ဘဝ ကွာတားဖိုင်နယ်


ဘယ်အသင်း၏ အရှုံးအနိုင်အဖြေကိုမှ စောင့်စရာမလိုဘဲ ကွားတားဖိုင်နယ် ကို စောင့်နေရသောဘဝသည် အေးချမ်းသည်။ ဘယ်သူရှုံးပါစေ၊ ဘယ်သူနိုင် ပါစေ ဟု ဆုတောင်းနေစရာ (သို့) ကျိန်စာတိုက်နေစရာ မလို။ မိမိကံကြမ္မာကို မိမိထိန်းချုပ်ထားနိုင်သည်။

ထို့အတူ ကျေးဇူးခံ၊ ကျေးဇူစားမရှိသော လူ့ဘဝသည် အနည်းဆုံး ကွားတား ဖိုင်နယ်နဲ့တော့ တူပါသည်။
လူတစ်ယောက်က ကျေးဇူးမကန်းသင့်သလိုအခြားတစ်ယောက်ကလည်း ကျေးဇူးကို လက်ညှိုးထိုးပြီး မထိန်းချုပ်သင့်ပါ။ သို့သော် ဤ ကိစ္စက ရှုပ်ထွေးလှ၏။

မည်သို့ဆိုစေ ကိုယ့်ထူးကိုယ်ချွန်သမားများသည် ဘဝ ကွာတားဖိုင်နယ် က စောင့်နေသူတွေဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိပါသည်၊ သူတို့ကို အထင်လည်း ကြီးပါသည်။
ကမ္ဘာ့သမိုင်းက ပြောပြနေသည်ကလည်း ဤနည်းအတိုင်းသာဖြစ်ပါသည်။
ယူ ၂၃ သည် ဆုတောင်းစရာ (သို့) ကျိန်စာတိုက်နေစရာ မလို၊ ကမ္ဘောဒီးယား ကို အနိုင် (သို့) သက်လုံချွေလိုလျှင် သရေ ကန်ဖို့သာလိုပါသည်။
လိပ်ပြာသန့်၏။

Post a Comment