ရှေးသရော အခါ လူတစ်ယောက်ထံ၌ တစ်နေ့လျှင်
ရွှေဥတစ်လုံး ဥပေးသော ဘဲငန်းမကြီးတစ်ကောင် ရှိလေသည်။
တစ်နေ့လျှင် ရွှေဥတစ်လုံးမျှသာ ဥပေးနေသဖြင့် စိတ်မရှည်တော့သော ထိုလူက ဘဲငန်းမကြီးသတ်၊ ဝမ်းဗိုက်ထဲ ရှာကြည့်လေရာ
ရွှေဥနှင့်တူတာဆို၍ ဘာမှ မရှိတော့သည်ကို တွေ့ရလေသည်။
ထိုအခါ ထို ပုဂ္ဂိုလ်က များစွာ ကျေနပ်မိလေတော့သည်။
အကြောင်းကား
" ဤ ဘဲငန်းမကြီး၌ ရွှေဥ ဥပေးရန် လက်ကျန်မရှိတော့၊ မစူးစမ်းမိသော် ဥလာနိုး ဥလာနိုး ဖြင့် အစာတွေ ကျွေးနေရဦးမည် " ဟု တွေးမိသောကြောင့် ဖြစ်လေသည်။

ဇင်ဝေသော်
Post a Comment