မတူညီတဲ့ နှုတ်ဆက်ခြင်း နှစ်မျိုး


(၁)
တိန့်ရှောင်ဖိန် စင်္ကာပူကနေမပြန်မီ လီကွမ်းယုနဲ့ နှုတ်ဆက်စကား ပြောနေကြ သည်။

တိန့်ရှောင်ဖိန်။ လီ၊ ခင်ဗျားမှာ အလွန်လှပတဲ့ မြို့တော်နိုင်ငံ ရှိနေပြီပဲ။
လီကွမ်းယု။ လူကြီးတို့ဆီမှာလည်း ရှိနိုင်ပါတယ်လေ။ စင်္ကာပူဆိုတာ လယ် သမားတရုတ်တွေ အများစုနဲ့ဖွဲ့စည်းထားတာပါ။ ပြည်မကြီးမှာ ပညာတတ် ဟန်လူမျိုးတွေအများကြီးပါ။ စင်္ကာပူ လုပ်နီုင်တာအားလုံး တရုတ်ပြည်က လုပ်နိုင်ပါတယ်။ စင်္ကာပူထက် ပိုကောင်းအောင်တောင် လုပ်နိုင်ပါတယ်။

(၂)
ဦးသိန်းစိန် စင်္ကာပူကနေမပြန်မီ လီရှန်လွန်းနဲ့ နှုတ်ဆက်စကား ပြောနေကြ သည်။

ဦးသိန်းစိန်။ မစ္စတာလီ၊ ခင်ဗျားမှာ ပထမတန်းစား မြို့တော်နိုင်ငံ ရှိနေပြီပဲ။
လီရှန်လွန်း။ ဟုတ်ပါတယ်၊ ကျေးဇူးပါ။ ခင်းဗျားတို့နိုင်ငံရဲ့ အစွန့်ပစ်ခံ ပညာ တတ်တွေထဲမှာ စင်္ကာပူကလည်း ပညာတတ်ဝေစုတော်တော်များများ ရလိုက် ပါတယ်။ ကျနော့်အဖေကတော့ မြန်မာဟာ ပထမတန်းစား ဦးနှောက်တွေ ကို မောင်းထုတ်လိုက်တဲ့နိုင်ငံလို့ ပြောခဲ့ပါတယ်။

(၁) က တကယ် အဖြစ်အမှန်ပါ (၂) က စိတ်ကူးယဉ်ဇာတ်အိမ်ပြီး လီကွမ်းယု ပြောခဲ့တဲ့ စကားကတော့ အစစ်အမှန်ပါ။

ဇင်ဝေသော်

Post a Comment