အမိန့်တစ်ခု လူထု ဒုက္ခ


ဒီသတင်းက အမြော်အမြင် မရှိတဲ့ အရာရှိတစ်ယောက်ရဲ့ အမိန့်ကြောင့် လူ ထုကြီး ဘယ်လောက် ဒုက္ခရောက်ရတယ် ဆိုတဲ့ ပြုံးချင်စရာ သာဓက တစ်ခု ပါ။ တရုတ်ပြည် Guizhou ပြည်နယ် Guiyang မြို့မှာ အမိန့် တစ်ခုကြောင့် လင် မယား စုံတွဲပေါင်း ၅၀၀ ကျော် ချက်ချင်း ကွာရှင်းပြတ်ဆဲခွင့်လာရောက်လျှောက်ထားကြတယ်လို့ Xinhua သတင်းဌာနက ဖော်ပြထားပါတယ်။

သူ့ အမိန့်က လင်မယားတွေ သေဆုံးရင် မြေပုံ တစ်နေရာစာ မှာ နှစ်ယောက်တွဲ မြှုပ်နှံရမှာ ဖြစ်ပြီး လူလွတ်ဆိုရင် တစ်ယောက် တစ်နေရာ သီးသန့်ရမယ် ဆိုတဲ့ အမိန့်ပါ။

ဒီတော့ ကွာရှင်းပြတ်ဆဲခွင့် တင်ကြပြီပေါ့။ အဲဒီ လင် မယား စုံတွဲပေါင်း ၅၀၀ ကျော်ထဲမှာ အသက် ၉၀ ကျော် ( အိမ်ထောင်သက် ၆၀ ) ကျော်ရှိတဲ့ ဘိုးဘိုး ဖွားဖွား အတွဲတောင် ပါတယ် တဲ့။

ဘယ်ဇနီးမောင်နှံ မဆို ( ဘယ်လောက် ချစ်ချစ် ) တစ်ယောက်အိပ် ကုတင်ပေါ် ကျပ်ကျပ်ညှပ်ညှပ်တော့ မအိပ်ချင် (လောက် ) ပါဘူး။ ( လောက် ဆိုတာ ကိုယ်တိုင် မသိဘူး လို့ ဆိုလိုတာပါ ) ။ ဖြစ်နိုင်ရင် နှစ်ယောက်အိပ်ကုတင်ပေါ်မှာပဲ အိပ်မှာပေါ့။

သေပြီးတဲ့နောက်မှ ဆိုတာတော့ မှန်တာပေါ့။ ဒါပေမယ့် ခံစားမှုက ရှိသေးတာကိုး။ တကယ်ချစ်တဲ့ လင် မယားတွေ စိတ်ကူးနဲ့ မဝေးချင်ကြ သလို စိတ်ကူးနဲ့လည်း မကျပ်ချင်ကြဘူး ထင်ပါတယ်။


 ဇင်ဝေသော်

Post a Comment