ပထဝီနိုင်ငံရေးမှာ ချာသကိုး


ကမ်းလက် shared Kamayut Media's photo.
မင်းအောင်လှိုင်က မြန်မာပြည်နဲ့ အရှေ့အလယ်ပိုင်း နှိုင်းယှဉ်ကြည့်ရလောက်အောင် ပထဝီနိုင်ငံရေးမှာ ချာသကိုး။
 "ဦးသန်းရွှေ ကျေးဇူးကိုမမေ့ဘူး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျွန်တော့်အမြင် ပြောဖို့ခက်တယ်" (Text Report)

အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ တပ်မတော်ရဲ့ဖခင်ကောင်းဖြစ်တယ်လို့ လက်ရှိစစ်ခေါင်းဆောင်က The Mainichi သတင်းစာနဲ့တွေ့ဆုံခန်းမှာ ထုတ်ဖော်ချီးကျုးလိုက်ပြီး ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရောက်လာသလို ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့သူဖြစ်လို့ သူရဲ့ကျေးဇူးကိုမေ့လို့မရပါဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိုကူးပြောင်းခဲ့တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်မှာ ပြဿနာတွေအများကြီး မရှိဘဲ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်ခဲ့လို့ ဦးသန်းရွှေကို အသိအမှတ်ပြုရမယ်လို့ The Mainichi သတင်းစာနဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ရဲ့အမြင်ကိုတော့ ပြောရခက်ပါတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်နဲ့ ပြောရမယ်ဆိုရင် ခက်ပါတယ်။ လူတစ်ယောက်ကို ကျွန်တော့အမြင်နဲ့ပြောဖို့ခက်ပါတယ်” လို့ ဆိုပါတယ်။ နိုဗယ်ငြိမ်ချမ်းရေးဆုရှင်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ လူသိများပြီး မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဥပဒေပါအခွင့်အရေးတွေကိုလည်း ရရှိနေသူဖြစ်တာကြောင့် တိုင်းပြည်အတွက်ဆောင်ရွက်မယ်ဆိုရင် အထောက်အကူရမယ်လို့ သူမျှော်လင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ကိုတော့ တပ်မတော်အနေနဲ့ တိုင်းပြည်အခြေအနေ မယိမ်းယိုင်အောင် ထိန်းသိမ်းထားရတာကြောင့် အခြေအနေအရပ်ရပ် အားလုံးကောင်းလာတဲ့အခါကျမှ ၄၃၆ပြင်ဆင်ရေးဟာအဓိက မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လာလိမ့်မယ်လို့ ဆိုပါတယ်။ "ဒီအချိန်ကတော့ (ပုဒ်မ ၄၃၆ကို) ပြင်ဖို့မသင့်သေးတဲ့ အချိန်တစ်ခုလို့ ပြောရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အယူအဆမှာ ကျွန်တော်တို့အနေနဲ့ လုံးဝမပြင်ရဘူးဆိုတာ မရှိပါဘူး။ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေဆိုတာ ခိုင်ခိုင်မာမာရှိနေတာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

တရုတ်နိုင်ငံအပေါ် မြန်မာပြည်အနေနဲ့ လုံးဝမှီခိုအားထားတယ်ဆိုတဲ့ဟာမျိုး မရှိဘူးလို့ ယတိပြတ်ငြင်းဆိုလိုက်ပြီး မြန်မာပြည်အပေါ် စိတ်ကောင်းစေတနာကောင်းရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းတံခါးဖွင့်ထားမယ်လို့ ဆိုပါတယ်။ ဒီမှတ်ချက်ဟာ တရုတ်နိုင်ငံကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်မှာ ပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လော်ခီးလာညီလာခံမှာ NCA နဲ့ပတ်သက်လို့ စောဒကတက်တဲ့အသံတွေ ပြန်ကြားရလို့ စောင့်ကြည့်နေကြောင်း၊ တစ်ချို့အဖွဲ့အစည်းတွေက သူတို့ရထားတဲ့ အာဏာနဲ့အခွင့်အရေးတွေကို စွန့်လွှတ်ဖို့ ဝန်လေးနေပုံရကြောင်း၊ တရားမဝင်ရရှိထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုမှုတွေ လုပ်လာမယ်ဆိုရင် ဘယ်လိုမှ လိုက်လျောပေးလို့မရဘူးလို့ ဆိုပါတယ်။ "ငြိမ်းချမ်းရေးတကယ်လိုချင်လို့ရှိရင် ငြိမ်းချမ်းရေး ရချင်လို့ရှိရင် ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်တွေလည်း ရှိဖို့တော့ လိုလိမ့်မယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဥပဒေနဲ့အညီသွားတဲ့ လမ်းကြောင်းကိုသွားရမယ်လို့ ကျွန်တော်ပြောလိုပါတယ်”
(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

Post a Comment