ ရေခဲသေတ္တာထဲမှာ ချော့ကလက် ၅၀ တောင့်ရှိပြီး ၃၅ တောင့် ကို စားလိုက်လျင် သူ့မှာ ဘယ်လောက်ကျန်မည်နည်း။
ဖြေ။ ။ သူ့မှာ ဆီးချိသွေးချို ကျန်ခဲ့ပါသည်။