ဘာသာစကားမှာ လော့ဂျစ် မရှိ


ဥပမာ ရက်လည်၊ လလည်၊ နှစ်လည်။
လလည်က တစ်လပြည့်တဲ့နေ့၊ နှစ်လည်က တစ်နှစ်ပြည့်တဲ့နေ့။
ရက်လည်က တစ်ရက်ပြည့်တဲ့နေ့ မဟုတ်ဘူး၊ ၇ ရက်ပြည့်တဲ့နေ့။
ဘာသာစကားကို လော့ဂျစ်နဲ့ ကိုက်ချင်တော့ ၇ ရက်ပြည့်တဲ့နေ့ကိုပဲ (၇)ကို ချန်ထားပြီး (၇ ရက်လည်အစား) ရက်လည်လို့ ခေါ်ဝေါ်ကြောင်း ရှင်းပြလာ ကြပြန်တယ်။
ဒါပေမဲ့ ဒီသီအိုရီက လလည်၊ နှစ်လည်ကို ရှင်းပြလို့ မရဘူး။ ရက်သုံးဆယ်လည်လို့ မခေါ်၊ လလည်ပဲခေါ်။ ၁၂လလည်မခေါ်၊ နှစ်လည်ပဲခေါ်)

နောက်ပြီး ၇ ရက်ကို တစ်ပတ်ခေါ်တဲ့အတွက် လော့ဂျစ်အလိုဆိုရင် ရက်လည်မခေါ်ဘဲ ပတ်လည်လို့ခေါ်ရမယ့်သဘောပဲ။
ဒီ ဝေါဟာရကို ဘာသာစကားက လက်မခံပြန်ဘူး။
ဒါက မြန်မာစကား အချင်းချင်းပဲရှိသေးတာပါ။ အခြားဘာသာစကားကနေ မြန်မာဘာသာကိုပြန်ရင် ဒီထက် ရှုပ်ထွေး ပါတယ်။
တကယ်က ဘာသာစကားဟာ လော့ဂျစ်ထက် နားလည်သဘောပေါက်မှုကို ပိုပြီး အလေးထားဟန်ရှိပါတယ်။

Post a Comment