ရိုးသားမှု
မေး ။ ။ ရိုးသားမှုကို ငွေပေးဝယ်လို့ မရဘူး ဆိုတာကို လက်ခံပါသလား။
ဖြေ ။ ။ လက်ခံပါတယ်။
မေး ။ ။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ရောင်းတဲ့လူ မရှိလို့ပါ။
မေး ။ ။ ဘာလို့ ရောင်းတဲ့လူ မရှိတာလို့ ထင်ပါသလဲ။
ဖြေ ။ ။ ရိုးသားမှုကို ရောင်းရင် ပုံမှန်ဝင်ငွေလည်း မရှိနိုင်လောက်ဘူး လေ။
အနားသတ် မျဉ်း
" အုတ် က မာတယ် "
" ကျောက်က မာတယ် "
လူ နှစ်ယောက် ငြင်းခုံနေကြတာ။ သူတို့ ငြင်းခုံနေစဉ် နောက်ထပ် လူ နှစ်ယောက် ရောက်လာပြန်တယ်။
" ဘာတွေ ငြင်းခုံနေကြတာလဲ ဗျ "
" အုတ် နဲ့ ကျောက် ဘယ်ဟာကပိုမာသလဲ ငြင်းခုံနေကြတာပါ "
နောက်ထပ် ရောက်လာတဲ့ လူ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။
ပြီးတော့ သူတို့ ခေါင်းမှာရှိတဲ့ " ဖု " တွေကို ကိုယ်စီ စမ်းကြည့်ရင်း
" အုတ် ရယ် ကျောက်ရယ် မဟုတ်ပါဘူးဗျာ။ ကိုယ့်ခေါင်းပေါ် ကျလာတဲ့ အရာတိုင်း မာကျောတာချည်းပါပဲ " တဲ့။
ပြိုင်တူဖြေချလိုက်ကြတယ်။
ကျနော်ချစ်ခင်လေးစားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာတွေကို လွမ်းလို့
အလွမ်းပြေ ဝတ္ထုတိုလေးတွေ ( သူ့စကားအတိုင်း ) ရေးကြည့်တာပါ။
ကျနော်လည်း လေးကြောင်း၊ ခြောက်ကြောင်းပါ ဒိုင်ယာလော့ တွေကို ဝတ္ထုတို လို့ ခေါ်ချင်ပါတယ်။
စာဖတ်သူ အလွမ်းပြေ မပြေက ကျနော့် ညံ့ဖျင်းမှု အားနဲ့ပဲ ဆိုင်ပါတယ်။

လေးစားလျက်
ဇင်ဝေသော်
ဇင်ဝေသော်
3 comments
စာဖတ်သူ တွေ အလွမ်းပြေမပြေတော့ မသိဖူး ကျမတော့ အလွမ်းပြေပါတယ်ရှင့်
Replyကျေးဇူးတင်ပါတယ် မစန်းထိပ်ထားဦး။
Replyကျေးဇူးတင်ပါတယ် မစန်းထိပ်ထားဦး။
ReplyPost a Comment